← Chapters

ဝိညာဉ်စွမ်းအင်ဆိုတာက အဆိပ်တွေပဲ

Vol. 13 Ch. 162

ဝိညာဉ်စွမ်းအင်ဆိုတာက အဆိပ်တွေပဲ

Vol. 13 Ch. 162

ကျိယွမ်သည် သူလိုချင်သော အဖြေကို မရခဲ့သဖြင့် အနည်းငယ် စိတ်ပျက်မိသည်။

"စကားမစပ်၊ ကန်းလန်နယ်မြေမှာ မဟာအုပ်စိုးရှင် ဘယ်နှစ်ပါးလောက် ရှိလဲ"

ကျိယွမ်က အဖြူရောင်ဝတ် အမျိုးသမီးကို မျှော်လင့်တကြီး ကြည့်ကာ မေးလိုက်သည်။

ဘာပဲပြောပြော သူမလိုအဆင့်အတန်းကလည်း သူ၏ မျှော်လင့်ခြင်းလမင်း ဖြစ်ရန် စံချိန်မှီသူဖြစ်သည်။ထို့ကြောင့် တစ်မျိုးမဟုတ်တစ်မျိုးတော့ သူမဆီက အကျိုးရှာရပေလိမ့်မည်။

အဖြူရောင်ဝတ်အမျိုးသမီးက ခပ်တိုးတိုးပြန်ဖြေ၏။

"ရှိချင်လည်း ရှိမယ်၊ မရှိချင်လည်း မရှိလောက်ဘူး၊ မဟာကပ်ဘေးဒုက္ခကြီးနဲ့ ရင်ဆိုင်ရချိန်မှာ မဟာအုပ်စိုးရှင်တွေတောင် ကိုယ်ထင်မပြရဲကြဘူး"

"ဒါကြောင့် ရှိသည်ဖြစ်စေ၊ မရှိသည်ဖြစ်စေ ဘာမှမထူးခြားတော့ပါဘူး"

ကန်းလန်နယ်မြေ၏ အနာဂတ်အတွက် သူမသည် မျှော်လင့်ချက်များစွာ မထားတော့ပါ။ အသက်ရှင်ရပ်တည်နိုင်မည့် တစ်ခုတည်းသော အခွင့်အရေးမှာ ကန်းလန်နယ်မြေမှ ထွက်ခွာပြီး သူမရှာတွေ့ထားသောလမ်းအတိုင်း လိုက်သွားရန်သာရှိသည်။

"ရှင် ကျွန်မနဲ့အတူ ထွက်ခွာပြီး ဒီကပ်ဘေးနယ်မြေကနေ လွတ်မြောက်အောင်လုပ်သင့်တာ"

အဖြူရောင်ဝတ်အမျိုးသမီးက အားမလိုအားမရဟန်ဖြင့် တိုက်တွန်းပြန်သည်။

အကြောင်းမှာ သူမတွေ့ရှိထားသောလမ်းသည်လည်း လောလောဆယ်၌ အန္တရာယ်များဖြင့် ပြည့်နှက်နေပြီး သူမတစ်ယောက်တည်း လျှောက်လှမ်းရန် အလွန်ခက်ခဲမည် ဖြစ်သောကြောင့် သွေးဝတ်စုံဓားနတ်ဘုရားလို အစွမ်းထက်ပြီး ရဲရင့်သူမျိုးကို လိုအပ်နေသောကြောင့်ဖြစ်သည်။

ကျိယွမ်က ကြည်လင်စွာပြုံးကာ ခေါင်းယမ်း၍ သူ၏သဘောထားကို ရှင်းလင်းစွာ ပြသလိုက်သည်။

အဖြူရောင်ဝတ်အမျိုးသမီးက သက်ပြင်းချလိုက်ပြီး စိတ်မသက်မသာရေရွတ်၏။

"မဟာအုပ်စိုးရှင်တွေတောင် မဟာကပ်ဘေးဒုက္ခကြီးကို ရင်မဆိုင်ဝံ့ကြတာ၊ ရှင်က ဘယ်လိုလုပ်ပြီးတော့... အင်းလေ"

သူမက ဆက်မပြောတော့ပါ။

"မဟာကပ်ဘေးဒုက္ခကြီးက တကယ်ပဲ အဲဒီလောက်ကို ကြောက်စရာကောင်းနေတာလား"

ကျိယွမ်က ထိုမေးခွန်းကိုပင် မနေနိုင်ဘဲထပ်မေးမိပြန်သည်။

"မဟာကပ်ဘေးဒုက္ခကြီးကိုယ်တိုင်က ကြောက်စရာကောင်းပေမဲ့ ပိုပြီး ကြောက်စရာကောင်းတာက..."

အဖြူရောင်ဝတ် အမျိုးသမီးက ကောင်းကင်ပေါ်သို့မော့ကာ ကြယ်တာရာများနှင့် ဂြိုလ်များကို ငေးကြည့်လိုက်ပြီး တီးတိုးရေရွတ်၏။

"အဲဒီကပ်ဘေးရဲ့နောက်ကွယ်မှာ အင်မော်တယ်နဲ့ နတ်ဘုရားတွေ ရှိနေတာပဲ"

အဖြူရောင်ဝတ်အမျိုးသမီးသည် ကန်းလန်နယ်မြေတွင် နှစ်ပေါင်းတစ်သောင်းနီးပါး နေထိုင်ခဲ့သူဖြစ်သည်။ မဟာအုပ်စိုးရှင်များကို တစ်ခါမှ မမြင်ဖူးသော်လည်း ကန်းလန်နယ်မြေတွင် တစ်ပါးပါးတော့ ရှိနေမည်ကို ဝိုးတဝါး ခံစားမိသည်။

သို့သော် မဟာကပ်ဘေးဒုက္ခနှင့် ရင်ဆိုင်ရချိန်၌ ထိုမဟာအုပ်စိုးရှင်များသည် လိပ်များကဲ့သို့ ပုန်းအောင်းနေပြီး လုံးဝအရိပ်အယောင်မပြကြပေ။

ထိုအရာက ကပ်ဘေးဒုက္ခကြီးကို ကြောက်သောကြောင့် ဖြစ်နိုင်သလို ထိုကပ်ဘေးကြီး နောက်ကွယ်မှ အင်မော်တယ်များနှင့် နတ်ဘုရားများကို ကြောက်ရွံ့သောကြောင့်လည်း ဖြစ်နိုင်၏။

ထိုအင်မော်တယ်များနှင့် နတ်ဘုရားများသာ ဆင်းသက်လာပါက ကန်းလန်နယ်မြေသည် မည်သို့မျှ ခုခံနိုင်မည် မဟုတ်ပါ။

"အဲဒီလိုလား..."

ကျိယွမ်လည်း သူမနည်းတူ ဂြိုလ်များနှင့် ကြယ်တာရာများကို မော့ကြည့်မိရင်း လကို တစ်ချက် ကြည့်မိသောအခါ အတွေးများ လွင့်မျောသွားပါသည်။

သူ၏နှလုံးသားထဲတွင် ရုတ်တရက် ဝမ်းနည်းသလိုလို လွမ်းဆွတ်ခြင်းကို ခံစားလိုက်ရကာ ငြိမ်သက်သွား၏။

သို့သော် အတန်ကြာ ငြိမ်နေပြီးနောက် သူ၏ မျက်လုံးများက စိတ်ကူးသစ်တစ်ခုဖြင့် တောက်ပလာပြီး ယင်နတ်သမီးအား ကြည့်လိုက်သည်။

"ဟိုဟာလေ....ဘယ်လိုပဲဖြစ်ဖြစ် ခင်ဗျားက ကန်းလန်နယ်မြေကနေ ထွက်ခွာသွားတော့မှာဆိုတော့ အသုံးမလိုတဲ့ ပစ္စည်းတွေဘာတွေများ မရှိဘူးလား။ ကုန်စည်လက်ကျန် ရှင်းတမ်းလေးဘာလေး လုပ်လို့ရတယ်နော် ၊ အားမနာနဲ့ "

သူ၏လေသံကချက်ချင်းပြောင်းလဲသွား၏ ။

ကျိယွမ်က မျှော်လင့်ခြင်းလမင်းများကို အလွတ်ပေးရန် စိတ်ကူးမရှိပါ ။ သူက ရာဇဝင်အရိုင်းအခံနိုင်ပါ ၊ ရသည့်နည်းနှင့် အကျိုးအမြတ်ကို ညှစ်ယူရပေလိမ့်မည်။

ထို့အပြင် သူမသည် အင်အားအကြီးမားဆုံးဟုပင် ပြောနိုင်သော ယင်နတ်ဘုရားတစ်ပါး ဖြစ်သည်။သူမတွင် သေချာပေါက် ကြီးမားသော အခြေခံအုတ်မြစ်များ ပိုင်ဆိုင်မှာ သေချာ၏။

အဖြူရောင်ဝတ်အမျိုးသမီးသည် ကျိယွမ်ကို တတိယအကြိမ်မြောက် မမြင်ဖူးသူလိုကြည့်မိသွားပြီး ခဏတာမျှ အံ့အားသင့်သွားသည်။

"ဒါတွေအားလုံးက တန်ဖိုးမရှိတဲ့ ပစ္စည်းတွေပါ၊ ရှင့်အတွက် အသုံးမဝင်နိုင်ပါဘူး"

"ကျွန်တော်က ချေးမများတတ်ပါဘူး။"

ကျိယွမ်က အင်္ကျီလက်နှစ်ဖက်ကို သပ်တင်လိုက်ပြီး ကြွက်သားများကို ပြသလိုက်ကာ ထပ်မံအရေးဆို၏။

"ကျွန်တော် အားလုံး ယူပါ့မယ် ၊ ကျွန်တော်က ခန္ဓာကိုယ်ကြီးမားပြီး သန်မာတယ်။ အဝတ်အစားဝတ်ထားရင် ပိန်ပေမဲ့ အောက်မှာတော့ ကြွက်သားချည်းပါပဲ"

အဖြူရောင်ဝတ်အမျိုးသမီးမှာ စတုတ္ထအကြိမ်မြောက် ကြညိ့မိမလိုဖြစ်သွားပြီးမှ ခေါင်းယမ်းလိုက်မိ၏။

သူမကအတန်ကြာစဥ်းစားပြီး နောက်ဆုံးတွင် သူမ၏သွယ်လျသောလက်ကို ဝှေ့ယမ်းလိုက်သည်။

ကျောက်စိမ်းဆွဲပြားတစ်ခု ကျိယွမ်၏ လက်ထဲသို့ ကျဆင်းသွားသည်။

"ကျွန်မတို့ မမျှော်လင့်ဘဲ တွေ့ဆုံခဲ့ကြတာမို့ ဒီကျောက်စိမ်းဆွဲပြားကို လက်ဆောင်အဖြစ်ယူလိုက်ပါ။ မြောက်ဘက်စွန်းဒေသကို သွားပြီး ဘယ်တည်းခိုခန်းမှာမဆို ဒီဆွဲပြားကို ပိုင်ရှင်ဆီ ပြပြီး ရှင့်ရဲ့ တောင်းဆိုချက်ကို ပြောပြရုံပါပဲ၊ တည်းခိုခန်းပိုင်ရှင်က အကောင်းဆုံး ဖြည့်ဆည်းပေးပါလိမ့်မယ်။

ရှင် အချိန်ရမယ်ဆိုရင် ကျွန်မရဲ့ ဂိုဏ်းကိုလည်း ဂရုစိုက်ပေးပါဦး..."

အဖြူရောင်ဝတ်အမျိုးသမီးက ထိုစကားနှင့်အတူ သက်ပြင်းချလိုက်သည်။

အသက်ရှင်ရပ်တည်ရေးနှင့် နှိုင်းယှဉ်လျှင် နှစ်ပေါင်းတစ်သောင်းနီးပါး တည်ရှိခဲ့သော ဂိုဏ်းသည် ဘာမှ မဟုတ်တော့ပါ။

သူမသည် ဂိုဏ်းအပေါ်ခံစားချက်ရှိသော်လည်း မတတ်နိုင်တော့ပါ။

ထို့အပြင် သူမမရှိတော့ပါက အခြားအင်အားစုများက သူမ၏ ဂိုဏ်းကို သေချာပေါက် လိုချင်တပ်မက်လာကြမည်ဖြစ်သောကြောင့် သွေးဝတ်စုံဓားနတ်ဘုရားအား ပေးလိုက်သည်က ပိုကောင်းပါလိမ့်မည်။

ကျိယွမ်သည် ကျောက်စိမ်းဆွဲပြားကို ငုံ့ကြည့်လိုက်ပြီး မျက်နှာကလင်းလက်သွားသည်။

"တစ်ယောက်ယောက်က စေတနာနဲ့ပေးရင် ဂရုစိုက်ရမှာပေါ့။ ကျွန်တော် သေချာ ဂရုစိုက်ပါ့မယ်"

ယင်နတ်ဘုရားတစ်ပါး၏ စွမ်းအားအရင်းအမြစ်အားလုံးကို စိတ်ကြိုက်သုံးစွဲပစ်ရမည့်ဘဝကို သူ စိတ်ကူးပင် မယဉ်ခဲ့ဖူးပါ။

"နှုတ်ဆက်ပါတယ်၊ တစ်ချိန်မှာ ပြန်လည် ဆုံတွေ့ကြတာပေါ့"

အဖြူရောင်ဝတ်အမျိုးသမီးက ထိုသို့ ပြောလိုက်ပြီးနောက် သူမ၏ ပုံရိပ်သည် ရေကန်ဘေးမှ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားသည်။

ကျိယွမ်သည် ချက်ချင်းထွက်မသွားသေးဘဲ ရေကန်ကို ကြည့်ကာ ကျန်နေခဲ့၏။

"မဟာအုပ်စိုးရှင်တွေတောင် ရင်မဆိုင်ဝံ့တဲ့ မဟာကပ်ဘေးဒုက္ခဆိုတာကြီးက တကယ်ပဲ ဒုက္ခပေးမဲ့ဟာကြီးပဲ ။ အဓိက ပြဿနာကကပ်ဘေးက သူမနိုင်ရင် အင်မော်တ

ယ်တွေနဲ့နတ်ဘုရားတွေကိုတောင် အကူအညီ ခေါ်နိုင်တယ်ဆိုတော့ လွန်တာပေါ့"

"ငါလို အမြုတေအဆင့်ကျင့်ကြံသူလေးကို

ကောင်းကင်ပေါ်က အင်မော်တယ်တွေနဲ့ နတ်ဘုရားတွေက တစ်အုပ်ကြီးဝိုင်းတိုက်ကြတော့မှာလား"

ကျိယွမ်၏ စိတ်ထဲတွင် မြင်ကွင်းတစ်ခု ချက်ချင်း ပေါ်လာသည်။

အမြုတေအဆင့်ဖြစ်သောသူ့အား အင်မော်တယ်များနှင့် နတ်ဘုရားအမြောက်အမြားက ဝိုင်းကာ တိုက်ခိုက်နေပုံ ဖြစ်၏။။

"ဂြိုဟ်တစ်လုံးတည်းနဲ့တော့ အဲဒါကို ရင်ဆိုင်နိုင်မှာ မဟုတ်ဘူး"

"မဖြစ်ဘူး၊ ငါလည်း အကူအညီ ခေါ်ဖို့၊ ဒါမှမဟုတ် ဂြိုလ်တွေကိုပါ ခေါ်ဖို့ နည်းလမ်း ရှာရမယ်။ ဘယ်သူက ပိုများပြီး ပိုအားကောင်းတဲ့အကူအညီတွေကို ခေါ်နိုင်မလဲဆိုတာ ကြည့်ရသေးတာပေါ့"

ချွမ်တိုင်းပြည်သို့ ပြန်ရောက်သောအခါ ကျိယွမ်သည် မြို့ရိုးပေါ်သို့ပင် ပြန်လည်ဆင်းသက်လိုက်သည်။

ကျိယွမ်၏ လက်ထဲတွင် ဒီမိုရာမျိုးနွယ် စစ်တပ်စခန်းချထားသော မြေပုံတစ်ခု ပေါ်လာသည်။

သူသည် မြေပုံ​ကိုမကြည့်သေးဘဲ ဘေးနားမှလူများကို တစ်ချက်ကြည့်ပြီး တီးတိုးရေရွတ်လိုက်သည်။

"အင်အားကြီးပုဂ္ဂိုလ်ဆိုတာ အားနည်းသူတွေကို မျှဝေတတ်တယ်ဆိုတာ တယ်မှန်တာပဲ၊ ထွက်ပြေးရတော့မှာတောင် သူတို့ဂိုဏ်းရဲ့ စွမ်းအားအရင်းအမြစ်တွေကို လွှဲပြောင်းပေးသွားသေးတယ်"

​ကျိယွမ်သည် ထိုသို့ပြောရင်းမှ ကျန်းယာကို ရည်ရွယ်ချက်ရှိရှိ ကြည့်လိုက်၏။

သူမလည်း ပိုပြီး ရက်ရောသင့်ကြောင်း အရိပ်အမြွက်ပြနေသည့်သဘောပင်။

ကျန်းယာက အံ့သြသွားပြီး သူမသိချင်လာသည်ကို မေးသည်။

"ဘယ်လို အင်အားကြီးတဲ့သူလဲ"

သွေးဝတ်စုံဓားနတ်ဘုရားသည် ယင်နတ်ဘုရားတစ်ပါးနှင့် တန်းတူသော စွမ်းအား

အရင်းအမြစ်များ ပိုင်ဆိုင်ထားသူဖြစ်သည်။

ထိုသူမျိုးက အင်အားကြီးပုဂ္ဂိုလ်ဟု ခေါ်ဝေါ်ရသည်ဆိုတော့ သူတွေ့ခဲ့ရသောသူသည် မည်မျှ အစွမ်းထက်လေသနည်း။

"ယင်နတ်ဘုရားတစ်ပါးပါ"

ကျိယွမ်က အမှန်အတိုင်းပြောလိုက်၏။ ထိုအမျိုးသမီးက သူ့အား လျှို့ဝှက်ထားပေးရန် မတောင်းဆိုခဲ့သောကြောင့် သူကဖုံးကွယ်နေစရာမလိုပါ။

"သူက မဟာကပ်ဘေးဒုက္ခကြီး ရောက်လာတော့မှာမို့လို့ ထွက်ပြေးဖို့အတွက် ဒီနေရာကနေ ထွက်ခွာသွားဖို့ စီစဉ်နေတယ်လို့ ပြောတယ်"

"ထွက်ပြေးမယ်တဲ့လား"

ကျိကျန်း၏ မျက်နှာအမူအရာက ပထမဆုံးအကြိမ်အဖြစ်တင်းမာသွားသည်။

"သူလုပ်နိုင်မှာ မဟုတ်ဘူး။ သူက ကန်းလန်နယ်မြေကနေ ထွက်ခွာသွားလိုက်ရုံနဲ့ မဟာကပ်ဘေးဒုက္ခကြီးကို ရှောင်လွှဲနိုင်မယ်လို့ တကယ်ပဲ ထင်နေတာလား"

"ဘာလို့လဲ ၊ ဘာလို့မလွတ်နိုင်ဘူးလို့ ထင်ရတာလဲ"

ကျိယွမ်က ကျိကျန်းအား ကြည့်ကာမေးလိုက်၏။

"ကျွန်တော်ရဲ့ နှစ်ပေါင်းများစွာ လေ့လာစူးစမ်းခဲ့တဲ့ အတွေ့အကြုံအရ ကြောက်မက်ဖွယ်ကောင်းတဲ့ အမှန်တရားတစ်ခုကို ရှာဖွေတွေ့ရှိခဲ့တယ်"

ကျိကျန်း၏ မျက်နှာက ယခင်နှင့်မတူဘဲ အလွန်လေးနက်သွားသည်။

ကျိယွမ်၏ ရင်ထဲတွင် တင်းကျပ်သွားသလိုခံစားလိုက်ရသည်။ကျိကျန်း ယခုလောက်လေးနက်နေသည်ကို သူမမြင်ဖူးသေးပါ။

အနားတွင်ရှိနေသူများအားလုံးကလည်း ကျိကျန်းကို သိချင်စိတ်များဖြင့် ကြည့်လိုက်ကြ၏။

ကျိကျန်းသည် အနည်းငယ်ပုံမှန်မဟုတ်သော်လည်း စစ်မှန်သောပါရမီရှင်ဖြစ်သည်။

၊ မဟုတ်လျှင် အဘိုးအိုဝူထျန်းက သူ့ကို တပည့်အဖြစ် ခေါ်ယူချင်မည် မဟုတ်ပါ။

ကျိကျန်းက အားလုံးကိုတစ်ချက်ဝေ့ကြည့်ကာ ပြောလိုက်သည်။

"ဝိညာဉ်စွမ်းအင်က အဆိပ်တွေပဲ"

"အမ်.."

ကျန်းယာက အံ့သြသွားပြီး နားမလည်သလိုကြည့်၏။

ရွှီထုန်ချန်းမှာလည်း စကားမပြောနိုင်ဖြစ်သွားသည်။

စိတ်ဝိညာဥ်က အဆိပ်တဲ့လား။ ဘာကြောင့်လဲ။

"ကျွန်တော့်ရဲ့ လေ့လာစူးစမ်းချက်တွေအရ ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ကျင့်ကြံသူတိုင်း သေဆုံးခဲ့ရတယ်။ဒါကြောင့် ဝိညာဉ်စွမ်းအင်ဟာ သေချာပေါက် အဆိပ်တစ်ခု ဖြစ်တယ်"

ကျိကျန်းက လေးနက်စွာ ထပ်ပြောလိုက်သည်။

ကျန်းယာမနေနိင်တော့ပါ ။ သူမက ကျိကျန်းအား ပြည်လည်ချေပလိုက်မိသည်။

"မဟာအုပ်စိုးရှင်အဆင့်အထိ ကျင့်ကြံနိုင်ရင် နတ်ဘုရားနဲ့ နီးစပ်ပြီး ကောင်းကင်နဲ့ မြေကြီးလိုပဲ အသက်ရှည်ကြတယ်။ မဟာအုပ်စိုးရှင်တွေကလည်း ဝိညာဉ်စွမ်းအင်ကို အသုံးပြုပြီး ကျင့်ကြံကြတာပဲလေ၊ ဒါဆို သူတို့ ဘာလို့ အသက်ကြီးလို့ မသေကြတာလဲ"

"နင် အသက်ရှင်နေတဲ့ မဟာအုပ်စိုးကို ဘယ်နှစ်ခါ မြင်ဖူးလဲ၊ မြင်ဖူးရင် တစ်ယောက်လောက်ပြောပြ"

ကျိကျန်းက ချက်ကျလက်ကျပြန်မေးလိုက်သဖြင့် ကျန်းယာ စကားမပြောနိုင် ဖြစ်သွားသည်။

".မမြင်ဖူးပါဘူး။ အဲဒီလိုပြောကြေးဆိုရင် ကျွန်မ ယန်နတ်ဘုရားတွေကိုလည်း မမြင်ဖူးပါဘူး။ ဒါဆို ယန်နတ်ဘုရားတွေ မရှိဘူးလို့ ပြောတာလား"

ကျိကျန်းသည် ကောင်းကင်မှ ကြယ်တာရာများကို မော့ကြည့်လိုက်ပြီး ခေါင်းခါ၏။

"ရှိသလား၊ မရှိဘူးလားဆိုတာ ဘယ်သူ သိနိုင်မှာလဲ"

​ကျိယွမ်ကတော့ စကားမပြောနိုင်ဘဲ တုန်လှုပ်စွာ တွေးနေမိသည်။

ဝိညာဉ်စွမ်းအင်သည် တကယ်ပဲ အဆိပ် ဖြစ်နေသလားဆိုတာကိုတော့ သူမသိပါ။

သို့သော် ကန်းလန်နယ်မြေ၏ ကျင့်ကြံခြင်း နည်းစနစ်တွေမှာတော့ ပြဿနာတွေ သေချာပေါက် ရှိနေ၏။

ကျင့်ကြံသမျှသည် အခြားသက်ရှိတစ်မျိုးမျိုးအတွက် အစာ ဖြစ်သွားရသည်ဟု သူတွေ့ရှိထားသည် မဟုတ်ပါလား။

ဒီကောင် ကျိကျန်းက တကယ့်ကိုပါရမီရှင်ပဲ၊ ငါဖြင့် ကြောက်တောင်ကြောက်လာပြီ။

ရုတ်တရက် ကျိယွမ်သည် ယခင်ဘဝက ၂၁ ရာစုကမ္ဘာမြေကို သတိရသွားသည်။

ခေတ်သစ်ကမ္ဘာပေါ်တွင် အောက်ဆီဂျင် ရှူရှိုက်ဖူးသူတိုင်း သေဆုံးခဲ့ကြရသည်။

ဒါဆိုရင် အောက်ဆီဂျင်ကလည်း အဆိပ်အတောက် ဖြစ်တယ်လို့ ဆိုလိုတာလား။

"မဟာကပ်ဘေးဒုက္ခကြီး ရောက်လာတော့မယ်၊ သက်ရှိမှန်သမျှတွေ အားလုံးညှိုးနွမ်းသွားမယ်၊ ထွက်ပြေးသွားရုံနဲ့ ပြဿနာကို ဖြေရှင်းနိုင်မှာ မဟုတ်ဘူး"

ကျိကျန်းက မှတ်ချက်ချလိုက်သည်။

"ကျိကျန်း ပြောတာကို ငါ ထောက်ခံတယ်။ ငါသာ ခွန်အားပိုကောင်းလာရင် ကပ်ဘေးရဲ့ ဗဟိုချက်ထဲကို တိတ်တဆိတ် ဝင်ပြီး သူ့ရဲ့ ခေါင်းကို ခုတ်ချပစ်မယ်"

ကျိယွမ်၏ ထောက်ခံချက်ကို ကြားသောအခါ ကျိကျန်း၏မျက်လုံးများ တောက်ပလာသည်။

"အကြီးအကဲ၊ ကျွန်တော့်ကိုပါ ခေါ်သွားလို့ ရမလား။ ကျွန်တော်လည်း ကပ်ဘေးရဲ့ ခေါင်းကို ကြည့်ချင်တယ်"

ကျိယွမ်က အနည်းငယ် စဉ်းစားလိုက်သည်။

"ငါ့အတွက် ဆိုနာတီးဖို့ လူတစ်ယောက်လောက်တော့လိုနေတယ်။ငါကပ်ဘေးရဲ့ ခေါင်းကို ဝင်ခုတ်တဲ့အချိန် မင်းက ငါ့အတွက် နောက်ခံသီချင်းတီးပေးပေါ့"

"သဘောတူပါတယ်"

ကျိကျန်းက ခေါင်းကို အားရပါးရ ညိတ်လိုက်သည်။

ကျန်းယာကတော့ ဘာမှပြောချင်စိတ်မရှိတော့သဖြင့် ဘာမှဝင်မပြောတော့ပါ။

ထိုနှစ်ယောက်ကို သူမက တာအိုဆွေးနွေးပွဲကတည်းက သဘောပေါက်သွားခဲ့သည်။

သူတို့က ကြီးကြီးကျယ်ကျယ်တွေပြောရမှ နေသာထိုင်သာရှိတာလား။

တစ်ယောက်ကလည်း စိတ်ဝိညာဥ်က အဆိပ်လို့ပြောလို့ပြော ၊ နောက်တစ်ယောက်ကလည်း ကပ်ဘေးကို ဓားနဲ့ခေါင်းခုတ်ဖြတ်မယ် ပြောလို့ပြော ။

မဟာအုပ်စိုးတစ်ပါးရဲ့ ခွန်အားမျိုးမရှိဘဲ မဟာကပ်ဘေးဒုက္ခကို ဘယ်သူကများ ရင်ဆိုင်ဝံ့မှာလဲ။

ထို့အပြင် မဟာကပ်ဒုက္ခဘေးကြီး ရောက်လာဖို့ကလည်း နှစ်ရာဂဏန်းသာ ခန့်ကျန်တော့သည့်အတွက် သွေးဝတ်စုံ ဓားနတ်ဘုရားက မည်မျှပင်ပါရမီကောင်းပါစေ

မဟာအုပ်စိုးရှင်တစ်ပါးဖြစ်ရန် အချိန်မမီတော့ပါ။

"သွားကြရအောင် ၊ ဒီမိုရာမျိုးနွယ်တွေကို ဖျက်ဆီးပစ်ရမယ်"

ကျိယွမ်က လက်ရှိစကားဝိုင်းကိုဖြတ်ကာ တိုက်ပွဲကို အာရုံစိုက်လိုက်၏။

ကျိကျန်းက ကမန်းကတန်း တောင်းဆိုသည်။

"အကြီးအကဲ၊ လေ့ကျင့်ပြီးသားဖြစ်အောင်လို့ ကျွန်တော် အခုပဲ ဆိုနာစတီးလိုက်ပါ့မယ်"

"အကြီးအကဲ၊ ကျွန်တော်လည်း ပါဝင်လို့ ရမလား"

ရုတ်တရက် ရွှီးထုန်ချန်ကလည်း ကြောက်ရွံ့စွာ မေးလိုက်သည်။

ကျိကျန်းက သူ့ဆရာ၏နေရာကို လုယူနေပြီဟု ခံစားရပြီး ဆရာ့အတွက်ခြိမ်းခြောက်ခံနေရသည်ဟု ထင်မြင်လာသည်။

ထို့ကြောင့် သူရပ်ကြညိ့နေလို့မရတော့ဘဲ ပါဝင်ဖို့ လိုအပ်၏။

"ရတာပေါ့၊ ပြဿနာ မရှိဘူး။"

ကျိယွမ်သည် အလွန် ကျေနပ်သွားပြီးနောက် ကျန်းယာကို ကြည့်လိုက်သည်။

"နင်လည်း ပါဝင်ချင်လား။ ငါ ပရိတ်သတ်တစ်ယောက် လိုနေတယ်"

ကျန်းယာက ခေါင်းကို အားရပါးရ ခါလိုက်သည်။

အဓိပ္ပါယ်မရှိတာတွေ ။

.................

ငါးရက်ကြာပြီးနောက်.....

အမှောင်ထုဖုံးလွှမ်းနေသော ချိုင့်ဝှမ်းတစ်ခုတွင် လေများ တိုက်ခတ်လျှင်ရှိသည်။

ချိုင့်ဝှမ်းထဲတွင် လေးမီတာမှ ငါးမီတာခန့် မြင့်သော ဧရာမ သားရဲကြီးများအားလုံး အိပ်ပျော်နေကြ၏။

သူတို့၏ နက်မှောင်သော အကြေးခွံများသည် မှိန်ဖျော့သော အလင်းကို ပြန်ဟပ်နေပြီး တိတ်ဆိတ်သော ညတွင် ထူးခြားစွာ ထိတ်လန့်ဖွယ်ရာ ဖြစ်နေသည်။

​ဒီမိုရာမျိုးနွယ်များ အားလုံးက နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေကြခြင်းပင်။

ကျိယွမ်သာ ထိုမြင်ကွင်းကို မြင်တွေ့ခဲ့ရပါက သူတို့က ခန္ဓာကိုယ်ကြီးမားသော်လည်း အိပ်စက်ရာတွင် ဟောက်သံမထွက်သည်ကို ချီးကျူးဂုဏ်ပြုမိမှာ သေချာသည်။

ထိုအချိန်တွင် ဂူတစ်ခုအတွင်း၌ ကြောက်မက်ဖွယ်ကောင်းသော ပုဂ္ဂိုလ် ငါးဦး ပေါ်လာခဲ့သည်။ သူတို့၏ အရှိန်အဝါများသည် ပတ်ဝန်းကျင်နှင့် ထိပ်တိုက်တွေ့ဆုံနေပြီး ကောင်းကင်နှင့် မြေကြီး၏ မနှစ်သက်မှု အနည်းငယ်ကိုပင် ဖြစ်ပေါ်စစေသည်။

သို့သော် လက်ရှိကမ္ဘာ၏တာအိုနိယာမများက အားနည်းနေသောကြောင့် ထိုမနှစ်သက်မှုသည် အလွန်အမင်း ပြင်းထန်ခြင်း မရှိခဲ့ပါ။

"ကန်းလန်နယ်မြေက သူတို့ရဲ့ ကတိကို ဖောက်ဖျက်ပြီး ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတွေကို ငါတို့လူတွေအပေါ် အမဲလိုက်ခွင့်ပေးနေတာ တကယ်ကို ခွင့်လွှတ်စရာမရှိဘူး"

"ဘယ်သူက အဲဒီ ခရမ်းရောင်နန်းတော် ကျင့်ကြံသူကို ဖမ်းမှာလဲ"

"သူတို့က သူတို့ရဲ့ကတိကို အရင် ဖောက်ဖျက်ခဲ့တာပဲ၊ ငါတို့ ငါးယောက်လုံး အတူတူ တိုက်ခိုက်ကြတာပေါ့"

"ကောင်းပြီလေ ၊ အဲဒီ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူကို ဖယ်ရှားပြီးရင် ဝမ်ယုတိုက်ကြီးကို ငြိမ်သက်အောင် လုပ်ကြမယ်၊ ပြီးရင် ကန်းလန်နယ်မြေကို ကျူးကျော်ကြတာပေါ့"

ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးက မစောင့်နိုင်တော့သလို ပြောလိုက်သည်။

သူတို့၏ အမြင်တွင် ကန်းလန်နယ်မြေသည် ဝမ်ယုတိုက်ကြီးထက် အင်အားများစွာ ပိုကြီးလေသည်။

ထိုကဲ့သို့သော ကမ္ဘာကိုသာ သိမ်းနိုင်ပါက စွမ်းအားအရင်းအမြစ်များ ပိုမို များပြားစွာ ရရှိနိုင်လိမ့်မည်။

"အဲဲဒီကိစ္စကို မေ့ထားလိုက်.."

အတွေ့အကြုံရင့်ကျတ်ဟန်ရသော ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးက ပြောလိုက်သည်။

"ကန်းလန်နယ်မြေရဲ့ အရင်းအမြစ်တွေက အရမ်း နက်ရှိုင်းတယ်။ ယင်နတ်ဘုရား အရှင်တွေတောင် သတိထားပြီး လှုပ်ရှားကြတာ၊ ငါတို့လို လူတွေဆိုရင် ပိုလို့တောင် သတိထားရမှာပေါ့"

ထိုသို့ပြောလိုက်သူ၏ ဘိုးဘွားများထဲတွင် ယင်နတ်ဘုရားတစ်ပါး ရှိခဲ့ဖူးသောကြောင့် ယခုငါးဦးထဲတွင် ထိုသူ၏အဆင့်အတန်းက အမြင့်ဆုံး ဖြစ်သည်။

"ကောင်းပြီ၊ ကန်းလန်နယ်မြေကို ခဏ မေ့ထားပြီး အဲဒီ ခရမ်းရောင်နန်းတော်အဆင့်ကို ပဲ သတ်ကြတာပေါ့"

"အဲဒီ ခရမ်းရောင်နန်းတော်အဆင့်က တော်တော်အစွမ်းထက်တယ်လို့ ကြားတယ်။ ငါတို့ သေချာ စီစဉ်မှထင်တယ်"

"ငါတို့က ခရမ်းရောင်နန်းတော်အထွတ်အထိပ်တစ်ယောက်နဲ့ အလယ်အလတ်အဆင့် လေးယောက်လေ ၊ ဘာကို ကြောက်နေရမှာလဲ"

ထို့နောက် သူတို့ငါးယောက်သည် အနည်းငယ်ဆွေးနွေးပြီးနောက် ဂူထဲမှထွက်ခွာရန်ပြင်ဆင်လိုက်သည်။

ထိုအချိန်မှာပင် နက်ရှိုင်းသော အသံတစ်ခု က ချိုင့်ဝှမ်းထဲသို့ ပဲ့တင်ထပ်လာသည်။

"ငါ ဒီရက်ပိုင်း ဝမ်ယုတိုက်ကြီးက ပုံပြင်စာအုပ်တွေ အများကြီး ဖတ်နေတာ၊ အထူးသဖြင့် မျက်နှာမဲ့ ဓားနတ်ဘုရားက ပြင်ပကမ္ဘာက နတ်ဆိုးတွေကို သတ်တဲ့အကြောင်းပေါ့။"

"ဖတ်နေရင်း ငါ စဥ်းစားမိတယ် ၊ မျက်နှာမဲ့ ဓားနတ်ဘုရားက ကြီးထွားဖို့ အချိန်လိုခဲ့တယ်၊ တကယ်လို့ ပြင်ပကမ္ဘာက နတ်ဆိုးတွေက သူ့ကို စောစောစီးစီး တိုက်ခိုက်ခဲ့ရင် မျက်နှာမဲ့ ဓားနတ်ဘုရား ရှုံးနိမ့်သွားမှာ သေချာတယ် မဟုတ်လား"

အသံနှင့်အတူ မြေကြီးသည် နှစ်ပိုင်း ကွဲထွက်သွားပြီး ဒီမိုရာမျိုးနွယ်ဝင်များထဲမှ အဆီထူထဲပြီး အသားတောင်ကြီးကဲ့သို့ ကြီးမားသော ဧရာမသားရဲကြီးတစ်ဦး မြေကြီးထဲမှ ထွက်လာသည်။

သူသည် အလွန်ဝဖြိုးလွန်းသဖြင့် အသားများက တွဲကျနေသည်။ သို့သော် သူ၏ ကျောပြင်တွင် ထူထပ်သော အကြေးခွံများ ဖုံးအုပ်နေသဖြင့် အလွန် ကြောက်မက်ဖွယ်လည်း ကောင်းနေသည်။

အခြားသူများက ထိုသားရဲကြီးအားမြင်သောအခါ ထိတ်လန့်တကြားဖြင့် ရိုသေလေးစားစွာ ဂါရဝပြုကြသည်။

"မိုဟွေ့ အုပ်စိုးရှင်ကို ဂါရဝပြုပါတယ်"

ရောက်ရှိလာသူမှာ မိုလော့မျိုးနွယ်မှ ယင်နတ်ဘုရားတစ်ပါးဖြစ်သော မိုဟွေ့အုပ်စိုးရှင် ဖြစ်သည်။

မိုဟွေ့၏ ခန္ဓာကိုယ်ကြီးသည် အဆီများထုထပ်နေသလို အဆမတန်ဖောင်းပွနေပြီး သူ့ကို ကြည့်ရုံဖြင့်ပင် အော့အန်ချင်စိတ် ဖြစ်ပေါ်သွားစေနိုင်၏။

"ငါ အခုတလော ငြီးငွေ့နေတာနဲ့ အတော်ပဲ ၊ မင်းတို့နဲ့အတူ ဒီသွေးဝတ်စုံဓားနတ်ဘုရားဆိုတဲ့သူကို သွားကြည့်လိုက်ဦးမယ်"

သူသည် ရေငတ်နေပြီး ဗိုက်ဆာနေသောကြောင့် အပြင်ထွက်ပြီး သရေစာ ရှာဖွေစားသောက်ရန် အသင့် ဖြစ်နေသည်။

"အုပ်စိုးရှင် အပင်ပန်းခံဖို့ မလိုအပ်ပါဘူး"

ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့်ရှိသော မိုလော့ကပြောလိုက်သည်။

"ကျွန်တော်တို့ သွေးဝတ်စုံ ဓားနတ်ဘုရားကို အလွယ်တကူ ဖမ်းဆီးပြီး အရှင့်ထံ ဆက်သနိုင်ပါတယ်"

မိုဟွေ့ အရှင်က မျက်လုံးမှေးကာ ပြုံးလိုက်ပြီး ခေါင်းခါ၏။

"ငါ နောက်ဆုံး ဖတ်ခဲ့တဲ့ ပုံပြင်စာအုပ်တွေအရ မင်းတို့သာ သွေးဝတ်စုံ ဓားနတ်ဘုရားကို လိုက်ဖမ်းမယ်ဆိုရင် သူ့ကို အတွေ့အကြုံမှတ်ဆိုတာတွေ ပိုပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။ ဒါပေမဲ့ ငါကတော့ မတူဘူး။ ငါ ကိုယ်တိုင် အရေးယူဆောင်ရွက်မယ်ဆိုရင် သူ ကြီးထွားဖို့ အခွင့်အလမ်းအားလုံးကို ဖျက်ဆီးပစ်နိုင်တယ်"

မိုဟွေ့ အရှင်က ပေါ့ပေါ့ပါးပါး ပြောလိုက်သည်။

သူသည် အပြင်ထွက်ရန် ဆင်ခြေတစ်ခုလိုအပ်နေသည်။

"ဒါပေမဲ့ အရှင်သာမရှိရင် .. လမင်းဆက်ရဲ့ အတားအဆီး..."

မိုလော့က တွန့်ဆုတ်စွာ သတိပေးသလိုပြောသည်။

"စိတ်ပူစရာ မလိုပါဘူး။ ငါ့ရဲ့ အစ်ကို ရှိနေတာမို့ လမင်းဆက်က လူတွေ... ထွက်ပြေးနိုင်မှာ မဟုတ်ဘူး"

"လမင်းဆက် ပျက်စီးသွားတာနဲ့ ဝမ်ယုတိုက်ကြီးကို နာမည်ပြောင်းဖို့ အချိန်ရောက်ပြီပေါ့"

မိုဟွေ့က ဆုံးဖြတ်ထားသည်ကို မြင်သောအခါ မိုလော့တို့ငါးဦးသည် သူ့ကို ထပ်မံ မစည်းရုံးတော့ပေ။

...........................

ဆွေးမြေ့ဖွယ်ရာကောင်းပြီး သတ်ဖြတ်လိုစိတ်ကို ဖြစ်ပေါ်စေသော ဂီတသံများနှင့်အတူ သွေးနီရောင်ဓားတစ်ချောင်းက ကောင်းကင်ကို ဖြတ်သန်းသွားသည်။

သွေးစီးကြောင်းများနှင့်အတူ ဓားအလင်းတစ်ချက်လင်းလက်သွားပြီး ဒီမိုရာမျိုးနွယ်စစ်တပ်များစခန်းချထားသောနေရာမှ မိုလော့မျိုးနွယ်အမြောက်အမြားသည် ဓားအလင်းဖြင့် အသတ်ခံလိုက်ရသည်။

ကြီးမားကျယ်ပြန့်သော တပ်စခန်းကြီးသည်

ဓားချက် တစ်ချက်တည်းဖြင့် ပျက်စီးသွားလေ၏။

ဓားချက်အောက်တွင် ချီသန့်စင်ခြင်းအဆင့်၊ အခြေတည်အဆင့် ၊ အမြုတေအဆင့် သို့မဟုတ် စိတ်ဝိညာဉ်အဆင့် မည်သည့် အဆင့်ပင် ဖြစ်စေကာမူ မည်သူမျှ မရှင်သန်နိုင်ပါ။

ကျိယွမ်၏ ဓားသည် သက်ရှိအားလုံးကို တန်းတူ သဘောထားသကဲ့သို့ပင်။

သူသည် ရက်ပေါင်းများစွာကြာသော တိုက်ပွဲများကြောင့် ပျက်စီးနေသော သဘာဝတရားများကို နူးညံ့သော မျက်လုံးများဖြင့် ကြည့်လိုက်၏။

တစ်ချိန်က ခြောက်သွေ့ကာ ပျက်စီးနေခဲ့သောစစ်မြေပြင်သည် ချက်ချင်းဆိုသလို စိမ်းလန်းစိုပြေသော တောင်များနှင့် မြစ်များဖြင့် ပြည့်နှက်သွားသည်။

တီးမှုတ်နေသောဆိုနာအသံသည် ပို၍ပင် အားကောင်းလာပြီး စိတ်လှုပ်ရှားဖွယ်ရာ ဖြစ်လာခဲ့သည်။

ကျိယွမ်သည် သူ၏နောက်တွင် ရှိနေသောဆိုနား တီးနေသည် လူအုပ်ကိုကြည့်ကာ အနည်းငယ်စိတ်မချမ်းမသာဖြစ်နေဟန်ရှိသည်။

"မင်းတို့သာ ခရမ်းရောင်နန်းတော်အဆင့်လောက်ဆို ဘယ်လောက်ကောင်းမလဲ"

ခရမ်းရောင်နန်းတော်ကျင့်ကြံသူများ ဆိုနာတီးခတ်နေသော မြင်ကွင်းသည် ပို၍ပင် ခမ်းနားကြီးကျယ်ပါလိမ့်မည်။

သို့သော် သူ့အတွက် တီးခတ်ပေးနေသူများထဲတွင် အားအကောင်းဆုံးမှာ စိတ်ဝိညာဉ် ကျင့်ကြံသူသာ ဖြစ်ပြီး ထိုအဆင့်ကလည်းအနည်းငယ်သာပါရှိ၏။

အများစုမှာ ဒုတိယ သို့မဟုတ် တတိယအဆင့်တွင်သာ ရှိကြသည်။

ထိုသူများအားလုံး ဝမ်ယုတိုက်ကြီး၏တိုင်းပြည်များမှမှဖြစ်ပြီး သူ့အားလေးစားလွန်း၍ ထိုအခွင့်အရေးကို မရမကတောင်းဆိုခဲ့ကြသဖြင့် သူကလိုက်လျောခဲ့ခြင်းပင်။

သူက ခရီးဖင့်မည်ဆိုသဖြင့် လူအကန့်အသတ်ဖြင့်ခေါ်​ခဲ့၍သာတော်တော့သည် မဟုတ်လျှင် တိုင်းပြည်များ၏နန်းမြို့တော်သားများအားလုံး ဂီတပညာရှင်များဖြစ်သွားနိုင်၏။

ကျန်းယာကတော့ ဆိုနာတီးမှုတ်သူများဘေးတွင် ရပ်နေပြီး သူမ၏ မျက်နှာအမူအရာသည် ဝေခွဲမရဖြစ်နေသည်။

လူတိုင်းက ဆိုနာကို အားရပါးရတီးမှုတ်နေကြပြီး သူမတစ်ယောက်တည်းသာ အလွတ်ကြီး ဖြစ်နေခြင်းက အဆင်မပြေလှပေ။

သူမသည် အလွန် ထူးဆန်းနေသည်ဟုလည်း ခံစားနေရသည်။

စစ်မှန်မဟာပညာရှိကျိကျန်းလိုလူက ဆိုနာတီးမှုတ်သူများအဖွဲ့ထဲသို့ အဘယ့်ကြောင့် ပါဝင်နေရကြောင်းကို သူမ နားမလည်နိုင်ခဲ့ပေ။

နောက်ပိုင်းတွင် သူတို့အဖွဲ့ သည် အခြားတိုင်းပြည်များသို့ သွားသောအခါမှာလည်း သွေးဝတ်စုံဓားနတ်ဘုရားက ပေါ့ပေါ့ပါးပါး ပြောလိုက်ရုံဖြင့် သာမန်လူများမှအစ မင်းမျိုးမင်းနွယ်များအထိ လူအသီးသီးသည် သူ၏ တီးဝိုင်းအဖွဲ့ထဲသို့ စိတ်အားထက်သန်စွာ ပါဝင်ရန် စာရင်းသွင်းခဲ့ကြသည်ကို တွေ့ခဲ့ရ၏။

သူ့၏ဆိုနာတီးဝိုင်းအဖွဲ့ထဲသို့ ပါဝင်ခြင်းသည် တစ်သက်တာ ဂုဏ်ယူစရာ ဖြစ်လာသကဲ့သို့ပင် ။

သူမသည် ဆိုနာတီးဝိုင်းထဲတွင် ပျော်ပျော်ကြီးတီးမှုတ်နေသော တိုင်းပြည်ဧကရာဇ် တစ်ပါးကို တကယ်ပဲ ပြောပြချင်နေမိသည်။

"ရှင်က ဧကရာဇ် တစ်ပါးလေ ၊ အခုလိုတီးဝိုင်းထဲမှာ လိုက်တီးဖို့ တော်ဝင်မျိုးနွယ်ရဲ့ဂုဏ်သိက္ခာကိုတောင် မငဲ့တော့ဘူးပေါ့"

သူမ တကယ်ကို နားမလည်နိုင်ခဲ့ပါ။

ကျိယွမ်ကတော့ အေးအေးဆေးဆေးရှိလှ၏။

ယခုဆိုလျှင် သူသည် ဤလောက၏တာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်ရန် ရက်သတ္တပတ် အနည်းငယ်သာ လိုတော့သည်။

ထို့အပြင် သူ၏ခရီးကလည်း လမင်းဆက်နှင့် ပို၍ နီးလာခဲ့လေပြီ။

သို့သော် အိမ်ပြန်ရမည်ကို စိတ်လှုပ်ရှားမှုအစား ရုတ်တရက် စိုးရိမ်ပူပန်မှုကို သူခံစားနေရသည်။

ထိုအချိန်တွင် ဆိုနာ တီးဝိုင်းထဲမှ ကျောက်စီသည် ရှေ့သို့ ထွက်လာပြီး လေးစားစွာ ပြောလိုက်သည်။

"အကြီးအကဲ၊ ကျွန်တော်တို့ မျက်နှာမဲ့ဓားနတ်ဘုရားကိုးကွယ်သူများဂိုဏ်းက နတ်ဘုရား သံတမန်တစ်ဦးက အကြီးအကဲကို တွေ့ချင်ပါတယ်။ သူက အရေးပေါ် သတင်း ပေးပို့စရာ ရှိတယ်လို့ ပြောပါတယ်"

ကျိယွမ်သည် စိတ်ဝင်စားသွားသည်။

ငါရဲ့ပရိတ်သတ်လား ။

"လာခိုင်းလိုက်"

ကျိယွမ်သည် သူ၏ပရိသတ်များကို တွေ့ဆုံရန် အမြဲတမ်း စိတ်အားထက်သန်ပါသည်။

မကြာမီတွင် အနက်ရောင်ဝတ်ရုံဝတ်ထားသော သက်လတ်ပိုင်း အမျိုးသားတစ်ဦး ပေါ်လာခဲ့သည်။

သူသည် သွေးဝတ်စုံဓားနတ်ဘုရားကို မြင်လိုက်သောအခါ သူ၏မျက်လုံးများတွင် နားမလည်နိုငိသလို အမူအယာပေါ်လာ၏ ။

" အကြီးအကဲကို ဂါရဝပြုပါတယ်"

"အင်း..၊ ဘာကိစ္စလဲ"

"အကြီးအကဲ၊ ကျွန်တော်တို့ မျက်နှာမဲ့ဓားနတ်ဘုရားကိုးကွယ်သူများဂိုဏ်းက သတင်းအရ ဒီမိုရာမျိုးနွယ်က အကြီးအကဲကို သတိထားမိသွားပြီးတော့ ပဉ္စမအဆင့် ကျင့်ကြံသူ ငါးဦးက ဝိုင်းရံ တိုက်ခိုက်ဖို့ စီစဉ်နေပါတယ်။ကျေးဇူးပြုပြီး ဒီနေရာကနေ ချက်ချင်း ထွက်ခွာပါ၊ မဟုတ်ရင် ဒီမှာ ပိတ်မိသွားနိုင်ပါတယ်"

မျက်နှာမဲ့ဓားနတ်ဘုရားကိုးကွယ်သူများဂိုဏ်းမှ နတ်ဘုရား သံတမန်က အရေးကြီးသောသတင်းကို ပြောလိုက်သည်။

တစ်ချိန်တည်းမှာပင် သူသည် သွေးဝတ်စုံဓားနတ်ဘုရားလို အခြားကမ္ဘာမှ ပုဂ္ဂိုလ်တစ်ဦးအပေါ်၌ ထူးဆန်းစွာပင် ဆွေမျိုးရင်းချာ လိုခံစားချက်ကို ခံစားလိုက်ရသဖြင့် နားမလည်နိုင်ဖြစ်နေ၏။

"ခရမ်းရောင်နန်းတော်အဆင့် ငါးယောက်လား"

ကျိယွမ်က စိတ်ပျက်သလို သက်ပြင်းသက်ချလိုက်သည်။

ထိုသူများက ခရမ်းရောင်နန်းတော်အဆင့်များဖြစ်သော်လည်း သူတို့ဆီမှရရှိမည့်အရာများက သူ့အတွက်အသုံးမဝင်ပါ။

ငါ့အတွက် မျှော်လင့်ခြင်းလမင်းတွေက ကန်းလန်မှာပဲရှိတာ ၊ဒီလောကထဲက ခရမ်းရောင်နန်းတော်တွေက ဖျက်ဆီးဝံပုလွေလောက်တောင် အသုံးမဝင်ပါလား။

"အကြီးအကဲ၊ ကျေးဇူးပြုပြီး ခင်ဗျားရဲ့ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားပါ။ ကျွန်တော်တို့ဂိုဏ်းက အထူး လျှို့ဝှက်လမ်းကြောင်းကို အသုံးပြုပြီး အကြီးအကဲကို လမင်းဆက်ဆီ ပို့ဆောင်ပေးနိုင်ပါတယ်"

နတ်ဘုရား သံတမန်က လေးနက်စွာ အ​ကြံပြုလိုက်သည်။

သို့သော်ထိုလမ်းကြောင်းကိုသုံးပါက သူတို့ဂိုဏ်းသည် အခြားအင်အားစုများ၏အကူအညီများကို ယူရမည်ဖြစ်ပြီး ထိုအတွက် မျက်နှာမဲ့နတ်ဘုရားကိုးကွယ်သူများဂိုဏ်းမှ ဂိုဏ်းသားများက သေချာပေါက်တစ်စုံတစ်ခုပြန်ပေးဆပ်မည်ဖြစ်၏။ အကူအညီပေးသူများအတွက် အသက်စွန့်ကာ တိုက်ခိုက်ပေးရခြင်းတောင် ဖြစ်နိုင်သည်။

မျက်နှာမဲ့နတ်ဘုရားဂိုဏ်းဝင်တိုင်းသည် သေရမည်ကို မကြောက်ဘဲ ဝမ်ယုတိုက်ကြီးအတွက် တိုက်ပွဲဝင်ရန် ဆန္ဒရှိသူများဖြစ်သောကြောင့် သူတို့ကနောက်ဆုတ်မည်မဟုတ်ပါ။

"ငါက လမင်းဆက်ကို သွားမှာပါ၊ ဒါပေမဲ့ မင်းတို့ လိုက်ပို့ဖို့ မလိုပါဘူး။"

ကျိယွမ်၏စကားက ခရမ်းရောင်နန်းတော်အဆင့်ငါးယောက်ကို အလေးအနက်မထားမှန်းသိသာ၏။

နတ်ဘုရား သံတမန်သည် ကျိယွမ်၏စကားကို ကြားသောအခါ စိုးရိမ်သွားသည်။

အကြီးအကဲက ငါ့နဲ့အတူ မလိုက်ချင်ဘူးလား။အားနာနေတာ ထင်တယ်။

သူသည် ကျိယွမ်ကို ထပ်မံ စည်းရုံးရန် အလွန် စိတ်အားထက်သန်နေ၏။

ထိုအချိန်တွင် ကျိယွမ်က ကောင်းကင်ကိုမော့ကြည့်ကာ မျက်မှောင်ကျုံ့သွားသည်။

"အခု ငါတို့ ထွက်သွားချင်ရင်တောင် နောက်ကျသွားပြီ၊ သူတို့ လူတွေရောက်လာကုန်ပြီ"

ကျိယွမ်သည် ဒီမိုရာမျိုးနွယ်မှ အင်အားကြီး ပုဂ္ဂိုလ်များ ရောက်ရှိလာသည်ကို ခံစားမိလိုက်၏။

ကံမကောင်းသည်မှာ သူတို့ထဲမှ တစ်ဦးတစ်ယောက်မှ သူ့ကို ကျင့်ကြံမှု နည်းစနစ်များ ပေးနိုင်သော မျှော်လင့်ခြင်းလမင်းများ မဟုတ်ကြပေ။

ကျိယွမ်က ၄င်းတို့ကိုစိတ်ဝင်စားမှု မရှိပါ။

ဒီကောင်တွေ အသက်ကတန်ဖိုးမဲ့လွန်းတယ်။

သူ၏ နောက်မှ သွေးနီရောင် ဓားသည် အင်အားကြီးမားသော ရန်သူများ ရောက်ရှိလာသည်ကို ခံစားမိသဖြင့် ဓားဟိန်းသံတစ်ခုနှင့်အတူ ထွက်ပေါ်လာခဲ့သည်။

နတ်ဘုရားသံတမန်၏ မျက်နှာက သနားစဖွယ် ပြာနှမ်းသွားသည်။

"ဒီလောက် မြန်မြန် ရောက်လာတာလား။ ကျွန်တော်တို့တော့ ဒုက္ခရောက်ပြီ"

ပဉ္စမအဆင့်ကျင့်ကြံသူ ငါးယောက်။

သွေးဝတ်စုံဓားနတ်ဘုရား တစ်ယောက်တည်းနဲ့ သူတို့ကို ဘယ်လိုလုပ် ခုခံနိုင်မှာလဲ။

ယခုနေရာတွင်ရှိနေသူအားလုံးသည် သေဆုံးကြရတော့မည်။

ထိုအချိန်တွင် မိုးခြိမ်းသံကဲ့သို့ ကျယ်လောင်နက်ရှိုင်းသော အသံကြီးတစ်ခုကို ထပ်မံကြားသောအခါ နတ်ဘုရားသံတမန်၏ မျက်နှာက လူသေအလောင်းအလား ဖြူဖျော့သွားတော့သည်။

သေတာထက်ဆိုးပြီ။

အဘယ်ကြောင့်ဆိုသော် သူသည် ယင်နတ်ဘုရားတစ်ပါးကို မြင်တွေ့လိုက်ရသောကြောင့်ပင်။

ဒဏ္ဍာရီထဲက နတ်ဘုရားတစ်ပါး။

"ဟားဟား ဟားဟားဟား ၊ ငါ လာခဲ့တာ ကောင်းတယ်။ မဟုတ်ရင် မင်းတို့ ငါးယောက်က သူ့ကို အတွေ့အကြုံမှတ် ပိုပေးလိုက်သလို ဖြစ်သွားလိမ့်မယ်။

ဒီလူက သာမန် ခရမ်းရောင်နန်းတော်အထွတ်အထိပ်အဆင့် တစ်ယောက် မဟုတ်ဘူးဆိုတာ သိသာတယ်"

ဆယ့်ငါးမီတာခန့်မြင့်သော မိုဟွေ့အရှင်သည် ကောင်းကင်ယံ၌ ပေါ်လာပြီး ကြောင်တစ်ကောင်က ကြွက်တစ်ကောင်ကို စနောက်သကဲ့သို့ သရော်သောအမူအရာဖြင့် ကျိယွမ်ကို ငုံ့ကြည့်လိုက်သည်။

မိုဟွေ့ အရှင်၏ ဘေးတွင် ရပ်နေသော ခရမ်းရောင်နန်းတော် ငါးယောက်သည် သူတို့၏ နှလုံးသားများတွင် အေးစိမ့်သွားသလို ခံစားလိုက်ရသည်။

မိုးဟွေ့ အရှင်ကို မြင်တွေ့ရသူတိုင်းသည် ဖော်ပြ၍ မရနိင်သော ကြောက်ရွံ့ထိတ်လန့်မှုကို ခံစားမိနေကြသည်။

ထိုတုန့်ပြန်မှုသည် အားနည်းသော သတ္တဝါတစ်ဦးက မိမိထက်အဆပေါင်းများစွာ အားကောင်းသော သတ္တဝါတစ်ဦးနှင့် ရင်ဆိုင်ရသည့်အခါ ဖြစ်ပေါ်လာသော အလိုအလျောက် ကြောက်ရွံ့မှုပင်ဖြစ်၏။

နတ်ဘုရားသံတမန်သည် ဒူးများပင် တဆတ်ဆတ်တုန်နေပြီး မျက်နှာကလူသေကဲ့သို့ ဖြူဖျော့နေသည်။

ယင်နတ်ဘုရားတစ်ပါးက အရေးယူဆောင်ရွက်နေပါက သွေးဝတ်စုံ ဓားနတ်ဘုရားသည် လအင်ပါယာသို့ ရောက်ရှိရန် အခွင့်အလမ်း မရှိတော့ပါ။

ကျိယွမ်ကမူ အဆီထူ​ကာ အရုပ်ဆိုးလွန်းသော ယင်နတ်ဘုရားကြီးကို အစုံအဆန်ကြည့်လိုက်ပြီး ကူကယ်ရာမဲ့ ခံစားလိုက်ရသည်။

"အစွမ်းထက်တဲ့ ယင်နတ်ဘုရားတစ်ပါးက ငါ့လို အမြုတေအဆင့်ကျင့်ကြံသူလေးတစ်ယော​က်ကို အနိုင်ကျင့်ရဲတာကို နားမလည်နိုင်ဘူးဖြစ်နေတာ၊ မင်းရဲ့ မျက်နှာကိုမြင်မှ သဘောပေါက်တယ် ၊ မင်းက တော်တော်အရေထူတာကိုး ဘယ်လိုလုပ်အရှက်ရှိမှာလဲ"

ကျိယွမ်၏ စကားကြောင့် မိုဟွေ့အရှင်၏ အဆီထူမျက်နှာကြီးက သဘောကျသလိုပြုံးသွားသည်။

"စိတ်ဝင်စားစရာကောင်းတဲ့ လူသားလေးပဲ။ ငါ့ကို မြင်ရဲ့သားနဲ့ ဒူးထောက်ပြီး အသနားခံဖို့ အရင်ဆုံးစဥ်းစားသင့်တာ၊ မင်းရဲ့ ခေါင်းကတစ်ခုခု ချို့ယွင်းနေတာများလား"

ကျိယွမ်၏ မျက်နှာက တင်းသွားသည်။

"မင်းခေါင်းက ချို့ယွင်းနေတာ။ မင်းတို့အဆီထူကောင်တွေကမှ တစ်မျိုးလုံးတစ်ဆွေလုံး ချို့ယွင်းနေတာ "

ကျိယွမ်က ယင်နတ်ဘုရားတွေ ဘာတွေနားမလည်ပါ၊ သူ့ကို စော်ကားပါက သူကပြန်၍ စော်ကားရမည်သာ ။

မိုဟွေ့ အရှင်က ဒေါသမထွက်ဘဲ ကျိယွမ်ကို ပို၍စိတ်ဝင်စားလာပြီး သေချာဆက်ကြည့်နေသည်။

သို့သော် သူ၏ ဘေးနားမှ ခရမ်းရောင်နန်းတော်ကျင့်ကြံသူ ငါးယောက်ကတော့ ဒေါသကို မထိန်းချုပ်နိုင်တော့ဘဲ ကျိယွမ်အား ကြိမ်းမောင်းလိုက်ကြ၏။

"မောက်မာလှချည်လား..."

"နတ်ဘုရားကို စော်ကားတာ ၊ ဒီလိုအပြစ်မျိုးက သေဒဏ်ထိုက်တန်တယ်"

"စကားများတဲ့​ကောင် ၊ မင်း သေဖို့သာပြင်ထားတော့"

မလှမ်းမကမ်းမှာ ရပ်နေသောကျန်းယာ

၏ မျက်လုံးများတွင် ကြောက်ရွံထိတ်လန့်မှုနှင့်အတူ စူးစမ်းလိုစိတ်များလည်း ပြည့်နှက်နေခဲ့သည်။

သွေးဝတ်စုံဓားနတ်ဘုရား၏ အကြီးမားဆုံး လျှို့ဝှက်ချက်ကို မြင်ရတော့မည်။

ယင််နတ်ဘုရားတစ်ပါးကို အံတုရချိန်တွင် သေချာပေါက် သူ၏လျှို့ဝှက်ချက်ကို ဖော်ထုတ်ရမည် မဟုတ်ပါလား။

ထိုအရာက ဘာဖြစ်မလဲဆိုတာကို သူမ သိချင်နေခဲ့သည်။

ကျိယွမ်သည် သူ့အားဟိန်းဟောက်သော ငါးယောက်ကို ပခုံးတွန့်ပြလိုက်ပြီး သူ၏လူများဘက်သို့ လှည့်ကာ တိုက်တွန်းလိုက်၏။

"တေးဂီတလေး လုပ်ကြပါဦး ၊ ဒီတစ်ခါ ပျော်ရွှင်စရာ တစ်ခုခုတီးကြပါ"

ယခုတစ်ကြိမ်မှာတော့ ဝမ်းနည်းဖွယ်စျာပနသီချင်းများ သူနားမထောင်ချင်ပါ။

အားလုံးက ရုတိတရက် ထိတ်လန့်တုန်လှုပ်သွားသဖြင့် တီးမှုတ်ရန်မေ့နေကြခြင်းဖြစ်သည်။

ကျိကျန်းက သူ၏ဆိုနာကို ကောက်ယူပြီး စတင် တီးခတ်လိုက်သည်။

သာမန်ဆိုလျှင် ယင်နတ်ဘုရားတစ်ပါး၏ ရှေ့တွင် မည်သူက ဆိုနာတီးမှုတ်ရဲမည်နည်း။

သို့သော် ဝမ်ယု တိုက်ကြီးမှ အခြားသူများသည် နတ်ဘုရား၏ဖိအားကို ဂရုမစိုက်ပုံ ရလေ၏။ကျိကျန်းကစတင်လိုက်သည်နှင့် ကျန်သောသူများကလည်း လိုက်လံတီးမှုတ်လေသည်။

နတ်ဘုရားတစ်ပါးက ကောင်းကင်ယံတွင်ရှိနေချိန်မှာပင် ပျော်ရွှင်ဖွယ်ကောင်းပြီး အနည်းငယ် မညီသာသော သံစဉ်တစ်ခု စတင် ပေါ်ထွက်လာခဲ့၏။

ကျန်းယာမှာ ထိုမြင်ကွင်းကို ကြည့်ကာ တစ်ခုခုလွဲနေသလိုခံစားရသော်လည်း ဘာကလွဲနေမှန်းတော့ မသိခဲ့ပါ။

လောကတွင်အစွမ်းထက်ဆုံး ယင်နတ်ဘုရားတစ်ပါးနှင့် ရင်ဆိုင်နေရချိန်တွင် သူတို့က ဂီတသံစဥ်များ တီးခတ်နေကြသည်။

သွေးဝတ်စုံဓားနတ်ဘုရားသည် အမှန်တကယ်ပင် ထူးခြားပါသည်။

သို့သော် ဆိုနာတီးနေသော ချီသနိ့စင်ခြင်းအဆင့်များနှငိ့အခြေတည်အဆင့်များကပို၍ပင် ထူခြားနေသည်မဟုတ်ပါလား။

သူတို့၏ ခွန်အားလေးများဖြင့် ယင်နတ်ဘုရားတစ်ပါးကို စော်ကားရန် အဘယ့်ကြောင့် ရဲရင့်နေကြပါသနည်း။

ထိုကိစ္စမျိုးကို ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူများပင် မလုပ်ရဲကြပါ။

သို့သော် သူမရှေ့မှလူများကတော့ လုပ်ရဲကြလေ၏။

ကျန်ယာမှာ စိတ်မသက်မသာခံစားရကာ ခေါင်းယမ်းမိသည်။

ရူးသွပ်တဲ့ရောဂါက ကူးစက်တတ်လို့လား။

------------------

All Chapters