← Chapters

အတိတ်က အဖြစ်အပျက်များ

Vol. 13 Ch. 164

အတိတ်က အဖြစ်အပျက်များ

Vol. 13 Ch. 164

အတိတ်က အမှတ်ရစရာများက ကျိယွမ်၏ စိတ်ထဲသို့ ဝင်ရောက်လာပြီး ပြတ်တောက်နေသော ကွင်းဆက်များက ပုံရိပ်များလို အ သူ၏စိတ်ထဲ၌ ပြန်လည် ပေါ်ထွက်လာသည်။

"နင်က... အဲ့ဒီ ဆံထိုးလား"

ကျိယွမ်သည် ကလေးမလေးကို သေချာ ကြည့်၍ မေးလိုက်သည်။

ထိုအချိန်က သူသည် တိကျွဲ့မှ ထွက်လာခါနီးတွင် ကျင်းလီအတွက် လက်ဆောင်တစ်ခုကို ဂရုတစိုက် ပြင်ဆင်ခဲ့ဖူးသည်။

ကံမကောင်းသည်မှာ ဇူလိုင်ကန်အနီးတွင် သူမနှင့်လုံးဝ မတွေ့ခဲ့ရပေ။

သူတို့နှစ်ဦးသည် အချိန်နှင့်နေရာ၏ ဆန့်ကျင်ဘက်အစွန်းများတွင် ရှိနေခဲ့ကြသည်။

ယခုလိုနှင်းများကသူ၏ပခုံးကို ဖုံးလွှမ်းနေချိန်တွင် ဇူလိုင်ကန်နံဘေးတွင် ထိုနှင်းပွင့်များကို သူနှင့်အတူတူ ခံစားခဲ့သူမှာ ကျင်းလီမဟုတ်ဘဲ လကညာလေး ဖြစ်ခဲ့သည်။

နောက်ပိုင်းတွင် သူသည် တိကျွဲ့သို့ တစ်ယောက်တည်း ပြန်သွားရန်လိုအပ်သောအခါ လကညာက သူ၏လက်မောင်းပေါ်၌ လခြမ်းပုံ အမှတ်အသားတစ်ခု ချန်ထားခဲ့သည်။ သူကလည်း လကညာအတွက် ဆံထိုးတစ်ခုကို ချန်ထားခဲ့ပြီး သူမသည် အနာဂတ်တွင် ရှိနေမည့် ကျင်းလီထံသို့ ထိုဆံထိုးကို ပေးနိုင်လိမ့်မည်ဟု မျှော်လင့်ခဲ့လေ၏။

"ကျွန်မက ဘယ်ဆံထိုးမှ မဟုတ်ပါဘူး၊ ကျွန်မက အဖေ့ရဲ့ သမီးပါ"

ပုရောဟိတ်မယ်က ကလေးတစ်ယောက်လို ခေါင်းမာစွာ မော့ကြည့်ရင်း ပြောသည်။

ကျိယွမ်သည် သူမကို ကြည့်နေရင်းမှ ဆင့်ကဲအတွေးများနှင့်အတူ စိတ်လှုပ်ရှားမှုများ ပြည့်လျှံလာတော့သည်။

အရာအားလုံးကို သူဆက်စပ်မိသွားခဲ့လေပြီ။

သူနှင့် ကျင်းလီတို့သည် လင်လုံယွီရွှီမှတစ်ဆင့်သာ ဆက်သွယ်မိခဲ့ကြသည်မဟုတ်ပါလား။ လင်လုံယွီရွှီ၏ တစ်ခြမ်းသည် လကညာထံ၌သာရှိလေသည်။

ထိုစဥ်က သူတို့သည် အပြင်၌ တစ်ခါမျှ မတွေ့ဖူးသော်လည်း ကျင်းလီသည်သာမန်မိန်းကလေးတစ်ဦးသာ ဖြစ်သည်ကို ကျိယွမ် ခံစားမိခဲ့သည်။

သူသည် ဒြပ်စင်ငါးပါး တားမြစ်နယ်မြေတွင် နေမင်းကြီး၏အတွေးပန်းထံမှ ကြားခဲ့ရသော စကားစအပိုင်းအစများကို ပြန်တူးဖော်ကြည့်၏။

ထိုအချိန်က နေမင်းကြီးသည် အစွမ်းထက်သောရန်သူနှင့် ရင်ဆိုင်ခဲ့ရပြီး၊ နည်းလမ်းပေါင်းစုံကို သုံးခဲ့သော်လည်း ရန်သူ၏ ခြေထောက်ကိုသာ ဒဏ်ရာရအောင် လုပ်နိုင်ခဲ့သည်။

ကျင်းလီက သူမ၏ ငယ်ဘဝ ရှက်ဖွယ် အတွေ့အကြုံများကို ပြောပြဖူးသည်။ဘိသိက်ခံစဉ် လဲကျခဲ့ပုံနှင့် သူမ၏ ခြေထောက်သည် မူလကတည်းက ဒဏ်ရာရခဲ့ပြီး လုံးဝ မပျောက်ကင်းခဲ့ကြောင်း ပြောပြခဲ့သည်။။

ထို့ကြောင့် နေမင်းကြီးနှင့် တိုက်ခိုက်ခဲ့သော အစွမ်းထက်သည့် ရန်သူမှာ ကျင်းလီ၏ ယခင် ဘဝဖြစ်ခဲ့သည်။

သို့သော် ထိုမျှခွန်အားကြီးမားသော သူမသည် နောက်ပိုင်းတွင် လကညာ ၊ ထို့နောက် ကျင်းလီလို သာမန်ဘဝအဖြစ်သို့ အဘယ်ကြောင့် ရောက်ရှိခဲ့ရသနည်း။

ပရောဟိတ်မယ်သည် ကျိယွမ်၏ မျက်လုံးများထဲရှိ စိတ်ရှုပ်ထွေးမှုကို သတိထားမိပုံရသည်။

"ဖေဖေ၊ မေမေရဲ့ နောက်ခံသမိုင်းအကြောင်းကို သိချင်သလား"

"သိချင်တယ်"

ရိုးရိုးသားသားပြောရလျှင် ကျိယွမ်သည် ဤသမီးကို လက်ခံရန် တွန့်ဆုတ်နေခဲ့သည်။

အဘယ်ကြောင့်ဆိုသော် ရုတ်တရက် ဘယ်ကမှန်းမသိရသော သမီးတစ်ဦး ပေါ်လာခဲ့သည်။ ထို့အပြင် သူကလည်း ရှေးဦးသူတော်စင်ဖြစ်ပြီး လောကကို မလွှမ်းမိုးရသေးသောကြောင့် သူ၏ ယခင်က စကားကြီးစကားကျယ် ကြွေးကြော်မှုများကို ပြန်တွေးမိလျှင် အနည်းငယ် ​အောင့်သီးအောင့်သက်နိုင်စရာကောင်းနေ၏။

သို့သော် သူ သေချာပြန်တွေးကြည့်လိုက်သောအခါ၊ သမီးတစ်ဦး ထပ်ရှိခြင်းသည် နားမလည်နိုင်စွာ ပျောက်ဆုံးသွားခြင်းထက် တော့ ပိုကောင်းသည်ဟု ယူဆကာ သူ၏ နှလုံးသားထဲ၌ ထိုသမီးကို လက်ခံလိုက်တော့သည်။

တစ်နည်းအားဖြင့်ပြောရလျှင် သူမသည် သူ၏သမီးဆိုသည်မှာလည်း မှန်နေသည်မဟုတ်ပါလား။

"မေမေက အထက်လောကက လာတာပါ"

ပရောဟိတ်မယ်က ကြယ်များ ပြည့်နေသော ကောင်းကင်ကို ကြည့်၍ ပြောလိုက်သည်။

ကျိယွမ်သည်လည်း သူမနည်းတူရှေးဟောင်းစီးချောင်သစ်ပင်ကြီး၏ သစ်ကိုင်းများကြားတွင် တောက်ပနေသော ကြယ်များကို မော့ကြည့်မိသည်။

သူသည် လကညာနှင့် သူ၏ဆရာမ ချန်ထားခဲ့သော လတံဆိပ်ကို သတိရမိသည်။

"အဲဒီတုန်းက မေမေဟာ လနတ်ဘုရားနန်းတော်ကအမိန့်အရ ဒီလောကရဲ့ အုပ်စိုးရှင်ဖြစ်တဲ့နေမင်းကြီးကို ဖျက်ဆီးဖို့ ဆင်းသက်လာခဲ့တာပါ"

"သူမက နေမင်းကြီးကို အလွယ်တကူ သတ်နိုင်ခဲ့ပေမဲ့ အမှောင်နတ်ဆိုး ချောက်ကမ်းပါးရဲ့ ချောင်းမြောင်း တိုက်ခိုက်ခြင်းကို ခံခဲ့ရတယ်"

"အမှောင်နတ်ဆိုးချောက်ကမ်းပါးက လနတ်ဘုရားနန်းတော်ထက်တောင် အစွမ်းထက်တဲ့ အထက်လောကထဲက အင်အားစုတစ်ခု ဖြစ်ပြီး၊ လနန်းတော်နဲ့ အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့သူတွေပါ"

"ရန်သူကို သတ်နိုင်ခဲ့ပေမဲ့ မေမေလည်း ဘဝသံသရာထဲသို့ ကျရောက်ခဲ့ပြီး

အမှောင်နတ်ဆိုး ချောက်ကမ်းပါးက ယင်နတ်ဘုရားက မသေခင်စီစဉ်ခဲ့တဲ့ အစီအမံတွေကလည်း အောင်မြင်သွားတဲ့အတွက် ကမ္ဘာခြားနတ်ဆိုး ဇာတ်လမ်းကို ဖန်တီးခဲ့ကြတယ်"

" ရည်ရွယ်ချက်ကတော့ မေမေ့ကို အောက်လောကမှာ ထာဝရဖျက်ဆီးပစ်ဖို့ပေါ့ ၊ သူတို့အကြံသာ ပြီးမြောက်သွားရင် မေမေလည်း အထက်လောကဆီကို ပြန်မသွားနိုင်ဘဲ လုံးဝ ပျက်စီးသွားရမှာ"

"အဲဒီနောက်နောက်ပိုင်းမှာ၊ မေမေက ဘဝသံသရာစက်ဝန်းထဲမှာ အတိတ်ကို လုံးဝမမှတ်မိတော့ဘဲ လကညာအဖြစ်မွေးဖွားလာပြီး ဖေဖေနဲ့ ဆုံတွေ့ခဲ့ကြတယ်လေ"

"မထင်မှတ်ဘဲ ဖေဖေက တိကျွဲ့ထဲကို တစ်ယောက်တည်း ဝင်သွားပြီး ပြင်ပနတ်ဆိုးတွေနဲ့ နေမင်းကြီးကို ဖျက်ဆီးလိုက်တော့ အမှောင်နတ်ဆိုးကမ်းပါးရဲ့ အကြံအစဥ်လည်းပျက်စီးသွားပြီး မေမေ့ကိုကယ်တင်ခဲ့တယ်"

ကျိယွမ်သည်အမှတ်တမဲ့ဖြင့် ပရောဟိတ်မယ်၏ မျက်နှာငေးကြည့်နေမိသည်။

သူမ နှုတ်ခမ်းများသည် ချယ်ရီသီးကဲ့သို့ ပါးလွှာပြီး ဖြူဖွေးသောသွားများသည် ကွဲနေသော မြသားကဲ့သို့ တင့်တယ်၏။

သူမဆီတွင် ကျင်းလီ၏အငွေ့အသက်များကို သူခံစားမိသလိုပင်။

ထို့နောက် ကျိယွမ်သည် အချိန်တော်တော်ကြာကြာထိ တိတ်ဆိတ်စွာနေပြီးမှ တိုးညင်းစွာမေးလိုက်သည်။

"ဒါဆို... တိကျွဲ့တိုက်ပွဲ​ပြီးတဲ့နောက်မှာ သူမက ငါ့ကို နိုးထလာအောင် လုပ်ပေးခဲ့တာလား"

ပထမဆုံး ဘဝသံသရာတွင် ကျင်းလီသည် လကညာဖြစ်ခဲ့သည်။

သူမသည် ကျိယွမ်၏ လက်ပေါ်၌ လခြမ်းပုံ အမှတ်အသားတစ်ခုကို ဖန်တီးပေးခဲ့သော်လည်း ထိုလခြမ်းက ဘာအတွက်မှန်းတော့ သူမသိခဲ့ပါ ။

ထိုအချိန်က ကျိယွမ်သည် ပြင်ပနတ်ဆိုးများကို တစ်ယောက်တည်း တိုက်ခိုက်ခဲ့ပြီး၊ နေမင်းကြီးကို သတ်ဖြတ်ကာ ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ခြင်းကို လုပ်ဆောင်ခဲ့သည်။

သို့သော် ထိုတိုက်ပွဲတွင် သူ၏ဒဏ်ရာများက အလွန်ပြင်းထန်ခဲ့သည်။

လကညာက သူမ၏ကျန်ရှိသော နတ်စွမ်းအင်ကို လောင်ကျွမ်း၍ သူ၏ဒဏ်ရာများကို ကုစားပေးခဲ့ခြင်းပင်။

ထို့ကြောင့် ကျိယွမ် ပြန်လည် နိုးထလာသောအခါ လကညာဆိုသည်မှာ မရှိတော့ခြင်းဖြစ်သည်။

နှစ်ပေါင်းများစွာ ကြာပြီးနောက် သာမန်လူတစ်ဦးနီးပါးဖြစ်သွားသော ကျင်းလီ ပြန်ပေါ်လာခဲ့သည်။

နတ်စွမ်းအင်မရှိတော့သဖြင့် အတိတ်က နေမင်းကြီးကြောင့် ရခဲ့သော သူမ၏ ခြေထောက်ဒဏ်ရာကိုပင် ဖိနှိပ်ထားနိုင်တော့ခြင်းမရှိတော့ပါ။

သူအတွေးများတွင် နစ်မြောနေခိုက် ပုရောဟိတ်မယ်သည် ကျိယွမ်ကို မော့ကြည့်ကာ ချစ်စဖွယ်သမီးတစ်ယောက်လို ပြောလိုက်သည်။

"မေမေက ဖေဖေဟာ အရမ်းချောတယ်လို့ ပြောတယ်"

"သူမက အခု ဘယ်မှာလဲ"

ကျိယွမ်က မနေနိုင်စွာမေးလိုက်သည်။

"လနတ်ဘုရားနန်းတော်နဲ့ အမှောင်နတ်ဆိုး ချောက်ကမ်းပါးတို့ရဲ့ တိုက်ပွဲက အထွတ်အထိပ်ကို ရောက်နေပြီမို့လို့

မေမေ့ရဲ့ကျင့်ကြံမှုပြန်လည်ကောင်းမွန်လာတာနဲ့ တည်နေရာကူးပြောင်းအစီအရင်ကတစ်ဆင့် အထက်လောကကို တက်သွားပါပြီ"

"ဖေဖေက သေချာပေါက်မသေဆုံးသွားဘူးလို့ ယုံကြည်တာကြောင့် ကျွန်မကို ဒီမှာ ထားခဲ့တာပါ။ တစ်နေ့ကျရင် မေမေနဲ့ ဖေဖေတို့ ပြန်ဆုံကြမှာပါ"

ပရောဟိတ်မယ်၏ ကြယ်ရောင်မျက်လုံးများက အပြုံးများဖြင့် ပြည့်နေခဲ့သည်။

ကျိယွမ်က သူမအားငုံ့ကြည့်ကာ သက်ပြင်းချလိုက်မိသည်။

သူတို့သည် မည်သည့်နေရာတွင် လွဲချော်ခဲ့ကြသနည်း။

သူတို့ချင်း တွေ့ခဲ့ကြသည်မှာ ထင်ရှားသော်လည်း အချိန်မှား၍ တစ်ယောက်ကိုတစ်ယောက် မမှတ်မိခဲ့ကြ​ပါ။

ကျိယွမ်သည် ကြယ်ပြောလှသောကောင်းကင်ကိုမော့ကာ ကြယ်တာရာများကို မော့ကြည့်ရင်း အတွေးနယ်ချဲ့နေခဲ့သည်။

အဘယ်ကြောင့်... သူတို့ အားလုံးသည် ကောင်းကင်ဘုံ၌သာ ရှိနေကြသနည်း။

"ဒါဆို ငါရော တည်နေရာကူးပြောင်းအစီအရင်ကနေတစ်ဆင့် အထက်လောကကို တက်လို့ရလား"

ကျိယွမ်၏ မေးခွန်းကို ပုရောဟိတ်မယ်က ကလေးတစ်ယောက်လိုခေါင်းခါ၏။

"အထက်လောကကို တက်ဖို့ဆိုရင် ယင်နတ်ဘုရားအဆင့်ကို ရောက်ရပါမယ်"

လနတ်ဘုရားနန်းတော်တွင် သူ၏မျိုးဆက်များရှိသော အောက်လောကများသို့ ကူးသန်းနိုင်သည့် တည်နေရာကူးပြောင်းအစီအရင်များ ရှိပြီး လအင်ပါယာ၌လည်းတစ်ခုရှိလေ၏။

သို့သော် ယင်နတ်ဘုရားအဆင့်များသာ ထိုအစီအရင်များကို သုံးနိုင်လေသည်။

"ယင်နတ်ဘုရားလား... အဲ့ဒါက အရမ်းဝေးနေသေးတယ်"

ကျိယွမ် သက်ပြင်းချလိုက်သည်။

သူသည် ယင်နတ်ဘုရားများကို သတ်နိုင်သော်လည်း သူ၏ လက်ရှိ ကျင့်ကြံမှုမှာအမြုတေအဆင့်သာ ရှိသေးသည် မဟုတ်ပါလား။

သူသည် အမြုတေအဆင့်မှ ယင်နတ်ဘုရား အဆင့်သို့ ရောက်ရန် စိတ်ဝိညာဉ်နှင့် ခရမ်းရောင်နန်းတော်အဆင့်ဟုသော အဓိက အဆင့်ကြီးနှစ်ဆင့် ဝေးနေသေးသည်။

"ဖေဖေရဲ့ လက်ရှိ ကျင့်ကြံမှုက ဘယ်အဆင့်လဲ"

ပရောဟိတ်မယ်က ကျိယွမ်၏ မျက်နှာကို စိုက်ကြည့်နေ၏။

"ဖေဖေက အားနည်းတယ်၊ သေးငယ်တဲ့ အမြုတေကျင့်ကြံသူလေး တစ်ယောက်ပါ"

"အမြုတေအဆင့်လား"

ပရောဟိတ်မယ် အံ့အားသင့်သွားလေ၏။

"ဒါပေမဲ့ သာမန်အမြုတေတော့ မဟုတ်ဘူးထင်တယ်"

ကျိယွမ်သည် သူတစ်ခါမျှ မတွေ့ဖူးသောသမီးဖြစ်သူကို မေးမိသည်။

" သမီးရဲ့... နာမည်က ဘာလဲ"

ပရောဟိတ်မယ်က ချစ်ဖွယ် ပြုံးလိုက်ပြီး ကြယ်ရောင်တောက်ပနေသော မျက်လုံးများနှင့် ကျိယွမ်ကို စိုက်ကြည့်နေရင်း ဖြေလေသည်။

"ကျိကျန်ကျွင်းပါ"

..............

တည်းခိုခန်းထဲတွင်ဖြစ်သည်။

စစ်မှန်မဟာပညာရှိကျိကျန်းက ပျင်းရိစွာ သမ်းဝေလိုက်သည်။

ကျန်းယာသည် ခုံတစ်ခုပေါ်တွင်ထိုင်နေပြီး အသစ်ရရှိထားသော နည်းစနစ်များကို ဂရုတစိုက် လေ့လာနေသည်။

ရွှီးထုန်ချန်းကတော့ ဆိုနာ တေးသွားမှတ်စုအသစ်တစ်ခုကို ကြိုးစားပမ်းစား သင်ယူလျှက်ရှိသည်။

ထိုအခိုက် တည်းခိုခန်း၏ တံခါးပွင့်လာပြီး နှင်းစများရောနှောပါဝင်သော လေအေးတစ်ချက် ဝင်လာခဲ့သည်။

လူနှစ်ဦး...။

တစ်ဦးက ကြီးမားပြီး တစ်ဦးက သေးငယ်၏။

ထိုပုံသဏ္ဌာန်နှစ်ခုသည် တည်းခိုခန်းထဲသို့ ​ လျောက်ဝင်လာကြ၏။

စစ်မှန်မဟာပညာရှိကျိကျန်းက တဝါးဝါးသမ်းနေရာမှ အခန်းထဲသို့ ဝင်လာသော ကျိယွမ်အားကြည့်ကာ သူ၏ မျက်လုံးများတွင် ဝေဖန်သုံးသပ်သော အရိပ်အယောင်များ ပေါ်လာသည်။

သို့သော် ကျန်းယာသည် ကျိယွမ်နှင့်ပါလာသော ကလေးမလေးကိုသာ စိုက်ကြည့်နေပြီး သူမ၏နှလုံးသားထဲ၌ ကြီးမားသော ခြိမ်းခြောက်မှုကို ခံစားလိုက်ရ၏။

ယင်နတ်ဘုရားလား...။

ဝမ်ယုကုန်းမြေတိုက်လိုနေရာမျိုးမှာ

ယင်နတ်ဘုရား အဆင့်ကျင့်ကြံသူတစ်ယောက်က ဘယ်လိုများ ပေါ်ထွက်လာနိုင်တာလဲ။

ဒီနေရာက ကောင်းကင်ဘုံတာအို ချို့တဲ့နေတာလေ။

ပြီးတော့ ဒီယင်နတ်ဘုရားက ဘာလို့ သွေးဝတ်စုံဓားနတ်ဘုရားရဲ့ လက်ကို မလွှတ်တမ်းကိုင်ထားရတာလဲ။

ကျန်းယာ လုံးဝနားမလည်နိုင်ခဲ့ပါ။

ထိုအချိန်တွင် ကျောက်စီ၏ မျက်လုံးများ အလန့်တကြား ပြူးကျယ်သွားပြီး သွေးဝတ် စုံဓားနတ်ဘုရား၏လက်ကို ကိုင်ထားသော မိန်းကလေးကို ကြည့်လိုက်သည်။

သူ၏ မျက်လုံးများတွင် စိတ်ရှုပ်ထွေးမှု ပေါ်လာသော်လည်း ချက်ချင်းရိုသေလေးစားမှုအဖြစ် ပြောင်းလဲသွားသည်။

"ပရောဟိတ်မယ်တော်ကို ဂါရဝပြုပါတယ်"

ကျောက်စီသည် လျင်မြန်စွာ ရှေ့သို့ တိုးသွားပြီး လေးစားစွာ ဂါရဝပြုလိုက်၏။

ဆိုနာတီးဝိုင်းအဖွဲ့မှ အဖွဲ့ဝင် ခြောက်ဦး သို့မဟုတ် ခုနစ်ဦးခန့်လည်း ရှေ့သို့ တိုးလာပြီး ကျိကျန်ကျွင်းကို ဦးညွှတ်ကာ အရိုအသေပေးကြသည်။

အမှန်တကယ်တော့ သူတို့၏ရင်ထဲတွင် အလွန်ကို ရှုပ်ထွေးနေကြသည်။

ပရောဟိတ်မယ်တော်သည် ငယ်ရွယ်သော အရပ်အမောင်းနှင့်ခန္ဓာကိုယ် ရှိသော်လည်း သူမသည် အများအားဖြင့် အေးစက်ပြီး လူများနှင့် ထိတွေ့ဆက်ဆံမှု နည်းပါးကာ အမြဲတမ်း အာဏာဆန်သည့် ဟန်ပန်ကို ထိန်းသိမ်းထားလေ့ရှိသည်။

သူမသည် ဘယ်အချိန်ကစ၍ ယခုကဲ့သို့တက်ကြွပြီး ချစ်စရာကောင်းကာ၊ လူကြီး၏ ရင်ခွင်ထဲတွင် ကစားနေသော မိန်းကလေးငယ်တစ်ဦးကဲ့သို့ ဖြစ်သွားခဲ့လေသနည်း။

ကျိကျန်ကျွင်း၏ မျက်လုံးများ တလက်လက် တောက်ပလာပြီး ကျိယွမ်ကိုမော့ကြည့်ကာ ဂုဏ်ယူသော အမူအယာဖြင့် ကြွားဝါလိုက်သည်။

"ဖေဖေ မြင်လား၊ ဖေဖေရဲ့ သမီးက အတော်လေး အစွမ်းထက်တယ်"

ကျိယွမ်သည် ထိုစကားကို ကြားသော်လည်း ပြန်ဖြေချင်စိတ် မရှိပါ။

နှစ်ပေါင်းများစွာ ကြာပြီးနောက် သူမသည် ရှေးဟောင်းလောကကို မလွှမ်းမိုးရသေးပါက အစွမ်းထက်သည်ဟု မည်သို့ဆိုနိုင်မည်နည်း။

ထို့ကြောင့် သူက အရေးမလုပ်ခဲ့ပေ။

သို့သော် ကျန်းယာ၏ မျက်လုံးများမှာ အံ့သြတုန်လှုပ်မှုဖြင့် ထွက်ကျမတတ် ပြူးကျယ်သွားသည်။

ဖေဖေ တဲ့လား။

ဘာတွေလဲ..။

သွေးဝတ်စုံဓားနတ်ဘုရားတွင် ယင်နတ်ဘုရား ဇနီးတစ်ယောက်ရှိခြင်းကိုပင် သူမ၏အသိဉာဏ်က တော်တော်လေးကြိုးစားကာ လက်ခံထားခဲ့ရ၏။

ယခုအခါ တည်းခိုခန်းမှထွက်သွားသည်မှ .. နာရီဝက်ပင် မပြည့်သေးဘဲ သူသည် ယင်နတ်ဘုရား သမီးတစ်ယောက်ကို ရရှိသွားခဲ့သည်တဲ့လား။

ဒီလောကမှာ ဘာတွေ ဖြစ်နေတာလဲ။

"သူမက တကယ်ပဲ အကြီးအကဲရဲ့ သမီးလား၊ အကြီးအကဲက ဘယ်လိုလုပ် ယင်နတ်ဘုရား သမီးတစ်ဦးကို ရရှိခဲ့တာလဲ"

ကျန်းယာ၏ အသံသည် သိသိသာသာ တုန်ယင်နေ၏။

"အကြီးအကဲလိုလူမျိုးမှာ ယင်နတ်ဘုရား ဇနီးနှင့် ယင်နတ်ဘုရားသမီး ရှိနေတာက လုံးဝကို သဘာဝကျပါတယ်"

ကျိကျန်းကတော့ ထုံးစံအတိုင်း ကျိယွမ်ဘက်ကပင်။

ထိုစကားကို ကြားသောအခါ ကျိကျန်ကျွင်းက သူမ၏ လက်သွယ်သွယ်လေးများဖြင့် ကျိယွမ်၏ လက်မောင်းကို လှုပ်ခါလေတော့သည်။

"ဖေဖေ၊ ဖေဖေက သမီးအတွက် နောက်ထပ် မိထွေးတစ်ဦးကို ရှာတွေ့ထားတာလား ၊ သမီး အထက်လောကကို တက်တဲ့အခါ မေမေကို ဒီအကြောင်း ပြောပြသင့်လားဆိုတာ ပြောပြပေးပါ"

"မိ..မိထွေးလား ... "

ကျန်းယာမှာ လုံးဝ ထိတ်လန့်သွားရှာသည်။

ဒါဆို ပရောဟိတ်မယ်တော်ရဲ့အမေက ငါတို့မြင်ခဲ့တဲ့ ကောင်းကင်ဖြတ်ကျော်လမ်း ဒုတိယအဆင့် ယင်နတ်သမီး မဟုတ်ဘူးလား။

သူ့အမေကအထက်လောကထဲက တခြား ယင်နတ်သမီးတစ်ပါးလား။

ကျန်းယာသည် ကျိယွမ်အား ထိတ်လန့်စွာကြည့်လိုက်မိသည်။

သူ့မှာ ယင်နတ်ဘုရားအဆင့်ဇနီးတွေက ဘယ်နှစ်ယောက်တောင် ရှိနေတာလဲ။

သွေးဝတ်စုံဓားနတ်ဘုရား..

ခရမ်းရောင်နန်းတော်အဆင့်သာ ရှိသေးသောကျင့်ကြံသူက ယင်နတ်ဘုရား ဇနီးနှစ်ယောက်နှင့် ယင်နတ်ဘုရားအဆင့် သမီးတစ်ဦးကို မည်သို့ပိုင်ဆိုင်နိုင်ခဲ့သနည်း။

သူမ၏ အသိဉာဏ်နှင့်လက်လှမ်းမမှီလောက်အောင် ထူးဆန်းလွန်းသည်ဟုပင် ခံစားရသည်။

ကျိကျန်း၏ မျက်လုံးများ ဉာဏ်ပညာဖြင့် တောက်ပလာပြီး မှတ်ချက်ချ၏။

"သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲကတော့ တကယ့်ကို ပါရမီရှင်ပါပဲဗျာ၊ ကျွန်တော်က အကြီးအကဲကို ယင်နတ်ဘုရား ဇနီးနည်းနည်းထပ်ရှာပြီး မရှုံးနိမ့်အောင် လုပ်ဖို့သာ အကြံပေးခဲ့တာရက်ပိုင်းပဲရှိသေးတယ်၊ အကြီးအကဲက အစီအစဉ်ကို စပြီး အကောင်အထည် ဖော်နေပြီပဲ"

ကျိယွမ် မျက်လုံးပြူးသွားသည်။

ဒီကောင်ကတော့....။

"အဟမ်း၊ အဟမ်း..."

သူက ချောင်းဟန့်လိုက်သော်လည်း ကျိကျန်း၏ ဉာဏ်ပညာက ထိုမျှနှင့်မကုန်ဆုံးသေးဟန်ရှိ၏။

"ဒါပေမဲ့ ကံမကောင်းတာက ၊ အကြီးအကဲ အတွက် အချိန် အရမ်းနည်းနေတာပဲ ၊ တကယ်လို့ အချိန်များများသာရနိုင်ရင် ...."

ကျိကျန်းကာ ဝမ်းနည်းသွားပြီး ခေါင်းကိုသာ ခါယမ်းမိလေသည်။

ဒီမိုရာမျိုးနွယ်ရဲ့ ခြိမ်းခြောက်မှုက အလွန်နီးကပ်နေပြီးမဟုတ်ပါလား။

သွေးဝတ်စုံဓားနတ်ဘုရားက နောက်ထပ် ဇနီးတွေကို သွားရှာဖို့ ဘယ်လိုလုပ်ပြီး အချိန် ရှိတော့မလဲ။

ရွှီးထုန်ချန်း၊ ကျန်ယာနှင့် အခြားသူများသည် ကျိကျန်း၏ နောက်ဆုံးစကားကြောင့် သူတို့၏ အံ့သြတုန်လှုပ်မှုမှ ရုန်းထွက်နိုင်ခဲ့ကြပြီး သူတို့၏ အမူအရာများသည်လည်း စိုးရိမ်မှုများဖြင့် ပြည့်နှက်သွားသည်။

ဒီမိုရာမျိုးနွယ်တွင် ကောင်းကင်ဖြတ်ကျော် ဒုတိယအဆင့် ယင်နတ်ဘုရား နှစ်ဦးနှင့် ကောင်းကင်ဖြတ်ကျော် ပထမအဆင့် ယင်နတ်ဘုရားနှစ်ဦး ရှိသည်။

မိုဟွေ့ကို သတ်ခဲ့သော သွေးဝတ်စုံ ဓားနတ်ဘုရားသည် ဒီမိုရာမျိုးနွယ်၏ လက်စားချေခြင်းကို ရင်ဆိုင်ရမည်မှာ လုံးဝသေချာနေပါသည်။

ယခုအချိန်၌ သူတို့၏ အခြေအနေသည် အလွန်ကို အန္တရာယ်များနေလေပြီ။

"လအင်ပါယာထဲမှာ တည်နေရာရွှေ့ပြောင်းတဲ့အစီအရင်တစ်ခု ရှိတယ်။ငါတို့ မနိုင်ဘူးဆိုရင် အဲ့ဒါကိုအသုံးပြုပြီး တခြားလောကကို ထွက်ပြေးလို့ရတယ်"

ကျိကျန်ကျွင်း၏ အသံသည် ခေါင်းလောင်းသံကဲ့သို့ ကြည်လင် ပြတ်သားနေ၏။

ဒီမိုရာမျိုးနွယ်သည် အမှောင်နတ်ဆိုး ချောက်ကမ်းပါး၏ တစ်စိတ်တစ်ပိုင်း ဖြစ်သည်။

အမှောင်နတ်ဆိုး ချောက်ကမ်းပါးသည် လနတ်ဘုရားနန်းတော်နှင့် ပဋိပက္ခဖြစ်နေခဲ့သည်မှာ နှစ်ပေါင်းများစွာကြာခဲ့လေပြီ။

အမှောင်နတ်ဆိုး ချောက်ကမ်းပါး၏ အင်အားစုများ ဝန်းရံထားသော ဝမ်ယုကုန်းမြေတိုက်သည်လည်း ပုံမှန်မဟုတ်ပေ။

"ငါ ရှိနေပြီဆိုမှတော့ ထွက်သွားမှာ မဟုတ်ဘူး။ ဒီမိုရာမျိုးနွယ်ကို ငါ ကိုယ်တိုင် ဖြေရှင်းမယ်"

ကျိယွမ်က ပြတ်သားစွာ ကြေညာလိုက်သည်။

ရက်အနည်းငယ်အတွင်းမှာ သူသည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ ကောင်းကင်ဘုံတာအိုကို အပြည့်အဝ ပြန်လည် ထိန်းချုပ်နိုင်တော့မည်။

ထိုအခါ သူ၏ စွမ်းအားသည် ကြောက်မက်ဖွယ် အဆင့်သို့ ရောက်ရှိလာမည်မဟုတ်ပါလား။

"အကြီးအကဲမှာ.. တခြား ယင်နတ်ဘုရား ဇနီးသည်တွေ ရှိသေးတယ်လို့ ဆိုလိုတာလား"

ကျန်းယာ မေးလိုက်ခြင်းပင်။

သူမသည်လည်း လူပေါင်းမှား၍ လမ်းလွဲနေခဲ့လေပြီ ။သူမ၏ ပုံမှန်ဉာဏ်ပညာအရဆိုလျှင် ထိုသို့ယူဆမိရန် မရှိပေ။

သို့သော် သွေးဝတ်စုံဓားနတ်ဘုရားသည် လက်ရှိ ဆိုးရွားသော အခြေအနေကို ကျော်ဖြတ်ရန် အခြားနည်းလမ်းကိုလည်း သူမ စဥ်းစား၍ မရခဲ့ပါ။

ထို့ကြောင့် သူမ စိတ်ကူးနိုင်သည့် တစ်ခုတည်းသော ဖြေရှင်းချက်မှာ ကျိကျန်းပြောသလို သူ၏အခြားဇနီးများကို ခေါ်ယူခြင်း ဖြစ်သည်။

သူမသည် မျှော်လင့်တကြီးဖြင့် ကျိယွမ်ကို ကြည့်လိုက်သည်။

ဝမ်ယုကုန်းမြေ၌ သွေးဝတ်စုံဓားနတ်ဘုရားနောက်ကိုလိုက်မိခြင်းက သူမ၏ အမြင်များကို ကျယ်ပြန့်စေသည်ကိုတော့ သူမဝန်ခံရပေမည်။

သို့သော် ကျိကျန်းက ခေါင်းခါလိုက်ပြီး ထင်မြင်ချက်ပေး၏။

"အကြီးအကဲက ငါကိုယ်တိုင် ဖြေရှင်းမယ်လို့ ပြောတာဆိုတော့ ဘယ်သူ့ကိုမှ ခေါ်ယူတာ မဟုတ်နိုင်ဘူး။ ဒါပေမဲ့ သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲက ခရမ်းရောင်နန်း​တော်အဆင့်ပဲရှိနေသေးတယ်ဆိုတော့ သူက အစွမ်းထက်ပေမဲ့ လက်ရှိ အကျပ်အတည်းကို မကျော်လွှားနိုင်တာလည်း သေချာနေတယ်"

" သူက ယင်နတ်ဘုရားတွေကို ကိုယ်တိုင် သတ်ပစ်ဖို့ ရည်ရွယ်တယ်ဆိုရင် ဖြစ်နိုင်ခြေ ကတစ်ခုတည်းသာ ရှိတယ်"

"ဘယ်လို ဖြစ်နိုင်ခြေလဲ"

အခြားသူများအားလုံး ကျိကျန်းအား ကြည့်လိုက်ကြသည်။

ကျိယွမ်ပင် စိတ်ဝင်စားသွားခဲ့၏။

"ကျွန်တော့်ရဲ့ ခန့်မှန်းချက်ကတော့ သွေးဝတ် စုံဓားနတ်ဘုရားအကြီးအကဲဟာ ကောင်းကင်ကို အော်ဟစ်ပြီး 'အနာဂတ်က ငါ၊ လာပြီး ငါ့ကို ကယ်တင်ပါ' လို့ ပြောလိမ့်မယ်။"

"အဲဒီအခါ အနာဂတ်က အကြီးအကဲက ရုတ်တရက်ပေါ်လာပြီး လက်ရှိအကြီးအကဲကို ဒီဒုက္ခကနေ ကျော်လွှားနိုင်အောင် ကူညီပေးပါလိမ့်မယ်"

"ဘယ်လို......"

ကျန်းယာ ထိတ်လန့်သွားပြီးနောက် သူမ၏ အတွေးအခေါ်သည် လိုက်မမီနိုင်တော့သလို ခံစားလိုက်ရသည်။

"အကြီးအကဲမှာ အနာဂတ် မရှိဘူးဆိုရင်ရော"

သူမသည် ကျိယွမ်ကို တစ်ချက်ကြည့်ရင်း တီးတိုးပြောလေ၏။

သူမ ဆိုလိုသည်မှာ သွေးဝတ်စုံဓားနတ်ဘုရားသည် ဝမ်ယုကုန်းမြေတိုက်ကြီးတွင် သေဆုံးသွားလျှင် အနာဂတ်တွက် ရှိပါတော့မလားဟု မေးလိုခြင်း ဖြစ်သည်။

"အကြီးအကဲက ဒီမိုရာမိုးနွယ်နဲ့ယှဥ်ရင် အားနည်းနေပေမဲ့ အသက်ရှင်လျက် ထွက်ပြေးဖို့က မခက်ခဲပါဘူး။ဒီတစ်ခါမှာ သူ ထွက်ပြေးပြီး ခဏပုန်းရှောင်နေဖို့သာ လိုအပ်တယ်၊ အဲ့ဒါဆိုရင် သူက အနာဂတ်မှာရှိလာပါလိမ့်မယ်။"

"အနာဂတ်ကအကြီးအကဲဟာ အတိတ်က နောင်တတွေကို ပြန်ပြင်ဖို့အတွက် အချိန်နဲ့ နေရာကို ဖြတ်ကျော်လာနိုင်တယ်"

ကျိကျန်း၏ စကားများသည် တည်းခိုခန်းရှိ ဂီတသမားများကို ရှုပ်ထွေးသွားစေပြီး နားလည်သလိုလို၊ မနားလည်သလိုလို ဖြစ်နေကြသည်။

ကျိကျန်ကျွင်းသည် စစ်မှန်မဟာပညာရှိ ကျိကျန်းကို သူမ၏တောက်ပသော မျက်လုံးများဖြင့် ကြည့်ကာ ပြုံးသည်။

"စိတ်ဝင်စားစရာကောင်းတဲ့ စိတ်ကူးပဲ"

ထိုအချိန်မှာပင် ကျိကျန်းက မပြောမဆိုနှင့် ဝမ်းနည်းပတ်လက် ထငိုလေသည်။

အားလုံးမှာ သူ၏ထူးဆန်းသောအပြုအမူကြောင့် ကြောင်တောငိတောင်​​ဖြစ်ကုန်၏။

နေမမြင့်သေးဘဲ ဒီကောင်က ဘာလို့အရူးရင့်နေရတာလဲ ။ အကောင်းကြီးကနေ ဘာထဖြစ်ပါလိမ့်။

ကျိကျန်းက ဝမ်းနည်ပက်လက်ပြောလေ၏။

"အဟင့်...အဟင့်၊ ဒီအကြောင်း ပြောရရင် ကျွန်တော် တော်တော်လေး ဝမ်းနည်းတယ်။

လွန်ခဲ့တဲ့ နှစ်အနည်းငယ်က အနာဂတ်ကကျွန်တော်က အခုကျွန်တော့်ဆီကို ဖိတ်စာတစ်စောင် ပို့ခဲ့ဖူးတယ်။ဖိတ်စာထဲမှာ အနာဂတ်ကကျွန်တော်သာ မလာရင် ကျွန်တော် ဒီမှာသေလိမ့်မယ်လို့ ပြောထားတယ်။"

" ဒါပေမဲ့ ခုနစ်ရက်ကြာပြီးနောက်မှာတောင် အနာဂတ်ကကျွန်တော်ဟာ အနာဂတ်မှာပဲ ဆက်ရှိနေတုန်းပဲ"

"ဧကန္တ... ဒီဘဝမှာ ကျွန်တော့်ရဲ့ ကျင့်ကြံမှုက အချိန်နဲ့ နေရာကို ထိုးဖောက်ဖို့အတွက် အရမ်းကို အကန့်အသတ် ရှိနေတယ်ထင်တယ်"

"ဒါပေမဲ့..."

ဝမ်းနည်းတကြီးငိုနေသော ကျိကျန်းက အငိုတိတ်သွားပြန်သည်။

သူက အရေးကြီးသောအရာကို သတိရသွားပုံ​ဖြင့် ​ပတ်ဝန်းကျင်မှလူများကို ကြည့်၏။

"ဒီနည်းလမ်းကို လျောက်ပြောလို့ မရဘူးနော်။ဒါဟာ ကျွန်တော့်ရဲ့ ကိုယ်ပိုင်တီထွင်မှုဖြစ်ပြီး တစ်စုံတစ်ယောက်ဟာ အချိန်ရဲ့ မြစ်ကို တကယ် ဖြတ်ကျော်နိုင်မလားဆိုတာ စမ်းသပ်ဖို့အတွက် အသုံးပြုသွားနိုင်တယ်"

ကျန်းယာသည် မျက်ခုံးများကို တွန့်ချိုးသွားမိသည်။

အဘယ်ကြောင့်မှန်းမသိသော်လည်း ကျိကျန်း၏ ယခုစကားများသည် ပေါတောတောနိုင်သော်လည်း အလွန် အဓိပ္ပာယ်ရှိသည်ဟု သူမ ခံစားရသည်။

ကျိကျန်ကျွင်းက ညင်သာစွာ ရယ်မောလိုက်သည်။

"နင့်ရဲ့ စိတ်ကူးက ကောင်းပေမဲ့... အားနည်းချက် တစ်ခု ရှိတယ်"

"ဘာလဲဗျ"

ကျိကျန်းသည် ပရောဟိတ်မယ်ကို ကြည့်လိုက်၏။

"ပထမအချက်ကတော့ အချိန်နဲ့ နေရာကို ထိုးဖောက်နိုင်သူတွေဟာ အထက်လောကကို တက်ပြီးသား ဖြစ်ရမယ်၊ အဲ့ဒီနေရာက အစွမ်းထက်သူတွေဟာ သူတို့ဘဝမှာ တစ်ကြိမ်၊ နှစ်ကြိမ်လောက်ပဲ အောက်လောက လောကတွေကို ဆင်းသက်နိုင်တယ်။"

"ဒုတိယအချက်ကတော့ ရှင်တို့အဆင့်တွေ မသိနိုင်ဘူး... ဒီလောကမှာရှိတဲ့ သက်ရှိတွေဟာ အတိတ်က ကိုယ်၊ ပစ္စုပ္ပန်က ကိုယ် ရှိပေမဲ့... အနာဂတ်က ကိုယ် မရှိဘူး"

ကျိကျန်ကျွင်းက ကျိယွမ်ကို တစ်ချက်ကြည့်ရင်း ပြောလိုက်သည်။

"အနာဂတ်က ကိုယ် မရှိဘူးလား"

ကျိကျန်၏ ခန္ဓာကိုယ် တောင့်တင်းသွားပြီး နှလုံးသားထဲတွင် ကြောက်ရွံ့မှုများ ပြည့်နှက်သွားသည်။

ယန်နတ်ဘုရားများပင် အနာဂတ်က ကိုယ် မရှိဘူးလား။

ဒါက ဘာကို ဆိုလိုတာလဲ။ အကုန်သေကုန်မယ်လို့ ပြောတာလား ။

ကျိယွမ်သည် ထိုအရာက အတော်လေး စိတ်ဝင်စားစရာ ကောင်းသည်ဟု ယူဆမိသည်။

ရိုးရိုးသားသားပြောရလျှင် ဤကဲ့သို့သော အသိပညာကို သူ ပထမဆုံးအကြိမ် ကြားဖူးခြင်းပင်၏။

သူ၏သမီးသည် အလွန်နက်ရှိုင်းသောအသိများရှိပုံရလေသည်။

သူက သူမအားကြည့်ရင်း မနေနိုင်စွာ မေးလိုက်မိသည်။

"တကယ်တော့ ငါ့စိတ်ထဲမှာ မေးခွန်းတစ်ခု အမြဲတမ်းရှိနေတယ်"

"ဖေဖေက လား ၊ မေးပါ"

"ဒီမိုရာမျိုးနွယ်၊ ဝမ်ယုကုန်းမြေတိုက်ကြီးနဲ့ ကန်းလန်နယ်မြေတို့အားလုံးက ဘာကြောင့် ဘာသာစကား တစ်ခုတည်းကို ပြောနေကြတာလဲ"

ယုတ္တိရှိရှိ စဉ်းစားလျှင် လူမျိုးကွဲပြားလျှင် ဘာသာစကားလည်း ကွဲပြားသင့်သည် မဟုတ်ပါလား။

၂၁ရာစုကမ္ဘာလို သေးငယ်သော နေရာလေးမှာပင် ဘာသာစကား ထောင်ပေါင်းများစွာ ရှိနေသည်။

သို့သော်ကျယ်ပြောလှသော ကန်းလန်နယ်မြေမှာတော့ သူတို့အားလုံးက ဘာသာစကား တစ်ခုတည်းကိုသာ အသုံးပြုကြသည်။

"ကောင်းကင်ဘုံရဲ့ ကြယ်တွေအောက်က နယ်မြေအားလုံးဟာ ဘာသာစကား တစ်ခုတည်းကိုပဲ မျှဝေသုံးစွဲကြပါတယ်"

ကျိယွမ်က ထိုမေးခွန်းမျိုးကို မေးလိမ့်မည်ဟု မမျှော်လင့်ထားသောကြောင့် ကျိကျန်ကျွင်း အံ့အားသင့်သွားသည်။

ကျိယွမ်သည် သူမ၏အဖြေကြောင့် ထိတ်လန့်သွားပြီး အတွေးနက်သွားလေ၏။

အတန်ကြာမှ သူက ပြတင်းဝမှလွင့်ပါလာသော နှင်းစတစ်စကို ဖမ်းယူလိုက်ပြီး သေချာကြည့်ကာ မေးလိုက်သည်။

"ဒါဆို နှင်းပွင့်တွေက ဘာလို့ လူသားဘာသာစကား မပြောကြတာလဲ"

"အမ်......"

ကျန်းယာက ကူရာမဲ့သလိုခေါင်းခါ၏။

ထုံးစံအတိုင်း သွေးဝတ်စုံဓားနတ်ဘုရားကလည်း နေမမြင့်သေးဘဲ ဖောက်လာပြန်ပြီထင်တယ်။

.....................

သုံးရက်ကြာပြီးနောက်။

လအင်ပါယာ ၊ ဇူလိုင်ကန်တွင်ဖြစ်သည်။

ကျိယွမ်သည် ကန်ဘေးတွင် ထိုင်နေပြီး ယခင်ထက် များစွာကြီးမားလာသော ကန်ကို ကြည့်နေရင်း သူ၏ မျက်လုံးများက အမှတ်တရများဖြင့် ပြည့်နေခဲ့သည်။

နောက်ဆုံးမှာတော့ သူသည် ဤနေရာသို့ ပြန်လည် ရောက်လာခဲ့ပြီ ဖြစ်သည်။

သို့သော် သူ့ကို အဖော်ပြုနေသူမှာ လကညာမဟုတ်ဘဲ ကျိကျန်ကျွင်း ဖြစ်နေခဲ့လေ၏။

သူတို့နှစ်ဦးသည် အပူအပင် ကင်းမဲ့နေဟန်ရပြီး ငါးမျှားနေကြသူများလိုပင်။

အဝေးမှ တဲနန်းဆောင်တစ်ခုတည်းတွင်ရှိနေသော အဖြူရောင်ဝတ်စုံအမျိုးသမီးတစ်ဦးသည် ထိုမြင်ကွင်းကို ကြည့်နေပြီး သူမ၏ အမူအရာက ရှုပ်ထွေးနေ၏။

"သွေးဝတ်စုံဓားနတ်ဘုရားဟာ... တကယ်တော့ မျက်နှာမဲ့ ဓားနတ်ဘုရားပဲ"

ထိုဖြစ်ရပ်က သူမ မမျှော်လင့်ထားခဲ့သော အရာဖြစ်သည်။

မျက်နှာမဲ့ ဓားနတ်ဘုရားကို ဝမ်ယုကုန်းမြေ တိုက်သမိုင်းတွင် ရှေးဟောင်းပုဂ္ဂိုလ်တစ်ဦးအဖြစ် မှတ်ယူကြသည်။

သို့သော် ထိုရှေးဟောင်းပုဂ္ဂုလ်ကြီးသည် ယခုထိ အသက်ရှင်လျက် ရှိနေ၏။ သို့သော် သူ၏ကျင့်ကြံမှုကတော့ ယင်နတ်ဘုရား အဆင့်အောက်တွင်သာ ရှိနေဆဲ ဖြစ်ပုံရသည်။

မည်မျှထူးဆန်းလေသနည်း။

အဖြူရောင်​ဝတ်အမျိုးသမီးက ခေါင်းယမ်း၏။

ထူးဆန်းသည် ဖြစ်စေ၊ မထူးဆန်းသည် ဖြစ်စေ၊ ဒီမိုရာမျိုးနွယ်နှင့် ယှဉ်လျှင် သူတို့၏ လလအင်ပါယာသည် အနိုင်ရနိုင်ခြေ မရှိသေးပါ။

ဒီမိုရာမျိုးနွယ်မှ ယင်နတ်ဘုရားတစ်ပါးသည် ကောင်းကင်ဖြတ်ကျော်လမ်း ဒုတိယအဆင့်၏အထွတ်အထိပ်ဖြစ်ပြီး တတိယအဆင့်သို့ အလွန်နီးကပ်နေလေပြီ။

ထိုကဲ့သို့သော အင်အားကြီးသူတစ်ဦးတည်းကပင် လအင်ပါယာ တစ်ခုလုံးကို အကူအညီမလိုဘဲ ဖိနှိပ်နိုင်စွမ်း ရှိ၏။

"ဇူလိုင်၊ နင် ပရောဟိတ်မယ်တော်ကို ဒီနေရာက ထွက်ခွာဖို့ ကြိုးစားပြီး စည်းရုံးသင့်တယ် မဟုတ်ဘူးလား"

အဖြူရောင်ဝတ်စုံအမျိုးသမီးက လကညာသူတော်စင်အသစ်ကို မေးလိုက်၏။

သူမသည် ယခုအချိန်က အမြန်ဆုံး ထွက်ခွာသွားရန် အကောင်းဆုံးဖြစ်သည်ဟု ယူဆနေသည်။

ဇူလိုင်က ရေကန်ဘေးတွင်ထိုင်နေသော ကျိယွမ်ကို ကြည့်လိုက်ပြီး ခေါင်းခါ၏။

" မျက်နှာမဲ့ ဓားနတ်ဘုရားက ဝမ်ယုကုန်းမြေတိုက်ကြီးကို သေချာပေါက် ပြန်လည် ကယ်တင်ပါလိမ့်မယ်"

"ဝမ်ယုကုန်မြေကို စော်ကားသူတွေ အားလုံး ပျက်စီးကြလိမ့်မယ်"

အဖြူရောင်ဝတ်အမျိုးသမီးမှာ စိတ်ညစ်ကာ စကားဆက်ပြောချင်စိတ်များပင် ကုန်ဆုံးသွားခဲ့သည်။

မျက်နှာမဲ့ ဓားနတ်ဘုရားကို ဝမ်ယုကုန်းမြေတိုက်ကြီးတွင်ရှိသော လူတိုင်းက အဘယ်ကြောင့် ဤမျှ ယုံကြည်မှုမျိုး ရှိနေကြသည်ကို သူမ နားမလည်ခဲ့ပေ။

သူသည် တစ်ချိန်က ကမ္ဘာကို ကယ်တင်ခဲ့သည်မှာ မှန်၏။

သိူ့သော် ယခုအချိန်က မတူတော့ပါ ။ခေတ်များပြောင်းခဲ့လေပြီ၊ အချက်အလက်များက သိသာထင်ရှားနေပြီ မဟုတ်ပါလား။

သူတို့သည် စွမ်းအားချင်း မယှဉ်နိုင်တော့ပေ။

ထိုအရာကို သိကြပါလျှက်နှင့် အဘယ်ကြောင့် ဤမျှ မျက်စိစုံမှိတ် ယုံကြည်နေကြသနည်း။

သူမ စိတ်ရှုပ်ထွေးနေခဲ့သည်။

သူမသည် ပရောဟိတ်မယ်တော်ကို ထပ်မံ စည်းရုံးရန် ကြိုးစားချင်သော်လည်း နောက်ဆုံးတွင် စိတ်လျှော့လိုက်တော့သည်။

အဘယ်ကြောင့်ဆိုသော် ပရောဟိတ်မယ်တော်၏ စိတ်အားထက်သန်မှုသည် အခြားသူများထက်ပင် ပို၍ အားကောင်းနေသောကြောင့်ပင်။

သူက ဖေဖေလို့တောင်ခေါ်နေမှတော့ ငါပြောလည်း ဘာအသုံးဝင်တော့မှာလဲ။

......................

ကန်းလန်နယ်မြေရှိ ကောင်းကင်နှင့်မြေကြီးလှိုဏ်ဂူတွင်ဖြစ်သည်။

ယဲ့ချုံး၏ ကလေးမဟုတ်လူကြီးမဟုတ် အသံကဂူအတွင်းမှ ပဲ့တင်ထပ်လာသည်။

"စုံစမ်းထားတဲ့ ရလဒ်တွေ ထွက်လာပြီ၊ သွေးဝတ်စုံ ဓားနတ်ဘုရားမှာ ယင်နတ်ဘုရား လက်နက် မရှိဘူး၊ အဲ့ဒီအစား သူ့နောက်မှာ ကောင်းကင်ဖြတ်ကျော် ဒုတိယအဆင့် ယင်နတ်ဘုရားတစ်ပါးက ကူညီပေးနေတယ်"

"ကောင်းကင်ဖြတ်ကျော်လမ်းရဲ့ ဒုတိအဆင့်လား"

စွဲမက်ဖွယ်အသံပိုင်ရှင်အမျိုးသမီး အံ့သြသွားလေ၏။

"ဒါကြောင့် သူက ငါတို့ရဲ့ လက်အောက်ငယ်သားတွေကို စိတ်တိုင်းကျ သတ်ရဲပြီး ငါတို့ကို လာစိန်ခေါ်ရဲတာကိုး"

"ကံကောင်းလို့ပေါ့ ၊ မသိရင် အဲ့ဒီလောက်အင်အားကြီးတဲ့သူကို ငါ စော်ကားမိတော့မလို့ "

အိုမင်းသောအသံပိုင်ရှင်က သူ့ကိုယ်သူ ကံကောင်းလှသည်ဟု တွေးမိ၏။ကောင်းကင်းဖြတ်ကျော်ဒုတိယအဆင့်ဆိုသည်မှာ သူတို့ရန်စရဲသော အရာမဟုတ်ပေ။

"ဒါပေမဲ့ သူက မိုဟွေ့ကို သတ်ခဲ့ပြီးတော့ ဒီမိုရာမျိုးနွယ်ကို လုံးဝ စိတ်ဆိုးစေခဲ့တယ်။

ခုနလေးတင် မိုလော့မျိုးနွယ်ရဲ့ မိုကျွင်း က မက်ဆေ့ချ် ပို့လိုက်ပြီ၊ သူက ငါတို့သုံးယောက်နဲ့ ပူးပေါင်းပြီး သွေးဝတ်စုံဓားနတ်ဘုရားနဲ့ သူ့နောက်က ယင်နတ်ဘုရားကို အတူတူ သတ်ပစ်ချင်တယ်တဲ့"

ယဲ့ချုံးက လက်ရှိအခြေအနေကို တည်ငြိမ်စွာရှင်းပြ၏။

"ကောင်းကင်ဖြတ်ကျော်လမ်းရဲ့ ဒုတိယအဆင့် ယင်နတ်ဘုရား... ။အင်း.....ဒီလို ပဋိပက္ခက ငါ့ရဲ့ ပိန်လှီတဲ့ ကိုယ်ခန္ဓာအိုကြီးအတွက် အရမ်းအန္တရာယ်များပါတယ်၊ ဒါကြောင့် ငါ ဝင်မပါတော့ဘူး"

"ဟင်း ဟင်း ...ယွင်ကျူအရှင် ... ရှင်ကြောက်နေတာလား"

ချစ်စရာကောင်းသောအသံပိုင်ရှင်အမျိုးသမီးက ဆွဲဆောင်မှုရှိစွာ ရယ်လိုက်သည်။

"မိုကျွင်းကတော့ သွေးဝတ်စုံ ဓားနတ်ဘုရားရဲ့ နောက်က ယင်နတ်ဘုရားနဲ့ တိုက်ရိုက် ရင်ဆိုင်ဖို့ မလိုဘူးလို့ ပြောတယ်။

ငါတို့က သွေးဝတ်စုံဓားနတ်ဘုရားကို အရှင်ဖမ်းပြီး လအင်ပါယာက သူတို့ရဲ့ ရွှေ့ပြောင်းရေးအစီအရင်ကို အသုံးမပြုနိုင်အောင် တားဆီးဖို့ပဲ လိုတယ်။ ဒီလို သေးငယ်တဲ့ အလုပ်က ငါတို့အတွက် လွယ်ကူပါတယ်။"

"မိုကျွင်းက ငါတို့ အောင်မြင်ရင် ဝမ်ယုကုန်းမြေရဲ့ နယ်မြေလေးပုံတစ်ပုံကို ခွဲဝေပေးမယ်လို့လည်း ပြောခဲ့သေးတယ်"

ယဲ့ချုံး၏အသံက လောဘငွေ့များ ထင်ဟပ်နေ၏ ။ သူက ထိုကိစ္စကို သေချာပေါက်ဆောင်ရွက်ရန် စိတ်အားထက်သန်နေပုံရှိသည်။

"ကျွန်မ သဘောတူတယ်"

ဆွဲဆောင်မှုရှိသောအသံပိုင်ရှင် အမျိုးသမီးက ပေါ့ပါးစွာ ရယ်မောရင်း တုံ့ပြန်လိုက်သည်။

"ငါ ဝင်မပါတော့ဘူး"

အိုမင်းသောအသံပိုင်ရှင်က သတိထားတတ်သူဖြစ်ပုံရပြီး မည်သည့်အန္တရာယ်ကိုမှ မယူချင်ပုံပင်။

"မင်းက ဖုန်ကျွင်းကို ကြောက်နေတာလား"

ယဲ့ချုံး၏ ကလေးဆန်သော အသံက လှောင်ပြောင်လိုက်သည်။

"ဒါက ဖုန်ကျွင်းနဲ့ ဘာမှ မဆိုင်ဘူး၊ ငါက အသက်ကြီးလာလေ၊ ရဲစွမ်းသတ္တိက သေးငယ်လာလေ ဖြစ်နေလို့ပါ"

အိုမင်းသောအသံပိုင်ရှင်က အကူအညီမဲ့စွာ ပြန်ဖြေပြီးနောက် တိတ်ဆိတ်သွားသည်။

ကောင်းကင်နှင့်မြေကြီးလိုဏ်ဂူထဲတွင် ကလေးဆန်သောအသံနှင့် ဆွဲဆောင်မှုရှိသော အမျိုးသမီးအသံ နှစ်ခုသာ ကျန်ရှိတော့ပြီး တစ်ခုခုကို ဆွေးနွေးနေကြပုံရသည်။

မည်မျှကြာအောင် ဆွေးနွေးခဲ့သည် မသိ၊ နောက်ဆုံးတွင် ယဲ့ချုံး၏ကလေးဆန်သော အသံသည် လိုဏ်ဂူတစ်လျှောက် ပဲ့တင်ထပ်လာသည်။

"ရေတိမ်နန်းတော်ကို မက်ဆေ့ချ် ပို့လိုက်၊ သွေးဝတ်စုံမဟာမိတ်နဲ့ သူတို့ရဲ့ ရန်ငြိုးကို အချိန်မရွေး ဖြေရှင်းနိုင်ပြီလို့ ပြောလိုက်ပါ"

ရေတိမ်နန်းတော်သည် ရေနတ်ဘုရားတိုက်ကြီးတွင်တည်ရှိပြီး ကွေးယွန်တိုက်ကြီးနှင့် အမြဲတမ်း ဆန့်ကျင်ဘက် ဖြစ်နေခဲ့သည်။

မကြာသေးမီက သွေးဝတ်စုံမဟာမိတ်အဖွဲ့က ရေတိမ်နန်းတော်မှ ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးကို ဖမ်းဆီးခဲ့ပြီး နှစ်ဖက်ကြား ပွတ်တိုက်မှု ဖြစ်ပေါ်စေခဲ့သည်။

ထို့အပြင် ဝမ်ယုကုန်းမြေမှ သတင်းများ ရောက်လာသည်မှာ လင်ကျောင်းနှင့်သွေးဝတ်စုံဓားနတ်ဘုရားတို့ ကြီးမား​သောပြဿနာရှိခဲ့သည်ဟူ၏။

ရေတိမ်နန်းတော်သည် အလွန်ဒေါသထွက်နေပြီး သူတို့အထက်မှ အုပ်စိုးရှင်သုံးပါးနှင့် သွေးဝတ်စုံဓားနတ်ဘုရားကိုသာ ကြောက်ရွံ့မှု မရှိပါက ကွေးယွန်တိုက်ကြီးကို ကျူးကျော်ဝင်ရောက်ပြီးသား ဖြစ်ပေမည်။

ယဲ့ချုံးတို့နှစ်ဦးသည် ဒီမိုရာမျိုးနွယ်နှင့် ပူးပေါင်း၍ သွေးဝတ်စုံဓားနတ်ဘုရားကို ပစ်မှတ်ထားရန် စီစဉ်နေသောကြောင့် ရေတိမ် နန်းတော်ကို အားပေးကူညီရန် ဆုံးဖြတ်လိုက်ပြီး သွေးဝတ်စုံမဟာမိတ်ကို တိုက်ခိုက်စေခြင်းဖြင့် သွေးဝတ်စုံဓားနတ်ဘုရား၏ အင်အားများကို ဖယ်ရှားပစ်ရန် ကြံစည်ခဲ့ခြင်းပင်။

"အမိန့်အတိုင်းပါ"

ကောင်းကင်နှင့်မြေကြီးလိုဏ်ဂူအဝင်ဝတွင် ရပ်နေသော ခရမ်းရောင်နန်တော်အဆင့်ငယ်သား၏ မျက်လုံးများက အားရကျေနပ်မှုဖြင့် တောက်ပသွားသည်။

သွေးဝတ်စုံဓားနတ်ဘုရားက ယဲ့ချုံးကို စော်ကားခဲ့စဥ်ကတည်းက သူက သတ်ဖြတ်ပစ်ချင်နေခဲ့သူဖြစ်သည်။

"ဝမ်ယုကုန်းမြေတိုက်ကို သွားကြမယ်"

ကောင်းကင်နှင့်မြေကြီးလှိုဏ်ဂူတွင် အိပ်စက်နေခဲ့သော ယဲ့ချုံးသည် နောက်ဆုံးတွင် စတင်လှုပ်ရှားလာခဲ့လေပြီ။

အရှေ့ပိုင်းဒေသတွင် အလွန်ရှည်လျားသော သက်တံတစ်ခုသည် ကောင်းကင်ကို ဖြတ်သန်းနေသည်ကို အားလုံးမြင်လိုက်ရ၏။

ထိုသက်တံကို မြင်တွေ့ရသော ကျင့်ကြံသူ အားလုံးသည် ထိတ်လန့်သွားကုန်ကြသည်။

ယင်နတ်ဘုရားတွေ လှုပ်ရှားပြီ။

တစ်ခုခု အကြီးအကျယ် ဖြစ်တော့မယ်။

---------------

All Chapters