တာအိုကို ပြန်လည်သိမ်းပိုက်ခြင်း
Vol. 13 Ch. 165
ရှင်းဟွာအဖွဲ့ဖိုရမ်အတွင်း၌
ပိုစ့်တစ်ခုသည် ထိပ်တန်းသတင်းအဖြစ်သို့ ရောက်သွားခဲ့သည် ။
"သတင်းကြီး- ရေနတ်ဘုရားတိုက်ကြီးက ရေတိမ်နန်းတော်က ကွေးယွန်တိုက်ကြီးကသွေးဝတ်စုံမဟာမိတ်အဖွဲ့အစည်းကို တိုက်ခိုက်ဖို့ စီစဉ်နေသည် ၊ သွေးဝတ်စုံဓားနတ်ဘုရား အကြီးအကဲကို အကြောင်းကြားပေးကြပါ"
ထိုပိုစ့်သည် လူအများ၏ အာရုံကို ချက်ချင်း ဆွဲဆောင်နိုင်သွား၏။
"ဘာတွေဖြစ်နေတာလဲ၊ ရေတိမ်နန်းတော်က သတ္တိကောင်းလှချည်လား၊ သွေးဝတ်စုံဓားနတ်ဘုရားက အလင်းနန်းတော်ကို မကြာသေးခင်ကမှ ဖျက်ဆီးခဲ့တာလေ"
"ရေတိမ်နန်းတော်ရဲ့ နောက်ခံက အလင်းနန်းတော်ထက် နည်းနည်း ပိုအားကောင်းပေမဲ့ ခွန်အားကွာခြားမှုက သိပ်မရှိပါဘူး။ ရေတိမ်နန်းတော်က ဘယ်ကနေ သတ္တိကို ရခဲ့တာလဲ"
"သွေးဝတ်စုံဓားနတ်ဘုရားသာ လှုပ်ရှားမယ်ဆိုရင် ရေတိမ်နန်းတော်က သေချာပေါက် ပျက်စီးရမှာပဲ"
မြေခွေးဂူမှလီလေးက ထိုပိုစ့်အောက်တွင် ချက်ချင်း မှတ်ချက်ရေးလိုက်၏။
သို့သော် သိပ်မကြာမီမှာပင် သူမ၏ကွန်မန့်ကို တစ်စုံတစ်ယောက်က မှတ်ချက်ပေးခဲ့သည် ။
"ရေတိမ်နန်းတော်ကသာ တကယ်တိုက်ခိုက်ရဲတယ်ဆိုရင် ၊ သူတို့မှာ ယုံကြည်ချက်နဲ့ ပြင်ဆင်မှု အပြည့်ရှိလို့ပဲဖြစ်မယ်။ ကျွန်တော့်အထင်တော့ သွေးဝတ်စုံဓားနတ်ဘုရားက ယဲ့ချုံးအုပ်စိုးရှင်ကို စိန်ခေါ်ခဲ့တယ် ။ ယဲ့ချုံးအုပ်စိုးရှင်ကလည်း သွေးဝတ်စုံဓားနတ်ဘုရားကို ကိုင်တွယ်ဖို့ စီစဉ်နေသည်မှာ သေချာတယ်၊ ဒါကြောင့် ရေတိမ်နန်းတော်ကို ထောက်ခံပေးလိုက်ပုံပဲ"
လီလေးသည် ထိုသူ၏မှတ်ချက်ကြောင့် တုန်လှုပ်သွားပြီး၊ ၎င်းသည် အမှန်တကယ် ဖြစ်နိုင်သည်ဟုတွေးကာ သွေးဝတ်စုံဓားနတ်ဘုရားကို စိုးရိမ်လာခဲ့သည် ။
သွေးဝတ်စုံဓားနတ်ဘုရားသည် သူမနှင့် စကားပြောဖူးသည့် တစ်ဦးတည်းသော ကြီးကျယ်ခမ်းနားသည့် ပုဂ္ဂိာလ်ဖြစ်သောကြောင့် သူမကအလွန်လေးစားခင်မင်၏။
"ဒါသာ အမှန်တကယ်ဆိုရင် သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲအဆင်ပြေပါ့မလား"
အခြားသူများကလည်း ထိုပိုစ့်ကို ကွန်မန့်အမျိုးမျိုး ရေးလာကြသည်။
"နောက်ဆုံးတော့ ယဲ့ချုံးအုပ်စိုးရှင် လှုပ်ရှားပြီထင်တယ်"
"သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲ ကနည်းနည်းတော့ အမြင်နည်းခဲ့သလိုပဲ၊ သူက အလင်းနန်းတော်ကို ဖျက်ဆီးပြီးပြီပဲ အဲဒီမှာတင်ရပ်နားသင့်တယ်။ ဘာလို့ ယဲ့ချုံးအုပ်စိုးရှင်ကိုစိန်ခေါ်ပြီး သူ့လူတွေကို သတ်ရတာလဲ၊ ယင်နတ်ဘုရားကို စော်ကားတာ၊... ဒါက သူလုပ်ရပ်က အကျိုးပေးတာပဲ ဖြစ်တယ်"
"သွေးဝတ်စုံဓားနတ်ဘုရား အကြီးအကဲက တစ်နေ့မှာ ဒီလိုကံကြမ္မာမျိုးနဲ့ ရင်ဆိုင်ရလိမ့်မည်လို့ အရင်ကတည်းက ငါထင်ခဲ့တယ် ။ သူက အရမ်း မာနကြီးတယ်၊ နှိမ့်ချမှုကိုလည်း မသိမှတော့ ဒီလိုဖြစ်တာ ထိုက်တန်ပါတယ်"
"ဘယ်လောက်သနားစရာကောင်းလိုက်တဲ့ အကြီးအကဲလဲ"
"ရလဒ်ကို မဆုံးဖြတ်ရသေးဘူး၊ နင်တို့အားလုံးက သွေးဝတ်စုံဓားနတ်ဘုရား သေချာပေါက်ရှုံးတော့မယ်လို့ ဘယ်လိုလုပ် ပြောနိုင်တာလဲ"
လီလေးသည် ဒေါသထွက်ကာ အဆိုးမြင်သူများကို ကြက်ခေါင်းဆိတ်မခံ ပြန်လှန်ချေပသည်။
"ယဲ့ချုံးအုပ်စိုးရှင်က လုပ်မယ်လို့ ဆုံးဖြတ်လိုက်ပြီဆိုရင် အမှားအယွင်းမရှိမှာ သေချာတယ် ။ သူသည် အင်အားအသားစီးနဲ့ အနိုင်ရသွားမှာပဲ ။ သွေးဝတ်စုံဓားနတ်ဘုရားက ဟာသပဲဖြစ်သွားတော့မှာ"
"သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲကို ဒီလိုပြောတာ သူမြင်သွားရင် လက်စားချေမှာ နင် မကြောက်ဘူးလား"
"သွေးဝတ်စုံဓားနတ်ဘုရားက အခုချိန်မှာ သူ့ကိုယ်သူတောင် မကာကွယ်နိုင်တော့ဘူး ။ ဘာလို့ ငါက လက်စားချေမှာကို ကြောက်ရမှာလဲ၊ သူ သတ္တိရှိရင် ငါ့ဆီ လာပါစေ"
"ဒီ နတ်ဆိုးကြီးသွေးဝတ်စုံဓားနတ်ဘုရား နောက်ဆုံးတော့ သေရတော့မယ် ၊ နတ်ဘုရားရဲ့ဆုလာဘ်ပဲ၊ ငါကတော့ အရမ်းပျော်လွန်းလို့ ဒီနေ့ ထမင်း ပိုစားရပါမယ်"
ဖိုရမ်ထဲ၌ လူတော်တော်များ၏ ဝေဖန်လှောင်ပြောင်သံများ ထွက်ပေါ်လာ၏။
သူတို့သည် သွေးဝတ်စုံဓားနတ်ဘုရား အထွတ်အထိပ်သို့ ရောက်နေချိန်တွင် မနာလိုဖြစ်ခဲ့ကြသော်လည်း မထုတ်ဖော်ရဲခဲ့သဖြင့် ငြိမ်နေကြသူများပင်။
ယခု သွေးဝတ်စုံဓားနတ်ဘုရား ဒုက္ခရောက်နေသည့် အနေအထားရှိနေသောအခါ သူတို့၏ မနာလိုစိတ်များက အဟန့်အတားမရှိ ထွက်ပေါ်လာခဲ့သည်။
ထို့အပြင် သူတို့က ဖိုရမ်တွင် အမနာပစကားများလောက်သာ ပြောဆိုခြင်းဖြစ်ပြီး သွေးဝတ်စုံဓားနတ်ဘုရား လုပ်ခဲ့သလို ပွင့်ပွင့်လင်းလင်း စိန်ခေါ်ခြင်းမျိုးလည်း မဟုတ်သောကြောင့် ပြန်လည်လက်စားချေမည်ကို မကြောက်ကြပေ။
ဖိုရမ်ထဲတွင်ရှိသော မည်သူကမျှလည်း သူတို့၏စစ်မှန်သော ကိုယ်ပိုင်လက္ခဏာများကို မသိကြသဖြင့် ပို၍ ပြောဆိုရဲနေခြင်းလည်းဖြစ်၏။
ထိုစော်ကားမှုများမြင်သော် လီလေး၏ မျက်လုံးများက ဒေါသကြောင့်နီရဲလာသည် ။
"နင်တို့အားလုံး ပျက်စီးပြီသာမှတ် ၊ နင်တို့ရဲ့ မှတ်ချက်တွေကို မှတ်တမ်းတင်ပြီး သွေးဝတ်စုံဓားနတ်ဘုရားအကြီးအကဲဆီ ပို့ပေးလိုက်မယ်"
သူမသည် မှတ်တမ်းတင်ကျောက်တုံးကို ထုတ်ယူကာ ဖိုရမ်ထဲမှ သွေးဝတ်စုံဓားနတ်ဘုရားအပေါ် အသရေဖျက်သည့် မှတ်ချက်များအားလုံးကို ID များအပါအဝင် မှတ်တမ်းတင်လိုက်သည် ။
သူမသည် ထိုမျှနှင့်အားမရကာ သွေးဝတ်စုံဓားနတ်ဘုရား၏ သစ္စာရှိပရိသတ်တစ်ဦးကဲ့သို့ ဖိုရမ်တစ်ခုလုံးကို လှည့်လည်ကာ သူနှင့်ပတ်သက်သည့် အဆိုးမြင်မှတ်ချက်များအားလုံးကို မှတ်တမ်းတင်တော့သည် ။
ကံမကောင်းသည်မှာ ဖန်က သူမတစ်ယောက်တည်းဖြစ်နေခြင်းပင် ။
၂၁ရာစုကမ္ဘာမှ ဘာအဖွဲ့ ညာအဖွဲ့များလို ဖန်အင်အားတောင့်တင်းပါက ဖိုရမ်ပေါ်ရှိစကားဝိုင်းများကို သူတို့က ကီးဘုတ်ဖိုက်တာလုပ်ကာ လွှမ်းမိုးပစ်နိုင်မှာသေချာသည်။
.............
ကြီးမားမြင့်မားလှသည့်တောင်တန်းများ၌
အဖြူရောင်ဝတ်ရုံဝတ်ဆင်ထားသော ယွင်ကျူအုပ်စိုးရှင်အား နတ်ဘုရားလိုတင့်တင်သော အသွင်အပြင်နှင့်တွေ့ရမည်ဖြစ်သည်။
ရုတ်တရက် သူသည်ကျင့်ကြံနေရာမှ မျက်လုံးများကိုဖွင့်လိုက်ပြီး မျက်နှာပေါ်တွင် စူးစမ်းလိုသော အမူအယာပေါ်လာ၏။
"ငါ့ရဲ့မိတ်ဆွေဟောင်းကြီး ဘာကိစ္စနဲ့ ရောက်လာတာလဲ"
သူ၏ရှေ့၌ သိပ်သည်းသောသေခြင်းတရား၏အငွေ့အသက်များဖုံးလွှမ်းခံနေရသည့် ဆံပင်ဖြူအဘိုးအိုးတစ်ဦး ပေါ်လာခဲ့သည် ။
ယွင်ကျူအုပ်စိုးရှင်သည် ထိုအဘိုးအိုကို ရှုပ်ထွေးသော အတွေးများဖြင့် ကြည့်လိုက်မိသည် ။
သူ၏သူငယ်ချင်းဟောင်းနှင့်သူသည် သိကျွမ်းခဲ့သည်မှာ နှစ်ပေါင်းများစွာ ကြာခဲ့လေပြီ။
သူငယ်ချင်းဖြစ်သူ၏ ပါရမီသည် ယွင်ကျူ ၏ပါရမီထက်ပင် ပိုမိုမြင့်မားခဲ့သည် ။
သို့သော် လွန်ခဲ့သော နှစ်ပေါင်းတစ်ထောင်က ထိုသူသည် သူ၏မြေးမလေးအတွက် ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်မှုကို ကူညီရန် ကောင်းကင်သွေးကြော စွမ်းအင်တစ်ခုကို ဖမ်းယူနေစဉ် မတော်တဆဖြစ်ကာ ကပ်ဘေးဆိုး၏ အငွေ့အသက်တစ်ခုနှင့် ထိတွေ့မိခဲ့သည် ။
သူ၏ ကျင့်ကြံခြင်းသည် ထိုအချိန်မှစ၍ ရပ်တန့်နေခဲ့ပြီး သူ၏ သက်တမ်းသည်လည်း လျင်မြန်စွာ လျော့နည်းလာခဲ့၏ ။
နှစ်ပေါင်းတစ်ထောင်အတွင်းမှာပင် သူသည် လေထဲတွင် လွန့်လူးနေသော ဖယောင်းတိုင်မီးတောက်ကဲ့သို့ သေလုနီးပါး အဘိုးအိုတစ်ဦး ဖြစ်လာခဲ့သည် ။
မကြာမီတွင် ထိုယင်နတ်ဘုရားက ပျက်စီးဆုံးရှုံးပေတော့မည် ။
ထို့ကြောင့် ယင်နတ်ဘုရားများသည် ကပ်ဘေးဆိုးကို အခြားမည်သည့်အရာထက်မဆို ပို၍ ကြောက်ရွံ့ကြသည် ။
သို့သော် ထိုဆံပင်ဖြူယင်နတ်ဘုရား၏ ဒဏ်ရာအကြောင်းကို ရင်းနှီးသောမိတ်ဆွေအနည်းငယ်သာ သိကြပြီး ကောင်းကင်ဘုံတာအိုအုတ်မြစ်တည်ဆောက်ထားသောသူ၏ မြေးမလေးပင် မသိခဲ့ပေ ။
"ငါ့ မြေးမလေးက သွေးဝတ်စုံဓားနတ်ဘုရားအကြောင်းမေးဖို့ ငါ့ကို အတင်းအကျပ်ပူဆာနေလို့ပါ ။ ယဲ့ချုံးက သူ့ကို တကယ်ပဲ လှုပ်ရှားခဲ့တာလား"
ဆံပင်ဖြူအဘိုးအိုသည် သူ၏မြေးမလေးကို မည်မျှချစ်ခင်မြတ်နိုးကြောင်း သိသာလှ၏။
ယွင်ကျူအုပ်စိုးရှင်က မတတ်သာသလို သက်ပြင်းချလိုက်သည်။
"ဒီကိစ္စနဲ့ ပတ်သက်ပြီး ငါဘာမှ ထုတ်ဖော်လို့ မရဘူး"
သူသည် ကောင်းကင်နှင့်မြေကြီးဂူ၌ ယခုလေးတင် ကျိန်ဆိုခဲ့ရသဖြင့် သူ၏စကားကို အရမ်းကာရော နောက်ကြောင်းပြန်လို့ မရပါ။
ဆံပင်ဖြူအဘိုးအိုကို ကြည့်ရင်း သူတတ်နိုင်သလောက်တော့ ပြောပြပေးလိုက်သည်၊
"မင်း သွားရင်တောင် ရလဒ်ကို ပြောင်းလဲနိုင်မှာ မဟုတ်ဘူး"
"နားလည်ပါပြီ... ငါလည်း ကပ်ဘေးဆိုးကြောင့် ဒဏ်ရာရပြီးကတည်းက အသုံးမကျဖြစ်သွားခဲ့တာ၊ ငါ့မြေးမလေးရဲ့ တောင်းဆိုမှုလေးတစ်ခုတောင် မဖြည့်ဆည်းပေးနိုင်ဘူး"
အဘိုးအိုက စိတ်မကောင်းစွာသက်ပြင်းချရုံသာတတ်နိုင်တော့သည်၊
ယဲ့ချုံးက သွေးဝတ်စုံဓားနတ်ဘုရားကို အမှန်တကယ် လှုပ်ရှားခဲ့သည်ကတော့ သေချာသွားလေပြီ ။ ဖြစ်နိုင်သည်မှာ သူက ကိစ္စအချို့ကိုပင် လုပ်ဆောင်နေလောက်ပြီ ဖြစ်ကြောင်းကို သူ သဘောပေါက်လိုက်သည် ။
"ယွင်ကျူ၊ ငါ့ကို ကျေးဇူးပြုပြီးတစ်ခုတော့ ကူညီနိုင်မလား ။ သွေးဝတ်စုံဓားနတ်ဘုရားကို မကူညီနိုင်ပေမဲ့ သူ့ရဲ့ သွေးဝတ်စုံမဟာမိတ်အဖွဲ့ကိုတော့ ကျေးဇူးပြုပြီး ဂရုစိုက်ပေးပါ"
ယွင်ကျူ အကြီးအကဲ ရယ်မောလိုက်သည်၊
"မင်းက မင်းရဲ့ မြေးမလေးကို တကယ်ကို မြတ်နိုးတာပဲ ။ ဒါက သေးငယ်တဲ့ ကိစ္စပါ ။ ငါ လူတစ်ယောက်ကို ရေတိမ်နန်းတော်ဆီ စေလွှတ်ပြီး ပဋိပက္ခကို ရပ်တန့်ခိုင်းလိုက်ပါမယ်"
"ကျေးဇူးတင်ပါတယ် မိတ်ဆွေဟောင်းကြီး"
ဆံပင်ဖြူအဘိုးအိုက စိတ်သက်သာရာရသလို သက်ပြင်းချသည် ။
"မင်းရဲ့ ဒဏ်ရာတွေ..."
ယွင်ကျူအကြီးအကဲသည် သေခြင်းအငွေ့အသက်များဖြင့် ဖုံးလွှမ်းနေသော အဘိုးအိုကို ကြည့်ကာ သူ၏ စိတ်ထဲတွင် အတွေးများ လှုပ်ရှားနေသည် ။
"ငါ မဟာအုပ်စိုးရှင်နဲ့ တွေ့ပြီးပါပြီ ၊ ဒါပေမဲ့ သူတို့တောင် မကူညီနိုင်ခဲ့ဘူး"
ဆံပင်ဖြူအဘိုးအိုက စိတ်ကိုဒုံးဒုံးချထားသော အမူအယာဖြင့်ပြောသည်၊သူက ထိုကိစ္စကို မျှော်လင့်ရန်လက်လျှော့ထားခဲ့လေပြီ။
"ငါက လက်ကျန်သက်တမ်းရဲ့ အဆုံးသတ်ကို နီးလာပါပြီ ။ ငါ့ရဲ့ မြေးမလေးကို ငါမပျက်စီးသွားခင်မှာ ယင်နတ်ဘုရားနယ်ပယ်ထဲကို ဝင်ရောက်နိုင်ပါစေလို့ပဲ မျှော်လင့်ပါတယ်"
"အင်း.....ယင်နတ်ဘုရားနယ်ပယ်ကို ရောက်ဖို့ကလည်း အရမ်းခက်ခဲတာ.."
ယွင်ကျူအုပ်စိုးရှင်က စိတ်မကောင်းစွာ မြည်တမ်းသည် ။
"အထူးသဖြင့် မကြာခင်လာတော့မဲ့ ကပ်ဘေးဒုက္ခကြီးကြောင့် အောင်မြင်မှုရဖို့က မဖြစ်နိုင်သလောက်ပဲ"
ဆံပင်ဖြူအဘိုးအိုက မည်သည့်စကားမှပြန်မပြောဘဲ တိတ်ဆိတ်နေသည် ။
ကန်းလန်နယ်မြေရှိကျင့်ကြံသူများသည် ယင်နတ်ဘုရားဖြစ်ရန်အတွက် မိမိတို့၏ဝိညာဉ်စွမ်းအင်ကို နတ်စွမ်းအင်အဖြစ် ပြောင်းလဲရန် ကောင်းကင်ဘုံနယ်မြေသို့ စွန့်စားသွားရောက်ရမည် ။
ကောင်းကင်ဘုံနယ်မြေ၌ အဆုံးမဲ့ လျှပ်စီးပင်လယ်များ ရှိနေသည် ။ ကာကွယ်ပေးမည့်သူ မရှိလျှင် သူ၏မြေးမလေး၏ အခြေခံသည် မလုံလောက်သေးသောကြောင့် လျှပ်စီးပင်လယ်အတွင်း၌ ယင်နတ်ဘုရားနယ်ပယ်သို့ ထိုးဖောက်ရန် မဖြစ်နိုင်သလောက်ပင်။
သို့သော် ကပ်ဘေးဆိုးကြီးနီးကပ်လာသည်နှင့်အမျှ ယင်နတ်ဘုရားအားလုံးသည် မိမိကိုယ်ကို ကာကွယ်ရန် ရုန်းကန်နေရသည် ။
ကောင်းကင်ဘုံနယ်မြေသို့သွားကာ အခြားသူကို ကာကွယ်ပေးရန် သူ၏ နတ်စွမ်းအင်ကို မည်သူက အလဟဿ သုံးစွဲလိုမည်နည်း။
ထို့အပြင် ထိုသို့လုပ်ဆောင်ခြင်း၏ စွမ်းအင် ကုန်ဆုံးမှုသည် အခြားအုပ်စိုးရှင်တစ်ပါးနှင့် တိုက်ခိုက်ခြင်းထက် ပို၍ ကြီးမားပြီး ပြန်လည်နာလန်ထူရန် အနည်းဆုံး နှစ်တစ်ရာကြာမည် ဖြစ်၏။
"ရေခဲဝိဉာဉ်၊ မင်း တစ်ချိန်က ငါ့အသက်ကို ကယ်ခဲ့တယ်။ မင်းသာ... ကွယ်လွန်သွားရင် ငါ မင်းရဲ့ မြေးမလေးကို စောင့်ရှောက်ပါပေးပါမယ်"
ယွင်ကျူအုပ်စိုးရှင်က မိတိဆွေဟောင်း၏သောကကို နားလည်စွာ ကတိပေးလိုက်သည် ။
ဆံပင်ဖြူနေသော ရေခဲဝိဉာဉ်အကြီးအကဲ အလွန်ဝမ်းသာသွား၏။
"ကျေးဇူးတင်ပါတယ်"
.........................
နှင်းပွင့်များက လေထဲတွင် တဖွဲဖွဲကျနေသည်။
ကျိယွမ်သည် လက်တစ်ဖက်ကိုဆန့်ထုတ်ကာ နှင်းပွင့်တစ်ပွင့်ကို ဖမ်းယူလိုက်၏။
စစ်မှန်မဟာပညာရှိကျိကျန်းသည် သူ၏အနီး၌ မတ်တပ်ရပ်နေပြီး သည်းထန်စွာ ကျနေသော နှင်းများကို ငေးကြည့်နေခဲ့သည် ။
"ကမ္ဘာပေါ်က နှင်းပွင့်တွေဟာ တစ်ပွင့်နဲ့တစ်ပွင့်တစ်ထပ်တည်း မတူညီဘူးလို့ ပြောကြတာကို ကျွန်တော် ကြားဖူးတယ် ။ လူတွေကလည်း နှင်းပွင့်တွေလိုပဲ၊ ကမ္ဘာပေါ်၌ လုံးဝတူညီတဲ့ လူနှစ်ယောက်မရှိနိုင်ဘူး"
ကျိယွမ်က သူ၏လက်ထဲမှ နှင်းပွင့်လေးကို စူးစိုက်ကြည့်နေရင်းမှ ကျိကျန်း၏ ပညာရှိစကားကို တုန့်ပြန်၏။
"နှင်းပွင့်နဲ့လူ တူတယ်ဆိုရင် ဘာလို့ နှင်းပွင့်တွေက လူ့ဘာသာစကားနဲ့ စကား မပြောကြတာလဲ"
ကျိကျန်းက ကျိယွမ်၏ လက်ထဲမှနှင်းပွင့်လေးကို ကြည့်ကာ စိတ်မကောင်းသလို ဖြေသည်။
"ဖြစ်နိုင်တာက သူတို့မှာ ပါးစပ် မရှိလို့ပါ"
"တကယ်လား"
"ဟုတ်ဖို့များပါတယ်"
ယခုအခါမှာတော့ ကျိကျန်းက သိပ်မသေချာစွာ ပြန်ဖြေသည် ။
ထိုအချိန်မှာပင် နှင်းကျခြင်းက ပို၍ သည်းထန်လာခဲ့သည် ။
တစ်ချိန်တည်းမှာပင် ကျိယွမ်၏အရှိန်အဝါ သည်လည်း မည်သူမှ သတိမထားမိဘဲ တိတ်ဆိတ်စွာ ပြောင်းလဲနေသည် ။
သို့သော် သူ၏ပြောင်းလဲမှုကို မည်သူမျှ မမြင်နိုင်ခဲ့ပါ၊ မလှမ်းမကမ်းမှ တဲနန်းဆောင်ထဲတွင်ရှိနေသော အဖြူရောင်ဝတ်ရုံယင်နတ်ဘုရားပင် မသိခဲ့ချေ။
ကျိကျန်းကျွင်းတစ်ဦးတည်းကသာ တစ်ခုခုက ထူးဆန်းနေသည်ကို သတိထားမိသည် ။
သူမသည် ထူးခြားသော အမူအရာဖြင့် ကျိယွမ်ကို ကြည့်လိုက်သည် ။
သူမက သိချင်စိတ်ဖြင့် ကျိယွမ်အနီးသို့ ကပ်သွားလိုက်သောအခါ သူမ၏ ခန္ဓာကိုယ်အတွင်းရှိ နတ်စွမ်းအင်များ သိသိသာသာတိုးလာသည်ကို ခံစားရပြီး သူမ၏ နတ်အပေါက်များ ပွင့်သည့် အရှိန်သည်လည်း မြန်ဆန်လာ၏ ။
သို့သော် ကျိယွမ်ကတော့ အချိန်အတန်ကြာအထိ ထိုအတိုင်းသာငြိမ်နေခဲ့ပြီး သူ၏လက်ထဲတွင် နှင်းပွင့်တစ်ပွင့်ကို ဆုပ်ကိုင်ထားဆဲရှိသည်။
သူသည် နှင်းပွင့်ကို တည်ငြိမ်စွာ ကြည့်လိုက်ပြီး ညင်သာစွာစကားဆိုသည်။
"ပါးစပ်"
နှင်းပွင့်ပေါ်၌ အလွန်သေးငယ်ပြီး သတိမထားမိလောက်သော ပါးစပ်လေးတစ်ခု ပေါ်လာခဲ့သည် ။
ကျိယွမ်က သဘောကျသလို ခေါင်းညိတ်သည်။
"ဒီနှင်းပွင့်မှာ ပါးစပ် ရှိသွားပြီဆိုတော့ စကားပြောနိုင်သင့်ပြီ မဟုတ်လား"
"နှင်းပွင့်လေးရေ၊ တစ်ခုခု ပြောလိုက်"
အဝေးမှ စောင့်ကြည့်နေသော ကျန်းယာမှာ ရယ်မောလုနီးပါး ဖြစ်သွားသည်။
သွေးဝတ်စုံဓားနတ်ဘုရားက နှင်းပွင့်တစ်ပွင့်ကို ပါးစပ်ပေးလိုက်ရုံနဲ့ စကားစပြောလိမ့်မယ်ဟု ထင်နေတာလား။
ကျိယွမ်သည် သူမထင်ထားသလို နှင်းပွင့်၌ ပါးစပ်ပေါက်လာစေရန် စွမ်းရည်တစ်မျိုးမျိုးကို အသုံးပြုနေခြင်း မဟုတ်ကြောင်းကို တော့ သူမ မသိခဲ့ပေ ။
ကျိယွမ်သည် ကောင်းကင်ဘုံတာအို၏ စွမ်းအားကို အသုံးပြုနေခြင်းပင်။
မကြာမီလေးကပင် သူသည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ ကောင်းကင်ဘုံတာအိုကို အပြည့်အဝ ထိန်းချုပ်နိုင်ခဲ့သည် ။
ယခုအချန်တွင် သူသည်ကြောက်မက်ဖွယ်ကောင်းလောက်အောင် အစွမ်းထက်သည် ။
ကျိယွမ်သည် နားမလည်သော အမူအရာဖြင့် နှင်းပွင့်ကို ကြည့်လိုက်သည် ။
သူက ကောင်းကင်ဘုံတာအို၏ စွမ်းအားကို အသုံးပြုပြီး ၎င်းကို ပါးစပ်ပေးကာ စကားပြောရန် အမိန့်ပေးခဲ့သော်လည်း နှင်းပွင့်သည် အရင်ကအတိုင်း တိတ်ဆိတ်နေဆဲရှိနေ၏။
ကျိကျန်းက အကြံပြုလိုက်သည်။
"ဖြစ်နိုင်တာက သူ့မှာ ဦးနှောက် မရှိလို့ ဘယ်လို စကားပြောရမယ်မှန်း မသိတာနေမှာ"
"ဦးနှောက်လား"
ကျိယွမ်က ထိုစကားသည် ဖြစ်နိုင်၏ဟု ယူဆသည်။
နှင်းပွင့်အတွင်း၌ သေးငယ်သော ဝက်ဦးနှောက်လေးတစ်ခု ပေါ်လာပြီး အလွန်ဆန်းကြယ်နေသည် ။
ထိုအရာကို မြင်သောအခါ ရယ်ချင်နေခဲ့သော ကျန်းယာသည် လုံးဝထိတ်လန့်သွားသည်။
"လေထဲကနေ အသက်ကို ဖန်တီးလိုက်တာလား၊ဒါ...ဒါက မဟာအုပ်စိုးရှင်တောင်မှ မလုပ်နိုင်တဲ့ အရာပဲ"
"ဟုတ်လို့လား"
ကျိယွမ် မယုံသလိုမေးရင်းမှ အနည်းငယ် စိတ်ပျက်သလို ခံစားရသည် ။
သူသည် ဤကမ္ဘာ၏ ကောင်းကင်ဘုံတာအို ဖြစ်လာခြင်းအားဖြင့် ကမ္ဘာကြီးသည် သူ၏အပိုင်ဖြစ်လာလိမ့်မည်ဟု တွေးခဲ့သည် ။
ထိုအခါ သူသည် ဂိမ်းဖန်တီးသူတစ်ဦးကဲ့သို့ ဖိုင်များကို ဖျက်နိုင်၏ ။ ဂိမ်းဇာတ်ကောင်များကိုလည်း ကြိုက်သလိုဖန်တီးနိုင်ပြီး အချိန်ကိုပါ လိုသလို ပြန်ရစ်နိုင်လိမ့်မည်ဟု ယုံကြည်နေခဲ့သည်။
သို့သော်..လက်တွေ့တွင် ထိုသို့. မဖြစ်နိုင်ခဲ့ပေ ။
သူသည် ဝမ်းယုကုန်းမြေတိုက်ကြီးကို အချို့သော စည်းမျဉ်းများအတွင်း၌သာ ပြောင်းလဲနိုင်စွမ်းရှိသည်ကို တွေ့ခဲ့ရ၏။
သူက ကောင်းကင်တာအို ဖြစ်နေသော်ငြားလည်း သူ့ကိုစောင့်ကြည့်နေသည့် ပိုမိုမြင့်မားသော စွမ်းအားတစ်ခု ရှိနေသကဲ့သို့ သူခံစားရလေသည်။
ထိုအချိန်မှာပင် တဲနန်းဆောင်ထဲမှ ယင်နတ်သမီးက စိုးရိမ်သောမျက်နှာဖြင့် ကန်အနီးသို့ ပြေးလွှားလာ၏။
"ပုရောဟိတ်မယ်တော် ၊ ဒီမိုရာမျိုးနွယ်ရဲ့ စစ်တပ်အင်အားက အများကြီးတိုးပွားလာပြီတဲ့၊ဒီပုံဆိုရင် သုံးလအတွင်းသူတို့ဟာ ကျွန်မတို့ရဲ့ တံခါးဝကိုရောက်လာပါလိမ့်မယ်၊ ဒီမိုရာမျိုးနွယ်ရဲ့ ယင်နတ်ဘုရားတွေကလည်း လှုပ်ရှားလာတော့မှာပါ "
"မယ်တော် ..ကျေးဇူးပြုပြီး တည်နေရာရွှေ့ပြောင်းအစီအရင်ကို အသက်သွင်းဖို့ ပြင်ဆင်ပေးပါ"
သူမ၏စကားကြောင့် အနီးအနားတွင်ရှိနေသူများ ထိတ်လန့်သွားကြသည်။
ယင်နတ်ဘုရားအဆင့်ရှိသူကပင် ဤမျှကြောက်ရွံ့နေလျှင် သူတို့က နေရာပင်မရှိတော့ပေ။
ဒီမိုရာမျိုးနွယ်က အင်အားအပြည့်နဲ့လှုပ်ရှားပြီပေါ့။
ယင်နတ်ဘုရားများကလည်း ရောက်လာတော့မည် ။
သူတို့တွင် အချိန်သုံးလသာ ကျန်ပါတော့သည်။
"သုံးလလား"
ကျိယွမ်က အံ့အားသင့်သလိုရေရွတ်သည် ။
အဖြူရောင်ဝတ်စုံ အမျိုးသမီးက ကျိယွမ်ကို အားကိုးတကြီးလှမ်းကြည့်လိုက်၏။
မာနကြီးကာ အာဏာပြင်းသောပုရောဟိတ်မယ်တော်သည် ထိုသူနှင့်တွေ့လျှင် ကလေးတစ်ယောက်လို ပြောသမျှ ခေါင်းညိတ်နေတတ်သည်ကို သူမသဘောပေါက်ပါသည် ။
"ဟုတ်တယ် ငါတို့မှာ သုံးလပဲ ကျန်တော့တယ်"
သူမက ကျိယွမ်အား ပုရောဟိတ်မယ်တော်ကို တိုက်တွန်းပေးစေချင်မိသည်။
ကျိယွမ်က စိတိပျက်သလို ခေါင်းခါ၏။
"သုံးလက အရမ်း ကြာလွန်းတယ် ။ ဒီလူတွေက အရမ်း နှေးတာပဲ ၊ ကိစ္စကြီးတွေကို မလုပ်နိုင်တာ အံ့သြစရာ မရှိပါဘူး၊ အီးလေးဆွဲနေကြတာကိုး"
ဒီမိုရာမျိုးနွယ်စုသည် ကြီးကျယ်ခမ်းနားသည့်အရာများကို လုပ်ဆောင်နိုင်စွမ်း မရှိသည်မှာ ရှင်းနေသည် ။
သူလို သာမန်ကျင့်ကြံသူလေးတစ်ယောက်ကပင် အလင်းနန်းတော်နှင့်ရင်ဆိုင်ရသောအခါ ရက်တစ်ရာအတွင်းဖျက်ဆီးမည့် စီမံကိန်းကိုချက်ချင်းရေးဆွဲခဲ့သည်။
သို့သော် ဒီမိုရာမျိုးနွယ်စုမှ ယင်နတ်ဘုရားများသည် ဝမ်ယုတိုက်ကြီး၏ တာအိုပိုင်ရှင်ကို တိုက်ခိုက်ရန် သူတို့၏ အချိန်များကို အေးအေးဆေးဆေး ယူနေကြသည် ။
မည်မျှ မိုက်မဲကြသနည်း။ ထိုသူများသည် ပါရမီကြောင့် မဟုတ်ဘဲ ၊ ကံစမ်းမဲပေါက်ပြီး ယင်နတ်ဘုရား ဖြစ်လာကြသူများပင် ဖြစ်တန်ရာသည်။
ကျိယွမ်၏ ကဲ့ရဲ့စကားများကို ကြားသော် အဖြူရောင်ဝတ်စုံအမျိုးသမီး မှင်တက်သွားသည် ။
သူမသည် အချိန်နည်းလွန်းမည်ကို စိုးရိမ်နေခဲ့သော်လည်း သွေးဝတ်စုံဓားနတ်ဘုရားက... ရန်သူများက အရမ်းနှေးသည်ဟု ညည်းညူနေ၏။
သူက အသက်ရှင်ရတာ ငြီးငွေ့နေပြီလား။
ကျိယွမ်သည် သူမ၏အမူအယာကို ဂရုမစိုက်ပေ ။ သူက ကျိကျန်းကျွင်း၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး ကျိကျန်းအား ကြည့်သည်။
"ရန်သူက နှေးနေတယ်ဆိုတော့ ငါကပဲ သူတို့ကို ကိုယ်တိုင် သွားရှာလိုက်တော့မယ် ။ တီးဝိုင်းအဖွဲ့ကို စုပါ ၊ ဒီနေ့ မင်းတို့ကို သံစဥ်ကောင်းကောင်းလေးတီးဖို့ ခေါ်သွားရမယ်"
ကျိကျန်းကျွင်း၏ မျက်နှာလေးသည် ဝမ်းသာအားရကာ ရွှင်လန်းသွားသည်၊။
"ဖေဖေ၊ ဒီမိုရာမျိုးနွယ်စုကို တိုက်ခိုက်တော့မလို့လား"
"ဟုတ်တယ်၊ ဒီကောင်တွေက ဗလာမပါကံစမ်းမဲနဲ့ ယင်နတ်ဘုရားဖြစ်လာတဲ့ကောင်တွေပဲ ၊ ဒီတော့ မြေသြဇာကို ဥယျာဉ်ထဲ ပစ်ချရမယ့် အချိန်ရောက်ပြီ"
ကျိယွမ်က အလေးအနက် ပြန်ဖြေသည် ။
သူကသာ ယင်နတ်ဘုရားတော်တော်များများကို သတ်နိုင်လျှင် သူ၏ ဂိမ်းအိုင်ကွန်သည် အပြည့်အဝလော့ခ်ပွင့်သွားလိမ့်မည်။
ထို့အပြင် သူသည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ ကောင်းကင်ဘုံတာအို ဖြစ်လာခဲ့ပြီဖြစ်သောကြောင့် ရန်သူများကို ကိုင်တွယ်ရမည့် အချိန်ရောက်လာခဲ့လေပြီ။
ဒီတစ်ခါတော့ သူသည် တခြားမည်သူ့ကိုမျှ အားကိုးမည် မဟုတ်တော့ပါ။
နင်းထောင်ကိုသတိရသော်လည်း ကျိယွမ်က သူ၏ကိုယ်ပိုင်ခွန်အားကိုသာ အားကိုး၏။
"ဒီမိုရာနွယ်စုရဲ့ ယင်နတ်ဘုရားတွေကို တကယ် တိုက်ခိုက်ဖို့ စိတ်ကူးနေတာတော့ မဟုတ်ပါဘူးနော်"
အဖြူရောင်ဝတ်စုံ အမျိုးသမီးသည် အလွန်အမင်း စိုးရိမ်နေပုံရသည်။
ယင်နတ်ဘုရားဖြစ်လာရန် သူမဖြတ်သန်းခဲ့ရသော အတွေ့အကြုံများကပင် ဤစကားများလောက် ဆန်းကြယ်ကာ ထိတ်လန့်ဖွယ်မကောင်းခဲ့ပေ။
"ဟုတ်တယ်လေ"
"ရှင် သွားမယ်ဆိုရင် အနည်းဆုံး ယင်နတ်ဘုရားလေးပါးနဲ့ ရင်ဆိုင်ရလိမ့်မယ် ။ ကျေးဇူးပြုပြီး မသွားပါနဲ့၊ အထူးသဖြင့်... ပုရောဟိတ်မယ်တော်ကို မခေါ်သွားပါနဲ့"
အဖြူရောင်ဝတ်စုံ အမျိုးသမီးက တောင်းဆိုလိုက်သည် ။
ပုရောဟိတ်မယ်တော်သေဆုံးသွားလျှင် လအင်ပါယာက အဆုံးသတ်သွားပါလိမ့်မည် ။
တည်နေရာကူးပြောင်းအစီအရင်ကိုလည်း အသက်သွင်းနိုင်တော့မည် မဟုတ်ပေ ။
ထိုသို့ဖြစ်လျှင် သူမသည်လည်း ကပ်ဘေးဆိုးကြီးမှ လွတ်မြောက်နိုင်မည် မဟုတ်တော့ပါ။
"ဖေဖေ့ကို ငါယုံကြည်တယ်၊ ငါသေချာပေါက် သွားမှာ"
ကျိကျန်းကျွင်း၏ လေသံက ယုံကြည်မှုနှင့်အတူ အာဏာအရှိန်အဝါပါ၏။
အဖြူရောင်ဝတ်စုံအမျိုးသမီးသည် သူတို့ကို ဆွဲဆောင်နိုင်မည် မဟုတ်ကြောင်းကို သဘောပေါက်သွားခဲ့သည်။
သူမသည် သွေးဝတ်စုံဓားနတ်ဘုရားအပေါ် တော်တော်လေး ဒေါသမျက်သွား၏ ။
အဖေတစ်ယောက်က ဒီလိုလုပ်သင့်သလား။
သူသည် သူ့သမီး၏ ဘေးကင်းလုံခြုံရေးကို လုံးဝ ဂရုမစိုက်ခဲ့ပေ ။
"ပုရောဟိိတ်မယ်တော်သွားမယ်ဆိုလျှင် ကျွန်မလည်း လိုက်ခဲ့ပါမယ်"
အဖြူရောင်ဝတ်စုံအမျိုးသမီးသည် မတတိသာသည့်အဆုံး အံကြိတ်ကာ လောင်းကြေးတစ်ခုကို ရွေးချယ်လိုက်ရသည် ။
"ခင်ဗျားက ကျွန်တော့်ရဲ့ တီးဝိုင်းအဖွဲ့ထဲက မဟုတ်ဘူး၊ ကျွန်တော့်သမီးလည်း မဟုတ်ဘဲနဲ့ ဘာလို့ လိုက်ချင်တာလဲ"
ကျိယွမ်သည် အဖြူရောင်ဝတ်စုံ အမျိုးသမီးကို ထူးဆန်းစွာ ကြည့်လိုက်သည်။
"ခင်ဗျားက ပုစွန်ခေါင်းမလေး ဖြစ်ချင်တာလား"
အဖြူရောင်ဝတ်စုံ အမျိုးသမီးမှာ စကားမပြောနိုင် ဖြစ်သွားလေသည် ။
ဟိုတစ်နေ့ကတွေ့တုန်းကတော့ ငါ့ကို သူဌေးမကြီးလို့တောင်ခေါ်ပြီး အခုကျတော့
ပုစွန်ခေါင်းမလေးတဲ့လား။
သူမမှာ ကူကယ်ရာမဲ့သလို ခံစားရသည် ။ ထိုသူက လိုတမျိုး မလိုတမျိုး အမျိုးမျိုးဖြစ်ပုံရသည်။
"ခင်ဗျားလိုက်ချင်ရင် ကျွန်တော့်ရဲ့ တီးဝိုင်းအဖွဲ့ထဲ ဝင်ပြီး ဆိုနာတီးပါ ။ မဟုတ်ရင် မရဘူး"
ကျိယွမ်က သတ်မှတ်ပေးလိုက်သည် ။ သူသည် လူပိုများကို ခေါ်သွားရန် စိတ်ကူးမရှိပါ။
အဖြူရောင်ဝတ်စုံ အမျိုးသမီး၏မျက်နှာ မှောင်မည်းသွားလေသည်။
သူမသည် သာမန်လူမဟုတ်ပါ ။ ကုန်းမြေတိုက်ကြီးများတွင်ပင် မော်ကြည့်ဝံ့သူမရှိသော ယင်နတ်ဘုရားတစ်ပါးဖြစ်၏။
သူမဘဝတွင် ယခုလို အရှက်ရမှုကို ဘယ်တုန်းကမှ မခံခဲ့ရဖူးပေ ။
သို့သော် တစ်ဖက်လူတွင် ယင်နတ်ဘုရား ဇနီးနှစ်ဦးနှင့် ယင်နတ်ဘုရားသမီးတစ်ဦး ရှိသည်ကို တွေးလိုက်သောအခါ သူမက သည်းခံရုံသာရှိသည် မဟုတ်ပါလား။
သို့သော် သူမနားမလည်နိုင်လည်း ဖြစ်ရသည်။
ကောင်းကင်ဘုံက နတ်သမီးတွေက ဒီလိုမောက်မာပြီး ရူးသွပ်နေနဲ့သူမျိုးကို ဘာလို့များနှစ်သက်နေပါလိမ့်။
"ကောင်းပါပြီ"
အဖြူရောင်ဝတ်စုံအမျိုးသမီးသည် နောက်တစ်ကြိမ် အံကြိတ်မိပြန်၏။
ကျိယွမ်က ကျေနပ်စွာ ပြုံးလိုက်သည်။
"အရမ်းကောင်းသွားပြီ "
နောက်ဆုံးတော့ သူသည် ယင်နတ်ဘုရားတစ်ပါးကို သူ့အတွက် ဆိုနာတီးရန် ဆွဲဆောင်နိုင်ခဲ့လေပြီ။
သူ၏ အဆင့်အတန်းက သေချာပေါက် မြင့်တက်လာသည့်သဘောပင်။
"အားလုံး အဆင်သင့် ဖြစ်ပြီလား"
အမွှေးတိုင် တစ်တိုင်စာလောက် ကြာပြီးနောက် ကျိယွမ်သည် သူ၏နောက်ရှိ တီးဝိုင်းအဖွဲ့ဝင်များကို ကြည့်လိုက်သည် ။
ထိုအခါ ကျန်းယာပင် တုရိယာတစ်ခုကို ကိုင်ဆောင်ထားသည်ကို တွေ့လိုက်ရသောအခါ သူ အံ့အားသင့်သွားသည် ။
သူသည် ကျိကျန်းကျွင်း၏ လက်သေးသေးလေးကို ဆုပ်ကိုင်လိုက်ပြီး ပြောလိုက်သည်။
"နင့်ကို ဆိုနာတီးခိုင်းတာ၊ ဗျပ်စောင်းမဟုတ်ဘူး"
ကျန်းယာသည် ခဏတာမျှ တောင့်တင်းသွားပြီးနောက် သူမ၏ သိုလှောင်အိတ်ထဲမှ ဆိုနာတစ်ခုကို ထုတ်ယူသည်။
သူမက ရှက်ရှက်နှင့် ဝန်ခံ၏။
"ကျွန်မ မှားပြီး ထုတ်မိသွားတာ"
ကျိယွမ်က သူမအားလျစ်လျူရှုလိုက်သည်။
"အားလုံး အဆင်သင့် ဖြစ်ပြီဆိုတော့ သွားကြစို့"
ကျိယွမ်သည် သူ၏ အင်္ကျီလက်ကို ဝှေ့ယမ်းလိုက်ပြီး ကမ္ဘာ၏စည်းမျဉ်းများဖြင့် လူတိုင်းကို ဖုံးအုပ်လိုက်သည် ။
အားလုံးမှာ သူတို့၏အသက်များသည် သူတို့၏ ကိုယ်ပိုင် ထိန်းချုပ်မှုအောက်တွင် မရှိတော့သကဲ့သို့ ခံစားလိုက်ရပြီး တုန်လှုပ်ကုန်လေ၏။
ဆိုနာတီးမှုတ်နေသော အဖြူရောင်ဝတ်စုံ အမျိုးသမီးသည် မယုံကြည်နိုင်စွာ မျက်လုံးများ ပြူးသွားခဲ့သည် ။
သွေးဝတ်စုံဓားနတ်ဘုရားက သူ၏အင်္ကျီလက်စကို ဝှေ့ယမ်းလိုက်ရုံဖြင့် သူမ လုံးဝ ခုခံနိုင်ခြင်းမရှိခဲ့ဘဲ သာမန်ကျင့်ကြံသူတစ်ဦးကဲ့သို့ အားနည်းသည်ဟု ခံစားခဲ့ရသည် မဟုတ်ပါလား။
သူမ အလွန်တုန်လှုပ်သွားသည် ။
သူမသည် ယင်နတ်ဘုရား ဖြစ်၏ ၊ နတ်စွမ်းအင်ရှိသော နတ်တစ်ပါး ဖြစ်သည် ။
သို့သော် အင်္ကျီလက်တစ်ချက် ဝှေ့ယမ်းရုံဖြင့် သွေးဝတ်စုံဓားနတ်ဘုရားသည် သူမကို ကလေးတစ်ယောက်ကဲ့သို့ ခံစားရစေခဲ့သည်၊ သူမ၌ ကျင့်ကြံခြင်းများ လုံးဝ မရှိတော့သကဲ့သို့ပင် ။
ဒါကဘယ်လိုနည်းစနစ်လဲ။
ကြောက်မက်ဖွယ်ကောင်းသော အတွေးတစ်ခု သူမ၏ စိတ်ထဲ ဖြတ်သန်းသွားသော်လည်း ယုံကြည်ရန်တော့ သူမ သတ္တိမရှိခဲ့ပေ ။
....................
ချောက်ကမ်းပါးကြီးတစ်ခုထဲတွင် ဒီမိုရာမျိုးနွယ်စု နေထိုင်ကြသည် ။
ယခုအချိန်၌ သာမန်အချိန်များထက် အဆများစွာ ပို၍ကြောက်မက်ဖွယ်ကောင်းသော ပုံရိပ်များစွာ စုဝေးနေ၏။
ယခုမြင်ကွင်းကိုသာ အခြားသူများ မြင်သွားလျှင်ထိတ်လန့်လွန်း၍ နေစရာပင် ရှိမည်မဟုတ်ပါ။
ယင််နတ်ဘုရားများ စုဝေးနေကြသည် မဟုတ်ပါလား။
၄င်းတို့၏ အရှိန်အဝါကြောင့် ချောက်ကမ်းပါးတစ်ခုလုံးရှိ ကမ္ဘာ၏ စည်းမျဉ်းများပင် မတည်မငြိမ် ဖြစ်နေပုံရသည် ။
ယဲ့ချုံးက ကလေးဆန်သော အသံဖြင့်ပြောလိုက်သည်။
"မိုကျွင်း အကြီးအကဲ၊ ဒီ ပူးပေါင်းမှုမှာ ကျွန်တော်ရော ကရုဏာနတ်သမီးရောက
ကောင်းကင်ဖြတ်ကျော် ဒုတိယအဆင့်နတ်ဘုရားကို မကိုင်တွယ်နိုင်ပါဘူး၊ ကျွန်တော်တို့က သွေးဝတ်စုံဓားနတ်ဘုရားကို ဖမ်းဖို့နဲ့ အစီအရင်ကို အသက်မဝင်အောင် တားဆီးဖို့ပဲ ကူညီနိုင်ပါတယ်"
ကရုဏာနတ်သမီးက ယဲ့ချုံး၏ဘေးတွင် ရပ်နေပြီး သူတို့ရှေ့၌ မတ်တပ်ရပ်နေသော ခရမ်းရောင်ပုံရိပ်ကို လှည့်စားတတ်ပြီး ဆွဲဆောင်မှုရှိသော မျက်လုံးများဖြင့် ကြည့်လိုက်သည် ။
ထိုပုံရိပ်သည် ကောင်းကင်ဖြတ်ကျော် ဒုတိယအဆင့်သို့ရောက်နေသော မိုကျွင်းအုပ်စိုးရှင်ဖြစ်လေသည်။
အဆင့်သုံးသို့တတ်ရောက်ရန် အနည်းငယ်သာလိုတော့သည့်သူဆိုလျှင်လည်း မမှားပါ။
"ငါ့ရဲ့ ညီလေးကို သတ်ဝံ့ခဲ့တဲ့သူတိုင်း ကို သေဒဏ်ပေးရမယ် ။ ဒုတ်ယအဆင့် ယင်နတ်ဘုရားလည်း သေချာပေါက် သေဆုံးရမယ် ၊ မင်းတို့ လက်ညှိုးတစ်ချောင်းတောင် လှုပ်စရာ မလိုပါဘူး"
မိုကျွင်း၏ အသံသည် နက်ရှိုင်းပြီး ခိုင်မာသော ယုံကြည်ချက်ဖြင့် ပြည့်နေ၏ ။
"ဒီနေ့ လနတ်ဘုရားကိုယ်တိုင်ဆင်းသက်လာရင်တောင် သူတို့ကို ကယ်တင်နိုင်မှာ မဟုတ်ဘူး"
သူသည် ထိုသို့ပြောလိုက်သော်လည်း နည်းနည်းများသွားမှန်းတော့ သူ့ကိုယ်သူ သိလေ၏။
မိုကျွင်းသည် မဟူရာနတ်ဆိုး ချောက်ကမ်းပါးကို အစေခံသည် ။
သူ၏ခွန်အားသည် ဤနေရာ၌ ဆရာကြီးဖြစ်နေသော်လည်း မဟူရာနတ်ဆိုး ချောက်ကမ်းပါးမှာတော့ ဘာမှမဟုတ်သော လူတစ်ယောက်သာ ဖြစ်ပြီး မဟူရာနတ်ဆိုး အကြီးအကဲကိုပင် တွေ့ဖူးခြင်းမရှိပါ။
"ဒါနဲ့..သွေးဝတ်စုံဓားနတ်ဘုရားက ကန်းလန်နယ်မြေမှာ ယဲ့ချုံးအုပ်စိုးရှင်ကို စိန်ခေါ်ခဲ့တယ်လို့ ငါ ကြားဖူးတယ် ၊ ဟုတ်လား"
ဒီမိုရာမျိုးနွယ်စုမှ အခြားသောယင်နတ်ဘုရားတစ်ပါးက လှောင်ပြောင်သော မျက်လုံးများဖြင့် ပြောလိုက်သည် ။
"ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်က အရှက်ရစေတာ ဘယ်လို ခံစားရလဲ"
သူက လှောင်ပြောင်နေသော်လည်း ယဲ့ချုံး၏ အမူအရာက မပြောင်းလဲပေ။
သူက ကလေးဆန်သော အသံဖြင့် တည်ငြိမ်စွာ တုန့်ပြန်သည်။
"မိန်းမတွေကို အားကိုးတဲ့ ကျင့်ကြံသူတစ်ယောက်ကို စကားထဲတောင်ထည့်ပြောနေဖို့ မလိုပါဘူး"
မိုကျွင်းက ခေါင်းခါ၏။
"ငါ့ကိုသာ မဟာအုပ်စိုးရှင်နတ်သမီးတစ်ပါး သဘောကျရင် သူ့လိုပဲလုပ်မှာပဲ။"
ယဲ့ချုံးက ထိုစကားကိုတုန့်ပြန်ရန် ပြင်လိုက်စဥ်မှာပင် ဝမ်းနည်းဖွယ်ကောင်းသော စျာပနတေးသွားတီးခတ်သံက ချိုင့်ဝှမ်းထဲ၌ ရုတ်တရက် ထွက်ပေါ်လာသည် ။
ထိုနေရာတွင်ရှိနေသော ယင်နတ်ဘုရားခြောက်ပါးလုံး၏ အမူအရာများ ပြောင်းလဲသွားကြသည် ။
မိုကျွင်းနှင့်ဒီမိုရာမျိုးနွယ်မှ ယင်နတ်ဘုရားများက အချင်းချင်းကြည့်ကာ ထူးဆန်းနေသည်။
ထိုအရာမျိုးကို သူတို့ကမကြုံတွေ့ဖူးသဖြင့် နားမလည်ကြပေ။
"ဒါက..."
ယဲ့ချုံး၏မျက်နှာမှာ သိသိသာသာပြောင်းလဲသွားသည် ။
သူသည် သွေးဝတ်စုံဓားနတ်ဘုရားအကြောင်း ကြားဖူးသည် ။
ကန်းလန်နယ်မြေတွင် ဆိုနာတေးသံ ကြားရလျှင် သွေးဝတ်စုံဓားနတ်ဘုရား သတ်ဖြတ်မှု စတင်မည့် အချိန်မဟုတ်ပါလား။
ဒါပေမဲ့ ဒါက ဝမ်ယုကုန်းမြေတိုက်လေ၊ ဆိုနာတီးသံက ဘယ်လိုလုပ် ရှိနေတာလဲ။
ဘေးအန္တရာယ်ဟူသောခံစားချက်ကို သူ၏နတ်ဘုရားအာရုံက ရေးတေးတေးရနေသလိုပင်။
စုဝေးနေသော ယင်နတ်ဘုရားများအားလုံး အနည်းငယ် ဒေါသထွက်လာကြသည်။
အဆုံးမဲ့ နတ်စွမ်းအင်များ ထွက်ပေါ်လာပြီး အသံလာရာပင်ရင်းကို ရှာဖွေရန် တောင်တန်းတစ်ခုလုံးကို ဆုတ်ဖြဲပစ်တော့မလို လွှမ်းခြုံသွား၏။
"ဘယ်သူလဲ ၊ ပုန်းမနေနဲ့"
မိုကျွင်းက နတ်ဘုရားစွမ်းအင်ကိုသုံးကာ အော်ဟစ်သဖြင့် တောင်တန်းကြီးများပင် သိမ့်သိမ့်တုန်မလို ပြင်းထန်သွားခဲ့သည်။
သို့သော် သူတို့သည် အသံ၏ပင်ရင်းကို ရှာမတွေ့နိုင်ခဲ့ကြပါ။
"မင်းတို့ရဲ့ အမေတွေက တခြားသူတွေအကြောင်း ကွယ်ရာမှာ မကောင်း မပြောရဘူးလို့ မသင်ပေးခဲ့ဘူးလား"
ငေါက်ငမ်းသောအသံတစ်ခုသည် ရုတ်တရက် ချောက်ကမ်းပါးတစ်ခုလုံး ပဲ့တင်ထပ်လာ၏ ။
"ဪ၊ ငါ မှားသွားတယ်၊ မင်းတို့မှာ အမေတွေ မရှိတော့ဘူး ပဲ။ သူတို့ သေသွားတာ ကြာပြီ"
အသံဆုံးသည်နှင့် လူပေါင်းငါးဆယ်ကျော်ပါဝင်သည့် အဖွဲ့တစ်ဖွဲ့သည် ယင်နတ်ဘုရားခြောက်ပါး ရှေ့တွင် ချက်ချင်းပေါ်လာ၏။
သူတို့ကို ဦးဆောင်လာသူမှာ သွေးနီရောင် ဝတ်ရုံ ဝတ်ဆင်ထားသော ကျိယွမ် ဖြစ်သည် ။
သူသည် သားရဲများကြားတွင် ထူးခြားနေသော ယဲ့ချုံးနှင့် ကရုဏာနတ်သမီးတို့ကိုမြင်သောအခါ အံ့သြသွားလေ၏။
"ဪ၊ ဒီမှာ လူသားတွေလည်း ရှိသေးတာလား"
ယဲ့ချုံးက မျက်မှောင်ကြုတ်လိုက်သည်။
"သွေးဝတ်စုံဓားနတ်ဘုရား၊ မင်းကလည်း ယင်နတ်ဘုရားလား"
သာမန်ကျင့်ကြံသူများက ယင်နတ်ဘုရား ၆ ပါး၏ နတ်ဘုရားအာရုံကို ဖုံးကွယ်ကာ ယခုလိုရုတ်တရက် ထွက်လာနိုင်ရန် မဖြစ်နိုင်ပေ။အထူသဖြင့် နိမ့်ကျသော လူအပိုများစွာကိုပါ ခေါ်လာနိုငိရန်ဖြစ်သည်။
ထိုသူသည် ယင်နတ်ဘုရား ဖြစ်သည်မှာ သံသယ ဖြစ်ဖွယ်မရှိပေ ။
မိုကျွင်းသည်လည်း သံသယများဖြင့် ပြည့်နှက်နေသည် ။
ယင်နတ်ဘုရား ခြောက်ပါးနှင့် ရင်ဆိုင်ရသော်လည်း ရန်သူသည် ထွက်မပြေးသည့်အပြင် အိမ်ခြံဝိုင်းထဲအထိ တည့်တည့်ဝင်လာ၏။
သူတို့က သေခြင်းကို ရှာနေတာလား။
အကြောင်းပြချက်က နှစ်ခုသာ ရှိသည် ။
ပထမတစ်ခုမှာ ထိုသူသည် အရူး ဖြစ်၏။
ဒုတိယတစ်ခုမှာ ထိုသူ၌ လျှို့ဝှက်ကတ်တစ်ခု ရှိနေသည် ။
မိုကျွင်းသည် ထိုသို့တွေးမိသည်နှင့် ပတ်ဝန်းကျင်ကို သေသေချာချာစစ်ဆေးလိုက်၏။
မည်သို့ပင်ဆိုစေကာမူ ကောင်းကင်ဖြတ်ကျော် ဒုတိယအဆင့်ဟူသည် ပေါ့ဆ၍မရသော ရန်သူမဟုတ်ပါလား။
မိုကျွင်းက သတိအပြည့်ထားနေသော်လည်း သူက တည်ငြိမ်စွာပြောလိုက်၏။
"မင်းတို့အားလုံး ဒီကို ရောက်လာပြီဆိုတော့ တစ်ခါတည်းနဲ့ အကုန်ရှင်းပစ်ရုံပေါ့ ၊ ယဲ့ချုံးအရှင်နဲ့ကရုဏာနတ်သမီး.... သဘောတူထားတဲ့အတိုင်း သွေးဝတ်စုံဓားနတ်ဘုရားကို မင်းတို့ ကိုင်တွယ်လိုက်"
ယဲ့ချုံးနှင့် ကရုဏာရှင်နတ်သမီးတို့၏ မျက်ခုံးများ တွန့်ချိုးသွားသည် ။
ထိုကိစ္စက သွေးဝတ်စုံဓားနတ်ဘုရားသည် ခရမ်းရောင်နန်းတော်အဆင့်ဖြစ်သည်ဟု ယူဆခဲ့သောအခါက သဘောတူညီချက် ဖြစ်သည် ။
သို့သော် ယခု... သူတို့ရှေ့မှရန်သူသည် ခရမ်းရောင်နန်းတော်အဆင့် မဟုတ်ဟု သံသယရှိလာခဲ့လေပြီ။
သူတို့ ထိုတာဝန်ကို ငြင်းချင်လာသည် ။
ကျိယွမ်က သူတို့အဖွဲ့အားကြည့်ကာ စိတ်ပျက်သွားသည်။
"မင်းတို့ ဘာမှဖြစ်ဖြစ်မြောက်မြောက်မရှိတာ အံ့သြစရာ မဟုတ်ဘူး ။ လူသတ်တဲ့အခါမှာတောင် အရမ်း တွန့်ဆုတ်နေတယ် ။ ဒါပေမဲ့ စိတ်မပူနဲ့ ၊ ဒီနေ့ ငါက မင်းတို့ကို ဘယ်လို မှန်မှန်ကန်ကန် သတ်ရမယ်ဆိုတာ သင်ပေးမယ် ၊ တစ်ခုတော့ ရှိတယ်နော် ၊ ဒါအတွက်ကြောင့် ငါ့ကို ချစ်မိသွားတာမျိုးတော့ မလုပ်ကြနဲ့"
ကျိယွမ်သည် စကားနှင့်အတူ သူ၏ လက်ညှိုးကို ဆန့်ထုတ်လိုက်သည် ။
သူသည် ယင်နတ်ဘုရား ခြောက်ပါးကို လက်ညှိုးထိုးပြီး ညင်သာစွာ ပြောလေ၏။
"ဘုရားသခင်က ပြောတယ်၊ မင်းတို့က တခြားသူတွေအကြောင်း ကွယ်ရာမှာ အတင်းအဖျင်း ပြောဆိုမှုအတွက် အပြစ်ရှိတယ်တဲ့"
ကျိယွမ် ထိုသို့ပြောလိုက်သည်နှင့် သူတို့ ပတ်ဝန်းကျင်ရှိ ကမ္ဘာကြီးက ချက်ချင်း ပြောင်းလဲသွားသည် ။
နက်နဲလှသော ကမ္ဘာမြေ၏ စည်းမျဉ်းများသည် ယင်နတ်ဘုရား ခြောက်ပါးကို တိုက်ရိုက် တိုက်ခိုက်ကြ၏ ။
ယင်နတ်ဘုရား ၆ ပါး၏ အမူအရာများ လုံးဝ ပြောင်းလဲသွားသည်၊
ဤကမ္ဘာ၏ ကောင်းကင်ဘုံတာအိုသည် နိုးထလာပြီး နယ်ပယ်တစ်ခုလုံး၏ အင်အားဖြင့် သူတို့ကို ဖိနှိပ်နေသည်ကို ခံစားလိုက်ကြရသည်။
သူတို့၏ နတ်ဘူရားအပေါက်များ ပိတ်ဆို့ခံရပြီး သူတို့၏ နတ်စွမ်းအင်များ မလည်ပတ်နိုင်တော့ပေ ။
မိုကျွင်း၏ မျက်လုံးများက ထိတ်လန့်လွန်း၍ ပြူးကျယ်သွားသည်။
"ဒါ...ဒါက နတ်ဘုရားနယ်ပယ်ကြီး ၊ မင်း ..မင်းက မဟာအုပ်စိုးရှင်တစ်ပါးပဲ"
ထိုသို့သောအစွမ်းသည် မဟာအုပ်စိုးရှင်တစ်ပါးကသာ အသုံးပြုနိုင်သော အရာဖြစ်၏။
မဟာအုပ်စိုးရှင်များကသာ နတ်ဘုရားနယ်ပယ်ကို စုစည်းနိုင်ပြီး သာမန်အုပ်စိုးရှင် များကို အလွယ်တကူ ဖိနှိပ်နိုင်သည် ။
ယဲ့ချုံးမှာ ကြောက်လန့်လွနိး၍ ခြေမကိုင်မိ လက်မကိုင်မိ ဖြစ်နေလေပြီ။
ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ။
သူကဘယ်လိုလုပ်ပြီး မဟာအုပ်စိုးရှင်တစ်ပါး ဖြစ်နိုင်မှာလဲ။
ရှက်ရှက်နှငိ့ လူအုပ်နောက်တွင် မထင်မရှားကွယ်နေရင်းမှ ဆိုနာတီးနေသော အဖြူရောင်ဝတ်စုံအမျိုးသမီးသည်လည်း ထိတ်လန့်တုန်လှုပ်လျှက် မျက်လုံးများ ပြူးသွားသည် ။
ယခုမြင်ကွင်းမျိုးကို သူမ လုံးဝ မျှော်လင့်မထားခဲ့ပါ။
ကျိယွမ်၏ အထက်စီးဆန်သောအသံက ဆက်လက်ထွက်ပေါ်လာသည်။
"ဘုရားသခင်က ပြောတယ်၊ တခြားသူတွေအကြောင်း ကွယ်ရာမှာ အတင်းအဖျင်း ပြောဆိုခြင်းဟာ ကြီးလေးသောအပြစ် ဖြစ်ပြီး သေဒဏ်စီရင်ခြင်း ခံရမယ် ။ သူကမင်းတို့ကို သေနတ်နဲ့ပစ်သတ်ဖို့ တစ်ယောက်ယောက်ကို မင်းတို့ဆီ လွှတ်လိုက်တယ်၊ ဒါကြောင့် အမိန့်ကို ချက်ချင်း လိုက်နာရမယ်"
ကျိယွမ်သည် သူ၏ လက်ချောင်းများကို သေနတ်ပုံစံပြုလုပ်ကာ ထိုခြောက်အား ဟန်ပါပါ ချိန်လိုက်ပြီး လက်ညှိုးကို ခလုတ်ဆွဲသလို ကွေး၏။
သိူ့သော် သူမျှော်လင့်ထားသလို အသံကထွက်မလာခဲ့ပါ။
ကျိယွမ် အနည်းငယ်ရှက်ရွံ့သလို ခံစားရပြီး သူ၏ ကိုယ်ပိုင်အသံနောက်ခံ ထည့်ပေးလိုက်သည် ။
"ဘန်း"
"ဘန်း"
ပါးစပ်သေနတ်သံ ခြောက်ချက် ထွက်ပေါ်လာပြီး ယင်နတ်ဘုရား ခြောက်ပါးသည် ခုခံနိုင်စွမ်း လုံးဝ မရှိဘဲ ကျိယွမ်၏ ပစ်သတ်ခြင်းကို ခံလိုက်ရသည် ။
အလွန် အစွမ်းထက်သော ယင်နတ်ဘုရားများသည် လက်ချောင်းလေးများပင် လှုပ်ခွင့်မရခဲ့ဘဲ သနားစရာကောင်းလောက်အောင် အပေါစားဆန်ဆန် သေဆုံးသွားကုန်၏။
အားလုံးသည် မယုံနိုင်စွာထိတ်လန့်တုန်လှုပ်နေကြသော်လည်း ဆိုနာကို ဆက်လက် တီးမှုတ်နေမိကြသည် ။
ကျိယွမ်သည် သူ၏လူများကို ကြည့်လိုက်ပြီး အလေးအနက် မှာကြား၏။
"တခြားသူတွေအကြောင်း ကွယ်ရာမှာ ဘယ်တော့မှ အတင်းအဖျင်း မပြောကြနဲ့ ၊ မဟုတ်ရင် သေနတ်နဲ့ ပစ်သတ်ခံရလိမ့်မယ် ။ ငါ ဒီလို သတိပေးစာကို တစ်ခါရဖူးတယ် ၊ ကြေက်လိုက်တာမှ သေမတတ်ပဲ"
အားလုံးမှာ နားမလည်သော်လည်း ပြန်မမေးရဲသဖြင့် တစ်ယောက်မျက်နှာတစ်ယောက်ကြည့်မိကြကုန်၏။
ငါတို့သူ့အကြောင်းများ တစ်ခုခုပြောမိကြသေးလား။
--------------