← Chapters

ဒါက ငါ့အိမ်လေ ၊ ဘယ်သူ့ကိုငှားမလဲဆိုတာ ငါပဲဆုံးဖြတ်မယ်

Vol. 13 Ch. 158

ဒါက ငါ့အိမ်လေ ၊ ဘယ်သူ့ကိုငှားမလဲဆိုတာ ငါပဲဆုံးဖြတ်မယ်

Vol. 13 Ch. 158

ယခုအချိန်၌ ပါရမီရှင်များသည် လက်ထဲ၌ပေါက်စီများကိုယ်စီဖြင့် အတွေးများနေကြသည်။

လင်ကျောင်းမှအပ ကျန်ပါရမီရှင်များသည် ကျိယွမ်ကို အပြင်ပန်းအားဖြင့် အနည်းငယ်တော့ ရိုသေလေးစားကြ၏။

ထိုသူသည် မည်သည့်ယင်နတ်ဘုရား၏လက်အောက်မှ ဆင်းသက်လာသူဖြစ်သည်ကို သူတို့အားလုံး အလွန်သိချင်နေသည်။

အရှေ့ပိုင်းဒေသတစ်ခုလုံးတွင်ပင် ယင်နတ်ဘုရား အနည်းငယ်သာ ရှိလေသည်။ထို့ကြောင့် သဲလွန်စတစ်ခုခုပေါ်သည်နှင့် သူတို့က မှန်းဆနိုင်လိမ့်မည်ဟု ယူဆနေကြ၏။

ထိုအချိန်တွင် အကြီးအကဲ ဖုန်းလန်ပေါ်လာပြီး နှပ်ချေးဖတ်နတ်သမီး ဟုအမည်ရနေသော ဖုန်းရွှဲ့နတ်သမီးသည်လည်း သူ၏နောက်မှ ကပ်လျက် လိုက်ပါလာခဲ့သည်။

သူမ၏ ဖြူဖွေးနုနယ်သောကျောက်စိမ်းလက်များအား လက်အိတ်ဖြူများ ဝတ်ဆင်ကာ ဖုံးကွယ်ထားရှာသည်။သူမ၏ စိတ်ဒဏ်ရာက ယခုအချိန်ထိ ပျေက်ကင်းသေးပုံမပေါ်ချေ။

ပါရမီရှင်များအားလုံးသည် ဖုန်းလန်ကို လေးစားစွာ နှုတ်ဆက်ကြသည်။

"ဖုန်းလန် အကြီးအကဲကို အရိုအသေပေးပါတယ်"

ဖုန်းလန်သည် ပါရမီရှင်များကို ခေါင်းညိတ်ပြပြီး ဝေ့ဝဲကြည့်လိုက်ရာ လိပ်ခွံကိုထမ်းထားသော ကျိယွမ်ကိုမြင်သောအခါ အနည်းငယ်တမျိုးဖြစ်သွား၏။

သူက တည်ငြိမ်စေပြီးနောက် လည်ချောင်းရှင်းကာ စတင်ပြောဆိုလိုက်သည်။

"သင်တို့အားလုံးသည် အရှေ့ပိုင်းဒေသရဲ့ ကုန်းမြေအသီးသီးက ပါရမီရှင်တွေဖြစ်သလို မင်းတို့ဂိုဏ်းတွေရဲ့တာဝန်ကို ထမ်းဆောင်ရတော့မှာလည်းဖြစ်တယ်။ ဒါကြောင့် ဝမ်ယုကုန်းမြေတိုက်ကြီးရဲ့ အခြေအနေကို အကျဉ်းချုပ် မိတ်ဆက်ပေးမယ်"

သူက လက်ကိုဝှေ့ယမ်းလိုက်ရာ ကျောက်စိမ်းပြား အချပ်နှစ်ဆယ်သည် ပါရမီရှင်များ၏ လက်ထဲသို့ ကျရောက်လာခဲ့သည်။

ထိုကျောက်စိမ်းပြားများတွင် ဝမ်ယုကုန်းမြေတိုက်ကြီးအကြောင်း အသေးစိတ်အချက်အလက်များ ပါဝင်နေသည်။

"လက်ရှိမှာ ငါတို့ကန်းလန်နယ်မြေ အပါအဝင် ဝမ်ယုတိုက်ကြီးပေါ်မှာ အဓိက အဖွဲ့အစည်းသုံးခုရှိနေတယ်။ ဝမ်ယုတိုက်ကြီးရဲ့ မူရင်းနေထိုင်သူတွေရယ်၊ ဒီမိုရာ မျိုးနွယ်စုနဲ့ ငါတို့ရဲ့တပ်ဖွဲ့တွေပဲ။ ဒီ ၃ ဖွဲ့ထဲမှာ မူရင်းနေထိုင်သူတွေကို စိုးရိမ်စရာမရှိသလောက်ပဲ။သူတို့က အရမ်းအားနည်းတယ်၊ ဒါပေမဲ့ ဒိမိုရာမျိုးနွယ်စုကတော့ အတော်လေး အစွမ်းထက်တယ်"

"ဒီလိုပြောလို့ မင်းတို့ စိတ်မပူကြနဲ့ ၊ အဆင့် (၅) နဲ့ အထက်ရှိတဲ့ ဘယ်သူကမှ ဝင်ရောက်ဆောင်ရွက်ခြင်းမပြုဖို့ ငါတို့က ဒီမိုရာမျိုးနွယ်စုနှင့် သဘောတူညီချက် ရယူထားပြီ"

ဖုန်းလန်က ​သေချာထပ်ရှင်းပြသည်။

အဆင့် (၅) ဆိုသည်မှာ ခရမ်းရောင်နန်းတော် အဆင့်ကို ရည်ညွှန်းခြင်းဖြစ်လေ၏။

"ဒါဆိုရင် ဝမ်ယုတိုက်ကြီးပေါ်မှာ ကျွန်တော်တို့က ဘယ်သူတွေကို အဓိက ရင်ဆိုင်ရမှာလဲ"

ကုရှောင်းရောင်က အဓိကအချက်ကိုမေးသည်။

ကျိယွမ်သည် ကုရှောင်းရောင်ကို ကြည့်လိုက်၏။ထိုပါရမီရှင်သည် ပြည့်စုံသောကောင်းကင်ဘုံတာအိုအုတ်ရှိသူဖြစ်ပြီး သူကိုယ်တိုင်ပင် သတိထားရမည့်သူတစ်ဦး ဖြစ်သည်။

"အဖွဲ့အစည်းသုံးခုထဲမှာ ဒီမိုရာမျိုးနွယ်စုက အခိုင်မာဆုံးပဲ။ ဒါကြောင့် ငါတို့ဟာ ဝမ်ယုတိုက်ကြီးရဲ့ မူရင်းနေထိုင်သူတွေနဲ့ ယာယီမဟာမိတ်ဖွဲ့ထားတယ်။ ဒါပေမဲ့ တကယ်တမ်းကျတော့ သူတို့နှစ်ဖွဲ့စလုံးက ငါတို့ရဲ့ ရန်သူတွေပဲ"

ဖုန်းလန်၏ အဖြေကိုကြားသောအခါ လူတိုင်း ခေါင်းညိတ်လ်ိုက်ကြ၏။

ကျိယွမ်သည် သူ့လက်ထဲမှ ကျောက်စိမ်းပြားကို လေ့လာပြီးနောက် ဝမ်ယုတိုက်ကြီးပေါ်မှ ရှုပ်ထွေးသော အခြေအနေများကို အကြမ်းဖျင်းနားလည်သွားသည်။

ကန်းလန်နယ်မြေနှင့် ဒီမိုရာမျိုးနွယ်စု နှစ်ဖွဲ့စလုံးသည် ဝမ်ယုကုန်းမြေတိုက်ကြီး၏ နယ်မြေများကို နည်းလမ်းအမျိုးမျိုးဖြင့် တဖြည်းဖြည်း သိမ်းပိုက်နေကြ၏။

"ဝမ်ယုတိုက်ကြီးပေါ်မှာ အုပ်စိုးရှင်သုံးပါးက ခံတပ်တွေကို အခိုင်အမာ တည်ဆောက်ထားပြီး တစ်ခုစီကို စိတ်ဝိညာဉ်ကျင့်ကြံသူတွေအများကြီးက စောင့်ကြပ်နေကြတယ်"

"သူတို့နဲ့ ပြဿနာမဖြစ်အောင် မင်းတို့ သတိထားရမယ်"

ဝမ်ယုတိုက်ကြီးကို ထိုသုံးဦးက ရှာဖွေတွေ့ရှိပြီး သိမ်းပိုက်ခဲ့ကြခြင်းဖြစ်သည်။

အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲဆိုသည်မှာ အခြားသော အဓိကအင်အားစုများကို အကျိုးအမြတ်များ မျှဝေခံစားခွင့်ပေးရန် နေရာနှစ်ဆယ်ကို ပေးရန်ဖြစ်လေ၏။

ထိုအယောက်နှစ်ဆယ်သည် ဝမ်ယုတိုက်ကြီးထဲသို့ ဝင်ရောက်ကာ လေ့ကျင့်ရင်းဖြင့် တိုက်ကြီး၏အခြေအနေကို အကဲဖြတ်ပြီး သူတို့၏ စွမ်းဆောင်မှုများအပေါ် အခြေခံ၍ ပိုမိုကြီးမားသော သြဇာလွှမ်းမိုးမှုကို ရရှိလိမ့်မည်ဖြစ်သည်။

ရိုးရှင်းစွာပြောရလျှင် သူတို့သည်လည်း ထိုအုပ်စိုးရှင်သုံးဦးအတွက် အလုပ်လုပ်နေခြင်း သာဖြစ်လေ၏။

သူတို့၏ စွမ်းဆောင်မှု ပိုကောင်းလေလေ၊ ဆုလာဘ်များ ပိုရလေလေဖြစ်မည်။ ထိုအခါ သူတို့၏ မူလဂိုဏ်းများက ပိုများဿာလူများစေလွှတ်ခွင့်ရပြီး ဖြစ်ပေါ်လာမည့် ကပ်ဘေးဒုက္ခကြီးမှ လွတ်မြောက်ရန်အတွက် နေထိုင်စရာ နယ်မြေများကို သိမ်းပိုက်နိုင်ပေလိမ့်မည်။

"နားလည်ပါပြီ"

ပါရမီရှင်အယောက်နှစ်ဆယ်က တညီတညာတည်း ပြန်ဖြေကြသည်။

"ဒီလိုဆိုရင်တော့ အားလုံးဝမ်ယုတိုက်ကြီးထဲကို ဝင်ကြတော့"

ဖုန်းလန်က လက်တစ်ဖက်ကိုဝှေ့ယမ်းလိုက်ရာ သူတို့ရှေ့တွင် တံခါးတစ်ခုက ရုတ်တရက် ပေါ်လာခဲ့သည်။

ကျိယွမ်အပါအဝင် လူတိုင်း၏ မျက်လုံးများက ထိုတံခါးပေါ်သို့ ကျရောက်သွား၏။

ကျိယွမ်၏ မျက်လုံးများတွင်လည်း သိလိုစိတ်များ ပြည့်နှက်နေသည်။

ရိုးရိုးသားသားပြောရလျှင် ဤနည်းလမ်းမျိုးဖြင့် အခြားကမ္ဘာတစ်ခုသို့ သွားရောက်ခြင်းသည် သူ၏ပထမဆုံးအကြိမ်ပင်။

"သွားကြမယ်"

ကုရှောင်းရောင်က ဦးဆောင်ပြောလိုက်သည်။

ပါရမီရှင်အဖွဲ့က တံခါးထဲသို့ စတင်ဝင်ရောက်ကြ၏။

တံခါးက ဥမင်တစ်ခုနှင့်တူနေပြီး အတွင်းထဲသို့ရောက်သည်နှင့် မျက်စိကျိန်းမတတ် စူးရှသောအဖြူရောင်အလင်းကလွှမ်းခြုံနေသောကြောင့် အားလုံးမျက်စိများပင် မှိတ်လိုက်မိ၏။

သူတို့က ကြိုးစားပြီးဖွင့်ကြည့်သော်လည်း အဖြူရောင်အလင်းမှလွဲ၍ မည်သည့်အရာကိုမှ သဲကွဲစွာမမြင်ရပေ။

ရုတ်တရက် ဥမင်ကြီးက လည်နေသလိုခံစားရပြီး ဦးတည်ရာမသိသည့်အရပ်သို့ ရွှေ့လျားနေသလို ခံစားမှုက သူတို့အပေါ် လွှမ်းမိုးလာခဲ့သည်။

ထိုခံစားမှုသည် အသက်ရှူချိန် ဒါဇင်ပေါင်းများစွာ ကြာမြင့်ကာ အလွန်ဝေးကွာသောနေရာသို့ သယ်ဆောင်ခံနေရသည့်အတိုင်းပင်။

အချိန်ကြာလာလေလေ ကျိယွမ်သည် မျှော်လင့်ချက်များနှင့်အတူ စိုးရိမ်စိတ်များကို ခံစားမိလေဖြစ်နေသည်။

မကြာမီရောက်ရှိတော့မည့် ဝမ်ယုတိုက်ကြီးသည် သူတစ်ချိန်က နေထိုင်ခဲ့ဖူးသောကမ္ဘာမဟုတ်လျှင် မည်သို့ဖြစ်မည်နည်း။

ဟုတ်ခဲ့လျှင်ပင် သူသည် သူ၏မိတ်ဆွေဟောင်းများနှင့် ပြန်လည်ဆုံဆည်းခွင့်ရပါဦးမလား။

ထို့အပြင် ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်တွင် ယခုအခါ မည်သည့်အချိန်ကာလ ဖြစ်နေခဲ့ပြီလဲ။

သူ မသိနိုင်ပါ။

ထို့ကြောင့် တစ်ဖက်ကမျှော်လင့်နေမိသလို တစ်ဖက်တွင်လည်း စ်ုးရိမ်နေမိ၏။

ထိုအချိန်မှာပင် အဖြူရောင်အလင်းသည် ပျောက်ကွယ်သွားပြီး ခြောက်သွေ့ပူပြင်းသော လေထုဖြင့် အစားထိုးခံလိုက်ရသည်။

အပူလှိုင်းတစ်ခု သူတို့အပေါ် ဖြတ်တိုက်သွားသကဲ့သို့ ခံစားလိုက်ရ၏။

လူတိုင်းသည် ပြင်းထန်သော အပူရှိန်ကို ခံစားမိကာ ​ပတ်ဝန်းကျင်အား လေ့လာကြည့်မိကြသည်။

သူတို့သည် သဲကန္တာရဟု ထင်ရသော နေရာတစ်ခုသို့ ရောက်ရှိလာကြခြင်းပင်။

" ဒါက ဝမ်ယုကုန်းမြေတိုက်ကြီးလား"

"တော်တော် ပူတယ်နော်"

"နေရာတိုင်းမှာ ဒီလိုချည်းပဲလား"

ပါရမီရှင်များက ပတ်ဝန်းကျင်အသစ်ကို ကြည့်ရင်း ထင်မြင်ချက်အမျိုးမျိုးပေးနေကြ၏။

အားလုံးက မရင်းနှီးသော ကမ္ဘာအသစ်တစ်ခုကို စူးစမ်းလိုစိတ်များ ပြည့်နှက်နေပြီး ဟိုဟိုဒီဒီကြည့်နေကြကုန်သည်။

ထိုအချိန်တွင် လင်ကျောင်းသည် ကျိယွမ်ကို မသိမသာ ကြည့်ပြီး စကားဆိုသည်။

"ဒီလောက် ပူလောင်နေတာတောင် တချို့လူတွေက အဝတ်အစားအထူကြီး ဝတ်ထားတုန်းပဲ။ ဒီနေရာကို ကန်းလန်နယ်မြေလို့များ သူတို့ ထင်နေကြတာလားမသိပါဘူး"

ကန်လန်နယ်မြေတွင် ကမ္ဘာကြီးသည်ဝိညာဉ်စွမ်းအင်များဖြင့် ပြည့်နှက်နေသောကြောင့်

ကျင့်ကြံသူတစ်ဦး၏ သူထံ၌ ဝိညာဉ်စွမ်းအား အလုံအလောက် ခိုင်မာသရွေ့ စွမ်းရည်များကို ပြန်ပြန်ဖြည့်ကာ အဆုံးမရှိ အသုံးပြုနိုင်သည်။

ပူနေလျင်တောင် အေးမြစေသည့်စွမ်းရည်သုံးကာပြောင်းလဲနိုင်၏။

သို့သော် ဝမ်ယုကုန်းမြေတိုက်ကြီးကတော့ မတူညီပေ။

ဤကမ္ဘာတွင် ဝိညာဉ်စွမ်းအင် မရှိပေ။

ထို့ကြောင့် မိမိတို့ မူလဒန်တျန်များတွင်ရှိသော ဝိညာဉ်စွမ်းအားသည် အကန့်အသတ်ရှိပြီး တစ်ကြိမ်ကုန်ဆုံးသွားပါက ပြန်လည်ဖြည့်တင်းရန် ခက်ခဲလေသည်။

ဝိညာဉ်ကျောက်တုံးများရှိသော်လည်း ဤနေရာတွင် စွမ်းအင်စုပ်ယူခြင်းသည် ကန်းလန်နယ်မြေထက် ပိုမိုရှုပ်ထွေးသည့်အပြင် ထိရောက်မှုချင်းလည်း မတူပေ။

ထို့ကြောင့် သူတို့သည် မလိုအပ်သော စွမ်းရည်အကြီးစား စွမ်းရည်အသေးစားများကို အသုံးပြုခြင်းအား တတ်နိုင်သမျှ ရှောင်ရှားကာ ဝိညာဉ်စွမ်းအားကို ချွေတာနေကြရသည်။

ယခုအကြိမ်တွင် ကျိယွမ်သည် လင်ကျောင်းကို ပြန်လည်တုံ့ပြန်ခြင်းမရှိခဲ့ပါ။

သို့မဟုတ် သူသည် သူမ၏စကားကိုပင် မကြားခဲ့ခြင်းဖြစ်နိုင်၏။

သူသည် မြေပြင်ပေါ်မှ ညှိုးနွမ်းနေသော မြက်ပင်တစ်ပင်ကို ကြည့်ရင်း ဒူးထောက်လိုက်သည်။

ထို့နောက် သူ၏လက်ချောင်းကို ဆန့်ထုတ်ကာ ထိုမြက်ပင်ငယ်ကို ညင်သာစွာ ထိလိုက်၏။

သူထိလိုက်သည်နှင့် တစ်ပြိုင်နက် ထူးခြားသောအရာတစ်ခု ဖြစ်ပျက်သွားခဲ့သည်။

ထိုမြက်ပင်နှင့်တကွ မြေပြင်ပေါ်မှ ညှိုးနွမ်းနေသော မြက်ပင်များသည် နွေဦးမိုးရေကြောင့် အသက်ပြန်ရှင်လာသကဲ့သို့ ရှင်သန်လာသည်။

ညှိုးခြောက်နေသော အဝါရောင်အရွက်များသည် ပကတိ စိမ်းစိုလန်းဆန်းလာပြီး

သဲကန္တာရထဲတွင်လည်း မြက်ပင်ငယ်လေးများ တစ်ပင်ပြီးတစ်ပင် စတင်ပေါက်လာကာ လျင်မြန်စွာ ကြီးထွားလာခဲ့သည်။

ကျိယွမ်၏ ခြေထောက်အောက်ရှိ ခြောက်သွေ့သော သဲကန္တာရမြေသည် စိမ်းလန်းစိုပြည်သော မြေကွက်တစ်ခုအဖြစ် လျင်မြန်စွာ ပြောင်းလဲသွားတော့သည်။

မြက်ပင်ငယ်လေးများသည် ၎င်းတို့၏ အရွက်များကို ကျိယွမ်ဆီသို့ ဆန့်တန်းထားကြပြီး မနောအိမ်တော်ရှိ အလှဆင်အပင်များကဲ့သို့ ကျိယွမ်ကို "မင်္ဂလာပါ" ဟူ၍ နှုတ်ဆက်နေသည့်အလားရှိသည်။

ယခုမြင်ကွင်းကို သာမန်လူသားများ မြင်ခဲ့လျှင် အံ့ဩဖွယ်ရာအဖြစ် ထင်မှတ်ကာချီးမွမ်းကြမှသေချာ၏။

သို့သော် ကျင့်ကြံခြင်းလမ်းစဥ်မှ ပါရမီရှင်များအတွက်မူ စွမ်းရည်တစ်ခုကို အသုံးပြုခြင်းသာဖြစ်သည်။

"ဒီလို အသေးအဖွဲကိစ္စတွေအတွက် ဝိညာဉ်စွမ်းအားကို ဖြုန်းတီးနေတာ၊ ဘယ်လောက်ရယ်စရာကောင်းလဲ"

လင်းကျောင်းက ကျိယွမ်အား လှောင်ပြောင်လိုက်သည်။

စစ်မှန်ဉာဏ်ပညာရှိကျိကျန်းက မြက်ပင်များကို ငေးကြည့်နေရင်းမှ မှတ်ချက်ချ၏။

"ဒီမိတ်ဆွေက ညှိုးနွမ်းနေတဲ့ အပင်တစ်ပင်ကို ကယ်တင်ဖို့ကိုတောင် သူ့ရဲ့ဝိညာဉ်စွမ်းအားကို မနှမြောဘဲ အသုံးပြုဖို့ ဆန္ဒရှိတာက သူ့ရဲ့ သဘောထားကို ပြသနေတယ် ။ သူဟာ ပေါင်းသင်းသင့်သူတစ်ဦးပဲ"

ကျိယွမ်သည် မြက်ပင်လေးများကို တို့ထိနေရာမှ ထရပ်ပြီး လင်ကျောင်းကို ကြည့်လိုက်၏။

"ဒီလိုမှ မဟုတ်ရင် ငါ့ရဲ့ ဝိညာဉ်စွမ်းအားကို နင်အပေါ် အသုံးပြုစေချင်လို့လား"

လင်ကျောင်း ရှုးရှုူရှဲရှဲဲဖြစ်သွားပြီး ကျိယွမ်၏စကားကို ပြန်လည်ချေပရန် ပါးစပ်ပြင်လိုက်သည်။

သို့သော် သူတို့၏ အငြင်းပွားမှုကို အိုမင်းသောအသံတစ်ခုက ဖြတ်တောက်လိုက်၏။

"အားလုံးပဲ ကြိုဆိုပါတယ် ၊ ငါကတော့ သခင်လော်မုပါ။ ငါက မင်းတို့အားလုံးကို စောင့်နေခဲ့တာပါ"

စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦးပေါ်လာပြီး သူ၏ မျက်နှာအမူအရာသည် ခံစားချက် ကင်းမဲ့နေသည်။

"သခင်လော်မုကို အရိုအသေပေးပါတယ်"

ပါရမီရှင်များသည် စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူကို မကြောက်ရွံ့သော်လည်း လေးစားမှု ပြသကြ၏။

ထိုသူ၏နောက်ကွယ်တွင် ယင်နတ်ဘုရားများရှိနေသည်ကို အားလုံးသဘောပေါက်ကြသောကြောင့်ပင်။

"ကျေးဇူးပြုပြီး လိုက်ခဲ့ကြပါ။ လက်ရှိမှာ ငါတို့ ခံတပ်ကို မဟာမိတ်ဖွဲ့ဖို့အတွက် ဝမ်ယုတိုက်ကြီးရဲ့ မူလနေထိုင်သူအဖွဲ့အစည်း ခုနစ်ခု ရောက်လာကြတယ်။ မင်းတို့က ဒီမိုရာမျိုးနွယ်စုကို အတူတကွရင်ဆိုင်ဖို့အတွက် ဒီအဖွဲ့အစည်းတွေနဲ့ မဟာမိတ်ဖွဲ့ချင်ရင် ရွေးချယ်နိုင်ပါတယ်"

သခင်လော်မုက ပါရမီရှင်များအား လက်ရှိအခြေအနေကို ရှင်းပြသည်။

သူတာဝန်ကျနေသော ခံတပ်အနီးတွင် တိုင်းပြည်ခုနစ်ခု ရှိလေ၏။

ထိုတိုင်းပြည်များသည် ဒီမိုရာမျိုးနွယ်စုကို ခုခံနေကြရသည်။ သို့သော် ၎င်းတို့၏ ခွန်အားအရ ဒီမိုရာမျိုးနွယ်စုနှင့် ယှဉ်ပြိုင်နိုင်ခြင်းမရှိသောကြောင့် ကန်းလန်တိုက်ကြီးမှ ကျင့်ကြံသူများနှင့် ပူးပေါင်းဆောင်ရွက်ရန် ရှာဖွေနေကြသည်ဖြစ်သည်။

"သူတို့နဲ့ မဟာမိတ်ဖွဲ့ရမှာလား"

လင်ကျောင်းက သဘောမကျသလို လှောင်ပြောင်လိုက်သည်။

"ဒါက သူတို့ အကူအညီရဖို့ နယ်မြေကို ပေးအပ်တာထက် မပိုဘူး။ဒီ ဝမ်ယုကုန်းမြေတိုက်ကြီးရဲ့ မူရင်းနေထိုင်သူတွေက တကယ်ကို အားနည်းကြတာပဲ"

အားနည်းလွန်း၍ သူတို့၏နယ်မြေများကိုပင် ပေးအပ်ကာ အကူအညီတောင်းနေရသည် မဟုတ်ပါလား။

ပါရမီရှင်များအားလုံးက သက်ပြင်းကိုယ်စီချမိကြ၏။

မည်သည့်ကမ္ဘာတွင်ဖြစ်စေ အားနည်းခြင်းသည် အမှန်တကယ်ပင် အပြစ်တစ်ခုပင်။

ဝမ်ယုတိုက်ကြီးသည် ၎င်း၏ အားနည်းမှုကြောင့် ခွန်အားကြီးသော ရန်သူနှစ်ဦးကြား ပိတ်မိနေပြီး ရှင်သန်ရန် ခက်ခဲစွာ ရုန်းကန်နေခဲ့ရသည်။

၎င်းတို့၏ရှင်သန်ရေးအတွက် ရုန်းကန်မှုနှင့် အားမတန်သဖြင့် အလျှော့ပေးရမှုများကို အခြားသူများက ရယ်စရာအဖြစ် မြင်နေကြ၏။

မည်မျှ ရင်နာစရာကောင်းလှသနည်း။

ကျိယွမ်၏ စိတ်အခြေအနေကမူ အလွန်တည်ငြိမ်နေသည်။

ယခုစကားဝိုင်းကို သူကအာရုံရှိဟန်မတူပေ။

သူသည် အပြာရောင်ကောင်းကင်ကို မော့ကြည့်ပြီး "ရက်ပေါင်းနှစ်ဆယ့်တစ်ရက်၊ ဟုတ်လား" ဟု တီးတိုးရေရွတ်လိုက်သည်။

ဝမ်ယုကုန်းမြေတိုက်ကြီးပေါ်သို့ ခြေချလိုက်သည်နှင့် ဤနေရာသည် သူ၏ ဝမ်ယုကုန်းမြေတိုက်ကြီးဖြစ်ပြီး သူ၏အိမ် ဖြစ်သည်ကို ချက်ချင်းသိခဲ့လေ၏။

သူ၏ ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်သည် ဤကမ္ဘာကို ပြန်လည်ကယ်တင်ရန် တောင်းဆို နေကြသည်။

ဝမ်ယုကုန်းမြေတိုက်ကြီးကို အပြည့်အဝကယ်တင်ရန်အတွက် ဤကမ္ဘာ၏ပြီးပြညါ့စုံသော တာအိုဖြစ်လာရန်လိုအပ်ပြီး ထိုအရာက ရက်ပေါင်းနှစ်ဆယ့်တစ်ရက် ကြာမြင့်မည်ဖြစ်သည်။

မည်သူမျှ မမြင်လိုက်သော်လည်း ကျိယွမ်၏ နှုတ်ခမ်းပေါ်၌ လှောင်ပြုံးတစ်ခုပေါ်လာခဲ့သည်။

ဝမ်ယုကုန်းမြေတိုက်ကြီး ငါပြန်လာပြီ။

.................

ခံတပ်ထဲတွင် တိုင်းပြည်ခုနှစ်ခု၏ ကိုယ်စားလှယ်များ စုဝေးနေကြသည်။

သူတို့၏ မျက်နှာအမူအရာများသည် ရွှင်လန်းခြင်း ကြည်လင်ခြင်းမရှိဘဲ ညှိုးငယ်စိတ်ပျက်နေကြောင်း သိသာလှ၏။

အပြင်ပန်းအားဖြင့် အကူအညီနှင့် မဟာမိတ်များဖွဲ့ရန် ဤနေရာသို့ ရောက်ရှိလာကြသော်လည်း အမှန်တကယ်တွင် ၎င်းတို့တိုင်းပြည်များကို အရှက်ရစေမည့် စာချုပ်များကို လက်မှတ်ထိုးရတော့မည်ကို သူတို့ သိနေကြသည် မဟုတ်ပါလား။

သူတို့၏တိုင်းပြည်များ ပျက်စီးသွားပါက တစ်မျိုးဖြစ်သည်။ သို့သော် ထိုသို့မဟုတ်ဘဲ တိုင်းပြည်များ ပြန်လည်ရှင်သန်နိုင်ပါက သူတို့သည် သမိုင်းတွင် သစ္စာဖောက်များအဖြစ် မှတ်တမ်းတင်ခံရမည်ဖြစ်သည်။

သို့သော်လည်း သူတို့တွင်လည်းရွေးချယ်စရာမရှိခဲ့ပါ။

ရသေ့ကဲ့သို့ အဖြူရောင်ဝတ်ရုံ ဝတ်ဆင်ထားသော လော့ရှီးသည် ရုပ်ရည်ခန့်ညားသူဖြစ်သည် ။သို့သော်လည်း ဆံပင်နှင့် မျက်ခုံးမွှေးများမရှိဘဲ ပြောင်သလင်းခါနေသဖြင့် သူ၏ရုပ်ရည်မှာ ကြည့်ရဆိုးနေ၏။

သူ၏မျက်နှာတွင်လည်း စိုးရိမ်ပူပန်မှုနှင့် စိတ်ပျက်အားငယ်မှုများ ပြည့်နှက်နေသည်။

"ကန်းလန်တိုက်ကြီးရဲ့ အဓိကအဖွဲ့အစည်းတွေက အဆင့်မြင့်လူငယ်အယောက်နှစ်ဆယ် ဒီကိုမဟာမိတ်ဖွဲ့ဖို့ ရောက်လာတယ်လို့ ကြားတယ်။ သူတို့အကြောင်း သတင်းအချက်အလက်တစ်ခုခုများ ရထားလား"

လော့ရှီးက အခြားသူများကို မေးသည်။

ရောက်ရှိလာသော လူငယ်များ၏ ခွန်အား၊ နောက်ခံများနှင့် ၎င်းတို့၏ အပြုအမူများကို ကြိုတင်သိရှိထားခြင်းသည် ပူးပေါင်းရာ၌ ရွေးချယ်ရန်ပို၍ အဆင်ပြေမည်ဖြစ်သည်။

"ငါတို့လည်း မသိဘူး"

အကြီးအကဲတစ်ဦးက လော့ရှီးကို ကြည့်ရင်းမှ ခေါင်းခါပြသည်။

"ပြီးတော့ မင်းရဲ့ ဖုန်ကွေ့တိုင်းပြည်က နယ်မြေပေးအပ်ဖို့ ငြင်းဆိုတာကြောင့် ဒီပူးပေါင်းဆောင်ရွက်မှုက မဖြစ်နိုင်လောက်ဘူး"

လော့ရှီး၏ စိတ်ပျက်နေသောမျက်နှာက မည်းမှောင်သွားသည်။

"ဖုန်ကွေ့မှာ မြို့သုံးမြို့ပဲ ရှိတယ်။ ငါတို့ရဲ့ စစ်သူကြီးဆယ်ဦးထဲက ရှစ်ဦးဟာ ဒီမိုရာမျိုးနွယ်စုကို ကာကွယ်ရင်း သေဆုံးခဲ့ရတယ်။ ငါတို့မျိုးနွယ်ရဲ့ဘိုးဘေးတွေ သွေးနဲ့ ကာကွယ်ခဲ့တဲ့ မြေကို ဘယ်လိုလုပ် အလွယ်တကူ ပေးအပ်နိုင်မှာလဲ"

"ငါတို့ဘက်က သိသာထင်ရှားတဲ့ တစ်ခုခုကို မပေးဘူးဆိုရင် အခြားကမ္ဘာက လူတွေက ငါ့တို့ကို စိတ်ရင်းမှန်နဲ့ ကူညီမယ်လို့ ဘယ်လို မျှော်လင့်နိုင်မှာလဲ"

အကြီးအကဲက စိတ်မကောင်းသလို မြည်တမ်းလိုက်သည်။

သူတို့သည် မိမိတို့နယ်မြေများ၏ အရေးကြီးပုံကို ကောင်းစွာ နားလည်ကြပါသည်။

သို့သော် လုံးဝ ပျက်သုဉ်းမည့် အန္တရာယ်ကြောင့် တတ်နိုင်သမျှ အလျှော့ပေးပြီး လက်ရှိအကျပ်အတည်းမှ ရှင်သန်ရန်ဦးစားပေးရုံမှလွဲ၍ အခြားရွေးချယ်စရာမရှိပေ။

"ငါတို့ရဲ့ ဘုရင်မက နယ်မြေကို ပေးအပ်မယ့်အစား အစေခံဖြစ်ရတာကမှ မြတ်ဦးမယ်လို့ ပြောခဲ့တယ်"

လော့ရှီးက ထိုစကားနှင့်အတူ သက်ပြင်းချသည်။

တိုင်းပြည်ခုနှစ်ခုမှ ကိုယ်စားလှယ်များအားလုံး အတွေးကိုယ်စီဖြင့်ငြိမ်သက်သွားကြပြီး မျက်နှာများကလည်း ပို၍အိုစာသွားကြ၏။

ထိုအချိန်တွင် ကြေညာသံတစ်ခု ထွက်ပေါ်လာသည်။

"လူကြီးမင်းတို့၊ ကန်းလန်တိုက်ကြီးမှ ပါရမီရှင်များ ရောက်ရှိလာပါပြီ"

အသံနှင့်အတူ ကုရှောင်းရောင်၊ ကျန်းယာ၊ ကျိယွမ်နှင့် အခြားသူများသည် တဲကြီးထဲသို့ ဝင်ရောက်လာခဲ့ကြသည်။

လူရိပ်များကိုမြင်သည်နှင့် ကိုယ်စားလှယ်များသည် လျင်မြန်စွာထရပ်ပြီး သူတို့၏လေးစားမှုပြသကြသည်။

"လူကြီးမင်းတို့ကို အရိုအသေပေးပါတယ်"

လော့ရှီးသည် သူ၏ရှေ့မှ လူငယ်အယောက်နှစ်ဆယ်ကို မော့ကြည့်လိုက်ရင် သူ၏ မျက်နှာအမူအရာသည် အလွန်လေးနက်သွားလေ၏။

လူငယ်အယောက်နှစ်ဆယ်လုံးသည် သူ့ကို အလွန်အမင်း အစွမ်းထက်သော ခံစားချက်ကို ပေးနေကြသည်။

သူသည် ၎င်းတို့ထဲမှ မည်သူနှင့်မျှ ယှဉ်ပြိုင်နိုင်မည်မဟုတ်ဟု အလိုလို ခံစားမိ၏။

ဒါက ကန်းလန်တိုက်ကြီးရဲ့ အနက်ရှိုင်းဆုံး အင်အားစုတွေများဖြစ်နေမလား။

သူတို့ရဲ့လူငယ်တွေကတောင် ဒီလောက်ခွန်အားရှိတယ်ပေါ့။

လော့ရှီး၏ နှလုံးသားသည် ကြီးမားသောဝန်ထုပ်ဝန်ပိုးကို ခံစားလိုက်ရပြီး အခြားသူများသည်လည်း အချင်းချင်းကြည့်မိကာ ထိုနည်းတူ စိတ်မချမ်းသာ ဖြစ်နေကြသည်။

သခင်လော်မုက တစ်ဦးနှင့်တစ်ဦး အကျဉ်းချုပ် မိတ်ဆက်ပေးပြီးနောက် စကားစသည်။

"မင်းတို့အချင်းချင်း ကိစ္စတွေကို တိုက်ရိုက်ဆွေးနွေးလို့ရပြီ"

လင်ကျောင်းက ပထမဦးဆုံး စတင်သည်။

"ကျွန်မရဲ့ အဘိုးက ယင်နတ်ဘုရားတစ်ပါးပါ။ ကျွန်မရဲ့ အဖေက ရေနတ်ဘုရားတိုက်ကြီးရဲ့ နံပါတ်တစ် အဖွဲ့အစည်းဖြစ်တဲ့ ရေတိမ်နန်းတော်ရဲ့သခင်ဖြစ်ပြီး ယင်နတ်ဘုရားအဆင့် ရတနာကို ပိုင်ဆိုင်ထားတယ်။ မိတ်ဖက်တွေကို ရွေးချယ်တဲ့အခါ ကျွန်မမှာ လိုအပ်ချက်တစ်ခုပဲ ရှိတယ်။ နယ်မြေ ပိုပေးနိုင်လေလေ၊ ပိုကောင်းလေလေပဲ။ နည်းနည်းလေးပဲပေးရင် ကျွန်မ ထည့်တောင် စဉ်းစားမှာ မဟုတ်ဘူး"

လင်ကျောင်းက သူမ၏အထက်စီးဆန်သောသဘောထားကို အပြည့်အဝ ပြသလိုက်ခြင်းပင်။

"ပြီးတော့ ဒီမိုရာမျိုးနွယ်စုနဲ့ ဆက်ဆံတဲ့အခါ ကျွန်မကပဲ ဦးဆောင်ရမယ်။ ကျွန်မကို ဘယ်သူမှ အမိန့်ပေးတာမျိုး မလိုချင်ဘူး"

ကိုယ်စားလှယ်များသည် လင်ကျောင်း၏ မိတ်ဆက်စကားပထမပိုင်းကို ကြားလိုက်ရသောအခါ ကြောက်လန့်တုန်လှုပ်သွားကြသည်။

ယင်နတ်ဘုရားဆိုသည်မှာ အဆင့် (၆) ခွန်အားရှိသူ မဟုတ်ပါလား။

သို့သော် ဒုတိယပိုင်းကတော့ သူတို့၏ မျက်နှာများကို ပို၍ မည်းမှောင်သွားစေခဲ့သည်။သူမ၏တောင်းဆိုမှုက များလွန်းနေ၏။

ထိုအချိန်မှာပင် ကျန်းယာက သူမ၏သဘောထားကို ပြောလိုက်၏။

"ကျွန်မတို့ရဲ့ မြင့်တက်ခြင်းခန်းမက နယ်မြေအများကြီး မလိုချင်ပါဘူး။ မြို့တစ်မြို့လောက်ဆို လုံလောက်ပါတယ်၊ ဒါပေမဲ့... ကျွန်မတို့ဟာ နည်းစနစ်တွေတော့ လိုအပ်တယ်။ များနိုင်သမျှ များလေ၊ ကောင်းလေပဲ"

ကိုယ်စားလှယ်ခုနစ်ဦးထဲမှ အချို့သည် ဤကမ်းလှမ်းမှုကို စိတ်ဝင်စားပုံရသည်။

ထိုစကားကိုကြားသောအခါ စစ်မှန်မဟာပညာရှိကျိကျန်းက တီးတိုးမှတ်ချက်ပြုသည်။

"အကြီးအကဲဝူထျန်းက နည်းစနစ်တွေ ဆက်စုဆောင်းနေတုန်းပဲလား"

ကျန်းယာသည် ကျိကျန်းကို တစ်ချက်ကြည့်လိုက်သော်လည်း ဘာမှ မပြောပေ။

တစ်ချိန်က အကြီးအကဲဝူထျန်းသည် ကျိကျန်းကို သဘောကျပြီး သူ့ကို တပည့်အဖြစ် ခေါ်ယူလိုခဲ့သော်လည်း ကျိကျန်းက ဝူထျန်း၏နောက်သို့ လိုက်ပါခြင်းသည် အလားအလာ မရှိဟုဆိုကာ ငြင်းဆန်ခဲ့သည်။

ထိုသတင်းသည် အရှေ့ပိုင်းဒေသတွင် အတော်လေး ဂယက်ရိုက်ခဲ့ဖူးလေ၏

။

အကြီးအကဲဝူထျန်းသည် အရှေ့ပိုင်းဒေသရှိ ယင်နတ်ဘုရားများအောက်တွင် နံပါတ်တစ်ဖြစ်ပြီး ပါရမီရှင်များစွာသည် သူ၏တပည့်ဖြစ်ရန် ကြိုးစားနေခဲ့ကြချိန်တွင် ကျိကျန်းက ငြင်းဆိုခဲ့သဖြင့် အားလုံးအံ့သြခဲ့ရသည်။

ထို့နောက် အရှေ့ပိုင်းဒေသမှ ပါရမီရှင်များသည် သူတို့ကိုယ်သူတို့မိတ်ဆက်ပေးကြပြီးနောက် ပြင်းထန်သောတောင်းဆိုမှုများ တစ်ယောက်ပြီးတစ်ယောက် ပြုလုပ်ကြလေ၏။

တည်ငြိမ်နေခဲ့သောကျိယွမ်မှာ သူတို့၏မိတ်ဆက်စကားများကိုကြားသောအခါ မအံ့သြဘဲမနေနိုင်ပေ။

သူတို့တစ်ဦးစီတိုင်းသည် အဓိကအဖွဲ့အစည်းကြီးတစ်ခုစီမှ ဆင်းသက်လာကြသည်။

နောက်ခံအင်အားအနည်းဆုံးဖြစ်သော ရွှီထုန်ချန်း၏ ကျင်းယန်ဂိုဏ်းတွင်ပင် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦး ရှိသည်။

ကျိယွမ်ကတော့ စိတ်ဝိညာဥ်အဆင့်သာရှိသော ကျေးရွာအဆင့်ဂိုဏ်းငယ်လေးမှ ဆင်းသက်လာရသူဖြစ်သည်။

ငါ့ဘဝကတော်တော်လေး မျက်နှာငယ်ရပါလား။ ငါဒီထက်ပိုပြီး ကြိုးစားရမယ် ။

သူစဥ်းစားနေခို​က် ဆွေးနွေးမှုများကလည်းဆက်လက်ဖြစ်ပေါ်နေပြီး လင်ကျောင်း၏ ခွန်အားကြီးသော နောက်ခံကြောင့် ကိုယ်စားလှယ်များထံမှ အာရုံစိုက်မှု အများဆုံး ရရှိခဲ့သည်။

သူတို့သည် အသန်မာဆုံးသောသူနှင့် ပူးပေါင်းဆောင်ရွက်လိုကြပြီး ဒီမိုရာမျိုးနွယ်စုကို အံတုရာ၌ အားနည်းသော မဟာမိတ်များဖြင့် မခုခံနိုင်သည်ကို သူတို့သေသေချာချာ သိကြ၏။

လင်ကျောင်းကတော့ မောက်မာသောမျက်နှာကို တစ်စက်ကလေးမှ မလျှော့ပေ။

"မြို့သုံးမြို့လား။ ကျွန်မကို သူတောင်းစားတစ်ယောက်လို ဆက်ဆံဖို့ ကြိုးစားနေတာလား။ ကန်းလန်နယ်မြေမှာ မြို့သုံးမြို့ ပေးမယ်ဆိုရင်တောင် ကျွန်မ မလိုချင်ဘူး၊ ဒီဝမ်ယုတိုက်ကြီးထဲက ညံ့ဖျင်းတဲ့ မြို့တွေဆို ပိုလို့တောင် မလိုချင်ဘူး"

ထိုသို့ကမ်းလှမ်းခဲ့သော အသက်ကြီးနေသည့် ကိုယ်စားလှယ်သည် ရှက်ရွံ့သွားသော်လည်း သူမ၏လှောင်ပြောင်မှုကို တုံ့ပြန်ရန်တော့ အခွင့်အရေးမရှိခဲ့ပါ။

နောက်ထပ် နာရီဝက်ခန့် အချိန်ကုန်လွန်သွားခဲ့သည်။

အဆုံးသတ်တွင် ကိုယ်စားလှယ်အများစုသည် ပါရမီရှင်များနှင့် သဘောတူညီချက်များ ရယူနိုင်ခဲ့ကြ၏။

ပါရမီရှငိအများစုကလည်း ကျေနပ်နေပုံရပြီး ၎င်းတို့၏ မျက်လုံးများတွင် ဂုဏ်ယူမှုများ ပြည့်နှက်နေကာ ညှိနှိုင်းမှု၏ ရလဒ်ကို ကျေနပ်နေကြမှန်း သိသာလှသည်။

သို့သော် ညှိနှိုင်းမှုဟုခေါင်းစဥ်တပ်ထားသော်လည်း တစ်ဖက်သတ်ဆန်လှပြီး သူတို့လိုချင်သမျှကို မျက်စိမှိတ်တောင်းခဲ့သူများချည်းပင်။

အခြားတစ်ဖက်တွင်ရှိသော ကိုယ်စားလှယ်များကတော့ စိတ်မချမ်းမြေ့သော မျက်နှာအမူအယာများဖြင့် ရှိနေကြသည်။

ထိုသဘောတူညီချက်ရရန် သူတို့ပေးအပ်လိုက်ရသော အရာများက ကြီးမားလွန်းလှသည် မဟုတ်ပါလား။

ထိုအချိန်တွင် တစ်ချိန်လုံးတိတ်ဆိတ်နေခဲ့သော ကျိယွမ်သည် ခေါင်းပြောင်နေသူကို သေချာကြည့်နေပြီး သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်လာသည်။

သူက သိချင်စိတ်ပြင်းပြစွာဖြင့် မေးသည်။

"မင်း နန်းကန်တိုင်းပြည်ကို သိလား"

လော့ရှီး၏သဘာဝမကျသော ခေါင်းပြောင်ခြင်းမှာ ရွှမ်းဟွမ်တားမြစ်နယ်မြေတွင် လေ့ကျင့်ခဲ့ခြင်းကြောင့် ဘေးထွက်ဆိုးကျိုးကို ခံခဲ့ရခြင်းဖြစ်နိုင်သည်။

ထိုစဉ်က ကျိယွမ်သည် ရွှမ်ဟွမ်တားမြစ်နယ်မြေကို ထိန်းချုပ်ပြီး စည်းမျဉ်းများကို သတ်မှတ်ခဲ့သည်။

ဒိုက်ထိုးခြင်း၊ဘားခိုခြင်း၊ထိုင်ထလုပ်ခြင်းများ​ပြုလုပ်ရုံနှင့် အင်အားပိုကြီးလာနိုင်သော်လည်း ဘေးထွက်ဆိုးကျိုးအဖြစ်ဆံပင်ကျွတ်နိုင်၏။

ထို့ကြောင့် လော့ရှီး၏ပုံစံက ထိုနေရာတွင် လေ့ကျင့်ခဲ့ကြောင်း သိသာနေသည်မဟုတ်ပါလား။

ကျိယွမ်​၏ မေးခွန်းကြောင့် လော့ရှီး၏ မျက်နှာအမူအရာ ရှုပ်ထွေးသွားသည်။

"နန်းကန်လား ၊ ကျွန်တော် မသိပါဘူး"

ကျိယွမ် စိတ်ပျက်သွားသည်။ သူကနန်းကန်တိုင်းပြည်ကို တွေ့ရတော့မည်ဟု မျှော်လင့်နေခဲ့သော်လည်း အဖြေကသူထင်သလိုမဖြစ်ခဲ့ပါ။

ကျိယွမ်က ထပ်ပြောလိုက်သည်။

"မင်း အချိန်ရရင် ဖုန်ကွေ့ကို ငါ့ကို လိုက်ပြပေးပါ"

လော့ရှီး၏ မျက်နှာသည် ရုတ်တရက် မျှော်လင့်ချက်ဖြင့် လင်းလက်သွားသော်လည်း ချက်ချင်းမှုန်မှိုင်းသွား၏။

"ဂုဏ်သရေရှိသူ၊ ဖုန်ကွေ့မှာ မြို့သုံးမြို့ပဲ ရှိတယ်။ ကျွန်တော်တို့ နယ်မြေကို... ပေးအပ်လို့ မရလို့ပါ"

ပြီးခဲ့သည့် ညှိနိုင်းမှုများအတွင်း သူသည် အခြားပါရမီရှင်များနှင့် ညှိနှိုင်းရန် အတတ်နိုင်ဆုံး ကြိုးစားခဲ့သည်။

သို့သော် မည်သူကမျှ သူ၏ အခြေအနေများကို လက်မခံခဲ့ကြပေ။

"မင်းရဲ့မြို့တွေကို ငါက ဘာလို့ လိုချင်ရမှာလဲ"

ကျိယွမ်က သိမ်မွေ့စွာ ပြုံးလိုက်သည်။

"မင်းရဲ့မြို့တွေက ငါပိုင်ပြီးသားတွေလေ"

လော့ရှီး၏ မျက်နှာအမူအရာ ပြောင်းလဲသွားသည် သူကကျိယွမ်၏ စကားများကို နားမလည်ပါ။ နဂိုကပင် စိတ်ညစ်နေသည့်အထဲ စိတ်ပါရှုပ်သွားရသည်။

ဒီပါရမီရှင်တွေက တစ်ယောက်တစ်မျိုးတွေပဲ၊ ဟိုက တစ်မျိုး ဒီကတစ်မျိုးနဲ့ ဘာတွေလဲ။

သူက ဆံပင်မရှိသောခေါင်းကိုပင် တဗျင်းဗျင်းကုတ်ပစ်လိုက်ချင်တော့သည်။

ဘေးတွင်ရှိနေသော လင်ကျောင်းက မနေနိုင်စွာ လှောင်ပြောင်လိုက်သည်။

"အဝတ်ထူကောင် ၊ အဝတ်ထူသလို မျက်နှာအရေပြားလည်း ထူတာကိုး၊ နင်က သူတို့ကို လုယက်ဖို့ ကြိုးစားနေတာလား"

ကျိယွမ်သည် ယခုအခါမှ သူမကို သေချာ ကြည့်၏။

ဝန်ယုကုန်းမြေတိုက်ကြီးပေါ်တွင် ရပ်နေရင်း သူ၏ခွန်အားများ တစထက်တစတိုးလာသည်ကို ခံစားနေရသည်။

ထိုတိုးတက်မှုသည် ဝမ်ယုကုန်းမြေတိုက်ကြီးမှ ထွက်ခွာသွားသည်နှင့် ပျောက်ကွယ်သွားနိုင်သော်လည်း ဤနေရာတွင် နေထိုင်နေသရွေ့ စစ်မှန်သောခွန်အားဖြစ်နေမည်သာ။

ကျိယွမ်သည် ကုပ်ချောင်းချောင်းနေရန် မလိုအပ်တော့ပါ။

"ငါက ဘယ်လိုသူတို့ကို လုယက်နေတာလဲ"

ကျိယွမ်က သူကပင် နစ်နာနေသလို ဆက်ပြောသည်။

"ဝမ်ယုကုန်းမြေတိုက်ကြီးက ငါ့အိမ်လေ။ ငါ့မှာ ပိုင်ဆိုင်မှု စာချုပ် ရှိတယ်။ သူတို့ ငါ့ကို မြို့တွေပေးရင်တောင် ငါ မလိုချင်ဘူး။ ဘာလို့လဲဆိုတော့ သူတို့ကငါပိုင်ပြီးသားပဲလေ။ ငါ့ဟာတွေကို ငါလာပေးနေတော့ ငါကဘာလုပ်ရမှာလဲ"

လင်ကျောင်းသာမက အခြားပါရမီရှင်များပါ ခေါင်းရှုပ်ကုန်၏။စိတ်ရှုပ်ထွေးသော အကြည့်များဖြင့် အချင်းချင်းဖလှယ်မိကြသော်လည်း ဘာမှတော့ မပြောကြပေ။

ကျန်းယာသည်ပင် ကျိယွမ်ကို ထူးဆန်းစွာ ကြည့်မိရင်းမှ ထိုလိပ်ခွံပုဂ္ဂိုလ်၏ ထူးဆန်းသောပြောဆိုပုံမျိုးကို ရင်းနှီးသလို ခံစားနေရသည်။

စစ်မှန်မဟာဉာဏ်ပညာရှိကျိကျန်းကတော့ အံ့အားသင့်ရုံသာမက ပါးစပ်ကပါ မနေနိုင်စွာ မေးသည်။

"မိတ်ဆွေ ၊ ဒါက တကယ်ပဲ မင်းရဲ့အိမ်လား"

"ဟုတ်တယ်"

ကျိယွမ်က ခေါင်းညိတ်ပြပြီး ထပ်ပြောလိုက်သည်။

"ဒါက လုံးဝအမှန်ပဲ ၊ လိမ်စရာမရှိဘူး"

ကျိကျန်းက သဘောပေါက်သွားသလို ခေါင်းတငြိမ့်ငြိမ့်လုပ်၏။ပြီးမှ သူက စကားဆိုသည်။

"အံ့ဩစရာ မရှိပါဘူး။ ဒါဟာ မင်းရဲ့အိမ်ဖြစ်တယ်ဆိုတာ တကယ်ပဲပေါ့။ ဒါဆို ငါတို့ရဲ့ အစောပိုင်း သဘောတူညီချက်တွေက ပျက်ပြယ်သင့်တယ် မဟုတ်ဘူးလား။"

" တာအိုရောင်းရင်း ၊ ဒီလိုဆိုရင် ဘယ်လိုလဲ၊ ငါ့ရဲ့အဖွဲ့အစည်းက မင်းကို ဒီမိုရာမျိုးနွယ်စုကိုကာကွယ်ဖို့ ကူညီမယ်၊ ပြီးတော့ မင်းရဲ့အိမ်မှာ ငါတို့ကို နေရာတစ်နေရာ ငှားပေးပါ"

ကျိကျန်းက ထိုစကားကိုအလေးအနက်ပြောနေခြင်းဖြစ်သည်။

သို့သော် အခြားသူတစ်ဦးဦးကသာ ထိုသို့သောစကားကိုပြောပါက ဘေးတွင်ရှိနေသော ပါရမီရှင်များသည် အံ့သြကာ ရူးများရူးနေသလားဟု ထင်ကြမည်ဖြစ်သည်။

သို့သော် စစ်မှန်မဟာဉာဏ်ပညာရှိကျိကျန်း ကပြောလိုက်သောအခါ ထူးဆန်းသည်ဟု မခံစားရတော့ပါ။

သူက အစကတည်းက ရူးနေတာကိုး။ သူ့ကို ရူးနေလားလို့ မေးနေစရာမှ မလိုတော့တာ။

တဖက်မှ ကျိယွမ်ကလည်း အိမ်ကြီးရှင်လို အနည်းငယ်စဉ်းစားပြီးနောက် ခေါင်းညိတ်၏။

"ကောင်းပြီလေ ငါလက်ခံတယ်"

ကျိကျန်းသည် သူ့ကို များစွာကူညီခဲ့သောကြောင့် သူက ကျိကျန်းကို မျက်နှာသာပေးရန် ဆန္ဒရှိပါသည်။

သူတို့နှစ်ယောက် အချင်းချင်းအတိုင်အဖောက်ညီကာ သဘောတူနေကြသည်ကို မြင်လျှင် လင်ကျောင်းက အရူးများကို ရယ်သကဲ့သို့ လှောင်ပြောင် ရယ်မောလိုက်သည်။

"ရယ်စရာပဲ ၊ ဒီတိုက်ကြီးကို နင်ပိုင်တယ်လို့ တကယ်ပဲ ထင်နေတာလား ၊ ဒါမှမဟုတ် စိတ်ကူးယဥ်လွန်ပြီး ရူးသွားတာလား "

ကျိယွမ်သည် သူမကို သေချာကြည့်ပြီး အေးစက်စွာဆို၏။

"ငါ နင့်ကို ငါ့အိမ် ငှားမှာမဟုတ်ဘူး။ အခု သွားတော့"

လင်ကျောင်းမှာ ဒေါသထွက်သွားပြီး အရူးတစ်ယောက်နှင့် စကားပြောမိသည့်အတွက် သူမကိုယ်သူမ အပြစ်တင်လိုက်၏။

သူမသည် ကျိယွမ်အား စူးရဲစွာကြည့်လိုက်ပြီး နောက်ထပ်စကားမပြောတော့ပါ။

အခြားသူများသည်လည်း ကျိယွမ်၏ စကားများကို အလေးအနက် မထားဘဲ သူ့ကို အနည်းငယ် ရူးသွပ်နေသူအဖြစ်သတ်မှတ်ကာ လျစ်လျူရှုလိုက်ကြသည်။

ထိုအချိန်မှာပင် ကျိယွမ်က ထပ်ပြောသည်။

"တခြား နေရာငှားချင်သူတွေရှိရင် အခု ပြောပါ။ ငါ မကြာခင် ဖုန်ကွေ့ကို သွားတော့မှာ၊ စကားပြောဖို့ အချိန်ရမှာ မဟုတ်ဘူး"

ထိုနေရာတွင် ရှိနေသောလူများသည် ကျိယွမ်အား မမြင်ဖူးသူလိုကြည့်မိကြပြီး ပို၍ပင် အံ့အားသွားကြသည်။

ဒီကောင်က ဘာလဲဟ။

သူ့ကိုယ်သူ ဝမ်ယုတိုက်ကြီးရဲ့သခင်လို့ တကယ်ကြီးထင်သွားတာလား။

ဘာလို အခုလိုအဓိပ္ပါယ်မရှိတာတွေကို ဆက်တိုက်ပြောနေရတာလဲ။

ရွှီထုန်ချန်းပင် ကျိယွမ်အား ထူးဆန်းစွာကြည့်နေ၏။

"တခြား ငှားချင်သူ ရှိပုံမရဘူး"

ကျိယွမ်က ထိုသို့ရေရွတ်ပြီးနောက် တိုင်းပြည်ခုနစ်ခု ၏ ကိုယ်စားလှယ်များကို ကြည့်ပြီး အသံတိုးတိုးဖြင့် ပြောသည်။

"ကလေးတို့၊ မင်းတို့ သူတို့နဲ့ လုပ်ထားတဲ့ သဘောတူညီချက်တွေဟာ ပျက်ပြယ်သွားပြီ။ ဘယ်သူက ငါ့အိမ်မှာ မောက်မာရဲသလဲဆိုတာ မကြာခင် ငါကိုယ်တိုင်လိုက်ကြည့်မယ်"

ကျိယွမ်၏ စကားများသည် မှော်ဆန်သော စွမ်းအားတစ်ခုကို ဆောင်ထားပုံရသည်။

ဝမ်ယုကုန်းမြေတိုက်ကြီးမှ လူများသည် ထူးဆန်းစွာဝတ်ဆင်ထားသော ကျိယွမ်ကို ကြည့်ပြီး သူတို့၏ဖခင်နှင့် တွေ့ဆုံရသကဲ့သို့ ထူးဆန်းသော ဆွေမျိုးရင်းချာ ခံစားချက်ကို ခံစားရသည်။

"သဘောတူညီချက်တွေကို ပယ်ဖျက်ရမယ် ဟုတ်လား"

အဘိုးအိုတစ်ဦးက ကျန်သောသူများကိုရှုပ်ထွေးစွာ ကြည့်သည်။

အခြားသူများသည်လည်း စိတ်ထဲတွင် ရုန်းကန်နေရပြီး အနည်းငယ်ဝမ်းနည်းနေကြပုံရလေ၏။

"ဟုတ်တယ်၊ ပယ်ဖျက်ရမယ် ၊ ဝမ်ယုကုန်းမြေတိုက်ကြီးက ငါ့အိမ်ပဲ၊ မလိုချင်တဲ့ ဧည့်သည်တွေရှိရင် ငါ ကိုယ်တိုင် ကန်ထုတ်ပစ်မယ်"

ကျိယွမ်၏ စကားအဆုံး ချီတုံချတုံဖြစ်နေသော အဘိုးအိုသည် ဖခင်ဖြစ်သူ၏ လက်ထဲမှ ကြိမ်လုံးကိုမြင်လိုက်ရသော သားကဲ့သို့ ကယောင်ကတန်းဖြင့် ခေါင်းညိတ်၏။

"ဟုတ်တယ် ၊ သဘောတူညီချက်တွေကို ပယ်ဖျက်မယ်"

အဘိုးအိုမှာ ထိုစကားကိုပြောရန် တွန်းအားပေးသည့် ကြီးမားသော စွမ်းအားတစ်ခုကို ခံစားလိုက်ရသည်။

"ကျွန်တော်တို့လည်း ပယ်ဖျက်ပါမယ်"

"ကျွန်တော်တို့လည်း ပယ်ဖျက်ပါမယ်"

တိုင်းပြည်ခုနှစ်ခုမှ ကိုယ်စားလှယ်များသည် ၎င်းတို့၏ ယခင်က ညှိနှိုင်းထားသော သဘောတူညီချက်များ ပျက်ပြယ်ကြောင်း ကြေညာလိုက်ကြသည်။

ရွှီထုန်ချန်းမှာ ထိုအရာကိုမြင်သောအခါ ထိတ်လန့်သွား၏။

ရူးကုန်ပြီ ၊ သူတို့အားလုံး ရူးကုန်ကြပြီ။

------------------

All Chapters