← Chapters

ဆက်လုပ်ကြပါ ၊ ငါ လမ်းမှားပြီး ဝင်လာမိတာ

Vol. 13 Ch. 157

ဆက်လုပ်ကြပါ ၊ ငါ လမ်းမှားပြီး ဝင်လာမိတာ

Vol. 13 Ch. 157

ကောင်းကင်နှင့်မြေကြီးဂူအတွင်း၌ ​ကလေးအသံက ဂူဝဆီသို့ ထွက်ပေါ်လာသည်။

“ကောင်းကင်ပေါ်က နေမင်းကြီးက နောက်တစ်ကြိမ် ထပ်ပြီးပြောင်းလဲသွားပြန်ပါပြီ။ ဒါက… ကောင်းတဲ့အရာလား၊ ဆိုးတဲ့အရာလား မသိဘူး”

ထိုနောက် အမျိုးသမီးတစ်ဦး၏ ဆောင်မှုရှိသော ပေါ့ပေါ့ပါးပါး ရယ်မောသံတစ်ခု ထပ်မံထွက်ပေါ်လာ၏။

“ဒီကိစ္စက အနည်းဆုံးတော့ မဟာအုပ်စိုးရှင်တစ်ပါးနဲ့ ပတ်သက်နေမယ်ထင်တယ်။ ကျွန်မတို့ စိုးရိမ်စရာ မလိုပါဘူး။ ဒီအစား၊ လွန်ခဲ့တဲ့နှစ်တွေမှာ ကျွန်မတို့ တိုးတက်မှုရှိခဲ့ရဲ့လား၊ နောက်ထပ် နတ်ဘုရားပေါက်ကို ဖွင့်နိုင်ခဲ့ရဲ့လားဆိုတာကိုပဲ စဉ်းစားသင့်တယ်”

“ကရုဏာနတ်သမီးက အမြဲတမ်းလိုလို ပျော်ရွှင်စရာ ကောင်းနေတာပဲ”

အနည်းငယ်အိုမင်းနေသောအသံတစ်ခုကလည်း ထပ်မံထွက်ပေါ်လာပြန်သည်။

“ဒီလိုကိစ္စတွေကို ထပ်ပြီးမပြောကြရအောင်”

ထိုသုံးဦးသည် အရှေ့ပိုင်းဒေသ၏ ယင်နတ်ဘုရားများ ဖြစ်ကြပြီး ပါရမီရှင်တိုက်ပွဲကို လက်ခံကျင်းပရန် တာဝန်ရှိသူများလည်း ဖြစ်ကြသည်။

သို့သော် အမှန်တကယ်တွင်မူ စစ်ပွဲတစ်ခုလုံးကို ယဲ့ချုံကသာ စီစဉ်ခဲ့ခြင်း ဖြစ်သည်။ ကျန်နှစ်ဦးက လုံးဝ ဝင်ရောက်စွက်ဖက်ခြင်း မရှိခဲ့ပါ။ ထို့အပြင် ယခုတွေ့ဆုံနေကြသည်မှာလည်း သူတို့၏ ကိုယ်ပွားများသာဖြစ်ကြပြီး သူတို့၏ခန္ဓာက်ုယ်အစစ်များသည် နက်ရှိုင်းစွာ အိပ်စက်နေကြ၏။

သူတို့အတွက် အရေးအကြီးဆုံးမှာ နတ်ဘုရားပေါက်များကို ချဲ့ထွင်ရန်သာ ဖြစ်ပြီး အခြားအရာများအတွက် အာရုံစိုက်ရန် အချိန်မရှိပါ။

“နောက်ထပ်တစ်လခွဲကြာရင် အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲပြီးဆုံးတော့မှာပါ။

ဝမ်ယုကုန်းမြေတိုက်ကြီးကိုဝင်မဲ့လမ်းကြောင်းလည်း ပွင့်လိမ့်မယ်၊ကျွန်မတို့..

အဲဒီမှာ နေရာရနိုင်ပါ့မလား မသိဘူး”

အမျိုးသမီး၏ဆွဲဆောင်မှုရှိသောအသံသည် ဝမ်းနည်းမှုအနည်းငယ် ရောယှက်နေ၏။

“အင်း...ဒီမိုရာမျိုးနွယ်… သူတို့က အရမ်းကို အစွမ်းထက်ကြတယ်”

အိုမင်းသောအသံပိုင်ရှင်ကလည်း စိတ်ဓာတ်ကျနေသလို ညည်းတွားလိုက်သည်။

“တခြား ယင်နတ်ဘုရားတွေရဲ့ အကူအညီ မပါဘဲ၊ ငါတို့ အင်အားလောက်နဲ့တော့ ဒီမိုရာ မျိုးနွယ်နဲ့ ယှဉ်ပြိုင်လို့ မရနိုင်ဘူး”

ထိုအခါ ကလေးအသံပိုင်ရှင်၏ ကန့်ကွက်သံထွက်လာသည်။

“တခြား ယင်နတ်ဘုရားတွေဆီက အကူအညီ တောင်းခံရမယ်လား။ အဲဒါက ဝမ်ယုတိုက်ကြီးကို သူတို့လက်ထဲ ငွေဖလားနဲ့ ထည့်ပေးလိုက်တာနဲ့ အတူတူပဲ။ ဘယ်တော့မှ မဖြစ်စေရဘူး”

“ဒါပေမယ့် ဒီမိုရာ မျိုးနွယ်မှာ ဒုတိယအဆင့် ယင်နတ်ဘုရား ရှိတယ်လေ”

အိုမင်းသောအသံပိုင်ရှင်၏စကားကြောင့် အားလုံးတိတ်ဆိတ်သွားသည်။

သူတို့အားလုံးသည် ပထမအဆင့် ယင်နတ်ဘုရားများသာ ဖြစ်ကြပြီး၊ နတ်ဘုရားပေါက် အနည်းငယ်ကိုသာ ဖွင့်ထားနိုင်ကြသည်။

ဒုတိယအဆင့် ယင်နတ်ဘုရားတစ်ပါးကို ဆန့်ကျင်ရန်ဆိုလျှင် သူတို့အတွက် အခွင့်အရေး လုံးဝမရှိနိုင်ပါ။

ဆွဲဆောင်မှုရှိသော အသံပိုင်ရှင်အမျိုးသမီးက တစ်စုံတစ်ခုကို ထပ်ပြောလာသည်။

“မကြာသေးခင်က သွေးဝတ်စုံဓားဘုရားက အလင်းနန်းတော်ကို ဖျက်ဆီးပစ်လိုက်တယ်လို့ ကြားရတယ်။ အဲဒီ တိုက်ပွဲရဲ့ အကြွင်းအကျန်တွေက မသေးငယ်လှဘူးလို့ ဆိုနေကြတယ်။ ဒါက ဒုတိယအဆင့်လောက်အရှိန်အဝါရှိတဲ့တိုက်ပွဲတစ်ခု ဟင်းလင်းပြင်ထဲမှာ ဖြစ်ပွားခဲ့တာကို ပြသနေတာပဲ ။ ဒီ သွေးဝတ်စုံဓားဘုရားဟာ ဒုတိယအဆင့်များ ဖြစ်နိုင်မလား”

“မဟုတ်ပါဘူး၊ သူ့မှာ နတ်ဘုရားသဘာဝ ရော အရှိန်အဝါရောလုံးဝမရှိဘူး။ သူက ယင်နတ်ဘုရားနယ်ပယ် မဟုတ်ဘူး”

“ဒါဆို သူ့မှာ အစွမ်းထက်တဲ့ ဒုတိယအဆင့်ယင်နတ်ဘုရား ရတနာတစ်ခုများ ရှိနေမလား”

အမျိုးသမီးအသံက လောဘတက်လာသလို ပြင်းထန်လာသည်။

“ငါ့မှာကျတော့ ဘာလို့ ယင်နတ်ဘုရား ရတနာတစ်ခုလေးတောင် မရှိရတာလဲ”

အိုမင်းသောအသံက စိတ်ပျက်သလို ညည်းတွားပြန်သည်။

ဒုတိယအဆင့်သို့ မရောက်သေးလျှင် သာမန်ယင်ဘုရားတစ်ပါး၏ နတ်ဘုရားချီသည် နောက်ထပ် နတ်ဘုရားပေါက်များကို ဖွင့်ရန်ပင် မလုံလောက်နိုင်ပါ ၊ ယင်နတ်ဘုရား ရတနာပစ္စည်းတစ်ခုကို ထုလုပ်ဖို့ဆိုလျှင် ပို၍ပင် ဝေးကွာလှသည် မဟုတ်ပါလား။

“သွေးဝတ်စုံဓားဘုရားသာ ဝမ်ယုကုန်းမြေ တိုက်မှာ သေသွားမယ်ဆိုရင် သိပ်ကောင်းမှာပဲ”

“အဲဒါဆိုရင် အဲဒီ ယင်နတ်ဘုရား ရတနာပစ္စည်းကို ငါကောက်ယူလို့ ရပြီ”

“နင်က အိပ်မက်မက်နေတာပဲ။ ဒီမိုရာမျိုးနွယ်က ယင်နတ်ဘုရားအဆင့်ရတနာကို ကျန်ခဲ့စေမှာတဲ့လား”

“ယဲ့ချုံး၊ သွေးဝတ်စုံဓားနတ်ဘုရားကို ဝမ်ယုတိုက်ထဲ ပို့လိုက်တာက မင်းရဲ့ ကောက်ကျစ်တဲ့ အစီအစဉ်မှတ်လား”

“ငါ သူ့ကို လှည့်စားတာ မဟုတ်ဘူး။ သူကိုယ်တိုင်က ဝမ်ယုတိုက်ထဲ ဝင်ချင်ခဲ့တာပါ။ ငါက သူ့ရဲ့ဆန္ဒလေးကို ဖြည့်ဆည်းပေးလိုက်ရုံပါပဲ။ အဲဒီမှာ သူသေသွားရင် ငါ့ကို အပြစ်တင်လို့ မရဘူး”

ကလေးအသံက ထိုလုပ်ရပ်ကို ဖြောင့်မတ်သလို ခုခံလိုက်သည် ။

ကျန်သောသူများက ထပ်မံမငြင်းတော့ဘဲ တိတ်ဆိတ်သွားကြသည်။

သူတို့ ဘာတွေးနေကြသည်ကို သူတို့ကိုယ်တိုင် သိနိုင်လိမ့်မည်မဟုတ်ပါလား။

သေချာတာကတော့ ထိုအကြံအစဥ်များက သွေးဝတ်စုံဓားနတ်ဘုရားနှင့် ပတ်သတ်နေပါလိမ့်မည်။

..............

သာရှန်းတိုင်းပြည် ရှန်ကွမ်းဂိုဏ်းတွင်​ဖြစ်သည်။

ဂိုဏ်းချုပ်ကြီးကူမုသည် ရက်ပေါင်းများစွာ စိတ်သောက ရောက်နေခဲ့သည်။

မူကုန်းသည် သူ၏ဂိုဏ်း၌ သေဆုံးသွားခဲ့ခြင်းကြောင့် ဓားနီဂိုဏ်းသည် သူတို့ကို ပစ်မှတ်ထားရန် အကြောင်းပြချက် ပိုကောင်းသွားခဲ့၏။ ဓားနီဂိုဏ်း၏ အမြင့်ဆုံးအကြီးအကဲသည် ဒဏ်ရာရနေဆဲ ဖြစ်သော်လည်း သူသည် ခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူတစ်ဦး ဖြစ်နေဆဲပင်။

ခရမ်းရောင်နန်းတော်အဆင့်နှင့် စိတ်ဝိညာဥ်အဆင့်တို့သည် လုံးဝမတူညီသော အဆင့်များဖြစ်ကြပြီး အံတုနိုင်စရာနည်းလမ်းမရှိပါ။

ယခုအချိန်မှာတော့ တတ်နိုင်သမျှကြိုးစားသည့်အနေဖြင့် ဂိုဏ်း၏မဟာအစီအရင်ကို ဖွင့်ထားပြီး ဓားနီဂိုဏ်း၏ အမြင့်ဆုံးအကြီးအကဲ ရောက်ရှိလာချိန်ကို စောင့်ဆိုင်းနေရုံသာ တတ်နိုင်တော့သည်။

ကုမူကျန့်ကျွမ်းသည် ခန်းမအတွင်း၌ ရတတ်မအေးစွာထိုင်နေပြီး မိမိ၏ဂိုဏ်းအတွက် အလွန်စိတ်မကောင်းဖြစ်နေ၏။

ငါ့ရဲ့ပါရမီအစွမ်းအစက နည်းလိုက်တာ။ကိုယ့်ဂိုဏ်းကိုတောင် မကာကွယ်နိုင်ဘူး။

ထိုသို့ စိတ်ပျက်အားငယ်နေစဥ်မှာပင် အကြောက်မက်ဖွယ်ကောင်းသောအော်ရာ တစ်ခုက ကောင်းကင်ယံကို ဖြတ်၍ ဂိုဏ်းအတွင်သို့ ပျံ့နှံ့လာခဲ့သည်။

ကူမုကျန့်ကျွမ်း၏ မျက်နှာထားက ဆိုးရွားစွာ ပြောင်းလဲသွား၏။

“ခရမ်းရောင်နန်းတော်အဆင့်လား”

ခန်းမအတွင်းမှ အကြီးအကဲများနှင့် ဂိုဏ်းထောက်များသည်လည်း ပို၍ မှိုင်တွေသော အမူအရာများ ဖြစ်သွားကြသည်။

“သူတို့ တကယ်လာပြီ”

“ပြီးသွားပြီ။ ရှန်ကွမ်းဂိုဏ်းကတော့

ပျောက်ကွယ်သွားပြီ"

အကြီးအကဲများက ထိတ်လန့်စွာရေရွတ်လိုက်ကြပြီး ခြေမကိုင်မိလက်မကိုင်မိများ ဖြစ်ကုန်သည်။

“ခဏလေး၊ တစ်ယောက်တည်း မဟုတ်ဘူး၊ ခရမ်းရောင်နန်းတော်အဆင့်နှစ်ယောက်တောင်လာတာလား ”

ဂိုဏ်းချုပ်ကြီးကုမူ သည် အစွမ်းထက်သော တည်ရှိမှု နှစ်ခုကို ခံစားလိုက်ရပြီးနောက် သူ၏ နှလုံးသားသည် စိတ်ပျက်အားငယ်မှုထဲသို့ လုံးဝကျဆင်းသွားတော့သည်။

ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်တည်းကပင် ရှန်ကွမ်းဂိုဏ်းကို အလွယ်တကူ ဖျက်ဆီးပစ်နိုင်သည်။

ခရမ်းရောင်နန်းတော်အဆင့်နှစ်ယောက်ဆိုလျှင် ပြောစရာပင်မလိုတော့ပါ။ ဓားနီဂိုဏ်းမှ အကြီးအကဲက နောက်ထပ်အကူအညီတစ်ယောက်ကိုပါ ခေါ်လာခဲ့ပုံ ရလေ၏။

“ဂိုဏ်းချုပ်၊ သူတို့နဲ့ သေသည်အထိ တိုက်ကြတာပေါ့”

အမြုတေအဆငိ့ အကြီးအကဲတစ်ဦးက ဒေါသတကြီး ပြောလိုက်သည်။

"ဒါသပ်သပ် အနိုငိကျင့်လွန်းတယ်"

“ဂိုဏ်းကို ကာကွယ်ဖို့ သစ္စာဆိုပါတယ်”

ခန်းမအတွင်းအကြီးအကဲများနှင့် အုပ်ချုပ်သူများ ညွှန်ကြားမှုနှင့်အတူ ဂိုဏ်းတစ်ခုလုံး စည်းလုံးညီညွတ်စွာဖြင့် ဆုံးဖြတ်ချက်ချခဲ့ကြသည်။

ရွှမ်ချုန်းအကြီးအကဲကတော့ ရှန်ကွမ်းဂိုဏ်းအား တစ်ချက်ဝေ့ကြည့်ကာ သက်ပြင်းချ၏။

ပြဿနာရှိတဲ့သူတွေ စုနေတဲ့ဂိုဏ်း ၊ အခုတော့ ပြဿနာတွေအကုန်ရှင်းသွားတော့မှာပါလား။

တစ်ချိန်တည်းမှာပင် ရှန်ကွမ်းဂိုဏ်း၏ အပြင်ဘက်၌ မေရှန်နှင့်ရွှီရဲ့လီတို့သည် အံ့သြစွာဖြင့် အချင်းချင်းကြည့်မိကြသည်။

“ငါတို့ နေရာမှား ရောက်လာတာလား”

“မမှားဘူးထင်တာပဲ”

“ဘာလို့ သူတို့က ငါတို့ကို မြင်တာနဲ့ တုတ်တပြတ် ဓားတပြတ်ဖြစ်နေကြတာလဲ၊ငါတို့ကို

သူတို့ရဲ့အကြီးမားဆုံးရန်သူတွေလို မြင်နေကြတယ်လို့ ငါ ခံစားနေရတယ်”

"ငါတို့က အခုမှ တိုင်းပြည်တစ်ရာ​နယ်မြေကို ရောက်ဖူးတာလေ"

သူတို့နှစ်ဦးလုံးမှာ နားမလည်နိုင်ဖြစ်နေကြသော်လည်း ​ စကားစပြောလိုက်ကြသည်။

“သွေးဝတ်စုံမဟာမိတ်အဖွဲ့ကမေရှန်က ရှန်ကွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို လာရောက် တွေ့ဆုံပါတယ်”

“သွေးဝတ်စုံမဟာမိတ်အဖွဲ့က ရွှီရဲ့လီက ရှန်ကွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်ကို လာရောက် တွေ့ဆုံပါတယ်"

သူတို့၏ အသံများက ကောင်းကင်ယံတွင်ဟိန်းထွက်လာကာ ဂိုဏ်း၏ အလုံပိတ်အကာအကွယ် အစီအရင်ကို ထိုးဖောက်၍ ရှန်ကွမ်းဂိုဏ်း၏ တပည့်များနှင့် အကြီးအကဲများအားလုံး၏ နားထဲသို့ ရောက်ရှိသွားသည်။

လက်နက်များထုတ်ကာ သေသည်အထိတိုက်ခိုက်ရန်အသင့်ပြင်ထားကြသော အကြီးအကဲများနှင့် တပည့်များသည် စိတ်ရှုပ်ထွေးစွာ အချင်းချင်း ကြည့်မိကြကုန်၏။

“သွေးဝတ်စုံမဟာမိတ်အဖွဲ့တဲ့လား။ အဲဒါ ဘာလဲ”

“ဘာဖြစ်နေတာလဲ။ လာတာက ဓားနီဂိုဏ်းမဟုတ်ဘူးလား”

ဂိုဏ်းချုပ်ကြီးကူမုသည်လည်း အလွန်အံ့သြနေပြီး အကြီးအကဲရွှမ်ချုံးမှာလည်း ပါးစပ်အဟောင်းသားပင်။

သူတို့နှင့် အကြီးအကဲများသည် ဂိုဏ်းတံခါးသို့ ပျံသန်းသွားပြီး အပြင်ဘက်ကို ကြည့်လိုက်ကြ၏။

ကူမုကျန့်ကျွမ်း၏ မျက်လုံးများမှာ အံ့ဩလွန်း၍ အစွမ်းကုန်ပြူးကျယ်သွားသည်။

သူ၏ရှေ့မှ အကြီးအကဲနှစ်ဦး၏ အရှိန်အဝါများသည် သမုဒ္ဒရာကဲ့သို့ နက်ရှိုင်းပြီး ကောင်းကင်ကဲ့သို့ မြင့်မားနေသည်မဟုတ်ပါလား။

သူနှင့်တကွ အားလုံးသည် ပြင်းထန်သောအရှိန်အဝါကြောင့် ​ဖိအားများစွာခံစားနေရသည်။

အထူးသဖြင့် ရှေ့ဆုံးမှအကြီးအကဲတစ်ဦးသည် သာမန်ခရမ်းရောင်နန်းတော်အဆင့်တစ်ပါးနှင့် မတူပေ။

ဤမျှ အစွမ်းထက်သော ပုဂ္ဂိုလ်များသည် ရှန်ကွမ်းဂိုဏ်းကို ရောက်လာပြီး မိမိအား အဘယ်ကြောင့် လာရောက် တွေ့ဆုံနေကြလေသနည်း။

ပို၍ထူးဆန်းသည်မှာ သူတို့လိုအဆင့်ကြီးများက အလွန်ချိုသာယဥ်ကျေးစွာ ခွင့်တောင်းနေကြခြင်းပင်။

“မင်းက ရှန်ကွမ်းဂိုဏ်းရဲ့ ဂိုဏ်းချုပ်လား”

မေရှန်က စစ်မှန်သောသခင် ကူမုကျန့်ကျွမ်းကို ကြည့်လိုက်သည်။

သူ့၏ရှေ့မှလူသည် စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူ ဖြစ်သော်လည်း မေရှန်၏ အမူအရာသည် အလွန်ကို နူးညံ့သိမ်မွေ့နေသည်။

အဘယ်ကြောင့်ဆိုသော် ထိုလူသည် သွေးဝတ်စုံဓားဘုရား၏ အကြီးအကဲ ဖြစ်နေခြင်းကြောင့်ပင် ။

“ကျွန်တော်က ရှန်ကွမ်းဂိုဏ်းရဲ့ဂိုဏ်းချုပ် ကူမုပါခင်ဗျာ။ ခင်ဗျားတို့က ဘယ်သူတွေလဲဆိုတာ သိပါရစေ”

ဂိုဏ်းချုပ်ကြီးကူမုက သတိထားကာ သံသယအပြည့်ဖြင့် မေးလိုက်သည်။

“ကျွန်တော်တို့ရဲ့ သွေးဝတ်စုံမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က ခင်ဗျားအတွက် လက်ဆောင်တစ်ခု ပေးခိုင်းလိုက်လို့ပါ”

မေရှန်က ထိုသို့ပြောလိုက်ပြီး သူ၏ လက်ထဲတွင် ခရမ်းရောင်ရွှေဖရုံသီးတစ်ခု ပေါ်လာ၏။ ဂိုဏ်း၏ အကာအကွယ်အစီအရင် ရှိနေသော်လည်း ထိုဖရုံသီးသည် အတားအဆီးမရှိ ဖြတ်သန်းသွားပြီး ဂိုဏ်းချုပ်ကြီးကူမု၏ လက်ထဲသို့ တိုက်ရိုက်ရောက်ရှိသွားခဲ့သည်။

“ခရမ်းရောင်ရွှေဖရုံသီးလား”

ဂိုဏ်းချုပ်ကြီးကူမုသည် သူ၏စိတ်ထဲတွင်ရင်းနှီးနေသော ထိုရတနာကို ကြည့်ကာ အံ့ဩတုန်လှုပ်နေသည်။

ဒါက ငါတို့သစ်သားမျိုးနွယ်ရဲ့ ပျောက်ဆုံးနေတဲ့ ရတနာပဲ။ ဒါကို မမြင်ရတာ နှစ်ပေါင်းထောင်ချီနေပြီ။ အခုတော့ ဒါက ငါ့လက်ထဲကို ဒီလိုနဲ့ပြန်ရောက်လာတာလား။

"ခရမ်းရောင်ရွှေဖရုံသီးလား"

အကြီးအကဲရွှမ်ချုံးကလည်း စိတ်လှုပ်ရှားစွာဖြင့် ကုမုကျန့်ကျွမ်း၏လက်ထဲမှ ခရမ်းရောင်ရတနာကို စိုက်ကြည့်နေသည်။

ထိုအရာက အစစ်ဖြစ်ပြီး လုံးဝမမှားနိုင်ပါ။

အကြီးအကဲများနှင့် ဂိုဏ်းသားများကတော့ ဂိုဏ်းချုပ်နှင့်အကြီးအကဲရွှမ်ချုံးတို့သည် အဘယ်ကြောင့် ထိုပစ္စည်းအား ထိုမျှ ပြင်းပြင်းထန်ထန် တုံ့ပြန်နေကြသည်ကို နားမလည်နိုင်ဖြစ်နေကြသည်။

ဂိုဏ်းချုပ်ကြီးကူမုသည် တုန်ယင်သောလက်များဖြင့် မျိုးနွယ်ရတနာကို ကိုင်ထားရင်း အတိတ်မှ အမှတ်ရစရာများ သူ့စိတ်ထဲ စီးဝင်လာသည်။

သို့သော်လည်း မေးခွန်းတစ်ခု သူ့စိတ်ကို နှောင့်ယှက်နေ၏။

ခရမ်းရောင်ရွှေ ဖရုံသီးသည် အရှေ့ပိုင်းဒေသပါရမီရှင်တိုက်ပွဲမှာ ပါဝင်နေသူများအတွက် ဆုလာဘ်တစ်ခု ဖြစ်သည်။

ဒါက ဘယ်လိုလုပ် ဒီနေရာကို ရောက်လာရတာလဲ။ဘာမှကို မသက်ဆိုင်တာ။

ရုတ်တရက် သူသည် ကျိယွမ်နှင့် ကန်းဖူလူတို့ကို သတိရသွားမိသည်။

သူသည် မျိုးနွယ်ရတနာနှင့် ၎င်း၏ အရေးပါပုံကို ထိုနှစ်ဦးကိုသာ ဖော်ပြဖူးခဲ့သည်။

ယခု ရတနာအား သူ၏ဆီသို့ တကူးတကလာပို့ပေးခြင်းမှာ သူတို့နဲ့ ဆက်စပ်မှု ရှိကိုရှိရပါမည်။

ဒါပေမဲ့ ဘယ်သူလဲ။ဖူလူကတော့ မဟုတ်တာ သေချာတယ်။

ကူမုကျန့်ကျွမ်းသည် ကန်းဖူလူကို ချက်ချင်း ပယ်ချလိုက်သည်။သားမက်ဖြစ်သူ၏ အရည်အချင်းကို သူက သိနေခြင်းကြောင့်ပင်။

ထို့ကြောင့် ယခုရတနာနှင့်ပတ်သတ်နေသူမှာ ရွမ်ယူချမ်း၏တပည့်ဖြစ်သူ ကျိယွမ်သာ ကျန်တော့သည်။

သို့သော် ကျိယွမ်၏လက်ရှိအနေအထားနှင့် ဆုလာဘ်ကိုရယူရန်ကလည်း တော်တော်ဝေးကွာနေပြန်၏။

ကုမူကျန့်ကျွမ်းသည် မျိုးနွယ်ရတနာအားကြည့်ကာ အတွေးများစွာ သူ့စိတ်ထဲ၌ ဖြတ်သန်းနေသည်။

ဒီကောင်ကျိယွမ်က သွေးဝတ်စုံမဟာမိတ်အဖွဲ့ခေါင်းဆောင်ကို ဖမ်းစားလိုက်တာများ ဖြစ်မလား။

မဖြစ်နိုင်ဘူးဟု ထင်ရသော်လည်း ကူမုကျန့်ကျွမ်းက ထိုကိစ္စသာ ဖြစ်နိုင်သည်ဟု တွေးလိုက်သည်။

ကျိယွမ်သည် ယုံကြည်အားကိုးရသောပုံစံမျိးမဟုတ်သော်လည်း ရုပ်ရည်ကတော့ အလွန်ချောမော​သည်။ ပုဂ္ဂလိက အသိုင်းအဝိုင်းများတွင် သူသည် သာ့ရှန်၏ အလှပဂေးဆယ်ဦးအနက် အဆင့်တစ်ဆယ်တွင် သတ်မှတ်ခံရသည်။

သူ၏ ထူးဆန်းသော ဥပါဒါန်သွေးမျိုးဆက်စရိုက်ကြောင့်သာ အဆင့် ၁၀ သို့ရောက်နေခြင်းဖြစ်ပြီး သာမန်လူတစ်ဦးသာဖြစ်နေပါ သူသည်သေချာပေါက် အဆင့်တစ် ဖြစ်နိုင်ကြောင်း အားလုံးလက်ခံထားကြလေသည်။

ထို့ကြောင့် သွေးဝတ်စုံမဟာမိတ်အဖွဲ့၏ အကြီးအကဲတစ်ဦးက သူ့ကို သဘောကျပြီး တာအိုလက်တွဲ့ဖော်အဖြစ် ခန့်အပ်လိုက်ခြင်း လုံးဝဖြစ်နိုင်သည်။

ဂိုဏ်းချုပ်ကြီးကုမူသည် ကျိယွမ်က သူ့အတွက်ထိုမျှအထိ စွန့်လွှတ်အနစ်နာခံပေးသည်ကို တွေးမိသောအခါ လွန်စွာမှ စိတ်လှုပ်ရှား ခံစားခဲ့ရသည်။

သူက ခရမ်းနန်းတော်အဆင့်နှစ်ဦးအား ကြည့်လိုက်၏။

ဒါက ကျန်းလင်းစု ပြောခဲ့တဲ့ “လက်အောက်ခံ နှစ်ဦး” ဆိုတာဖြစ်လိမ့်မယ်။

ဂိမ်းမှလွဲလျ​င် မိန်းမများကိုပင် သိပ်ပြီးစိတ်မဝင်စားသော ကျိယွမ်သည် ထိုရတနာအတွက် ခေါင်းဆောင်အမျိုးသမီးကို သည်းခံပြီးလက်တွဲလိုက်ပုံပင်။

အင်း..ငါတကယ် လူကြည့်မမှားခဲ့ဘူးပဲ။

ကူမုကျန့်ကျွမ်းက လေးစားစွာ မေးလိုက်သည်။

“သွေးဝတ်စုံမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်က အမျိုးသားလား၊ အမျိုးသမီးလားဆိုတာ သိပါရစေ”

မေရှန်က ကုမူကျန့်ကျွမ်းကို နားမလည်သလိုကြည့်၏။

“သူက အမျိုးသားစစ်စစ်ပါ”

"အမျိုးသားလား.."

ဂိုဏ်းချုပ်ကြီးကုမူ၏ မျက်နှာသည် သိသိသာသာ တောင့်တင်းသွားသည်။

ကျိယွမ်..ဒီကောင်လေး..။

သူ၏ ကျေးဇူးတင်မှု ပို၍ နက်ရှိုင်းသွားရသည်။

ကျိယွမ်၏ စွန့်လွှတ်အနစ်နာ ခံမှုက… ကြီးမားလွန်းလှပါတကား..။

တဖက်သူက ယောက်ျားကြီးဖြစ်နေသည်ကိုပင် သူကပေးဆပ်ခဲ့လေ၏။

တပည့် ..မင်းရဲ့ကျေးဇူးကို သစ်သားမျိုးနွယ်က အမြဲသတိရနေမှာပါ။

“ခေါင်းဆောင်က မင်းဟာ သူ့ရဲ့ အကြီးအကဲဖြစ်ပြီး သူ့ကို ကောင်းကောင်း ဂရုစိုက်ပေးခဲ့တယ်လို့လည်း ပြောပါတယ်။ သင့်အတွက် နောက်ထပ် လက်ဆောင်တစ်ခု ရှိပါသေးတယ်”

မေရှန်၏ စကားကြောင့် ကုမူကျန့်ကျွမ်းအံ့ဩသွားရပြန်သည်။

ငါက ဘယ်လိုလုပ်ပြီး သူတို့ခေါင်းဆောင်ရဲ့ အကြီးအကဲဖြစ်နေရပြန်တာလဲ။

ပြီးတော့ ငါက သူ့ကိုဂရုစိုက်ပေးဖူးတယ်ဆိုပဲ။

ဘာတွေလဲ။

ကျိယွမ်က ပေးဆပ်တာမဟုတ်ဘူးလား။

သွေးဝတ်စုံမဟာမိတ်အဖွဲ့၏ ခေါင်းဆောင်က ငါနဲ့ သိနေခဲ့တာလား။

ဘာတွေလဲ။

ဂိုဏ်းချုပ်ကြီး ကုမူကျန့်ကျွမ်း အတွေးများနှင့် နဘမ်းလုံးနေစဥ်မှာပင် မေရှန်က ပြုံးကာ စကားဆက်၏

“ဒါ ဘယ်သူလဲဆိုတာ ကြည့်လိုက်ပါဦး”

နောက်တွင်တိတ်ဆိတ်စွာရပ်နေခဲ့သော ရွှီရရဲ့လီက ပုံသဏ္ဌာန်တစ်ခုကို ရှေ့သို့ တွန်းလိုက်သည်။

ထိုပုံရိပ်သည် ရှန်ကွမ်းဂိုဏ်းထဲသို့ ဒလိမ့်ကောက်ကွေး ပြုတ်ကျသွားတော့သည်။

“ခရမ်းရောင်နန်းတော်အဆင့်လား”

“နောက်ထပ် ခရမ်းရောင်နန်းတော်အဆင့်တစ်ယောက်ပဲ”

အားလုံးက အထိတ်တလန့်ထအော်မိကြသည်။

တိုင်းပြည်တစ်ရာတွင် မူးလို့ရှုစရာဟူ၍ တစ်ဦးတစ်လေပင်မရှိခဲ့ဖူးသော ခရမ်းရောင်နန်းတော်အဆင့်များသည် ယနေ့တွင် တစ်ယောက်ပြီးတစ်ယောက် ပေါ်လာနေ​၏။

ယနေ့လောကကြီးက ဘာတွေဖြစ်ကုန်လေသနည်း။

အားလုံးသေချာကြည့်မိသောအခါ ထိုခရမ်းရောင်နန်းတော်အဆင့် ကျင့်ကြံသူ၏ အရှိန်အဝါသည် လုံးဝအားနည်းနေပြီး၊ နတ်ဘုရားချုပ်နှောင်ကြိုးတစ်မျိုးဖြင့် ချည်နှောင်ခံထားရသည်ကို တွေ့လိုက်ရ၏။

မည်သို့ပင်ဆိုစေကာမူ ထိုသူသည် ခရမ်းရောင်နန်းတော်အဆင့်ဖြစ်သည်မှာတော့ သေချာပါသည်။

ခရမ်းရောင်နန်းတော်တစ်ပါးက ခွေးသေကောင်တစ်ကောင်လို ချည်နှောင်ခံထားရပြီး သူတို့ရှေ့သို့ အမှိုက်တစ်စအလား ပစ်ချခံလိုက်သည်ကို မြင်လိုက်ရသည့်အခါ လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။

အကြီးအကဲ ရွှမ်ချုံးသည် ချည်နှောင်ခံထားရသော ခရမ်းရောင်နန်းတော်အဆင့်၏ မျက်နှာကို မြင်လိုက်ရသည့်အခါ သူ၏နှလုံးသားက ဒိုင်းခနဲခုန်သွားပြီး မျက်နှာက တင်းမာသွားသည်။

“ဟုန်လျန်… မင်း ခွေးမျိုး"

ထိုပုံသဏ္ဌာန်သည် ဟုန်လျန်မှအပ အခြားသူ မဟုတ်ပါတကား။

ထိုလူယုတ်ကန်းသည် မြင့်မြတ်သောဘုရင်မကို အတင်းအကျပ် သတ်သေစေခဲ့ပြီး၊ သစ်သားမျိုးနွယ်ကို ဖျက်ဆီးခဲ့ကာ၊ အကြီးအကဲရွှမ်ချုံး၏ မိသားစုနှင့်တကွ မျိုးနွယ်စု တစ်ခုလုံးကို သတ်ဖြတ်ခဲ့သူ ဟုန်လျန်ပင် ဖြစ်သည်။

သူသည် ထိုမောက်မာသောမျက်နှာကို မည်သည့်အခါမျှ မေ့နိုင်မည် မဟုတ်ပါ။

နေ့ရော ညပါ၊ သူ၏ အိပ်မက်များထဲတွင် ထို မောက်မာသော မျက်နှာကို မြင်ယောင်နေခဲ့သည်။

ဂိုဏ်းချုပ်ကြီးကူမူ၏ မျက်လုံးများကလည်း မီးတောက်မတတ် ပြင်းထန်လာကာ အံကြိတ်နေ၏။

“ခေါင်းဆောင်က ဒီလူကို ခင်ဗျားတို့ သဘောအတိုင်း ဆက်ဆံဖို့ ပြောပါတယ်။ ကျွန်တော်တို့ သွေးဝတ်စုံမဟာမိတ်အဖွဲ့ကို အစီရင်ခံဖို့ ပြန်ရမှာပါ။ မတော်တဆဖြစ်တာမျိုးမရှိရအောင် ဟုန်လျန်ကို ခေါင်းဖြတ်ပြီး သူ့ရဲ့ခေါင်းကို ပြသဖို့ အကြံပြုပါတယ်”

မေရှန်က အဆိုပြုလာသည်။

ခေါင်းဖြတ်ပြီး ဦးခေါင်းကို ပြသခြင်းသည် ကန်းလန်ဘုံတွင် အများအားဖြင့် ပြုလုပ်သော အလေ့အကျင့်တစ်ခု ဖြစ်ပြီး၊ နက်ရှိုင်းသော ရန်ငြိုးများကို ဖြေရှင်းရန်အတွက် အသုံးပြုလေ့ ရှိသည်။

ဂိုဏ်းချုပ်ကြီးကူမုသည် မေရှန်နှင့် ရွှီရဲ့လီတို့ကို ကြည့်လိုက်ပြီး လေးနက်စွာ အရိုအသေပေးလိုက်သည်။

“ခင်ဗျားတို့ နှစ်ယောက်လုံးကို ကျေးဇူးတင်ပါတယ်၊ သွေးဝတ်စုံမဟာမိတ်အဖွဲ့ရဲ့ ခေါင်းဆောင်ကိုလည်း ကျေးဇူးတင်ပါတယ်”

ထိုခေါင်းဆောင်က မည်သူဆိုသည်ကို သူ မသိသော်လည်း ၊ သံသယ မဝင်ပါ။ ထိုသူသည် ကျိယွမ်နှင့်နက်ရှိုင်းသောဆက်သွယ်မှုတစ်ခု ရှိနေသည်ကတော့သေချာ၏။

ဖြစ်နိုင်တာက…...

သူသည် ဟုန်လျန်အား မီးတောက်မတတ်ပြင်းထန်နေသော သတ်ဖြတ်လိုသည့်မျက်လုံးများဖြင့် ကြည့်လိုက်သည်။

သူ၏မျက်လုံးများတွင် မုန်းတီးမှုများ ပြည့်နှက်နေကာ သူ့ကို အပိုင်းပိုင်း ဆုတ်ဖြဲပစ်ချင်နေမှန်း သိသာလှ၏။

ပျံလေတဲ့ငှက်ခါး လာနားပြီဆိုတော့ သိပြီပေါ့ကွာ...။

နာရီဝက် ကြာပြီးနောက်......

ခေါင်းဖြတ်ပွဲ စတင်ခဲ့လေ​သည်။

ဂိုဏ်းချုပ်ကြီးကုမူက သစ်သားမျိုးနွယ်၏အထိမ်းမ်းအမှတ်ဝတ်စုံကို ပထမဆုံးအကြိမ်အဖြစ် ဝတ်ဆင်ထားပြီး သူ၏မျက်နှာက လေးနက်နေသည်။

ဟုန်လျန်သည် ချောင်ပိတ်ခံထားရသော ခွေးတစ်ကောင်လို ရုန်ကန်းရန်ကြိုးစားနေပြီး သူ၏မျက်လုံးများတွင် ထိတ်လန့်မှုများ ပြည့်နေသည်။

“မင်း ငါ့ကို သတ်ရင် ရေနတ်ဘုရားတိုက်ကြီးနဲ့စစ်ပွဲ ဆင်နွှဲရလိမ့်မယ်”

ဟုန်လျန်မသေချင်ပါ။

အထူးသဖြင့် သူ၏ဖိနပ်ကိုပင် သယ်ခိုင်းရန်မထိုက်တန်သော စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူတစ်ဦး၏ လက်ချက်ဖြင့် သေဆုံးခြင်းမျိုးကို လုံးဝမကြုံတွေ့ချင်ပါ။

ရှန်ကွမ်းဂိုဏ်းမှ အကြီးအကဲများနှင့် တပည့်များကတော့ ခရမ်းရောင်နန်းတော်အဆင့်တစ်ပါး ခေါင်းဖြတ်ခံနေရသည်ကို ပထမဆုံးအကြိမ် မြင်တွေ့ရသဖြင့် ထိတ်လန့်ခြင်းအပြင် အံ့အားသင့်နေကြ၏။

ထိုအရာက အမှန်တကယ် မဖြစ်နိုင်လောက်အောင် ရှားပါးသော မြင်ကွင်းတစ်ခုမဟုတ်ပါလား။

ဂိုဏ်းချုပ်ကြီးကူမုသည် ဟုန်လျန်ကို အေးစက်စွာကြည့်နေရင်းမှ သူ၏ဓားကို ဖြည်းညင်းစွာ ဆွဲထုတ်လိုက်၏။

ဟုန်လျန်၏ဦးခေါင်းကို ဖြတ်ကာ သူ၏မျိုးနွယ်စုအတွက် လက်စားချေရန် အသင့် ဖြစ်နေလေပြီ။

ထိုအခိုက်တွင် ကြောက်မက်ဖွယ်ကောင်းသော အရှိန်အဝါတစ်ခုက ရှန်ကွမ်းဂိုဏ်းထဲသို့ နောက်တစ်ကြိမ် တိုက်ခတ်လာခဲ့သည်။

“မင်းတို့က ငါ့တပည့်ကို သတ်ရဲတယ်လား။ ရှန်ကွမ်းဂိုဏ်း၊ မင်းတို့က သေချင်လွန်းလို့ ရဲတင်းနေကြတာပဲ”

“ခရမ်းရောင်နန်းတော်ဆိုတဲ့ဂုဏ်ပုဒ်ကို မင်းတို့က အရေးမထားတော့ဘူးပေါ့ ၊ ဟုတ်လား”

“ဒီနေ့၊ ရှန်ကွမ်းဂိုဏ်းမှာ ဘယ်သူမှ အသက်ရှင်နိုင်မှာ မဟုတ်ဘူး”

အညိုရောင်ဝတ်ရုံ ဝတ်ဆင်ထားသော ခရမ်းရောင်နန်းတော်အဆင့်တစ်ဦးသည် ဂိုဏ်း၏ အပြင်ဘက်၌ ပေါ်လာပြီး၊ သူ၏ မျက်နှာသည် ဒေါသကြောင့် မှောင်မည်းနေသည်။

သူသည် ဓားကိုင်ကာ သူ့အားမော့ကြည့်နေသော ဂိုဏ်းချုပ်ကြီးကူမုကို ကြည့်လိုက်ပြီး ဟိန်းဟောက်ရန်ပြင်လိုက်ပြီးမှ ပါးစပ်ပိတ်သွား၏။

ဘာတွေလဲ။

သူသည် ခရမ်းရောင်နန်းတော်အဆင့်ကျင့်ကြံသူတစ်ဦးကို ကြိုးတုပ်ကာ ဒူးထောက်ခိုင်းထားသည်ကို မြင်လိုက်ရသည်။

ငါများ အမြင်မှားသလား။

ကြိုးတုပ်ခံထားရသော ခရမ်းရောင်နန်းတော်အဆင့်၏ အော်ရာသည်အားနည်းနေသော်လည်း အလယ်အလတ်အဆင့် ခရမ်းရောင်နန်းတော်တစ်ဦဖြစ်၏။

ဤမျှ အစွမ်းထက်သော ကျင့်ကြံသူတစ်ဦးသည် ဤနေရာ၌ မည်သို့ အဖမ်းခံရသနည်း။

သူ ထိတ်လန့်တုန်လှုပ်သွားသည်။

ထိုအခိုက်တွင် စိတ်အားထက်သန်သော အသံတစ်ခု ထွက်ပေါ်လာသည်။

“အချိန်စေ့ပြီ ၊ ကွပ်မျက်လိုက်”

ဂိုဏ်းချုပ်ကြီးကူမု၏ ဓားသည် တောက်ပစွာ လင်းလက်သွားသည်။

"ဒုတ်.."

ဓားအလင်းရောင်နှင့်အတူ ဟုန်လျန်၏ ဦးခေါင်းပြတ်ကြီးသည် မြေပြင်ပေါ်သို့ လိမ့်ကျလာသည်။

သူ၏ ဝိညာဉ်သည်လည်း နတ်ဘုရားချုပ်နှောင်ကြိုးကြောင့် မလွတ်မြောက်နိုင်ဘဲ ဖြည်းညှင်းစွာ ပျောက်ကွယ်သွားလေ၏။

အကြီးအကဲများနှင့်တကွ ဂိုဏ်းသားအားလုံးသည် ဟုန်လျန်သေပြီးနောက် ဂိုဏ်းအပြင်ဘက်မှ အညိုရောင်ဝတ်ရုံ ဝတ်ထားသောအကြီးအကဲကို အခုမှ သတိထားမိသလို မော့ကြည့်သည်။

အညိုရောင်ဝတ်အကြီးအကဲသည် လေထဲတွင်ရပ်နေရင်း လုံးဝ ထိတ်လန့်တုန်လှုပ်နေသည်။

ငါ ဘာကို မြင်လိုက်ရတာလဲ။

အလယ်အလတ်အဆင့် ခရမ်းရောင်နန်းတော်တစ်ယောက်က ရှန်ကွမ်းဂိုဏ်း၏ လက်ချက်ဖြင့် ခေါင်းဖြတ်ခံလိုက်ရသည်တဲ့လား။

ငါ နေရာမှား ရောက်လာတာလား၊ ဒါမှမဟုတ် ဒဏ်ရာကြောင့် အိပ်မက်မက်နေတုန်းပဲလား။

“မင်းတို့ ဆက်လုပ်ကြပါ… ငါ လမ်းမှားပြီး ဝင်မိတာ…”

အခြေအနေသည် သူ နားလည်နိုင်စွမ်းထက် အလွန် ထူးဆန်းနေသဖြင့် လောလောဆယ် ထွက်ခွာသွားရန် ဆုံးဖြတ်လိုက်သည်။

ထိုအခိုက်တွင် သူ၏နောက်မှ နူးညံ့သောအသံတစ်ခု ထွက်ပေါ်လာသည်။

"တာအိုရောင်းရင်း ​၊ ခဏနေပါဦး”

အညိုရောင်ဝတ်ရုံအကြီးအကဲ၏ခန္ဓာကိုယ် အေးခဲသွား​သည်။

အထွတ်အထိပ်ခရမ်းရောင်နန်းတော်အဆင့်ကြီးလား။

မဟုတ်ဘူး ၊ နောက်တစ်ယောက်လည်း ရှိသေးတယ်။

ငါတော့ ဆွမ်းခံရင်း ငှက်သင့်တော့မှာလား။

..........................

တစ်လခွဲဟူသောအချိန်က အမြန်ကုန်ဆုံးသွားခဲ့သည်။

“အမြုတေလမ်းစဥ်ရဲ့ တိုးတက်မှုက တော်တော်အလားအလာ ရှိတာပဲ။ငါ စုဆောင်းထားတဲ့ စစ်မှန်နေမင်းမီးတောက်ကလည်းမနည်းဘူး၊ အခု ကြယ်တစ်လုံးကို ဝါးမျိုဖို့ လုံလောက်ပြီလား”

ကျိယွမ်က လေးနက်စွာစဥ်းစားနေသည်။

အတန်ကြာစဥ်းစားပြီးနောက် သူခေါင်းယမ်းကာ မီးတောက်များ ပိုမိုစုဆောင်းရန် ဆုံးဖြတ်လိုက်၏။

ကြယ်တစ်လုံးကို ဝါးမျိုခြင်းသည် ဂြိုဟ်တစ်လုံးကို ဝါးမျိုခြင်းနှင့် မတူပါ။

ထိုနှစ်ခုသည် အခြေခံအားဖြင့် သိသိသာသာကွဲပြားခြားနားပါသည်။ကြယ်များက ကိုယ်ပိုင်အစွမ်းများရှိပြီး ဂြိုဟ်များကထိုသို့မဟုတ်ပါ။

ထို့အပြင်၊ သူအမှတ်မမှားပါက သူ၏အမြုတေပတ်ဝန်းကျင်ရှိ ကြယ်များအားလုံးသည် သူ၏အမြုတေထက် ပိုကြီးကြသည်။

ဂြိုဟ် ဒါဇင်ပေါင်းများစွာကို ဝါးမျိုပြီးနောက်တွင်ပင် ထိုကြယ်များနှင့် နှိုင်းယှဉ်ပါက ကွာခြားချက်မှာ ကြီးမားနေဆဲပင်။

“ငါ မီးတောက်ကို ပိုစုဆောင်းရဦးမယ်။ နောက်ထပ် နည်းနည်းလေး ကြိုးစားလိုက်ရင် ကြယ်တစ်လုံးကို ဝါးမျိုနိုင်မယ်ထင်တာပဲ ။ အဲဒါဆို ယဲ့ချုံးကို အနိုင်ယူဖို့ လုံလောက်သင့်တယ် မဟုတ်လား”

ယင်နတ်ဘုရားများအကြောင်းကို စဥ်းစားမိသောအခါ ကျိယွမ်မျက်မှောင်ကျုံ့သွားသည်။

ယင်နတ်ဘုရားများ၏ ခွန်အားက အလွန်ကြောက်မက်ဖွယ်ကောင်းလှသည် မဟုတ်ပါလား။

“နောက်ထပ် ကြယ်တစ်လုံးကို မဝါးမျိုမချင်း၊ ငါ့ကိုငါ ဖုံးကွယ်ပြီး နှိမ့်ချနေသင့်တယ်”

ကျိယွမ်သည် သူက အလွန်အားနည်းနေသေးသည်ဟု ခံစားရကာ စိတ်မလုံမခြုံဖြစ်နေသည်။

“ဟူး.....၊ ငါ့ရဲ့ အမြုတေက ဒီကမ္ဘာမှာ ရှိနေရင် ကောင်းမှာပဲ။ အဲဒီလိုဆိုရင် ငါ ယန်နတ်ဘုရားကိုတောင် တိုက်ရိုက်စိန်ခေါ်ရဲတယ်"

ပြောမည့်သာပြောရသည် ယန်နတ်ဘုရားတစ်ပါးက မည်မျှခွန်အားကြီးကြောင်း သူသေသေချာချာ မသိရသေးမချင်း လှုပ်ရှားမည် မဟုတ်ပါ။

“ခေါင်းဆောင်”

စံအိမ်သခင်ကြီး၏ အသံက ခန်းမအပြင်မှ ထွက်ပေါ်လာသည်။

ကျိယွမ်၏ မျက်လုံးများက တောက်ပလာ၏။

“အရှေ့ပိုင်းဒေသ ပါရမီရှင်တိုက်ပွဲ ပြီးပြီလား”

“ဟုတ်ကဲ့၊ ပြီးပါပြီ၊ ဝမ်ယုကုန်းမြေတိုက်ကို ဝင်ဖို့ ဝင်ပေါက်လည်း ပွင့်သွားပါပြီ”

စံအိမ်သခင်ကြီးက ခန်းမထဲသို့ ဝင်လာရင်းဖြေလေသည်။

ကျိယွမ် ကျေနပ်သွားပြီး ဖင်တကြွကြွဖြစ်သွားလေသည်။

“သွားကြစို့။ ငါ ဝမ်ယုကုန်းမြေတိုက်ကြီးထဲကို ဝင်ကြည့်ချင်နေပြီ”

စံအိမ်သခင်ကြီး၏ အမူအရာက လေးနက်သွားသည်။

"ဝမ်ယုတိုက်ကြီးရဲ့ လက်ရှိအခြေအနေက မရှင်းမလင်းဖြစ်နေဆဲပါ၊ ယင်နတ်ဘုရားသုံးပါးကလွဲလို့ အတွင်းမှာဘာတွေ ဖြစ်နေလဲဆိုတာ ဘယ်သူမှ မသိရသေးပါဘူး၊ ရုတ်တရက် ဝင်လိုက်ရင် အန္တရာယ် ရှိနိုင်ပါတယ်။ တပည့်လေးတွေ အချို့ကို အရင်စေလွှတ်ပြီး စူးစမ်းခိုင်းရင် ပိုကောင်းမယ်ထင်ပါတယ်”

လက်ရှိတွင် ကွေးယွန်တိုက်ကြီးတွင်ရှိသည့် တစ်ဦးတည်းသော ယင်နတ်ဘုရားဟူ၍ သွေးဝတ်စုံဓားနတ်ဘုရားသာ ရှိသည်။ သူသာ တစ်ခုခု ဖြစ်သွားပါက ခရမ်းရောင်နန်းတော်အဆင့်များသည် လာမည့် ဘေးအန္တရာယ်မှ အသက်ရှင်လွတ်မြောက်ရန် အခွင့်အရေး မရှိတော့ပါ။

“ခင်ဗျားပြောတာ အဓိပ္ပာယ် ရှိတယ်”

ကျိယွမ်က ခေါင်းညိတ်လိုက်သည်။

“ယဲ့ချုံးက ငါ့ကို ချောင်းမြောင်းတိုက်ခိုက်ရင် ကြီးမားတဲ့ ဆုံးရှုံးမှု ဖြစ်သွားလိမ့်မယ်”

စံအိမ်သခင်ကြီးက ပြုံးကာ အကြံပြုသည်။

“ဒါဆိုရင် ကျွန်တော် စီစဉ်လိုက်ရမလား”

“ဘာလို့ တခြားသူတွေကို စီစဉ်ပေးဖို့ လို မလဲ။ ငါသွားရင် မပြီးဘူးလား”

စကားဆုံးသည်နှင့် ကျိယွမ်၏ ပုံပန်းသဏ္ဌာန် ပြောင်းလဲသွားကာ သူ၏ မျက်နှာနှင့်အတူ သွေးနီရောင်ဝတ်ရုံကလည်း အနက်ရောင်ဝတ်စုံအဖြစ် ပြောင်းလဲသွားသည်။

“ငါက အမြုတေအဆင့် ကျင့်ကြံသူပါ။ အရင်က ခင်ဗျားတို့ရှေ့မှာ ခရမ်းရောင်နန်းတော်အဖြစ် ဟန်ဆောင်ခဲ့ရုံပါပဲ။ အခု ငါ မူလပုံစံကို ပြန်ရောက်သွားပြီ။ အမြုတေအဆင့်တစ်ယောက်အနေနဲ့ ဘယ်သူမှ ငါ့ကို အာရုံစိုက်မယ် မထင်ဘူး၊ ဟုတ်ရဲ့လား"

စံအိမ်သခင်ကြီးသည် တိတ်ဆိတ်သွားပြီး မည်သို့တုန့်ပြန်ရမှန်းပင် မသိတော့ပါ။

ခရမ်းရောင်နန်းတော်အဆင့်တွေရဲ့ ခေါင်းဆောင်က အမြုတေအဆင့်ဆိုတာ ဘယ်လိုဖြစ်နိုင်မှာလဲ။

.............................

ဝမ်ယုကုန်းမြေတိုက်ကြီး၏ ဝင်ပေါက်တွင်ဖြစ်သည်။

ပါရမီရှင်များ ထိုနေရာတွင်စုဝေးနေကြသည်။

ပါရမီရှင်စာရင်း၏ အဆင့်ဆယ့်ကိုးအတွင်း သတ်မှတ်ခံရသူများအားလုံး စုံလင်နေလေပြီ။

အနက်ရောင်ဝတ်စုံ ဝတ်ဆင်ထားသော ကုရှောင်းရောင်သည် လုအုပ်၏ရှေ့ဆုံးတွင် ရပ်နေ၏ ။ ကောင်းကင်ဘုံတာအိုအုတ်မြစ်ကျင့်ကြံထားသူဖြစ်သောကြောင့် ပါရမီရှင်စာရင်း၏ ထိပ်ဆုံးနေရာကို သူကရရှိနိုင်ခဲ့သည်။

မဟာဉာဏ်ပညာရှိကျိကျန်းသည် လူအုပ်နားတွင် ရပ်နေပြီး မျက်လုံးမှိတ်ထားကာ အိပ်ငိုက်နေဟန်ရှိသည်။

ကျန်းယာသည်လည်း လူအုပ်ထဲတွင် ရှိနေပြီး သူမ၏အမူအရာသည် ထုံးစံအတိုင်း ငြိမ်သက်နေသည်။

ရွှီထုန်ချန်း၏ မျက်လုံးများကလည်း မီးလျှံတစ်ခုအလား တောက်ပလျှက်ရှိ၏။

အလင်းနန်းတော် ပျက်စီးသွားပြီဖြစ်သောကြောင့် သူသည် သူ၏ခွန်အားကို ဖုံးကွယ်ထားခြင်း မရှိတော့ပါ။ သူ၏ စစ်မှန်နေမင်းမီးတောက်ကိုသုံးကာ ပြိုင်ဘက်အများစုကို မီးရှို့ပစ်ခဲ့ပြီး ထိပ်ဆုံး အယောက်နှစ်ဆယ်တွင် နေရာရရှိခဲ့လေသည်။

“နောက်ဆုံးလူ ဘယ်မှာလဲ။ ဘယ်တော့ ရောက်လာမှာလဲ။ ဘယ်လိုပါရမီရှင်မို့လို့ ဖြတ်လမ်းက ဝင်လာရဲသလဲဆိုတာ ငါကြည့်ချင်သေးတယ်”

ရေနတ်ဘုရားတိုက်ကြီးမှ လင်ကျောင်းဟူသော အမျိုးသမီးပါရမီရှင်က ထေ့ငေါ့လိုက်ပြီး သူမ၏ အသံတွင် လှောင်ပြောင်သံများ သိသိသာသာ ရောယှက်နေသည်။

သူမသည် အရှေ့ပိုင်းဒေသ ပါရမီရှင်စာရင်း၏ အဆင့်သုံးနေရာတွင် ရှိပြီး၊ သူမ၏ ရေဓာတ်စင်အပေါ် ကျွမ်းကျင်မှုသည် အခြားသူများထက် များစွာသာလွန်၏။

ထိုနေရာတွင်ရှိသော အခြားပါရမီရှင်များသည် လင်ကျောင်းကို သတိထားသော မျက်လုံးများဖြင့် ကြည့်နေကြသည်။

လင်ကျောင်း၏ ဂုဏ်ယူနေသောအမူအယာကို အားလုံးကအပြစ်မမြင်ပါ။ဖြစ်သင့်ပါသည်။

ပထမ...သူမ၏ ပင်ကိုယ်အရည်အချင်းသည် ထူးချွန်၏။

ဒုတိယ၊ သူမသည် ယင်နတ်ဘုရားအဆင့် ရတနာကိုပိုင်ဆိုင်ထားသော ရေတိမ်နန်းတော်မှ ဆင်းသက်လာသည်။

တတိယ...သူမ၏ မိခင်သည် မြောက်ပိုင်းဒေသမှ ယင်နတ်ဘုရားတစ်ပါး၏ အငယ်ဆုံးသမီး ဖြစ်ပြီး ထိုယင်နတ်ဘုရားက ချစ်ခင်မြတ်နိုးခြင်း ခံရသူလည်း ဖြစ်သည်။

သူမသည် ရွှေလင်းပန်းနှင့်အချင်းဆေး မင်းမွေးတဲ့သမီးဟု ဆိုနိုင်လောက်အောင် ရွှေဇွန်းကိုက်ကာ မွေးဖွားလာသူပင် မဟုတ်ပါလား။

“စိတ်မကောင်းပါဘူး၊ တောင်းပန်ပါတယ် ၊ ငါ နည်းနည်း နောက်ကျသွားတယ်”

ထိုအခိုက်တွင် အသံတစ်သံ ထွက်ပေါ်လာခဲ့သည်။

ပါရမီရှင်များသည် ထူထပ်သောလူတစ်ဦး လာနေသည်ကို မြင်လိုက်ရ၏။

ထိုလူသည် ဝတ်ရုံများကို အထပ်ထပ် ဝတ်ဆင်ထားသောကြောင့် ထူထပ်သောသူဟု ခေါ်ရခြင်းပင်။

အထပ်ထပ်ဝတ်ထားသော ဝတ်ရုံတစ်ခုစီသည် အလွန်တန်ဖိုးရှိပြီး သေချာပေါက် ချမ်းသာကြွယ်ဝသူမှန်း သိသာ၏။

သူ၏ ဦးခေါင်းတွင်လည်း သရဖူတစ်ခုကို ဝတ်ဆင်ပြီး သူ၏မျက်နှာကို ဖုံးကွယ်ထားပြန်သဖြင့် သူ၏ ရုပ်ရည်ကို မမြင်နိုင်ကြပေ။

အထူးခြားဆုံးမှာ သူ၏ကျောဘက်နှင့် ရင်ဘတ်တွင် ကာကွယ်ရေးအစီအရင်များပါသော မြေလိပ်ခွံများကို ပတ်ထားခြင်း ဖြစ်သည်။

သူ၏ လက်ထဲတွင်လည်း အိတ်ကြီးများကို ကိုင်ဆောင်ထားသေးသည်။

ထိုလူအား အရှေ့ ​၊ အနောက် ၊တောင် ၊ မြောက် ဘယ်ဘက်မှ ကြည့်ကြည့် ၊ ပုံမှန်မဟုတ်ကြောင်း သိသာလှလေ၏။

“နောက်ကျနေလို့ တောင်းပန်ပါတယ်။ ကျေးဇူးပြုပြီး ပေါက်စီနဲ့ ပဲနို့ သောက်ကြပါဦး”

ထူထပ်သောလူက အားလုံးကိုတောင်းပန်ရင်းမှ ပေါက်စီနှင့်ပဲနို့များကို ဝေငှ၏။

ကျိယွမ်က ထိုသို့ဝေနေရင်းမှ သူ့ကိုသူကြည့်ကာ ကျေနပ်နေသည်။

အင်း..ဘိုးဘိုးပိုင်လို ရုပ်ဖျက်တာက အသုံးဝင်သားပဲ၊ ကျန်းယာနဲ့ရွှီထုန်ချန်းတောင် ငါ့ကိုမမှတ်မိဘူး။

ဒုတိယကြယ်တစ်လုံးကို မဝါးမျိုနိုင်မချင်း၊ ကျိယွမ်သည် သူ၏မူလ အမူအကျင့်များကို ပြုပြင်ပြီး တိတ်တဆိတ် နေထိုင်ရန် ဆုံးဖြတ်ထားသည်။

အရေးကြီးဆုံးကတော့ ယဲ့ချုံးက သူ့ကို မမှတ်မိစေရန် ဖြစ်သည်။

မည်သို့ရုပိဖျက်ရမည်နည်းကို အချိန်စဥ်းစားပြီးနောက် သူဖတ်ဖူးသောဇာတ်လမ်းတစ်ပုဒ် ဇာတ်လိုက်တစ်ဦးကို သတိရသွားပြီး ထိုအတိုင်းပြင်ဆင်နေခြင်းကြောင့် နောက်ကျနေခြင်းပင်။

သို့သော် သူကအမှန်တကယ်တော့ နောက်မကျသေးပါ။ ဝမ်ယုကုန်းမြေတိုက်သို့ဝင်ပေါက်သည် ယခုအချိန်ထိ အပြည့်အဝမပွင့်သေးသဖြင့် မည်သူမှဝင်၍ မရသေးချေ။

သူ၏လက်ထဲမှ ပေါက်စီများနှင့် ပဲနို့များသည် စုဝေးနေသော ပါရမီရှင်များဆီသို့ လွင့်မျောသွားသည်။

ပါရမီရှင်အများစုက အချင်းချင်း ကြည့်လိုက်ကြပြီး ပေါက်စီနှင့်ပဲနို့များကို ဖမ်းယူလိုက်ကြသည်။

လင်ကျောင်း ကတော့ နှာခေါင်းရှုံ့လိုက်ပြီး၊ သူမ၏လက်ကို ဝှေ့ယမ်းကာ ပေါက်စီနှင့် ပဲနို့များကို မြေပြင်ပေါ်သို့ ရိုက်ချလိုက်သည်။

ကျိယွမ်သည် လင်ကျောင်းကို ကြည့်လိုက်ပြီး စိတ်မကောင်းသလို သူ့ကိုယ်သူ အပြစ်တင်မှု အပြည့်ဖြင့် ပြောလိုက်ပါသည်။

“အား၊ လူတိုင်းက ပဲနို့အချိုကို ကြိုက်တယ်လို့ ထင်ခဲ့တာ။ ဒါကြောင့် ငါ အချိုကို ဝယ်လာတာ။ နင်က အငန်ကို ပိုကြိုက်တယ်ဆိုတာ ငါ မသိခဲ့ဘူး။ ငါသာ သိခဲ့ရင် နင့်အတွက် အငန်ကို ဝယ်လာခဲ့ပါတယ်”

လင်ကျောင်း၏ ဖြူဖွေးသောမျက်နှာက မည်းမှောင်သွားသည်။

“ဘယ်သူက ဖြတ်လမ်းက ဝင်လာသလဲလို့ ငါ အံ့ဩနေတာ။ ပြီးတော့ မျက်နှာကို ဖုံးထားပြီး သူ့ရဲ့စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာကို ပြဖို့တောင် ကြောက်နေတဲ့သူ ဖြစ်နေတာပဲ”

လင်ကျောင်းမှာ ဒေါသနှင့်အတူ နားမလည်ဖြစ်နေရသည်။

သူမထင်ထားခဲ့သည်က တစ်မျိုးဖြစ်၏။သူမက ထိုသူကိုသေချာအကဲခတ်ကာ ဝေခွဲရခက်နေခဲ့သည်။

သူက သွေးဝတ်စုံဓားနတ်ဘုရား မဟုတ်ဘူးလား။သူ့မှာ အစွမ်းထက်တဲ့သူတစ်ဦးရဲ့ အရှိန်အဝါ လုံးဝ မရှိဘူး။ သူက သွေးဝတ်စုံ ဓားနတ်ဘုရား မဟုတ်တာသေချာတယ်။

ဒါဆို သူက ဘယ်သူလဲ။

သူမ၏ မိခင်က ဝမ်ယုကုန်းမြေတိုက်တွင် သွေးဝတ်စုံဓားနတ်ဘုရားတောင်းခဲ့သော ဝင်ခွင့်တစ်နေရာကို မည်သူယူပြီးဝင်လာသနည်းဆိုသည်ကို ရှာဖွေဖို့ သူမကို တာဝန်ပေးထားသည်။

ဒါကြောင့် သူမက ကျိယွမ်ကို တမင်တကာ စတင်စိန်ခေါ်လိုက်ခြင်းပင်။

အခြားသော ပါရမီရှင်များသည်လည်း ကျိယွမ်ကို စိတ်ဝင်တစား ကြည့်နေကြသည်။

ရွှီထုန်ချန်း တစ်ဦးတည်းကသာ ထိုလူများနှင့်မတူဘဲ ၊ နောက်ချန်နေပြီး ထူးထူးဆန်းဆန်းများဝတ်ဆင်ထားသော ကျိယွမ်နှင့် မျက်လုံးချင်းမဆုံအောင် ရှောင်ရှားနေလေသည်။

ကျိယွမ်က လင်ကျောင်းကို သေချာကြည့်ကာ ပြောလိုက်သည်။

“ငါက ငါ့ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာကို မပြရဲဘူးဆိုတဲ့စကားက ဘာလဲ။ ငါက ချမ်းသာလို့ လှပပြီးစျေးကြီးတဲ့အဝတ်အစားလေးတွေ ပိုဝတ်ထားတာပဲ ရှိတာလေ။ အဝတ်အစားဝတ်ထားနဲ့ ဖုံးကွယ်တယ်ဖြစ်ရောလား။ အဲဒါဆို နင်လည်း အခုအဝတ်အစား ဝတ်ထားတာပဲ၊ ဒါကို ဘာလို့ ငါ့ကြမှ ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားတယ်လို့ ပြောရတာလဲ။ အိုးမဲသုတ်ထားတဲ့ အိုးက အိုးမဲသုတ်ထားတဲ့ ခွက်ကို လှောင်ပြောင်နေတာ မဟုတ်ဘူးလား။"

" ဒီလိုဆိုရင်ရော၊ အဝတ်အစားက ကိုယ်ပိုင်လက္ခဏာကို ဖုံးကွယ်ထားတယ်ဆိုရင် နင်လည်း ကိုယ်ပိုင်လက္ခဏာကိုပြတဲ့အနေနဲ့ အဝတ်တစ်ထည်စီ ချွတ်လိုက်၊ ငါလည်း တစ်ထည်စီ ချွတ်မယ်။ ငါတို့နှစ်ယောက်လုံး ငါတို့ရဲ့ စစ်မှန်တဲ့ ကိုယ်ပိုင်လက္ခဏာကို ပြလိုက်ကြတာပေါ့ ၊ နင်ချွတ်ရဲသလောက် ငါမချွတ်ရဲရင် နင့်စကားကို လက်ခံလိုက်မယ်"

ကျိယွမ်၏စကားကြောင့် လင်ကျောင်း၏ မျက်နှာက နီရဲသွားသည်။

ငါက အဝတ်အစားကို လူလိုသူလို ဝတ်စားလာတာလေ။ သူက ဒါဇင်ပေါင်းများစွာ ထပ်ဝတ်ထားတာ။ တူမလား။

ဘေးနားတွင်ရှိသော ပါရမီရှင်များက သဘောကျသလို ရယ်မောကြလေသည်။

ထိုအခိုက်တွင် ပေါက်စီကို အားရပါးဝါးစားနေသော မဟာပညာရှိကျိကျန်းက ခေါင်းညိတ်၏။

“ဒီ လူကြီးမင်းပြောတာ မှန်တယ်လို့ ငါထင်တယ်။ ငါတို့လည်း မဖုံးကွယ်ထားသင့်ဘူး ၊ လင်ကျောင်းနဲ့အတူ အားလုံးအဝတ်ချွတ်ကြစို့”

“ဟွန့်”

လင်ကျောင်း ဒေါသထွက်ကာ နှာခေါင်းရှုံ့လိုက်ပြီး ဘာမှထပ်မပြောတော့ပေ။

သူမက ကျိယွမ်အား စူးရဲစွာကြည့်လျှင် နောက်ဆုတ်သွားသည်။

တစ်ချိန်တည်းမှာပင် သူမ၏နှလုံးသားထဲတွင် ကျိယွမ်ကို ရန်သူအဖြစ် သတ်မှတ်လိုက်လေ၏။

မိခင်၏ တိုက်တွန်းချက်ဖြင့် စတင်ခဲ့သော သာမန်စိန်ခေါ်မှုသည် စစ်မှန်သည့်ရန်ငြိုးတစ်ခုအဖြစ် ပြောင်းလဲသွားခဲ့သည်။

--------------

All Chapters