← Chapters

အခန်း (၁၉၂၅-၁၉၂၆)

Vol. 133 Ch. 1925-1926

အခန်း (၁၉၂၅-၁၉၂၆)

Vol. 133 Ch. 1925-1926

အခန်း(၁၉၂၅)

ကျန်းချန် အခြေအနေ မကောင်းသည်ကို မြင်လျှင် ယွဲ့ဝူရွှမ်း၏ ချောမောလှပသော မျက်နှာသည် ရုတ်ချည်း ပြောင်းလဲသွားပြီး နံဘေးရှိ ကုန်းလင်ဘက်သို့ အလျင်အမြန် လှည့်ကာ ပြောလိုက်သည်။

"မောင်လေး ကျန်းချန် မခံနိုင်တော့ဘူး ထင်တယ်.. ကုန်းလင်.. ငါတို့ သွားကူညီရအောင်"

ကုန်းလင်က အမူအရာ မပြောင်းလဲဘဲ လက်ကာပြ၍ ဟန့်တားလိုက်သည်။

"ခဏလေး.. ကျန်းချန်က ယုံကြည်ချက်အပြည့်နဲ့ နှစ်ယောက် တစ်ယောက် ရင်ဆိုင်နေတာ ဆိုတော့ သူ့မှာ ဝှက်ဖဲ တစ်ခုခု ကျန်သေးတာ သေချာတယ်...အရင် စောင့်ကြည့်ကြရအောင်"

ထိုစကားကိုကြားလျှင် ယွဲ့ဝူရွှမ်း မျက်ခုံးပင့်ကာ အေးစက်စက် ပြောလိုက်သည်။

"ကုန်းလင်.. မောင်လေးကျန်းကို ရှင် မကြည်ဖြူတာ ကျွန်မ သိတယ်.. ဒါပေမဲ့ အခု အခြေအနေက ကျွန်မတို့ အတွက် မကောင်းဘူး.. ကိုယ်ရေးကိုယ်တာ အမုန်းတွေကို ခဏ ဖယ်ထားစေချင်တယ်"

"စိတ်လျှော့ပါ...အခြေအနေ ဘယ်လောက် ပြင်းထန်လဲ ဆိုတာ ငါသိပါတယ်.. ဒါက ငါ့အသက်နဲ့လည်း ဆိုင်နေတော့ ငါ ပေါ့ပေါ့ဆဆ သဘောမထားပါဘူး.. အခု ငါတို့ ဝင်ပါလိုက်ရင် ကျန်းချန်ကို ပိုပြီး ဝန်ပိသွားစေနိုင်တယ်.. ခဏလောက် စောင့်ကြည့်ကြရအောင်"

ကုန်းလင်က မိုင်ပေါင်းများစွာ အကွာမှ စစ်မြေပြင်ကို ကြည့်လိုက်သည်။

သူ၏ မျက်ဝန်းထဲတွင် ထူးဆန်းသည့် အလင်းတန်း တစ်ခု ဖျပ်ခနဲ လက်သွားခဲ့သည်။

မဟာမြေရိုင်း ပါရမီရှင်ပြိုင်ပွဲ၏ ပထမအဆင့်တွင် အင်မော်တယ် ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကို ရရှိပြီးနောက် ကုန်းလင်သည် ယင်းကျင့်စဉ်ကို လေ့ကျင့်ရန် ကြိုးပမ်းခဲ့သည်။

ရက်အနည်းငယ်သာ ရှိသေး၍ ကုန်းလင်သည် အင်မော်တယ်ကောင်းကင်နတ်ဘုရား ကျင့်စဉ်ကို အပြည့်အဝ ကျင့်ကြံနိုင်ခြင်း မရှိသေးသော်လည်း အင်မော်တယ် စွမ်းအား တစ်စိတ်တစ်ပိုင်းကို ကျွမ်းကျင်စွာ ထိန်းချုပ်နိုင်ခဲ့ပြီး မယုံကြည်နိုင်စရာ စွမ်းအင်အချို့ကို ရရှိထား၏။

မကြာသေးမီက မဟာမြေရိုင်းဘုရင် မှတ်ဉာဏ်များ ဖျက်ဆီးခဲ့ချိန်တွင် ကုန်းလင်သည် သူ၏ မှတ်ဉာဏ်များကို အပြည့်အဝ ထိန်းသိမ်းထားနိုင်ရန် အင်မော်တယ် စွမ်းအားကို အားကိုးခဲ့ရသည်။

သူက ကျန်းချန်၏ ခန္ဓာကိုယ်အတွင်း၌ လုံးဝ မပေါက်ကွဲသေးသည့် အစွမ်းထက် အင်အားတစ်ရပ် ကျန်ရှိနေသေးကြောင်း ခပ်ရေးရေး ခံစား သိရှိနေခဲ့၏။

ထိုအင်အားကိုသာ အပြည့်အဝ ထုတ်ဖော်ခဲ့လျှင် အဖြူအနက်အရှင်နှစ်ပါးကို ကောင်းစွာ ရင်ဆိုင်နိုင်လောက်၏။

“ကျန်းချန်.. မင်းက မဟာမြေရိုင်း ပါရမီရှင် စာရင်းရဲ့ နံပါတ် ၁ ပါရမီရှင် ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ တကယ်ကို ထိုက်တန်ပါတယ်.. ငါတို့နှစ်ယောက်ပေါင်း တိုက်ခိုက်တာကို ဒီလောက်အထိ ခုခံနိုင်တာ မင်းအတွက် ဂုဏ်ယူစရာပဲ”

အရှင်အဖြူသည် ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်ဝန်းထဲတွင် အံ့သြ တုန်လှုပ်သော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန်၏ တိုက်ခိုက်ရေးစွမ်းအားသည် စိတ်ကူးပင် မယဉ်နိုင်လောက်အောင် ထူးခြားလွန်း၏။

သူတို့နှစ်ဦး၏ ခွန်အားသည် မဟာမြေရိုင်းနယ်မြေရှိ အဆင့်နိမ့် နယ်မြေ နတ်ဘုရားများထဲတွင် အတော်လေး အစွမ်းထက်သည်ဟု ဆို၍ရ၏။

နှစ်ဦး ပူးပေါင်းလိုက်လျှင် အဆင့်နိမ့် နယ်မြေ နတ်ဘုရားများ ကြားတွင် မည်သူမျှ ယှဉ်နိုင်မည် မဟုတ်သည့် အနေအထားတွင် ရှိသည်။

အလယ်အလတ် နယ်မြေနတ်ဘုရား မဟုတ်သရွေ့ မည်သူမျှ သူတို့ကို ယှဉ်ပြိုင်နိုင်မည် မဟုတ်ပေ။

သို့သော် သူတို့ရှေ့မှ ကျန်းချန်ကမူ မဟာ ကောင်းကင်နတ်ဘုရား အစွမ်းကို အားကိုးရုံဖြင့် သူတို့နှစ်ဦး၏ ပူးပေါင်း တိုက်ခိုက်မှုကို အချိန်အတော်ကြာသည် အထိ ခုခံနိုင်ခဲ့သည်။

ကျန်းချန်နှင့် တစ်ဦးချင်း ယှဉ်ပြိုင်ရမည် ဆိုလျှင် သူတို့နှစ်ဦးစလုံး ရှုံးနိမ့်ရဖွယ် ရှိ၏။

ပို၍ပင် ကြောက်မက်ဖွယ် ကောင်းသည်မှာ မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲ အပြီးတွင် ကျန်းချန်သည် အဆင့် ထပ်မံထိုးဖောက်နိုင်မည့် အခွင့်အရေး ရရှိနေခြင်းပင်။

ဆိုရလျှင် ကျန်းချန်သည် ကမ္ဘာ့စွမ်အား ၈မျိုးကို ပိုင်ဆိုင်သော အထွတ််အထိပ် ကောင်းကင် နတ်ဘုရား ဖြစ်လာရန် အလားအလာ အလွန်များ၏။

မဟာကောင်းကင် နတ်ဘုရား အဆင့်၏ တိုက်ခိုက်ရေး စွမ်းအားကပင် ဤမျှ ထူးကဲနေပြီ ဆိုလျှင် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်ကိုသာ ထိုးဖောက်နိုင်ခဲ့ပါက စိတ်ကူးပင် မယဥ်နိုင်လောက်သည်အထိ ကြောက်မက်ဖွယ်ရာကောင်းသော တိုက်ပွဲဝင် စွမ်းအားကို ရရှိသွားနိုင်ပေသည်။

“ဒီကောင်လေးကို အရှင်ထားလို့ မဖြစ်ဘူး”

အရှင်အဖြူ၏ မျက်ဝန်းများက စူးရှစွာ တောက်ပသွားပြီး ရုတ်တရက် သတ်ဖြတ်လိုစိတ်က သူ့ခန္ဓာကိုယ်အနှံ့ ပြည့်လျှံလာခဲ့သည်။

ဤကောင်လေး၏ ပါရမီ နှင့် အလားအလာသည် အမှန်တကယ်ပင် ကြောက်မက်ဖွယ်ရာ ကောင်းလွန်း၏။

သူက ကျန်းချန်နှင့် ရန်သူ လုပ်ရန် ရွေးချယ်ပြီးပြီ ဖြစ်ရာ ဆက်လက် ကြီးထွားရန် အခွင့်အရေး မပေးဘဲ အမြန်ဆုံး သတ်ပစ်ရပေလိမ့်မည်။

သို့မဟုတ်လျှင် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ ကျန်းချန် ထိုးဖောက်နိုင်သည်နှင့် သူတို့ ရှေးနတ်ဆိုးနန်းတော် ပျက်သုဉ်းသွားမည်ကိုပင် စိုးရိမ်ရ၏။

“ရှေးနတ်ဆိုးနန်းတော်ရဲ့ အရှင်နှစ်ပါးက မဟာမြေရိုင်းနယ်မြေရဲ့ နာမည်ကျော် နယ်မြေနတ်ဘုရား ဆိုတဲ့ ဂုဏ်ပုဒ်နဲ့ ထိုက်တန်ပါပေတယ်.. နှစ်ယောက်ပေါင်း ခွန်အားက အရမ်း အစွမ်းထက်တယ် ဆိုတာ ငါ ဝန်ခံရလိမ့်မယ်”

“ဒါပေမဲ့.. ငါ့ကို သတ်ပစ်ဖို့ အတွက် ဆိုရင်တော့ အရည်အချင်း မပြည့်မီသေးဘူး”

ကျန်းချန်က အဖြူအနက် အရှင်နှစ်ပါးကို အေးဆေးတည်ငြိမ်စွာ ကြည့်၍ ပြောလိုက်သည်။

"မင်းတို့ကို ငါ အခွင့်အရေးပေးမယ်...ဒီနေရာမှာ အသက်မဆုံးရှုံးချင်ရင် အခုချိန် ထွက်သွားမယ်ဆို အချိန်မီသေးတယ်"

"ဟမ့်.. သေခါနီးနေတာတောင် ဟိတ်ဟန်ထုတ်ချင်နေသေးတယ်.. မဟာကောင်းကင် နတ်ဘုရားအစွမ်းနဲ့ ငါတို့ကို သတ်ချင်တာက အဓိပ္ပာယ် လုံးဝမရှိဘူး"

"အစ်ကိုအဖြူ.. ဒီမေဘေးနဲ့ စကားများ မနေတော့နဲ့.. အတူတူ ပူးပေါင်းပြီး ဒီမေဘေးကို သတ်ပစ်ရအောင်"

အရှင်အနက်က အထင်အမြင်သေးစွာ လှောင်ပြောင်ရင်း ကမ္ဘာမြေကြီးကိုပင် တုန်လှုပ်စေသော နတ်ဆိုးစွမ်းအားကို ထုတ်ဖော်လိုက်သည်။

ချက်ချင်းပင် ထိုနတ်ဆိုးစွမ်းအားသည် မီတာတစ်ထောင်ရှည်လျားသည့် နတ်ဆိုးနဂါး အဖြစ် ပြောင်းလဲသွားခဲ့ပြီး ကျန်းချန်ကို တိုက်ခိုက်ခဲ့သည်။

အရှင်အဖြူသည်လည်း ကောင်းကင်နှင့် မြေကြီးကို ဖျက်ဆီးနိုင်လောက်သော စွမ်းအားပါဝင်နေသည့် လက်ဝါးရိုက်ချက်ကို ထုတ်ဖော်လိုက်၏။

သူ၏ ပုံစံက ရှေးနတ်ဆိုး တစ်ပါးနှယ် အခိုးငွေ့များ ဝန်းရံလျက် ရှိနေခဲ့သည်။

ထပ်မံ ပူးပေါင်း တိုက်ခိုက်လာသော အဖြူအနက် အရှင်နှစ်ပါးကို ကြည့်ရင်း ကျန်းချန်သည် အနည်းငယ်မျှပင် ထိတ်လန့်ခြင်း မရှိပေ။

သူ၏ နှုတ်ခမ်းထောင့်တွင် ကောက်ကျစ်သော အပြုံးတစ်ခု ဖြစ်ပေါ်လာသည်။

“ဟားဟား.. အရှင်အနက်.. မင်းပြောတာ မှန်ပါတယ်.. ငါ့ရဲ့ မဟာကောင်းကင် နတ်ဘုရားအစွမ်းနဲ့ မင်းတို့ကို မသတ်နိုင်ဘူး.. မဟာကောင်းကင် နတ်ဘုရားအစွမ်းနဲ့ မလုံလောက်ဘူးဆိုရင် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အစွမ်းနဲ့ဆို ဘယ်လိုနေမလဲ ဆိုတာ မင်းတို့တွေ မသိချင်ဘူးလား”

ရယ်သံ အဆုံးသတ်သွားသည်နှင့် တစ်ပြိုင်နက် ပြီးပြည့်စုံသော အဆင့်ကို ရောက်ရှိနေသည့် ဝိညာဉ်လမ်းစဥ် ဥပဒေသ စွမ်းအားသည် ကျန်းချန်၏ ခန္ဓာကိုယ်ထဲမှ ချက်ချင်း ပေါက်ကွဲထွက်လာခဲ့သည်။

"ဝုန်း"

မမြင်နိုင်သော ဝိညာဉ်စွမ်းအားသည် ပတ်ဝန်းကျင်ကို လွှမ်းခြုံသွားခဲ့ပြီး ကောင်းကင်သို့ တန်းတန်းမတ်မတ် တက်သွားခဲ့သည်။

"ဒါက.. ဝိညာဥ်လမ်းစဥ် ဥပဒေသရဲ့ ပြီးပြည့်စုံတဲ့အဆင့် စွမ်းအားပဲ"

ဤမြင်ကွင်းကို မြင်လိုက်ရလျှင် အရှင်အဖြူက ရုတ်တရက်မျက်မှောင်ကြုတ်သွားခဲ့သည်။

သူက ထိတ်လန့်တကြား အော်ဟစ်လိုက်၏။

"မကောင်းတော့ဘူး.. ဒီကောင်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်ကို ထိုးဖောက်ဖို့ ကမ္ဘာ့စွမ်အားအဖြစ် ပြောင်းလဲနေတာပဲ.. မြန်မြန်နောက်ဆုတ်"

အရှင်အဖြူက ရင်ထဲတွင် တုန်လှုပ် ချောက်ချားသွားကာ သူ၏ စွမ်းအားများကို အလျင်အမြန် ရုပ်သိမ်းလိုက်ပြီး မျက်စိတစ်မှိတ်အတွင်း ခပ်ဝေးဝေးသို့ ထွက်ပြေးခဲ့သည်။

အခြားတစ်ဖက်တွင်လည်း အရှင်အနက်သည် မီတာတစ်ထောင် ရှည်လျားသော နတ်ဆိုးနဂါးကို အတင်းအကျပ် ပြိုကွဲစေခဲ့ပြီး ထိတ်လန့်တကြား ဖြစ်နေသည့် ယုန်သူငယ် တစ်ကောင်လို ခပ်သွက်သွက် ဆုတ်ခွာသွားခဲ့သည်။

"မေဘေးက ဒီလိုအချိန်မျိုးမှာမှ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားရဲ့ မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်လိုက်တယ်လား"

အရှင်အနက်၏ မျက်နှာတွင် ထိတ်လန့်မှုများ ပြည့်နှက်နေခဲ့သည်။

အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်သည် မဟာကောင်းကင် နတ်ဘုရားအဆင့်ထက် ပိုမို၍ ကြောက်မက်ဖွယ်ရာ အစွမ်းထက်သော အဆင့်တစ်ခု ဖြစ်သည်။

မဟာကောင်းကင် နတ်ဘုရား အဆင့်၏ မိုးကြိုးကပ်ဘေးသည် နယ်မြေနတ်ဘုရား ကပ်ဘေးနှင့်ပင် နှိုင်းယှဉ်နိုင်သည်ဟု ဆိုကြသည်။

သို့ဆိုလျှင် မဟာကောင်းကင် နတ်ဘုရား အဆင့်ကိုပင် ကျော်လွန်သော အထွတ်အထိပ် ကောင်းကင်နတ်ဘုရား ကပ်ဘေးသည် မည်မျှပင် ကြောက်မက်ဖွယ်ရာ ကောင်းလိုက်ပါမည်နည်း။

အစောပိုင်းက သူတို့သာ တုံ့ပြန်မှု နှေးကွေးပြီး ကျန်းချန်၏ ကပ်ဘေးစက်ကွင်းထဲ ပါဝင်မိလျှင် သေချာပေါက် သေဆုံးရလိမ့်မည် ဖြစ်၏။

အရှင်အနက်က ကပ်ဘေးကို ဆင့်ခေါ်လိုက်သော ကျန်းချန်ကို ကြည့်ကာ အထင်အမြင်သေးစွာ ရေရွတ်လိုက်သည်။

“ဒီမေဘေးလေးက သူ့သေတွင်း သူတူးနေတာပဲ.. အထွတ်အထိပ် ကောင်းကင်နတ်ဘုရား အဆင့်ရဲ့ ကပ်ဘေးကို ဒီလောက်ထိ လွယ်လွယ် ဖြတ်ကျော်လို့ရမယ် ထင်နေလား မသိဘူး"

"အဲဒီလို တရားသေ တွက်ထားလို့တော့ မရဘူး"

"ဒီကောင်လေးက သာမန်ထက် ထူးခြားတယ်.. ဒီလိုအချိန်မျိုးမှာ ကပ်ဘေးကို ဆင့်ခေါ်ရဲတယ် ဆိုကတည်းက သူ့ဆီမှာ ကပ်ဘေးကို ဖြတ်ကျော်နိုင်မဲ့ ယုံကြည်ချက် ရှိနေတာ သေချာတယ်"

အရှင်အဖြူ၏ မျက်ဝန်းများက အေးစက်စက် အလင်းရောင်များဖြင့် တောက်ပနေခဲ့၏။

ထို့နောက် သူက ခပ်တိုးတိုး ပြောလိုက်သည်။

“အသင့်ပြင့်ထားလိုက်.. သူ ကပ်ဘေးကို ဖြတ်ကျော်နိုင်တာနဲ့ ငါတို့ သူ့ကို အမြန်ဆုံး သတ်ပစ်ကြစို့”

အခန်း(၁၉၂၅) ပြီး၏

အခန်း(၁၉၂၆)

အရှင်အဖြူသည် ကျန်းချန်ကို စူးစိုက်ကြည့်နေခဲ့သည်။

သူ၏ မျက်နှာအမူအရာက အလွန်တရာ လေးနက်နေခဲ့၏။

သူ့ရှေ့မှ လူငယ်သည် အမှန်တကယ်ပင် ထိတ်လန့်စရာကောင်းသူ ဖြစ်သည်။

သူခန့်မှန်းရသလောက် မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲတွင် ငရဲကိုးပါး နဂါး အသားကို စားသုံးပြီးသည့် နောက်မှသာ ကျန်းချန်သည် ဝိညာဉ်လမ်းစဥ် ဥပဒေသကို နားလည်ခဲ့ခြင်း ဖြစ်နိုင်၏။

သို့သော် ကျန်းချန်၏ ဝိညာဉ်လမ်းစဥ် ဥပဒေသသည် ပြီးပြည့်စုံသော အဆင့်ထိ တိုက်ရိုက် ရောက်ရှိသွားခဲ့ပြီး အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် သို့ပင် တိုးမြှင့်နိုင်သည့် အရည်အချင်းများကို ပိုင်ဆိုင်ထားမည်ဟု သူ လုံးဝ မမျှော်လင့်ထားခဲ့ပေ။

"ဒီကောင်လေးက... သာမန်အသိနဲ့ တိုင်းတာလို့မရတဲ့ ထူးခြားတဲ့ ပါရမီတစ်ယောက်ပဲ"

တိုက်ပွဲကြောင့် ကပ်ဘေး ပေါ်ပေါက်လာခြင်းမှာ မယုံနိုင်စရာပင်။

သို့ရာတွင် ကျန်းချန်က ဤကပ်ဘေးကို ကျော်ဖြတ်နိုင်မည်နှင့် ပတ်သက်၍ အရှင်အဖြူ လုံးဝ သံသယမရှိပေ။

သို့သော်လည်း အထွတ်အထိပ် ကောင်းကင် နတ်ဘုရားကပ်ဘေး၏ စွမ်းအားမှာ အလွန် ကြောက်စရာ ကောင်းနေဆဲပင်။

ကျန်းချန်က မိုးကြိုးကပ်ဘေးမှ အသက်ရှင် လွတ်မြောက်နိုင်လျှင်ပင် ကြီးလေးသော အဖိုးအခကို ပေးဆပ်ရပေလိမ့်မည်။

ထို့ကြောင့် အကောင်းဆုံး ရွေးချယ်မှုမှာ မိုးကြိုးကပ်ဘေးကို ကျန်းချန် ကျော်ဖြတ်ပြီးသည်နှင့် တစ်ပြိုင်နက် အသက်ရှူရန် အခွင့်အရေး မပေးဘဲ ချက်ချင်း တိုက်ခိုက်ရန် ဖြစ်သည်။

ထိုသို့မဟုတ်ဘဲ ကျန်းချန်သာ အင်အားပြန်လည် ဖြည့်တင်းပြီး အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ တိုးမြှင့်သွားခဲ့လျှင် သူတို့နှစ်ဦး ပူးပေါင်း တိုက်ခိုက်သည့်တိုင် ယှဉ်ပြိုင်ရန် ခက်ခဲလိမ့်မည် မဟုတ်ပါလား။

"အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ကပ်ဘေးပါလား"

ကျန်းချန်၏ ဦးခေါင်းအထက်တွင် စုစည်းနေသော မိုးကြိုးတိမ်တိုက်များကို မြင်လိုက်ရလျှင် လခြမ်း စစ်သင်္ဘောပေါ်မှ ယွဲ့ဝူရွှမ်းနှင့် အရှင်ဟောင်ယွဲ့ တို့၏ မျက်နှာများတွင် တုန်လှုပ်ချောက်ချားသော အမူအရာများ ဖုံးဖိမရစွာ ဖြစ်ပေါ်နေခဲ့သည်။

ကျန်းချန်သည် မဟာမြေရိုင်း နတ်ဘုရင် စားသောက်ပွဲကို ကြုံတွေ့ခဲ့ရပြီး ဝိညာဉ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပိုင်ဆိုင်ကာ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ တိုးမြှင့်နိုင်မည့် အခွင့်အရေး ရခဲ့သည်ကို သူတို့အားလုံး သိထားကြ၏။

သို့သော်လည်း ကျန်းချန်၏ ဝိညာဉ်လမ်းစဥ် ဥပဒေသ မူလစွမ်းအားက ပြီးပြည့်စုံသော အဆင့်ထိ တစ်ထိုင်တည်း ရောက်ရှိသွားလိမ့်မည်ဟု မမျှော်လင့်ခဲ့ကြပေ။

"ဒီကောင်လေးက တော်တော် ရဲတင်းတာပဲ.. တိုက်ပွဲအတွင်းမှာတောင် မိုးကြိုးကပ်ဘေးကို ဆင့်ခေါ်လိုက်တယ်"

ဤမြင်ကွင်းကို ကြည့်ပြီးနောက်တွင် အရှင်ဟောင်ယွဲ့၏ မျက်ဝန်းများက ပိုမို လေးနက်လာသည်။

အထွတ်အထိပ် ကောင်းကင် နတ်ဘုရားကပ်ဘေးသည် သာမန် ကျင့်ကြံသူများ၏ နယ်မြေနတ်ဘုရား ကပ်ဘေးထက်ပင် ပိုမို ကြောက်မက်ဖွယ်ရာ ကောင်း၏။

ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရားကပ်ဘေးကို အလျင်စလို ဆွဲဆောင်ခဲ့ခြင်း ဖြစ်ရာ ကပ်ဘေးကို ကျော်ဖြတ်ရန် လွယ်ကူမည် မဟုတ်လောက်ပေ။

ပြောနေစရာ မလိုလောက်အောင်ပင် ကျန်းချန်က ကပ်ဘေးကို အောင်မြင်စွာ ဖြတ်ကျော်နိုင်ခဲ့သည့်တိုင် ပြင်းထန်သော ဒဏ်ရာကို ခံစားရမည် ဖြစ်ပြီး ပြန်လည် သက်သာရန် အချိန်ယူရပေဦးမည်။

ယင်းအချိန်တွင် အဖြူအနက် အရှင်နှစ်ပါးသည် ထို အခွင့်အရေးကို သေချာပေါက် လက်လွှတ်ခံမည် မဟုတ်ချေ။

ထို့ကြောင့် ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်သို့ ရောက်သွားလျှင်ပင် နောက်ဆက်တွဲ အခြေအနေမှာ အလွန် အန္တရာယ်များနေဦးမည်သာ။

ကျန်းချန်အနေဖြင့် ဤအချိန်တွင် အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ကပ်ဘေးကို ဆွဲဆောင်ရန်မှ လွဲပြီး အခြား ရွေးချယ်စရာ မရှိတော့မှန်း အရှင်ဟောင်ယွဲ့ ကောင်းစွာ သိသည်။

အဖြူအနက် အရှင်နှစ်ပါး စလုံးသည် နာမည်ကျော် နယ်မြေနတ်ဘုရားများ ဖြစ်ကြသည်။

သူတို့နှစ်ဦး ပူးပေါင်းလိုက်လျှင် မဟာမြေရိုင်းနယ်မြေ တစ်ခုလုံးမှာပင် တားဆီးနိုင်သူ လက်ချိုးရေတွက်၍ပင် ရ၏။

မဟာကောင်းကင် နတ်ဘုရားတစ်ပါး၏ စွမ်းအားဖြင့် ကျန်းချန်က ထိုနှစ်ဦးကို အချိန်အတော်ကြာ ခုခံနိုင်ခဲ့ခြင်းကြောင့် အစွမ်းကုန် ကြိုးစားခဲ့ပြီးပြီ ဆိုသည်မှာ ထင်ရှားသည်။

ယင်းအတွက်ကြောင့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားကပ်ဘေးကို ဆွဲဆောင်ခြင်းသည် ကျန်းချန်၏ တစ်ခုတည်းသော နည်းလမ်း ဖြစ်နိုင်ဖွယ် ရှိသည်။

"ဒီနှစ်ကောင်ကို ကပ်ဘေးစက်ကွင်းထဲ မဆွဲသွင်းနိုင်ခဲ့တာ နှမြောစရာပဲ"

အဖြူအနက် အရှင်နှစ်ပါးက မျက်တောင်တစ်ခတ် အတွင်း အဝေးသို့ ထွက်ခွာသွားသည်ကို မြင်လိုက်ရလျှင် ကျန်းချန်၏ မျက်နှာ၌ နောင်တ အရိပ်အယောင်များ ပေါ်လာခဲ့သည်။

ထိုနှစ်ဦးသာ သူ၏ အထွတ်အထိပ် ကောင်းကင် နတ်ဘုရားကပ်ဘေးတွင် ပါဝင်ခဲ့လျှင် ပိုမို ပြင်းထန်လာသော ကောင်းကင် ကပ်ဘေးအောက်၌ အဖြူအနက် အရှင် နှစ်ပါးလုံး ပျက်စီးသွားမည်မှာ သေချာသလောက်ပင်။

သို့သော်လည်း နယ်မြေနတ်ဘုရား အဆင့်၏ တုံ့ပြန်မှုနှင့် အလျင်နှုန်းသည် အလွန် လျင်မြန်လှရာ ကပ်ဘေးစက်ကွင်းမှ ချက်ချင်း ထွက်ခွာနိုင်စွမ်း ရှိခဲ့သည်။

"အနာဂတ်မှာ မိုးကြိုးကပ်ဘေးကို ဝှက်ဖဲအနေနဲ့ အသုံးချဖို့ မလွယ်တော့ဘူး ထင်တယ်"

ကျန်းချန်က တီးတိုး ရေရွတ်လိုက်ပြီး လေထုထဲမှ မိုးကြိုးများ သူ့အလိုလို ပြန့်ကျဲသွားသော အချိန်အထိ တိတ်တဆိတ် စောင့်ဆိုင်းနေခဲ့သည်။

အဖြူအနက် အရှင်နှစ်ပါးကို ကပ်ဘေးစက်ကွင်းထဲ မဆွဲသွင်းနိုင်ခဲ့သော်လည်း သူသာ အထွတ်အထိပ်ကောင်းကင် နတ်ဘုရားအဆင့်သို့ ကျော်လွှားနိုင်ခဲ့လျှင် ထိုနှစ်ဦးသည် သူ့အား မည်သည့် ခြိမ်းခြောက်မှုမျှ ပြုနိုင်မည် မဟုတ်တော့ပေ။

"ဝုန်း.. ဂျိန်း"

ကောင်းကင်ယံတွင် နက်မှောင်သော တိမ်တိုက်များ စုဝေးလာခဲ့ပြီး တုန်လှုပ်ဖွယ်ရာ ကြောက်မက်ဖွယ် မိုးကြိုးများသည် စဉ်ဆက်မပြတ် တိုက်ခတ်နေခဲ့သည်။

သို့သော် မိုးကြိုးများ၏ ကြောက်မက်ဖွယ် စွမ်းအားသည် လေထုထဲတွင်သာ လှုပ်ရှားနေပြီး မြေပြင်သို့ မကျရောက်သေးပေ။

ခဏအကြာတွင် လေထုထဲရှိ နက်မှောင်သော တိမ်တိုက်များနှင့် ကြောက်မက်ဖွယ် မိုးကြိုးစွမ်းအားများသည် ဒီရေကဲ့သို့ လျင်မြန်စွာ ဆုတ်ခွာသွားသည်ကို မြင်လိုက်ရသည်။

အသက်ရှူချိန် အနည်းငယ် အတွင်း မိုင်ပေါင်းများစွာကျယ်ဝန်းသော လေထုသည် ပြန်လည် ကြည်လင်သွားခဲ့၏။

ထိုအချိန်၌ ပစ္စုပ္ပန်ရှိ လူအားလုံး၏ မျက်ဝန်းများသည် မှုန်မှိုင်းနေကြသည်။

သူတို့ အားလုံးက မျက်စိရှေ့မှ မြင်ကွင်းကြောင့် မှင်တက်နေကြသည်။

သူတို့က သူတို့၏ မျက်လုံးများကိုပင် မယုံကြည်နိုင် ဖြစ်နေခဲ့၏။

ကျန်းချန်က အထွတ်အထိပ် ကောင်းကင် နတ်ဘုရား ကပ်ဘေးကို ဆွဲဆောင်ခဲ့၍ ကောင်းကင်ယံတွင် အချိန်အတော်ကြာ စုစည်းနေခဲ့သည့် မိုးကြိုးကပ်ဘေးသည် မြေပြင်သို့ ကျဆင်းမလာဘဲ နားမလည်နိုင်စွာ ပျောက်ကွယ်သွားခဲ့သည်။

"ဒါ.. ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ"

"ဒါက ကောင်းကင် နိယာမတွေကို လျစ်လျူရှုလိုက်တာပဲ"

"မင်း... မင်းက ဒဏ္ဍာရီလာ အနှိုင်းမဲ့ နတ်ခန္ဓာ ပိုင်ရှင် ဖြစ်နေတာပဲ"

ထိတ်လန့်မှုမှ သတိပြန်ဝင်လာသည့် အရှင်အဖြူသည် ကျယ်လောင်စွာ ပြောလိုက်သည်။

သူက ချက်ချင်းပင် အကြောင်းရင်းကို သိလိုက်သည်။

အနှိုင်းမဲ့ နတ်ခန္ဓာသည် ကောင်းကင် နိယာမများကို လျစ်လျူရှုနိုင်စွမ်း ရှိသောကြောင့် မိုးကြိုး ကပ်ဘေးက ဆုတ်ခွာသွားခဲ့ခြင်းပင်။

ကျန်းချန်က ဤအချိန်တွင် မိုးကြိုးကပ်ဘေးကို မကြောက်မရွံ့ ရင်ဆိုင်ရဲသည့် အကြောင်းရင်းအား အရှင်အဖြူ နောက်ဆုံးတွင် နားလည်သွားသည်။

ဤအထွတ်အထိပ် ကောင်းကင် နတ်ဘုရား ကပ်ဘေးသည် ကျန်းချန် အတွက် အလှပြရုံမျှသာ ဖြစ်နေသည် မဟုတ်ပါလား။

"မောင်လေး ကျန်းချန်က ဒဏ္ဍာရီလာ အနှိုင်းမဲ့ နတ်ခန္ဓာ ပိုင်ရှင် ဖြစ်နေတာကိုး.. မိုကျင့်လဲ့ကို လွှမ်းမိုးပြီး မဟာမြေရိုင်းပါရမီရှင် စာရင်းမှာ ပထမနေရာ ရခဲ့တာ အံ့ဩစရာ မရှိတော့ဘူး"

ဤမြင်ကွင်းကို ကြည့်ရင်း ယွဲ့ဝူရွှမ်း၏ လှပသော မျက်ဝန်းများတွင် စိတ်လှုပ်ရှားသော အမူအရာများ ဖုံးဖိမရစွာ ပေါ်ပေါက်လာခဲ့သည်။

သူမ နံဘေးရှိ ကုန်းလင် ပင်လျှင် အချိန်အတော်ကြာသည် အထိ တုန်လှုပ် ချောက်ချားနေခဲ့၏။

"ဟားဟား.. အရှင်ဝိညာဥ်နက်.. မင်းရဲ့ အစီအစဉ်က ဘာမှ အသုံးမဝင်တော့ဘူး ထင်တယ်"

ကျန်းချန်က ကပ်ဘေးကို လျစ်လျူရှုပြီး အထွတ်အထိပ် ကောင်းကင် နတ်ဘုရား အဆင့်သို့ တိုက်ရိုက် အဆင့်တက်သွားသည်ကို မြင်လိုက်ရလျှင် အရှင်ဟောင်ယွဲ့သည် ကျယ်လောင်စွာ ရယ်မောလိုက်သည်။

ကျန်းချန်က အရှင်ရွှယ်သောင်း ရောက်ရှိလာသည် အထိ ကပ်ဘေးဖြင့် အချိန်ဆွဲနေသည်ဟု အရှင်ဟောင်ယွဲ့ မူလက ထင်ခဲ့သည်။

သို့သော် ကျန်းချန်က ကပ်ဘေးကို လျစ်လျူရှုပြီး အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ ချက်ချင်းဆိုသလို တက်လှမ်းသွားခဲ့ကာ သူ့ကို တစ်ဖန် အံ့အားသင့်စေခဲ့၏။

မဟာကောင်းကင် နတ်ဘုရားများသည်ပင် နယ်မြေနတ်ဘုရားများနှင့် ယှဥ်နိုင်စွမ်းရှိသည်။

ထို့ကြောင့် မဟာကောင်းကင် နတ်ဘုရား အဆင့်ထက် မြင့်မားသည့် အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သည် အလယ်အလတ် နယ်မြေနတ်ဘုရားများနှင့် အဆင့်တူ ဟုပင် ဆို၍ ရ၏။

ကျန်းချန်၏ လက်ရှိ စွမ်းအားအရ အဖြူအနက် အရှင်နှစ်ပါး ပူးပေါင်းလျှင်ပင် ကျန်းချန်၏ ပြိုင်ဘက် ဖြစ်နိုင်တော့မည် မဟုတ်ချေ။

"အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်.. ဒီကောင်လေးက ဒီလောက်ထိ လွယ်လွယ် အဆင့်တက်သွားတယ်လား"

အရှင်ဝိညာဥ်နက်သည် စိတ်ထဲတွင် ထိတ်လန့်တကြား ရေရွတ်လိုက်ပြီး ချက်ချင်းဆိုသလို မျက်မှောင်ကြုတ်သွားခဲ့သည်။

ယခုတစ်ကြိမ် ကျန်းချန်ကို သတ်ရန် အတွက် သူက ရှေးနတ်ဆိုးနန်းတော်မှ အဖြူအနက် အရှင်နှစ်ပါးကို ဖိတ်ခေါ်ရန် ကြီးမားသော အဖိုးအခကို ကုန်ကျခဲ့ရသည်။

နယ်မြေနတ်ဘုရား သုံးပါး တစ်ပြိုင်နက် လှုပ်ရှားခြင်းကြောင့် အရှင်ဝိညာဥ်နက်သည် ကျန်းချန်ကို ရှင်းပစ်ရန် သေချာပေါက် အောင်မြင်မည်ဟု ယူဆထားခဲ့သည်။

သို့ရာတွင် အခြေအနေက ယခုလို ဖြစ်လာလိမ့်မည်ဟု သူ မထင်ထားခဲ့ပေ။

ထိုကောင်လေးက သူ့ကိုယ်သူ အလွန်နက်နဲစွာ ဖုံးကွယ်ထားခဲ့ပြီး ဝိညာဥ်လမ်းစဥ် ဥပဒေသ၏ မူလစွမ်းအားကို ပြီးပြည့်စုံသော အဆင့်အထိ နားလည်ရုံသာမက ကောင်းကင်နိယာမများကိုပါ လျစ်လျူရှုနိုင်ပြီး အချိန်မရွေး အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့်သို့ အဆင့်တက်နိုင်သူ ဖြစ်နေခဲ့၏။

အထွတ်အထိပ် ကောင်းကင် နတ်ဘုရားအဆင့် ဆိုသည်မှာ အဆင့်နိမ့် နယ်မြေနတ်ဘုရားများကို အလွယ်တကူ အနိုင်ယူနိုင်သော ကြောက်မက်ဖွယ် တည်ရှိမှု ဖြစ်သည်။

အဖြူအနက် အရှင်နှစ်ဦး ပူးပေါင်းခဲ့လျှင်ပင် အထွတ်အထိပ်ကောင်းကင် နတ်ဘုရားအဆင့်သို့ တိုးမြှင့်သွားသော ကျန်းချန်နှင့် ရင်ဆိုင်ရလျှင် သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

အခန်း(၁၉၂၆) ပြီး၏

All Chapters