← Chapters

အချည်းနှီးသာ ဖြစ်ရခြင်း

Vol. 214 Ch. 3226

အချည်းနှီးသာ ဖြစ်ရခြင်း

Vol. 214 Ch. 3226

“ဇီမို…”

“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်…”

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်းမှာ ရင်ကွဲပက်လက်အော်ဟစ်သံများ ထွက်ပေါ်လာ၏။

လွန်ခဲ့သည့် နှစ်နှစ်ထောင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ဤမြင်ကွင်းကို လူများစွာက တွေ့မြင်ထားခဲ့ဖူးသည်။

ဓားကမ္ဘာမှ ဝဝအဘိုးအို၊ ပိန်ပိန်အဘိုးအိုနှင့် နီညိုရောင်မျောက်ဝံကမ္ဘာမှ မျောက်ဝံအိုကြီးတို့သည် သူတို့ကိုယ်သူတို့ တစ်ခါက စွန့်လွှတ်စတေးပြီး သူတို့၏ ဘဝသက်တမ်းများကို လောင်ကျွမ်းစေကာ ရှေ့သို့တက်လှမ်းခဲ့ကြ၏။

နှစ်နှစ်ထောင်ကြာပြီးနောက် မဟာဧကရာဇ် အထီးကျန်သိုင်းသခင်ကလည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မျိုးနွယ်စုတစ်သောင်းသက်ရှိများအတွက် ရှေ့သို့ထွက်ကာ တိုက်ခိုက်ပေးနေ၏။ သူသည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ အသက်နှင့် အလောင်းအစားပြုလိုက်လေသည်။

ထိုအခိုက်အတန့်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် သူတို့၏ နှလုံးများ ဆွဲယူဖျစ်ညှစ်ခံလိုက်ရသည့်အလား ဆိုးဆိုးရွားရွား ခံစားလိုက်ရ၏။

မဟာဧကရာဇ် အထီးကျန်သိုင်းသခင်၏ နည်းလမ်းများအရ သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလိုသည်ဆိုလျှင် မည်သူကမှ သူ့ကို မတားဆီးနိုင်ကြောင်းကို လူတိုင်းက သိရှိထားကြ၏။

သို့သော်လည်း သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာနေပြီး ဖုန့်တူကို ဖိနှိမ်ဖို့အတွက် ရွေးချယ်ခဲ့ဆဲဖြစ်သည်။ မဟာဧကရာဇ်နှစ်ပါးဖြစ်သော တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ငရဲအရှင်နှင့် ရင်ဆိုင်ရချိန်မှာ သူသည် သေဖို့အတွက် စိတ်ပိုင်းဖြတ်ပြီး ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကို ထုတ်ဖော်လိုက်သည်။

လူတချို့က မျက်ရည်များ စီးကျနေ၏။

လူတချို့သည် နောက်ဆုံးရလဒ်ကို မကြည့်ရက်ဘဲ အကြည့်လွှဲလိုက်ကြ၏။

ဤတိုက်ပွဲ၏ ရလဒ်က မည်သို့ပင်ဆိုစေ မဟာဧကရာဇ် အထီးကျန်သိုင်းသခင်က သေရတော့မည်ဖြစ်သည်။

သူတို့သည် အဲ့ဒါကို မကြည့်ရက်နိုင်၊ လက်မခံနိုင်ကြပေ။

လောကမှာ.. ဆူဇီမိုသည် ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကို ထုတ်ဖော်လိုက်သည့် ခဏမှာပင် ငရဲအရှင်၏ အမူအရာက ရုတ်ချည်း ပြောင်းလဲသွား၏။

ထိုလျှို့ဝှက်အတတ်က ဘယ်လောက်ကြောက်စရာကောင်းသလဲ သူသိထား၏။

အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲသည် မဟာဧကရာဇ် စွမ်းအားကောင်းကင်ဘုံကို သတ်ဖြတ်ဖို့အတွက် ထိုလျှို့ဝှက်အတတ်ကို အသုံးပြုခဲ့၏။

သူသည် မကြာသေးခင်ကမှ ကြီးမားသော တိုက်ပွဲတစ်ခုကို တွေ့ကြုံထားပြီး ဒဏ်ရာအပြင်းအထန် ရရှိနေ၏။ သူ၏ လက်ရှိအခြေအနေအရ သူသည် အဲ့ဒါကို လုံးဝ မခုခံနိုင်ပေ။

တကယ်ဆို သူနှင့်တက္ကသိုလ်ဂိုဏ်းချုပ်၏ ပူးပေါင်းခွန်အားကပင် ဘဝသက်တမ်း နှစ်သန်းငါးဆယ်ကို လောင်ကျွမ်းစေခြင်းကနေ ထွက်ပေါ်လာသည့် ဤတိုက်ခိုက်မှုကို ခုခံနိုင်ပါ့မလား မသိရပေ။

ငရဲအရှင်၏ လောကသည် ယခုတင် ကြေမွပျက်စီးသွားပြီး အချိန်တိုအတွင်းမှာ ၎င်းကို နောက်တစ်ဖန် ပြန်လည်မစုဖွဲ့နိုင်ပေ။

သူသည် သူ၏ အက်ကွဲနေသော တာအိုအမှတ်အသားဖြင့်သာ သူ့ကိုယ်သူ ကာလိုက်နိုင်၏။

အခြားတစ်ဖက်မှာ…

ဆူဇီမိုက ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်း လျှို့ဝှက်အတတ် ထုတ်ဖော်လိုက်သည်ကို တက္ကသိုလ်ဂိုဏ်းချုပ် တွေ့မြင်သောအခါ သူ၏ အမူအရာက တစ်မူထူးခြားစွာ တည်ငြိမ်နေပြီး သူ၏ မျက်လုံးထဲမှာ လှောင်ပြောင်သရော်လိုသော အငွေ့အသက်တစ်ခုပင် ရှိနေ၏။

မျောက်ဝံအိုကြီး ထုတ်ဖော်ခဲ့သော ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်း၏ ကြောက်မက်ဖွယ်ရာကောင်းမှုကို မြင်တွေ့ခဲ့ပြီးနောက် သူက ဤလှုပ်ရှားကွက်မှာ ဘယ်လိုလုပ် စိုးရိမ်ပူပန်မှုမရှိဘဲ နေနိုင်တာလဲ။ လက်ရှိ သူ၏ တိုက်ခိုက်ရည်ခွန်အားအရ သူသည် ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကို ထိပ်တိုက်ရင်ဆိုင်မည်ဆိုလျှင် သူက မသေဘူးဆိုလျှင်တောင် ဒဏ်ရာအပြင်းအထန် ရရှိသွားပေလိမ့်မည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုက ငရဲအရှင်ကို ဖိနှိမ်တော့မည့်ဆဲဆဲမှာ ပေါ်ထွက်လာပြီး ထိုသူကို ကယ်တင်ပေးခဲ့သည်မှာလည်း ဤအခိုက်အတန့်အတွက်ဖြစ်သည်။

သူသည် ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကနေ ထွက်ပေါ်လာမည့် ပျက်စီးထိခိုက်မှုတချို့ကို ငရဲအရှင်ကို မျှဝေပေးချင်၏။

ဤမြင်ကွင်းသည်လည်း သူ၏ တွက်ချက်မှုအတွင်းမှာ ရှိနေ၏။

ဖုန့်တူက သေဆုံးသွားပြီဖြစ်သည်။ သူသည် ဆူဇီမိုကို အသုံးချပြီး ငရဲအရှင်ကို ဖိနှိမ်နိုင်မည်ဆိုလျှင် သူသည် လောကမှာ အန္တိမကောင်းကင်ဘုံဧကရာဇ် ဖြစ်လာပေလိမ့်မည်။

သုံးဘုံလောက၏ အဟန့်အတားကို ပြန်လည်ပြင်ဆင်ပြီးသွားပြီဖြစ်သည်။

ဖုန့်တူနှင့်ငရဲအရှင်က ပြန်လည်ရှင်သန်လာပြီး သူတို့၏ မူလအခြေအနေကို ပြန်လည်ရောက်ရှိလာမည်ဆိုလျှင်ပင် သူတို့က နှစ်ပေါင်းထောင်ချီ သို့မဟုတ် ထိုထက်ပို၍ အချိန်ယူရပေလိမ့်မည်။

ဤအချိန်တိုအတွင်းမှာ သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို လုံးလုံးလျားလျား ထိန်းချုပ်ပြီး သက်ရှိများအားလုံး၏ အရှင်သခင် ဖြစ်လာပေမည်။

လောကသည် စစ်တုရင်ခုံတစ်ခုဖြစ်လာပြီး သက်ရှိများအားလုံးက စစ်တုရင်အရုပ်များ ဖြစ်လာကြပေလိမ့်မည်။

ဆူဇီမိုသည် ယခုအချိန်မှာ ဆံပင်များ ဖြူဖွေးပြီး မျက်တွင်းဟောက်ပက် ဖြစ်နေ၏။ သူသည် လက်နှစ်ဖက်ဖြင့် အစိမ်းရောင်ကြာပန်းဓားကို ဆုပ်ကိုင်ပြီး တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ငရဲအရှင် ရှိရာဘက်သို့ အညှာအတာမဲ့စွာ ခုတ်ပိုင်းချလိုက်၏။

ဖျောက်…

ငရဲအရှင်၏ တာအိုအမှတ်အသားသည် အသံတစ်ခုနှင့်အတူ ကြေမွပျက်စီးပြီး ဓားချက်တစ်ချက်ဖြင့် ဖြတ်တောက်ခံလိုက်ရ၏။

ဓားသည် ငရဲအရှင်၏ ခန္ဓာကိုယ်ကို နှစ်ပိုင်းလှီးဖြတ်ချလိုက်၏။ ကြောက်စရာကောင်း၍ ထက်ရှသော ဓားချီက ပေါက်ကွဲထွက်ပေါ်လာပြီး ငရဲအရှင်၏ ကြွင်းကျန်ရစ်သော ခန္ဓာကိုယ်ကို နုတ်နုတ်စင်းပစ်လိုက်၏။

၎င်းသည် ကြယ်တာရာ ကောင်းကင်ထဲမှာ လိမ့်ဆင်းပြီး သွေးများဖြင့် နီစွေးသွား၏။

ငရဲအရှင်၏ သွေးချီက အရမ်းကို သန်မာလွန်းလေသည်။ သူသေဆုံးသွားလျှင်တောင် သူသည် ကြယ်တာရာကောင်းကင်ထဲမှာ ကြီးမားသော လှိုင်းလုံးများကို ဖြစ်ပေါ်လာစေဆဲပင်။

ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ အစိမ်းရောင်ကြာပန်းဓားသည် ငရဲအရှင်၏ ခန္ဓာကိုယ်ကို ခုတ်ပိုင်းပြီး သူ၏ သွေးဖြင့် စွန်းထင်းသွားပြီးနောက် ဓား၏ အလင်းရောင်က သိသိသာသာ မှေးမှိန်သွား၏။ ၎င်းသည် ညစ်ညမ်းကြေးတစ်လွှာဖြင့် ဖုံးအုပ်ခံလိုက်ရသည့်အလားပင်။

“အထီးကျန်သိုင်းသခင်… မင်း ငါ့ကိုသတ်လို့ မရဘူး… ငါပြန်လာခဲ့မယ်”

ငရဲအရှင်၏ မကျေမချမ်းအော်ဟစ်သံက သွေးနီရောင်ကြယ်စင်စုများကြားကနေ ထွက်ပေါ်လာ၏။

ဆူဇီမိုသည် ငရဲအရှင်ကို လျစ်လျူရှုပြီး ဓားလမ်းကြောင်းကိုသာ ငေးကြည့်နေ၏။

သူသည် တက္ကသိုလ်ဂိုဏ်းချုပ်ကို သတ်ဖြတ်နိုင်သည်နှင့် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက တိုက်ခိုက်ဖို့အတွက် အခွင့်အရေးတစ်ခု ရရှိလာပေလိမ့်မည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများကိုလှမ်းပြီး သူ၏ နောက်ဘက်တွင် လျှို့ဝှက်ဆန်းကြယ်သော ဝင်္ကပါတစ်ခု ခပ်ရေးရေးပေါ်ထွက်လာ၏။ ၎င်းက အဆက်မပြတ်လည်ပတ်ပြီး တစ်ချိန်တည်းမှာပင် သူ့လောက၏ ဘေးပတ်လည်မှာ ဧရာမ တံခါးရှစ်ချပ် ပေါ်ထွက်လာ၏။

“အဖွင့်တံခါး၊ အနားယူတံခါး၊ ဘဝတံခါး၊ ဒဏ်ရာတံခါး၊ လှည့်စားတံခါး၊ ရှုခင်းတံခါး၊ သေဆုံးခြင်းတံခါး၊ အကြောက်တံခါး။”

“တံခါးရှစ်ချပ် ပွင့်စမ်း”

တက္ကသိုလ်ဂိုဏ်းချုပ်က အော်ငေါက်လိုက်၏။

တံခါးရှစ်ချပ်က တစ်ချိန်တည်းမှာ ပွင့်လာပြီး ကြောက်စရာကောင်းသော အော်ရာများကို ထုတ်ဖော်လာခဲ့၏။ တက္ကသိုလ်ဂိုဏ်းချုပ်၏ ခန္ဓာကိုယ်က တံခါးရှစ်ချပ်၏ လှည့်ပတ်မှုအကြားမှာ ဝေဝါးသွား၏။

တံခါးရှစ်ချပ်သည် အလွန်တရာ စွမ်းအားကြီးမား၍ လျှို့ဝှက်ဆန်းကြယ်နေပြီး သိုင်းတာအိုပင်မခန္ဓာ စုဖွဲ့ခဲ့သည့် ငရဲဂိတ်တံခါး ဆယ်ချပ်နှင့် ယှဉ်နိုင်လေသည်။

ဝုန်း…

အစိမ်းရောင်ကြာပန်းဓားက ကျယ်လောင်သော မြည်သံနှင့်အတူ တံခါးရှစ်ချပ်ကို ခုတ်ပိုင်းချလိုက်၏။ တံခါးရှစ်ချပ်က အဆက်မပြတ် ယိမ်းထိုးပြီး တစ်ခဏချင်းမှာပင် သူတို့အပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာ၏။

တံခါးရှစ်ချပ်ပင်လျှင် ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကနေ စုဆောင်းထားသော ဓားချက်တစ်ချက်၏ စွမ်းပကားကို မခုခံနိုင်ပေ။

ဖျောက်…

ဂိတ်တံခါး ရှစ်ချပ်က တစ်ချိန်တည်းမှာ ကြေမွပျက်စီးသွား၏။ ဓားက အဖြောင့်တန်းဝင်သွား၏။ သို့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် ဂိတ်တံခါးရှစ်ချပ်ထဲကနေ ပြုံးနေပြီး သူ၏ ခန္ဓာကိုယ်က လေဟာနယ်ထဲသို့ တဖြည်းဖြည်း ဝင်ရောက်ကာ ပျောက်ကွယ်သွား၏။

ဓားချက်က ခုတ်ပိုင်းကျဆင်းလာသည့်အခါ ၎င်းသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အဝတ်စတစ်ထောင့်ကိုသာ လှီးဖြတ်လိုက်နိုင်၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ ခြေရင်းမှာ ယင်ယန်ဝင်္ကပါတစ်ခု ပေါ်ထွက်လာ၏။ ၎င်းသည် ဆူဇီမို၏ အာဒိကပ္ပသမဂ္ဂ ယင်ယန်ထွက်ပြေးခြင်းနှင့် အလွန်တရာ ဆင်တူနေ၏။

သူသည် အာဒိကပ္ပသမဂ္ဂ၏ အမွေနှစ်ကို မရရှိခဲ့သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် တစ်ခါက တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများ၏ ရှေးဟောင်း အဆောင် ၁၂ ခုကို ရရှိထားခဲ့၏။

တင်းခြောက်ပါးနှင့် ကျားခြောက်ပါး နတ်ဘုရားများမှာ ယင်နှင့်ယန်၏စွမ်းအား ပါဝင်နေသည်။

ရှေးဟောင်း အဆောင် ၁၂ခုနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်သည် အာဒိကပ္ပသမဂ္ဂ ယင်ယန်ထွက်ပြေးခြင်းနှင့် ဆင်တူသော ဓမ္မတာအိုတစ်ခုကို တွက်ချက်ထုတ်ဖော်နိုင်ခဲ့သည်။ သူသည် ၎င်းကို နန်းတော်ကိုးဆောင် လှပသိမ်မွေ့ခြေလှမ်းများနှင့်အတူ အသုံးပြုပြီး တိုက်ပွဲနယ်မြေကနေ ထွက်ပြေးတိမ်းရှောင်နိုင်၏။

အစကတည်းက တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမို၏ ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကို ထိပ်တိုက်ရင်ဆိုင်ဖို့ စိတ်ကူးမရှိပေ။

သူ့အနေဖြင့် ထိုသို့ ပြုလုပ်စရာလည်း မလိုအပ်ပေ။

သူသည် ဓားချက်ကို ရှောင်တိမ်းနိုင်သည်နှင့်အမျှ သူက အနိုင်ရပေလိမ့်မည်။

ခုတ်ချက်က လေထုကို ဆုတ်ဖြဲ၍ ခဏမျှရပ်တန့်ပြီးနောက် ဆက်လက်ကျဆင်းသွား၏။

ဓားချက်က ငရဲအရှင်ကို သတ်ဖြတ်ခဲ့သော်လည်း ဆူဇီမိုသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ အော်ရာကို စောင့်ကြည့်နေခဲ့ပြီးသားဖြစ်သည်။

ဓားသည် ထိုအော်ရာအတိုင်း လိုက်ပါပြီး ကောင်းကင်ဘုံကို ဆန်တက်ကာ တိမ်စိုင်များကြား ဝင်ရောက်ပြီး တမလွန်အစီအရင်ဝင်္ကပါ ရှိရာသို့ ခုတ်ပိုင်းချလိုက်၏။

ဝုန်း…

ဓားက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ချိပ်ပိတ်ထားသည့် တမလွန်အစီအရင်ဝင်္ကပါကို ကမ္ဘာတုန်လောက်ဖွယ်ရာ ပေါက်ကွဲသံဖြင့် ခုတ်ပိုင်းချလိုက်၏။

တမလွန်အစီအရင်ဝင်္ကပါပေါ်မှာ အက်ကွဲကြောင်းများ ပေါ်ထွက်လာပြီး ၎င်း၏ အခြေခံအုတ်မြစ်က ယိမ်းယိုင်သွား၏။

သို့သော်လည်း ငရဲအရှင်၏ ခုခံမှုနှင့် ဂိတ်တံခါးရှစ်ချပ်၏ အဟန့်အတားကို ချိုးဖျက်လာပြီးနောက် ဓားသည် တမလွန်အစီအရင်ဝင်္ကပါကို ကြေမွပျက်စီးသွားစေသော်လည်း ၎င်းသည် အရှိန်အဟုန်ကုန်ဆုံးကာ ပျက်ပြယ်သွားပြီး ဘာမှမကျန်ရှိတော့ပေ။

တမလွန်အစီအရင်ဝင်္ကပါကိုလည်း တက္ကသိုလ်ဂိုဏ်းချုပ်၏ အကြံပြုချက်ဖြင့် ဖုန့်တူက ခင်းကျင်းထားခဲ့ခြင်းဖြစ်၏။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ချိပ်ပိတ်ဖို့အပြင် ၎င်းသည် ဤအခိုက်အတန့်အတွက်လည်း ဖြစ်၏။

အရာရာတိုင်းက သူ့၏ တွက်ချက်မှုများအတွင်းမှာ ရှိနေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် တမလွန်အစီအရင်ဝင်္ကပါပေါ်မှာ မတ်တတ်ရပ်ပြီး သူ၏ ခန္ဓာကိုယ်က တစ်ဖန်ပြန်လည်ပေါ်ထွက်လာ၏။

သူသည် တဖြည်းဖြည်း သိသာထင်ရှားလာပြီး ဆူဇီမိုကို အပြုံးတစ်ခုနှင့်အတူ ငုံ့ကြည့်နေ၏။

“မင်းရှုံးသွားပြီ”

တက္ကသိုလ်ဂိုဏ်းချုပ်က လက်နှစ်ဖက်နောက်ပစ်ကာ မှင်သေသေဖြင့် ပြောလိုက်၏။

တမလွန်ဝင်္ကပါ၏ရှေ့မှာ ဓားချီပျက်ပြယ်သွားသည်ကို ဆူဇီမို တွေ့မြင်သောအခါ အခြေအနေက မျှော်လင့်ချက်ကင်းမဲ့သွားပြီကို သူက သိရှိလိုက်ပြီး သူ၏ မျက်လုံးများက တဖြည်းဖြည်း ထိုင်းမှိုင်းလာ၏။

သူပြုလုပ်ခဲ့သမျှ အရာရာတိုင်းက အချည်းနှီးသာ ဖြစ်ခဲ့ရ၏။

နောက်ဆုံးမှာတော့ သူက ရှုံးနိမ့်သွားဆဲပင်။

သူ၏ ရှုံးနိမ့်မှုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အမှောင်ခေတ်တစ်ခေတ်သို့ ဝင်ရောက်သွားတော့မည်ဟု ဆိုလိုလေသည်။

“အား…”

ဆူဇီမိုက သက်ပြင်းချလိုက်၏။

ဆူဇီမိုသည် သူ့ခန္ဓာကိုယ်ထဲမှာ အားအင်တစ်စက်မှ မကျန်ရှိတော့ဟု ခံစားလိုက်ရ၏။ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ သူသည် အရင်ဆုံး ခေါင်းလည်ကျကာ သွေးနီရောင်ကြယ်စင်စုများကြား ဝင်ရောက်သွား၏။

ထိုအခိုက်အတန့်မှာ လောကက တိတ်ဆိတ်ငြိမ်သက်သွားပုံရသည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်းမှာ မရေမတွက်နိုင်သော သက်ရှိများသည် နီရဲနေသော မျက်လုံးများနှင့်အတူ ဤမြင်ကွင်းကို တိတ်တဆိတ် ကြည့်နေကြ၏။

မဟာဧကရာဇ်အထီးကျန်သိုင်းသခင်က သေဆုံးသွားလေပြီ။

ထိုအခိုက်အတန့်မှာ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအတွက် လောကနှင့်ဆန့်ကျင်တိုက်ခိုက်ဖို့ ဝန်မလေးခဲ့သော ပုဂ္ဂိုလ်သည် နောက်ဆုံးမှာတော့ သူ၏ ဘဝသက်တမ်းကုန်ဆုံးကာ သေဆုံးသွားရပြီဖြစ်သည်။

မည်သူကမှ အဲ့ဒါကို လက်မခံလိုကြပေ။

သို့သော်လည်း မဟာဧကရာဇ်နှစ်ပါးခေတ်က တကယ်ပင် အဆုံးသတ်သွားခဲ့ပြီဖြစ်သည်။

သက်ရှိများအားလုံးက မဟာဧကရာဇ်အထီးကျန်သိုင်းသခင် သေဆုံးသွားရာဘက်သို့ ဒူးထောက်ချပြီး သူတို့၏ မျက်နှာပေါ်မှာ မျက်ရည်များက စီးကျလာ၏။

ကမ္ဘာများအားလုံးသည် ပူဆွေးဝမ်းနည်းမှုဖြင့် ပြည့်နှက်နေပြီး သက်ရှိများအားလုံးက ငိုကြွေးနေကြ၏။

All Chapters