← Chapters

အပြစ်ကင်းစင်မှု

Vol. 214 Ch. 3228

အပြစ်ကင်းစင်မှု

Vol. 214 Ch. 3228

ဆူဇီမိုသည် အိပ်မက်ရှည်တစ်ခုထဲကို ရောက်ရှိသွားပုံရသည်။ သူ၏ အိပ်မက်ထဲမှာ သူသည် လူများစွာကို တွေ့မြင်နေရသည်။

ဤလူများသည် အလွန်တရာစိမ်းသက်သောမျက်နှာများဖြစ်သည်။ တကယ်ဆို သူတို့၏ ဝတ်စားဆင်ယင်ပုံများက အလွန်တရာရှေးကျနေ၏။

သူတို့ထဲမှာ ဘုန်းကြီးများ၊ သားရဲတောကောင်များ၊ ယက္ခိုသ်များနှင့် နတ်ဘုရားမျိုးနွယ်သက်ရှိများ.. အစရှိသည်ဖြင့် ပါဝင်နေ၏။

ဤလူများသည် မတူညီသောမျိုးနွယ်များနှင့် မတူညီသောကမ္ဘာများကနေလာခြင်း ဖြစ်ကြသည်။

ဆူဇီမိုသည် သူတို့ကို အရင်ဘယ်တုန်းကမှ မတွေ့မြင်ဖူးခဲ့ပေ။

သို့သော်လည်း လူတိုင်းသည် သူ့ကိုကြင်နာမှုနှင့် အားပေးလိုမှုနှင့်အတူ ကြည့်နေကြ၏။

သူ့ကို စူးစမ်းလိုစိတ်ဖြင့် ကြည့်ရှုနေသော မော်တယ်တချို့ပင်ရှိနေ၏။ သူတို့၏ အပြုံးများက ကြည်လင်သန့်စင်ပြီး အပြစ်ကင်းစင်မှုဖြင့် ပြည့်နှက်နေ၏။

ထိုကဲ့သို့ပင် ဆူဇီမိုသည် ရှေ့သို့လျှောက်လှမ်းလာ၏။ လမ်း၏ တစ်ဘက်တစ်ချက်စီမှာ လူများစွာမတ်တတ်ရပ်နေကြပြီး သူတို့သည် တစ်စုံတစ်ရာကို စောင့်ဆိုင်းနေသည့်အလား အတူတကွစုဝေးနေကြ၏။

“ဒါက…. အဝါရောင်စိမ့်စမ်းလမ်းလား”

ဆူဇီမိုသည် လမ်း၏ တစ်ဘက်တစ်ချက်စီမှာရှိသောလူများကို တွေဝေရှုပ်ထွေးစွာဖြင့် ကြည့်လိုက်၏။

မဟုတ်သေးပေ။

သူသည် တမလွန်ဘုံသို့ တစ်ခါရောက်ခဲ့ဖူးပြီး အဝါရောင်စိမ့်စမ်းလမ်းမှာ လျှောက်ခဲ့ဖူးလေသည်။

တမလွန်ဘုံက ဤကဲ့သို့မဟုတ်ပေ။

သူ၏ မျက်လုံးရှေ့သို့ အဖြူရောင်ဆံသားတချို့က ကျဆင်းလာ၏။

ဤသည်က အိပ်မက်တစ်ခုမဟုတ်ပေ။

ဆူဇီမိုက နိုးထလာ၏။

သူက အလိုလိုလက်လှမ်းပြီး ငုံ့ကြည့်လိုက်၏။ သူ၏ အသားနှင့် သွေးက အကောင်းတိုင်းရှိနေ၏။

သူ၏ ခန္ဓာကိုယ်သည် သေဆုံးဝိညာဉ်တစ်ခု၏ အခြေအနေမှာ မဟုတ်ပေ။

ဆူဇီမိုသည် ဘေးပတ်ဝန်းကျင်ကို အနည်းငယ်လှည့်ပတ်ကြည့်ရှုပြီး ရင်တစ်ချိက်ထိတ်သွားသည်။

သူက မသေဆုံးသေးပေ။

သူ၏ ဆံပင်များက ဖြူဖွေးနေပြီဖြစ်သော်လည်း သူ့မှာ ဘဝသက်တမ်းနှစ်ငါးသန်းနီးပါး ကျန်ရှိနေသေးသည်။

ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းသည် သူ၏ ဘဝသက်တမ်းများအားလုံးကို ကုန်ဆုံးမသွားစေခဲ့ပေ။

အဲဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ယေဘုယျအားဖြင့်ပြောရလျှင် ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီးနောက် သူ၏ ဘဝသက်တမ်းသည် တစ်ခဏချင်းမှာပင် ဖြတ်တောက်ခံရပေလိမ့်မည်။

မဟုတ်မှလွဲ…

ကောင်းကင်ဘုံကိုးလွှာနှင့်တိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်သည် ၎င်း၏ ဖြစ်စဉ်အတွင်းမှာ ဖြတ်တောက်ခံခဲ့ရသည်လား။

ဒါက ဘယ်နေရာလဲ…။

ဘေးပတ်လည်လူအုပ်ကြီးက ဘယ်ကနေ ရောက်လာတာလဲ။

ဤလူများသည် မည့်ရန်လိုစိတ်မှမရှိဘဲ သူ့ကိုကြည့်နေကြသည်။ ဒါ့အပြင် သူတို့မှာ ကြင်နာမှုနှင့် လေးစားမှုရှိနေကြ၏။

သို့သော်လည်း သူက ဤလူများကို မသိရှိသည်မှာ သေချာလေသည်။

ရုတ်တရက် သူနှင့်ဤလူများကြား အလွန်တရာသိသာထင်ရှားသည့် ကွာခြားချက်တစ်ခုကို ဆူဇီမိုက နားလည်သိရှိသွားသည်။

ဤလူများအားလုံးသည် ဝိညာဉ်ပုံစံမှာဖြစ်ပြီး သူတို့မှာ အသွေးအသားကိုယ်ကာယများ မရှိကြပေ။

ဆူဇီမို၏ အကြည့်က လူအုပ်ကြီးကို ဖြတ်ကျော်သွား၏။

လူအုပ်ကြီး၏ အဆုံးမှာ သူသည် ဘုန်းကြီးတစ်အုပ်စုနှင့် ရင်းနှီးနေကျမျက်နှာတချို့ကို တွေ့မြင်လိုက်ရ၏။

သူမတုံ့ပြန်နိုင်ခင် သူသည် လမ်း၏ အဆုံးမှာ မတ်တတ်ရပ်နေသည့် လူရှစ်ဦးကို တွေ့မြင်သွားသည်။

သူတို့၏ အမူအရာများက အေးစက်ခြင်း၊ မောက်မာခြင်း၊ ကြမ်းတမ်းခြင်း သို့မဟုတ် နူးညံ့သိမ်မွေ့ခြင်း… စသည်ဖြင့် အမျိုးမျိုးရှိနေကြ၏။

အာ…

ဆူဇီမိုသည် ထိုသူရှစ်ဦးကို ကြည့်ပြီး တုန်လှုပ်သွား၏။ သူ၏ မျက်နှာမှာ မယုံကြည်နိုင်မှုက ပေါ်ထွက်လာပြီး အလိုလို အံ့အားတသင့်ရေရွတ်လိုက်မိသည်။

ဘယ်ဘက်အစွန်မှာရှိသော ပထမဆုံးအမျိုးသမီးသည် အနက်ရောင်ဝတ်စုံကို ဝတ်ဆင်ထားပြိး သူမမှာ လေးနက်သိမ်မွေ့သော ရုပ်ရည်သွင်ပြင်ရှိနေ၏။ သူမမှာ အေးစက်နေသော အမူအရာတစ်ခုရှိပြီး သူမ၏ ဆံပင်ကို ရေတံခွန်တစ်ခုကဲ့သို့ ဖြန့်ချထား၏။

ဒုတိယမြောက်အမျိုးသမီးမှာ ကြော့ရှင်းသောသွင်ပြင်ဟန်ပန်နှင့် ဖြူဖွေးနုနယ်သော အသားအရည်ရှိနေ၏။

သူမ၏ မျက်ခုံးများက ထက်ရှနေပြီး သူမ၏ မျက်လုံးများက တလက်လက်တောက်ပနေသည်ဟု ထင်ရသည်။

အလင်းရောင်က လှည့်ပတ်သွားစဉ် သူမက ပို၍ပင် ညှို့ငင်ဖမ်းစားနိုင်နေ၏။

တတိယမြောက်သူက အဖြူရောင်သားမွေးများရှိသည့် မျောက်ဝံအိုကြီးဖြစ်သည်။ သူ၏ လက်နှစ်ဖက်က အလွန်တရာရှည်လျားပြီး သူ၏ ခန္ဓာကိုယ်က ပေသုံးဆယ်မြင့်မားလေသည်။ သူ၏ မျက်လုံးများထဲမှာ နီညိုရောင်အလင်းတစ်ခုက တလိပ်လိပ်ထိုးတက်နေပြီး သူ့မှာ မောက်မာဝင့်ကြွားသော အမူအရာတစ်ခုရှိနေ၏။

စတုတ္ထမြောက်အမျိုးသားက နှင်းဖြူရောင်အဝတ်အစားကို ဝတ်ဆင်ထားပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ကာ မတ်တတ်ရပ်၍ ထက်ရှသော ဓားတစ်လက်နှင့်အတူ ထုတ်ဖော်ထားသောဓားတစ်လက်နှင့် တူနေ၏။

ပဉ္စမမြောက်လူမှာ ရွှေရောင်ဆံပင်နှင့် အပြာရောင်မျက်လုံးများရှိနေ၏။ သူက အရပ်အမောင်းမြင့်မားပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို ရွှေရောင်အလင်းက လှည့်ပတ်နေ၏။

ဆဋ္ဌမမြောက်အမျိုးသား၏ မျက်နှာသွင်ပြင်ကို ရှင်းရှင်းလင်းလင်းမတွေ့မြင်ရပေ။ သူ့ကို အမှောင်ထုက လွှမ်းခြုံထားပြီး သူ၏ ခန္ဓာကိုယ်က ဝေဝါးနေ၏။

သတ္တမမြောက်အမျိုးသား၏ ခန္ဓာကိုယ်တစ်ခုလုံးက ကြယ်အလင်းရောင်ဖြင့်တောက်ပနေပြီး သူ၏ မျက်လုံးများက ကြယ်များနှင့်တူနေ၏။

အဋ္ဌမမြောက်လူက ရှေးကျသော သင်္ဃန်းတစ်ထည်ကို ခြုံထားသည့် ဘုန်းကြီးတစ်ပါးဖြစ်သည်။

သူ့မှာ နွေးထွေးသောအကြည့်နှင့် ကြင်နာတတ်သောအမူအရာရှိပြီး ဆူဇီမိုကို ခေါင်းညိတ်ပြကာ ပြုံး၍ကြည့်နေ၏။

သူတို့ရှစ်ယောက်သည် ဒသမမြောက်ကပ်ဘေးကို သူဖြတ်ကျော်ခဲ့စဉ်က သူကြုံတွေ့ခဲ့ရသော ပုံရိပ်ယောင်ရှစ်ခုဖြစ်သည်။

မဟာဧကရီကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်၊ မဟာဧကရီတမလွန်ကိုးဘုံ၊ မဟာဧကရာဇ်တိုက်ပွဲ၊ မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံ၊ မဟာဧကရာဇ်အလင်း၊ မဟာဧကရာဇ်အမှောင်၊ မဟာဧကရာဇ်ကြယ်တာရာနှင့် မဟာဧကရာဇ်အနန္တတို့ဖြစ်ကြသည်။

ထိုရှစ်ဦးသည် သမိုင်းထဲမှာ ထွန်းတောက်ခဲ့သော သူတို့ကိုယ်ပိုင်ခေတ်များကို တည်ထောင်ခဲ့သည့် ရှေးဟောင်းမဟာဧကရာဇ်များဖြစ်ကြသည်။

ဆူဇီမို၏ လက်ရှိစိတ်အခြေအနေကို ဖော်ပြနိုင်သည့်စကားလုံးများ မရှိတော့ပေ။

တကယ်ဆို သူသည် ထိုအခိုက်အတန့်မှာ အလွန်တရာမှော်ဆန်သော အိပ်မက်တစ်ခုထဲ ရောက်ရှိနေသည်ဟုပင် သံသယဝင်မိ၏။

အရာရာတိုင်းက အိပ်မက်ဆန်လွန်းနေသည်။

ဒါက ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ရှေးဟောင်းခတ်များမှာ မဟာဧကရာဇ်ရှစ်ဦးက သေဆုံးသွားခဲ့ပြီဖြစ်၏။ သူတို့ရှစ်ဦးက ဘယ်လိုလုပ်အသက်ရှင်နေနိုင်ဦးမှာလဲ။

သူတို့သည် အရင်တုန်းက မသေဆုံးခဲ့ဘူးဆိုလျှင်တောင် သူတို့၏ ဘဝသက်တမ်းများက ကုန်ဆုံးသွားသည်မှာ ကြာခဲ့ပြီဖြစ်ပြီး သူတို့က ယခုအချိန်ထိ ရှင်သန်နိုင်မည်မဟုတ်ပေ။

“ဒါက အိပ်မက်တစ်ခုလား”

ဆူဇီမိုက အလိုလိုရေရွတ်လိုက်၏။

“ဟုတ်လည်းဟုတ်တယ်… မဟုတ်လည်းမဟုတ်ဘူး”

မဟာဧကရာဇ်အနန္တက ပြုံး၍ ပြန်ဖြေပေးလိုက်၏။

ဆူဇီမိုက ပို၍ပင်တွေဝေရှုပ်ထွေးသွားသည်။

“မိတ်ဆွေလေး… စောစောက မင်းက‌ ကောင်းကင်ဘုံကိုးလွှာနဲ့တိုက်ခိုက်ခြင်းကို ထုတ်ဖော်တုန်းက ငါတို့တွေက ဓမ္မပညာရပ်တစ်ခုကို ထုတ်ဖော်ပြီး မင်းကို အိပ်မက်တံဆိပ်ပြားထဲ ဆွဲယူသွင်းခဲ့တာပဲ”

မဟာဧကရာဇ်အနန္တက ပြောလိုက်၏။

“ဒါက အခုမင်းရောက်နေတဲ့ကမ္ဘာပဲ”

ဆူဇီမိုက နားလည်သဘောပေါက်သွားသည်။

အိပ်မက်တံဆိပ်ပြားထဲမှာ တည်ဆောက်မှုပုံသဏ္ဍာန်ငယ်တစ််ခုရှိနေ၏။ သူသည် ဤနေရာသို့ ဆွဲယူသွင်းခံရပြီး ကောင်းကင်ဘုံကိုးလွှာနှင့်တိုက်ခိုက်ခြင်းက အတင်းအကျပ်ဖြတ်တောက်ခံရကာ သူ၏ ဘဝသက်တမ်းကုန်ဆုံးခြင်းကနေ ကာကွယ်ပေးခဲ့သည်။

သို့သော်လည်း ဆူဇီမိုမှာ မေးခွန်းပေါင်းမြောက်မြားစွာရှိနေဆဲဖြစ်၏။

သူ၏စိတ်ကို ဖတ်မိသည့်အလား မဟာဧကရာဇ်အနန္တက ဆက်လက်၍ ရှင်းပြလိုက်၏။

“ဒါက အခြေခံအုတ်မြစ်အဖြစ် အိပ်မက်တံဆိပ်ပြားကိုသုံးပြီး ဧကရီဆိုးယုတ်ဖန်တီးထားတဲ့ အိပ်မက်ကမ္ဘာတစ်ခုပဲ.. သူက သုံးဘုံလောကကို မမှီခိုဘူး… ပြန်ဝင်စားခြင်း စက်ဝန်းကနေ သီးခြားခွဲထွက်နေတယ်”

“ဒီအိပ်မက်ကမ္ဘာမှာ သက်ရှိတွေအားလုံးက တန်းတူရည်တူပဲ… သူတို့မှာ ဆင်းရဲဒုက္ခတွေ… စိုးရိမ်ပူပန်စရာတွေ… သတ်ဖြတ်ခြင်းနဲ့တိုက်ခြင်းတွေ မရှိဘူး… ဝိညာဉ်အခြေအနေမှာ လူတစ်ယောက်ရဲ့ ဘဝသက်တမ်းက အဆုံးမဲ့တယ်… သူတို့တွေက နောက်ထပ်ပုံစံတစ်မျိုးနဲ့ ထာဝရအသက်ကို ရရှိနေတယ်…”

ဆူဇီမိုက ကြက်သေသေပြီး တုန်လှုပ်သွား၏။

သုံးဘုံလောကကို မမှီခိုဘဲ ပြန်ဝင်စားခြင်းစက်ဝန်းကနေ သီးခြင်းခွဲထွက်နေသည့် အိပ်မက်ကမ္ဘာတစ်ခုကို ဖန်တီးထားသည်မှာ တုန်လှုပ်စရာကောင်းလွန်းနေပြီဖြစ်သည်။

ဤအိပ်မက်ကမ္ဘာမှာ လူတစ်ယောက်သည် ထာဝရအသက်ကို နောက်ထပ်ပုံစံတစ်မျိုးဖြင့်ပင် ရရှိနိုင်သည်။

မဟာဧကရာဇ်အနန္တက ပြောလိုက်၏။

“ကောင်းမှုနဲ့မကောင်းမှု နှစ်ခုစလုံးက တူညီတဲ့ပုံစံနဲ့ ပြန်ရသင့်တယ်လို့ ဧကရီဆိုးယုတ်က ယုံကြည်ထားတယ်… ဒါပေမဲ့ လောကမှာရှိတဲ့အရာတွေက သူ့ရဲ့စိတ်ဆန္ဒနဲ့ ကွဲလွဲဆန့်ကျင်နေတယ်… အဲလိုနဲ့ သူက သူ့ကိုယ်ကိုင်နည်းလမ်းကိုသုံးပြီး ကောင်းမှုနဲ့မကောင်းမှုရဲ့ ပြီးပြည့်စုံတဲ့ စက်ဝန်းတစ်ခုကို ဖန်တီးခဲ့တာပဲ”

“မကောင်းတာလုပ်တဲ့သူတွေက သူ့ရဲ့တောကောင်တာအိုထဲကို ဆွဲယူသွင်းခံရလိမ့်မယ်… သူကြုံတွေ့ခဲ့တဲ့ ကြင်နာတတ်တဲ့သူတွေကတော့ သူတို့သေပြီးသွားရင် သူတို့ရဲ့ဝိညာဉ်တွေက ဒီနေရာကို ဆွဲခေါ်ခံရပြီး သတ်ဖြတ်ခြင်းနဲ့ တိုက်ခိုက်ခြင်းတွေရဲ့အဝေးမှာ ရှိနေရမယ်”

“သူတို့တွေက ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်ရဲ့နာကျင်မှုကိုလည်း ခံစားရမှာမဟုတ်ဘူး”

ဆူဇီမို၏ အမြင်အာရုံက ခဏမျှဝေဝါးသွား၏။

အဖြူရောင်ရစ်ငှက်အိပ်မက်ထဲမှာ သူကုန်ဆုံးခဲ့သည့် ထိုတစ်ဘဝစာ ပြတ်တောင်းပြတ်တောင်းမှတ်ဉာဏ်များက သူ့စိတ်ထဲသို့ဝင်ရောက်လာပြီး တဖြည်းဖြည်းပိုမိုရှင်းလင်းလာ၏။

ပိန်ပိန်ပါးပါးမိန်းကလေးငယ်နှင့် အတူဖြတ်သန်းခဲ့သော သူ၏ အတွေ့အကြုံများအားလုံးကို ပြန်လည်အမှတ်ရလာ၏။

“အစ်ကိုဆူ… ဒီလောကမှာ ကောင်းတဲ့သူတွေက ဆုလာဘ်ကို ရရှိသင့်တယ်လို့ ကျွန်မယုံတယ်”

မိန်းကလေးငယ်က ကြည်လင်ရှင်းလင်းသောမျက်လုံးများနှင့်အတူ အခိုင်အမာပြောလိုက်၏။

“ဟုတ်ကောင်းဟုတ်နိုင်ပါတယ်လေ”

“အစ်ကိုဆူ… ရဲရင့်တဲ့.. ကြင်နာတတ်တဲ့ မှန်ကန်ဖြောင့်မတ်စရာကောင်းတဲ့လူတွေရှိမယ့် နေရာတစ်ခုရှိမယ်လို့ ရှင်ထင်လား”

“လူတိုင်းက အဲဒီနေရာမှာ တန်းတူရည်တူ ဆက်ဆံခံရမယ်… အနိုင်ကျင့်တာတွေ.. ဆင်းရဲဒုက္ခတွေရှိမှာ မဟုတ်ဘူး”

မိန်းကလေးငယ်မှာ ကြည်လင်သန့်စင်သောအပြုံးနှင့် အပြစ်ကင်းစင်သောနှလုံးသားတစ်ခုရှိနေ၏။

“ဘယ်လိုလုပ်ရှိနိုင်ပါ့မလဲ”

ဆူဇီမိုက မသက်သာသော အမူအရာဖြင့် ပြုံးပြီး မိန်းကလေးငယ်နဖူးကို ညင်သာစွာသပ်ပေးလိုက်၏။

“အဲဒီနေရာမရှိဘူးဆိုရင် ကြင်နာတတ်တဲ့သူတွေက ဆင်းရဲဒုက္ခကို ရှောင်လွှဲနိုင်အောင် အနာဂတ်မှာ အဲလိုမျိုးကမ္ဘာတစ်ခု ကျွန်မတည်ဆောက်ချင်တယ်”

မိန်းကလေးငယ်က တည်တံ့စွာပြောလိုက်၏။

မဟာဧကရာဇ်အနန္တ၏ စကားသံက နောက်တစ်ဖန်ထွက်ပေါ်လာပြီး ဆူဇီမို၏ မှတ်ဉာဏ်များကို ဖြတ်တောက်လိုက်၏။

“ဒီနေရာမှာ ဧကရီဆိုးယုတ်လမ်းညွှန်ခေါ်လာတဲ့ ဝိညာဉ်တချို့အပြင် ဒီမှာရှိတဲ့ လူအတော်များများက အရင်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲတွေမှာ သေဆုံးခဲ့ရတဲ့ ကျင့်ကြံသူတွေပဲ”

ဆူဇီမို၏ နှလုံးသားက တစ်စုံတစ်ရာဖြင့် ထိခတ်ခံလိုက်ရသည့်ပုံပင်။

ဧကရီဆိုးယုတ်က ဘယ်တော့မှ မပြောင်းလဲခဲ့ပေ။

သူမသည် ကောင်းမှုနှင့် မကောင်းမှုကို သူတို့၏ ပုံစံအတိုင်း ပြန်လည်ပေးဆပ်ရမည်ဟူသော သူမ၏ ယုံကြည်မှုကို အမြဲတမ်းထိန်သိမ်းထား၏။

တကယ်ဆို ဤဇွဲကောင်းမှုက အနည်းငယ်ရိုးစင်းရာပင်ကျပြီး လောကနှင့်လိုက်ဖက်ညီမှုမရှိပေ။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ ပါဝင်ခဲ့သည့် ပညာရှင်များသည် တိုက်ပွဲထဲမှာ သေဆုံးပြီးနောက် သူတို့၏ ဝိညာဉ်များသည် တမလွန်ဘုံသို့ ရောက်ရှိကာပြန်ဝင်စားခြင်း၏ နာကျင်မှုကို ခံစားရသင့်သည်။

ဧကရီဆိုးယုတ်သည် ဤပညာရှင်များကို ဤကဲ့သို့သော ဆင်းရဲဒုက္ခများမခံစားစေလိုဘဲ အိပ်မက်တံဆိပ်ပြားထဲသို့ လမ်းညွှန်ခေါ်ဆောင်လာခဲ့၏။

ဤလူများသည် မဟာကမ္ဘာတစ်ထောင်လောကသို့ မတက်လှမ်းနိုင်ဘူးဆိုလျှင်တောင် ဧကရီဆိုးယုတ်သည် သူတို့ကို ထာဝရအသက်ရရှိအောင် ကူညီပေးလို၏။

မယိမ်းယိုင်သောစိတ်ဖြင့် အနိုင်မခံအရှုံးမပေးခဲ့သော ထိုပညာရှင်များသည် ဤကဲ့သို့ ပြန်ပေးဆပ်မှုနှင့် ထိုက်တန်လေသည်။

ရုတ်တရက် အရင်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွင်း သူ၏ ရင်ဘတ်ကြားမှ အိပ်မက်တံဆိပ်ပြားက တဖြည်းဖြည်းပူနွေးလာသည်ကို ဆူဇီမိုက အမှတ်ရသွား၏။

ထိုအချိန်တုန်းက တိုက်ပွဲက ပြင်းထန်ကြမ်းတမ်းနေပြီး သူက အဲဒါနှင့်ပတ်သက်ပြီး များစွာစဉ်းစားတွေးတောနေဖို့ အချိန်မရခဲ့ပေ။ ယခု သူက အဲဒါနှင့်ပတ်သက်၍ ပြန်လည်စဉ်းစားမိပြီး အိပ်မက်တံဆိပ်ပြားသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သေဆုံးသွားသော ကျင့်ကြံသူများ၏ ဝိညာဉ်များကို လမ်းညွှန်ခေါ်ဆောင်နေခြင်းဖြစ်ရပေမည်။

ကျင့်ကြံသူတစ်ယောက်သေဆုံးသွားသည်နှင့် သူတို့၏ ဝိညာဉ်က တမလွန်ဘုံသို့ ဝင်ရောက်ပေလိမ့်မည်။

သို့သော်လည်း တမလွန်ဘုံက ဖုန့်တူ၏ ထိန်းချုပ်မှုအောက်မှာရှိနေ၏။

ဧကရီဆိုးယုတ်၏ အပြုအမူများနောက်ကွယ်မှာ နောက်ထပ်အဓိပ္ပါယ်တစ်ခုရှိနေနိုင်သည်။

All Chapters