← Chapters

ကောင်းကင်ဘုံခုံရုံးနှင့် နောက်တစ်ဖန်တိုက်ခိုက်ခြင်း

Vol. 214 Ch. 3229

ကောင်းကင်ဘုံခုံရုံးနှင့် နောက်တစ်ဖန်တိုက်ခိုက်ခြင်း

Vol. 214 Ch. 3229

ရုတ်တရက် ဆူဇီမိုသည် တစ်စုံတစ်ရာကို တွေးမိသွားပြီး မနေနိုင်ဘဲ မေးလိုက်၏။

“အရင် ကျုပ်… သိုင်းတာအိုကိုကျင့်ကြံပြီး ပကတိဧကနယ်ပယ်ကို ဝင်ရောက်တုန်းက ကျုပ်က ဒသမမြောက်ကောင်းကင်ဘုံကပ်ဘေးကို ဆွဲဆောင်မိခဲ့တယ်… အဲဒီတုန်းက…”

ထိုအချိန်တုန်းက မိုးကြိုးလျှပ်စီးပုံရိပ်ယောင်ရှစ်ခု ပေါ်ထွက်လာခဲ့သည်။ သူတို့သည် သူ့ရှေ့မှာရှိသော ရှေးဟောင်းမဟာဧကရာဇ်ရှစ်ဦးပင် ဖြစ်လေသည်။

မဟာဧကရာဇ်အနန္တက ပြောလိုက်၏။

“ငါတို့တွေက ဒီနှစ်တွေအားလုံးထဲ အိပ်မက်တံဆိပ်ပြားထဲမှာ ရှင်သန်နေထိုင်ကြပေမယ့် ငါတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အမြဲတမ်းအာရုံစိုက်ထားတယ်… မင်းက အင်မော်တယ်၊ ဗုဒ္ဓ၊ မိစ္ဆာတာအိုတွေနဲ့ယှဉ်နိုင်တဲ့ သိုင်းတာအိုကို တည်ထောင်ခဲ့တယ်… ငါတို့တွေက မင်းကို စမ်းသပ်ချင်ခဲ့တာ… အဲဒါကြောင့် ငါတို့က မင်းနဲ့တိုက်ခိုက်ဖို့ အဲဒီလျှပ်စီးပုံရိပ်ယောင်တွေအဖြစ် စုဖွဲ့ခဲ့တာပဲ”

“ဘုန်းကြီးအို… မင်းငါတို့ကို မြှောက်မနေစမ်းပါနဲ့”

ရုတ်တရက် မဟာဧကရာဇ်တိုက်ပွဲက လက်ကာပြပြီး ဝင်ပြောလိုက်၏။

“အဲဒီအချိန်တုန်းက ငါတို့ရဲ့ ယှဉ်ပြိုင်လိုတဲ့စိတ်ဝိညာဉ်က ပိုပြီးတော့ အလေးသာနေခဲ့တာပဲ… မင်းရဲ့ သိုင်းတာအိုက ဘာတွေဘယ်လိုကွာခြားသလဲဆိုတာ ငါတို့တွေ့ကြုံချင်ခဲ့တာ… မင်းကို စမ်းသပ်တယ်ဆိုတာက နောက်ထပ်တစ်ချက်ပဲ”

ထိုအခိုက်အတန့်မှသာ သူသည် မကြုံစဖူး ဒသမမြောက်ကပ်ဘေးကို ဘာ့ကြောင့်ကြုံတွေ့ခဲ့ရသလဲ နားလည်သဘောပေါက်သွားသည်။

ဒါ့အပြင် မဟာဧကရာဇ်ရှစ်ပါးက ပေါ်ထွက်လာခဲ့၏။

သူတို့ရှစ်ဦးသည် တစ်ခါက သူတို့ကိုယ်ပိုင်ခေတ်များကို တည်ထောင်ခဲ့ပြီး သမိုင်းကို ကိုင်လှုပ်နိုင်ခဲ့သည့် အန္တိမပညာရှင်များဖြစ်ကြသည်။ သူတို့မှာ ယှဉ်ပြိုင်လိုသောစိတ်ဝိညာဉ်ရှိပြီး သူနှင့်လက်ရည်စမ်းဖို့ ပေါ်ထွက်လိုခဲ့သည်မှာ အံ့ဩစရာမရှိပေ။

တကယ်တော့ မဟာဧကရာဇ်ရှစ်ပါး ရှင်းရှင်းလင်းလင်းမပြောဆိုသော နောက်ထပ်အကြောင်းအရင်းများ ရှိနေနိုင်သည်။

ဆူဇီမိုက မဟာဧကရာဇ်ရှစ်ပါးကို အနည်းငယ်ဦးညွှတ်ပြီး လေးနက်သောအသံဖြင့် ပြောလိုက်၏။

“စီနီယာတို့… ခင်ဗျားတို့ရှစ်ယောက်က အဲဒီနေ့က ကပ်ဘေးဆင်းသက်ချိန်အတွင်းမှာ ပေါ်ထွက်လာပြီး ခင်ဗျားတို့ရဲ့ တာအိုတွေကို သင်ကြားပေးခဲ့တယ်… ကျုပ် တကယ်ပဲ ကျေးဇူးတင်ရှိပါတယ်”

သူတို့သည် သူ့ကို စမ်းသပ်ချင်တာ ဖြစ်ကောင်းဖြစ်ပေမည်။ သူတို့သည် သူ၏ သိုင်းတာအိုနှင့် လက်ရည်စမ်းချင်တာ ဖြစ်ကောင်းဖြစ်ပေမည်။

သို့သော်လည်း ပို၍အရေးပါသည်မှာ သူတို့သည် သူ့အား သူတို့၏ တာအိုကို သင်ကြားပေးဖို့ကြိုးစားခဲ့ကြသည်။

ဆူဇီမိုကျင့်ကြံသော ဓမ္မတာအိုများစွာသည် မဟာဧကရာဇ်ရှစ်ပါးထံမှ လာခြင်းဖြစ်သည်။

မဟာဧကရာဇ်ရှစ်ပါးက ထိုစဉ်တုန်းက ပေါ်ထွက်လာပြီး သူနှင့်လက်ရည်စမ်းခဲ့ခြင်းမရှိလျှင် သူသည် တဗူးဂမ္ဘီရကျင့်စဉ်တချို့ကို နားလည်ဆင်ခဲ့မိခဲ့လိမ့်မည် မဟုတ်ပေ။

အခြားသောမဟာဧကရာဇ်များက ထိုစကားကိုကြားသောအခါ သူတို့၏ မျက်လုံးထဲတွင် ကျေနပ်အားရသောအကြည့်တစ်ခုစီ ပေါ်ထွက်လာကြ၏။

မဟာဧကရီကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်နှင့် မဟာဧကရီတမလွန်ကိုးဘုံ သူ့ကို ကြည့်သော ကြည့်ရှုပုံက အခြားသောရှေးဟောင်းမဟာဧကရာဇ်များနှင့် ကွဲပြားခြားနားနေသည်ကို ဆူဇီမိုက ခပ်ရေးရေးအာရုံခံမိနိုင်၏။

သူတို့၏ အကြည့်များက အနည်းငယ်ထူးဆန်းနေပြီး ဖော်မပြတတ်ပေ။

ရုတ်တရက် ဆူဇီမိုက နားလည်သဘောပေါက်သွား၏။

သူက ကောင်းကင်ဘုံကိုးလွှာနှင့်တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီးနောက် သူ၏ ဘဝသက်တမ်းက ကြီးမာစွာလျော့ကျသွားသော်လည်း ထိုအခိုက်အတန့်မှာ အိပ်မက်တံဆိပ်ပြားထဲတွင် နိုးထလာပြီးနောက် သူ၏ ဒဏ်ရာများက သက်သာပျောက်ကင်းနေပြီဖြစ်၏။

“အဲဒါတော့ ဆိုးပြီ”

ဆူဇီမိုက ရင်ထဲမှာ နင့်ခနဲဖြစ်သွား၏။

သူသည် အိပ်မက်တံဆိပ်ပြားထဲမှာ နေထိုင်ချိန်ပိုမိုကြာမြင့်လေ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကပေါ် ကျရောက်လာမည့်ကပ်ဘေးက ပိုမိုကြီးမားလာလေပင်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သေချာပေါက် ကြင်နာတတ်သောလူမဟုတ်ပေ။

သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်စိုးချင်သည်ဆိုလျှင် သူသည် သူ၏စွမ်ပကားကိုတည်ဆောက်ပြီး အစုလိုက်အပြုံလိုက်သတ်ဖြတ်မှုတစ်ခုကို စတင်ရပေမည်။

ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတိုက်ပွဲမှာ စွမ်းအင်အမြောက်အမြားကို သုံးစွဲခဲ့ပြီး ဒဏ်ရာအပြင်းအထန်ရရှိထားခဲ့၏။ သူ၏ ဒဏ်ရာများ ယခုလို သက်သာပျောက်ကင်းလာဖို့အတွက် ရက်တချို့ကြာသွားလောက်လေပြီ။

ပြီးခဲ့သည့်ရက်တချို့မှာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် သွေးမြစ်စီးကြောင်းများဖြင့်ပြည့်နှက်ပြီး အလောင်းများက ပြန့်ကျဲနေလောက်လေပြီ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်သူကမှ အစစ်အမှန်မဟာဧကရာဇ်တစ်ပါးကို မခုခံနိုင်ပေ။

မဟာအရိုင်းကမ္ဘာ၊ ကောင်းကင်ဘုံကမ္ဘာ၊ ဓားကမ္ဘာနှင့် နီညိုရောင်မျောက်ဝံကမ္ဘာတို့က ဖျက်ဆီးခံရလောက်ပြီဖြစ်သည်။

ဆူဇီမို၏ စိတ်ကို ဖတ်မိနိုင်သည့်အလား မဟာဧကရာဇ်အနန္တက ဗုဒ္ဓအာလုတ်စကားတစ်ခုကို ညင်သာစွာရွတ်ဆိုပြီးနောက် ပြောလိုက်သည်။

“မိတ်ဆွေလေး… စိုးရိမ်မနေပါနဲ့… ရက်အနည်းငယ်ကုန်ဆုံးသွားပြီလို့ မင်းခံစားနေရလိမ့်မယ်… ဒါပေမဲ့ အဲဒါက အိပ်မက်တစ်ခုပဲ… မင်းဒီမှာအချိန်ဘယ်လောက်ပဲကြာကြာ အဲဒါက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက မင်းစောစောက ဝင်ရောက်လာတဲ့ တူညီတဲ့အခြေအနေမှာပဲရှိနေဦးမယ်”

ဆူဇီမိုက ခေါင်းညိတ်လိုက်၏။

အိပ်မက်ဆိပ်ပြား၏ ထူးခြားသောတည်ရှိမှုနှင့် ဧကရီဆိုးယုတ်၏ ဓမ္မတာအိုသည် ဤကဲ့သို့လျှို့ဝှက်ဆန်းကြယ်သော အချိန်စီးဆင်းမှုကိုဖြစ်စေသည့်အကြောင်းအရင်းဖြစ်ရပေမည်။

“စီနီယာတို့… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ အကျပ်တည်းကို အခုချိန်ထိ မဖြေရှင်းရသေးဘူး… ကျုပ်အခုပဲ ထွက်သွားပါတော့မယ်”

ဆူဇီမိုက လက်နှစ်ဖက်ကို ယှက်ပြပြီး နှုတ်ဆက်လိုက်၏။

“ကျုပ်… ဒီတိုက်ပွဲမှာ အနိုင်ရမယ်ဆိုရင် ခင်ဗျားတို့ဆီကို အလည်ပြန်လာခဲ့မယ်.. ကျုပ်တို့ နဲနဲပါးပါးသောက်စားကြတာပေါ့”

“သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ မဟာဧကရာဇ်ပဲ.. မင်းသူ့ကိုနိုင်မှာမဟုတ်ဘူး”

မဟာဧကရာဇ်ကြယ်တာရာက မှင်သေသေဖြင့်ပြောလိုက်၏။

မဟာဧကရာဇ်အမှောင်က ဆက်ပြောလိုက်သည်။

“မင်းက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းခါစပဲ… မင်းမှာ လောကအသေးတစ်ခုပဲရှိတယ်… သူ့ရဲ့လောကကတော့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ ချိတ်ဆက်ပြီးသွားပြီ.. သူ့ကို ဘယ်လိုလုပ်တိုက်ခိုက်နိုင်မှာလဲ”

“မင်းအခုနေအပြင်ကိုထွက်သွားမယ်ဆိုရင် မင်းသေချာပေါက် သေရလိမ့်မယ်”

မဟာဧကရာဇ်အထွတ်အထိပ်ကောင်းကင်ဘုံ၏ စကားက ပို၍ပင် တဲ့တိုးဆန်ပြီး သူ၏ လေသံက အေးစက်နေ၏။

ဆူဇီမိုက နှုတ်ဆိတ်သွားသည်။

မဟာဧကရာဇ်များပြောသည်က မှန်ကန်သည်ကို သူကလည်းသိရှိထား၏။

သူသည် သူ၏ အထွတ်အထိပ်အခြေအနေကို ပြန်လည်ရောက်ရှိပြီး သူ၏ ဒဏ်ရာများ သက်သာပျောက်ကင်းသွားမည်ဆိုလျှင်ပင် သူသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့်ရင််ဆိုင်မိချိန်မှာ သေရပေဦးမည်။ သို့သော်လည်း သူ့မှာ တခြားရွေးချယ်စရာမရှိပေ။

သူ၏ အရင်းနှီးဆုံး ဆွေးမျိုးများနှင့် မိတ်ဆွေများအပြင် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက အပြင်ဘက်မှာရှိနေဆဲဖြစ်၏။ သူက ဘာမှမလုပ်ဘဲ ဒီတိုင်းထိုင်မနေနိုင်ပေ။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် သိုင်းတာအိုကို ကျင့်ကြံမထားသော်လည်း သူ၏ တာအိုနှလုံးသားသည် မွန်းတည့်ချိန်နေကဲ့သို့ တောက်ပပြီး လောကတစ်ခုလုံးကို အလင်းပေးမည့် လောင်ကျွမ်းနေသည့် တူညီသော သိုင်းတာအိုနှလုံးသားဖြစ်နေဆဲပင်။

ခုခံဆန့်ကျင်လိုခြင်း…။

အနိုင်မခံအရှုံးမပေးခြင်း…။

မည်သည့်ကြောက်ရွံ့မှုမှမရှိဘဲ ရှေ့သို့သာတက်လှမ်းခြင်း။

သူသည် သေရတော့မည်ဆိုတာကို သိသည်ဆိုလျှင်တောင် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ အဲဒါကို ပြုလုပ်ရပေမည်။

အရင်တုန်းက ရှေးဟောင်းမဟာဧကရာဇ်ရှစ်ပါးကလည်း တူညီစွာပြုလုပ်ခဲ့သည် မဟုတ်ပါလား။

သူတိုသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ အနိုင်ရဖို့ မဖြစ်နိုင်သလောက်ဖြစ်သည်ကို သိရှိထားသည်ဆိုလျှင်ပင် သူတို့သည် ကောင်းကင်ဘုံကိုဖီဆန်ပြီး ကောင်းကင်ဘုံကိုးလွှာကို အောင်နိုင်ဖို့အတွက် မျိုးနွယ်စုတစ်သောင်းမှပညာရှင်များကို ဦးဆောင်ခဲ့ကြဆဲဖြစ်သည်။

ဆူဇီမိုက ပြုံး၍ပြောလိုက်၏။

“ကျုပ်တတ်နိုင်တာကို ကျုပ် အကောင်းဆုံးလုပ်ရမှာပဲ.. သေတော့လည်းသေပေါ့ နောင်တရစရာ မရှိပါဘူး”

“ဟုတ်ပြီလေ…”

မဟာဧကရာဇ်တိုက်ပွဲက ခပ်ဆတ်ဆတ်အော်ပြောလိုက်၏။

အခြားသောမဟာဧကရာဇ်များကလည်း ဆူဇီမိုကို သဘောတူထောက်ခံဟန်ဖြင့် ကြည့်လိုက်ကြ၏။

“မိတ်ဆွေလေး… မင်းကို ငါတို့ကူညီပေးမယ်”

မဟာဧကရာဇ်တိုက်ပွဲက သူ၏ လက်ကို ဝေ့ယမ်းလိုက်ပြီး သူ၏ နောက်ဘက်မှာ တိုက်ပွဲခေတ်မှာသေဆုံးခဲ့သည့် မရေမတွက်နိုင်သောပညာရှင်များပေါ်ထွက်လာကြ၏။ သူတိုက သိပ်သည်းများပြားပြီး ရေတွက်၍မရနိုင်အောင်ပင်။

သူတို့အားလုံးသည် ဝိညာဉ်အခြေအနေမှာရှိနေကြသော်လည်း သူတို့သည် တိုက်ပွဲစိတ်ဝိညာဉ်နှင့်အတူ တောက်လောင်နေ၏။ ခေါင်းဆောင်ဖြစ်သူက ‘တိုက်ပွဲ’ဟူသောစာလုံးပါရှိသည့် တိုက်ပွဲအလံကို တဖျပ်ဖျပ်လွှင့်ထူလိုက်၏။

ထို့နောက်ချက်ချင်းပင် မဟာဧကရီမိုးကောင်းကင်ကိုးလွှာဆန်းကြယ်အပျိုစင်၏ နောက်ဘက်မှာ စစ်သည်ပေါင်းထောင်ချီက ဒုန်းစိုင်းပြေးဝင်လာ၏။ မိုးကောင်းကင်ကိုးလွှာတိုက်ပွဲအလံကို လေထဲမှာ လွှင့်ထူထားလေသည်။

တမလွန်ကိုးဘုံတိုက်ပွဲအလံပေါ်ထွက်လာပြီး ယက္ခိုသ်များစွာက လေထဲမှာပျံသန်းနေ၏။

အထွတ်အထိပ်ကောင်းကင်ဘုံတိုက်ပွဲအလံ၊ အလင်းတိုက်ပွဲအလံ၊ အမှောင်တိုက်ပွဲအလံ၊ ကြယ်တာရာတိုက်ပွဲအလံနှင့် အနန္တတိုက်ပွဲအလံတို့ကလည်း မြင်ကွင်းထဲမှာ တစ်ခုပြီးတစ်ခု ပေါ်ထွက်လာကြ၏။ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများမှာ သေဆုံးခဲ့ကြသော ပညာရှင်များစွာသည် ဘက်ပေါင်းစုံကနေ ဝင်ရောက်လာပြီး တုန်လှုပ်စရာကောင်းသော သတ်ဖြတ်ခြင်းစိတ်ဆန္ဒနှင့်အတူ လွှင့်ထူထားသောအလံများအောက်မျာ စုဝေးရောက်ရှိလာကြ၏။

ပြီးခဲ့သည့်ခေတ်များ၏ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများမှာ သေဆုံးခဲ့သော စစ်သည်ပေါင်း တစ်ဘီလီယံကျော်ရှိနေ၏။

စစ်သည်များက ဤနေရာမှာ စုဝေးရောက်ရှိလာကြပြီး သူတို့၏ အလံများကို လွှင့်ထူကာ ကောင်းကင်တစ်ခွင်အုပ်မိုးနေ၏။

ဤသည်က အလွန်တရာတုန်လှုပ်စရာကောင်းသောမြင်ကွင်းတစ်ခုဖြစ်သည်။

ဤပညာရှင်များမှာ ကိုယ်ကာယခန္ဓာများနှင့် အမြုတေစိတ်ဝိညာဉ်များ ဆက်လက်၍ မရှိတော့ပြီဖြစ်သော်လည်း သူတို့၏ ဝိညာဉ်များက နောက်သို့မဆုတ်လိုဘဲ သူတို့၏ အကြည်များက ခိုင်းမာပြတ်သားနေ၏။

သူတို့မှာ ကိုယ်ကာယနှလုံးသားမရှိလျှင်တောင် သူတို့၏ စိတ်အားမာန်က ကျန်ရှိနေဆဲဖြစ်သည်။

“စီနီယာတို့… ခင်ဗျားတို့တွေ…”

ဆူဇီမို၏ မျက်လုံးက အနည်းငယ်နီရဲလာပြီး ရင်ထဲမှာ လှုပ်ခတ်သွား၏။

ရှေးဟောင်းမဟာဧကရာဇ်ရှစ်ပါးနှင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများမှ ဤကျင့်ကြံသူများသည် အိပ်မက်တံဆိပ်ပြားထဲမှာ သူတို့၏ ဝိညာဉ်ပုံစံနှင့် ထာဝရအသက်ကို ထိန်းထားနိုင်သည်ကို သူသိရှိထား၏။

သို့သော်လည်း သူတို့သည် အိပ်မက်တံဆိပ်ပြားထဲကနေ ထွက်ခွာပြီး သူနှင့်အတူ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲဆင်နွဲရန် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဝင်ရောက်လာသည်နှင့် သူတို့သည် ကောင်းကင်ဘုံတာအိုနိယာမများဖြင့် အပြစ်ပေးခံရပြီး သူတို့၏ ဘဝသက်တမ်းများက အလျင်အမြန်ကုန်ဆုံးသွားပေလိမ့်မည်။

ရှေးဟောင်းမဟာဧကရာဇ်ရှစ်ဦးနှင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ကျင့်ကြံသူများ၏ အပြုအမူများသည် သူတို့က ထာဝရအသက်ဓာတ်ကို စွန့်လွှတ်ပြီး သေဖို့အတွက် ပြင်ဆင်ထာပြီးပြီဟု ဆိုလိုလေသည်။

“ဆူဇီမို… ငါတို့လည်း ရှိတယ်နော်”

ကလက်တက်တက်အသံတစ်သံက ထွက်ပေါ်လာ၏။

‘သွေးလိပ်ပြာ’ဟူသောစာလုံးပါရှိသည့် နောက်ထပ်အလံတစ်ခုက ပေါ်ထွက်လာ၏။

ဆူဇီမိုက ဆတ်ခနဲတုန်ယင်သွားသည်။

ထိုတိုက်ပွဲအလံ၏ အောက်မှာ ချောမောလှပ၍ အပြစ်ဆိုစရာမရှိသော အမျိုးသမီးတစ်ဦး မတ်တတ်ရပ်နေ၏။

ထိုသူက လွန်ခဲ့သည့်နှစ်နှစ်ထောင်က သေဆုံးခဲ့သော သားရဲဧကရီအမြီးကိုးချောင်းဖြစ်သည်။

သူမ၏ နောက်ဘက်မှာ သားရဲဧကရာဇ်နတ်ဆင်နှင့် အခြားသူများအပါအဝင် အရင်တုန်းက သေဆုံးခဲ့သော မဟာအရိုင်းကမ္ဘာမှ သားရဲများစွာရှိနေကြသည်။

လူအုပ်ကြားထဲမှာ ဆူဇီမိုသည် ရင်းနှီးနေကျ လူတစ်အုပ်စုကိုပင် တွေ့မြင်လိုက်ရ၏။

အဲဒီမှာ ကောင်းကင်ဘုံကိုးလွှာနှင့်တိုက်ခိုက်ခြင်းကို ထုတ်ဖော်ခဲ့သည့် မျောက်ဝံအိုကြီး၊ သူတို့၏ ဘဝသက်တမ်းများကို လောင်ကျွမ်းစေခဲ့သည့် ဓားကမ္ဘာမှ ပိန်ပိန်အဖိုးအိုနှင့်ဝဝအဖိုးအို… စသည်ဖြင့်။

သူတို့သည် လူအုပ်ကြားထဲမှာ မတ်တတ်ရပ်ပြီး ဆူဇီမိုကို ပြုံး၍ကြည့်ကာ ခေါင်းညိတ်ပြလိုက်၏။

“ဇီမို…”

ထိုစဉ်မှာပင် နောက်ထပ်ရင်းနှီးနေကျ အသံတစ်သံက ထွက်ပေါ်လာ၏။

သူရဲကောင်းဆန်သောအမူအရာနှင့် အမျိုးသားတစ်ဦးက တိုက်ပွဲအလံကိုကိုင်ဆွဲပြီး လူအုပ်ကြီးကို ဖြတ်ကျော်ကာ ခြေလှမ်းကျဲများဖြင့် လျှောက်လှမ်းလာ၏။ ထိုသူက အရင်တုန်းက သေဆုံးခဲ့သော ထာဝရလူသားဧကရာဇ်ဖြစ်သည်။

တိုက်ပွဲအလံပေါ်မှာ ‘အထီးကျန်သိုင်းသခင်’ဟူသောစာလုံးကို ရေးထိုးထား၏။

“အစ်ကိုလင်း… ခင်ဗျား…”

ဆူဇီမိုက ရင်ထဲမှာ ဆို့နင့်သွားပြီး သူ၏ မြင်ကွင်းက တဖြည်းဖြည်းဝေဝါးသွား၏။

လင်းကျန့်က ဟားတိုက်ရယ်မောလိုက်၏။

“အရင်တုန်းက ငါက ကောင်းကင်ဘုံခုံရုံးထိ မင်းနဲ့အတူ လိုက်ဝင်ပြီး မတိုက်ခိုက်ခဲ့ရတဲ့အတွက် နည်းနည်းနောင်တရနေတာ… ဒီတစ်ခေါက်တော့ အရင်တုန်းက ငါ့ရဲ့နောင်တ‌တွေကို ငါနောက်ဆုံးဖာထေးနိုင်ပြီပေါ့ကွာ”

ဆူဇီမို၏ မျက်နှာပေါ်မှာ မျက်ရည်များက စီးကျနေ၏။

လင်းကျန့်သည် တိုက်ပွဲအလံကို မြေပြင်ပေါ်သို့ ပြင်းထန်စွာပစ်ဆောင့်ချလိုက်ပြီး အော်ပြောလိုက်၏။

“ဇီမို… သွားကြရအောင်… ငါ ဒီနေ့မင်းအတွက် အလံကိုင်ပေးမယ် ငါတို့ညီကိုနှစ်ယောက် ကောင်းကင်ဘုံခုံရုံးနဲ့ နောက်တစ်ခါထပ်ပြီး တိုက်ခိုက်ကြတာပေါ့ကွာ။”

All Chapters