← Chapters

တစ်ယောက်တည်း

Vol. 214 Ch. 3232

တစ်ယောက်တည်း

Vol. 214 Ch. 3232

လောကမှာ အမျိုးမျိုးသော တိုက်ပွဲအလံများ၏ အောက်တွင် ပုံရိပ်များစွာက ပေါ်ထွက်လာ၏။ သူတို့အားလုံးသည် ယခင်ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ကျင့်ကြံသူများဖြစ်ပြီး သိပ်သည်းများပြားကာ ကြယ်တာရာကောင်းကင်၏ မိုင်ပေါင်းဘီလီယံချီကို သိမ်းပိုက်ထား၏။

ရှေးဟောင်းမဟာဧကရာဇ်ရှစ်ဦးက လောကမှာ ပြန်လည်ပေါ်ထွက်လာသောအခါ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ၏ အလျင်အဟုန်က လုံးလုံးလျားလျား ပြောင်းလဲလာသည်။

ထိုမြင်ကွင်းသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို စိတ်လှုပ်ရှားပြီး ယိမ်းယိုင်လာစေ၏။

ဒဏ္ဍာရီများထဲမှာသာ တစ်ခါက တည်ရှိခဲ့သော ဤရှေးဟောင်းဧကရာဇ်များသည် ပြီးခဲ့သည့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများကို ဦးဆောင်ပြီး သူတို့ရှေ့မှာ နောက်တစ်ဖန် ပေါ်ထွက်လာခဲ့လေပြီ။

ကောင်းကင်ဘုံကိုးလွှာကို ချိုးဖျက်ပြီး မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို ကာကွယ်ပေးလိုသည့် ဤရှေးဟောင်းမဟာဧကရာဇ်များသည် ဘယ်တုန်းကမှ ထွက်ခွာမသွားခဲ့ပေ။

အစက လှုပ်ရှားယိမ်းယိုင်နေသော ကမ္ဘာများသည် ရှေ့သို့ထွက်လာကြ၏။

တကယ်ဆို တက္ကသိုလ်ဂိုဏ်းချုပ်ထံ အညံ့ခံဖို့ တိမ်းညွှတ်နေပြီဖြစ်သော ပညာရှင်တချို့ပင်လျှင် သူတို့၏ ခါးများကို ပြန်မတ်ပြီး ရှေးဟောင်းမဟာဧကရာဇ်ရှစ်ဦးကို စိတ်လှုပ်ရှားစွာဖြင့် ကြည့်နေကြ၏။

မြေပြင်ပေါ်မှာ ဒူးထောက်ကာ တိတ်တဆိတ်ငိုကြွေးနေသည့် သက်ရှိများပင် ရှိနေကြ၏။

နောက်ဆုံးမှာတော့ မျိုးနွယ်စုတစ်သောင်းသည် အန္တရာယ်ကျရောက်လာသောအခါ ဤလူများက တစ်ဖန်ပြန်လည် ပေါ်ထွက်လာကြ၏။

ရှေးဟောင်းမဟာဧကရာဇ်များနှင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများမှာ ဝိညာဉ်များသာ ကျန်ခဲ့သည်ဆိုလျှင်တောင် သူတို့သည် တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ ဆင်းသက်လာပြီး မျိုးနွယ်စုတစ်သောင်း သက်ရှိများ၏ ရှေ့မှာ ရပ်တည်ဖို့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ရောက်ရှိလာကြ၏။

ဆူဇီမိုသည် ဘေးပတ်လည်မှာ ရှိသော ပုံရိပ်များကို စိတ်မကောင်းစွာဖြင့် ကြည့်နေ၏။

ဤရှေးဟောင်းမဟာဧကရာဇ်များနှင့် ယခင်ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများက မည်ကဲ့သို့ ဖြစ်လာမည်ကို သူ့ထက်ပို၍ ဘယ်သူကမှ မသိရှိပေ။

သူတို့သည် အိပ်မက်တံဆိပ်ပြားထဲကနေ ထွက်ခွာဖို့ ဆုံးဖြတ်လိုက်သည့် ခဏမှာပင် သူတို့၏ ဝိညာဉ်များက ပျက်ပြယ်ဖို့ ကံပါလာခဲ့ပြီဟု ဆိုနိုင်သည်။

သို့သော်လည်း သူတို့က နောက်ဆုတ်လိုခြင်း သို့မဟုတ် တွေဝေတုံ့ဆိုင်းခြင်း မရှိခဲ့ကြပေ။

ယခင်ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲများမှာပင် ဤရှေးဟောင်းမဟာဧကရာဇ်များသည် ဝင်ရောက်ကူညီဖို့ စဉ်းစားခဲ့ကြသေးသည်။

သို့သော်လည်း ထိုအချိန်တုန်းက ကောင်းကင်ဘုံခုံရုံးက အရှင်များက ရှိနေသေးလေသည်။ သူတို့က ဆင်းသက်လာမည်ဆိုလျှင်ပင် များစွာအကျိုးသက်ရောက်မှု ရှိလိမ့်မည်မဟုတ်ဘဲ သူတို့က အချည်းနှီးသေရပေလိမ့်မည်။

သူတို့အနေဖြင့် ပြန်ဝင်စားခြင်းစက်ဝန်းထဲသို့ ဝင်ရောက်ပြီး ဘဝသစ်တစ်ခုကို ရရှိလာသည်နှင့် သူတို့သည် ဖိနှိမ်ခံရမည့် ကံကြမ္မာကနေ လွတ်မြောက်နိုင်ဦးမည်မဟုတ်ဘဲ ကောင်းကင်ဘုံခုံရုံး၏ ကျွန်ပြုခြင်းခံရပေလိမ့်မည်။

ထို့ကြောင့် ဧကရီဆိုးယုတ်သည် သူတို့ကို ဘယ်တုန်းကမှ အပြင်သို့ ထွက်ခွင့်မပေးခဲ့ပေ။

သို့သော်လည်း သည်ဘက်မျိုးဆက်မှာတော့ ကွဲပြားခြားနားသွားပြီဖြစ်သည်။

ယခုချိန်မှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံခုံရုံးဘက်မှာ တစ်ဦးတည်းရှိနေ၏။

ဤသည်က သူတို့၏ နောက်ဆုံးအခွင့်အရေးနှင့် တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သည်။

သူတို့သည် တက္ကသိုလ်ဂိုဏ်းချုပ်ကို အနိုင်မယူနိုင်လျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် အရှည်ကြာဆုံး အမှောင်ထုသို့ ဝင်ရောက်ပြီး နေ့အလင်းရောင်ကို ဘယ်တော့မှ တွေ့မြင်ရတော့မည် မဟုတ်ပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မည်သည့်ထွက်ပေါက်မှ ရှိတော့မည် မဟုတ်ပေ။

လူတိုင်းက သူတို့၏ အစွမ်းကုန်ကို ထုတ်ဖော်ကာ ကြိုးစားကြည့်ဖို့သာ တတ်နိုင်တော့လေသည်။

မရေမတွက်နိုင်သော အကြည့်များအောက်မှာ ဆူဇီမိုသည် ဝိညာဉ်များသာဖြစ်သည့် မရေမတွက်နိုင်သော ပုံရိပ်များကို တိတ်တဆိတ် လှည့်ပတ်ကြည့်ရှုနေ၏။ သူ့မျက်လုံးထဲကနေ မျက်ရည်များ စီးကျလာပြီး သူက အလေးအနက် ဦးညွှတ်လိုက်၏။

ဤဦးညွှတ်မှုက နှုတ်ဆက်ခွဲခွာမှုတစ်ခုဖြစ်သည်။

ဤမြင်ကွင်းက ကောင်းကင်ထက်မှာ စွဲထင်သွားပုံရလေသည်။

“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲရဲ့ လမ်းကြောင်းက အန္တရာယ်တွေနဲ့ ပြည့်နှက်နေတယ်… စီနီယာတို့… ဂရုစိုက်ကြပါ”

ထိုသို့ သူပြောလိုက်သည့်အချိန်မှာ ဆူဇီမိုသည် မျက်ရည်များဖြင့် ဆို့နင့်နေပြီဖြစ်သည်။

“မိတ်ဆွေလေး… ဒါက ငါတို့ရဲ့ ရွေးချယ်မှုပဲ… ငါတို့က သေရတော့မယ်ဆိုပေမဲ့ ငါတို့မှာ ဘာနောင်တမှ မရှိဘူး”

“ငါတို့ တိုက်ပွဲမျိုးနွယ်အနေနဲ့ စစ်မြေပြင်မှာ သေဆုံးရတာက အကောင်းဆုံး သေဆုံးမှုပဲ”

“ငါတို့က အဲ့ဒီအိပ်မက်တံဆိပ်ပြားထဲမှာ ပုန်းကွယ်ပြီး ထာဝရအသက်ဓာတ်ကို ရရှိနေမယ်ဆိုရင်တောင် အဲ့ဒါက ဘာအဓိပ္ပါယ်မှ မရှိဘူး”

“ငါတို့တွေအနေနဲ့ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲရဲ့ လမ်းကြောင်းမှာ သေရတာက စိတ်သက်သာရာရရှိမှု ပုံစံတစ်ခုပဲ”

ရှေးဟောင်းမဟာဧကရာဇ်များက တစ်ယောက်ကိုတစ်ယောက်ကြည့်၍ ပြုံးလိုက်ကြ၏။ သူတို့က လွတ်လပ်ပေါ့ပါးသော အမူအရာများနှင့်အတူ သူ့ကို နှစ်သိမ့်ပေးနေ၏။

“အားလုံးပဲ ငါ့နောက်ကို လိုက်ခဲ့ကြ… ကောင်းကင်ဘုံခုံရုံးဆီ သတ်ဖြတ်ခြင်းနဲ့ လမ်းဖောက်ကြမယ်”

မဟာဧကရာဇ်တိုက်ပွဲက သူ့လက်ကိုမြှောက်ပြီး တိုက်ပွဲအလံကို ဝေ့ယမ်းလိုက်၏။

တစ်ခါက ကျိုးပျက်သွားခဲ့သော ကောင်းကင်ဘုံသို့ သွားရာလမ်းက ပြန်လည်ပေါ်ထွက်လာ၏။ မဟာဧကရာဇ်တိုက်ပွဲသည် အလောင်းများဖြင့် ပြည့်နှက်နေသော ရှေးဟောင်းလမ်းကြောင်းပေါ်သို့ တက်လှမ်းရန် အရင်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများကို နောက်တစ်ဖန်ဦးဆောင်လိုက်၏။

“တိုက်… တိုက်… တိုက်…”

တိုက်ပွဲခေတ်မှ ကျင့်ကြံသူများ၏ တိုက်ပွဲဝင်စိတ်ဆန္ဒက တလိပ်လိပ်ထိုးတက်လာပြီး သူတို့၏ သတ်ဖြတ်အော်ဟစ်သံများက ကောင်းကင်တစ်ခွင် ညံသွားလေသည်။

ထိုမျိုးဆက်မှာ မဟာဧကရာဇ်တိုက်ပွဲသည် ကောင်းကင်ဘုံသို့သွားရာလမ်းကို ပြီးဆုံးအောင် မလျှောက်လှမ်းနိုင်ခင် သေခဲ့ရ၏။

သည်ဘက်မျိုးဆက်မှာ မဟာဧကရာဇ်တိုက်ပွဲသည် ကောင်းကင်ဘုံသို့သွားရာလမ်းကို နောက်တစ်ဖန်တက်လှမ်းရန် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများစွာ၏ ဝိညာဉ်များကို ဦးဆောင်ပြီး ကောင်းကင်ဘုံခုံရုံးသို့ သတ်ဖြတ်ခြင်းဖြင့် လမ်းဖောက်လိုက်၏။

မဟာဧကရီ ကောင်းကင်ဘုံကိုးလွှာဆန်းကြယ်အပျိုစင်၊ မဟာဧကရီ တမလွန်ကိုးဘုံ၊ မဟာဧကရာဇ် အထွတ်အထိပ်ကောင်းကင်ဘုံ၊ မဟာဧကရာဇ်အလင်း၊ မဟာဧကရာဇ်အမှောင်၊ မဟာဧကရာဇ် ကြယ်တာရာ၊ မဟာဧကရာဇ် အနန္တနှင့် ဆူဇီမိုကပင် ကြယ်တာရာကောင်းကင်ထဲမှာ တစ်ယောက်ပြီးတစ်ယောက် လှမ်းဝင်လာကြ၏။

“သတ်… သတ်… သတ်…”

ဆူဇီမိုနှင့် ရှေးဟောင်းမဟာဧကရာဇ်ရှစ်ပါး၏ ရှေ့မှာ ကောင်းကင်ဘုံသို့သွားရာ လမ်းကိုးခုက လောကမှာ ပေါ်ထွက်လာ၏။

တိုက်ပွဲအလံများကို ရှေ့မှာ တလူလူလွှင့်ထူထားပြီး တဖျတ်ဖျတ်တလက်လက် အလင်းရောင်များဖြင့် တောက်ပကာ ကောင်းကင်ဘုံခုံရုံး ရှိရာသို့ တည့်တည့်ထိုးညွှန်နေ၏။

ကောင်းကင်ဘုံသို့ သွားရာလမ်းမှာ သူတို့၏ ဝိညာဉ်ပုံစံမှာသာ ရှိနေသော ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများစွာအပြင် အမျိုးမျိုးသောကမ္ဘာများမှာ ပညာရှင်များနှင့် ကျင့်ကြံသူများလည်း ရှိနေကြ၏။

အထီးကျန်သိုင်းသခင်နှင့် သွေးလိပ်ပြာ တိုက်ပွဲအလံများက အတူတကွ စုစည်းနေ၏။

တိုက်ပွဲအလံဆယ်ခုသည် ညကောင်းကင်ယံကို အလင်းပေးထားသည့် တောက်လောင်နေသော မီးမောင်းဆယ်ခုကဲ့သို့ဖြစ်ပြီး ရှေ့ကနေ ချီတက်ကာ လမ်းပြပေးနေ၏။

မရေမတွက်နိုင်သော ပုံရိပ်များက အလယ်အလတ်ကမ္ဘာတစ်ထောင်တစ်ဝှမ်းကနေ လေထဲသို့ ပျံတက်လာပြီး အလင်းစက်များကဲ့သို့ ကောင်းကင်ဘုံသို့သွားရာလမ်း ရှေ့မှာရှိသော မီးမောင်းများရှိရာသို့ ပျံသန်းလာကြ၏။

မီးတောက်များက သိပ်သည်းစုဖွဲ့လာ၏။

ဤမြင်ကွင်းက အလွန်တရာ တုန်လှုပ်စရာကောင်းနေသည်။

ကောင်းကင်ဘုံသို့သွားရာ လမ်းကိုးခုသည် ကြမ်းကြုတ်ခက်ထန်သော အော်ရာတစ်ခုနှင့်အတူ လောကမှာ လှည့်ပတ်သွားလာနေသည့် မီးနဂါးကိုးကောင်ကဲ့သို့ဖြစ်ပြီး အမှောင်ထု၏ အဆုံးသတ်ရှိရာသို့ သူတို့က လောင်ကျွမ်းလာ၏။

တက္ကသိုလ်ဂိုဏ်းချုပ်က အမူအရာကင်းမဲ့စွာဖြင့် ရှိနေ၏။ သူက တမလွန်အစီအရင်ဝင်္ကပါကို ကျောပေးထားပြီး သူ၏ ခန္ဓာကိုယ်အများစုက အမှောင်ထုထဲမှာ ရှိနေကာ အောက်ဘက်မှလာသော မီးတောက်အလင်းရောင်ဖြင့် သူ့မျက်နှာက တဖျပ်ဖျပ်လက်နေ၏။

ရှေးဟောင်းမဟာဧကရာဇ်ကိုးပါး၏ ပေါ်ထွက်လာမှုနှင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူ ဤအုပ်စု၏ ရောက်ရှိလာမှုသည် သူ၏ တွက်ချက်မှုအတွင်းမှာ တကယ်ပင် မရှိခဲ့ပေ။

သို့သော်လည်း ဤလူများက ဘယ်လောက်ပင် များပြားသည်ဖြစ်စေ သူတို့က ရှုံးနိမ့်ဝိညာဉ်တစ်အုပ်စုသာ ဖြစ်၏။

သူ့အတွက် ခြိမ်းခြောက်မှု ရှိမနေသေးပေ။

ဆူဇီမိုသည် ဧကရာဇ်အသေးနယ်ပယ်မှာသာ ရှိ၏။ သူ၏ အထွတ်အထိပ်အခြေအနေမှာပင် ဆူဇီမိုက သူ့ကိုမယှဉ်နိုင်ပေ။

သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်တစ်ပါးဖြစ်၏။

ဤလောကမှာ ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခါစ ဆူဇီမိုနှင့် ဤရှုံးနိမ့်ဝိညာဉ်အုပ်စုသည် သူ့ကို သေချာပေါက် လှဲချနိုင်မည် မဟုတ်ပေ။

သူက ထိုသို့တွေးနေသော်လည်း သူ၏ ရင်ထဲမှာ မအီမသာခံစားချက်တစ်ခုကို ရရှိနေဆဲဖြစ်၏။

စွမ်းအားတချို့က သူ၏ ထိန်းချုပ်မှုကနေ တဖြည်းဖြည်း လွတ်ထွက်လာနေသည့်အလားပင်။

တိုက်ပွဲက စတင်လာပြီး သူက စဉ်းစားနေဖို့ အချိန်မရပေ။

“သူတို့တွေ အားလုံးကို သတ်ကြ”

တက္ကသိုလ်ဂိုဏ်းချုပ်က အေးစက်နေသော အကြည့်ဖြင့် ဟိန်းဟောက်လိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ အမိန့်အောက်မှာ ရှေ့သို့ ချက်ချင်းတက်လှမ်းသွားသင့်သော စုန်းကမ္ဘာ၊ သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာ၊ အသက်မဲ့ကမ္ဘာနှင့် အခြားကမ္ဘာများမှ စစ်တပ်များက ခဏမျှ ရပ်တန့်နေကြ၏။

“ဟမ်…”

တက္ကသိုလ်ဂိုဏ်းချုပ်က စိုက်ကြည့်လိုက်၏။

ဤကမ္ဘာများ၏ ပညာရှင်များ၏ မျက်နှာများပေါ်တွင် ခုခံငြင်းဆန်လိုမှုနှင့် တွေဝေတုံ့ဆိုင်းမှုကို သူက တွေ့မြင်လိုက်ရ၏။

ရုတ်တရက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဤရှေးဟောင်းမဟာဧကရာဇ်များ၏ လွှမ်းမိုးမှုနှင့် အရင်တုန်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ အထီးကျန်သိုင်းသခင် ဖြန့်ဝေခဲ့သည့် သိုင်းတာအို၏ အမွေအနှစ်ကို သူက လျှော့တွက်ခဲ့မိကြောင်း တက္ကသိုလ်ဂိုဏ်းချုပ်က ရုတ်တရက် နားလည်သဘောပေါက်လိုက်၏။

စုန်းကမ္ဘာ၊ သွေးကမ္ဘာ၊ အုတ်ဂူကမ္ဘာနှင့် အသက်မဲ့ကမ္ဘာမှ ကျင့်ကြံသူများကြားမှာပင် မှန်ကန်ဖြောင့်မတ်မှုနှင့် အမှားနှင့်အမှန်ကို သိရှိလာသော လူတချို့ ရှိနေဆဲဖြစ်သည်။

သူတို့ကို အမှောင်ထုက လွှမ်းခြုံထားစဉ် သူတို့၏ အနည်းငယ်သော တရားမျှတစိတ်က သူတို့နှလုံးသား၏ အနက်ပိုင်းထဲမှာ မြှုပ်နှံခံရပြီး သူတို့သည် အဲ့ဒါကို အလွယ်တကူ ထုတ်ဖော်ရဲခြင်းမရှိခဲ့ပေ။

သို့သော်လည်း ခေတ်အဆက်ဆက်မှ လူ့ယဉ်ကျေးမှုများ၏ တိုက်ပွဲဝင်အလံများ ပေါ်ထွက်လာသည်ကို တွေ့မြင်သောအခါ သူတို့၏ နှလုံးသားထဲရှိ တရားမျှတစိတ်နှင့် အသိတရားစိတ်က တဖြည်းဖြည်းနိုးထလာ၏။

ဤတရားမျှတမှု မီးပွားများက ထွန်းညှိလာပြီး ခပ်ဖျော့ဖျော့အလင်းရောင်တစ်ခုကို ဖြာထုတ်ကာ အောက်ဘက်ရှိ မီးမောင်းများ ရှိရာသို့ တဖြည်းဖြည်း တိမ်းညွှတ်သွားလေသည်။

ခပ်ဖျော့ဖျော့အလင်းများ စုစည်းမိသောအခါ ၎င်းသည် အမှောင်ထုကို ခုခံဆန့်ကျင်မည့် စွမ်းအားတစ်ခုကို ပိုင်ဆိုင်လာ၏။

“မင်းတို့တွေ…”

တက္ကသိုလ်ဂိုဏ်းချုပ်၏ အမူအရာက သုန်မှုန်သွား၏။

သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အန္တိမပညာရှင်နှင့် တစ်ဦးတည်းသော မဟာဧကရာဇ်ဖြစ်သည်ဆိုလျှင်တောင် မည်သူကမှ သူ့ဘေးတွင် ရပ်တည်မပေးလိုတော့သည်ကို သူက ရုတ်တရက် နားလည်သဘောပေါက်လိုက်၏။

တစ်နည်းအားဖြင့် သူက တစ်ယောက်တည်း အထီးကျန်လာ၏။

“မင်းတို့တွေကလည်း ငါ့အမိန့်ကို မနာခံချင်ဘူးပေါ့လေ… ဟမ့်…”

တက္ကသိုလ်ဂိုဏ်းချုပ်၏ သတ်ဖြတ်လိုစိတ်က သိပ်သည်းစုဖွဲ့လာပြီး သူ၏ အမူအရာက ဆိုးယုတ်ခက်ထန်လာ၏။

အချိန်များစွာမှာ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ရှိနေပြီး သူက တည်ငြိမ်နေခဲ့၏။

သူ၏ နည်းဗျူဟာများက အမြဲတမ်း ဟာကွက်မဲ့ပြီး အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေခဲ့သောကြောင့်ဖြစ်သည်။

ထိုအခိုက်အတန့်မှာ သူက လုံးဝ ဣန္ဒြေပျက်ယွင်းသွား၏။

“သေကြစမ်း”

တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် အေးစက်စက်အလင်းတစ်ခု ဖျပ်ကနဲလက်သွား၏။ သူ့ရှေ့မှာရှိသော စုန်းပညာရှင်များစွာက ချက်ချင်းပင် နှစ်ပိုင်းလှီးဖြတ်ခံရပြီး သွေးများက ပန်းထွက်လာ၏။

စုန်းဧကရာဇ်များပင်လျှင် ဤကပ်ဘေးကနေ မလွတ်မြောက်နိုင်ဘဲ နေရာမှာတင် သေဆုံးသွားကြ၏။

စုန်းကမ္ဘာ၊ သွေးကမ္ဘာနှင့် အုတ်ဂူကမ္ဘာမှ ပညာရှင်များသည် ထိုသည်ကို တွေ့မြင်သောအခါ ကြောက်ရွံ့ထိတ်လန့်သည့် အကြည့်များ ထွက်ပေါ်လာ၏။

“ကောင်းကင်ဘုံဧကရာဇ်အနေနဲ့ မင်းတို့တွေက ငါ့အမိန့်ကို ဖီဆန်ရဲမယ်ဆိုရင် မင်းတို့တွေက ကောင်းကင်ဘုံရဲ့ စိတ်ဆန္ဒကို ဆန့်ကျင်တာပဲ… ဒါက မင်းတို့ရဲ့ ရလဒ်ပဲ”

တက္ကသိုလ်ဂိုဏ်းချုပ်သည် ထိုပညာရှင်များ၏ နှလုံးသားထဲရှိ အကြောက်တရားကို အာရုံခံမိသွားပြီး သူ၏ လေသံက မကောင်းဆိုးဝါးဆန်ဆန် ထွက်ပေါ်လာ၏။

လူသားသဘာဝအပေါ် သူ၏ နားလည်သဘောပေါက်မှုနှင့်အတူ သူသည် သွေးသံရဲရဲသတ်ဖြတ်ခြင်းများဖြင့် ဤကမ္ဘာများမှ ပညာရှင်များကို သေချာပေါက် ဖိနှိမ်ပြီး ပြန်လည်ထိန်းချုပ်လာနိုင်မည်ဟု သူက ယုံကြည်ထားလေသည်။

All Chapters