← Chapters

မဟာဧကရာဇ်တစ်ပါး ဖြစ်လာခြင်း

Vol. 214 Ch. 3235

မဟာဧကရာဇ်တစ်ပါး ဖြစ်လာခြင်း

Vol. 214 Ch. 3235

တက္ကသိုလ်ဂိုဏ်းချုပ်သည် မဟာဧကရာဇ်နယ်ပယ်မှာ ရှိနေဆဲဖြစ်သည်။

သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် သူ၏ ချိတ်ဆက်မှုကို ဆုံးရှုံးသွားခြင်းသည် သူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နေရာဒေသ အားသာချက် ဆက်လက်၍ မရှိတော့ဘဲ သူ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျသွားပြီဟု ဆိုလိုလေသည်။

သူသည် ငရဲအရှင်နှင့် ကောင်းကင်ဘုံခုံရုံးမှ အရှင်များနှင့် တူသွားပြီဖြစ်သည်။

သူတို့သည် မဟာဧကရာဇ်များပင် ဖြစ်သော်လည်း သူတို့၏ တာအိုအမှတ်အသားများသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် ပေါင်းစည်းနိုင်ခြင်း မရှိတော့ပေ။ ထို့သို့ဖြင့် သူတို့သည် သူတို့၏ အထွတ်အထိပ် တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်တော့မည် မဟုတ်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်ကို တုန်လှုပ်သွားစေသည့်အရာမှာ ထိုအရာတစ်ခုတည်းသာ မဟုတ်ပေ။

ဆူဇီမို၏ အော်ရာသည် လျင်မြန်စွာ မြင့်တက်လာပြီး သူထုတ်ဖော်နေသော စွမ်းအားက ပို၍ပင် ကြမ်းကြုတ်ခက်ထန်ကာ ကြောက်စရာကောင်းလာနေသည်ကို သူက ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်သည်။

ဆူဇီမိုသည် သူ့ဘဝ၏ နှောင်းပိုင်းအရွယ်သို့ သိသိသာသာ ဝင်ရောက်နေပြီး သူ့မှာ ဘဝသက်တမ်း များစွာမကျန်ရှိတော့ပေ။ တကယ်ဆို သူသည် ဘဝနေဝင်ချိန် အဘိုးအိုတစ်ဦးနှင့်ပင် တူနေ၏။ သို့သော်လည်း သူ၏ တိုက်ခိုက်ရည်ခွန်အားက လျော့ကျရမည့်အစား တိုးလာနေ၏။

ထိုတိုးတက်မှုက တက္ကသိုလ်ဂိုဏ်းချုပ်၏ စဉ်းစားနိုင်စွမ်းနှင့် နားလည်နိုင်စွမ်းထက်ပင် ကျော်လွန်သွားပြီဖြစ်သည်။

“မင်း...”

တက္ကသိုလ်ဂိုဏ်းချုပ်က ကြောင်တိကြောင်တောင် ဖြစ်နေပြီး တိုက်ခိုက်ရင်း ပို၍ပင် ရဲဝံ့လာသော ဆူဇီမိုကို မယုံကြည်နိုင်စွာဖြင့် ကြည့်နေ၏။

ဆူဇီမိုသည် အဆင့်ချိုးဖျက်တက်လှမ်းပြီး ဧကရာဇ်အကြီးနယ်ပယ်သို့ ဝင်ရောက်သွားမည်ဆိုလျှင်ပင် သူ၏ တိုက်ခိုက်ရည်ခွန်အားက ဤမျှအတိုင်းအတာအထိ တိုးမြင့်မလာသင့်ပေ။

အနိမ့်အမြင့် အတက်အကျများနှင့်အတူ တက္ကသိုလ်ဂိုဏ်းချုပ်က ချက်ချင်းပင် အရေးနိမ့်လာခဲ့ပြီဖြစ်၏။

“အား...”

တက္ကသိုလ်ဂိုဏ်းချုပ်က သူ့မျက်ဝန်းထောင့်ကနေ မိုးကောင်းကင်ထက်ကို လှမ်းကြည့်ပြီး ထိတ်လန့်တကြားဖြစ်သွား၏။

လောကမှာ သူ့ကို ဤကဲ့သို့ ဣန္ဒြေပျက်ယွင်းစေသည့်အရာ များစွာမရှိပေ။

မိုးကောင်းကင်ထက်မှာ မူလမိုးမြေတာအိုအမှတ်အသား ပျက်ပြယ်သွားပြီးနောက် နောက်ထပ် မဟာတာအိုအမှတ်အသားတစ်ခုက ခပ်ရေးရေးပေါ်ထွက်လာနေ၏။ ၎င်းသည် ကစဉ့်ကလျားကြားမှာ မွေးဖွားပေါ်ထွက်လာသော မြစိမ်းရောင်ကြာပင်တစ်ပင်ဖြစ်သည်။

ထိုသည်က ဓမ္မတာအို အမှတ်အသားတစ်ခု ဖြစ်သည်။

ဤသည်မှာ တစ်ယောက်ယောက်က သူ၏ တာအိုကို အတည်ပြုပြီး မဟာဧကရာဇ်တစ်ပါး ဖြစ်လာသည်ဟူသော အမှတ်သင်္ကေတဖြစ်သည်။

အဲ့ဒါက ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

တက္ကသိုလ်ဂိုဏ်းချုပ်သည် ကောင်းကင်ဘုံလျှို့ဝှက်ချက်များကို ထွင်းဖောက်မြင်နိုင်ပြီး အတိတ်နှင့်ပစ္စုပ္ပန်ကို နားလည်သဘောပေါက်နိုင်သည်။ သူသည် ဖုန့်တူထံမှ မရေမတွက်နိုင်သော လျှို့ဝှက်ချက်များကိုပင် သိရှိထား၏။ သို့သော်လည်း သူသည် ဤကဲ့သို့ တုန်လှုပ်စရာကောင်းသော မြင်ကွင်းတစ်ခုကို တွေ့မြင်ရလိမ့်မည်ဟု ဘယ်တုန်းကမှ မစဉ်းစားမိဖူးပေ။

စောစောက ဆူဇီမိုသည် ဧကရာဇ်အသေးနယ်ပယ်မှာသာ ရှိနေခဲ့၏။ သို့သော်လည်း ထိုအခိုက်အတန့်မှာ သူသည် မြင့်မားစွာ ခုန်တက်ပြီး ဓမ္မတာအိုအမှတ်အသားတစ်ခုကို ဖန်တီးလိုက်ပြီဖြစ်သည်။

ဧကရာဇ်အသေး နယ်ပယ်နှင့် မဟာဧကရာဇ်နယ်ပယ်ကြားမှာ နယ်ပယ်အကြီးတစ်ခုလုံးလုံး ကွာဟနေသည်။

“အိပ်မက်ပဲ…”

တက္ကသိုလ်ဂိုဏ်းချုပ်က အော်ဟစ်လိုက်၏။

“ဒါက အိပ်မက်တစ်ခုပဲ ဖြစ်ရမယ်… ဒါက ငါ့ရဲ့ စိတ်ကူးစိတ်သန်းပဲ”

သူသည် အဲ့ဒါကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့နေရသော်လည်း သူက ယခုတင် သူမြင်တွေ့နေရသည့်အရာကို မယုံကြည်နိုင်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်သာလျှင်မဟုတ်ဘဲ ဆူဇီမိုကိုယ်တိုင်ပင် တုန်လှုပ်နေ၏။

သို့သော်လည်း သိပ်မကြာခင် သူက အကြောင်းရင်းကို နားလည်သဘောပေါက်သွားသည်။

တျဲယွဲ့သည် သူနှင့် တာအိုအသိအမြင်ကို ဆွေးနွေးခဲ့စဉ်က သူတို့သည် မဟာဧကရာဇ်တစ်ပါး ပေါ်ထွက်လာသည့် ဖြစ်စဉ်အကြောင်းကို ဆွေးနွေးခဲ့ကြ၏။

မဟာတာအိုက ပုံသဏ္ဌာန်မဲ့ပြီး မတွေ့မြင်နိုင်၊ မထိတွေ့နိုင်ပေ။ ၎င်းသည် နားလည်ဆင်ခြင်ဖို့ အခက်ခဲဆုံးဖြစ်သည်။

လူတစ်ယောက်သည် သူတို့၏ တာအိုကို နားလည်သဘောပေါက်ကာ တာအို၏ စိတ်စွမ်းအားကို အာရုံခံမိပြီး မဟာတာအို၏ စိတ်ဆန္ဒကို တွေ့ကြုံခံစားမိသည်နှင့် သူတို့သည် သူတို့ကိုယ်ပိုင်လောကမှာ သူတို့၏ ဓမ္မတာအိုအမှတ်အသားကို စုဖွဲ့ဖို့ ကြိုးပမ်းကြည့်နိုင်သည်။

တစ်နည်းအားဖြင့်ဆိုသော် လူတစ်ယောက်သည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီး သူတို့ကိုယ်ပိုင်လောကတစ်ခုကို ကျင့်ကြံနိုင်သည်နှင့် သူတို့က တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ဖို့ ကြိုးပမ်းကြည့်နိုင်သည်။

သို့သော်လည်း ရှေးဟောင်းခေတ်ကတည်းက မည်သူကမှ မအောင်မြင်ခဲ့ပေ။

ပထမအချက်၊ ဧကရာဇ်နယ်ပယ်နှင့် မဟာဧကရာဇ်နယ်ပယ်ကြားမှာ နယ်ပယ်အကြီးတစ်ခုလုံးလုံး ကွာဟနေ၏။ လုံလောက်သည့်အချိန်ကို စုဆောင်းမှုမရှိဘဲ လူတစ်ယောက်အနေဖြင့် ဓမ္မတာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ဖို့နေနေသာ၊ ဓမ္မတာအိုနည်းစနစ်များအပေါ် နက်ရှိုင်းသော နားလည်ဆင်ခြင်မှုတစ်ခု ရရှိဖို့ပင် မလွယ်ကူပေ။

ဒုတိယအချက်၊ သူတို့၏ လောကများက အဲ့ဒါကို ခံနိုင်ရည်ရှိမည် မဟုတ်ပေ။

ဓမ္မတာအိုအမှတ်အသားသည် ပိုမိုမြင့်မားသော စွမ်းအားအဆင့်တစ်ခုနှင့် ထိတွေ့မိပြီဟူသော လက္ခဏာတစ်ခု ဖြစ်လေသည်။

ထိုအရာက တာအိုဖြစ်သည်။

အလွန်တရာ ပါရမီအရည်အချင်းရှိသော ပြန်ဝင်စားမွန်းစတားတစ်ဦးပင်လျှင် ဓမ္မတာအိုအမှတ်အသားတစ်ခုကို စုဖွဲ့မည်ဆိုပါက သူ၏ လောကအသေးသည် အဲ့ဒါကို ခံနိုင်ရည်ရှိမည်မဟုတ်ဘဲ ချက်ချင်းပင် လဲပြိုကျကာ သူတို့ကို ဒုက္ခပင်ရောက်စေနိုင်၏။

ထိုအကြောင်းရင်းနှစ်ခုကြောင့်ပင် သာမန်ဧကရာဇ်များက မဟာဧကရာဇ်များ ဖြစ်မလာနိုင်ပေ။

သို့သော်လည်း ဆူဇီမို၏ အခြေအနေက အလွန်တရာ ထူးခြားနေသည်။

သူသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာသည့်အချိန်မှာပင် သူသည် ငရဲအရှင်နှင့် တက္ကသိုလ်ဂိုဏ်းချုပ်ကို တိုက်ခိုက်ခဲ့ရ၏။ သူ့မှာ သူ၏ တာအိုကို အာရုံခံပြီး နားလည်ဆင်ခြင်ဖို့ အချိန်လုံးဝမရရှိခဲ့ပေ။

ပုံမှန်အခြေအနေအောက်မှာဆိုလျှင် သူသည် တာအိုအမှတ်အသားတစ်ခုကို လုံးဝ စုဖွဲ့နိုင်မည်မဟုတ်ပေ။

သို့သော်လည်း သူသည် ပကတိဧကနယ်ပယ်နှင့် ဧကရာဇ်နယ်ပယ်သို့ ပထမဆုံး တက်လှမ်းစဉ်က ရှေးဟောင်းမှတ်ဉာဏ်များက သူ၏ စိတ်ထဲမှာ ပေါ်ထွက်လာခဲ့၏။

သူပိုင်ဆိုင်သော ဓမ္မတာအိုအမှတ်အသားက ထိုမှတ်ဉာဏ်အပိုင်းအစများထဲမှာ ပုန်းလျှိုးနေခဲ့၏။

သူသည် ဓမ္မတာအိုအမှတ်အသားတစ်ခုကို စုဖွဲ့နိုင်ခဲ့သည့် အကြောင်းရင်းတစ်စိတ်တစ်ပိုင်းမှာ ဖန်တီးခြင်းကြာပဒုမ္မာ၏ မျိုးဆက်မှတ်ဉာဏ်များကြောင့်ဖြစ်သည်။

နောက်ထပ်အရေးကြီးသော အကြောင်းရင်းမှာ ကောင်းကင်သို့သွားရာလမ်းကိုးခုပေါ်ရှိ ပြီးခဲ့သည့်ခေတ်တချို့မှ မရေမတွက်နိုင်သော သက်ရှိများ၏ စိတ်စွမ်းအားနှင့် ယုံကြည်သက်ဝင်မှု ဖြစ်လေသည်။

ဤယုံကြည်သက်ဝင်မှုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ကိုယ်စားပြုသည်။

၎င်းသည် အဆုံးမဲ့သော ယုံကြည်သက်ဝင်မှုစွမ်းအားဖြစ်ပြီး ဆူဇီမို၏ ဓမ္မတာအိုအမှတ်အသားကို ပြီးပြည့်စုံလာစေရန် ကူညီပေးခဲ့သည်။

ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ၏ တာအိုကို အတည်ပြုလိုက်သည်ဟု ပြောရမည်ထက်… အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက ဆူဇီမိုကို ရွေးချယ်လိုက်သည်ဟု ပြောသည်က ပိုမိုမှန်ကန်ပေလိမ့်မည်။

ဆူဇီမိုသည် ယခုအချိန်မှာ လောကအသေးတစ်ခုကိုသာ ပိုင်ဆိုင်ထားသော်လည်း ၎င်းသည် ကောင်းကင်လိုဏ်ဂူငါးခုကနေ ဆင့်ကဲပြောင်းလဲလာပြီး ပကတိလောကများကိုပင် ဖိနှိမ်နိုင်သည်။

ထို့ကြောင့်ပင် ကစဉ့်ကလျားလောကသည် ထိုဖြစ်စဉ်ကို ခံနိုင်ရည်ရှိပြီး သူ၏ ဓမ္မတာအိုအမှတ်အသား ပေါ်ထွက်လာနိုင်ခြင်းဖြစ်သည်။

ဖြစ်စဉ်တစ်ခုလုံးသည် အကြောင်းအခွင့်တိုက်ဆိုင်မှုများအားလုံး ပေါင်းဆုံမှုနှင့် ကံကြမ္မာ၏ ဖန်တီးမှုလက်ရာတစ်ခုဟု ဆိုနိုင်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်က သက်ရှိများအားလုံးကို သစ္စာမဖောက်ခဲ့လျှင်၊ ဆူဇီမိုသည် သူတို့ကို ရွပ်ရွပ်ချွံချွံ ခုခံကာကွယ်မပေးခဲ့လျှင်၊ ဖန်တီးခြင်းကြာပဒုမ္မာမှာ မျိုးဆက်မှတ်ဉာဏ်များ ပေါ်ထွက်မလာလျှင်၊ ရှေးဟောင်းခေတ်များမှာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများက ပေါ်ထွက်မလာဘူးဆိုလျှင်၊ မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများက တွေဝေတုံ့ဆိုင်းနေပြီး သူတို့က နိုးထမလာဘူးဆိုလျှင်...။

ထိုအစိတ်အပိုင်းများထဲမှ မည်သည့်တစ်ခုမဆို လွဲချော်သွားသည်နှင့် သူသည် လက်ရှိမဟာဧကရာဇ် အထီးကျန်သိုင်းသခင် ဖြစ်လာနိုင်တော့မည် မဟုတ်ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်က အလွန်တရာ လိမ္မာပါးနပ်သောလူဖြစ်သည်။

ခဏမျှ တုန်လှုပ်နေပြီးနောက် သူက အကြောင်းရင်းကို တဖြည်းဖြည်း နားလည်သဘောပေါက်သွားသည်။

သူ မှီခိုအားထားရဆုံး စွမ်းအားက ဆူဇီမို၏ လက်ထဲကို ရောက်ရှိသွားပြီဖြစ်သည်။

နှစ်ဦးနှစ်ဖက်ကြား စွမ်းအားက ပြောင်းပြန်ဖြစ်သွားလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ရလဒ်က ဆုံးဖြတ်ပြီးသွားပြီး ပြန်ပြောင်း၍ မရနိုင်တော့သည်ကို နားလည်သဘောပေါက်သွား၏။

သူက မဟာကမ္ဘာထောင်လောကသို့ တက်လှမ်းလိုပြီး လှည့်ထွက်ပြေးချင်၏။

သို့သော်လည်း ဆူဇီမိုသည် သူ၏ ကစဉ့်ကလျား ဓမ္မတာအိုအမှတ်အသားကို ကျောထက်မှာ တင်ဆောင်ပြီး ရှေ့ကနေ ပိတ်ဆို့တားဆီးကာ သူ၏ တက်လှမ်းရာလမ်းကြောင်းကို ဖြတ်တောက်လိုက်၏။

ကစဉ့်ကလျား ဓမ္မတာအိုအမှတ်အသား ပါဝင်သော လောကက ဖိခြေကျဆင်းလာ၏။

ဝုန်း…

ကျယ်လောင်သော မြည်ဟည်းသံ ထွက်ပေါ်လာ၏။

ရိုက်ချက်တစ်ချက်မျှနှင့် တက္ကသိုလ်ဂိုဏ်းချုပ်က လွင့်စင်ထွက်ပြီး သွေးများစွာ ပန်းထွက်လာ၏။

ဆူဇီမိုသည် အတိတ်နှင့် ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်း လျှို့ဝှက်အတတ်ကို ရပ်တန့်လိုက်သည်။

မိစ္ဆာအရှင်ပြောပုံအရ သာမန်မဟာဧကရာဇ်များ၏ ဘဝသက်တမ်းက နှစ်သန်း ၁၀၀အထိ ရောက်ရှိနိုင်သည်။

သူသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာသော်လည်း သူ၏ ဘဝသက်တမ်းသည် ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ကန့်သတ်မှုများကြောင့် တိုးတက်လာမည့် မည်သည့်လက္ခဏာမှ မပြသပေ။

အိပ်မက်တံဆိပ်ပြားထဲကနေ ထွက်ခွာလာပြီးနောက် သူ့မှာ ရှင်သန်ဖို့အတွက် ဘဝသက်တမ်း နှစ်ငါးသန်းသာ ကျန်ရှိနေ၏။

တိုက်ပွဲ၏ ဤအနေအထားကိုအရောက်မှာ သူသည် ဘဝသက်တမ်းများစွာကို သုံးစွဲခဲ့ရပြီး သူ့မှာ နှစ်တစ်သိန်းကျော်ကျော်သာလျှင် ကျန်ရှိတော့လေသည်။

လက်ရှိ ဆူဇီမိုသည် ဆံပင်များဖြူဖွေး၍ ဘဝနေဝင်ချိန် လူအိုကြီးတစ်ယောက်နှင့် တူနေ၏။ သို့သော်လည်း သူ၏ မျက်လုံးများက ကြည်လင်ရှင်းလင်း၍ သူ၏ ခန္ဓာကိုယ်က ဖြောင့်မတ်နေဆဲဖြစ်သည်။

သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ဆက်လက်၍ ထုတ်ဖော်စရာ မလိုအပ်တော့ပေ။

သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ၏ တာအိုကို အတည်ပြုပြီးသွားပြီဖြစ်သည်။

သူတို့နှစ်ယောက်စလုံးက မဟာဧကရာဇ်များ ဖြစ်သော်လည်း တက္ကသိုလ်ဂိုဏ်းချုပ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ့ကို ယှဉ်နိုင်တော့မည် မဟုတ်ပေ။

စောစောကပင် တဗူးကိုးခု တာအိုအမှတ်အသား၏ ရိုက်ခတ်မှုမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ မိုးမြေတာအိုအမှတ်အသားက ပျက်ပြယ်တော့မည့်လက္ခဏာများ ပြနေခဲ့ပြီဖြစ်၏။

ယခု ဆူဇီမို၏ ကစဉ့်ကလျား ဓမ္မတာအိုအမှတ်အသားဖြင့် ဖိနှိမ်ခံရပြီး မိုးမြေတာအိုအမှတ်အသားက လုံးဝလျားလျား ပြိုကျသွားပြီဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်နှာသည် ဖြူဖပ်ဖြူရော်ဖြစ်နေပြီး သွေးများစွာကို ထွေးထုတ်လိုက်ရ၏။

သူသည် အလွန်တရာ ဆိုးဆိုးဝါးဝါး အခြေအနေဖြင့် မတ်တတ်ထရပ်လိုက်၏။

သူ၏ နောက်ဘက်မှာရှိသော လောကကလည်း လဲပြိုကျတော့မည့်ဆဲဆဲဖြစ်သည်။

သူက ရှုံးနိမ့်သွားလေပြီ။

“ဟဲဟဲဟဲ”

တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ ခေါင်းကိုငုံ့ပြီး ကြောက်မက်ဖွယ်ရာ ရယ်မောလိုက်၏။ သူ၏ ရယ်သံက ပို၍ ကျယ်လောင်လာလေသည်။

“ဆူဇီမို... ငါ မင်းကို မရှုံးဘူး”

တက္ကသိုလ်ဂိုဏ်းချုပ်က သူ၏ ခေါင်းကို ဆတ်ခနဲမော့ပြီး ကောင်းကင်ဘုံသို့သွားရာလမ်းများပေါ်မှ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများကို လက်ညှိုးထိုးပြလိုက်၏။ သူက အံကိုကြိတ်ကာ ပြောလိုက်လေသည်။

“တခြားသူတွေရဲ့ အကူအညီနဲ့ အဲ့ဒီလူတွေရဲ့ ပေါ်ထွက်လာမှုကြောင့် မဟုတ်ရင် မင်းက ငါ့ကို လုံးဝနိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုက တက္ကသိုလ်ဂိုဏ်းချုပ်ကို တိတ်တဆိတ်ဖြင့်သာ ကြည့်နေ၏။

ဧကရီဆိုးယုတ်၏ အိပ်မက်တံဆိပ်ပြားထဲမှာ မဟာဧကရာဇ်ရှစ်ပါးနှင့် ခေတ်အဆက်ဆက်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများကြောင့် မဟုတ်လျှင် သူသည် ဤတိုက်ပွဲမှာ တကယ်ပင် အနိုင်ရရှိလိမ့်မည် မဟုတ်ပေ။

“မင်းပြောတာ မှန်ပါတယ်”

ဆူဇီမိုက ပြောလိုက်၏။

“မင်းက ငါ့ကို မရှုံးဘူး… မင်းကိုယ်မင်း ရှုံးသွားတာ… မင်းက အဲ့ဒီလမ်းကြောင်းကို မင်းကိုယ်တိုင်ဖောက်ပြီး သက်ရှိတွေအားလုံးကို သစ္စာဖောက်ခဲ့တာကြောင့် မဟုတ်ရင် ငါက မင်းကို လုံးဝအနိုင်ရမှာ မဟုတ်ဘူး”

တက္ကသိုလ်ဂိုဏ်းချုပ်က ထိုစကားကို ကြားသောအခါ သူ၏ နှလုံးက ဒဏ်ရာအပြင်းအထန် ရရှိသွားပုံရပြီး သူ၏ ခန္ဓာကိုယ်က အနည်းငယ် ယိမ်းထိုးသွား၏။

ထိုစကားလုံးများသည် ထက်ရှသော ဓားတစ်လက်ကဲ့သို့ တက္ကသိုလ်ဂိုဏ်းချုပ်၏ တာအိုနှလုံးသားကို ထိုးဖောက်လိုက်၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် စိတ်ခံစားချက်ခုနှစ်မျိုးနှင့် အာရုံခြောက်ပါးကို ဖြတ်တောက်ထားသည့် သွေးအေးရက်စက်၍ နှလုံးသားကင်းမဲ့သော ဤမဟာတာအိုကို ရွေးချယ်ခဲ့လေသည်။ သို့သော်လည်း နောက်ဆုံးမှာတော့ သူရွေးချယ်ထားသည့် မဟာတာအိုက သူ့ကို ဆွဲယူနှစ်မြှုပ်လိုက်ပြီဖြစ်သည်။

မိုးမြေအရှင်လား… အန္တိမပညာရှင်လား… တစ်ဦးတည်းသော ကောင်းကင်ဘုံဧကရာဇ်လား… နောက်ဆုံးမှာတော့ အားလုံးက အချည်းနှီးသာ ဖြစ်ရလေပြီ။

သူက အစကတည်းက မှားယွင်းနေခဲ့သည်။

သူသည် တစ်ဘဝလုံးစာ ခက်ခက်ခဲခဲကြိုးစားပြီး အရာရာတိုင်းကို တွက်ချက်ခဲ့ရ၏။ သို့သော်လည်း သူရွေးချယ်ခဲ့သော လမ်းကြောင်းက အစကတည်းက မှားယွင်းနေခဲ့သည်။

“ဟား ဟား ဟား...”

တက္ကသိုလ်ဂိုဏ်းချုပ်က ရူးသွပ်စွာ ရယ်မောပြီး ထပ်တလဲလဲ ရေရွတ်လိုက်၏။

“ငါက ငါ့ကိုယ်ငါ ရှုံးရတာ... ငါက ငါ့ကိုယ်ငါ ရှုံးသွားတာ”

သူ၏ တာအိုအမှတ်အသား ပျက်ပြယ်ခြင်း၊ ကြီးမားသော ရှုံးနိမ့်မှု၊ သူ၏ အကြံအစည်များ ကျရှုံးမှု၊ မပြီးမြောက်နိုင်သော သူ၏ ရည်မှန်းချက်များနှင့် သူက မဟာကမ္ဘာတစ်ထောင်လောကသို့ မတက်လှမ်းနိုင်တော့မည့်အချက်…။

ထိုဆက်တိုက်ထိုးနှက်ချက်များသည် ဆူဇီမို၏ ကြမ်းတမ်းသော အမှန်တရားမှတ်ချက်စကားနှင့် ပေါင်းစပ်သွားပြီး တက္ကသိုလ်ဂိုဏ်းချုပ်၏ တာအိုနှလုံးသားကို ဆုတ်ဖြဲပစ်လိုက်ကာ ၎င်းသည် လဲပြိုကျတော့မည့် လက္ခဏာများ ပြသလာပြီဖြစ်၏။

လူအိုကြီးရွှမ်က ထိုသည်ကို တွေ့မြင်သောအခါ သူက တွေဝေရှုပ်ထွေးသော အမူအရာဖြင့် သက်ပြင်းချလိုက်၏။

အရာရာတိုင်းကို ကြိုတင်ပြဋ္ဌာန်းထားပြီးသား ဖြစ်သည့်အလားပင်။

အရင်တုန်းက တက္ကသိုလ်ဂိုဏ်းချုပ်သည် တာအိုနှလုံးသားလှေကား၏ ဒသမမြောက်လှေကားထစ်ကနေ လိမ့်ဆင်းကျသွားသည့်အချိန်မှာပင် ၎င်းသည် ယနေ့သူ၏ ရလဒ်ကို ကြိုတင်နိမိတ်ပြခဲ့သည်ဟု ထင်ရသည်။

နောက်ဆုံးမှာတော့ သူ၏ တာအိုနှလုံးသားက ထိုလှေကားထစ်ကို မကျော်လွှားနိုင်ခဲ့ပေ။

All Chapters