အင်မော်တယ်အထိမ်းအမှတ် ကျောက်စာတိုင်များ
Vol. 214 Ch. 3236
ဤနေရာအရောက်မှာ သူတို့ကြားတိုက်ပွဲ၏ ရလဒ်နှင့်ပတ်သက်၍ သံသယရှိစရာမလိုတော့ပေ။
တိုက်ခိုက်ရည်ခွန်အားနှင့် တာအိုနှလုံးသားမှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆိုးဆိုးရွားရွားရှုံးနိမ့်မှုနှင့် ကြုံတွေ့သွားရပြီဖြစ်၏။
ဆူဇီမိုသည် စိတ်ဝိညာဉ်လဲပြိုတော့မည့်ဆဲဆဲ တက္ကသိုလ်ဂိုဏ်းချုပ်ကို ကြည့်ပြီး သူ၏ ရင်ထဲမှာ မည်သည့်သနားညှာတာမှုမှမရှိပေ။
ဤကောင်းကင်ဘုံဆန်ကျင်တိုက်ပွဲမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ရည်မှန်းချက်ကြောင့် လူများစွာက သေကြေပျက်စီးခဲ့ရ၏။
သူတို့၏ တိုက်ပွဲအလံများကို ကိုင်ဆွဲကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသို့ ဆင်းသက်လာသည့် ရှေးဟောင်းမဟာဧကရာဇ်များကြောင့် မဟုတ်လျှင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အဆုံးမဲ့အမှောင်ထုထဲသို့ ကျဆင်းသွားပေလိမ့်မည်။
ဆူဇီမိုက နောက်တစ်ဖန်တိုက်ခိုက်လိုက်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် သူက သေချာပေါက်သေရတော့မည်ဆိုတာကို သိရှိထားလျှင်တောင် သူက အညံ့မခံဘဲ နောက်ဆုံးအကြိမ်တိုက်ခိုက်ဖို့ ရွေးချယ်လိုက်၏။
တက္ကသိုလ်ဂိုဏ်းချုပ်မှာ မည်သည့်ဝှက်ဖဲမှ ဆက်လက်၍မကျန်ရှိတော့ပေ။
တိုက်ပွဲက သိပ်မကြာလိုက်ဘဲ အဆုံးသတ်သွားသည်။
အကြည့်များအားလုံးအောက်မှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ ဦးခေါင်းသည် ဆူဇီမို၏ အစိမ်းရောင်ကြာပန်းဓားဖြင့် ထိုးဖောက်ခံရပြီး သူ၏ စိတ်ဝိညာဉ်က ပျက်ပြယ်သွား၏။ သူ၏ အမြုတေစိတ်ဝိညာဉ်က ကြေမွပျက်စီးပြီး သေဆုံးသွားလေသည်။
သူခေါ်ဆိုခဲ့သည့် ကောင်းကင်ဘုံဧကရာဇ်ခေတ်သည် ညကောင်းကင်ယံမှာ ကြွေကျလာသော ဥက္ကာခဲတစ်ခဲကဲ့သို့ ချက်ချင်းပင်ပျောက်ကွယ်သွားလေသည်။
တက္ကသိုလ်ဂိုဏ်းချုပ်သည် အရာရာတိုင်းကို တွက်ချက်ပြီး လောကကို ထောင်ချောက်တစ်ခုအဖြစ် သက်ရှိများအားလုံးကို စစ်တုရင်အရုပ်များအဖြစ် အသုံးချကာ အရာရာတိုင်းကို ထိန်းချုပ်လိုခဲ့၏။
သို့သော်လည်း လူတစ်ယောက်၏ ခွန်အားက နောက်ဆုံးမှာ အကန့်အသတ်တစ်ခုရှိနေပြီး စစ်တုရင်ကစားပွဲ၏ ထိန်းချုပ်မှုကနေ လွတ်ထွက်နေသော စစ်တုရင်အရုပ်များ ပေါ်ထွက်လာခဲ့သည်။
တမလွန်အစီအရင်ဝင်္ကပါသည် ဆူဇီမို၏ ကစဉ့်ကလျားတာအိုအမှတ်အသား၏ ဖိနှိမ်မှုကို ခံနိုင်ရည်မရှိဘဲ လုံးလုံလျားလျားလဲပြိုကျကာ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကသည် ၎င်း၏ အလင်းရောင်ကို ပြန်လည်ရရှိလာပြီဖြစ်သည်။
တက္ကသိုလ်ဂိုဏ်းချုပ်သေဆုံးသွားခြင်းနှင့်အတူ ၎င်းသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ၏ ပြီးဆုံးမှုကိုလည်း ဆိုလိုလေသည်။
အဲဒါက ပြီးဆုံးသွားလေပြီ။
အိပ်မက်တံဆိပ်ပြားထဲကနေ လျှောက်လှမ်းထွက်လာခဲ့သော ဝိညာဉ်များသည် တဖြည်းဖြည်းပျက်ပြယ်သွားပြီဖြစ်ပြီး ပြန်ဝင်စားခြင်းသို့ ဝင်ရောက်သွားကြ၏။
တိုက်ပွဲအလံများက ပျောက်ကွယ်သွားစဉ် လောကက တည်ငြိမ်အေးချမ်းမှုကို ပြန်လည်ရရှိလာ၏။
အချိန်တစ်ခုမှာ ကြယ်တာရာကောင်းကင်ထဲတွင် အော်ဟစ်သံများထွက်ပေါ်လာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကတစ်ဝှမ်း ပျံ့နှံ့သွား၏။
ထိုအထဲတွင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲပြီးဆုံးသွားခြင်းကြောင့် အောင်ပွဲခံနေသော ဝမ်းသာအားရ အော်ဟစ်သံများနှင့်အတူ နှုတ်ဆက်ခွဲခွာခြင်း၏ ပူဆွေးဝမ်းနည်းဖွယ်ရာငိုကြွေးသံများလည်း ပါဝင်နေ၏။
မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးသည် ရှေးဟောင်းမဟာဧကရာဇ်များနှင့် ကောင်းကင်ဘုံသို့သွားရာလမ်းမျာ ကျရှုံးခဲ့သော ယခင် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများကို မြင်တွေ့ခဲ့ရ၏။
အင်မော်တယ်ဧကရီလင်းလုံသည် လင်းကျန့်နှင့် နောက်တစ်ဖန်ထာဝရ ခွဲခွာလိုက်ရပြီဖြစ်သည်။
ဤလူများ၏ နှုတ်ဆက်ခွဲခွာမှုမှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာသော ဆူဇီမိုပင်လျှင် ဘာမှမတတ်နိုင်ပေ။
အရင်တုန်းက သုံးဘုံလောက၏ အဟန့်အတား ကြေမွပျက်စီးသွားပြီး သူမ၏ ကျင့်ကြံမှုနယ်ပယ်သည် ကန့်သတ်မှုများကို ချိုးဖျက်ကာ နောက်ထပ်တစ်ဆင့်ကို ရောက်ရှိသွားခဲ့သောကြောင့်သာ ဧကရီဆိုးယုတ်သည် တျဲယွဲ့ကို မဟာကမ္ဘာတစ်ထောင်လောကမှာ ဘဝသစ်တစ်ခုရအောင် ကူညီပေးမည်ဟု ကတိပေးခဲ့လေသည်။
ထိုသို့ကြောင့်မဟုတ်လျှင် တျဲယွဲ့သည် လင်းကျန့်နှင့် အခြားသူများကဲ့သို့ပင် အိပ်မက်တံဆိပ်ပြားထဲသို့ ပို့ဆောင်ခြင်းခံရပေလိမ့်မည်။
ဆူဇီမိုသည် တစ်ခုပြီးတစ်ခု ပျက်ပြယ်သွားသော ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ ကျင့်ကြံသူများ၏ ဝိညာဉ်များကို ကြည့်နေ၏။
သူသည် မွန်းကျပ်လာပြီး တစ်ခုခုကို လုပ်သင့်သည်ဟု ခံစားလာရ၏။
လင်းရွှမ်ကျီက ဆူဇီမို၏ ဘေးနားသို့ ရောက်ရှိလာပြီး ညင်သာစွာပြောလိုက်၏။
“အဲဒီလူတွေက စကားလုံးတွေ မှတ်ဉာဏ်တွေအဖြစ်နဲ့ပဲ ရှိမနေသင့်ဘူး…”
ဆူဇီမိုသည် ကောင်းကင်ဘုံကိုးလွှာ၏ ကြီးမားသော အပျက်အစီးပုံများကိုကြည့်ကာ လှုပ်ရှားမှုပြုလုပ်ပြီး ကောင်းကင်ဘုံခုံရုံး၏ အထက်ကို ရောက်ရှိသွားပြီဖြစ်၏။
သူ၏ စိတ်ဝိညာဉ်အသိစိတ်၏ ထိန်းချုပ်မှုအောက်မှာ ကောင်းကင်ဘုံကိုးလွှာ၏ အပျက်အစီးပုံများအထက် မြေပြင်ကနေ ဧရာမ အထိမ်းအမှတ်ကျောက်စာတိုင်ကိုးခုက မြင့်တက်လာပြီး တဝုန်းဝုန်းအသံများနှင့်အတူ ကောင်းကင်ဘုံခုံရုံး၏ အထက်မှာ ရပ်တည်လာ၏။
သူတို့ပေါ်တွင် ကောင်းကင်ဘုံကိုးလွှာ၊ တမလွန်ကိုးဘုံ၊ တိုက်ပွဲ၊ အထွတ်အထိပ်ကောင်းကင်ဘုံ၊ အလင်းအမှောင်၊ ကြယ်တာရာ၊ အနန္တနှင့် သွေးလိပ်ပြာ ဟူသောစာလုံးများကိုရေးထိုးလိုက်၏။
အတိတ်ကာလက တိုက်ပွဲအလံများက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သော်လည်း အထိမ်းအမှတ်ကျောက်စာတိုင်ကိုးခုသည် သူတို့၏ ထွန်းတောက်ခဲ့သော ယဉ်ကျေးမှုအမွေအနှစ်များကို မှတ်တမ်းတင်ပြီး ထာဝရတည်တံ့စေမည့် ခမ်းနားထည်ဝါသော သမိုင်းကြောင်းကို ရေးထိုးထားပေလိမ့်မည်။
ယခုမှစ၍ ကောင်းကင်ဘုံကိုးလွှာက မရှိတော့ပေ။
အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနှင့် မဟာကမ္ဘာတစ်ထောင်လောကကြားမှာ အင်မော်တယ်အထိမ်းအမှတ်ကျောက်စာတိုင်ကိုးခုကသာ မားမားမတ်မတ်ရပ်တည်လျက် ကျန်ရှိခဲ့ပေလိမ့်မည်။
သက်ရှိတိုင်းသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းလိုသည်ဆိုလျှင် သူတို့က ဤနေရာကို ဖြတ်ကျော်ရပေလိမ့်မည်။
သူတို့သည် အထိမ်းအမှတ်ကျောက်စာတိုင်ကိုးခုကို တွေ့မြင်သည့်အခါ အတိတ်ကာလနှင့် ရှေ့သို့ ရဲဝင့်စွာတက်လှမ်းခဲ့သော ထိုလူများအကြောင်း အောက်မေ့သတိရကြပေလိမ့်မည်။
ပညာရှင်များစွာက ဆူဇီမို၏ ဘေးသို့ရောက်ရှိလာပြီး ကောင်းကင်ဘုံခုံရုံး၏ အထက်မှ ငွားငွားစွင့်စွင့် အထိမ်းအမှတ်ကျောက်စာတိုင်ကိုးခုကို မချိတင်ကဲအမူအရာများဖြင့် ကြည့်လိုက်ကြ၏။
ထိုအခိုက်အတန့်မှာ လူတိုင်းသည် ကပ်ဘေးတစ်ခုကနေ ရှင်သန်လာသည့်ခံစားချက်ကို ရရှိနေ၏။
“နောက်ဆုံးတော့ ပြီးသွားပြီပေါ့လေ”
သံသရဖူဆောင်းအဖိုးအိုက ညင်သာစွာ သက်ပြင်းချလိုက်သည်။
ဤတိုက်ပွဲအပြီးမှာ တမလွန်အစီအရင်ဝင်္ကပါက ကြေမွပျက်စီးသွားပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းရာလမ်းကြောင်းက ပြန်လည်ပွင့်သွားခဲ့ပြီဖြစ်၏။
တစ်ယောက်ယောက်က ဧကရာဇ်နယ်ပယ်သို့ဝင်ရောက်လာသည်နှင့် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းရန် ရွေးချယ်နိုင်မည်ဖြစ်သည်။
“ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက အဆုံးသတ်သွားပြီ… ဒါပေမဲ့ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ငုပ်လျှိုးနေတဲ့ အန္တရာယ်နှစ်ခုရှိနေတုန်းပဲ”
ဆူဇီမိုက သူ၏ ခေါင်းကို ညင်သာစွာခါပြီး ကောင်းကင်ဘုံကမ္ဘာမှာ ပွင့်ထွက်နေသော ငရဲချောက်နက်ကို အေးစက်နေသောအမူအရာဖြင့် ကြည့်လိုက်၏။
သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာသည့်အချိန်မှာပင် ငရဲသက်ရှိများသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး တိုက်ပွဲနယ်မြေကနေ ဆုတ်ခွာကာ ငရဲကမ္ဘာသို့ ပြန်ပြေးသွားပြီဖြစ်၏။
ဖုန့်တူဖြစ်စေ၊ ငရဲအရှင်ဖြစ်စေ သူတို့သည် အင်မော်တယ်စွမ်းအားကို ပိုင်ဆိုင်ထားကြသည်။
သူတို့နှစ်ယောက်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကအတွက် ငုပ်လျှိုးနေသောအန္တရာယ်များဖြစ်နေဆဲပင်။
သူတို့နှစ်ယောက်သည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို စတင်ခဲ့သည့်လူများလည်းဖြစ်သည်။
ဖျတ်ခနဲဆို ဆူဇီမိုသည် နောက်ခဏ၌ ငရဲဂိတ်တံခါး၏ အထက်ကို ရောက်ရှိလာ၏။ သူက တွေဝေတုံ့ဆိုင်းခြင်းမရှိဘဲ သူ၏ ဓားကို ဝေ့ယမ်းလိုက်ပြီး ဓားချီက ငရဲချောက်နက်ထဲသို့ ဝင်ရောက်သွားသည်။
ဓားချီက သိပ်သည်းလွန်းပြီး ငရဲထိတိုင် အဆုံးမဲ့လေဟာနယ်ကို ဖြတ်ကျော်သွား၏။
ဟမ့်…
‘ဘာမှမရှိဘူးလား’
တစ်စုံတစ်ရာကို တွေးမိသွားသည့်အလား ဆူဇီမို၏ ပုံရိပ်က ဖျတ်ခနဲလက်ပြီး ငရဲချောက်နက်ထဲသို့ ဆင်းသက်ကာ အရင်တုန်းက အဝီစိကို ဖြတ်ကျော်၍ ငရဲကမ္ဘာသို့ ဆင်းသက်လိုက်၏။
အတိအကျဆိုရလျှင် ဤနေရာမှာ မည်သည့်ငရဲကမ္ဘာမှ မရှိတော့ပေ။
ဘေးပတ်ဝန်းကျင်က မှောင်မိုက်၍ ဗလာကျင်းနေပုံရ၏။ ဤနေရာမှာ အချိန်နှင့်လေဟာနယ်မရှိတော့ပေ။ ငရဲသက်ရှိများအပါအဝင် ငရဲကမ္ဘာမှာရှိသောအရာရာတိုင်းက ပျောက်ကွယ်သွားသည်။
ဆူဇီမိုသည် သူ၏ စိတ်ဝိညာဉ်အသိစိတ်ကို ဖြန့်ကြက်ပြီး အဆက်မပြတ်စစ်ဆေးအကဲခတ်ကြည့်လိုက်၏။
သိပ်မကြာခင် သူက အရပ်တစ်ဘက်ကို ရွေးချယ်ကာ ထွက်ခွာသွား၏။
နောက်ခဏ၌ သူသည် လှည့်ပတ်စီးဆင်းနေသော လျှို့ဝှက်ဆန်းကြယ်သည့် မြစ်တစ်စင်းကို တွေ့မြင်လိုက်ရသည်။ ထိုမြစ်က တမလွန်မြစ်ဖြစ်သည်။
ဆူဇီမို၏ လက်ရှိ စိတ်ဝိညာဉ်အသိစိတ်အရ ၎င်းသည် တမလွန်မြစ်တစ်ခုလုံးကို လွှမ်းခြုံနိုင်မည်ဖြစ်၏။
သို့သော်လည်း တမလွန်မြစ်၏ အလယ်မှာရှိသော သွေးပင်လယ်ကိုတော့ သူ၏ စိတ်ဝိညာဉ်အသိစိတ်က မထောက်လှမ်းနိုင်သေးပေ။
သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စုံစမ်းထောက်လှမ်းပြီးနောက် မူလက တမလွန်မြစ်နှင့် ချိတ်ဆက်နေသော ငရဲတာအို၊ တစ္ဆေတာအို၊ တောကောင်တာအိုနှင့် အဆူရာတာအိုတို့က ပျောက်ကွယ်သွားခဲ့ပြီကို သူက နားလည်သိရှိလိုက်၏။
ဆူဇီမိုက ငြိမ်သက်နေ၏။
ငရဲအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့သည် သူတို့၏ သက်ဆိုင်ရာကမ္ဘာများကို ယူဆောင်ပြီး မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားခဲ့ကြသည်။ ငရဲအရှင်၏ ပျောက်ကွယ်မှုသည် ငရဲအရှင်က သေဆုံးပြီးနောက် သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပြန်လည်မွေးဖွားဖို့ မရွေးချယ်ခဲ့ဟု ဆိုလိုလေသည်။
ဆူဇီမိုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီးနောက် သူက ဤနေရာမှာ အခွင့်အရေးလုံးဝမရှိတော့သည်ကို ငရဲအရှင်က နားလည်သဘောပေါက်သွားပုံရသည်။
တကယ်ဆို သူသည် ဆူဇီမို၏ အကျဉ်းချဖိနှိမ်ခြင်းခံရပြီး နေ့အလင်းရောင်ကို နောက်တစ်ဖန်ဘယ်တော့မှ မမြင်တွေ့ရတော့သည်ပင် ဖြစ်နိုင်လေသည်။
သူသည် မဟာအဝီစိမှာနာကျင်စွာ အကျဉ်းချခံထားရသည့် အတွေ့အကြုံကြောင့်လည်း ဤရွေးချယ်မှုကို ပြုလုပ်ခဲ့တာ ဖြစ်နိုင်သည်။
ငရဲအရှင်၏ ထွက်ခွာမှုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ငုပ်လျှိုးနေသောအန္တရာယ်တစ်ခု လျော့ကျသွားသည်ဟု ဆိုလိုလေသည်။
သို့သော်လည်း တမလွန်ဘုံက ရှိနေဆဲဖြစ်၏။
ကောင်းကင်ဘုံခုံရုံးက ကြေမွပျက်စီးသွားခဲ့ပြီဖြစ်သည်။
မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်၊ ဗြဟ္မာတစ္ဆေမိခင်နှင့် ငရဲအရှင်ပင်လျှင် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားကြပြီဖြစ်၏။ သို့သော်လည်း ဖုန့်တူက ယခုအချိန်ထိ ထွက်ခွာမသွားသေးပေ။
ဆူဇီမိုသည် တမလွန်မြစ်၏ အထက်မှာ တိတ်တဆိတ်ဖြင့် မတ်တတ်ရပ်နေ၏။
ဖုန့်တူသည် မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် အခြားသူများနှင့် ကွဲပြားနေသောကြောင့်သာလျှင် မဟုတ်လောက်ပေ။
တမလွန်ဘုံသည် ငရဲကမ္ဘာနှင့် တစ္ဆေကမ္ဘာတို့နှင့် ကွဲပြားခြားနားနေသည်ဟု ဖော်မပြတတ်သောခံစားတစ်ချက်တစ်ခု သူ့ကိုပေးနေ၏။
ဆူဇီမိုသည် လှုပ်ရှားမှုပြုလုပ်ပြီး တမလွန်ဘုံသို့ ဦးတည်လိုက်၏။
ဖုန့်တူက အသက်ရှင်နေဆဲဖြစ်ရပေမည်။
လွန်ခဲ့သည့်နှစ်နှစ်ထောင်က သိုင်းတာအိုပင်မခန္ဓာသည် ဖုန့်တူကို ရိုက်သတ်ပြီးနောက် တမလွန်ဘုံမှာ သူ၏ အငွေ့အသက်များကို လိုက်လံရှာဖွေခဲ့သော်လည်း မည်သည့်အရာကိုမှ ရှာမတွေ့ခဲ့ပေ။
ထိုအချိန်တုန်းက ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲက ပေါ်ထွက်လာတော့မည့်ဆဲဆဲဖြစ်ပြီး သူ့ရှေ့မှာ ကောင်းကင်ဘုံခုံရုံးမှ မဟာရန်သူတစ်ဦးပင် ရှိနေခဲ့၏။
သိုင်းတာအိုပင်မခန္ဓာသည် စုံစမ်းထောက်လှမ်းဖို့အတွက် အချိန်များစွာမရခဲ့ပေ။
ဤတစ်ခေါက်မှာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအဆုံးသတ်သွားပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အန္တရာယ်ကို ဖြေရှင်းပြီးနောက် ဆူဇီမိုသည် တမလွန်ဘုံ၏ လျှို့ဝှက်ချက်များကို ရှာဖွေဖော်ထုတ်ဖို့ လုံလောက်သည့် အချိန်ရရှိနေ၏။