← Chapters

တမလွန်ဘုံကို စောင့်ကြပ်နေခြင်း

Vol. 214 Ch. 3237

တမလွန်ဘုံကို စောင့်ကြပ်နေခြင်း

Vol. 214 Ch. 3237

တမလွန်ဘုံမှာ…။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ ဝိညာဉ်အရေအတွက်များပြားစွာက ဤနေရာကို ရောက်ရှိလာကြ၏။

ယခင်ဖြစ်စဉ်များအရ သူတို့သည် မရဏတံခါးကိုဖြတ်ကျော်ပြီး အဝါရောင်စိမ့်စမ်းလမ်းကို လျှောက်လှမ်းရပေမည်။

လမ်းတစ်လျှောက်မှာ သူတို့ကို တစ္ဆေငယ်များက အခက်တွေ့အောင် မလွဲမသွေ ပြုလုပ်လာကြပေလိမ့်မည်။

သို့သော်လည်း ဖုန့်တူ၏ သေဆုံးမှုနှင့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲ၏ မြင်ကွင်းက တမလွန်ဘုံမှာ ပျံ့နှံ့နေခဲ့ပြီဖြစ်၏။

တမလွန်ဘုံမှ တစ္ဆေငယ်များစွာကိုမပြောနှင့် တစ္ဆေဧကရာဇ်ငါးဦးပင်လျှင် ဤကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများ၏ ဝိညာဉ်များကို အခက်တွေ့အောင် မလုပ်ရဲကြပေ။

ဆူဇီမိုက တမလွန်ဘုံသို့ ဆင်းသက်လာပြီးနောက် သူသည် အဝါရောင်စိမ့်စမ်းလမ်း၏ တစ်ဘက်တစ်ချက်စီမှာ ပါရမီပန်းများကို ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများထံ ခွဲဝေပေးလိုက်၏။

ပါရမီပန်းသည် လူတစ်ယောက်၏ ယခင်ဘဝမှတ်ဉာဏ်များကို ထိန်းသိမ်းပေးနိုင်သည်။

သို့သော်လည်း ပြန်ဝင်စားခြင်းလမ်းခြောက်သွယ်သို့ ဝင်ရောက်လာပြီးနောက် အလှည့်အပြောင်းများစွာရှိလာလိမ့်မည်ဖြစ်ပြီး နောက်ဆုံးရလဒ်က မည်ကဲ့သို့ဖြစ်လာမည်ကို ပြောဖို့ခက်လေသည်။

မည်သို့ပင်ဆိုစေ သူ့မှာ ဧကရီဆိုးယုတ်၏ နည်းလမ်းများမရှိပေ။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကျင့်ကြံသူများ၏ ဝိညာဉ်များကို ပို့ဆောင်ပေးပြီးနောက် ဆူဇီမိုသည် တမလွန်ဘုံကနေ ထွက်ခွာမသွားပေ။ ထိုအစား သူသည် ပေါတူတောင်မှာ တိတ်တဆိတ်ထိုင်ပြီး တမလွန်ဘုံတစ်ခုလုံးကို သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် လွှမ်းခြုံကာ ဖုန့်တူ၏ အငွေ့အသက်များကို တိတ်တဆိတ်လိုက်လံရှာဖွေနေ၏။

သူ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် လွှမ်းခြုံမှုအောက်မှာ တမလွန်ဘုံမှ သက်ရှိများအားလုံးက အသံတိတ်၍ ထိတ်လန့်နေကြ၏။

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ ဆူဇီမိုက တက်လှမ်းနိုင်လေသည်။

သို့သော်လည်း ဖုန့်တူက တစ်ကျော့ပြန်လာပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကက အမှောင်ထုထဲသို့ နောက်တစ်ဖန်ကျဆင်းသွားမည်ကို သူက စိုးရိမ်ပူပန်နေ၏။ ထို့ကြောင့် သူသည် တမလွန်ဘုံကို စောင့်ကြပ်ပေးနေ၏။

သူသည် နှစ်ပေါင်းတစ်သောင်းကြာအောင် ထိုနေရာမှာ ထိုင်နေသည်။

နှစ်တစ်သောင်းကြာပြီးနောက် ဆူဇီမိုက ပို၍ပင် အိုစာလာ၏။ သို့သော်လည်း သူ၏ မျက်လုံးထဲရှိ ဂမ္ဘီရအလင်းက ပို၍ပင် ကြောက်စရာကောင်းလာသည်။

နှစ်တစ်သောင်းတိတိအတွင်းမှာ သူသည် တမလွန်ဘုံကို အကြိမ်ရေများစွာလိုက်လံရှာဖွေပြီး တစ်ထောင့်တစ်နေရာကိုမှ အလွတ်မခံခဲ့ပေ။

သူ၏ မျက်လုံးထဲမှာ တမလွန်ဘုံမှာ မည်သည့်လျှို့ဝှက်ချက်မှ မရှိနိုင်တော့ပေ။ သို့သော်လည်း သူသည် ဖုန့်တူ၏ မည်သည့်အငွေ့အသက်ကိုမှ ရှာမတွေ့နိုင်သေးပေ။

လွန်ခဲ့သည့်နှစ်တစ်သောင်းက ဖုန့်တူကို သတ်ဖြတ်ပြီးနောက် တမလွန်ဘုံအရှင်၏ ဝိညာဉ်သည် ပျက်ပြယ်သွားပြီး သူက လုံးလုံးလျားလျားသေဆုံးသွားသည့်အလားပင်။

သို့သော်လည်း သူက သေချာပေါက် အပြီးသတ်မသေဆုံးသေးသည်ကို ဆူဇီမိုက ကောင်းကောင်းသိရှိထား၏။

သူက တမလွန်ဘုံကို စောင့်ကြပ်နေသောကြောင့်သာ ဖုန့်တူက ပေါ်ထွက်မလာရဲခြင်းဖြစ်သည်။

ဖုန့်တူ ဘယ်နေရာမှာ ပုန်းကွယ်နေသလဲကိုတော့ သူမသိပေ။

တမလွန်ဘုံနှင့်ပတ်သက်၍ နောက်ထပ်မေးခွန်းတစ်ခုရှိနေ၏။

ယေဘုယျအားဖြင့်ပြောရလျှင် တမလွန်သို့ဝင်ရောက်လာသော ဝိညာဉ်များ၏ မှတ်တမ်းများရှိသင့်လေသည်။

ဆူဇီမိုသည် ထိုအကြောင်းနှင့်ပတ်သက်၍ တစ္ဆေဧကရာဇ်ယန်ယွင်ကို တစ်ခါမေးမြန်းခဲ့၏။ သူပြောပုံအရ တမလွန်ဘုံမှာ ထိုကဲ့သို့သော အမည်စာရင်းတစ်ခု တကယ်ပင်ရှိခဲ့သည်။

သို့သော်လည်း ဖုန့်တူကသာ ထိုအမည်စာရင်းကို ဖတ်ရှုဖို့ အဆင့်မီလေသည်။

ထိုအမည်စာရင်းက ဘယ်နေရာမှာရှိသည်၊ မည်ကဲ့သို့သောပုံစံရှိသည်ကို တမလွန်ဘုံမှာ မည်သူကမှ မသိကြရပေ။ သို့သော်လည်း တမလွန်ဘုံမှာ ဆူဇီမိုဖတ်ရှုခဲ့သည့် မည်သည့်ရှေးဟောင်းစာအုပ်ကမှ အတိတ်နှင့်ပစ္စုပ္ပန်က ဝိညာဉ်များကို မှတ်တမ်းတင်ထားသည် အမည်စာရင်းကို ဖော်ပြထားခြင်းမရှိပေ။

အစကတော့ သူ၏ အစ်ကိုကြီးဆူဟုန်၊ ယောင်ရွှယ်နှင့် အခြားသူများ၏ ဝိညာဉ်အငွေ့အသက်များကို တမလွန်ဘုံမှာ သူက ရှာဖွေချင်ခဲ့၏။ ယခု သူက လက်လျှော့ရုံသာရှိတော့လေသည်။

ဤနေ့မှာ…။

ဆူဇီမိုသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး သူ၏ ပုံရိပ်က ဖျတ်ခနဲလက်သွား၏။ သူသည် နှစ်တစ်သောင်းကြာပြီးနောက် တမလွန်ဘုံကနေ ပထမဆုံးအကြိမ်ထွက်ခွာခြင်းဖြစ်သည်။

သူထွက်ခွာပြီးနောက် တမလွန်ဘုံမှသက်ရှိများက နောက်ဆုံးမှာ စိတ်ကိုလျှော့ချနိုင်ကြ၏။ သူတို့သည် တစ်ယောက်ပြီးတစ်ယောက် ပေါ်ထွက်လာပြီး အကြောက်မပြေသေးဟန်ဖြင် ပေါတူတောင်ရှိရာဘက်သို့ ကြည့်လိုက်ကြ၏။

ထျန်ဟွမ်ကမ္ဘာမှာ။

သံသရဖူဆောင်းအဖိုးအို၊ ဖုန့်စန်းထျန်၊ ယက္ခဘုရင်အကြောက်တရားနှင့် အခြားသောဧကရာဇ်ပညာရှင်များက ဤနေ့မှာ တက်လှမ်းဖို့ ပြင်ဆင်ထားကြပြီဖြစ်၏။ အမျိုးမျိုးသော ကမ္ဘာများမှ ပညာရှင်များစွာက ထျန်ဟွမ်ကမ္ဘာမှာ စုဝေးရောက်ရှိနေပြီး ဆူဇီမိုက သူတို့ကို နှုတ်ဆက်ရန် တမလွန်ဘုံကနေ ပြန်လည်ရောက်ရှိလာ၏။

ပြီးခဲ့သည့်နှစ်တစ်သောင်းမှာ ဖုန့်စန်းထျန်သည် ဧကရာဇ်နယ်ပယ်သို့ တက်လှမ်းလာခဲ့ပြီဖြစ်သည်။

သူသည် ဧကရာဇ်အသေးနယ်ပယ်မှာသာရှိသော်လည်း သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းဖို့ ရွေးချယ်နိုင်လေသည်။

ပညာရှင်များက စုဝေးနေကြပြီး ပျော်ရွှင်စွာဖြင့် သောက်စားလိုက်ကြ၏။ အတိတ်ကိုပြန်ကြည့်လျှင် သူတို့သည် စိတ်ခံစားချက်များဖြင့် ပြည့်နှက်နေကြဆဲဖြစ်သည်။

အင်မော်တယ်ဧကရီလင်းလုံသည် ပကတိဧကရာဇ်နယ်ပယ်ထိ ကျင့်ကြံထားခဲ့ပြီဖြစ်သော်လည်း သူမသည် တက်လှမ်းဖို့စိတ်ကူးမရှိပေ။ ထိုအစား သူမက ထျန်ဟွမ်ကမ္ဘာမှာ ဆက်လက်၍ နေထိုင်မည်ဖြစ်၏။

မျှော်လင့်ချက်က ပါးပါးကလေးသာဆိုလျှင်တောင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လင်းကျန့်၏ ပြန်လည်ဝင်စားလာမှုကို သူမက စောင့်ဆိုင်းလိုခြင်းဖြစ်ကြောင်း လူတိုင်းက သိရှိထားကြ၏။

ပြန်ဝင်စားခြင်းနှင့် ပြန်လည်မွေးဖွားခြင်းသို့ ဝင်ရောက်သည့်အခါ အလှည့်အပြောင်းများစွာနှင့် မသေချာမရေရာမှုများစွာရှိနေ၏။

သူတို့သည် မည်သည့်ကမ္ဘာ သို့မဟုတ် မည်သည့်မျိုးနွယ်မှာမဆို ပြန်လည်မွေးဖွားလာနိုင်သည်။

ကမ္ဘာငယ်တစ်ထောင်လောကမှာ ကမ္ဘာပေါင်းဘီလီယံနှင့်ချီရှိပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကမ္ဘာသုံးထောင်ရှိလေသည်။ ဤကဲ့သို့ ခါးသီးစွာစောင့်ဆိုင်းခြင်းသည် ကောက်ရိုးပုံထဲမှာ အပ်ပျောက်ရှာသည်ထက် အဆပေါင်းများစွာ ပိုမိုခက်ခဲလေသည်။

“ဇီမို… မင်းဘယ်အချိန်မှာ တက်လှမ်းဖို့ပြင်ထားလဲ”

စားသောက်ပွဲအတွင်းမှာ သံသရဖူဆောင်းအဖိုးအိုက မေးလိုက်သည်။

“လောစရာမရှိပါဘူး… နည်းနည်းလောက် ထပ်စောင့်ဦးမယ်”

ဆူဇီမိုက ရှင်းရှင်းလင်းလင်းပြန်မဖြေပေ။

တကယ်တော့ သူသည် တျဲယွဲ့ကိုရှာဖွေဖို့အတွက် မဟာကမ္ဘာတစ်ထောင်လောကသို့ တတ်နိုင်သမျှမြန်မြန်တက်လှမ်းလို၏။

သို့သော်လည်း ဤနေရာမှာ သူ၏ မိတ်ဆွေဟောင်းများနှင့်ပတ်သက်၍ သူက အမှန်တကယ်ပင် စိုးရိမ်ပူပန်နေ၏။

ဒါ့အပြင် သူသည် တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ထားခဲ့ပြီဖြစ်သော်လည်း သူသည် ဆက်လက်ကျင့်ကြံ၍ သူ၏ လောကကို ကြံ့ခိုင်လာအောင် ပြုလုပ်ရဦးမည်ဖြစ်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ၏ နည်းလမ်းများအရ သူ၏ ကျင့်ကြံမှုကို မြှင့်တင်ရန် လုံလောက်သည့် ရင်းမြစ်ကျောက်တုံးများကို ရှာဖွေနိုင်လေသည်။

ယခု သူ၏ လောကက ပကတိနယ်ပယ်ကို ရောက်ရှိနေပြီဖြစ်၏။

သူတို့သည် ကောင်းကင်ဘုံခုံရုံး ပြန်လည်တည်ဆောက်ခြင်း၏ ကပ်ဘေးနှင့် ကြုံတွေ့ရပြီးနောက် ဆူဇီမို၏ ရည်ရွယ်ချက်ကို လူတိုင်းက သိရှိနေကြ၏။

သို့သော်လည်း လူတချို့က စိုးရိမ်ပူပန်နေဆဲဖြစ်သည်။

“ဆရာ… ရှင့်ရဲ့ ဘဝသက်တမ်းက…”

ပေမင်ရွှယ်က ညင်သာစွာမေးလိုက်၏။

ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ကန့်သတ်မှုများကြောင့် ဆူဇီမိုသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီဆိုသော်လည်း သူ၏ ဘဝသက်တမ်းက မြင့်တက်မလာခဲ့ပေ။ သူသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတွင်း အဆက်မပြတ်ထုတ်ဖော်ခဲ့ပြီးနောက် သူ့မှာ နေထိုင်ဖို့အတွက် ဘဝသက်တမ်းနှစ်တစ်သိန်းသာ ကျန်ရှိခဲ့၏။

လက်ရှိဆူဇီမိုသည် ဆံပင်များဖြူဖွေး၍ သူ၏ မုတ်ဆိတ်များက သူ၏ ရင်ဘတ်ရှေ့မှာ တွဲကျနေပြီး သူက လူအိုကြီးရွှမ်ထက်ပင် ပိုမိုအိုစာသည့်ပုံပေါက်နေ၏။ သို့သော်လည် သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ဖြစ်ပြီး ကြောက်စရာကောင်းနေသည်။ သူသည် ကျယ်ပြန့်သော အစိမ်းရောင်ဝတ်စုံကို ဝတ်ဆင်ထားပြီး သူ၏ မုတ်ဆိတ်နှင့်ဆံပင်တို့က ဖြူဖွေးနေ၏။

သူသည် ထူးခြားဆန်းကြယ်သည့်ပုံပေါက်ပြီး မော်တယ်လောကနှင့် ကင်းလွတ်ကာ ကွဲပြားခြားနားသော အော်ရာတစ်ခုကို ထုတ်ဖော်ထား၏။

“အဆင်ပြေပါတယ်”

ဆူဇီမိုက ညင်သာစွာပြုံးပြလိုက်၏။

သူ၏ ဘဝသက်တမ်းသည် ကောင်းကင်နှင့်မြေကြီးနိယာမများကြောင့် ကန့်သတ်ခံထားရခြင်းသာဖြစ်သည်။

သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသည်နှင့် သူ၏ ဘဝသက်တမ်းက နှစ်သန်းတစ်ရာထိ မြင့်တက်သွားပေလိမ့်မည်။ သူသည် စိုးရိမ်ပူပန်မှုမရှိဘဲ ထွက်ခွာဖို့အတွက် အခွင့်အလမ်းတစ်ခုကို စောင့်ဆိုင်းလိုသည်။

နှစ်တစ်သောင်းကြာပြီးနောက် ပေမင်ရွှယ်၊ မျောက်၊ ညဝိညာဉ်နှင့် အခြားသူများကလည်း ပကတိကောင်းကင်လိုဏ်ဂူနယ်ပယ် သို့မဟုတ် ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ကျင့်ကြံထားကြပြီဖြစ်၏။

လူတိုင်းဆွေးနွေးပြောဆိုနေစဉ် ဆူဇီမိုသည် အရင်တုန်းက ညဝိညာဉ်နှင့်ပတ်သက်သည့် တစ်စုံတစ်ရာကိုပင် ထုတ်ဖော်ပြောဆိုလိုက်၏။

ညဝိညာဉ်သည် တစ်ခါ ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေမှာ ပိတ်မိနေခဲ့၏။ သို့သော်လည်း ဘာ့ကြောင့်ရယ်မသိ သူသည် နောက်ပိုင်းမှာ ခေတ်အဆက်ဆက် ဆိုးယုတ်မိစ္ဆာတိုက်ပွဲမြေကနေ ပထမဆုံးထွက်ခွာနိုင်သည့်သက်ရှိဖြစ်လာခဲ့သည်။

ညဝိညာဉ်ပြောပုံအရ သူ၏ မျိုးဆက်သွေးက ဘိုးဘေးဗီဇလက္ခဏာများပြသလာပြီး မကြာခင် သူ့ကို မွန်မြတ်ကောင်းကင်ဘုံကမ္ဘာက လွှတ်ပေးခဲ့လေသည်။

ထိုအချိန်တုန်းက ကောင်းကင်ဘုံခုံရုံးမှ လူတချို့လည်း ရှိနေခဲ့ပုံရ၏။

သူသည်လည်းပဲ အကြောင်းအရင်းအတိအကျကို မသိရှိပေ။ အဲဒါသည် သူ၏ မျိုးဆက်သွေးနှင့် ပတ်သက်ဆက်စပ်နေခြင်း ဖြစ်နိုင်သည်။

ကောင်းကင်ဘုံခုံရုံးမှအရှင်များက တက်လှမ်းသွားပြီဖြစ်ပြီး ထိုအကြောင်းနှင့်ပတ်သက်၍ မမေးမြန်းနိုင်တော့ပေ။

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများတက်လှမ်းသွားပြီးနောက် ဆူဇီမိုသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ကျင်လည်ကာ ဖုန့်တူ၏ အငွေ့အသက်ကို လိုက်လံရှာဖွေနေ၏။ ထောင်ယောင်နှင့်လျှိုဖျင်ကလည်း သူ့ဘေးမှာအမြဲတမ်းရှိနေ၏။

ထို့ကြောင့် ရံဖန်ရံခါမှာ လောကမှ လူတချို့သည် ဆံပင်နှင့်မုတ်ဆိတ်မွေးများဖြူဖွေးနေသည့် အစိမ်းရောင်ဝတ်အဖိုးအိုတစ်ဦးက လိပ်မြွေတစ်ကောင်ပေါ်မှာစီးနင်းပြီး ကြယ်တာရာကောင်းကင်ထဲတွင် သွားလာနေသည်ကို တွေ့ရတတ်လေသည်။

သူ၏ နောက်ဘက်မှာ တာအိုကလေးငယ်နှစ်ဦးရှိနေ၏။ သူတို့ထဲမှတစ်ဦးက မြင်းမြီးကျာပွတ်တစ်ခုကို ကိုင်ဆွဲထားပြီး နောက်တစ်ယောက်က ကျောက်စိမ်းတောင်ဝှေးတစ်လက်ကို ကိုင်ဆွဲထားလေသည်။

“အဲဒီဆံဖြူအဖိုးအိုက ဒီဘက်မျိုးဆက်ရဲ့ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ပဲ”

“သူ့နောက်က တာအိုကလေးငယ်နှစ်ဦးမှာလည်း တစ်မူထူးခြားတဲ့နောက်ခံတွေရှိတယ်… သူတို့ကို အင်မော်တယ်ထောင်နဲ့ အင်မော်တယ်လျှိုလို့ခေါ်တယ်”

“ဟုတ်တာပေါ့.. ကမ္ဘာတချို့ သဘောထားကွဲလွဲမှုတွေ ပေါ်ထွက်လာရင် အင်မော်တယ်ထောင်နဲ့အင်မော်တယ်လျှိုက ကိုယ်တိုင်ဝင်ရောက်ဖြေရှင်းပေးလိမ့်မယ်”

“မဟာဧကရာဇ်အထီးကျန်သိုင်းသခင်မှာ သူ့ကိုကာကွယ်ပေးနေတဲ့ စွမ်းပကားကြီးမားတဲ့ ကောင်းကင်ဘုံနတ်ဘုရားဆယ့်နှစ်ပါးရှိတယ်လို့ ငါကြားဖူးတယ်… ကံဆိုးစွာနဲ့ပဲ ဒီတစ်ခေါက် ငါတို့အဲဒါကို မမြင်ရဘူး။”

All Chapters