← Chapters

ကြမ္မာမီး အနီရောင်ကြာပန်း

Vol. 214 Ch. 3239

ကြမ္မာမီး အနီရောင်ကြာပန်း

Vol. 214 Ch. 3239

“ဒီဓားက မင်းအတွက်ပဲ”

ရုတ်တရက် သုံးပေရှည်သော ဓားတစ်လက်က ဆူဇီမို၏ လက်ဖဝါးထဲမှာ ပေါ်ထွက်လာ၏။ ဓား၏ ကိုယ်ထည်က နက်မှောင်နေပြီး ၎င်းအပေါ်မှာ ပေမင်ရွှယ်ဟူသော စာလုံးကို ရေးထိုးထားသည်။ ၎င်းသည် အတန်ကြာအောင် ချိပ်ပိတ်ထားသော ရှေးဟောင်းဓားတစ်လက်ကဲ့သို့ မည်သည့်ထက်ရှမှုမှ မရှိပေ။

ဓားသည် သာမန်ပုံစံသာ ဖြစ်သော်လည်း ပေမင်ရွှယ်၏ သိုင်းစိတ်ဝိညာဉ်က ဓားတစ်လက်ဖြစ်သည်။ သူမက ရှေးဟောင်းဓားကို တွေ့မြင်သည့်ခဏမှာပင် ၎င်းက တစ်မူထူးခြားဆန်းပြားသည်ကို နားလည်သိရှိသွားသည်။

ရှေးဟောင်းဓားမှာ မည်သည့်ထက်ရှမှုမှ ရှိမနေခြင်း မဟုတ်ပေ။

ထိုအစား ၎င်း၏ ထက်ရှမှုကို လောကမှာ ဖုံးကွယ်ထားပြီဖြစ်ပြီး ပေမင်ပင်လယ်ကဲ့သို့ ထူးခြားအံ့မခန်း ဖြစ်နေသောကြောင့်ပင်။

ရှေးဟောင်းဓား ပေါ်ထွက်လာသည့်ခဏမှာပင် ပေမင်ရွှယ်၏ ဓားဝိညာဉ်သည် စိတ်လှုပ်ရှားမှု အငွေ့အသက်တစ်ခုကို ခံစားရပြီး အနည်းငယ် တုန်ယင်ကာ ဓားတေးသံကို ထုတ်ဖော်နေ၏။

ဆူဇီမိုက ပြောလိုက်သည်။

“တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ စာနာစိတ်မရှိတဲ့ဓား… နှစ်မျိုးစပ်မြင်းမြီးကျာပွတ်နဲ့ သုံးပါးမင်္ဂလာကျောက်စိမ်းတောင်ဝှေးကို အရည်ဖျော်ချပြီးမှ ဒီဓားကို ပုံသွင်းထားတာပဲ”

ထိုအရာသုံးခုက မဟာဧကရာဇ်လက်နက်များ ဖြစ်ခဲ့သည်။

အသန်မာဆုံး မီးတောက်ကိုးခုကို ထိန်းချုပ်ထားသည့် သိုင်းတာအိုပင်မခန္ဓာကသာ သူတို့ကို အရည်ဖျော်ချပြီး မဟာဧကရာဇ်လက်နက်တစ်ပါးအဖြစ် ပြန်လည်ပုံသွင်းပေးနိုင်မည်ဖြစ်သည်။

ဆူဇီမိုသည် မဟာဧကရာဇ်တစ်ပါး ဖြစ်လာသောအခါ သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ဆက်သွယ်ချက်အသစ်တစ်ခုကို ရရှိသွားခဲ့ပြီဖြစ်သည်။

သို့သော်လည်း သိုင်းတာအိုပင်မခန္ဓာသည် မဟာကမ္ဘာတစ်ထောင်လောကမှာ တစ်ခုသောစွမ်းအားဖြင့် စောင့်ကြည့်ခြင်းခံနေရ၏။ သူသည် အကြိမ်များစွာ ကြိုးစားကြည့်သော်လည်း တမလွန်သွေးပင်လယ်၏ အဝန်းအဝိုင်းကနေ မထွက်ခွာနိုင်ပေ။

သူက ထွက်ခွာဖို့ ကြိုးစားသည်နှင့် စွမ်းအားကြီးမားသော အန္တရာယ်အငွေ့အသက်တစ်ခုက သူ၏ ရင်ထဲမှာ ပေါ်ထွက်လာပေလိမ့်မည်။

သူက လက်လျှော့ရုံသာ တတ်နိုင်တော့သည်။

အပျက်စီးနယ်မြေမှာ အနက်ရောင်ဝတ် အမျိုးသားကတော့.. သူ၏ နောက်ခံ၊ သရုပ်သကန်၊ ကျင့်ကြံမှု စသည်ဖြင့် အရာရာတိုင်းက ဘာမှန်းမသိရပေ။

သူသည် သိုင်းတာအိုပင်မခန္ဓာနှင့် ယခင်စကားပြောဆိုခဲ့ပြီးကတည်းက အနက်ရောင်ဝတ်အမျိုးသားသည် ပြီးခဲ့သည့် နှစ်ခြောက်သောင်းအတွင်း စကားတစ်လုံးကိုမှ ထပ်မံ၍ မပြောဆိုတော့ပေ။

သိုင်းတာအိုပင်မခန္ဓာက အကြိမ်ရေအနည်းငယ် မေးမြန်းခဲ့လျှင်တောင် အနက်ရောင်ဝတ်အမျိုးသားက ဆွံ့အနားမကြား ဖြစ်နေပုံရ၏။

အနက်ရောင်ဝတ်အမျိုးသားသည် သူပင်လျှင် မဟာကမ္ဘာတစ်ထောင်လောက၏ လိုက်လံတိုက်ခိုက်မှုကနေ မလွတ်မြောက်နိုင်ဘဲ တမလွန်သွေးမြစ်ထဲမှာ ပိတ်မိနေသည်ဟု တစ်ခါကိုယ်တိုင်ဝန်ခံထားခဲ့သည်။

တစ်နည်းအားဖြင့်ဆိုသော် ဆူဇီမိုသည် တမလွန်သွေးပင်လယ်၏ အပြင်ဘက်မှာ မည်သည့်အရာကို ပြုလုပ်သည်ဖြစ်စေ၊ အနက်ရောင်ဝတ်အမျိုးသားက ဝင်ရောက်စွက်ဖက်နိုင်မည် မဟုတ်ပေ။

သို့သော်လည်း သူက တမလွန်သွေးမြစ်ထဲသို့ ဝင်ရောက်မည်ဆိုလျှင်တော့ ကူကယ်ရာမဲ့သော အခြေအနေတစ်ခုမှာ ကျရောက်သွားနိုင်သည်။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်သွေးပင်လယ်ထဲမှာ ပိတ်မိနေပြီး မလွတ်မြောက်နိုင်ပေ။ ဆူဇီမိုသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာကိုလည်း ပိတ်မိမနေစေချင်ပေ။

ထို့ကြောင့် ဤနှစ်များအားလုံးမှာ ဆူဇီမိုသည် သတိထားသည့်အနေဖြင့် တမလွန်သွေးပင်လယ်၏ အဝန်းအဝိုင်းထဲသို့ ခြေချခဲ့ခြင်း မရှိပေ။

အစစ်အမှန်ခန္ဓာနှစ်ခုသည် တမလွန်သွေးပင်လယ်၏ အစပ်မှာ နှစ်ကြိမ်သာ တွေ့ဆုံခဲ့ကြသည်။

ဆူဇီမိုသည် စာနာစိတ်မရှိသောဓား၊ နှစ်မျိုးဆက်မြင်းမြီးကျာပွတ်နှင့် သုံးပါးမင်္ဂလာကျောက်စိမ်းတောင်ဝှေးကို သိုင်းတာအိုပင်မခန္ဓာအား ပေးပြီး ပြန်လည်ပုံသွင်းစေခဲ့၏။

ထို့နောက် သိုင်းတာအိုပင်မခန္ဓာသည် တမလွန်သွေးပင်လယ်၏ အစပ်ကို ရောက်ရှိလာပြီး ပေမင်ရွှယ်အတွက် ဓားကို ဆူဇီမိုအား ပြန်ပေးခဲ့လေသည်။

ပေမင်ရွှယ်သည် ရှေးဟောင်းဓားကို လက်ခံရရှိပြီး ချက်ချင်းနီးပါးပင် သူမ၏ ဓားဝိညာဉ်က ၎င်းနှင့် ဆက်သွယ်မှုတစ်ခု တည်ဆောက်ကာ ပဲ့တင်ထပ်လာ၏။

ဇီ…

ဓားက အနည်းငယ် တုန်ယင်သွားသည်။

ပေမင်ဓားသည် ၎င်း၏ ထက်ရှမှုကို မထုတ်ဖော်သေးသော်လည်း ၎င်း၏ ဓားစိတ်ဆန္ဒက ကြယ်စင်စုများနှင့် ပေါင်းစည်းသွားခဲ့ပြီဖြစ်သည်။ ပေမင်ရွှယ်သည် သူမ၏ စိတ်ဝိညာဉ်အသိစိတ်ဖြင့် စေညွှန်လိုက်သည်နှင့် အဆုံးမဲ့ ဓားစိတ်ဆန္ဒက ပေါ်ထွက်လာပြီး အရာရာတိုင်းကို သတ်ဖြတ်ပေလိမ့်မည်။

စာနာစိတ်မရှိသောဓားသည် အဓိကအားဖြင့် မဟာဧကရာဇ်လက်နက်တစ်ခုဖြစ်ခဲ့သော ဒီဃာယုဓားထံကနေ ဆင်းသက်လာ၏။

ဤပေမင်ဓားကတော့ သိုင်းတာအိုပင်မခန္ဓာ၏ နတ်ဘုရားမီးတောက်ကိုးခုဖြင့် ပြန်လည်ပုံသွင်းသန့်စင်ပြီးနောက် ၎င်းသည် ပို၍ပင် သန်မာလာခဲ့သည်။

သို့သော်လည်း ပေမင်ရွှယ်သည် ဓားကို လက်ခံရယူပြီးနောက် ဝမ်းသာအားရ ဖြစ်မလာခဲ့ပေ။

သူမသည် သူမ၏ခေါင်းကို အနည်းငယ်သာငုံ့ပြီး သူမလက်ထဲရှိဓားကို တိတ်တဆိတ်ဖြင့် ကြည့်နေ၏။ သူမ၏ မျက်လုံးအနက်ပိုင်းထဲရှိ ဝန်လေးမှုကို ဖုံးကွယ်နေခြင်းဖြစ်သည်။

ဆူဇီမိုက ထွက်ခွာသွားတော့မည်ကို သူမ သိရှိထား၏။

သူတို့ ဘယ်တော့မှ ပြန်လည်တွေ့ရမည်ကို မသိရပေ။

ပေမင်ရွှယ်က ဓားလောကအရှင် ဖြစ်လာပြီး ပကတိဧကရာဇ်နယ်ပယ်အထိ ကျင့်ကြံထားခဲ့ပြီ ဖြစ်သော်လည်း ဆူဇီမို၏ရှေ့မှာ သူမသည် ပေမင်မြို့မှ ဒါန်ထျန်ကြေမွပျက်စီးနေပြီး သိုင်းတာအိုကို ကျင့်ကြံခါစ မိန်းကလေးငယ်တစ်ဦးသာ ဖြစ်နေပုံရ၏။

ဆူဇီမို ရှိနေသရွေ့ သူမသည် ဖော်မပြတတ်သော လုံခြုံစိတ်ချမှု ခံစားချက်တစ်ခုကို ရရှိပေလိမ့်မည်။

“ဆရာ…”

ပေမင်ရွှယ်က အတန်ကြာအောင် နှုတ်ဆိတ်နေပြီးနောက် သူမ၏ နှုတ်ခမ်းကို ညင်သာစွာ ကိုက်ပြီး တစ်စုံတစ်ရာ ပြောချင်သည့်အလား ခေါင်းမော့ကာ ခေါ်လိုက်၏။

သို့သော်လည်း သူမသည် ဆူဇီမို၏ ဝေဝါးသွားပြီဖြစ်သော နောက်ကျောကိုသာ တွေ့မြင်လိုက်ရ၏။ နောက်ခဏ၌ သူက ပျောက်ကွယ်သွားလေသည်။

ဆူဇီမို ပြန်လည်ပေါ်ထွက်လာသောအခါ သူက တမလွန်မြစ်၏ အထက်ကို ရောက်ရှိနေပြီဖြစ်သည်။

မထွက်ခွာခင် သူက ရတနာတစ်ခုကို ယူသွားရပေမည်။

ဤရတနာသည် အစကတည်းက သူပိုင်ဆိုင်သင့်သောအရာ ဖြစ်ကောင်းဖြစ်ပေမည်။

သိုင်းတာအိုပင်မခန္ဓာသည် တမလွန်မြစ်ထဲမှာ မီးတောက်လုံးတစ်လုံးကို တစ်ခါတွေ့မြင်ထားခဲ့ဖူးသည်။

ဤနှစ်များအားလုံးမှာ သိုင်းတာအိုပင်မခန္ဓာသည် မီးတောက်လုံး၏ ဘေးပတ်လည်ကို စစ်ဆေးကြည့်ရှုခဲ့ပြီး ၎င်း၏ အစစ်အမှန်ပုံစံကို နောက်ဆုံးမှာ တွေ့မြင်ခဲ့ရသည်။

မီးတောက်လုံးထဲမှာ လွင့်မျောနေသော အနီရောင်ကြာခုံတစ်ခု ရှိနေ၏။

ပွင့်ချပ် ၁၂ လွှာက ဒေါသူပုန်ထနေသော မီးတောက်များကဲ့သို့ ဖူးပွင့်နေ၏။

၎င်းကလည်း အဆင့် ၁၂ မှာ ရှိနေသည်။

အတိအကျ ဆိုရလျှင် ၎င်းသည် ကြာခုံတစ်ခု မဟုတ်ဘဲ ၎င်း၏ အထွတ်အထိပ်အထိ ကြီးပြင်းလာခဲ့ပြီဖြစ်သော အဆင့် ၁၂ အနီရောင်ကြာပန်းတစ်ခုဖြစ်သည်။

ဒါ့အပြင် သိုင်းတာအိုပင်မခန္ဓာက အနီရောင်ကြာပန်းကို တွေ့မြင်သည့်ခဏမှာပင် ဆူဇီမိုသည် ဧကရာဇ်နယ်ပယ်ကို သူဝင်ရောက်ပြီးနောက် သူ၏ မှတ်ဉာဏ်များထဲမှာ ပေါ်ထွက်လာခဲ့သည့် အလင်းရောင်လေးခုကို ပြန်လည်အမှတ်ရသွား၏။

သူတို့ထဲမှ အစိမ်းရောင်အလင်းသည် လက်ရှိဖန်တီးခြင်းအစိမ်းရောင်ကြာပန်းဖြစ်သည်။

အနီရောင်အလင်းကတော့ ၎င်းသည် သူ့ရှေ့မှ ကြမ္မာမီး အနီရောင်ကြာပန်း ဖြစ်ရပေမည်။

သိုင်းတာအိုပင်မခန္ဓာသည် ငရဲသို့ ဆင်းသက်ပြီး ကြမ္မာမီးကို ထုတ်ဖော်ခဲ့စဉ်က ကြမ္မာမီး၏ စွမ်းအားသည် မြင့်တက်လာခဲ့၏။ ၎င်းသည် ဤကြမ္မာမီး အနီရောင်ကြာပန်းကြောင့် ဖြစ်ရပေမည်။

သူ့ကို ပို၍ပင် အားသင့်သွားစေသည့်အရာမှာ ကြမ္မာမီး အနီရောင်ကြာပန်းက အဆင့် ၁၂ မှာ ရှိနေခြင်းဖြစ်သည်။

သူ၏ ဖန်တီးခြင်းကြာပဒုမ္မာသည် အဆင့် ၁၂ ၏ အထွတ်အထိပ်အထိ ကြီးပြင်းလာဖို့အတွက် မရေမတွက်နိုင်သော အခက်အခဲများကို ဖြတ်ကျော်ခဲ့ရသည်။

ကြမ္မာမီး အနီရောင်ကြာပန်းကတော့ ၎င်းသည် တမလွန်သွေးပင်လယ်မှာ ဆင်းသက်လာပြီးနောက် သေဆုံးမသွားရုံသာမက ၎င်း၏ အထွတ်အထိပ်အထိပင် ကြီးပြင်းလာခဲ့ပြီဖြစ်၏။

အနီရောင်ကြာပန်းကြမ္မာမီး၏ ကြီးပြင်းလာမှုသည် သွေးပင်လယ်၏ အနက်ပိုင်းထဲရှိ အနက်ရောင်ဝတ်အမျိုးသားနှင့် မည်မျှပတ်သက်နေသည်ကို ဆူဇီမို မသိရှိပေ။

ဒါ့အပြင် ကြမ္မာမီးအနီရောင်ကြာပန်းသည် တမလွန်သွေးပင်လယ်ထဲမှာ ကြီးပြင်းလာပြီး ၎င်းကို အနက်ရောင်ဝတ်အမျိုးသား၏ ပိုင်နက်နယ်မြေထဲမှာ ရှိနေသည်ဟု ဆိုနိုင်သည်။

ထို့ကြောင့် ပြီးခဲ့သည့် နှစ်ခြောက်သောင်းအတွင်း ဆူဇီမိုသည် ကြမ္မာမီးအနီရောင်ကြာပန်းကို မထိခဲ့ပေ။ သိုင်းတာအိုပင်မခန္ဓာကသာ အနီရောင်ကြာပန်းကြမ္မာမီး၏ စွမ်းအားကို မြှင့်တင်ရန် ၎င်း၏ ဘေးမှာ ကျင့်ကြံနေခဲ့၏။

ယခု သူက တက်လှမ်းတော့မည်ဖြစ်သော်လည်း မဟာကမ္ဘာတစ်ထောင်လောကနှင့် ပတ်သက်၍ ဘာမှမသိရှိရပေ။

ဆူဇီမိုသည် ကြမ္မာမီးအနီရောင်ကြာပန်းကို ကြိုးစားခူးယူကြည့်ဖို့ ပြင်ဆင်ထား၏။

သူသည် ထျန်ဟွမ်ကုန်းမြေတိုင်းမှ တက်လှမ်းလာစဉ်တုန်းကလို အဖြစ်အပျက်မျိုးနှင့် ထပ်မံမကြုံတွေ့ချင်ပေ။

သူသည် ပြင်ဆင်စရာ ရှိသည်များကို တတ်နိုင်သမျှ ပြင်ဆင်ထားရပေမည်။

သူသည် ဤကြမ္မာမီးအနီရောင်ကြာပန်းကို ရယူနိုင်မည်ဆိုလျှင် ၎င်းသည် သူ့ကို အလွန်တရာ သိသာထင်ရှားသော တိုးတက်မှုတစ်ခု သေချာပေါက် ထောက်ပံ့ပေးပေလိမ့်မည်။

ဆူဇီမိုသည် အဆိုးရွားဆုံးရလဒ်အတွက် ပြင်ဆင်ထားပြီးပြီဖြစ်၏။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် အန္တရာယ်ကို စွန့်စားလိုဆဲဖြစ်၏။

ကြမ္မာမီးအနီရောင်ကြာပန်းနှင့် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းကြားမှာ ခွဲခြားမရသော ချိတ်ဆက်မှုတစ်ခု ရှိနေသည်မှာ သိသာနေ၏။

ဤကြမ္မာမီးအနီရောင်ကြာပန်းကို ရရှိပြီးနောက် သူ၏ ခွန်အားက မြင့်တက်လာမည်သာမက သူသည် သူ၏ ပြတ်တောင်းပြတ်တောင်း မှတ်ဉာဏ်တချို့ကိုပင် ပြီးပြည့်စုံနိုင်လောက်လေသည်။

အစစ်အမှန်ခန္ဓာနှစ်ခုက စိတ်ချင်းဆက်နေကြ၏။

သိုင်းတာအိုပင်မခန္ဓာသည် မတ်တတ်ထရပ်ပြီး အပျက်စီးနယ်မြေကနေ ထွက်ခွာကာ တမလွန်သွေးမြစ်ရှိရာသို့ ဦးတည်လိုက်၏။ သူသည် ဦးတည်ချက်မဲ့စွာဖြင့် ပေါ့ပေါ့ပါးပါး လှည့်ပတ်သွားလာနေသည်ဟု ထင်ရသော်လည်း တကယ်တမ်းမှာတော့ သူသည် ကြမ္မာမီးအနီရောင်ကြာပန်းအနားကို ဖြည်းဖြည်းချင်း ချဉ်းကပ်နေခြင်းဖြစ်၏။

ဤနှစ်များအားလုံးမှာ ဤနေရာကနေ ထွက်ခွာဖို့အတွက် သိုင်းတာအိုပင်မခန္ဓာသည် တမလွန်သွေးပင်လယ်မှာ လှည့်ပတ်သွားလာပြီး ထွက်လမ်းတစ်ခုကို ရှာဖွေနေခဲ့၏။

ဤတစ်ခေါက် သိုင်းတာအိုပင်မခန္ဓာ၏ လှည့်ပတ်သွားလာမှုသည် မူမမှန်ဖြစ်နေသည်ဟု မဆိုနိုင်ပေ။

ဆူဇီမိုကလည်း တမလွန်သွေးပင်လယ်အနားသို့ ချဉ်းကပ်လာနေ၏။

သိုင်းတာအိုပင်မခန္ဓာသည် ကြမ္မာမီးအနီရောင်ကြာပန်းကို ရယူပြီး ၎င်းကို တမလွန်သွေးပင်လယ်၏ အပြင်ဘက်သို့ ပစ်ထုတ်ပေးနိုင်သည်နှင့်အမျှ အနက်ရောင်ဝတ်အမျိုးသားက အဲ့ဒါကို အာရုံခံမိမည်ဆိုလျှင်တောင် သူက ဘာမှပြုလုပ်နိုင်မည်မဟုတ်ပေ။ အလွန်ဆုံး သူသည် သိုင်းတာအိုပင်မခန္ဓာအပေါ် သူ၏ အမျက်ဒေါသများ ပုံချရုံသာ ရှိပေလိမ့်မည်။

“မင်း... ထွက်သွားမလို့လား”

သိုင်းတာအိုပင်မခန္ဓာက တမလွန်သွေးပင်လယ်နားမှာ လှည့်ပတ်သွားလာနေစဉ် အနက်ရောင်ဝတ်အမျိုးသား၏ ခြောက်သွေ့အက်ကွဲနေသောအသံက နောက်တစ်ဖန် ထွက်ပေါ်လာ၏။

သိုင်းတာအိုပင်မခန္ဓာက ခဏမျှ အေးခဲတောင့်တင်းသွား၏။

သူ မတုံ့ပြန်နိုင်ခင် အနက်ရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်သည်။

“မင်းက အနီရောင်ကြာပန်းကို ခူးယူချင်တယ်ဆိုရင်လည်း မြန်မြန်လုပ်လေ... ဘာတွေ ဝေ့ဝိုက်နေတာလဲ”

ဆူဇီမို၏ အတွေးများကို တစ်ဖက်သူထံကနေ ဖုံးကွယ်မထားနိုင်ပေ။

All Chapters