← Chapters

တာအိုနယ်ပယ်လေးခု

Vol. 214 Ch. 3240

တာအိုနယ်ပယ်လေးခု

Vol. 214 Ch. 3240

အနက်ရောင်ဝတ်အမျိုးသားသည် ဆူဇီမို၏ အတွေးများကို ခန့်မှန်းမိရုံသာမက ဆူဇီမိုက ကြမ္မာမီးအနီရောင်ကြာပန်းကို ခူးယူသွားမည်ဆိုလျှင်တောင် သူက ဂရုမစိုက်မည့်ပုံရှိလေသည်။

ထိုသို့ဆိုလျှင်တောင် ဆူဇီမိုသည် တမလွန်သွေးပင်လယ်ထဲသို့ ဝင်ရောက်လာခြင်းမရှိပေ။ သိုင်းတာအိုပင်မခန္ဓာကသာ ကြမ္မာမီးအနီရောင်ကြာပန်းကို ခူးယူပြီး ပစ်ထုတ်ပေးလိုက်၏။

သူက ကြမ္မာမီးအနီရောင်ကြာပန်းကို လက်ခံရရှိသည့်ခဏမှာပင် ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းက တူညီသော ရင်းမြစ်ကနေလာသည်ကို သူကရှင်းရှင်းလင်းလင်အာရုံခံမိလိုက်သည်။

ကြာပန်းနှစ်ခုကို လုံးလုံးလျားလျားမတူညီသောစွမ်းအားများကနေ ပြုစုပျိုးထောင်ပေးထား၏။

သို့သော်လည်း ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းနှင့် ကြမ္မာမီးအနီရောင်ကြာပန်းသည် တစ်ခုကိုတစ်ခု ငြင်းဆန်ခြင်းမရှိဘဲ အလွန်တရာရင်းနှီးမှုရှိနေ၏။ ဆူဇီမိုက သူတို့ကို တကူးတကထိန်းချုပ်နေစရာမလိုဘဲ ကြမ္မာမီးအနီရောင်ကြာပန်းက သူ၏ ခန္ဓာကိုယ်ထဲသို့ ဝင်ရောက်ပေါင်းစည်းဖို့ ကြိုးစားနေလေသည်။

တမလွန်ဘုံသွေးပင်လယ်၏ အပြင်ဘက်မှာ။

ဆူဇီမိုသည် ကြမ္မာမီးအနီရောင်ကြာပန်းပေါ်မှာ ခြေချိတ်ထိုင်နေ၏။ ဒေါသူပုန်ထနေသောမီးတောက်များက ချက်ချင်းပင် ပျံ့နှံ့ပြီး သူ၏ ခန္ဓာကိုယ်တစ်ခုလုံးကို လွှမ်းခြုံသွားလေသည်။

မီးတောက်များသည် သူ၏ ချွေးပေါက်များကနေတစ်ဆင့် သူ၏ ခန္ဓာကိုယ်ထဲသို့ တိုးဝင်လာပြီး နောက်ထပ်စွမ်းအားတစ်မျိုးက သူ၏ မျိုးဆက်သွေးထဲမှာ စီးဆင်းလာ၏။ ၎င်းသည် ပူပြင်းတောက်လောင်ပြီး ပြင်းထန်ကြမ်းတမ်းကာ အရာရာတိုင်းကို လောင်ကျွမ်းပစ်ချင်နေ၏။

ကြမ္မာမီးက ကမ္မကို လောင်ကျွမ်းစေပြီး ခန္ဓာကိုယ်ကို ပြန်လည်ပုံသွင်းကာ မျိုးဆက်သွေးကို မီးဆေးပေးနေ၏။

ကြမ္မာမီးအနီရောင်ကြာပန်း၏ ပွင့်ချပ်များက တဖြည်းဖြည်းညှိုးခြောက်သွား၏။

ဆူဇီမို၏ ဖြူဖွေးနုနယ်သောအရေပြားပေါ်မှာ နတ်ဆိုးဆန်၍ လှပသော အနီရောင်ကြာပန်းအကွက်အပြောက်များက တစ်ခုပြီးတစ်ခုပေါ်ထွက်လာ၏။ သူတို့သည် ပိုမိုရှင်းလင်းလာပြီး သူ့ခန္ဓာကိုယ်ထဲရှိစွမ်းအားက အဆက်မပြတ်စုစည်းမိလာ၏။

ဆူဇီမိုသည် ကြမ္မာမီးအနီရောင်ကြာပန်းကို စုပ်ယူပြီးနောက် သူ၏ ကိုယ်ကာယနှင့် မျိုဆက်သွေးက နောက်တစ်ဖန်အသွင်ပြောင်းလဲသွား၏။

ဤသည်မှာ ရင့်သန်နေသော အဆင့်-၁၂ ကြမ္မာမီးအနီရောင်ကြာပန်းဖြစ်ပြီး ဆူဇီမိုပေါ် ဆောင်ကျဉ်းပေးလာသည့် ၎င်း၏ တိုးတက်မှုက စဉ်းစားကြည့်၍မရနိုင်အောင်ပင်။

သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ရှိနေပြီး ကောင်းကင်နှင့်မြေကြီးနိယာမများ၏ ဖိနှိမ်ခံထားရခြင်းကြောင့်မဟုတ်လျှင် သူက အဆင့်ချိုးဖျက်တက်လှမ်းသွားမည်ကို ရှင်းရှင်းလင်းလင်း အာရုံခံမိနိုင်၏။

အနက်ရောင်ဝတ်အမျိုးသားက စကားစတင်ပြောဆိုသည်မှာ ရှားရှားပါးပါးဖြစ်၏။ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ တမလွန်သွေးပင်လယ်အပြင်ဘက်တွင် ကျင့်ကြံနေသည်ကို သိုင်းတာအိုပင်မခန္ဓာက တွေ့မြင်သောအခါ သူက တစ်ဘက်သို့လှည့်ပြီး အပျက်အစီးနယ်မြေသို့ ပြန်လည်ရောက်ရှိလာကာ အကဲစမ်းမေးမြန်းလိုက်၏။

“စီနီယာ… ခင်ဗျားက ဒီကြမ္မာမီးအနီရောင်ကြာပန်းရဲ့ မူလဇာစ်မြစ်ကို သိရှိထားတဲ့ပုံပဲ”

အနက်ရောင်ဝတ်အမျိုးသားကလည်း မဟာကမ္ဘာတစ်ထောင်လောကကနေ လာခြင်းဖြစ်လောက်သည်။

သူသည် မတက်လှမ်းခင် မဟာကမ္ဘာတစ်ထောင်လောကနှင့်ပတ်သက်၍ နားလည်မှုတချို့ရှိထားမည်ဆိုလျှင် ဆူဇီမိုက ပြင်ဆင်စရာရှိသည်များကို ပြင်ဆင်ထားနိုင်မည်ဖြစ်သည်။

“ကောင်းကင်နှင့်မြေကြီးဆိုပြီး ကွဲထွက်မသွားခင်က ကမ္ဘာတစ်ထောင်သုံးဆင့်လောကရယ်၊ ယင်နဲ့ယန်ရယ်၊ လေဟာနယ်နဲ့ အချိန်ရယ်လို့ မရှိကြဘူး… ယုတ်စွအဆုံး ဘယ်သက်ရှိမှမရှိခဲ့ဘူး… လောကက ကစဉ့်ကလျားအလုံးတစ်လုံးပဲ”

“မသိလိုက်မသိဘာသာအချိန်တစ်ခုကြာပြီးတဲ့နောက် ကစဉ့်ကလျားထဲမှာ အသက်ဓာတ်တစ်ခုမွေးဖွားလာခဲ့တယ်… အဲဒါက ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းပဲ”

အနက်ရောင်ဝတ်အမျိုးသား၏ လေသံက ခြောက်သွေ့အက်ကွဲနေ၏။ ဆူဇီမိုသည် သူ့အသံကနေ တစ်ဆင့် အချိန်မြစ်ထဲသို့ ငေးငိုင်စွာဝင်ရောက်သွားပုံရပြီး အချိန်စီးကြောင်းကိုဆန်တက်ကာ သူသည် စကြဝဠာ၏ ကနဦးအစနှင့် ရှေးအကျဆုံးခေတ်ကာလကို ပြန်လည်ရောက်ရှိသွားလေသည်။

“ဒါပေမဲ့ နောက်ပိုင်း… မဟာကမ္ဘာတစ်ထောင်လောကမှာ ကြီးမားတဲ့ ဝရုန်းသုန်းကားအခြေအနေတစ်ခုဖြစ်ပွားပြီး ကစဉ့်ကလျားအစိမ်းရောင်ကြာပန်းက ကြေမွပျက်စီးသွားတယ်… အဲဒါက ကြာစေ့လေးစေ့အဖြစ် ကွဲထွက်ပြီး တစ်နေရာစီပြန့်ကျဲသွားတယ်”

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်မှတ်ဉာဏ်များထဲမှ အစိမ်းရောင်၊ အနီရောင်၊ ရွှေရောင်နှင့် အနက်ရောင်ဟူသော အလင်းလေးခုကို သိုင်းတာအိုပင်မခန္ဓာက ပြန်လည်အမှတ်ရသွား၏။

ဖန်တီးခြင်းကြာပဒုမ္မာနှင့်ပတ်သက်သည့် ဒဏ္ဍာရီများစွာရှိပြီး ၎င်းက လောကမှာ တစ်ခုတည်းသာရှိသည်ဟု ကျော်ကြားလေသည်။

ဖန်တီးခြင်းကြာပဒုမ္မာမှာ ဤကဲ့သို့စွမ်းအားကြီးမားသောနောက်ခံတစ်ခုရှိနေမည်ဟု သူထင်မှတ်မထားခဲ့ပေ။

အထွတ်အမြတ်တောကောင်လေးကောင်၏ မျိုးဆက်သွေးများကပင် ဖန်တီးခြင်းကြာပဒုမ္မာကို မဖိနှိမ်နိုင်သည်မှာ အံ့ဩစရာမရှိတော့ပေ။

အနက်ရောင်ဝတ်အမျိုးသားက ဆက်ပြောလိုက်သည်။

“သူတို့ထဲမှာ ဖန်တီးခြင်းအစိမ်းရောင်ကြာပန်းက အောက်ဘုံလောကကို ဆင်းသက်သွားခဲ့တယ်… အဲဒါက အဆင့်ဆင့်လက်ပြောင်းပြီးတဲ့နောက် နောက်ဆုံးမင်းဆီကို ရောက်သွားတာပဲ… ကြမ္မာမီးအနီရောင်ကြာပန်းကတော့ ဒီတမလွန်သွေးပင်လယ်ထဲကိုကျဆင်းပြီး အဆင့်-၁၂ ထိ ကြီးပြင်းလာခဲ့တာပဲ”

“ကျန်တဲ့နှစ်ခုကတော့ ကုသိုလ်ရွှေကြာပန်းနဲ့ ကမ္ဘာပျက်အနက်ရောင်ကြာပန်းပဲ… သူတို့တွေက မဟာကမ္ဘာတစ်ထောင်လောကမှာ ရှိနေဦးမယ်… ဒါပေမဲ့ နေရာအတိအကျကိုတာ့ ငါလည်းမသိဘူး”

ကုသိုလ်ရွှေကြာပန်း…

ကမ္ဘာပျက်အနက်ရောင်ကြာပန်း…

ထိုကြာပန်းနှစ်ခုသည် အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာ၏ မျိုးဆက်မှတ်ဉာဏ်များထဲမှ အနက်ရောင်အလင်းနှင့်ရွှေရောင်အလင်းကို ကိုယ်စားပြုပေးလေသည်။

အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။

“မင်းက မဟာကမ္ဘာတစ်ထောင်လောကကို တက်လှမ်းသွားပြီးတဲ့နောက် မင်းက ကျန်ရှိနေတဲ့ကြာပန်းနှစ်ခုကို ရှာနိုင်ပြီး သူတို့ကို ပေါင်းစည်းသန့်စင်နိုင်မယ်ဆိုရင် မင်းက ကစဉ့်ကလျားတာအိုခန္ဓာကို ကျင့်ကြံလာနိုင်ခွင့်ရှိတယ်… အဲဒါက မင်းရဲ့ကျင့်ကြံမှုအတွက် ကြီးမားတဲ့အထောက်အကူဖြစ်စေလိမ့်မယ်”

အတွေးတချို့အပြီးမှာ သိုင်းတာအိုပင်မခန္ဓာက ထပ်မေးလိုက်၏။

“မဟာဧကရာဇ်နယ်ပယ်ပြီးရင် ဘာတွေဆက်လာလဲ”

“မဟာဧကရာဇ်ဆိုတာ တက်လှမ်းရာလမ်းကြောင်းကို ကောင်းကင်ဘုံကိုးလွှာက ချိပ်ပိတ်ပြီးတဲ့နောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ပေါ်ထွက်လာတဲ့ ထူးခြားတဲ့ ဘွဲ့အမည်တစ်ခုပဲ”

အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။

“မဟာဧကရာဇ်နယ်ပယ်ဆိုတာကို မဟာကမ္ဘာတစ်ထောင်လောကမှာတော့ တာအိုပြယုဂ်နယ်ပယ်လို့ခေါ်တယ်… သူ့ရဲ့ဘွဲ့အမည်ကတော့ သာလွန်သူပဲ”

“အဲဒီနယ်ပယ်မှာဆိုရင် လူတစ်ယောက်က တာအိုရဲ့အဆင့်နဲ့ ထိတွေ့မိလိမ့်မယ်… အဲဒါကြောင့်ပဲ လူတစ်ယောက်က တာအိုကို အောင်မြင်ရရှိပြီးရင် အထွတ်အထိပ်မှာ ကြီးစိုးလာမယ်ဆိုတဲ့ ဆိုရိုးစကားထွက်ပေါ်လာတာပဲ”

“တာအိုပြယုဂ်နယ်ပယ်…”

သိုင်းတာအိုပင်မခန္ဓာက တီးတိုးရေရွတ်လိုက်၏။

အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်သည်။

“တာအိုပြယုဂ်နယ်ပယ်မှာ စုစုပေါင်း အသွင်ပြောင်းလဲမှုသုံးခုရှိတယ်… အဲဒါက လောကအသွင်ပြောင်းလဲခြင်း၊ အသွေးအသားအသွင်ပြောင်းလဲခြင်းနဲ့ အမြုတေစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းပဲ… အသွင်ပြောင်းလဲမှုတစ်ခုချင်းစီမှာ မင်းရဲ့တိုက်ခိုက်ရည်ခွန်အားက ကြီးမားစွာမြင့်တက်လာလိမ့်မယ်”

သိုင်းတာအိုပင်မခန္ဓာက အသိအမှတ်ပြုခေါင်းညိတ်လိုက်၏။

အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် တာအိုအမှတ်အသားတစ်ခုကို စုဖွဲ့ပြီးနောက် ဆင့်ကဲပြောင်းလဲလာသောလောက၏ အသွင်ပြောင်းလဲမှုတစ်ခုကို တကယ်ပဲ ဖြတ်ကျော်ခဲ့သည်။

သို့သော်လည်း သူသည် ထိုအပြောင်းအလဲအပြီးမှာ အသွေးအသားအသွင်ပြောင်းလဲခြင်းနှင့် အမြုတေစိတ်ဝိညာဉ်အသွင်ပြောင်းလဲခြင်းကို ဘယ်တုန်းကမှ မကြုံတွေ့ခဲ့ရပေ။

တစ်နည်းအားဖြင့်ဆိုသော အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ ကောင်ကင်နှင့်မြေကြီးနိယာမများ၏ ကန့်သတ်မှုအောက်မှာ အလွန်ဆုံးရောက်ရှိနိုင်သည့် နယ်ပယ်အကန့်အသတ်က တာအိုပြယုဂ်နယ်ပယ်၏ လောကအသွင်းပြောင်းလဲခြင်းသာဖြစ်ရပေမည်။

အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။

“တာအိုပြယုဂ်နယ်ပယ်ပြီးရင် တာအိုသုံးသပ်မှုနယ်ပယ်လာတယ်.. သူ့ရဲ့ဘွဲ့ကတော့ ကောင်းကင်ဘုံသာလွန်သူပဲ.. အဲဒါရဲ့အထက်မှာတော့ တာအိုကြီးစိုးမှုနယ်ပယ်ရှိတယ်… သူ့ရဲ့ဘွဲ့ကတော့ တာအိုသာလွန်သူပဲ”

“အဲဒီနယ်ပယ်သုံးခုကို တာအိုနယ်ပယ်သုံးခုလို့ခေါ်တယ်”

ရုတ်တရက်သိုင်းတာအိုပင်မခန္ဓာက မေးလိုက်၏။

“ဗြဟ္မာတစ္ဆေမိခင်က ကောင်းကင်ဘုံသာလွန်သူလား… ဒါမှမဟုတ် တာအိုသာလွန်သူလား”

“သူလား…”

အနက်ရောင်ဝတ်အမျိုးသားက ရယ်မောလိုက်၏။

“သူက တာအိုသာလွန်သူရဲ့အထက်မှာ.. သူ့ရဲ့ကျင့်ကြံမှုနယ်ပယ်က သူတော်စင်နယ်ပယ်ပဲ”

“တာအိုကိုပေါင်းစည်းပြီးတဲ့နောက် သူတော်စင်ဘဝကို အောင်မြင်ရရှိလာမယ်လို့ဆိုတယ်… သူတို့တွေမှာ အဆုံးမဲ့ဘဝသက်တမ်းရှိပြီး ထာဝရအသက်ကိုရရှိနိုင်တယ်”

သိုင်းတာအိုပင်မခန္ဓာက သူ၏ မျက်လုံးကို မှေးကျဉ်းပြီး အနက်ရောင်ဝတ်အမျိုးသားပြောသည့် သတင်းအချက်အလက်များကို တိတ်တဆိတ်ချေဖျက်ရယူနေ၏။

မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် အခြားသူများ၏ ကျင့်ကြံမှုနယ်ပယ်များက မဟာဧကရာဇ်များထက် များစွာသာလွန်လောက်သည်ကို သူက အာရုံခံမိခဲ့ပြီးသားဖြစ်၏။ ကွာဟချက်က ဤမျှထိ ကြီးမားလွန်းနေသည်ကို သူက ယခုအခါမှသာ သိရှိလိုက်ရသည်။

ထိုသို့ဆိုလျှင် သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းပြီးနောက် ဗြဟ္မာတစ္ဆေမိခင်ကို လက်စားချေလိုသည်ဆိုလျှင် သူက အတိုင်းအရှည်ကို ထည့်သွင်းစဉ်းစားရပေတော့မည်။

သူ့ကျင့်ကြံမှု၏ ဤအဆင့်ထိ သူသည် ထာဝရအသက်ဓာတ်၏ လျှို့ဝှက်ချက်နှင့် ပထမဆုံးအကြိမ် ထိတွေ့မိခြင်းဖြစ်၏။

သိုင်းတာအိုပင်မခန္ဓာက ခဏမျှနှုတ်ဆိတ်ပြီးနောက် မေးလိုက်၏။

“ကျုပ်က ဒီတမလွန်သွေးပင်လယ်ထဲကနေ ထွက်ခွာပြီး မဟာကမ္ဘာတစ်ထောင်လောကရဲ့ ပစ်မှတ်ထားခြင်ကနေ လွတ်မြောက်ချင်တယ်ဆိုရင် ဘယ်နယ်ပယ်ထိ ကျင့်ကြံရမှာလဲ… တာအိုကြီးစိုးမှုနယ်ပယ်လား… သူတော်စင်နယ်ပယ်လား”

“ဟီးဟီးဟီး…”

အနက်ရောင်ဝတ်အမျိုသားက နောက်တစ်ဖန်ရယ်မောလိုက်၏။ သူ၏ ရယ်သံက ဇီးကွက်တစ်ကောင်အော်နေသည်နှင့်တူနေ၏။

သူသည် သိုင်းတာအိုပင်မခန္ဓာ၏ မေးခွန်းကို မဖြေပေ။ ထိုအစား သူက ဘေးပတ်လည်မှာရှိသော တမလွန်ဘုံသွေးပင်လယ်ကို လက်ညှိုးထိုးပြီး မေးလိုက်၏။

“ဒီသွေးပင်လယ်က ဘယ်လိုဖြစ်ပေါ်လာလဲ.. နှစ်ပေါင်းဘီလီယံချီကြာတာတောင် အဲဒါက ဘာ့ကြောင့် ခန်းခြောက်မသွားသလဲ မင်းသိလား”

သိုင်းတာအိုပင်မခန္ဓာက ခေါင်းခါပြလိုက်၏။

တမလွန်သွေးပင်လယ်မှာ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခု ပါဝင်နေသည်။

အရင်တုန်းက ထိုသွေးတစ်စက်မျှသည် နတ်ဘုရားအပြစ်ဒဏ်၏ စွမ်းအားထက်ဝက်ကျော်ကို ဖြေရှင်းပေးနိုင်ခဲ့၏။

မဟာကမ္ဘာတစ်ထောင်လောက၏ သတ်ဖြတ်ခြင်းစိတ်ဆန္ဒကိုလည်း ဤတမလွန်သွေးပင်လယ်ထဲမှာသာ ရှောင်လွှဲနိုင်လေသည်။

အနက်ရောင်ဝတ်အမျိုးသားက ပြောလိုက်၏။

“တမလွန်သွေးပင်လယ်ထဲမှာရှိတဲ့ သွေးတစ်စက်ချင်းစီက သူတော်စင်တွေရဲ့သွေးပဲ”

ဟာ…

သိုင်းတာအိုပင်မခန္ဓာက ရင်တစ််ချက်ထိတ်သွား၏။ သူက သူ၏ ခြေဖဝါးအောက်ရှိ အပျက်အစီးပုံများကို ကြည့်ပြီး အလိုလိုမေးလိုက်၏။

“ဒီအပျက်အစီးပုံမှာရှိတဲ့အလောင်းတွေက…”

“သူတို့တွေအားလုံးက သူတော်စင်တွေရဲ့အလောင်းတွေပဲ”

အနက်ရောင်ဝတ်အမျိုးသား၏ အသံက တည်ငြိမ်နေ၏၊

သိုင်းတာအိုပင်မခန္ဓာသည် အသက်ပြင်းပြင်းတစ်ချက်ရှိုက်လိုက်၏။ သူ၏ စိတ်က ဗြောင်းဆန်နေပြီး အတန်ကြာသည့်အထိ မငြိမ်သက်စေနိုင်ပေ။

အဆုံးမဲ့ဘဝသက်တမ်းရှိပြီး ထာဝရအသက်ကို ပိုင်ဆိုင်ထားသည်ဟူသော ဒဏ္ဍာရီလာ သူတော်စင်များက ဤနေရာမှာ မြှုပ်နှံခံထားရလေသည်။

သူတော်စင်များ၏ သေဆုံးမှုမှာ ဘာတွေဖြစ်ခဲ့တာလဲ။

နှစ်ပေါင်းဘီလီယံချီကြာသည့်အထိ မခန်းခြောက်သော ဤအဆုံးမဲ့သွေးပင်လယ်ကို ဖြစ်ပေါ်လာစေဖို့ သူတော်စင်ဘယ်လောက်များများသေဆုံးခဲ့ပြီး သွေးတွေဘယ်လောက်များများစီးဆင်းနေခဲ့တာလဲ။

သူတော်စင်တစ်ပါးကို ဘယ်သူက သတ်ဖြတ်နိုင်တာလဲ။

ချက်ချင်းပင် သိုင်းတာအိုပင်မခန္ဓာ၏ စိတ်ထဲမှာ မေးခွန်းပေါင်းများစွာပေါ်ထွက်လာ၏။

“သူတော်စင်တွေမှာ အဆုံးမဲ့ဘဝသက်တမ်းနဲ့ ထာဝရအသက်ရှိတယ်ဆို… သူတို့က ဘယ်လိုသေရတာလဲ”

သိုင်းတာအိုပင်မခန္ဓာက မယုံကြည်နိုင်ဖြစ်နေသေးပြီး မျက်မှောင်ကြုတ်ကာမေးလိုက်၏။

မည်သို့ပင်ဆိုစေ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်၊ ဗြဟ္မာတစ္ဆေမိခင်နှင့် အခြားသူများသည် ပြီးခဲ့သည့် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအတော်များများမှာ သေဆုံးခဲ့ကြသော်လည်း သူတို့က အမြဲတမ်းပြန်လည်ရှင်သန်လာခဲ့၏။

“ထာဝရအသက်ဆိုတာ သူတို့တွေက ဘယ်တော့မှမသေနိုင်ဘူးလို့ ဆိုလိုတာမဟုတ်ဘူး”

အနက်ရောင်ဝတ်အမျိုးသားက ထပ်မံ၍ ရှင်းပြလိုပုံမရဘဲ မှင်သေသေဖြင့်သာ ပြန်ဖြေလိုက်၏။

All Chapters