တဗူးနည်းစနစ် လေးခု
Vol. 214 Ch. 3221
ဆူဇီမိုသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်လာပြီးနောက် သူ၏ ဘဝသက်တမ်းက ဆပွားမြင့်တက်လာခဲ့သည်။
သာမန်ကောင်းကင်လိုဏ်ဂူဘုရင်များမှာ ဘဝသက်တမ်း နှစ်တစ်သန်း ရှိလေသည်။ သာမန်ဧကရာဇ်ပညာရှင်များ၏ ဘဝသက်တမ်းက နှစ်ဆယ်သန်းခန့် ဖြစ်သည်။
ဆူဇီမိုကတော့ သူသည် ကောင်းကင်လိုဏ်ဂူငါးခုကို စုဖွဲ့ပြီး ဘဝသက်တမ်း နှစ်ငါးသန်းကို ရရှိထားခဲ့သည်။
ကောင်းကင်လိုဏ်ဂူများကို ပေါင်းစည်းပြီး ကစဉ့်ကလျားလောကအဖြစ် အသွင်ပြောင်းလဲပြီးနောက် သူ၏ ဘဝသက်တမ်းက ကြေက်ခမန်းလိလိ နှစ်သန်း ၅၀အထိ ဆယ်ဆမြင့်တက်လာခဲ့၏။
ဤကဲ့သို့ ရှည်လျားသော ဘဝသက်တမ်းတစ်ခုကြောင့် ဆူဇီမိုသည် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကို အချိန်ကြာမြင့်စွာ ထုတ်ဖော်လာနိုင်၏။
အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းသည် အသက်တစ်ရှိုက်စာမှာ ဘဝသက်တမ်း နှစ်တစ်သောင်းကို ကုန်ဆုံးစေသည်ဆိုလျှင်တောင် ဆူဇီမိုသည် သူ၏အထွတ်အထိပ်အခြေအနေကို အချိန်ကြာမြင့်စွာ ထိန်းထားနိုင်မည် ဖြစ်သည်။
ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီး အတိတ်နှင့်ပစ္စုပ္ပန်နှင့် တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီးနောက် ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် ကျင့်ကြံမှုနယ်ပယ်အဟန့်အတားကို လုံးလုံးလျားလျား ချိုးဖျက်ပြီး မဟာဧကရာဇ်တစ်ပါး၏ အဆင့်ကို ရောက်ရှိလာသည်။
တိုက်ပွဲမှာ ဖုန့်တူသည် သူ၏ အမြုတေစိတ်ဝိညာဉ်လျှို့ဝှက်အတတ်ကို နောက်တစ်ဖန် ထုတ်ဖော်ပြီး အမြုတေစိတ်ဝိညာဉ်ကျိန်စာတစ်ခုနှင့်အတူ ဆူဇီမိုကို ပစ်မှတ်ထားလိုက်၏။ သို့သော်လည်း ဆူဇီမိုသည် မဟာဧကရာဇ်အဆင့် အမြုတေစိတ်ဝိညာဉ်နှင့်အတူ သူတို့ကို တစ်ခုပြီးတစ်ခု ချေဖျက်လိုက်၏။
ယခု ဆူဇီမိုသည် ဤအဆင့်မှာ ရောက်ရှိလာပြီး ဖုန့်တူက သူ့အတွက် ခြိမ်းခြောက်မှုတစ်ခု မဟုတ်တော့ပေ။
ကစဉ့်ကလျားလောကပေါ် ဖုန့်တူ၏ တမလွန်လောကဖြင့် ရိုက်ခတ်မှုက အကန့်အသတ် ရှိနေ၏။
အစစ်အမှန် ဖိအားသည် ကြောက်စရာကောင်းသော ငရဲအရှင်၏ စွမ်းအားကနေ လာခြင်းဖြစ်သည်။
ဆူဇီမို၏ ကစဉ့်ကလျားလောကသည် ငရဲအရှင်၏ ဖိနှိမ်မှုအောက်မှာ ဆက်လက်၍ တောင့်မခံနိုင်တော့ဘဲ လဲပြိုကျတော့မည်ဆဲဆဲဖြစ်သည်။
သူသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ဆပွားမြင့်တက်လာခဲ့သည်ဆိုလျှင်တောင် သူသည် အစစ်အမှန် မဟာဧကရာဇ်တစ်ပါးနှင့် မတိုက်ခိုက်နိုင်သေးပေ။
ဧကရာဇ်နယ်ပယ်နှင့် မဟာဧကရာဇ်နယ်ပယ်ကြား ခွန်အားကွာဟချက်က တကယ့်ကို ကြီးမားလွန်းနေ၏။
အရင်တုန်းက စွမ်းအားကြီးမားသော သိုင်းတာအိုပင်မခန္ဓာသည်ပင် သူ၏ အမြုတေသိုင်းလောကကို မထုတ်ဖော်ခဲ့စဉ်က ပေါ်ထွန်းမှုကောင်းကင်ဘုံအရှင်နှင့် ဖုန့်တူ၏ ပူးပေါင်းတိုက်ခိုက်မှုမှာ ဒဏ်ရာအပြင်းအထန် ရရှိခဲ့၏။
သူက ဆက်လက်၍ တိုက်ခိုက်မည်ဆိုလျှင် သူ၏ ဘဝသက်တမ်း မကုန်ဆုံးခင် ကစဉ့်ကလျားလောကက လဲပြိုကျသွားပေလိမ့်မည်။
ငရဲအရှင်သည် ရလဒ်က ဆုံးဖြတ်ပြီးသွားပြီကို တွေ့မြင်သောအခါ သူက ပိုမိုပြင်းထန်ကြမ်းတမ်းစွာ တိုက်ခိုက်ပြီး လှောင်ရယ်လိုက်၏။
“အထီးကျန်သိုင်းသခင်... မင်းက ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာတယ်ဆိုရင်တောင် မင်းက ငါ့အဆင့်ကို မရောက်နိုင်သေးဘူး... မင်းက ဒီနေ့ သေချာပေါက် သေရလိမ့်မယ်”
“ဟုတ်ပါ့မလား”
ဆူဇီမိုက ထိုစကားကို ကြားသောအခါ သူက အကြောက်အလန့်ကင်းမဲ့နေဆဲဖြစ်ပြီး သူ၏ အကြည့်က မီးမောင်းတစ်ခုကဲ့သို့ တောက်ပလာ၏။ ရုတ်တရက် သူက အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်၊ သုံးပါးရတနာ ကျောက်စိမ်းတောင်ဝှေး၊ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာနှင့် ချင်းဖျင်ဓားတို့ကို လေထဲသို့ ပစ်ထုတ်ပြီး သူတို့ကို သူ၏ စိတ်ဝိညာဉ်အသိစိတ်နှင့် ထိန်းချုပ်ကာ သူ၏ ဘေးပတ်လည်ကို ကာကွယ်လိုက်၏။
ရလဒ်အနေဖြင့် သူ၏ လက်ရှစ်ဖက်က အားလပ်သွားလေသည်။
ဘာကြောင့်ရယ်မသိ ဖုန့်တူသည် ရုတ်တရက် ရင်တလှပ်လှပ် ခံစားလာရပြီး မျက်မှောင်ကြုတ်ကာ အော်ပြောလိုက်၏။
“သတိထားဦး...”
ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် ဆူဇီမို၏ နှာရောင်လေးခုက တစ်ချိန်တည်းမှာ တောက်ပပြီး သူ၏ အမြုတေစိတ်ဝိညာဉ်ကို လှည့်ပတ်လိုက်၏။ သူ၏ လက်လေးဖက်က လေထဲမှာ အဆက်မပြတ် ပြောင်းလဲပြီး သူ၏ လက်ချောင်းများက ပေါ့ပါးဖျတ်လတ်နေကာ သူသည် ဒုံမင်းကြိုးများကို တီးခတ်နေသည့်အလားပင်။ သူ၏ လက်ချောင်းများကြားမှာ မြူခိုးတစ်ခုက တလိပ်လိပ်တိုးထွက်လာ၏။ မဟာတာအိုဆီသို့ ခပ်ရေးရေး လမ်းကြောင်းလေးခုက ပေါ်ထွက်လာပုံရပြီး ကြောက်စရာကောင်းသော အော်ရာတစ်ခု ဖြာထွက်နေ၏။
“တဗူးနည်းစနစ်တစ်ခုလား”
ငရဲအရှင်က အနည်းငယ် မှင်တက်သွားပြီးနောက် လှောင်ရယ်လိုက်၏။
“သူ့ရဲ့ အဆုံးစွန်ကိုရောက်ရင် နည်းစနစ်တစ်ခုက တာအိုနဲ့ နီးစပ်သွားလိမ့်မယ်... တဗူးနည်းစနစ်ဆိုတာ မင်းတို့ခေါ်နေတဲ့ ဓမ္မပညာရပ်တွေရဲ့ အဆုံးစွန်ကို ရောက်ရှိသွားရုံပဲ... အဲ့ဒါက တာအိုနဲ့ အရမ်းနီးစပ်သွားရုံပဲ... ဒါပေမဲ့ အဲ့ဒါက အစစ်အမှန်တာအိုနဲ့ မထိတွေ့နိုင်သေးဘူး”
“ငါ့ရဲ့ငရဲကတော့ အဲ့ဒါကို ပြီးပြည့်စုံတဲ့ တာအိုအမှတ်အသားတစ်ခုနဲ့ စုဖွဲ့ထားပြီးပြီ... မဟာတာအိုက ထင်ရှားပြတ်သားလာမှပဲ တာအိုအမှတ်အသားတစ်ခုကို ပေါ်ထွက်လာစေနိုင်မယ်”
မဟာတာအိုက ပုံသဏ္ဍာန်မဲ့သည်။
၎င်းကို မတွေ့မြင်နိုင်၊ မထိတွေ့နိုင်ပေ။
တစ်ခုသော ဓမ္မတာအိုကို အဆုံးစွန်ထိ နားလည်ဆင်ခြင်ခြင်းဖြင့်သာ ဤမဟာတာအိုကို တာအိုအမှတ်အသားတစ်ခုပုံစံအဖြစ် ဆင့်ကဲပြောင်းလဲစေပြီး သူကျင့်ကြံသောလောကနှင့် ပေါင်းစည်းစေနိုင်မည်ဖြစ်သည်။
ပုံမှန်အခြေအနေမှာ သူတို့ကြားတွင် ရင်ကြားမစေ့နိုင်သော ခွန်အားကွာဟချက်တစ်ခု ရှိနေ၏။
ထို့ကြောင့် ငရဲအရှင်၏ မျက်လုံးထဲမှာ ဆူဇီမိုက ဘယ်တဗူးနည်းစနစ်ကို နားလည်ဆင်ခြင်ထားသည်ဖြစ်စေ၊ ၎င်းသည် အန္တိမအဆုံးစွန်ဓမ္မပညာရပ်တစ်ခုသာ ဖြစ်နေပေလိမ့်မည်။
သူ၏ တာအိုအမှတ်အသားက ၎င်းကို အနိုင်ယူဖို့ လုံလောက်သည်။
“ဟမ့်...”
သို့သော်လည်း ငရဲအရှင်က ထိုသို့ပြောလိုက်သည့်ခဏမှာပင် သူ၏ အမူအရာက အနည်းငယ်ပြောင်းလဲသွား၏။ သူက ဆူဇီမို၏ လက်လေးဖက်ကိုကြည့်ပြီး တည်တံ့စွာ ပြောလိုက်၏။
“အဲ့ဒါတွေက... တဗူးနည်းစနစ်လေးခု...”
ရှေးဟောင်းခေတ်အဆက်ဆက်မှာ တဗူးနည်းစနစ်နှစ်ခုကို နားလည်ဆင်ခြင်နိုင်သော ဧကရာဇ်ပညာရှင်များကပင် အလွန်တရာ ရှားပါးနေပြီဖြစ်သည်။
မဟာကမ္ဘာတစ်ထောင်လောကမှာပင်လျှင် တဗူးနည်းစနစ်နှစ်ခုထက်ပို၍ နားလည်ဆင်ခြင်နိုင်သော ပညာရှင်များ အနည်းအကျဉ်းသာ ရှိလေသည်။
ဆူဇီမိုသည် မတူညီသော တဗူးနည်းစနစ်လေးခုကို နားလည်ဆင်ခြင်ထားမည်ဟု ငရဲအရှင်က ထင်မှတ်မထားခဲ့မိပေ။
ပို၍ပင် ကြောက်စရာကောင်းသည့်အရာမှာ သူက တဗူးနည်းစနစ်လေးခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်နိုင်ခြင်းဖြစ်သည်။
တဗူးနည်းစနစ်များသည် အမြုတေစိတ်ဝိညာဉ်အပေါ် အားအင်ကြီးမားစွာ ကုန်ဆုံးစေသည်။
ဧကရာဇ်ပညာရှင်များအနေဖြင့် တဗူးနည်းစနစ်များစွာကို နားလည်ဆင်ခြင်ထားမည်ဆိုလျှင်ပင် သိပ်ပြီးအသုံးဝင်လိမ့်မည် မဟုတ်ပေ။ သူတို့၏ အထွတ်အထိပ်အခြေအနေမှာပင် သူတို့သည် အလွန်ဆုံး တဗူးနည်းစနစ်နှစ်ခုကိုသာ ထုတ်ဖော်နိုင်မည်ဖြစ်သည်။ ထို့နောက် သူတို့၏ အမြုတေစိတ်ဝိညာဉ်စွမ်းအားက ကုန်ခန်းသွားပေမည်။
ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်ကတော့ ၎င်းသည် မဟာဧကရာဇ်အဆင့်ကို ရောက်ရှိနေပြီဖြစ်သည်။ ခေါင်းလေးလုံး၊ လက်ရှစ်ဖက်၏ နတ်ဘုရားစွမ်းအားနှင့်အတူ သူက တဗူးနည်းစနစ်လေးခုကို ထုတ်ဖော်နိုင်ပြီး တစ်ချိန်တည်းမှာ ပေါ်ထွက်လာစေ၏။
ငရဲအရှင်သည် သူ၏ အထင်အမြင်သေးမှုကို ရုပ်သိမ်းပြီး သူ့မျက်နှာပေါ်ရှိ အေးစက်စက်အပြုံးက ပျောက်ကွယ်သွားခဲ့ပြီဖြစ်သည်။
တဗူးနည်းစနစ်တစ်ခုနှစ်ခုက သူ့အပေါ်မှာ တကယ်ပင် ခြိမ်းခြောက်နိုင်စွမ်းမရှိပေ။
သို့သော်လည်း တဗူးနည်းစနစ်လေးခုကို တစ်ချိန်တည်းမှာ ထုတ်ဖော်လိုက်မည်ဆိုလျှင် အထီးကျန်သိုင်းသခင်၏ အစိမ်းရောင်ကြာပန်းမျိုးဆက်သွေးနှင့် တိုက်ပွဲလျှို့ဝှက်အတတ်နှင့်အတူ ကစဉ့်ကလျားလောကသည် ကောင်းကင်ဘုံကို ဖီဆန်သော စွမ်းအားကို တကယ်ပင် ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်ပြီး အခြေအနေက ပြောင်းလဲသွားပေလိမ့်မည်။
ငရဲအရှင်သည် ယခုတင် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခါစဖြစ်သော သာမန်ဧကရာဇ်တစ်ဦးကို မရှုံးနိမ့်ချင်ပေ။
သူက သူ၏ သွေးချီကို လှည့်ပတ်လိုက်ပြီး သူ့ခန္ဓာကိုယ်ထဲမှာ မကောင်းဆိုးဝါးဆန်သော တမလွန်ချီက ပြည့်နှက်လာ၏။ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်တစ်ခုက သူ၏ နောက်ဖက်မှာ စုဖွဲ့လာပြီး သူ၏ ခန္ဓာကိုယ်ပေါ်ရှိ အရိုးဖြူချပ်ဝတ်တန်ဆာက လောင်ကျွမ်းလာ၏။
သူ၏ နောက်ဖက် ငရဲလောကထဲရှိ တာအိုအမှတ်အသားက ပိုမိုရှင်းလင်းပြတ်သားလာပြီး ငရဲလောက၏ အော်ရာက အဆက်မပြတ် မြင့်တက်လာနေ၏။
ငရဲအရှင်သည် ဆူဇီမို၏ တိုက်ခိုက်မှုများကို လက်ခံတုံ့ပြန်ဖို့ ပြင်ဆင်ထားပြီဖြစ်၏။
ထိုအခိုက်အတန့်မှာ အခြေအနေက ထိတ်တဆိတ် ပြောင်းလဲလာနေသည်ကို သူပင်လျှင် သတိမထားမိပေ။ သူနှင့် ဖုန့်တူသည် အတူတကွ တိုက်ခိုက်ခြင်းကနေ ယခု သူနှင့်ဖုန့်တူက အသည်းအသန် ခုခံနေရပြီဖြစ်၏။
ထိုအခိုက်အတန့်မှာ တိုက်ပွဲအပေါ် လွှမ်းမိုးနိုင်စွမ်းက ဆူဇီမိုအပေါ် ဖြည်းဖြည်းချင်း တိမ်းစောင်းလာခဲ့ပြီဖြစ်သည်။
“အင်မော်တယ်တာအိုတဗူး...”
ဆူဇီမိုက သူ၏ လက်တစ်ဖက်ကို ဖြန့်လိုက်ပြီး စုဖွဲ့ထားသော ပထမဆုံးတဗူးနည်းစနစ်ကို ထုတ်လွှတ်လိုက်၏။
“ဗုဒ္ဓတာအိုတဗူး...”
ထို့နောက် ချက်ချင်းပင် ဒုတိယမြောက် တဗူးနည်းစနစ်က ဆင်းသက်လာ၏။
“မိစ္ဆာတာအိုတဗူး...”
“ယင်ယန်တဗူး...”
တတိယမြောက်နှင့် စတုတ္ထမြောက် တဗူးနည်းစနစ်များက တစ်ချိန်တည်းနီးပါးမှာ ထွက်ပေါ်လာ၏။
ပြီးခဲ့သည့် နှစ်နှစ်ထောင်မှာ ဆူဇီမိုသည် ဧကရာဇ်တစ်ပိုင်းနယ်ပယ်သို့ ရောက်ရှိခဲ့၏။ ယခု သူသည် ဧကရာဇ်နယ်ပယ်ကို တက်လှမ်းလာခဲ့ပြီဖြစ်သည်။
သို့သော်လည်း ထိုအရာသည် ဤနှစ်များအတွင်း သူ၏ အကြီးမားဆုံးရရှိမှု မဟုတ်ခဲ့ပေ။
ထိုအစား ၎င်းသည် ဓမ္မတာအိုများစွာအပေါ် သူ၏ နားလည်ဆင်ခြင်မှုဖြစ်သည်။
ကောင်းကင်လိုဏ်ဂူငါးခုကို ပေါင်းစည်းပြီး ကစဉ့်ကလျားလောကအဖြစ် ဆင့်ကဲပြောင်းလဲစေခဲ့သော်လည်း ဆူဇီမိုသည် သည့်ယခင်က ကောင်းကင်လိုဏ်ဂူငါးခုကနေ မတူညီသော တဗူးနည်းစနစ်ငါးခုကို နားလည်ဆင်ခြင်ထားခဲ့သည်။
သို့သော်လည်း သူ၏ ကျင့်ကြံမှုနယ်ပယ်ကြောင့် ထိုတဗူးနည်းစနစ်များသည် တဗူးတစ်ပိုင်းအဆင့်မှာသာ အလွန်ဆုံးရှိနေခဲ့၏။
ထိုအခိုက်အတန့်မှာ သူသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ပြီး သူ့အမြုတေစိတ်ဝိညာဉ်၏ စွမ်းအားက ဆပွားမြင့်တက်လာ၏။
သူသည် နောက်ဆုံးမှာ ဤတဗူးနည်းစနစ်များကို ကောင်းကောင်း ထုတ်ဖော်နိုင်ပြီဖြစ်သည်။
အမြုတေစိတ်ဝိညာဉ်အပေါ် တဗူးနည်းစနစ်များ၏ စွမ်းအင်သုံးစွဲမှုက အရမ်းကိုကြီးမားပြီး သူ၏ မဟာဧကရာဇ် အမြုတေစိတ်ဝိညာဉ်နှင့်ပင်လျှင် သူသည် အလွန်ဆုံး တဗူးနည်းစနစ်လေးခုကိုသာ တစ်ခါတည်း ထုတ်ဖော်နိုင်သည်။
ထိုသို့ဆိုလျှင်တောင် တဗူးနည်းစနစ်လေးခုက တစ်ချိန်တည်းနီးပါး ဆင်းသက်လာမှုသည် အလွန်တရာကြောက်စရာကောင်းသော မြင်ကွင်းတစ်ခုကို ပေါ်ထွက်လာစေသည်။
တဗူးနည်းစနစ်လေးခု၏ စွမ်းအားက ရာသီဥတုကို ပြောင်းလဲပြီး ကြယ်တာရာကောင်းကင်ကို တုန်ခါသွားစေ၏။
တမလွန်ဘုံအရှင် ဖုန့်တူပင်လျှင် အဲ့ဒါကို ခံနိုင်ရည်မရှိဘဲ သူက အချိန်မရွေး လဲပြိုကျသွားနိုင်သည့်အလားပင်။
ဆူဇီမိုသည် ကစဉ့်ကလျားလောကကို မြှောက်တင်လိုက်ပြီး သူ၏ သွေးချီက တလိပ်လိပ်ထိုးတက်လာ၏။ ကောင်းကင်ဘုံကိုးလွှာ သက်ရှိမြေဆီလွှာ၊ သုံးပါးရတနာကျောက်စိမ်းတောင်ဝှေး၊ အာဒိကပ္ပသမဂ္ဂ မြင်းမြီးကျာပွတ်နှင့် ချင်းဖျင်ဓားတို့က သူ၏ ဘေးမှာ လှည့်ပတ်နေ၏။
သူသည် အချိန်မြစ်ကို နင်းဖြတ်ပြီး တဗူးနည်းစနစ်လေးခုကို ဆင့်ခေါ်ကာ သိပ်သည်းပြင်းထန်သော အော်ရာတစ်ခုနှင့်အတူ ငရဲအရှင်နှင့် ဖုန့်တူရှိရာသို့ လျှောက်လှမ်းလာနေ၏။
ထိုအခိုက်အတန့်မှာ သူတို့၏ ပူးပေါင်းအင်အားနှင့်ပင်လျှင် ဖုန့်တူနှင့် ငရဲအရှင်သည် အော်ရာချင်းယှဉ်ရာမှာ ဆူဇီမို၏ ဖိနှိမ်ခြင်းကို ခံလာရသည်။