← Chapters

အချိန်တဗူး

Vol. 214 Ch. 3222

အချိန်တဗူး

Vol. 214 Ch. 3222

ဝုန်း… ဝုန်း… ဝုန်း…

ကမ္ဘာတုန်လောက်ဖွယ်ရာ ထိတွေ့ရိုက်ခတ်သံများက သူတို့သုံးယောက်ကြားတိုက်ပွဲမှာ ဆက်တိုက်ထွက်ပေါ်လာသည်။

ငရဲအရှင်နှင့် ဖုန့်တူသည် အဆက်မပြတ် နောက်ဆုတ်ပေးနေရပြီး အရေးနိမ့်နေ၏။

မျိုးနွယ်စုတစ်သောင်းမှ ပညာရှင်များက ထိုသည်ကို တွေ့မြင်သောအခါ စိတ်အားမာန်တက်ကြွလာကြသည်။

“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်…”

“မဟာဧကရာဇ် အထီးကျန်သိုင်းသခင်…”

မဟာဧကရာဇ် အထီးကျန်သိုင်းသခင်ဟူသော စကားသံက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နောက်တစ်ဖန် ထွက်ပေါ်လာသည်။

မျိုးနွယ်စုတစ်သောင်းမှာ ပညာရှင်များသည် သိုင်းတာအိုပင်မခန္ဓာ၏ သေဆုံးမှုကို သူတို့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ထားခဲ့၏။ အစကတော့ မဟာဧကရာဇ် အထီးကျန်သိုင်းသခင်သည် သေဆုံးသွားပြီဖြစ်ပြီး သူ၏ ဝိညာဉ်က ပျက်ပြယ်သွားပြီဟု သူတို့က မှတ်ထင်ခဲ့ကြ၏။

သို့သော် ယခု အထီးကျန်သိုင်းသခင်၏ အစိမ်းရောင်ကြာပန်းအစစ်အမှန်ခန္ဓာသည် ဧကရာဇ်နယ်ပယ်မှာ မဟာဧကရာဇ်များနှင့် အမှန်တကယ်ပင် ဆန့်ကျင်တိုက်ခိုက်နိုင်နေ၏။

တကယ်ဆို သူသည် ငရဲအရှင်နှင့် ဖုန့်တူကိုပင် ဖိနှိမ်နိုင်နေ၏။

ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် ယခုအချိန်မှာ မဟာဧကရာဇ်တစ်ပါးနှင့် ယှဉ်နိုင်နေပြီဟု ဆိုလိုလေသည်။

“ငါသိပြီ… မဟာဧကရာဇ်နှစ်ပါးခေတ်က ဒီလိုမျိုး အလွယ်တကူ အဆုံးသတ်သွားမှာ မဟုတ်ဘူး”

“အမှန်ပဲ… မဟာဧကရီ သွေးလိပ်ပြာ သေဆုံးသွားပြီဆိုပေမဲ့ ငါတို့မှာ ငါတို့ကို ဦးဆောင်ပေးပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကနဲ့ မျိုးနွယ်စုတစ်သောင်းသက်ရှိတွေကို ကာကွယ်ပေးမယ့် မဟာဧကရာဇ် အထီးကျန်သိုင်းသခင် ရှိနေသေးတယ်”

ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနှင့် နီညိုရောင်မျောက်ဝံကမ္ဘာမှာ ပညာရှင်များစွာနှင့် သက်ရှိများ၏ စိတ်ဓါတ်က မြင့်တက်လာလေသည်။

ငရဲကမ္ဘာ၊ သွေးကမ္ဘာနှင့် အုတ်ဂူကမ္ဘာတို့မှ ကျင့်ကြံသူများကတော့ ဖရိုဖရဲနှင့် စတင်၍ ဆုတ်ခွာနေကြပြီဖြစ်သည်။

“မကြောက်ကြနဲ့… ခုခံထားကြ”

ဖုန့်တူ၏ အသံက ရုတ်တရက် ထွက်ပေါ်လာသည်။​

“ဒီတိုက်ပွဲရဲ့ ရလဒ်ကို မဆုံးဖြတ်ရသေးဘူး”

တကယ်တမ်းမှာ ငရဲအရှင်နှင့်ဖုန့်တူသည် ဆူဇီမို၏ တိုက်ခိုက်မှုများဖြင့် ဖိနှိမ်ခံနေရ၏။ သို့သော်လည်း မည်သို့ပင်ဆိုစေ ငရဲအရှင်၏ လောကထဲမှာ မကိုင်လှုပ်နိုင်သော တာအိုအမှတ်အသားတစ်ခုက စုဖွဲ့နေဆဲဖြစ်၏။

ဆူဇီမိုသည် ဧကရာဇ်နယ်ပယ်သို့ ဝင်ရောက်ခါစသာဖြစ်သည်။ တဗူးနည်းစနစ်လေးခုနှင့်ပင် သူသည် ငရဲလောကကို မဖျက်ဆီးနိုင်ပေ။

ငရဲအရှင်ပြောခဲ့သလိုပင် ဧကရာဇ်နယ်ပယ်နှင့် မဟာဧကရာဇ်နယ်ပယ်ကြားမှာရှိသော စွမ်းအားသည် ရင်ကြားမစေ့နိုင်အောင် ကွာဟနေ၏။

ထိုအချက်ကို တွေ့မြင်ခဲ့သောကြောင့်လည်း ဖုန့်တူသည် ကောင်းကင်ဘုံခုံရုံးကို ပြန်လည်တည်ဆောက်ဖို့ အခိုင်အမာဆုံးဖြတ်ချက်ချခဲ့ခြင်းဖြစ်သည်။

ဤတိုက်ပွဲက ဆက်လက်ဖြစ်ပွားမည်ဆိုလျှင် စွမ်းအင်ကုန်ဆုံးမှုက ဆူဇီမို မတတ်နိုင်သည့် တစ်စုံတစ်ရာဖြစ်၏။ ငရဲလောကသည် တမလွန်မြစ်နှင့် ချိတ်ဆက်ထားပြီး ၎င်းမှာ မရေမတွက်နိုင်သော ရတနာများ ပါဝင်နေ၏။ စွမ်းအင်ကုန်ဆုံးမှုက ဘယ်လောက်ပင် များပြားသည်ဖြစ်စေ၊ ငရဲအရှင်က တောင့်ခံထားနိုင်လေသည်။

သို့သော်လည်း ဆူဇီမိုက မတူပေ။

သူ၏ စွမ်းအားကြီးမားသော သွေးချီနှင့် တဗူးနည်းစနစ်လေးခုအပြင် ဤကဲ့သို့ ကြောက်စရာကောင်းသော တိုက်ခိုက်ရည်ခွန်အားကို ထုတ်ဖော်နိုင်ရန် အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကလည်း သူ့အတွက် အလွန်တရာအရေးပါနေ၏။

သို့သော်လည်း အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းသည် အသက်တစ်ရှိုက်စာမှာ ဘဝသက်တမ်း နှစ်တစ်သောင်းကို ကုန်ဆုံးစေသည်။

ဆူဇီမိုမှာ ဘဝသက်တမ်း နှစ်သန်း ၅၀ ရှိသည်ဆိုလျှင်တောင် သူတိုက်ခိုက်နိုင်သည့်အချိန်က အကန့်အသတ်တစ်ခု ရှိနေ၏။

ဤအတိုင်းသာ ဆက်လက်၍ လွန်ဆွဲနေမည်ဆိုလျှင် ဆူဇီမိုက သေချာပေါက် ရှုံးနိမ့်ရပေလိမ့်မည်။

“အထီးကျန်သိုင်းသခင်…”

တဖြည်းဖြည်းနှင့် ငရဲအရှင်သည် ဆူဇီမို၏ တိုက်ခိုက်မှုများကနေ အသက်ရှူခွင့် ရရှိလာ၏။ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခု ပြန်လည်ပေါ်ထွက်လာပြီး သူက ဖြည်းဖြည်းချင်းပြောလိုက်၏။

“ငါ အဲ့ဒါကို အရင်ကလည်း ပြောခဲ့တယ်… တဗူးနည်းစနစ်တစ်ခုက ဘယ်လောက်ပဲ သန်မာပါစေ အဲ့ဒါက မဟာတာအိုနဲ့ နီးစပ်သွားရုံပဲ… အဲ့ဒါက ငါ့ရဲ့တာအိုအမှတ်အသားကို ကိုင်လှုပ်နိုင်မှာ မဟုတ်ဘူး”

ဆူဇီမိုသည် တည်တံ့သော အမူအရာဖြင့် နှုတ်ဆိတ်နေပြီး သူ၏ စွမ်းအားကြီးမားသော တိုက်ခိုက်မှုကို ထိန်းထား၏။

“ဟဲဟဲ…”

ငရဲအရှင်က လှောင်ရယ်လိုက်သည်။

“အထီးကျန်သိုင်းသခင်… မင်း တတ်နိုင်တာ ဒါအကုန်ပဲလား… အဲ့ဒါဆိုရင်တော့ ငါ တကယ်ပဲ စိတ်ပျက်ရပြီ… တဗူးနည်းစနစ်လေးခုဆိုရင်တောင် အဲ့ဒါ ငါ့အတွက် ဘာမှမဟုတ်ဘူး”

“အဲ့လိုလား…”

ရုတ်တရက် ဆူဇီမိုက မေးလိုက်၏။

အစက အားလပ်နေသော လက်လေးဖက်သည် ဓမ္မပညာရပ်များစွာကို အဆက်မပြတ်ဆင့်ခေါ်နေပြီး လေထဲမှာ ပြောင်းလဲကာ လျှို့ဝှက်ဆန်းကြယ်သော ဓမ္မချိပ်စည်းများကို စုဖွဲ့နေ၏။

ဤနှစ်များမှာ သူသည် တဗူးနည်းစနစ် လေးခုထက်မက နားလည်ဆင်ခြင်ထားခဲ့သည်။

ကောင်းကင်လိုဏ်ဂူငါးခုကပင် တဗူးနည်းစနစ်ငါးခုအဖြစ် အသွင်ပြောင်းလဲသွားခဲ့၏။

ဆူဇီမိုသည် စိုးရိမ်ပူပန်နေသောကြောင့်သာ တစ်ချိန်လုံး ထိန်ချန်ထားခြင်းဖြစ်၏။

သို့သော်လည်း သူသည် ငရဲအရှင်နှင့် ဖုန့်တူကို တတ်နိုင်သမျှမြန်မြန် မဖိနှိမ်နိုင်လျှင် အခြေအနေက သူ့အတွက် တကယ်ပင် အလွန်တရာ အရေးမသာ ဖြစ်လာပေလိမ့်မည်။

ထိုသို့အတွေးဖြင့် ဆူဇီမိုသည် ဆက်လက်၍ တုံ့ဆိုင်းမနေတော့ဘဲ ငရဲအရှင်နှင့်ဖုန့်တူကို တတ်နိုင်သမျှ မြန်မြန် အရင်ဆုံး ဖိနှိမ်ဖို့ ပြင်ဆင်လိုက်၏။

ဓားရှည်များက ကောင်းကင်ထက်ကနေ တစ်လက်ပြီးတစ်လက် ဆင်းသက်ပြီး ငရဲအရှင်နှင့် ဖုန့်တူ၏ ဘေးပတ်လည်ကို ရောက်ရှိလာ၏။ အလျင်အဟုန်အဖြစ် ဓားကိုသုံးပြီး သူတို့က ဓားဂူသင်္ချိုင်းများကို ဖြစ်ပေါ်လာစေ၏။

ဤသည်မှာ အထွတ်အထိပ် ကောင်းကင်ဘုံဓားသင်္ချိုင်းကနေ ဆင့်ကဲပြောင်းလဲလာသော တဗူးနည်းစနစ်တစ်ခုဖြစ်သည်။

၎င်းမှာ အထွတ်အထိပ် ကောင်းကင်ဘုံဓားသင်္ချိုင်း ပါဝင်နေသည့်အပြင် ၎င်းသည် ကျားဖြူအလောင်းသိမ်းယူခြင်းနှင့် မဟာဓားပညာရပ်သုံးခုအပြင် အဖျက်စွမ်းအား အလွန်တရာမြင့်မားသော အမျိုးမျိုးသော လျှို့ဝှက်အတတ်များနှင့် နတ်ဘုရားစွမ်းအားများကို ပေါင်းစည်းထားခြင်းလည်း ဖြစ်သည်။

ဓမ္မပညာရပ်များအားလုံးကို ပေါင်းစည်းခြင်းဖြင့် ဆူဇီမိုသည် သတ်ဖြတ်သုတ်သင်ခြင်းတာအိုကို အာရုံခံမိပြီး ဤသတ်ဖြတ်သုတ်သင်ခြင်းတဗူးကို နားလည်ဆင်ခြင်မိခဲ့သည်။

ပဉ္စမမြောက် တဗူးနည်းစနစ် ဆင်းသက်လာ၏။

ငရဲအရှင်နှင့် ဖုန့်တူ၏ အမူအရာများက သိသိသာသာ ပြောင်းလဲသွားကြသည်။

အဲ့ဒါသည် ပဉ္စမမြောက် တဗူးနည်းစနစ်၏ ပေါ်ထွက်လာမှုကြောင့်သာ မဟုတ်ဘဲ ပဉ္စမမြောက် တဗူးနည်းစနစ်၏ သတ်ဖြတ်ခြင်းစွမ်းအားက အရမ်းကို သန်မာနေသောကြောင့်လည်းဖြစ်သည်။

အစကတော့ ငရဲအရှင်က သူ့ကိုကာပေးထားသည့်အတွက် ဖုန့်တူသည် ထိခိုက်ဒဏ်ရာ မရရှိသလောက်နီးပါးပင်။

သို့သော်လည်း ထိုအခိုက်အတန့်မှာ ငရဲအရှင်ကပင် ဖုန့်တူကို ကာကွယ်မပေးနိုင်တော့ပေ။

သတ်ဖြတ်သုတ်သင်ခြင်းစွမ်းအားက နေရာအနှံ့ ပျံ့နှံ့ကာ ဝင်ရောက်လာ၏။

သတ်ဖြတ်သုတ်သင်ခြင်းတဗူး ဆင်းသက်လာသောအခါ ၎င်း၏ သတ်ဖြတ်စွမ်းအားသည် ငရဲအရှင်နှင့် ဖုန့်တူကို ဝိုင်းပတ်ထားပြီဖြစ်ပြီး သူတို့၏ ထွက်လမ်းများအားလုံးကို ပိတ်ဆို့ထား၏။

တဗူးနည်းစနစ်ငါးခု တစ်ချိန်တည်းမှာ ပေါ်ထွက်လာခြင်းသည် ဆူဇီမို၏ တိုက်ခိုက်မှုကို နောက်တစ်ဆင့်သို့ မြှင့်တင်ပေးလိုက်၏။

ငရဲအရှင်အပေါ် ဖိအားက ဆပွားတိုးလာပြီး သူက ဖုန့်တူကို ဆက်လက်၍ ဂရုစိုက်မပေးနိုင်တော့ပေ။

သတ်ဖြတ်သုတ်သင်ခြင်းတဗူးဖြင့် ဝန်းရံခံထားရပြီး ဖုန့်တူ၏ ချုံးချုံးကျနေသော ခန္ဓာကိုယ်က စကာပေါက်ဖြစ်လာကာ သူက အချိန်မရွေး လဲပြိုကျသွားနိုင်၏။

ငရဲအရှင်က ဖုန့်တူကို တစ်ချက်ကြည့်လိုက်၏။

ထိုအကြည့်မှာ အတော်လေး ဝေခွဲမရသော အကြည့်တစ်ခု ပါဝင်နေ၏။

ငရဲအရှင်သည် အဲ့ဒါကို ရှင်းရှင်းလင်းလင်း မပြောဆိုသော်လည်း ‘မင်းကို ကာကွယ်ပေးဖို့ နေနေသာ၊ ငါ့ကိုယ်ငါတောင် ကောင်းကောင်း မကာကွယ်နိုင်တော့ဘူး’ဟု သူက ဖုန့်တူကို ပြောပြနေခြင်းဖြစ်၏။

‘မင်းက သေသွားမယ်ဆိုရင်တောင် မင်းက အပြီးတိုင် ချုပ်ငြိမ်းသွားမှာ မဟုတ်ဘူး… မင်းက အနာဂတ်မှာ တစ်ကျော့ပြန်လာနိုင်သေးတယ်။’

ငရဲအရှင်သည် ဆူဇီမို၏ တိုက်ခိုက်မှုများကို ခုခံရင်း အပြည့်အဝ အာရုံစိုက်ထားကာ ဖုန့်တူကို မျက်ကွယ်ပြုလိုက်၏။

သူသည် အထီးကျန်သိုင်းသခင်၏ ဘဝသက်တမ်း ကုန်ဆုံးချိန်အထိ တောင့်ခံထားနိုင်သည်နှင့်အမျှ သူက ဤတိုက်ပွဲ၏ နောက်ဆုံးအနိုင်ရရှိသူ ဖြစ်လာပေဦးမည်။

ထိုအတွေးက သူ၏ စိတ်ထဲ ပေါ်ထွက်လာသည့်အချိန်မှာပင်…

ဆူဇီမို၏ ဆဋ္ဌမမြောက် လက်ဝါးအောက်မှာ နောက်ထပ်မဟာတာအိုတစ်ခုက ခပ်ရေးရေး ပေါ်ထွက်လာ၏။

ထိုလက်ဝါးသည် ငရဲအရှင်နှင့် ဖုန့်တူရှိရာသို့ ညင်သာစွာ ရိုက်ချလိုက်ပြီး ၎င်းက အားနည်း၍ ထိခိုက်နိုင်စွမ်း မရှိသည့်ပုံပေါ်၏။

သို့သော်လည်း ငရဲအရှင်နှင့် ဖုန့်တူသည် သူတို့၏ သွေးများ အေးစက်လာသည်ဟု ခံစားရပြီး သူတို့၏ အမူအရာများက ပြောင်းလဲသွားကြသည်။

“နာမ်ခလက်ဝါး…”

ငရဲအရှင်နှင့် ဖုန့်တူက တစ်ချိန်တည်းမှာ အံ့အားတသင့် ရေရွတ်လိုက်ကြ၏။

အဲ့ဒါ ဘယ်လိုလုပ် ဖြစ်နိုင်မှာလဲ…

ထိုအရာသည် ဧကရာဇ်ဆိုးယုတ်၏ ဓမ္မတာအို လျှို့ဝှက်အတတ်ဖြစ်သည်။

မဟုတ်သေးပေ…

ဒါက နာမ်ခလက်ဝါး မဟုတ်ပေ…

သို့သော်လည်း ဤလက်ဝါးနည်းစနစ်မှာ အိပ်မက်စွမ်းအား ပါဝင်နေသည်။

ဤသည်မှာ ဆူဇီမို နားလည်ဆင်ခြင်ထားသော ဆဋ္ဌမမြောက် တဗူးနည်းစနစ် အိပ်မက်တဗူး ဖြစ်သည်။

ဤတဗူးနည်းစနစ်သည် လွန်ခဲ့သည့် နှစ်နှစ်ထောင်က စကြဝဠာတုန်လောက်ဖွယ်ရာ ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကနေ ဆင်းသက်လာခြင်းဖြစ်သည်။

ဆူဇီမိုသည် ထိုတိုက်ပွဲကို သူ့မျက်လုံးနှင့် ကိုယ်တိုင်မြင်တွေ့ခဲ့ရုံသာမက သူသည် ထိုတိုက်ပွဲကို ကိုယ်တိုင်ကြုံတွေ့ဆင်နွှဲခဲ့သည်။

တကယ်ဆို ထိုတိုက်ပွဲမှာ သူသည် ဆင်တူသော ဓမ္မတာအိုကို အမှတ်တမဲ့ ထုတ်ဖော်မိပြီး သူသည် ဆန်းကြယ်ကောင်းကင်ဘုံသခင်လေးကို သတ်ဖြတ်နိုင်ခဲ့သည်။

ဆဋ္ဌမမြောက် တဗူးနည်းစနစ်က ဆင်းသက်လာ၏။

ဒါ့အပြင် ၎င်းသည် ဧကရာဇ်ဆိုးယုတ်ထံကနေ ဆင်းသက်လာသော အိပ်မက်တဗူး ဖြစ်သည်။

အိပ်မက်တဗူးသည် ဧကရာဇ်ဆိုးယုတ်၏ နာမ်ခလက်ဝါးထက် နိမ့်ကျသော်လည်း ၎င်းသည် ငရဲအရှင်နှင့် ဖုန့်တူအပေါ် သိသာထင်ရှားသော ရိုက်ခတ်မှုတစ်ခု ရှိနေဆဲပင်။

သူတို့နှစ်ယောက်သည် တဒင်္ဂမျှ ငေးငိုင်သွားသည်ဟု ရုတ်တရက်ခံစားလိုက်ရ၏။

၎င်းသည် အလွန်တရာ တိုတောင်းသော အချိန်အပိုင်းအခြားတစ်ခုသာ ဖြစ်သည်။

သိပ်မကြာခင် သူတို့နှစ်ယောက်က နိုးထလာကြ၏။

သို့သော်လည်း ထိုတဒင်္ဂအခိုက်အတန့်မှာ သတ္တမမြောက် တဗူးနည်းစနစ်က ဆင်းသက်လာခဲ့ပြီဖြစ်သည်။

“ဘာတွေလဲကွာ…”

ငရဲအရှင်က တုန်လှုပ်သွား၏။

သူ မတုံ့ပြန်နိုင်ခင် ဆူဇီမိုက ညင်သာစွာ သက်ပြင်းချလိုက်၏။

သူသည် ငရဲအရှင်နှင့် ဖုန့်တူကို ကြည့်ပင်ကြည့်မနေပေ။

ထိုအခိုက်အတန့်မှာ ဆူဇီမိုသည် ငေးငိုင်ကာ တစ်စုံတစ်ရာကို ပြန်လည်အမှတ်ရနေပုံရသည်။ ရင်နင့်ဖွယ်ရာ ဝမ်းနည်းမှုတစ်ခုက သူ၏ မျက်လုံးထဲမှာ ပေါ်ထွက်လာပြီး အဲ့ဒါကို ရှောင်လွှဲနိုင်စရာ နည်းလမ်းမရှိပေ။

ထိုအခိုက်အတန့်မှာ ချောမောလှပသော ပုံရိပ်တစ်ခုက ဆူဇီမို၏ မျက်လုံးထဲမှာ ရောင်ပြန်ဟပ်လာပုံရ၏။

သို့သော်လည်း ထိုချောမောလှပသော ပုံရိပ်က သူ့လက်ပေါ်မှာ လှဲလျောင်းနေပြီး သူမ၏ ဘဝသက်တမ်းက ကုန်ဆုံးကာ တဖြည်းဖြည်းညှိုးနွမ်းသွား၏။

သူမကို ကယ်တင်ဖို့အတွက် ဆူဇီမို လုပ်နိုင်တာ ဘာမှမရှိပေ။

ထိုအခိုက်အတန့်မှာ ငရဲအရှင်နှင့်ဖုန့်တူ နှစ်ယောက်စလုံးသည် စိတ်ပိုင်းဆိုင်ရာသက်ရောက်မှုတစ်ခုကို ကြုံတွေ့လိုက်ရ၏။

ထိန်းချုပ်မရနိုင်သော ဝမ်းနည်းမှုတစ်ခုက လေထဲမှာ မွေးဖွားကာ ဆွတ်ပျံ့လာ၏။

သူတို့သည် တူညီသော ထိုဝမ်းနည်းမှု၊ နာကျင်မှုနှင့် ကူကယ်ရာမဲ့မှုကို မတွေ့ကြုံနိုင်ပုံရလေသည်။

သတ္တမမြောက် တဗူးနည်းစနစ်၊ ညှိုးနွမ်းခြင်း ဆင်းသက်လာ၏။

၎င်းသည် အချိန်တဗူး ဖြစ်သည်။

All Chapters