← Chapters

ဖုန့်တူ၏ သေဆုံးမှု

Vol. 214 Ch. 3223

ဖုန့်တူ၏ သေဆုံးမှု

Vol. 214 Ch. 3223

ညှိုးနွမ်းခြင်းသည် အချိန်နှင့် အိုမင်းရင့်ရော်ခြင်းကို နားလည်ဆင်ခြင်ရန် တဒင်္ဂအခိုက်အတန့်၊ အရုဏ်ဦးခေါင်းလောင်း၊ ဆည်းဆာဗုံ၊ အတိတ်နှင့်ပစ္စုပ္ပန်ကို တိုက်ခိုက်ခြင်းကဲ့သို့ ဓမ္မတာအိုများအပေါ် အခြေခံထားခြင်းဖြစ်သည်။ သို့သော်လည်း နှစ်ပေါင်းများစွာကြာအောင် ဆူဇီမိုသည် အချိန်၏ မဟာတာအိုကို အမှန်တကယ်မထိတွေ့နိုင်ခဲ့ပေ။

အောက်ဘုံလောကမှာ ကျိယောင်ရွှယ်ကို သူအဖော်ပြုပေးခဲ့သည့် နှစ်တစ်ထောင်ကို ပြန်လည်အမှတ်မရခင်အချိန်ထိဖြစ်ခဲ့၏။

ယောင်ရွှယ်က သူ့လက်ပေါ်မှာ လှဲလှောင်းနေသည့်မြင်ကွင်းကို သူက ပြန်လည်အမှတ်ရသွားခဲ့၏။ သူမ၏ ရုပ်ရည်သွင်ပြင်က အိုစာလာခြင်းမရှိသော်လည်း သူမ၏ ဘဝသက်တမ်းက ကုန်ဆုံးပြီး တဖြည်းဖြည်းညှိုးနွမ်းသွားခဲ့သည်။

ထိုအခိုက်အတန့်မှာ နာကျင်မှုက ဖော်ပြ၍မရနိုင်ပေ။

အချိန်က နှလုံးသားအမဲ့ဆုံးနှင့်အရက်စက်ဆုံးဖြစ်သည်။

သူ့မှာ တစ်မူထူးခြားသော အစွမ်းအစများရှိနေသည်ဆိုလျှင်တောင် သူ့နားကနေ ယောင်ရွှယ်ထွက်ခွာသွားသည်ကို သူက ဘာမှမတတ်နိုင်ဘဲ စောင့်ကြည့်နေခဲ့ရ၏။

အချိန်က နေရာအနှံ့မှာ တည်ရှိနေ၏။

သက်ရှိအများစုအတွက် သူတို့သည် အသက်ရှည်ရှည်နှင့်နေလိုသည့်အတွက်ကြောင့် ကျင့်ကြံခဲ့ကြ၏။

သူတို့သည် သူတို့၏ ဘဝသက်တမ်းများကို ဆွဲဆန့်ပြီး အချိန်စီးဆင်းမှုကို ခုခံလိုကြ၏။

ပညာရှင်များစွာသည် သူတို့တစ်ဘဝလုံးစာ အချိန်နှင့် ဆန့်ကျင်တိုက်ခိုက်ခဲ့ရ၏။

ဤသည်က အချိန်၏စွမ်းအားဖြစ်သည်။

မည်သူကမှ အဲဒါကို မရှောင်လွှဲနိုင်ပေ။

မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းခြင်းဖြင့်သာ ထာဝရရှင်သန်ခြင်း၏ လျှို့ဝှက်ချက်ကို သူတို့က ရှာဖွေဖော်ထုတ်ခွင့်ရမည်ဖြစ်သည်။

သို့သော်လည်း အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ငရဲအရှင်နှင့် ဖုန့်တူပင်လျှင် အချိန်စွမ်းအားကို မခုခံနိုင်ပေ။

ထိုသို့ဖြင့် အချိန်တဗူးက မွေးဖွားပေါ်ထွက်လာသည်။

အတိအကျဆိုရင်လျှင် ဆူဇီမိုသည် ယောင်ရွှယ်ကြောင့်သာ ဤတဗူးနည်းစနစ်ကို နားလည်ဆင်ခြင်နိုင်ခဲ့ခြင်းဖြစ်သည်။

သတ္တမမြောက်တဗူးနည်းစနစ်ဆင်းသက်လာသောအခါ ငရဲအရှင်၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေလေပြီ။

ဖုန့်တူကတော့.. သူ၏ မျက်လုံးထဲမှာ မယုံကြည်နိုင်မှုက အတိုင်းသားပေါ်လွင်နေ၏။

သူ၏ ယိုယွင်းပျက်စီးလာသော ခန္ဓာကိုယ်က တဗူးနည်းစနစ်ခုနှစ်ခု၏ ရိုက်ခတ်မှုမှာ ဖုန့်မှုန့်မျာအဖြစ် ပြောင်းလဲသွားခဲ့ပြီဖြစ်သည်။

သူ့မှာ မဟာဧကရာဇ်အဆင့် အမြုတေစိတ်ဝိညာဉ်ရှိသော်လည်း သူသည် တဗူးနည်းစနစ်ခုနှစ်ခု၏ သတ်ဖြတ်ခြင်းစွမ်းအားနှင့် အချိန်တဗူး၏ ကြောက်စရာကောင်းသော ရိုက်ခတ်မှုကို မခုခံနိုင်ခဲ့ပေ။

ချက်ချင်းပင် ဖုန့်တူ၏ အမြုတေစိတ်ဝိညာဉ်က ဆူဇီမို၏ သက်ပြင်းချသံနှင့်အတူ လျင်မြန်စွာညှိုးနွမ်းပြီး သူ၏ဘဝသက်တမ်းက ကုန်ဆုံးသွားသည်။

ငရဲအရှင်သည် ဖုန့်တူကို ဂရုစိုက်ဖို့နေနေသာ သူ့ကိုယ်သူပင် ကောင်းကောင်းမကာကွယ်နိုင်ပေ။ စူးစူးဝါးဝါးနှင့် မကျေမချမ်းအော်ဟစ်သံနှင့်အတူ ဖုန့်တူ၏ အမြုတေစိတ်ဝိညာဉ်က ပျက်ပြယ်သွား၏။

တမလွန်ဘုံအရှင်သည် မကြာသေးခင်ကမှ ပြန်လည်မွေးဖွားလာပြီး မကြုံစဖူးမိုးမြေအရှင်ဖြစ်လာဖို့အတွက် ကောင်းကင်ဘုံခုံရုံးကို ပြန်လည်တည်ဆောက်လိုခဲ့သည်။ သို့သော်လည်း သူသည် သနားစရာကောင်းသောပုံစံဖြင့် ဆူဇီမို၏ နောက်တစ်ဖန်ဖိနှိမ်ခြင်းခံခဲ့ရ၏။

နှစ်ကြိမ်စလုံးမှာ သူသည် တူညီသောလူ၏ လက်ထဲမှာ သေဆုံးခဲ့ရ၏။ ဖုန့်တူ၏ ရင်ထဲရှိ မုန်းတီးမှုနှင့် မကျေမချမ်းမှုကို စဉ်းစားကြည့်နိုင်သည်။

တဗူးနည်းစနစ်ခုနှစ်ခု၏ စွမ်းအားက မုန်တိုင်းတစ်ခုကဲ့သို့ အလွန်တရာကြောက်စရာကောင်းသော စွမ်းအားတစ်ခုနှင့်အတူ ပေါက်ကွဲထွက်ပေါ်လာ၏။ ငရဲအရှင်၏ အဖြူရောင်ချပ်ဝတ်တန်ဆာပေါ်မှ မီးတောက်များက ငြိမ်းသေသွားခဲ့ပြီဖြစ်သည်။

သိပ်သည်းသော အရိုးအပိုင်းအစများက အချိန်မရွေး ပြိုကွဲတော့မည့်အလား စတင်၍ တုန်ခါလာ၏။

ငရဲအရှင်၏ နောက်ဘက်ရှိ မျိုးဆက်သွေးနယ်မြေဖြစ်စဉ်က စတင်၍ ပျက်ပြယ်လာနေ၏။ သူသည် သူ၏ တာအိုအမှတ်အသားကိုသာ မှီခိုပြီး သူ၏ ယိုယွင်းပျက်စီးလာသော ငရဲလောကကို အနိုင်နိုင်ထောက်ကန်ထားရ၏။

ဧကရာဇ်နယ်ပယ်နှင့် မဟာဧကရာဇ်နယ်ပယ်ကြားမှာ ကွာဟချက်တစ်ခုရှိနေ၏။

နည်းစနစ်တစ်ခုနှင့် တာအိုတစ်ခုကြားမှာလည်း ကွာဟချက်ရှိနေ၏။

တဗူးနည်းစနစ်ခုနှစ်ခုပင်လျှင် ငရဲအရှင်ကို လုံးလုံးလျားလျားအနိုင်ယူပြီး ဖိနှိမ်နိုင်ခြင်းမရှိပေ။ သူတို့သည် သူ၏တာအိုအမှတ်အသားကို ကိုင်လှုပ်နိုင်ရုံသာဖြစ်၏။

“ဟားဟားဟား…”

ငရဲအရှင်၏ အော်ရာက ဆူဇီမို၏ လုံးလုံးလျားလျားဖိနှိမ်ခြင်းခံနေရပြီဖြစ်၏။ သူ၏ ဆံပင်များက ဖရိုဖရဲနှင့် သူကဆိုးဆိုးဝါးဝါးအခြေအနေမှာကျရောက်နေသည့်ပုံပေါ်သည်။ သို့သော်လည်း သူက ကြောက်မက်ဖွယ်ရာရယ်မောလိုက်ဆဲဖြစ်၏။

“အထီးကျန်သိုင်းသခင်… မင်းက နောက်ဆုံးတော့ ဒီစွမ်းအားကွာဟချက်ကို မဖြတ်ကျော်နိုင်သေးဘူး”

ဆူဇီမိုသည် တစ်စုံတစ်ရာပြောဆိုခြင်းမရှိဘဲ အေးစက်နေသောအကြည့်ဖြင့် ငရဲအရှင်ကို မထီတရီသာကြည့်လိုက်၏။ သူ၏ ရှစ်ဖက်မြောက်လက်က လေထုကို ဖြတ်ကျော်ပြီး မုန်တိုင်းတစ်ခုကို ဖန်တီးနေပြီဖြစ်သည်။

“မင်း…”

ငရဲအရှင်၏ သူငယ်အိမ်နှစ်ဖက်က တင်းကျပ်သွား၏။

အစကတော့ သတ္တမမြောက်တဗူးနည်းစနစ်သည် ဆူဇီမို၏ အကန့်အသတ်ဖြစ်နေပြီဟု သူက တွေးထင်ခဲ့၏။

ယခု ဆူဇီမို၏ အဋ္ဌမမြောက်တဗူးနည်းစနစ်သည် သူ၏ ရန်စစကားအပြီးမှာ ဆင်းသက်လာခဲ့ပြီဖြစ်၏။

စုစုပေါင်း တဗူးနည်းစနစ်ရှစ်ခု… ဘယ်လိုလုပ်ဖြစ်နိုင်မှာလဲ။

ဒီလူ့ရဲ့ အမြုတေစိတ်ဝိညာဉ်က တဖူးနည်းစနစ်ရှစ်ခုရဲ့ စွမ်းအားကို တကယ်ပဲ ထောက်ပံ့ပေးနိုင်တာလား။

တကယ်တော့ ဆူဇီမို၏ အမြုတေစိတ်ဝိညာဉ်သည် နဂါးဖီးနစ်အမြုတေစိတ်ဝိညာဉ်နှင့်ပေါင်းစည်းပြီး ဝိဇ္ဇာထွက်ရပ်လမ်းသုတ္တန်ကို ကျင့်ကြံထားရုံသာမက ၎င်းသည် မီးပဒေသာဂမ္ဘီရစွမ်းအားနှင့် တမလွန်ဂမ္ဘီရစွမ်းအားနှင့်လည်း ပေါင်းစည်းထားသည်ကို ငရဲအရှင်က မသိရှိပေ။

ထို့ကြောင့်ပင် သူ၏ အမြုတေစိတ်ဝိညာဉ်သည် မဟာဧကရာဇ်အဆင့်ကို ရောက်ရှိလာနိုင်ခဲ့ခြင်းဖြစ်၏။

အခြားတစ်ယောက်ယောက်သာဆိုလျှင် သူတို့သည် တဗူးနည်းစနစ်ရှစ်ခုကို နားလည်ဆင်ခြင်မိထားသည်ဆိုလျှင်တောင် သူတို့ကို ထုတ်ဖော်သည်နှင့် အမြုတေစိတ်ဝိညာဉ်က ချက်ချင်းပင် လဲပြိုကျသွားပေလိမ့်မည်။

“မင်းသူနဲ့ကိုယ်တိုင်မကြုံတွေ့ခဲ့ရဘူး”

ထိုစဉ်မှာပင် တိုက်ပွဲ၏ အလယ်မှာ ရုတ်တရက် ဆူဇီမိုက မှင်သေသေဖြင့်ပြောလိုက်၏။

“ငါဒီနေ့ သူ့ရဲ့နည်းလမ်းတွေကို မင်းကိုပြပေးမယ်”

မုန်တိုင်းသည် စစချင်းမှာ အတော်လေးနူးညံ့သိမ်မွေ့နေ၏။

သို့သော်လည်း မုန်တိုင်းထဲမှာ သွေးနီရောင်လိပ်ပြာတစ်ကောင်က ဖြည်းဖြည်းချင်းပေါ်ထွက်လာသည်။

သွေးနီရောင်လိပ်ပြာက ၎င်း၏ တောင်ပံများကို ညင်သာစွာခတ်လိုက်စဉ် မုန်တိုင်းက ပြင်းထန်ကြမ်းတမ်းလာပြီး ကြယ်တာရာကောင်းကင်ကို လျင်မြန်စွာတိုက်ခတ်ကာ လောကကို ဆုတ်ဖြဲ၍ အရာရာတိုင်းကို ဖျက်ဆီးပစ်တော့မည့် သွေးနီရောင်မုန်တိုင်းတစ်ခုဖြစ်ပေါ်လာ၏။

အဋ္ဌမမြောက်တဗူးနည်းစနစ် မုန်တိုင်းတဗူး…။

ဤတဗူးနည်းစနစ်၏ မွေးဖွားပေါ်ထွက်လာမှုသည် တျဲယွဲ့၏ သင်ကြားမှုများကြောင့်ဖြစ်၏။ ထိုသည်ကို တွေ့မြင်သောအခါ မျိုးနွယ်စုတစ်သောင်းမှပညာရှင်များသည် ခံစားချက်များရောထွေးလာပြီး စိတ်လှုပ်ရှားနေကြ၏။

မဟာအရိုင်းကမ္ဘာမှ သားရဲပညာရှင်တချို့က မျက်လုံးများနီရဲလာပြီး မျက်ရည်များစီးကျနေ၏။

ဤသည်က မဟာအရိုင်းကမ္ဘာမှ မဟာဧကရီသွေးလိပ်ပြာဖြစ်သည်။

သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရီသွေးလိပ်ပြာလည်းဖြစ်သည်။

သွေးနီရောင်လိပ်ပြာက လောကမှာနောက်တစ်ဖန်ပေါ်ထွက်လာသောအခါ ၎င်းသည် တဗူးနည်းစနစ်တစ်ခုသာဖြစ်သော်လည်း မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများ၏ ရင်ကို လှုပ်ခတ်သွားစေဆဲဖြစ်၏။

မဟာဧကရာဇ်နှစ်ပါးခေတ်က မကုန်ဆုံးသေးပေ။

လွန်ခဲ့သည့် နှစ်နှစ်ထောင်က ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာက အတူပူးပေါင်းပြီး ကောင်းကင်ဘုံခုံရုံးမှလူများနှင့် ဘေးချင်းယှဉ်တိုက်ခိုက်ခဲ့သည်ကို လူတိုင်းက ပြန်လည်အမှတ်ရလာ၏။ ထိုအခိုက်အတန့်မှာ လူတိုင်း၏ စိတ်ထဲမှာ အတွေးတစ်ခု ဖျတ်ခနဲပေါ်ထွက်လာကြ၏။

မဟာဧကရီသွေးလိပ်ပြာက ရှိနေဦးမည်ဆိုလျှင် ငရဲအရှင်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ ဤမျှအထိ မောက်မာရဲလိမ့်မည်မဟုတ်ပေ။

ညှိုးနွမ်းခြင်းကို ယောင်ရွှယ်ကြောင့် နားလည်ဆင်ခြင်မိခဲ့၏။

မုန်တိုင်းတဗူးကိုတော့ ဆူဇီမိုသည် တျဲယွဲ့ကြောင့် နားလည်ဆင်ခြင်မိခဲ့၏။

နှစ်နှစ်ထောင်က ကြာမြင့်ခြင်းမရှိဘဲ ၎င်းက အလျင်အမြန်ကုန်ဆုံးသွားခဲ့၏။

ဆူဇီမို၏ ပါရမီအရည်အချင်းနှင့်ပင် သူသည် ဧကရာဇ်နယ်ပယ်သို့ မတက်လှမ်းနိုင်ဘဲ ဧကရာဇ်တစ်ပိုင်းအဆင့်ထိသာ ကျင့်ကြံနိုင်ခဲ့သည်။ သို့သော်လည်း နှစ်နှစ်ထောင်သည် သူ့အတွက် တိုတောင်းလွန်းသောအချိန်တစ်ခုလည်း မဟုတ်ခဲ့ပေ။ ၎င်းသည် သူ့ကို တဗူးနည်းစနစ်ရှစ်ခုကို နားလည်ဆင်ခြင်နိုင်စေခဲ့၏။

သူသည် ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို ကိုယ်တိုင်တွေ့ကြုံပြီး မဟာဧကရာဇ်ပညာရှင်များနှင့်တိုက်ခိုက်ခဲ့သည့် တစ်ဦးတည်းသောသူဖြစ်သည်။

ဒါ့အပြင် သူက အသက်ရှင်နေသေး၏။

သူသည် ကောင်းကင်ဘုံခုံရုံးမှ အရှင်များ၏ နည်းလမ်းများနှင့် မိစ္ဆာအရှင်နှင့် ဧကရီဆိုးယုတ်၏ ဓမ္မတာအိုများကို တွေ့မြင်ထားခဲ့၏။ သူသည် မဟာဧကရာဇ်များကြား တိုက်ပွဲ၏ အသေးစိတ်အချက်အလက်တိုင်းကို အာရုံခံမိနိုင်၏။

ဤကဲ့သိုသော အတွေ့အကြုံတစ်ခုကို တုပ၍ မရနိုင်ဘဲ အခြားသူများအနေဖြင့် နားလည်သဘောပေါက်ဖို့ ခဲယဉ်းလေသည်။

ပြီးခဲ့သည့်နှစ်နှစ်ထောင်မှာ ဆူဇီမိုသည် အနားယူခြင်းမရှိခဲ့သလောက်နီးပါးပင်။ သူသည် အမြဲတမ်းလိုလို ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲမှာ သူတွေ့မြင်ထားခဲ့သည့် ဓမ္မတာအိုများကို နားလည်ဆင်ခြင်နေခဲ့၏။

သူသည် နားလည်ဆင်ခြင်ခြင်းနှင့် ကျင့်ကြံခြင်းကို ရပ်တန့်ရဲခြင်းမရှိပေ။

သူက ခဏမျှရပ်တန့်လိုက်သည်နှင့် သို့မဟုတ် သူ၏ စိတ်ကို အနည်းငယ်လျှော့ချလိုက်သည်နှင့် တျဲယွဲ့၏‌ သေဆုံးမှုမြင်ကွင်းက သူ့ကို အလိုလိုခြောက်လှန့်လာပေလိမ့်မည်။

အဆုံးမဲ့နာကျင်မှုက ဒီရေလှိုင်းတစ်ခုကဲ့သို့ တလိပ်လိပ်တိုးထွက်လာပြီး သူ့ကိုသေချင်စိတ်ပေါက်လာအောင် နာကျင်ခံစားရစေပေလိမ့်မည်။

တဗူးနည်းစနစ်ရှစ်ခု၏ ရိုက်ခတ်မှုဖြင့် ငရဲအရှင်၏ လောကမှာ အက်ကွဲကြောင်းများ စတင်ပေါ်ထွက်လာပြီး လဲပြိုကျတော့မည့်ဆဲဆဲဖြစ်၏။ သူ၏ တာအိုအမှတ်အသားက တောင့်မခံနိုင်တော့ဘဲ ၎င်း၏ အလင်းရောင်က မှေးမှိန်လာ၏။

ငရဲအရှင်၏ အရိုးဖြူချပ်ဝတ်တန်ဆာကစတင်ကွာကျပြီး သူ၏ ခန္ဓာကိုယ်ပေါ်မှာ သွေးသံရဲရဲဒဏ်ရာများ ပေါ်ထွက်လာ၏။

ခေါင်းလေးလုံးလက်ရှစ်ဖက်၏ အကူအညီနှင့်အတူ ဆူဇီမိုသည် တဗူးနည်းစနစ်ရှစ်ခုကို ထုတ်ဖော်ကာ သူ၏ တိုက်ခိုက်ရည်ခွန်အားကို ၎င်း၏ အကန့်အသတ်များထိ လှည့်ပတ်လိုက်၏။

သို့သော်လည်း သူသည် ငရဲအရှင်ကို လုံးလုံးလျားလျားဖိနှိမ်ဖို့အတွက် အချိန်ကာလက တိုတောင်းလွန်းဆဲဖြစ်ပုံရ၏။

ထိုစဉ်မှာပင် ဆူဇီမို၏ ခန္ဓာကိုယ်က ရုတ်တရက်ဝေဝါးသွား၏။ သူက နောက်ထပ်လေဟာနယ်ထဲသို့ တိုးဝင်ပျောက်ကွယ်သွားသည့်အလားပင်။

နဝမမြောက်တဗူးနည်းစနစ် ဗလာနယ်…။

လေဟာနယ်တဗူး…။

ဤနည်းစနစ်သည် သတ်ဖြတ်ခြင်းတဗူးနည်းစနစ်မဟုတ်ဘဲ တိုက်ခိုက်ရေးစွမ်းအားများစွာမရှိပေ။ သို့သော်လည်း နဝမသည် အဆုံးစွန်ဂဏန်းဖြစ်လေသည်။ တဗူးနည်းစနစ်ကိုးခုက တစ်ချိန်တည်းမှာ ဆင်းသက်လာပြီး တစ်ယောက်တည်းပေါ်မှာ စုပြုံဆင်းသက်လာသည့်အခါ ဧကရာဇ်နယ်ပယ်နှင့် မဟာဧကရာဇ်နယ်ပယ်ကြား ကွာဟချက်က နောက်ဆုံးမှာ ပျောက်ပျက်သွားပြီး နည်းစနစ်များနှင့် တာအိုများကြား အဟန့်အတားကလည်း ပျက်စီးသွား၏။

တဗူးကိုးခုက ကောင်းကင်တစ်ခွင်ဖုံးအုပ်ပြီး မဟာတာအိုကိုးခုက ခပ်ရေးရေးပေါ်ထွက်လာ၏။ သူတို့သည် လောကမှာ တာအိုအမှတ်အသားတစ်ခုအဖြစ် ယှက်ဖြာပြီး ငရဲအရှင်ကို ဖိနှိမ်လိုက်၏။

“အား…”

ငရဲအရှင်က ဒေါသတကြီးဟိန်းဟောက်လိုက်ပြီး သူ၏ အစွမ်းကုန်နှင့် ခုခံလို၏။

သို့သော်လည်း တဗူးတာအိုကိုးခုအမှတ်အသား၏ လွှမ်းခြုံမှုအောက်မှာ သူ၏ ခန္ဓာကိုယ်က စကာပေါက်ဖြစ်လာခဲ့လေသည်။ ငရဲအရှင်သည် လုံးလုံးလျားလျားလဲပြိုကျပြီး သူ၏ တာအိုအမှတ်အသားက အက်ကွဲကြောင်းများဖြင့် ပြည့်နှက်သွား၏။ သူက လုံးဝတောင့်မခံနိုင်တော့ပေ။ ငရဲအရှင်က သေရတော့မည့်ဆဲဆဲဖြစ်သည်။

All Chapters