← Chapters

မင်းရှုံးသွားပြီ

Vol. 214 Ch. 3224

မင်းရှုံးသွားပြီ

Vol. 214 Ch. 3224

ရုတ်တရက်ဆိုသလို…။

မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် တစ်စုံတစ်ရာကို အာရုံခံမိသွားပုံရပြီး တစ်ယောက်ပြီးတစ်ယောက်မော့ကြည့်လာကြ၏။

ကောင်းကင်ဘုံကမ္ဘာ၏ တိုက်ပွဲနယ်မြေကပင်လျှင် ခဏမျှရပ်တန့်သွား၏။

စဉ်းစားကြည့်၍မရနိုင်သော စွမ်းပကားတစ်ခုက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အုပ်မိုးလာခဲ့သည်။

“ဒါက…”

ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲကို တွေ့ကြုံထားခဲ့ဖူးသော ဘုရင်များနှင့် ဧကရာဇ်များက ဆတ်ခနဲတုန်ယင်သွားပြီး သူတို့၏ မျက်လုံးများထဲမှာ မယုံကြည်နိုင်မှုပေါ်ထွက်လာ၏။

“တစ်ယောက်ယောက်က အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ့ရဲ့တာအိုကို အတည်ပြုနေပြီ”

“နှစ်နှစ်ထောင်ကျော်ကြာပြီးတဲ့နောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ နောက်ဆုံး မဟာဧကရာဇ်တစ်ပါး ထပ်ပြီးပေါ်ထွက်လာပြီပေါ့”

မဟာဧကရီသွေးလိပ်ပြာသည် အရင်တုန်းက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူမ၏ တာအိုကို အတည်ပြုခဲ့စဉ်က ဤကဲ့သို့သောမြင်ကွင်းပေါ်ထွက်ခဲ့ဖူးသည်။

“ဒီဘက်မျိုးဆက်မှာ မဟာဧကရာဇ်အထီးကျန်သိုင်းသခင်ရယ်… အသစ်စက်စက်ပေါ်ထွက်လာတဲ့ မဟာဧကရာဇ်ရယ်ဆို ငရဲအရှင်ကို သေချာပေါက် ဖိနှိမ်နိုင်ပြီ… သူတို့တွေက အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို ကာကွယ်ပေးပြီး ကောင်းကင်ဘုံခုံရုံးကို မှောက်လှန်ပစ်လိမ့်မယ်”

ပညာရှင်များစွာက ဝမ်းသာအားရဖြစ်နေကြ၏။

ထျန်ဟွမ်ကမ္ဘာ၊ ဓားကမ္ဘာနှင့် နဂါးကမ္ဘာမှပညာရှင်များကသာ မျက်မှောင်ကြုတ်ထားပြီး သုန်မှုန်နေသောအမူအရာဖြင့် ကောင်းကင်ထက်ကို ကြည့်နေကြ၏။

မိုးကောင်ကင်ထက်မှာ ‘ပါကွ’ တာအိုအမှတ်အသားတစ်ခုက ဖြည်းဖြည်းချင်းပေါ်ထွက်လာပြီး ရှင်းလင်းလာနေ၏။

“အဲဒါသူပဲ…”

အင်မော်တယ်ဘုရင်မလင်းလုံက ထိုအမှတ်အသားကိုတွေ့မြင်သောအခါ လွှတ်ခနဲပြောလိုက်၏။

သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသူများက ထိုစကားကို ကြားသောအခါ ရင်ထဲမှာ နင့်ခနဲဖြစ်သွားကြ၏။

သူတို့အစိုးရိမ်ရဆုံးအခြေအနေက ဖြစ်ပေါ်လာဆဲပင်။

တက္ကသိုလ်ဂိုဏ်းချုပ်က မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီ။ ဒါ့အပြင် ဆူဇီမိုက ငရဲအရှင်ကို ဖိနှိမ်တော့မည့်ဆဲဆဲအချိန်မှာဖြစ်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် အလွန်တရာရည်မှန်းချက်ကြီးပြီး ဤအခိုက်အတန့်အတွက် နှစ်ပေါင်းများစွာကြာအောင် ဇာတ်မြှုပ်နေထိုင်ခဲ့၏။

သံသရဖူဆောင်းအဖိုးအို၊ အင်မော်တယ်ဧကရီလင်းလုံနှင့် တခြားသူများသည် တက္ကသိုလ်ဂိုဏ်းချုပ်က ငရဲအရှင်ဘက်မှာ သေချာပေါက်ရပ်တည်မည်ကို သိရှိထားကြ၏။

ဆူဇီမိုသည် ငရဲအရှင်နှင့် ဖုန့်တူကို ဖိနှိမ်ဖို့အတွက် သူ၏ ခွန်အားအပြည့်အဝကိုသုံးပြီး အရာရာတိုင်းကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်သည်။ သူသည် ငရဲအရှင်ကို ဖိနှိမ်နိုင်မည်ဆိုလျှင်တောင် သူ့မှာတိုက်ခိုက်ရည်ခွန်အား များစွာကျန်ရှိတော့မည် မဟုတ်ပေ။

ယခု တက္ကသိုလ်ဂိုဏ်းချုပ်က မဟာဧကရာဇ်တစ်ပါးဖြစ်လာခဲ့လေပြီ။ ဒါ့အပြင် သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်ဖြစ်သည်။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရှိ မျိုးနွယ်စုတစ်သောင်းသက်ရှိတိုင်းအတွက်တော့ ဤသည်မှာ ကြီးမားသောကပ်ဘေးတစ်ခုနှင့် မကွာခြားပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ တက္ကသိုလ်ဂိုဏ်းချုပ်၏ တိုက်ခိုက်ရည်ခွန်အားကို ၎င်း၏ အကန့်အသတ်ထိ ထုတ်ဖော်နိုင်လိမ့်မည်ဖြစ်ပြီး သူက ငရဲအရှင်ထက်ပင် များစွာသာလွန်နိုင်သည်။

ဆူဇီမိုသည် သူ၏ အထွတ်အထိပ်အခြေအနေမှာ တဗူးနည်းစနစ်ကိုးခုကို ထုတ်ဖော်မည်ဆိုလျှင်ပင် သူသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါးဖြစ်လာသော တက္ကသိုလ်ဂိုဏ်းချုပ်ကို ယှဉ်နိုင်လောက်မည် မဟုတ်ပေ။

ဒါ့အပြင် ဆူဇီမိုသည် ငရဲအရှင်ကို ဖိနှိမ်ဖို့အတွက် သူ့မှာရှိသမျှအရာရာတိုင်းကို ထုတ်ဖော်ခဲ့ပြီးပြီဖြစ်သည်။

အမြုတေစိတ်ဝိညာဉ်ပေါ် တဗူးနည်းစနစ်ကိုးခု၏ စွမ်းအင်သုံးစွဲမှုက ကြောက်ခမန်းလိလိပင်။

ဆူဇီမို၏ မဟာဧကရာဇ်အမြုတေစိတ်ဝိညာဉ်ကပင် တောင့်မခံနိုင်ဘဲ မူးဝေထုံထိုင်းလာ၏။

မဟာဧကရာဇ်တစ်ပါးဖြစ်လာသော တက္ကသိုလ်ဂိုဏ်းချုပ်ကိုမပြောနှင့် ဖုန့်တူတစ်ကျော့ပြန်လည်မည်ဆိုလျှင်ပင် သူ၏ လက်ရှိအခြေအနေအရ သေကြေပျက်သုဉ်းရတော့မည်ဖြစ်သည်။

“အရာရာတိုင်းကို ကြိုတင်ပြဋ္ဌာန်းထားပြီးသားဖြစ်နိုင်မလား”

ထိုသည်ကိုတွေ့မြင်သောအခါ လူအိုကြီးရွှမ်က တီးတိုးရေရွတ်လိုက်၏။

“အရင်တုန်းက မဟာဧကရာဇ်အထီးကျန်သိုင်းသခင် အန္တရာယ်ကျရောက်ခဲ့စဉ် မဟာဧကရီသွေးလိပ်ပြာသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်ဖြစ်လာခဲ့၏။ ယခု ငရဲအရှင်က သေရတော့မည့်ဆဲဆဲမှာ သူက မဟာဧကရာဇ်တစ်ပါးဖြစ်လာသည်။

“ဒါက တကယ်ပဲ အလယ်အလတ်ကမ္ဘာတစ်ထောင်လောကရဲ့ ကံကြမ္မာဖြစ်နိုင်မလား”

သံသရဖူဆောင်းအဖိုးအိုက အနည်းငယ်ငေးငိုင်နေ၏။

ကောင်းကင်ဘုံကိုးလွှာကို ချိုးဖျက်ပြီး ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးဖို့အတွက် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများသည် ရှေးဟောင်းမဟာဧကရာဇ်များ၏ ဦးဆောင်မှုအောက်မှာ ခေတ်အဆက်ဆက်တွန်းလှန်တိုက်ခိုက်ခဲ့ပြီး မရေမတွက်နိုင်သောပညာရှင်များ အသက်ပေးခဲ့ရသည်။

လွန်ခဲ့သည့်နှစ်နှစ်ထောင်က သူတို့သည် မဟာဧကရာဇ်အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီသွေးလိပ်ပြာ၏ ဦးဆောင်မှုဖြင့် ကောင်းကင်ဘုံခုံရုံးကို နောက်ဆုံးမှာ ဖျက်ဆီးနိုင်ခဲ့သည်။

ယခု နှစ်နှစ်ထောင်သာကြာသေးပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို အမှောင်ထုက နောက်တစ်ဖန်ဆင်းသက်လာခဲ့လေသည်။

“ဟားဟားဟားဟား… ကောင်းကင်ဘုံက ငါ့အတွက် ထွက်ပေါက်တစ်ခုချန်ပေးထားတာပဲ”

ငရဲအရှင်က ထိုသည်ကို အာရုံခံမိသောအခါ သူက ဝမ်းသာအားရဖြစ်သွားပြီး သူ၏ မျက်လုံးများက မီးတောက်များဖြင့် လောင်ကျွမ်းလာကာ ဟားတိုက်ရယ်မောလိုက်၏။

ဆူဇီမိုကလည်း ဖြစ်ပျက်လာသည့်အရာကို နားလည်သဘောပေါက်နေ၏။

သူက အမူအရာကင်းမဲ့နေဆဲဖြစ်ပြီး ညင်သာစွာ သက်ပြင်းချလိုက်၏။

သူ၏ မျက်လုံးများက ခဏမျှမှေးမှိန်သွာပြီးနောက် ပုံမှန်အတိုင်းပြန်ဖြစ်သွား၏။

တကယ်တော့ အဲဒါက ကံကြမ္မာဖြစ်သည်ဟု သူမယုံပေ။

အဲဒါက တိုက်ဆိုင်မှုတစ်ခုဟုလည်း သူမထင်ပေ။

တကယ်ဆို တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤအဆင့်ကို အချိန်မရွေးတက်လှမ်းနိုင်ခဲ့သည်ဟု သူခန့်မှန်းမိသည်။ သူသည် အဲဒါကို ပြုလုပ်ဖို့အတွက် ဤအခိုက်အတန့်ကို ရွေးချယ်ခဲ့ရုံသာဖြစ်၏။

အစကတော့ ငရဲအရှင်နှင့် ဖုန့်တူကို ကြောက်ခမန်းလိလိနည်းလမ်းများဖြင့် ဖိနှိမ်ခဲ့ပြီးနောက် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အန္တရာယ်ကို သူက ယာယီအားဖြင့် ဖြေရှင်းပေးနိုင်ပြီဟု ဆူဇီမိုက တွေးထင်ခဲ့၏။ သူ့မှာ နောက်ထပ် နှစ်တစ်ထောင် သို့မဟုတ် နှစ်ရာဂဏန်းတချို့ အချိန်ရမည်ဆိုလျှင် သူသည် သူတော်စင်သုံးပါးကျောက်စိမ်းကျမ်းကို သုံးကာ ဧကရာဇ်အကြီးနယ်ပယ်သို့ တက်လှမ်းနိုင်ပေလိမ့်မည်။

သူသည် ဧကရာဇ်အကြီးနယ်ပယ်ကို ရောက်ရှိလာသည်နှင့် တက္ကသိုလ်ဂိုဏ်းချုပ်က မဟာဧကရာဇ်တစ်ပါးဖြစ်လာပြီး ငရဲအရှင်နှင့် ဖုန်တူနှင့် ပူးပေါင်းမည်ဆိုလျှင်ပင် သူက တိုက်ခိုက်နိုင်ပေလိမ့်မည်။

ကံဆိုးစွာနှင့်ပင် သူက ခြေတစ်လှမ်းလိုနေဆဲဖြစ်၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ မိုးမြေတာအိုအမှတ်အသားက ဆင်းသက်လာ၏။

ဆူဇီမို၏ တဗူးကိုးခုတာအိုအမှတ်အသားက ဘယ်လောက်ပင်သန်မာသည်ဖြစ်စေ ၎င်းသည် မိုးမြေတာအိုအမှတ်အသားနှင့် ငရဲတာအိုအမှတ်အသား၏ နှစ်ထပ်ဆင့်စွမ်းအားကို မခုခံနိုင်ပေ။

ငရဲအရှင်က လွင့်စင်ထွက်သွားပြီး သွေးများကို ထွေးထုတ်လိုက်ရ၏။ သူက ဒဏ်ရာအပြင်းအထန်ရရှိသွားပြီး ငရဲလောကက ပျက်စီးကြေမွသွားသော်လည်း သူက အသက်ရှင်နေသေး၏။

မဟာတာအိုကိုးခုယှက်ဖြာခြင်းကနေ ဖြစ်ပေါ်လာသော တာအိုအမှတ်အသားသည် ငရဲတာအိုအမှတ်အသားနှင့် တိုက်ခိုက်ပြီးနောက် ၎င်းသည် အရှိန်ကုန်သွားသည့် မြားတစ်စင်းဖြစ်လာလေပြီ။

နောက်ဆုံးမှာတော့ ၎င်းသည် တက္ကသိုလ်ဂိုဏ်းချုပ်စုဖွဲ့ထားသည့် မိုးမြေတာအိုအမှတ်အသားကို မခုခံနိုင်ပေ။

မရေမတွက်နိုင်သောအကြည့်များအောက်မှာ တဗူးကိုးခုတာအိုအမှတ်အသားက တဖြည်းဖြည်းပျက်ပြယ်သွား၏။

ဆူဇီမို၏ ခန္ဓာကိုယ်က အနည်းငယ်ယိမ်ထိုးနေပြီး သူ၏ မျက်နှာက ဖြူဖပ်ဖြူရော်ဖြစ်နေ၏။

ယခုတင် စောစောက သူထုတ်ဖော်ခဲ့သော တိုက်ခိုက်မှုသည် စွမ်းအင်မြောက်မြားစွာကို ကုန်ဆုံးစေခဲ့၏။

မိုးမြေတာအိုအမှတ်အသားဆင်းသက်လာစဉ်မှာ ပုံရိပ်တစ်ခုက ဖြည်းဖြည်းချင်းပေါ်ထွက်လာပြီး တမလွန်အစီအရင်ဝင်္ကပါ၏ အထက်ကနေ ဆင်းသက်လာ၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဝတ်ရုံရှည်ကို ဝတ်ဆင်ထားပြီး သူ၏ လက်နှစ်ဖက်ကို နောက်ပစ်ထားကာ သူ့မျက်နှာပေါ်တွင် အပြုံးတစ်ခုရှိနေ၏။ သူ၏ကျယ်ပြန့်သောနဖူးမှာ အဆုံးမဲ့ဉာဏ်ပညာပါဝင်နေပုံရပြီး သူ၏ အမူအရာက တည်ငြိမ်နေပုံရ၏။

တကယ်ဆို သူ၏ ခြေဖဝါးအောက်မှာ လှေခါးထစ်မျာပင် ရှိနေပုံရသည်။

ထိုကဲ့သို့ပင် တက္ကသိုလ်ဂိုဏ်းချုပ်က လျှောက်လှမ်းလာပြီး သရော်တော်တော်အကြည်နှင့်အတူ ဆူဇီမိုကိုငုံ့ကြည့်နေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ နောက်ဘက်မှာ စိမ်းဖန့်ဖန့်မျက်လုံးများနှင့် ကြမ်းကြုတ်ခက်ထန်သောအော်ရာရှိသည့် စုန်းမျိုးနွယ်စစ်တပ်တစ်တပ်ပါလာ၏။

“ဆူဇီမို.. မင်းရှုံးသွားပြီ”

တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာပြုံးလိုက်၏။

သူသည် သိုင်းတာအိုပင်မခန္ဓာကို ရှုံးနိမ်ခဲ့သည့်နေ့မှစ၍ သူက သည်းခံပြီး ဇာတ်မြှုပ်နေရတော့မည်ကို သိရှိထားပြီး အခွင့်အလမ်းတစ်ခုကိုသာ တိတ်တဆိတ်စောင့်ဆိုင်းနေခဲ့၏။

ဤမျှထိ နှစ်ပေါင်းများစွာကြာအောင် သည်းခံခဲ့ပြီးနောက် ဤနေ့က နောက်ဆုံးမှာ ရောက်ရှိလာခဲ့လေပြီ။

သူသည် ထိုစကားလုံးများကို နှစ်ပေါင်းများစွာကြာအောင် ချုပ်တည်းထားခဲ့ရ၏။ သူ့ဘဝမှာ သူသည် ဟာကွက်မဲ့သော တွက်ချက်မှုများနှင့်အတူ မရေမတွက်နိုင်သော အကွက်ချကြံစည်မှုများကို ပြုလုပ်ခဲ့၏။ သို့သော်လည်း သူသည် ဆူဇီမို၏ လက်ထဲမှာ နှစ်ကြိမ်တိုင်တိုင်ရှုံးနိမ့်ခဲ့ဖူးသည်။

သူက တစ်ကြိမ် သို့မဟုတ် နှစ်ကြိမ်ရှုံးနိုင်သည်။ သို့သော်လည်း သူက သုံးကြိမ်မြောက် အရှုံးမခံနိုင်ပေ။

ဒါ့အပြင် သူ့အတွက် အကြီးမားဆုံးခြိမ်းခြောက်မှုဖြစ်သည့် အလှည့်အပြောင်းမူကွဲ အထီးကျန်သိုင်းသခင်က သေဆုံးသွားပြီဖြစ်သည်။

ဆူဇီမိုက ဘယ်လောက်ပင် ပါရမီအရည်အချင်းရှိသည်ဖြစ်စေ သူက ဖန်တီးခြင်းကြာပဒုမ္မာမျိုးဆက်သွေးကို ပိုင်ဆိုင်ထားမည်ဆိုလျှင်တောင် ၎င်းသည် သူ၏တွက်ချက်မှုအတွင်းမှာ ရှိနေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်၏ စကားမှာ ဆူဇီမိုက နှုတ်ဆိတ်၍ သူ၏ အသက်ရှူသံကို တိတ်တဆိတ်ထိန်းညှိကာ သူ့အမြုတေစိတ်ဝိညာဉ်၏ သက်လုံအားကို ပြန်လည်ရယူဖို့ အတတ်နိုင်ဆုံးကြိုးစားနေ၏။

ထိုအပြုအမူများသည် တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးထဲကနေ မလွတ်မြောက်နိုင်ပေ။ သို့သော်လည်း သူက ဂရုမစိုက်ပေ။

သူသည် မဟာဧကရာဇ်တစ်ပါးဖြစ်လာခဲ့ပြီဖြစ်ပြီး အရာရာတိုင်းက သူ၏ ထိန်းချုပ်မှုအတွင်းမှာ ရှိနေသည်။

“မင်းဘာလို့ရှုံးရလဲသိလား”

တက္ကသိုလ်ဂိုဏ်းချုပ်က အပြုံးဖြင့် မေးလိုက်၏။

ဆူဇီမိုက ပြန်ဖြေခြင်းမရှိဘဲ တက္ကသိုလ်ဂိုဏ်းချုပ်ကို အေးစက်စွာဖြင့်သာကြည့်နေ၏။

ဆူဇီမိုက ပြန်မဖြေလျှင်တောင် တက္ကသိုလ်ဂိုဏ်းချုပ်၏ စိတ်ဝင်စားမှုက လျော့ကျမသွားပေ။ သူက ဘေးပတ်ဝန်းကျင်ကို လျစ်လျူရှုကာ ပြောလိုက်၏။

“ငါသာ မင်းနေရာမှာဆိုရင် ငါက ပကတိဧကရာဇ်နယ်ပယ်ကိုရောက်တဲ့အထိ တိတ်တဆိတ်ကျင့်ကြံနေဖို့ ရွေးချယ်မှာပဲ”

“ကောင်းကင်ဘုံခုံရုံးကို နောက်တစ်ခါပြန်ပြီး တည်ဆောက်တယ်ဆိုတော့ရော ဘာဖြစ်လဲ… မျိုးနွယ်စုတစ်သောင်းကသက်ရှိတွေ သတ်ဖြတ်သုတ်သင်ခံရတယ်ဆိုတော့ရော ဘာဖြစ်လဲ.. အဲဒီပုရွက်ဆိတ်တွေရဲ့အသက်က ငါနဲ့မှမဆိုင်တာ”

“မင်းမှာ ရစ်ပတ်နှောင်ဖွဲ့မှုတွေများလွန်းတယ်… မင်းက လုံလောက်အောင် စိတ်မရှည်နိုင် နှလုံးသားမမဲ့နိုင်ဘူးဆိုရင် မင်းငါ့ကို ဘယ်လိုလုပ်နိုင်မှာလဲ”

ထိုစကားကိုကြားသောအခါ ငရဲအရှင်က တက္ကသိုလ်ဂိုဏ်းချုပ်ကိုကြည့်ပြီး အသိအမှတ်ပြုခေါင်းညိတ်လိုက်၏။

ဖုန့်တူသည် သူ့ကို အလွန်တရာအလေးထားခဲ့သည်မှာ အံ့ဩစရာမရှိတော့ပေ။ အလွန်တရာတည်ငြိမ်၍ သွေးအေးပြီး နှလုံးသားမဲ့နိုင်သော ဤလူသည် သူအသုံးပြုနိုင်သည့် အခွင့်အလမ်းများအားလုံးကို ချိန်ဆနိုင်သည်။ ကစဉ့်ကလျားဤလောကမှာ သူ့အနေဖြင့်ပို၍ပင် တောက်ပလာဖို့ဖြစ်နိုင်သည်။

သို့သော်လည်း ဆူဇီမိုက မည်သို့ပင်ဆိုစေ တက္ကသိုလ်ဂိုဏ်းချုပ်နှင့် လုံးဝမတူပေ။

သူတို့နှစ်ယောက်၏ တာအိုများက ကွဲပြားခြားနားနေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သံသရဖူဆောင်းအဖိုးအိုနှင့် အခြားသောပညာရှင်များကို လှည့်ပတ်ကြည့်ရှုပြီး မှင်သေသေဖြင့်ပြောလိုက်၏။

“ပြီးခဲ့သည့် နှစ်တချို့မှာ မင်းတို့တွေက ဒီနေရာမှာ ခြွင်းချက်မရှိ မင်းတို့ရဲ့နာမည်ဂုဏ်သတင်းကို တည်ဆောက်ခဲ့ကြတယ်… ဒါပေမဲ့ ငါအတွက်လိုအပ်တာက အခွင့်အလမ်းတစ်ခုပဲ.. အဲဒါနဲ့ဆို ငါ့အနေနဲ့ ကောင်းကင်ဘုံကိုတက်လှမ်းပြီး မင်းတို့တွေကို ဖိနှိမ်ဖို့လုံလောက်တယ်… ငါမင်းတို့ကို တစ်ခါတည်းပြောပြလိုက်မယ်… ကောင်းကင်ဘုံခုံရုံးကို ပြန်တည်ဆောက်ဖို့က ငါ့ရဲ့စိတ်ကူးပဲ… ဒီနေ့ကစပြီး တက္ကသိုလ်ဂိုဏ်းချုပ်ဆိုတာ မရှိတော့ဘူး… ငါက ကောင်းကင်ဘုံခုံရုံးရဲ့အရှင်.. သမိုင်းမှာ တစ်ဦးတည်းသော ကောင်းကင်ဘုံဧကရာဇ်ဖြစ်လာမယ်။”

All Chapters