← Chapters

နောက်ဆုံး အလောင်းအစား

Vol. 214 Ch. 3225

နောက်ဆုံး အလောင်းအစား

Vol. 214 Ch. 3225

တက္ကသိုလ်ဂိုဏ်းချုပ်၏ အသံကသာ လောကမှာ ကျန်ရှိပြီး ပဲ့တင်ထပ်နေ၏။

မျိုးနွယ်စုတစ်သောင်းမှာ သက်ရှိများသည် လောကမှာ ကြောက်စရာကောင်းသော အော်ရာတစ်ခု ထုတ်ဖော်ထားသည့် ပုံရိပ်ကို ခေါင်းမော့၍ ကြည့်လိုက်ကြ၏။ သူတို့၏ မျက်လုံးများက ငေးငိုင်သွားပြီး သူတို့သည် အဲ့ဒါကို ခဏကြာသည်အထိ မယုံကြည်နိုင်ကြပေ။

ဤလူက အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ မဟာဧကရာဇ်တစ်ပါးဖြစ်သည်။

သို့သော် ယခု သူသည် မျိုးနွယ်စုတစ်သောင်းမှ သက်ရှိများအားလုံးကို ကျွန်ပြုပြီး အလယ်အလတ်ကမ္ဘာတစ်ထောင်လောကကို သူ၏ ခြေဖဝါးအောက်မှာ နင်းခြေပစ်ချင်နေ၏။

သံသရဖူဆောင်းအဘိုးအို၊ အင်မော်တယ်ဧကရီလင်းလုံနှင့် အခြားသောပညာရှင်များက နှုတ်ဆိတ်နေပြီး သူတို့၏ ရင်ထဲမှာ နက်ရှိုင်းသော ကူကယ်ရာမဲ့မှု ခံစားချက်က ပေါ်ထွက်လာ၏။

သူတို့သည် ဖုန့်တူနှင့် ငရဲအရှင်၏ ပူးပေါင်းတိုက်ခိုက်မှုနှင့် စောစောက ရင်ဆိုင်နေရလျှင်ပင် မည်သူကမှ ကြောက်ရွံ့ခြင်း သို့မဟုတ် တွေဝေတုံ့ဆိုင်းခြင်း မရှိခဲ့ကြပေ။

ထိုအချိန်မှာ လူတိုင်းသည် အနည်းဆုံးတော့ သူတို့၏ ရင်ထဲမှာ မျှော်လင့်ချက်ပါးပါးလေးတစ်ခု ရှိနေခဲ့ကြ၏။

သို့သော် ယခု သူတို့သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ သူ၏တာအိုကို အတည်ပြုထားသည့် မဟာဧကရာဇ်တစ်ပါးနှင့် ရင်ဆိုင်နေရသည်။

ဤလောကမှာ တက္ကသိုလ်ဂိုဏ်းချုပ်သည် အန္တိမပညာရှင်တစ်ဦးဖြစ်သည်။

မည်သူကမှ သူ့ကို အနိုင်မယူနိုင်ပေ။

ပြီးခဲ့သည့် ခေတ်တချို့မှာပင် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှ မဟာဧကရာဇ်တစ်ပါးနှင့် တိုက်ခိုက်ရန် အနည်းဆုံး မဟာဧကရာဇ်ပညာရှင်နှစ်ဦး ပူးပေါင်းထားဖို့ လိုအပ်ခဲ့သည်။

အနန္တခေတ်မှာ မဟာဧကရာဇ်အနန္တသည် မဟာဧကရာဇ်နှစ်ပါးကိုပင် တစ်ဦးတည်းဖိနှိမ်ကာ ချုပ်နှောင်ခဲ့လေသည်။

သို့သော်လည်း ယခင်ကောင်းကင်ဘုံဆန့်ကျင်တိုက်ပွဲအပြီးမှာ ကောင်းကင်ဘုံခုံရုံးမှ အရှင်ကိုးပါးသည် မဟာကမ္ဘာတစ်ထောင်လောကသို့ ပြန်သွားကြပြီဖြစ်သည်။ မိစ္ဆာအရှင်၊ ဧကရီဆိုးယုတ်နှင့် ဗြဟ္မာတစ္ဆေမိခင်တို့ကလည်း မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းသွားကြပြီဖြစ်သည်။

မဟာဧကရာဇ် အထီးကျန်သိုင်းသခင်နှင့် မဟာဧကရီ သွေးလိပ်ပြာကလည်း တစ်ယောက်ပြီးတစ်ယောက် သေဆုံးသွားကြ၏။

တက္ကသိုလ်ဂိုဏ်းချုပ်ကို ဖိနှိမ်မည့် မဟာဧကရာဇ်နှစ်ပါးကို သူတို့က ဘယ်နေရာမှာ သွားရှာနိုင်မှာလဲ။

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဤမျှအထိ ယုံကြည်မှုရှိနေပြီး သူ၏ အတွေးအကြံကို ပေါ်ပေါ်ထင်ထင် ထုတ်ဖော်ပြောဆိုရဲသည်မှာ သူက ဤလောကမှာ အမှန်တကယ် ပြိုင်ဘက်ကင်းနေပြီ ဖြစ်သောကြောင့်ပင်။

သူပြောခဲ့သလိုပင် သူသည် သမိုင်းတစ်လျှောက် တစ်ဦးတည်းသော ကောင်းကင်ဘုံဧကရာဇ် ဖြစ်လာသည်။

“ကောင်းကင်ဘုံဧကရာဇ်တဲ့လား… အဲ့ဒီဘွဲ့က မဆိုးပါဘူး”

ရုတ်တရက် ဆူဇီမိုက ပြုံးလိုက်၏။

“ဒါပေမဲ့… အဲ့ဒါကို ကိုယ့်ဘာသာကိုယ် ပေးထားတာကတော့ တော်တော်လေး အရှက်မဲ့ရာမကျဘူးလား”

တက္ကသိုလ်ဂိုဏ်းချုပ်က ထိုစကားကို ကြားသောအခါ ဒေါသထွက်မသွားပေ။

“ဆူဇီမို…”

တက္ကသိုလ်ဂိုဏ်းချုပ်က ညင်သာစွာ ပြုံးလိုက်၏။

“ငါ မင်းကို နှစ်ကြိမ်ရှုံးခဲ့ပေမဲ့ မင်းက တကယ်တော့ ငါ့ကို လုံးဝ မယှဉ်နိုင်ခဲ့ဘူး”

“အရင်တုန်းက ဧကရာဇ်ဂူသင်္ချိုင်းရဲ့ ရုတ်တရက်ပေါ်ထွက်လာမှုကြောင့် မဟုတ်ရင် မင်းက ငါသန့်စင်မွမ်းမံတာကို ခံရပြီး အခုအချိန်ထိ အသက်ရှင်နေမှာ မဟုတ်ဘူး”

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမိုကိုသတ်ဖြတ်ဖို့ အလောတကြီးရှိမနေပေ။

သူသည် ဤအခိုက်အတန့်အတွက် အချိန်ကြာမြင့်စွာ စောင့်ဆိုင်းခဲ့ရသည်။

သူက ဆူဇီမိုကို တိုက်ရိုက်သတ်ဖြတ်လိုက်မည်ဆိုလျှင် ပျင်းရိငြီးငွေ့စရာကောင်းနေပေလိမ့်မည်။ သူက ထိုသို့ပြုလုပ်ရသည်ကို ကျေနပ်သဘောကျနေ၏။

တက္ကသိုလ်ဂိုဏ်းချုပ်က ပြောလိုက်၏။

“မင်းက ကံကောင်းပြီး ထွက်ပြေးလွတ်မြောက်သွားလို့ အခုအချိန်ထိ အသက်ရှင်နေတယ်ဆိုရင်တောင် ရလဒ်ကတော့ အတူတူသာ ဖြစ်နေဦးမှာပဲ… ငါနဲ့ ရန်သူဖြစ်လာတဲ့ ဘယ်သူမဆို ကျရှုံးဖို့ ကံပါလာပြီးသားပဲ”

ကောင်းကင်ဘုံကမ္ဘာအထက်မှာ…

ဖုန့်စန်းထျန်သည် သူ၏မျက်လုံးထဲရှိ မျှော်လင့်ချက်တစ်စွန်းတစ်စနှင့်အတူ သံသရဖူဆောင်းအဘိုးအိုနှင့် အင်မော်တယ်ဧကရီလင်းလုံကို ကြည့်လိုက်၏။ သူက စိတ်ဝိညာဉ်အသိစိတ်ဖြင့် အသံတစ်ခုကို ပို့လွှတ်လိုက်၏။

“ဇီမို့မှာ တခြားဝှက်ဖဲတွေ ရှိနေဦးမလား”

သံသရဖူဆောင်းအဘိုးအိုက သူ၏ ခေါင်းကို ညင်သာစွာ ခါပြလိုက်၏။

အင်မော်တယ်ဧကရီလင်းလုံ၏ အမူအရာကလည်း သုန်မှုန်နေပြီး သူမက ဆူဇီမိုကိုကြည့်ကာ သက်ပြင်းချလိုက်၏။

ဆူဇီမိုသည် လက်ရှိအခြေအနေမှာ အလွန်တရာ အားနည်းနေခဲ့ပြီဖြစ်သည်။

ဆူဇီမိုသည် သူ၏ အထွတ်အထိပ်အခြေအနေမှာ ရှိနေမည်ဆိုလျှင် သို့မဟုတ် သူသည် ရှေ့သို့ နောက်တစ်ဆင့်တက်လှမ်းပြီး ဧကရာဇ်အကြီးနယ်ပယ်ထိ ကျင့်ကြံထားမည်ဆိုလျှင်ပင် သူသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရာမှာ အနိုင်ရဖို့ အခွင့်အရေး ရှိလိမ့်မည်မဟုတ်ပေ။

အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ လူတိုင်း၏ ခွန်အားအတွက် အထက်စည်းတစ်ခု ရှိလေသည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောကမှာ မဟာဧကရာဇ်တစ်ပါး ဖြစ်လာပြီးနောက် သူ၏ တိုက်ခိုက်ရည်ခွန်အားက ထိုအထက်စည်းမှာ ရောက်ရှိနေ၏။

လွန်ခဲ့သည့် နှစ်နှစ်ထောင်က အထီးကျန်သိုင်းသခင်က ပြန်လည်ရှင်သန်လာပြီး ကန့်သတ်မှုများကို နောက်တစ်ဖန် မချိုးဖျက်သရွေ့ မည်သူမှာမှ တက္ကသိုလ်ဂိုဏ်းချုပ်ကို ဖိနှိမ်နိုင်မည့် အခွင့်အရေးမရှိပေ။

“မင်းရဲ့ဉာဏ်ရည်နဲ့ ကျင့်ကြံမှုက ငါ့ထက်မနိမ့်ကျဘူး… ဒါပေမဲ့ မင်းရဲ့ပါရမီအရည်အချင်းကလည်း တကယ်ပဲ မဆိုးဘူး… မင်းက ငါ လုံးဝ မတွက်ချက်နိုင်တဲ့ လောကရဲ့ အလှည့်အပြောင်း မူကွဲတစ်ခုဖြစ်တဲ့ အစစ်အမှန်ခန္ဓာတစ်ခုကိုတောင်မှ တကယ်ပဲ ဖန်တီးနိုင်ခဲ့တယ်”

တက္ကသိုလ်ဂိုဏ်းချုပ်က ချီးကျူးလိုက်၏။

“ပွင့်ပွင့်လင်းလင်း ပြောရရင် မင်းရဲ့ အထီးကျန်သိုင်းသခင် အသက်ရှင်နေဦးမယ်ဆို ငါက လုံးဝ ပေါ်ထွက်လာရဲမှာ မဟုတ်ဘူး…. ငါက ပါးလွှာတဲ့ ရေခဲပြင်ပေါ်မှာ လျှောက်လှမ်းနေရသလို ငါ့ဘဝကို သတိကြီးကြီးထားပြီး ဖြတ်သန်းရလိမ့်မယ်… သူက ငါ့ကို တကယ်ပဲ မကြုံစဖူး ကြောက်ရွံ့မှုခံစားရစေတယ်… ကံဆိုးစွာနဲ့ပဲ…”

တက္ကသိုလ်ဂိုဏ်းချုပ်က မချိတင်ကဲ အမူအရာဖြင့် ပြောလိုက်၏။

“သူက ဘာပဲပြောပြော မူကွဲတစ်ခုပဲ… ကောင်းကင်ဘုံကတောင် သူ့ကို မုန်းတီးပြီး လောကကနေ သူ့ကိုဖျောက်ဖျက်ဖို့အတွက် ကောင်းကင်ဘုံကပ်ဘေးတစ်ခုကို စေလွှတ်ပေးခဲ့တယ်”

“တကယ်တော့…”

တက္ကသိုလ်ဂိုဏ်းချုပ်က စကားလမ်းကြောင်းပြောင်းပြီး ပြုံးလိုက်၏။

“အဲ့ဒါတွေအားလုံးက မင်းရဲ့သိုင်းတာအိုပင်မခန္ဓာကို ကျေးဇူးတင်ရမှာပဲ… သူက ကောင်းကင်ဘုံကိုးလွှာကို ချိုးဖျက်ပြီး ကောင်းကင်ဘုံခုံရုံးကို ဖျက်ဆီးပေးခဲ့တယ်… သူက မဟာဧကရာဇ် တော်တော်များများကိုတောင်မှ ဖိနှိမ်ပေးခဲ့တယ်… အဲ့ဒါကြောင့်ပဲ ငါက ဘဝမှာ တစ်ကြိမ်သာရနိုင်တဲ့ ဒီလိုမျိုး အခွင့်အရေးမျိုးကို ရလာခဲ့တာပဲ”

“မင်း စကားတော်တော်များတာပဲ”

ငရဲအရှင်က သူ၏ ဒဏ်ရာများကနေ သက်သာလာပြီး ရုတ်တရက် အေးစက်စွာ အော်ငေါက်လိုက်၏။ သူက စိတ်မရှည်စွာဖြင့် လောဆော်လိုက်၏။

“သူ့ကို မြန်မြန်သတ်… ဟိုပုရွက်ဆိတ်တွေကိုလည်း သတ်လိုက်တော့”

တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်နှာပေါ်ရှိ အပြုံးက လျော့ကျမသွားပေ။

သူသည် ကောင်းကင်ဘုံဧကရာဇ် ဖြစ်လာခဲ့ပြီးဖြစ်ပြီး သူ၏ တိုက်ခိုက်ရည်ခွန်အားက ငရဲအရှင်၏ အထက်မှာပင် ရှိနေ၏။

ငရဲအရှင်၏ တင်စီးလွန်းသော လေသံက သူ့ကို မနှစ်မမြို့ဖြစ်စေပြီး သူ၏ ရင်ထဲမှာ သတ်ဖြတ်လိုစိတ်တစ်ခု ပေါ်ထွက်လာ၏။

သို့သော်လည်း ဖုန့်တူဖြစ်စေ၊ ငရဲအရှင်ဖြစ်စေ၊ သူတို့သည် မဟာကမ္ဘာတစ်ထောင်လောကနှင့် ခွဲခြားမရအောင် ဆက်စပ်နေကြ၏။

ငရဲအရှင်သည် မဟာကမ္ဘာတစ်ထောင်လောကမှာ ပညာရှင်တစ်ဦးပင် ဖြစ်နေနိုင်သည်။

တက္ကသိုလ်ဂိုဏ်းချုပ်သည် သူနှင့် တိုက်ရိုက်ပဋိပက္ခတစ်ခု မရှိလိုပေ။ သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းပြီးနောက် အရိပ်တစ်ခုအောက်မှာ ဆက်လက်ကျင့်ကြံဖို့အတွက် ငရဲအရှင်နှင့် အခြားသူများ၏ စွမ်းအားကို အသုံးချလိုသေး၏။ သို့သော်လည်း ငရဲအရှင်က သူ့ကိုအမိန့်ပေးနိုင်မည်ဟု မဆိုလိုပေ။

ချက်ချင်းပင် တက္ကသိုလ်ဂိုဏ်းချုပ်၏ စိတ်ထဲမှာ အတွေးပေါင်းများစွာ ပေါ်ထွက်လာသော်လည်း သူက ဣန္ဒြေရနေဆဲဖြစ်၏။ သူ ဘာစဉ်းစားနေသည်ကို မည်သူကမှ မပြောနိုင်ပေ။

“မင်းမှာ တခြားဘာနည်းလမ်းတွေ ရှိသေးလဲ… ဝိညာဉ်မီးအိမ်၊ သေခြင်းရှင်ခြင်းစာအုပ်၊ ယင်ယန် ဂမ္ဘီရကျောက်တုံးနှစ်တုံး…”

တက္ကသိုလ်ဂိုဏ်းချုပ်သည် ဆူဇီမို၏ နည်းလမ်းများကို ကောင်းကောင်းသိထားပြီး သူက တည်ငြိမ်နေ၏။

ထိုနည်းလမ်းများက သူ့အပေါ်မှာ ခြိမ်းခြောက်နိုင်စွမ်း မရှိတော့ပေ။

တက္ကသိုလ်ဂိုဏ်းချုပ်၏ မျက်လုံးထဲတွင် သရော်တော်တော်အကြည့်တစ်ခု ဖျတ်ခနဲပေါ်ထွက်လာပြီး သူက မှင်သေသေဖြင့် ပြောလိုက်၏။

“ကဲ… အဆုံးသတ်ဖို့ အချိန်ကျပြီ”

ထိုသို့ သူပြောလိုက်သည့် ခဏမှာပင် တက္ကသိုလ်ဂိုဏ်းချုပ်သည် တောက်လောင်ပြင်းပြသော အကြည့်နှင့်အတူ ရှေ့သို့ ခြေတစ်လှမ်းယူလိုက်၏။ သူသည် သူ၏ ဝတ်ရုံကို ဝေ့ယမ်းပြီး သူ၏ စာနာစိတ်မရှိသော ကောင်းကင်ဘုံကို ထုတ်ဖော်လိုက်၏။ မိုးမြေတာအိုအမှတ်အသားက ရပ်တန့်တားဆီးမရနိုင်သော အော်ရာတစ်ခုကို ဖြာထုတ်ပေးပြီး ဆူဇီမိုကို ဖိနှိမ်လိုက်၏။

(စာနာစိတ်မရှိသောကောင်းကင်ဘုံက တက္ကသိုလ်ဂိုဏ်းချုပ်ရဲ့ ဧကရာဇ်အဆင့်လောကရဲ့နာမည်ပါ။)

လမ်းဆုံးကို ရောက်ရှိနေပြီဖြစ်သော ဆူဇီမိုနှင့် ရင်ဆိုင်ရလျှင်ပင် တက္ကသိုလ်ဂိုဏ်းချုပ်က ထိန်းချန်ထားခြင်း မရှိပေ။

တက္ကသိုလ်ဂိုဏ်းချုပ်၏ တိုက်ခိုက်မှုမှာ ဆူဇီမို၏ အမူအရာက တည်ငြိမ်နေဆဲဖြစ်၏။

သူ့မှာ မည်သည့်ကြောက်ရွံ့ထိတ်လန့်မှုမှ မရှိဘဲ စိတ်သက်သာရာရမှုသာ ရှိနေ၏။

သူ့မှာ နောက်ချန်အစီအစဉ်တစ်ခုခု ရှိမနေခြင်း မဟုတ်ပေ။

သို့သော်လည်း ထိုနောက်ချန်အစီအစဉ်ကို အသုံးပြုသည်နှင့် သူက သေချာပေါက် သေရပေလိမ့်မည်။

ထို့ကြောင့်ပင် တက္ကသိုလ်ဂိုဏ်းချုပ် ပေါ်ထွက်လာသောအခါ ဆူဇီမိုက သက်ပြင်းချခဲ့ခြင်းဖြစ်သည်။

သူသည် မဟာကမ္ဘာတစ်ထောင်လောကသို့ တက်လှမ်းပြီး တျဲယွဲ့ကို နောက်တစ်ဖန် ရှာဖွေခြင်း မပြုလုပ်နိုင်တော့မည်ကို သူက သိရှိလိုက်၏။

ရွှစ်…

ရုတ်တရက် လောကကို ချိုးဖျက်ချင်သည့်အလား တိုက်ပွဲဝိညာဉ်တစ်ခု ပေါ်ထွက်လာ၏။ ဆူဇီမို၏ ခန္ဓာကိုယ်က တိုက်ပွဲဝိညာဉ်နှင့်အတူ အဆက်မပြတ် ပြန့်ကားသွား၏။ ချက်ချင်းပင် သူသည် မိုးကောင်းကင်၏ အထက်ကို ရောက်ရှိလာပြီး ကြယ်စင်စုများကို နင်းဖြတ်လိုက်၏။

တိုက်ပွဲဝိညာဉ်က ဆူဇီမို၏ ခန္ဓာကိုယ်နှင့်အတူ ပေါင်းစည်းသွားလေသည်။

သူသည် လက်တစ်ဖက်ကို လှုပ်ရှားရုံဖြင့် အရာရာတိုင်းကို ဖျက်ဆီးပစ်နိုင်သည့်အလား သူ၏ ခန္ဓာကိုယ်သည် မနှိုင်းယှဉ်သာအောင် ကြမ်းကြုတ်ခက်ထန်၍ ကြောက်စရာကောင်းသော အော်ရာတစ်ခုကို ဖြာထုတ်ပေးလာ၏။ တကယ်ဆို သူသည် တက္ကသိုလ်ဂိုဏ်းချုပ်နှင့် ရင်ဆိုင်ရလျှင်ပင် အရေးနိမ့်ခြင်း မရှိပေ။

သို့သော်လည်း ဆူဇီမို၏ အနက်ရောင်ဆံပင်များက ဖြူဖွေးသွားပြီး သူက ဘဝ၏ နှောင်းပိုင်းအရွယ်သို့ ဝင်ရောက်သွားသည့်ပုံပေါ်သည်။ သူက သေခါနီးဆဲဆဲဖြစ်လာပြီး အချိန်မရွေး သေဆုံးသွားနိုင်သည်။

တိုက်ပွဲအမှတ်အသားရုပ်ပုံလွှာ၏ နောက်ဆုံးလှုပ်ရှားကွက်… ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်း…

ထိုလျှို့ဝှက်အတတ်ကို ထုတ်ဖော်ခြင်းဖြင့် ဆူဇီမို၏ တိုက်ခိုက်ရည်ခွန်အားသည် အချိန်တိုအတွင်းမှာ ၎င်း၏ အကန့်အသတ်အထိ မြင့်တက်လာ၏။

သူ၏ ဘဝသက်တမ်းကတော့ တစ်ခဏချင်းမှာပင် ကုန်ဆုံးလုနီးပါး ဖြစ်သွား၏။

အရင်တုန်းက မဟာဧကရာဇ်တိုက်ပွဲသည် ကောင်းကင်ဘုံကိုးလွှာနှင့် တိုက်ခိုက်ခြင်းကို ထုတ်ဖော်ပြီး သူ၏ ဘဝသက်တမ်း နှစ်ဆယ်သန်းကို လောင်ကျွမ်းစေကာ မဟာဧကရာဇ် စွမ်းအားကောင်းကင်ဘုံကို သတ်ဖြတ်ခဲ့လေသည်။

သို့သော်လည်း သည်ဘက်မျိုးဆက်မှာ ဆူဇီမိုသည် ဘဝသက်တမ်း နှစ်ဆယ်သန်းမဟုတ်ဘဲ ဘဝသက်တမ်း နှစ်သန်းငါးဆယ်နီးပါးကို လောင်ကျွမ်းစေလိုက်၏။

သူ၏ တိုက်ခိုက်ရည်ခွန်အားသည် အလယ်အလတ်ကမ္ဘာတစ်ထောင်လောက၏ အကန့်အသတ်အထိ မြင့်တက်လာခဲ့ပြီဖြစ်၏။

အနည်းဆုံးတော့ ထိုအခိုက်အတန့်မှာ သူ့တွင် တက္ကသိုလ်ဂိုဏ်းချုပ်ကို သတ်ဖြတ်နိုင်သည့် စွမ်းအားရှိနေ၏။

ဤသည်ကား သူ၏ နောက်ဆုံးအလောင်းအစားဖြစ်သည်။

သူသည် သူ့ဘဝသက်တမ်းကို လောင်ကျွမ်းစေပြီး တစ်ခဏချင်းမှာပင် သူ၏တစ်ဘဝလုံးစာကို ထုတ်ဖော်ကာ ထာဝရစွဲထင်စေမည့် အခိုက်အတန့်ကို ချန်ရစ်ခဲ့လို၏။

All Chapters