← Chapters

သားသတ်သမား၏ဓား

Vol. 52 Ch. 767

သားသတ်သမား၏ဓား

Vol. 52 Ch. 767

လူတိုင်း၏ ရှုပ်ထွေးနေသော အကြည့်များအောက်တွင် အင်္ဂလန်နှင့် အိန္ဒိယမှ တတိယ သိုင်းပညာရှင်များ ရှေ့သို့ ရောက်လာသည်။

ရှရီယာ vs. ဂျိုအီ။

ရှရီယာသည် ရွှေဗုဒ္ဓကိုယ်ခန္ဓာကို ကျင့်ကြံသူဖြစ်ပြီး သူ၏ တိုက်ခိုက်မှုများသည် ကျယ်ပြန့်သော်လည်း နီးကပ်သည်။ ကျွမ်းကျင်မှု အနည်းငယ် အားနည်းသော်လည်း ခန္ဓာကိုယ်တစ်ခုလုံး၏ ခုခံကာကွယ်မှုသည် အံ့ဩဖွယ်ကောင်းပြီး တိုက်ခိုက်မှုသည်လည်း အလားတူပင် အားကောင်းသည်။ သူ၏ နည်းလမ်းသည် တင့်ကား တစ်စီးကဲ့သို့ စွမ်းရည်တစ်ခုဖြင့် အရာအားလုံးကို ဝင်တိုက်ခြင်းနှင့် ဆင်တူပြီး ပြိုင်ဘက်ကို ဘယ်က စရမှန်း မသိ ဖြစ်စေသည်။

ဂျိုအီသည် မြေကြီး စွမ်းရည် နှိုးထသူဖြစ်ပြီး သူ၏ ပုံစံသည် ကြီးမားသော ခွန်အားကို ပိုင်ဆိုင်သည်။

သူတို့နှစ်ဦးစလုံးသည် အားကောင်းသော တိုက်ခိုက်မှု နည်းလမ်းမရှိကြဘဲ ယခင်တိုက်ပွဲများကဲ့သို့ ရက်စက်ခြင်း မရှိပေ။ ယင်းအစား သူတို့၏ တိုက်ခိုက်မှုတွင် ပျော်ရွှင်မှုအချို့ ရှိနေသည်။

ထိုသို့သော သဟဇာတဖြစ်သော တိုက်ပွဲက လူတိုင်းကို အနည်းငယ် စိတ်မသက်မသာ ဖြစ်စေသည်။ အဘယ်ကြောင့် ဆိုသော် ယင်းသည် ယခင်ပွဲစဉ်များနှင့် အလွန် ကွာခြားနေသောကြောင့် ဖြစ်သည်။

သို့သော် ထိုသို့သော တိုက်ပွဲသည် ကြာရှည် မခံပေ။ နှစ်ဖက်စလုံး လက်ချင်းယှဉ် တိုက်ခိုက်နေစဉ်တွင် ရှရီယာ၏ ခန္ဓာကိုယ်တစ်ခုလုံးသည် ရွှေရောင်သို့ ပြောင်းသွားပြီး ရွှေဗုဒ္ဓကိုယ်ခန္ဓာသည် တောက်ပစွာ လင်းလက်လာသည်။ သူ၏ အမြန်နှုန်းသည်လည်း ပိုမို လျင်မြန်လာပြီး သူသည် သူ၏ ကိုယ်ခန္ဓာတစ်ခုလုံးကို အမြောက်ဆံသဖွယ် ပြိုင်ဘက်ဆီသို့ ပစ်ဝင်လိုက်သည်။

ရှရီယာသည် ဂျိုအီ၏ ရှေ့မှ မြေအတားအဆီးကို ရုတ်တရက် ရိုက်ချိုးလိုက်ပြီး ဂျိုအီ၏ နံရိုးအချို့ကို ကျိုးပဲ့ စေခဲ့သည်။ အရိုးကျိုးသံသည် အလွန်ပင် ပြင်းထန်ခဲ့သည်။

သို့သော် ဂျိုအီ မြေကြီးပေါ်သို့ လဲကျစဉ်တွင် သူ၏ မျက်လုံးများတွင် ရက်စက်သော အကြည့် တစ်ချက် လက်ခနဲ ဖြစ်သွားသည်။ ရှရီယာ ရိုက်ချိုးလိုက်သော နေရာသည် ရွှံ့နွံအဖြစ်သို့ ပြောင်းလဲသွားလေသည်။ သူ၏ ခန္ဓာကိုယ်ကို ရှရီယာကို သွေးဆောင်ရန် ထောင်ချောက်တစ်ခုအဖြစ်သာ အသုံးပြုခဲ့သည်။

ရွှံ့နွံသည် ရှရီယာ၏ ခြေထောက်များကို စုပ်ယူပြီး သူ၏ လှုပ်ရှားမှုကို ကန့်သတ်လိုက်သည်။ ထိုအတောအတွင်း ဂျိုအီသည် လဲကျပြီးနောက် ထရပ်လိုက်သည်။ သူ၏ ညာလက်သည် ကြီးမားသော ကျောက်တုံးလက်သီး အဖြစ် ဖွဲ့စည်းသွားပြီး ရှရီယာ ရှိရာဘက်သို့ တန်းတန်းမတ်မတ် ဝင်သွားခဲ့သည်။

ထိုတိုက်ပွဲတွင် ဂျိုအီနှင့် ရှရီယာတို့နှစ်ဦးစလုံး လက်မောင်းတစ်ဖက်စီအပြင် ရင်ညွန့်ရိုး လေးငါးချောင်းစီ ကျိုးပဲ့ ခဲ့ကြသည်။ ၎င်းသည် အနိုင်အရှုံးမရှိ ဖြစ်ပြီး သရေဖြင့် အဆုံးသတ်ခဲ့သည်။

ယခုအချိန်အထိ တိုက်ပွဲ လေးပွဲစလုံးတွင် ပါဝင်ခဲ့သော ပြိုင်ပွဲဝင် ရှစ်ဦးအနက် တစ်ဦးတစ်ယောက်မှ ပြင်းထန်စွာ ဒဏ်ရာရသူ မရှိသော်လည်း ၎င်းတို့သည် Buff Island ၏ ဆေးရည်နှင့်ပင် အချိန်တိုအတွင်း ကုသနိုင်သော အရာမဟုတ်ပေ။

အင်္ဂလန်နှင့် အိန္ဒိယမှ အထွတ်အထိပ် ဘုရင်အဆင့် သိုင်းပညာရှင်များ၏ မျက်နှာများသည် စိတ်မသက်မသာဖြင့် မှိုင်ကျနေသည်။

ရဲ့လင်းချန်နှင့် အခြားသူများလည်း တိတ်ဆိတ်သွားကြသည်။

ထိုအခါမှ ရဲ့လင်းချန်သည် ထိုအဖွဲ့၏ သတ်ဖြတ်ခြင်း အရှိန်အဝါက ဘယ်ကလာသည်ကို နားလည်သွားသည်။ သူတို့သည် ယခင်က လူများစွာကို သတ်ခဲ့ကြပြီး အလွန်အမင်း ရက်စက်ကြသည်။

ထိုအခိုက်တွင် ကျိုးကျန့်သည် လူတိုင်းရှေ့သို့ သွားပြီး ပွင့်ပွင့်လင်းလင်း မှတ်ချက်ချသည်။

“ပြိုင်ကွင်းထဲမှာ သေခြင်း၊ ရှင်ခြင်း တိုက်ပွဲပဲ။ လက်ရှောင်ဖို့ မကြိုးစားနဲ့။ မင်း သူတို့ကို မသတ်ဘူးဆိုရင် သူတို့က မင်းကို သတ်လိမ့်မယ်”

လူတိုင်း ခေါင်းညိတ်ကြသည်။

၎င်းက သာမန် ပြိုင်ပွဲ မဟုတ်ကြောင်း ရဲ့လင်းချန် နားလည်သွားခဲ့သည်။ ရလဒ်ကို ဆုံးဖြတ်ရန် တစ်ခုတည်းသော နည်းလမ်းမှာ သေခြင်း၊ ရှင်ခြင်းပင်။

မိမိ၏ နည်းလမ်းများနှင့် ဝှက်ဖဲများကို ဖုံးကွယ်နေ၍ မထူးချေ။ အနိုင်ရခြင်းသည်သာ ပန်းတိုင် ဖြစ်သည်။

နောက်ဆုံးတိုက်ပွဲသည်လည်း အရေးကြီးဆုံးတစ်ခု ဖြစ်သည်။

တစ်ဦးချင်း တိုက်ပွဲ။

အိန္ဒိယမှ ဗီကတ်စ်သည် အင်္ဂလန်မှ အဲလက်စ်နှင့် တိုက်ခိုက်မည် ဖြစ်သည်။

ထိုသူနှစ်ဦးစလုံးသည် အဓိကလူများဖြစ်ကြပြီး နှစ်ဦးစလုံး အစွမ်းကုန် ထုတ်သုံးကြတော့မည်။

“ဒါ... ဓားကောက်လား”

ရဲ့လင်းချန် အာရုံ စူးစိုက် ကြည့်လိုက်သည်။ အဲလက်စ်၏ လက်နက်ကို ကြည့်လိုက်သောအခါ သူ၏ မျက်ခုံးများ တွန့်သွားသည်။

လက်နက်၏ ထူးခြားမှုကို လျစ်လျူရှု၍မရပေ။ ၎င်းသည် ဓားရှည်နှင့် မတူဘဲ လက်ပစ်မြား အကြီးစားတစ်ခုနှင့် ပိုတူသည်။ ၎င်း၏ ဓားသွားသည် ၃၆၀ ဒီဂရီ စက်ဝိုင်းပုံသဏ္ဌာန်ဖြစ်ပြီး သူသည် ၎င်းတို့ကို သုံးချောင်း ပိုင်ဆိုင်သည်။ လက်တစ်ဖက်စီတွင် တစ်ချောင်းစီနှင့် ကျောတွင် တစ်ချောင်း။

“ဒီလူက ပြီးခဲ့တဲ့နှစ် နိုင်ငံတကာ သိုင်းပညာ တံခွန်စိုက်ပြိုင်ပွဲမှာလည်း ပါဝင်ခဲ့ဖူးတယ်”

ကျင့်ရှန်က ရုတ်တရက် အော်လိုက်သည်။

“သူ့ရဲ့ လက်နက်က အရမ်း ထူးခြားတယ်။ ကျွန်တော် အရင်က ကြားဖူးတယ်လို့ ထင်တယ်”

“ဟုတ်တယ်”

စွန်းဟုန်ထောင်က ခေါင်းညိတ်သည်။

“အဲလက်စ်က သတ္တုစွမ်းရည် နှိုးထသူဆိုတော့ သတ္တုတွေကို ထိန်းချုပ်နိုင်တဲ့ စွမ်းရည်ရှိတယ်။ သူ့ရဲ့ ဒီ လက်နက်ဟာ သူ့အတွက် အထူးပြုလုပ် ဖန်တီးထားတာဖြစ်ပြီးတော့ အရမ်း ထူးခြားတယ်”

“ပြီးခဲ့တဲ့နှစ်က သူက မူလစိတ်ဝိညာဉ် အဆင့်နိမ့်အဆင့်သာ ရှိခဲ့ပြီး သူ့ပြိုင်ဘက်က မူလစိတ်ဝိညာဉ် အလယ်အလတ်အဆင့် ဖြစ်ပေမဲ့လည်း ပြိုင်ဘက်ကို အရှက်ရစေနိုင်ခဲ့သေးတယ်။ စိတ်ဝိညာဉ်စွမ်းအင် မလုံလောက်လို့သာ မဟုတ်ရင် သူ အနိုင်ရလိမ့်မယ်။ ပြီးခဲ့တဲ့နှစ်က သူ ဓားကောက်နှစ်ချောင်းကိုပဲ ထိန်းချုပ်နိုင်ခဲ့တာ”

ရဲ့လင်းချန်၏အာရုံက ထိုလူအပေါ်တွင် မဟုတ်ပေ။ သူက မေးလိုက်သည်။

“သူ အဲဒီ လက်နက်ကို ကိုယ်တိုင် ဖန်တီးခဲ့တာလား၊ ကျွန်တော်တို့ ဟင်းလင်းပြင် နယ်မြေက လာတဲ့ ဘယ်ပစ္စည်းကိုမှ ပုံသွန်းလို့ မရဘူးလို့ ထင်ခဲ့တာ”

စွန်းဟုန်ထောင်က ရဲ့လင်းချန်ကို တစ်ချက် အသာကြည့်၍ ပြောလိုက်သည်။

“နှိုးထသူက ဘုရင်အဆင့်ရောက်တာနဲ့ သူ့ရဲ့ နိုးကြားမှု စွမ်းအားက ပိုကြီးမားလာလိမ့်မယ်။ ဥပမာ- မီးစွမ်းရည် နှိုးထသူက အလွန် ပူပြင်းလိမ့်မယ်။ မီးစွမ်းရည် ဘုရင်အဆင့် နှိုးထသူကသာ ဖန်တီးဖို့ ဆန္ဒရှိမယ်ဆိုရင် သူတို့က ဟင်းလင်းပြင် နယ်မြေရဲ့ လက်နက်တွေကို သဘာဝအတိုင်းပဲ လက်နက်အသစ်တွေအဖြစ် ပုံသွန်းနိုင်တယ်”

“ဒါပေမဲ့ ဒီ လုပ်ငန်းစဉ်က အရမ်း ရှုပ်ထွေးပြီး ငွေအများကြီး လိုတယ်။ ဘုရင်အဆင့် တစ်ဦးက အကြောင်းမဲ့ လုပ်မှာ မဟုတ်ဘူး”

ရဲ့လင်းချန် ရုတ်တရက် ခေါင်းညိတ်လိုက်သည်။ နှိုးထသူများသည် ထိုသို့သော အားသာချက် ရှိသော်လည်း ၎င်းကို သန့်စင်ရန် ခက်ခဲနေဆဲဖြစ်သောကြောင့် သူ၏ အစီအစဉ်အပေါ် သက်ရောက်မှု မရှိပေ။

ထို့နောက် သူသည် မေးစေ့ကို ပွတ်ပြီး ညည်းတွားလိုက်သည်။

ကွင်းထဲတွင်။

အဲလက်စ်နှင့် ဗီကတ်စ်တို့သည် ကွင်းထဲသို့ ဖြည်းညှင်းစွာ ဝင်လာကြသည်။

ဗီကတ်စ်သည် ဘုန်းကြီးတစ်ပါးဖြစ်သော်လည်း သူ အသုံးပြုသည့် လက်နက်မှာ ဓားမ ဖြစ်သည်။ ၎င်းသည် အလွန် ကြမ်းတမ်းပုံရပြီး ပြင်းထန်သော သတ်ဖြတ်ခြင်း အရှိန်အဝါကို ပိုင်ဆိုင်သည်။

ဓားမ ကိုင်ဆောင်ထားသော ဘုန်းကြီးတစ်ပါးသည် အလွန် ဆန့်ကျင်ဘက် ဖြစ်နေသည်။

“ဒီဘုန်းကြီးက ဗုဒ္ဓဘာသာ သတ်ဖြတ်ခြင်းကို ကျင့်ကြံသူပဲ”

ကျန်းတလီက ရုတ်တရက် ပြောသည်။

“ဗုဒ္ဓဘာသာမှာ သတ်ဖြတ်ခြင်းရှိသလား”

ချန်ရှောင်ရှောင်က အံ့ဩစွာ မေးသည်။

“ဗုဒ္ဓဘာသာမှာ ‘သားသတ်သမား၏ ဓားကို ချချင်လျှင် ချက်ချင်း ဘုရား ဖြစ်သည်’ လို့ ဆိုရိုးစကားရှိတယ်။ ဒါက အဲဒီဆိုရိုးရဲ့ အနှစ်သာရပဲ”

ကျန်းတလီက ဆက်ပြောသည်။

“ဒီစကားက လူဆိုးလူယုတ်ကို ပြောချင်တာ မဟုတ်ဘဲ ဗုဒ္ဓဘာသာ အပြစ်ပေး စေတမန်ကို ရည်ညွှန်းတာ၊ အမှန်တကယ် ဆိုလိုရင်းက မရေမတွက်နိုင်သော မကောင်းဆိုးရွားများကို သတ်သောသူသည် သူတို့ကိုယ်သူတို့ သက်သေပြပြီး ဘုရားဖြစ်နိုင်တယ်လို့ ဆိုလိုတာ”

(Note: ဒီဝေါဟာရက မဟာယနဗုဒ္ဓဘာသာ ထဲက တရုတ်မူ ဗုဒ္ဓဝါဒ ဝေါဟာရတစ်ခု ဖြစ်ပါတယ်။

အဓိပ္ပါယ်က “အပြစ်အနာအဆာရှိသူတောင်ပေမဲ့၊ သန့်ရှင်းစွာ နောင်တရပြီး မကောင်းမှုကို စွန့်လွှတ်လိုက်တာနဲ့ အသိဉာဏ်သို့ ရောက်နိုင်တယ်” ဆိုတာပါ၊ မကောင်းတာလုပ်တဲ့သူက ဘုရား ဖြစ်မယ်လို့ ဆိုလိုခြင်း မဟုတ်ပါ၊ သတ်ဖြတ်ခြင်း ဘုရားဆိုတာလဲ ဗုဒ္ဓဘာသာမှာ မရှိပါဘူး၊ ဒါက မူရင်းစာရေးသူ စိတ်ကူးယဉ် ထည့်ထားခဲ့တာ ဖြစ်နိုင်သလို၊ ကျွန်တော် လေ့လာပြန်ဆိုရာမှာ လိုအပ်ချက် ရှိနေတာလဲ ဖြစ်နိုင်ပါတယ်)

“တကယ်ပဲ အဲဒီလိုမျိုး အဓိပ္ပာယ် ရှိသလား”

ကျင့်ရှန်သည် အလွန် အံ့ဩသွားခဲ့သည်။

“သတ်ဖြတ်ခြင်း ဘုရား၊ သူက အရမ်း ရက်စက်မှာ သေချာတယ်။ ဒီတိုက်ပွဲက ... တော်တော်လေး ခက်ခဲ လိမ့်မယ်”

“သတ်ဖြတ်ခြင်း ဘုရားဟာ ဒီကမ္ဘာကနေ ပျောက်ကွယ်နေခဲ့တာ ကြာနေပြီ။ ဒါပေမဲ့ ငရဲတံခါးတွေ ပေါ်လာပြီးမှ ပြန်ပေါ်လာတာ”

ကျန်းတလီက ရှင်းပြသည်။

ဘုရားရှင်သည် အရာအားလုံးတွင် ငြိမ်းချမ်းမှုကို ရှာဖွေခဲ့သော်လည်း ထွက်သွားပြီး သတ်ရန်မှလွဲ၍ ရွေးချယ်စရာ မရှိခဲ့ပေ။

၎င်း ပြန်လည် ပေါ်ပေါက်လာခြင်း၏ အကြောင်းရင်းမှာ ကမ္ဘာကြီးကို ကယ်တင်ရန်မှလွဲ၍ အခြားမရှိပေ။ သူတို့ မသတ်ဘဲနေပါက ကမ္ဘာကြီးသည် ပျက်သုဉ်းသွားလိမ့်မည်။

လူတိုင်းတွင် ရှုပ်ထွေးသော အကြည့်များ ရှိနေပုံရသည်။

ဟင်းလင်းပြင် နယ်မြေကြောင့် ကမ္ဘာမြေသို့ မည်မျှ ဘေးအန္တရာယ်များ ကျရောက်လာမည်နည်း။

မည်သူပင်ဖြစ်စေ၊ မည်သည့် စွမ်းအား ပိုင်ဆိုင်သည်ဖြစ်စေ၊ သူတို့၏ အတ္တဆန်သော အကြောင်းပြချက်များ မည်သို့ပင် ရှိစေကာမူ သူတို့၏ အဓိက ရည်မှန်းချက်မှာ ကမ္ဘာကြီးကို ကာကွယ်ရန်သာ ဖြစ်သည်။

ရဲ့လင်းချန်သည် လူတိုင်း ထိုနည်းအတိုင်း တွေးနေလေမလားဟု တွေးမိသော်လည်း သူသည် ထို့ထက်ပို၍ တွေးရန် ဆန္ဒ ရှိနေခဲ့သည်။

“အိန္ဒိယက ဗီကတ်စ်”

“အင်္ဂလန်က အဲလက်စ်”

နှစ်ဦးစလုံး လေးစားမှုဖြင့် အရိုအသေပြုကြသည်။

သူတို့ စကားဆုံးသည်နှင့် အဲလက်စ်သည် မိုးခြိမ်းသံကဲ့သို့ ပြေးတက်လာပြီး ညာလက်ဖြင့် တိုက်ခိုက်သည်။ ဓားကောက်သည် လွင့်ထွက်ပြီး လွှမ်းမိုးလိုသောအရှိန်ဖြင့် ဗီကတ်စ်ဆီသို့ ခုတ်ပိုင်းလာသည်။

၎င်းသည် လျှို့ဝှက်လက်နက် မဟုတ်ဘဲ ပေါ်ပေါ်ထင်ထင် ပစ်ပေါက်နေခြင်း ဖြစ်သည်။

“ဟူး”

ဓားကောက်သည် လေကို ဖြတ်တောက်သွားပြီး ရောင်ပြန်ဟပ်ခြင်းနှင့်အတူ နက်ရှိုင်းသော စက်ဝိုင်းပုံလမ်းကြောင်း တစ်ခုကို ချန်ထားခဲ့သည်။

ဓားကောက်ဖြင့် ပစ်ပေါက်ပြီးနောက် အဲလက်စ်သည် အပိုလှုပ်ရှားမှုများ မပြုလုပ်တော့ပေ။ သူသည် နေရာတွင် ရပ်နေသော်လည်း ဓားကောက်သည် လေထဲတွင် လမ်းကြောင်း အဆက်မပြတ် ပြောင်းလဲနေပြီး လျင်မြန်စွာ ထိန်းချုပ်ခံနေရသည်။

ဝါးကို ဖြတ်တောက်နိုင်သော ဓားကောက်ကို ရင်ဆိုင်ရသောအခါ ဗီကတ်စ်သည် ရှောင်တိမ်းမည့် လက္ခဏာ မပြပေ။ သာမန် ဘုန်းကြီးများနှင့် လုံးဝ ကွဲပြားသည့် အလွန် ပြင်းထန်သော အရှိန်အဝါတစ်ခု ပေါက်ကွဲ ထွက်လာပြီး မြေကြီးကို တစ်ချက် ဆောင့်နင်းလိုက်သည်။

သူသည် မြေကြီးပေါ်တွင် နက်ရှိုင်းသော ခြေရာတစ်ခု ချန်ထားခဲ့ပြီး ဓားကောက်၏ တိုက်ခိုက်မှု နယ်ပယ်ထဲသို့ တကယ် ပြေးဝင်သွားကာ ဓားမဖြင့် ခုတ်ပိုင်းလိုက်သည်။

“ချလန်!”

ဓားကောက်ကို ထိမှန်ခဲ့ပြီး ဗီကတ်စ်သည် သူ၏ အရှိန်ကို ဆက်ထိန်းထားသည်။ သူသည် ရှေ့သို့ တိုး၍ အဲလက်စ်ဆီသို့ တည့်တည့် ပြေးဝင်လာသည်။

“အရမ်း ရက်စက်တယ်”

ဝူထျန်းပေါင် မနေနိုင်ဘဲ ပြောလိုက်မိသည်။

“သူက အဲလက်စ်ဆီကို တန်းပြေးဝင်သွားတာပဲ။ ဒါဟာ မယိမ်းမယိုင်တဲ့ အရှိန်နဲ့ တိုက်ရိုက် တိုက်ခိုက်မှု ပုံစံဆိုတာ သေချာတယ်”

ဤသည်မှာ တကယ်ကို ရက်စက်ခြင်းပင်။

သို့သော် ထိုသို့သောအချိန်၌ အဲလက်စ်၏ ဘယ်လက်မှ ဓားကောက်ကလဲ ပျံဝဲလာသည်။

All Chapters