← Chapters

ရှေ့ဆက်လျှောက်ရန် ကံပါသည့် ဦးဆောင်လမ်းဖောက်သူများ !! ၂

Vol. 10 Ch. 136

ရှေ့ဆက်လျှောက်ရန် ကံပါသည့် ဦးဆောင်လမ်းဖောက်သူများ !! ၂

Vol. 10 Ch. 136

တစ်ချိန်တည်းမှာပင် လေ့ကျင့်ရေး အခန်းထဲရှိ စီနီယာ ကျောင်းသားကျောင်းသူများသည် ချင်ဖုန်း ရောက်ရှိလာသည်ကို မြင်လိုက်ရသောအခါတွင် စကားပြောဆိုမှုကို လျင်မြန်စွာ ရပ်ဆိုင်းလိုက်ကြသည်။

ကျန်းလန်နှင့် တစ်ခြားလူများမှာလည်း လှည့်ကြည့်လာခဲ့ကြသည်။

ရှုကျိုးဝင်လာသည်ကို မြင်လိုက်ရသောအခါတွင် လူအများစုသည် သူ့အား အလိုအလျောက် ကြည့်မိလာကြသည်။

ရှားရှီယောက်၏ အကြည့်ထဲတွင် သိလိုစိတ်များ ရှိနေသည့် အချိန်၌ ကျန်းလန်နှင့် ရှားဟောက်ချန်းတို့၏ အကြည့်များထဲတွင်မူ တိုက်ခိုက်လိုစိတ်များသာ ရှိနေခဲ့သည်။

ထိုလူနှစ်ယောက်စီမှ တိုက်ခိုက်လိုစိတ်ကို ခံစားမိသောအခါတွင် ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်။

ဘာတွေ ဖြစ်နေတာလဲဟ?

သူသည် ကျန်းလန်ကို နားလည်နေခဲ့သည်၊ ကျန်းမိသားစု၏ သမီးပျိုသည် ဟိုးယခင်အချိန်ကတည်းက သူနှင့် တိုက်ခိုက်နေခဲ့ခြင်းဖြစ်သောကြောင့် သူသည် ၎င်းကို အသားကျနေခဲ့ပြီ ဖြစ်သည်။

သို့သော် ရှားဟောက်ချန်းအတွက်ကား ………… ငါက ရှားမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ကို မဆန့်ကျင်မိဘူးလေ၊ ဟုတ်တယ်မလား?

သူက ငါနဲ့ ဘာလို့ တိုက်ခိုက်ချင်နေရတာလဲဟ?

“ ထိုင်ဖို့နေရာ တစ်ခုရှာလိုက်၊ ဆရာက မရောက်သေးဘူး “ ချင်ဖုန်းသည် သူ၏အတွေးများကို ဖြိုဖျက်လာခဲ့သည်။

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ မည်သည့်စကားမှ မပြောဘဲ ထိုင်ချလိုက်သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်၌ စိမ်းပြာရောင် ဝတ်စုံကို ဝတ်ဆင်ထားသည့် လျူချင်းယွမ်သည် လေ့ကျင့်ရေး အခန်းထဲသို့ လမ်းလျှောက်ဝင်လာခဲ့သည်။

“ ဆရာ “

လူတိုင်း မတ်တပ်ထရပ်၍ အော်ပြောလိုက်သည်။

လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြကာ ပြောလာခဲ့သည် “ လူသစ်လေးတွေ၊ ရှေ့တိုးလာခဲ့ပြီးတော့ မင်းတို့ကိုယ်မင်းတို့ မိတ်ဆက်ပေးကြပါ “

ရှားဟောက်ချန်းမှ လျင်မြန်စွာ လှုပ်ရှားလာခဲ့သည်။

“ ရှားဟောက်ချန်းပါ “

“ ရှားရှီယောက်ပါ “

“ ကျန်းလန်ပါ “

ရှုကျိုးသည် နောက်ဆုံးမှ ရှေ့ထွက်လာ၍ ပြောလာခဲ့သည် “ ရှုကျိုးပါ “

လျူချင်းယွမ်မှ အသာအယာ ခေါင်းငြိမ့်ပြ၍ ပြောလာခဲ့သည် “ ငါတို့ အစစ်အမှန် သိုင်းပညာဌာနရဲ့ ကျောင်းသူကျောင်းသားတွေက နည်းတယ်၊ ငါ့တပည့်တွေဆိုရင် ပိုပြီးတော့တောင် နည်းနေသေးတယ်။ အသစ်ရောက်လာတဲ့ ၄ယောက်နဲ့မှ စုစုပေါင်း ၉ယောက်ပဲ ရှိတယ် “

၉ယောက်တည်းလား?

ရှုကျိုး အနည်းငယ် အံ့အားသင့်သွားခဲ့သည်။

ဒီမှာက ၈ယောက်တည်း ရှိနေတာပါ၊ တစ်ယောက်က ဘယ်ပျောက်နေတာလဲ?

“ ကျောင်းသားကျောင်းသူတွေ အများကြီး မရှိပင်မဲ့၊ အစစ်အမှန် သိုင်းပညာဌာနက ကျောင်းသူကျောင်းသားတစ်ယောက်ချင်းစီတိုင်းက သိုင်းပညာ တက္ကသိုလ် ကျောင်းသူကျောင်းသား ဆယ်ယောက်စာလောက် တန်ဖိုးရှိတယ် “

လျူချင်းယွမ်သည် ရှုကျိုးနှင့် တစ်ခြားလူများကို ကြည့်ကာ အလေးအနက် ပြောဆိုလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက ဘာ့အတွက်ကြောင့် နိုင်ငံတော် လျှို့ဝှက်ချက် ဖြစ်နေရလဲဆိုတာကို မင်းတို့တွေ သိချင်နေရမယ် “

“ အဲ့တာက ထိပ်တန်းလျှို့ဝှက်ချက်တစ်ခုပဲ “

“ အစစ်အမှန် သိုင်းပညာဌာနက ကျောင်းသူကျောင်းသားတွေက နယ်ပယ်တူမှာ ပြိုင်ဘက်ကင်းပြီးတော့ အဆင့်ကျော်တိုက်ခိုက်နိုင်တယ်ဆိုတာက အကြောင်းပြချက် တစ်ခုရှိတယ် “

၎င်းကို ကြားလိုက်ရသောအခါတွင် ရှားဟောက်ချန်း၊ ကျန်းလန်နှင့် တစ်ခြားလူသစ်လေးများသည် အနည်းငယ် မျက်မှောင်ကြုတ်သွားခဲ့သည်။

အဆင့်ကျော် တိုက်ခိုက်တာလား?

ဘာထူးခြားလို့လဲ? ငါတို့လည်း လုပ်နိုင်တယ်လေ !!

လျူချင်းယွမ်သည် သူတို့တွေးနေကြသည့် အရာကို သိနေသည့်ပုံပေါ်ပြီး၊ ငြင်သာစွာ ပြောလာခဲ့သည် “ ပထမအဆင့်မှာ အဆင့်ကျော်တိုက်ခိုက်တာက မခက်ခဲဘူး၊ ဒါပင်မဲ့ ဒုတိယအဆင့်ဆိုရင်ကော? ဒါမှမဟုတ် တတိယအဆင့်ဆိုရင်ကော? အဆင့်ပိုမြင့်လေလေ နယ်ပယ်တစ်ခုချင်းစီကြားမှာရှိတဲ့ ကွာဟချက်က ပိုကြီးလာလေလေပဲ “

“ စတုတ္ထအဆင့်အထက်မှာ အဆင့်ကျော်တိုက်ခိုက်ဖို့ဆိုတာက မဖြစ်နိုင်သလောက်နီးပါးပဲ၊ Sအဆင့် စွမ်းရည်ပိုင်ရှင်အတွက်တောင်မှပေါ့ “

“ ဒါပင်မဲ့ ဆဌမအဆင့်မှာတောင်၊ အစစ်အမှန် သိုင်းပညာဌာနက သတ္တမအဆင့် ပညာရှင်ကို သတ်ဖြတ်နိုင်ခဲ့တယ် “

“ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ စွမ်းအားဖြစ်ပြီးတော့ နိုင်ငံတော်ရဲ့ လျှို့ဝှက်ချက်လို့ သတ်မှတ်လိုက်ရတဲ့ အကြောင်းအရင်းပဲ “

ရှုကျိုးအပါအဝင် အားလုံး၏မျက်လုံးများ ကျဥ်းမြောင်းသွားခဲ့သည်။

သို့ရာ၌ ရှားရှီယောက်သည် သူမ၏ သံသယများကို ဖော်ထုတ်ပြောကြားလာခဲ့သည် “ တကယ်လို့ အဲ့တာက အဆင့်ကျော် တိုက်ခိုက်နိုင်တာလေးပဲဆိုရင် နိုင်ငံတော် လျှို့ဝှက်ချက် မဖြစ်သင့်ဘူးလေ၊ ဟုတ်တယ်မလားရှင့်? “

လျူချင်းယွမ်သည် သူမကို ကြည့်ကာ ခေါင်းငြိမ့်ပြလာခဲ့သည် “ ဟုတ်တယ်၊ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ အဓိကအရာက အဆင့်ကျော် တိုက်ခိုက်နိုင်တာ မဟုတ်ဘူး “

ချက်ချင်းဆိုသလိုပင် လူတိုင်း ဇဝေဇဝါ ဖြစ်သွားကြတော့သည်။

ရှုကျိုးမှာလည်း အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်၊ အဆင့်ကျော် တိုက်ခိုက်တာ မဟုတ်ဘူးလား?

ဒါဆိုရင် ဘာလဲ?

လျူချင်းယွမ်မှ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ တကယ့်တန်ဖိုးက ချမ်းသာဆင်းရဲ မရွေး၊ အဆင့်အတန်းမရွေးဘဲ လူသားမျိုးနွယ်စု တစ်ခုလုံးအတွက် တည်ရှိနေတာပဲ “

“ Sအဆင့်ကနေ Eအဆင့်အထိ၊ စွမ်းရည်မနိုးထခဲ့တဲ့ လူတွေကတောင် ကျင့်ကြံနိုင်တယ် “

“ အမြင့်ပိုင်းအဆင့်ကိုတောင် ယာယီရောက်သွားနိုင်တယ် “

လေ့ကျင့်ရေး အခန်းတစ်ခုလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ရှုကျိုးပါဝင်သည့် လူသစ်လေးဦးမှာလည်း ထိတ်လန့်တုန်လှုပ်သွားကြသည်။

အဆိုပါ စကားလုံးများ၏ သက်ရောက်မှုကား အံ့ဖွယ်ကောင်းလှပေသည်။

ယခုလက်ရှိအချိန်အထိ စွမ်းရည် နိုးထခဲ့သည့် လူများကသာလျှင် ကျင့်ကြံနိုင်သည်ဟု လူအများက သိထားကြခြင်း ဖြစ်သည်။

Eနှင့် Dအဆင့် စွမ်းရည်ပိုင်ရှင်များမှာလည်း သူတို့၏ သာမန်ဆန်သော စွမ်းရည်များကြောင့် သူတို့၏ ဘဝတစ်လျှောက်လုံးတွင် တတိယအဆင့်ထပ် ပို၍မကျင့်ကြံနိုင်ခဲ့ကြပေ။

လူအများအပြားသည် ပထမအဆင့်အထိသာ ကျင့်ကြံနိုင်ခဲ့ပြီး ဆက်လက်၍ တိုးတက်မလာတော့ပေ။

သို့သော် လျူချင်းယွမ်၏ စကားလုံးများကမူ ……….

အစစ်အမှန် သိုင်းပညာဌာနက လူသားမျိုးနွယ်တစ်ခုလုံးကို ကျင့်ကြံရေး လမ်းကြောင်းပေါ်ကို တင်ပေးနိုင်တာလားး?

စွမ်းရည်နိုးထမလာခဲ့တဲ့ လူတွေကတောင် အဆင့်မြင့် ပညာရှင်တွေ ဖြစ်လာနိုင်တယ်ပေါ့?

၎င်းမှာ အလွန်ပင် အံ့အားသင့်ဖွယ်ကောင်းလှသည်၊ ရှုကျိုး၏ စိတ်များ လွန်စွာ လှုပ်ခတ်သွားခဲ့ပြီး၊ သူ၏လောကအမြင်ပင် အနည်းငယ် ရှုပ်ထွေးသွားခဲ့သည်။

သူသာလျှင် မဟုတ်ဘဲ ဘေးပတ်ပတ်လည်ရှိ မိသားစုကြီးများမှ တိုက်ရိုက်မျိုးဆက်များကပါ တအံ့တဩ ဖြစ်သွားခဲ့ကြသည်။

ရှားဟောက်ချန်းမှ အံ့ဩတကြီးဖြင့် ပြောဆိုလာခဲ့သည် “ တကယ်လို့ အဲ့လိုသာဆိုရင် နောင်အနာဂတ်မှာ Sအဆင့်နဲ့ Eအဆင့် စွမ်းရည်တွေကြားမှာ ဘာကွာခြားချက်မှထပ်ပြီးတော့ မရှိတော့ဘူးလား? “

လူတိုင်းကျင့်ကြံနိုင်သည် !! အနိမ့်အမြင့် အယုတ်အမြတ် မည်သူမဆို !!

၎င်းကို ကြားလိုက်ရသည့်အတွက် အလွန် အံ့ဩတုန်လှုပ်သွားကြသော်လည်း သူတို့သည် အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံတော်လျှို့ဝှက်ချက်အဖြစ် မည်သည့်အတွက်ကြောင့် တည်ရှိနေရလဲဆိုသည်ကို နားလည်သွားခဲ့ပြီ ဖြစ်သည်။

ရှုကျိုးသည် အကြောင်းကိစ္စများက ထိုမျှလောက် ရိုးရှင်းမနေဘူးဟု ခံစားနေခဲ့ရသည်။

“ ဆရာ “ ရှုကျိုးသည် မျက်မှောင်ကြုတ်နေသော အမူအရာဖြင့် မေးမြန်းလိုက်သည် “ အစစ်အမှန် သိုင်းပညာဌာနက အရမ်းအရေးကြီးတယ်ဆိုရင် ………. နတ်သိုင်းဌာနရဲ့ ဖိနှိပ်မှုကို ဘာလို့ ခံနေရသေးတာလဲ? “

“ နိုင်ငံတော်ကရော ဂရုမစိုက်ဘူးလား? ကျောင်းကရော ဂရုမစိုက်ဘူးလား? “

တစ်ခြားလူများကလည်း လျူချင်းယွမ်ကို ငေးကြည့်လာကြသည်။

လျူချင်းယွမ်သည် ရှုကျိုးအား အဓိပ္ပါယ်တစ်ခုပါဝင်နေသော အကြည့်မျိုးဖြင့် ကြည့်လိုက်သည်။

ဤကိစ္စသည် အဆင့်မြင့် လျှို့ဝှက်ချက်ဖြစ်ပြီး၊ ပြင်ပကမ္ဘာရှိ မည်သူကမှ မသိသလောက်နီးပါး ဖြစ်နေခဲ့သည်။

ကွမ်ဟန် သိုင်းပညာ တက္ကသိုလ်ရှိ ကျောင်းသားကျောင်းသူ အများစုကပင် ဌာနနှစ်ခုကြားရှိ ပဋိပက္ခများ အကြောင်းကို မသိကြပေ။

သို့ရာ၌ အစစ်အမှန် သိုင်းပညာဌာနရှိ ကျောင်းသူကျောင်းသား အများစုကမူ ၎င်းကို သတိပြုမိထားကြပြီဖြစ်သောကြောင့် ၎င်းက အထူးအဆန်း မဟုတ်တော့ပေ။

“နတ်သိုင်းဌာနနဲ့ အစစ်အမှန် သိုင်းပညာဌာနကြားမှာ ရှိတဲ့ ပြိုင်ဆိုင်မှုက သာမန်ပဲလို့ ယူဆလို့ရတယ် “

လျူချင်းယွမ်မှ ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည် “ အဲ့တာက ကျောင်းရဲ့ စည်းမျဥ်းစည်းကမ်းတွေကို မချိုးဖောက်မိသေးဘူး “

“ တကယ်လို့ တစ်နေ့နေ့မှာ နတ်သိုင်းဌာနက စည်းကျော်လာခဲ့မယ်ဆိုရင်တော့ ကျောင်းက ဝင်ပါလာလိမ့်မယ် “

လူအများအပြား မျက်မှောင်ကြုတ်သွားရတော့သည်။

ကျောင်းက လှုပ်ရှားလာဖို့အတွက် နတ်သိုင်းဌာနက စည်းကျော်လာတာကို စောင့်နေရမှာလား?

နိုင်ငံတော် လျှို့ဝှက်ချက် အဲ့လောက်တောင် သွေးနည်းတာလားဟ?

အနောက်ဘက်ရှိ စီနီယာ ကျောင်းသားကျောင်းသူများ၏ အမူအရာများသည် ပို၍ ဆိုးရွားသွားခဲ့သည်။

လျူချင်းယွမ်သည် အသာအယာ သက်ပြင်းချကာ ဆက်ပြောပြလာခဲ့သည် “ လွန်ခဲ့တဲ့ နှစ်အနည်းငယ်လောက်တုန်းက အစစ်အမှန် သိုင်းပညာဌာနက နိုင်ငံတော်ရဲ့ ဦးစားပေးဖြစ်ခဲ့တယ် ကွမ်ဟန်တက္ကသိုလ်မှာလည်း အာဏာအမြင့်ဆုံး ရှိခဲ့ပြီးတော့ နတ်သိုင်းဌာနကို ဖိနှိပ်နိုင်ခဲ့တယ် “

“ အစစ်အမှန် သိုင်းပညာဌာနက ကျောင်းသူကျောင်းသားတွေက အမှားလုပ်ခဲ့မိတယ်ဆိုရင်တောင်မှ ကျောင်းက သူတို့ကို ကာကွယ်ပေးဖို့အတွက် အကောင်းဆုံး ကြိုးစားပေးခဲ့ရတယ် “

“ ဒါပင်မဲ့ လွန်ခဲ့တဲ့ နှစ်တွေတုန်းက ဖြစ်ရပ်တစ်ချို့ ဖြစ်ခဲ့ပြီးတော့ လူတစ်ချို့ သေဆုံးသွားခဲ့တယ် “

လျူချင်းယွမ်သည် ဝမ်းနည်းသွားသော အမူအရာကို ဖော်ထုတ်ပြသလာခဲ့သည် “ အဲ့အချိန်ကစပြီးတော့ အစစ်အမှန် သိုင်းပညာဌာနပေါ်မှာရှိတဲ့ ကျောင်းရဲ့ သဘောထားက ပြောင်းလဲသွားခဲ့တယ်။ မျက်ကန်းမျက်နှာသာပေးတာမျိုး မလုပ်တော့ဘဲ၊ အကျိုးသင့်အကြောင်းသင့် စဥ်းစားတာမျိုးပဲ လုပ်တော့တယ် “

ရှုကျိုး အနည်းငယ် အံ့ဩသွား‌တော့သည်။

သူသည် အစစ်အမှန် သိုင်းပညာဌာနက တစ်ချို့သော အကြောင်းပြချက်များကြောင့် ကျဆုံးသွားရသည်ဆိုသည်ကို လီတျယ်ထံမှ ကြားသိခဲ့ရပြီးပြီ ဖြစ်သည်။

အဲ့တာက ပညာရှင်လျူပြောသွားခဲ့တဲ့ ဖြစ်ရပ်တွေကြောင့်များလား?

ဒါပင်မဲ့ လူတစ်ချို့လောက် သေသွားတာလေးအတွက်နဲ့တော့ ထိပ်တန်းလျှို့ဝှက်ချက်အဖြစ် သတ်မှတ်ခံထားရတဲ့ အစွမ်းထက် စနစ်တစ်ခုက ရုတ်တရက်ကြီး မကျဆုံးသွားသင့်ဘူးလေ၊ ဟုတ်တယ်မလား?

လျူချင်းယွမ်မှ လေးလေးနက်နက် ပြောဆိုလာခဲ့သည် “ အဲ့တာက ကျောင်းရဲ့ လျှို့ဝှက်ချက်ပဲ ငါ့ဆီမှာ ဆွေးနွေးပြောဆိုခွင့် မရှိဘူး “

“ ဒါပင်မဲ့ အစစ်အမှန် သိုင်းပညာဌာနကတော့ အကြပ်အတည်းတစ်ချို့နဲ့ တကယ်ကို ရင်ဆိုင်နေရတယ် “

“ ဒါပင်မဲ့ အဲ့လိုဖြစ်နေရင်ကော ဘာဖြစ်လဲ? “

“ အစစ်အမှန် သိုင်းပညာဌာနက ဒီနေ့အထိ အခက်အခဲ ဘယ်လောက်ကိုတောင် ကြုံတွေ့ခဲ့ရပြီးပြီလဲ? အခုထပ် ပိုပြီးတော့ အကြပ်ရိုက်ခဲ့ရတဲ့ အချိန်တွေမှ အများကြီးပဲ “

လျူချင်းယွမ်သည် အားလုံးကိုကြည့်ကာ ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက ကိုယ်ပိုင်တံဆိပ်ပြားတွေရဲ့ နောက်မှာ ဘာစာလုံးတွေ ထိုးထွင်းထားလဲ? အမှန်တရား ရှာတွေခြင်းဆိုတဲ့ စကားလုံးကို ထိုးထွင်းထားတယ်၊ အဲ့တာက ဘာကိုဆိုလိုတာလဲဆိုတာကို သိကြလား? “

စီနီယာ ကျောင်းသူကျောင်းသား အားလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။

ရှုကျိုးပါဝင်သည့် လူသစ်လေးများကလည်း ခေါင်းကို ခါယမ်း၍ လျူချင်းယွမ်ကို ပြန်ကြည့်လာကြသည်။

“ အမှန်တရား ရှာဖွေခြင်း “

လျူချင်းယွမ်သည် အလေးအနက်ထား၍ ပြောဆိုလာခဲ့သည် “ လူသားမျိုးနွယ်စုအတွက် စစ်မှန်တဲ့ သိုင်းပညာရှင် လမ်းကြောင်းကို ရှာဖွေဖို့ပဲ “

“ အဲ့တာက အစစ်အမှန် သိုင်းပညာဌာရဲ့ စိတ်ဝိညာဥ်ပဲ၊ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းပဲ “

“ ဘာကြောင့်လူသားမျိုးနွယ်စု အတွက်လဲဆိုတော့ ……… “

“ ငါမင်းတို့ကို ရဲရဲကြီးပြောရဲတယ်၊ နတ်သိုင်းဌာနရဲ့ လမ်းကြောင်းက မှားနေတယ်၊ အဲ့တာက လူသားတွေနဲ့ မသက်ဆိုင်ဘူး “

အဆိုပါ စကားလုံးများသည် တော်ပီဒိုတစ်လုံးကဲ့သို့ ကြီးမားသော လှုပ်ခတ်မှုများကို ဖြစ်ပေါ်သွားစေခဲ့သည်။

“ လူသားမျိုးနွယ်စုနဲ့ မဆိုင်ဘူးလား? “ ရှားဟောက်ချန်းနှင့် တစ်ခြားလူများသည် မယုံကြည်နိုင် ဖြစ်သွားသော အမူအရာများကို ဖော်ထုတ်ပြသလာခဲ့သည်။

“ ဒါပင်မဲ့ အဖေရော၊ အဘိုး‌ရော၊ အကုန်လုံးက နတ်သိုင်းဌာနရဲ့ လမ်းကြောင်းကို လျှောက်ခဲ့ကြတာလေ၊ သူတို့ကရော လမ်းမှားကြီးကို လျှောက်ခဲ့ကြတာလား? “

သူတို့အားလုံးသည် မိသားစုကြီးမှ တိုက်ရိုက်မျိုးဆက်များဖြစ်ပြီး၊ အဆိုပါ မိသားစုအများစုသည် နတ်သိုင်းဌာန၏ တပည့်များ ဖြစ်သည်။

ထိုအချိန်၌ လူအများအပြားသည် အံ့ဩတုန်လှုပ်ကာ သူတို့ ကြားလိုက်ရသည့် အရာများကို မယုံကြည်နိုင် ဖြစ်သွားကြသည်။

“ ဟုတ်တယ်၊ လူအများစုက လမ်းမှားကြီးကို လျှောက်နေကြတာပဲ ”

လျူချင်းယွမ်သည် ဖြည်းဖြည်းချင်း ပြောပြလာခဲ့သည် “ လူတော်တော်များများက မင်းတို့လိုပဲ အဲ့တာကို သိပ်မယုံချင်ကြဘူး၊ လက်မခံနိုင်ကြဘူး၊ အစစ်အမှန် သိုင်းပညာဌာနကိုတောင် ရန်ငြှိးထားတတ်ကြသေးတယ် “

“ ဒါပင်မဲ့ အဲ့တာတွေက အစစ်အမှန် သိုင်းပညာဌာနက သည်းခံရမဲ့ အရာတွေပဲ “

“အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းက လွယ်ကူတဲ့ အရာ မဟုတ်ဘူး။ လမ်းကြောင်းအသစ်က လူတွေရဲ့ စိတ်ကူးစိတ်သန်းတွေထပ် ကျော်လွန်နေတယ်။ အဲ့တာက သံသယတွေနဲ့ ဆန့်ကျင်မှုတွေကို တကယ်ကြီး ဖိတ်ခေါ် နေခဲ့တယ် “

“ အဲ့ဒီလို ဖြစ်နေရင်ကော ဘာဖြစ်လဲ? ငါက လိုက်ရှာနေဦးမှာပဲ “

“ ဒီလမ်းကြောင်းကို တကယ်လို့ မင်းတို့က မလျှောက်ဘူး၊ ငါက မလျှောက်ဘူးဆိုရင် တစ်ယောက်ယောက်ကတော့ လျှောက်လိမ့်မယ် “

“ တစ်ချို့လူတွေက ဒီလမ်းကြောင်းပေါ်မှာ ကျဆုံးသွားပြီးတော့ စွန့်လွှန်အနစ်နာခံပြီးသွားကြပြီ “

“ အခုတော့ မင်းတို့ရယ်၊ ငါရယ်၊ အဲ့လူတွေရယ်က ဒီလမ်းကြောင်းပေါ်ကို ရောက်နေကြပြီ “

“ ငါတို့အားလုံးက ဒီလမ်းကြောင်းပေါ်မှာ လဲပြိုသွားနိုင်တယ်၊ ဒါပင်မဲ့ ကိစ္စမရှိဘူး၊ ပြန်ထလိုက်ကြ !! ထပ်ပြီးတော့ လဲကျသွားရင် နောက်ထပ်တစ်ကြိမ် ပြန်ထလိုက် !! “

“ ဘာလို့လဲဆိုတော့ ငါတို့က ဒီလမ်းကြောင်းရဲ့ ဦးဆောင်သူတွေမို့လို့ပဲ။ ငါတို့က အခက်အခဲတွေ အတားအဆီးတွေကို ရိုက်ချိုးဖို့ ကံပါလာခဲ့ပြီးသား “

“ တကယ်တော့ တစ်နေ့နေ့မှာ ငါလည်း ကျရှုံးသွားလိမ့်မယ်၊ ဒါပင်မဲ့ မင်းတို့က ရှေ့ဆက်သွားရမယ်၊ ဒီလမ်းကြောင်းကို နောက်မျိုးဆက်တွေအတွက် ဖွင့်သွားပေးရမယ် “

“ … “

လျူချင်းယွမ်သည် စိတ်အားထက်သန်စွာဖြင့် စကားပြောဆိုနေခဲ့သည်။

လူသစ်လေးများ၏ သွေးများ ဆူပွက်လာခဲ့ပြီ ဖြစ်သည်။

ရှုကျိုးကပင် အနည်းငယ် သွေးပူသွားခဲ့သည်။

သို့ရာ၌ သွေးများဆူပွက်နေသည့် အချိန်တွင် သူသည် အနည်းငယ် သိချင်သွားခဲ့သည်။

ဒီလမ်းကြောင်းအသစ်လို့ ခေါ်တဲ့ဟာကြီးက ဘာကြီးလဲ?

ဘယ်လိုလမ်းကြောင်းမျိုးကမှ လူသားတွေနဲ့ သက်ဆိုင်နေလို့ နတ်သိုင်းဌာနရဲ့ ဖိနှိပ်မှုကို ခံနေရတောင်တာမှ နိုင်ငံတော် လျှို့ဝှက်ချက်အဖြစ် ရှိနေရသေးတာလဲ?

ထိုအချိန်တွင် ရှုကျိုးသည် မျှော်လင့်စောင့်စားမှုနှင့် သိလိုစိတ် အနည်းငယ်ကို ခံစားသွားခဲ့ရသည်။

All Chapters