← Chapters

ဒီကောင်က လူကော ဟုတ်ရဲ့လားဟ?

Vol. 10 Ch. 141

ဒီကောင်က လူကော ဟုတ်ရဲ့လားဟ?

Vol. 10 Ch. 141

သုတေသန စမ်းသပ်ခန်း၌

အားလုံးသည် မတ်တပ်ရပ်မနေကြဘဲ တင်ပျဥ်ခွေထိုင်၍ ကျင့်ကြံရင်းဖြင့် စောင့်ဆိုင်းနေလျက်ရှိသည်။

အချိန်များ ဆက်လက်၍ ကုန်ဆုံးလာခဲ့ပြီး၊ တဖြည်းဖြည်းဖြင့် လူတစ်ချို့သည် ဆာလောင်မှုများကို စတင်၍ ခံစားလာခဲ့ရပြီ ဖြစ်သည်။

“ ဘယ်အချိန် ရှိနေပြီလဲ? ငါတော့ ဗိုက်ဆာလာပြီကွာ “ စီနီယာ ကျောင်းသားတစ်ဦးမှ လေသံတိုးတိုးလေးဖြင့် ရုတ်တရက် စကားပြောလာခဲ့သည်။

“ လေးနာရီနီးပါးတောင် ရှိနေပြီ “ တစ်ခြား စီနီယာကျောင်းသားတစ်ဦးမှ တုံ့ပြန်ပြောဆိုလာခဲ့သည်။

“ လေးနာရီလား? “ ပထမလူ၏ အမူအရာ အနည်းငယ် ပြောင်းလဲသွားခဲ့သည်။

“ ဆိုတော့ …… သူက အဲ့ထဲမှာ သုံးနာရီကျော်ကြာ တောင့်ခံနေနိုင်ခဲ့တာပေါ့? “

စီနီယာ ကျောင်းသားကျောင်းသူ အကုန်လုံးသည် ၎င်းကို သဘောပေါက်သွားကြပြီး၊ အရှေ့ဘက်သို့ အံ့ဩတကြီးဖြင့် ကြည့်လိုက်ကြသည်။

“ သုံးနာရီ၊ သူကအထဲမှာ ရှိနေတုန်းပဲလား? “

“ ငါတို့က အချိန်မှားမှတ်မိတာတော့ မဟုတ်ပါဘူးနော်? “

“ မဟုတ်ဘူး၊ ရှုကျိုးက ဆယ့်နှစ်နာရီထိုးပြီး‌ ခဏလောက်နေတော့ ဝင်သွားတာပဲ “

စက်လုံးထဲတွင် သုံးနာရီအထိ နေနေသည်ကို တွေးမိသွားသောအခါတွင် စီနီယာ ကျောင်းသားကျောင်းသူများ၏ မျက်လုံးများ ပြူးကျယ်သွားကြသည်၊ ခန္ဓာကိုယ် ပေါက်ကွဲသွားမှာ မဟုတ်ဘူးလားဟ?

လူသစ်များကြားထဲရှိ ရှားရှီယောက်သည် မနေနိုင်တော့ဘဲ တီးတိုးပြောဆိုလာခဲ့သည် “ အစ်ကို၊ ရှုကျိုးက နင့်ထပ် အချိန်နှစ်ဆတောင် ကြာနေတယ် “

“ ငါသိတယ် !! “

ရှားဟောက်ချန်း၏ အမူအရာသည် အနည်းငယ် ရုပ်ဆိုးနေခဲ့ပြီး၊ သွေးအန်လိုစိတ်ပင် ပေါက်နေခဲ့သည်။

“ သုံးနာရီ၊ သူက အဲ့တာကို ဘယ်လိုလုပ်လိုက်တာလဲ? “ သူကိုယ်တိုင်မှာလည်း အနည်းငယ် အံ့ဩတုန်လှုပ်နေလျက်ရှိသည်။

ရှားမိသားစု၏ တိုက်ရိုက်မျိုးဆက် ပါရမီရှင်တစ်ဦးအနေဖြင့် ကျန်းလန်အား အနည်းငယ်မျှသာ နောက်ကောက်ချနိုင်ခဲ့ခြင်းမှာ နားလည်နိုင်သော ကိစ္စတစ်ခုဖြစ်သည်၊ သို့သော် ရှုကျိုးကို မဖိနှိပ်ခြင်းကမူ ………

ထိုအခိုက်အတန့်တွင် ကျန်းလန်သည် သူ့ထပ်ပို၍ အံ့ဩတုန်လှုပ်သွားခဲ့သည်။

“ နှစ်နာရီကြာပြီးတဲ့နောက်မှာ၊ ထိန်းထားရုံပဲ ထိန်းထားနိုင်တော့တာလေ “ ကျန်းလန်မှ တိတ်တဆိတ် ရေရွတ်ပြောဆိုနေခဲ့သည်။

“ သူက ဒီလောက်ကြာတဲ့အထိ အထဲမှာ တကယ်ကြီး နေနိုင်နေတာလား? ဘာတွေကို ကြုံတွေ့ခဲ့ရလို့ သူ့ရဲ့ စိတ်စွမ်းအားက ဒီလောက်တောင် အားကောင်းနေရတာလဲ? “

သူမသည် သူမ၏ စိတ်စွမ်းအားကို မရေမတွက်နိုင်သော သတ်ဖြတ်မှုများနှင့် သေခြင်းရှင်ခြင်းစမ်းသပ်မှုများကို ဖြတ်ကျော်၍ အဆင့်မြှင့်တင်ထားခဲ့ခြင်း ဖြစ်သည်။

ထိုအချိန်တွင် ချင်ဖုန်းမှာလည်း သူ၏ တည်ငြိမ်မှုကို ဆက်လက်၍ ထိန်းသိမ်းမထားနိုင်တော့ပေ။

“ သုံးနာရီ ……. “

“ ဒီနှစ် ကျောင်းသူကျောင်းသား အသစ်တွေက အရင်နှစ်ကထပ် ပိုပြီးတော့ သာလွန်ကြတာပဲ ”

သူသည် အရင်တစ်ချိန်က နှစ်နာရီခွဲအထိ ထိန်းထားနိုင်ခဲ့ပြီး၊ ၎င်းကပင် အတော်လေး အံ့အားသင့်ဖွယ်ကောင်းနေခဲ့ပြီ ဖြစ်သည်။

မထင်မှတ်ထားစွာဖြင့် ရှုကျိုးသည် သူ့ထပ်ပို၍ အံ့ဩဖွယ်ကောင်းနေခဲ့သည်။

“ ဒါပင်မဲ့ အဲ့ကောင်လေးက အချိန်ဘယ်လောက်ကြာတဲ့အထိ တောင့်ခံနိုင်မလဲဆိုတာကိုတော့ ငါသိချင်မိသား “

ချင်ဖုန်းသည် သတ္တုစက်လုံးကို ကြည့်ကာ တိတ်တဆိတ် တွေးတောနေခဲ့သည် “ သူ့ရဲ့ အကန့်အသတ်ကို မရောက်သေးတဲ့ပုံပဲ “

…

၎င်းမှာ ချင်ဖုန်းခန့်မှန်းထားခဲ့သည့်အတိုင်းပင် ဖြစ်နေခဲ့သည်။

စက်လုံးအတွင်းပိုင်းရှိ ရှုကျိုးသည် တည်တည်ငြိမ်ငြိမ်ဖြင့်သာ ရှိနေသေးသည်။

ဓားကဲ့သို့ဖြစ်နေသည့် ထောင်ပေါင်းများစွာသော အနီမှုန်များသည် သူ၏ခန္ဓာကိုယ်ထဲသို့ အရူးအမူး တိုးဝင်လာခဲ့ပြီး၊ သူ၏ချွေးပေါက်များကို တွန်းအားပေး ချဲ့ထွင်နေခဲ့သည်။

နာကျင်မှုများက စိမ့်ဝင်လာခဲ့ပြီ ဖြစ်သော်လည်း သူသည် မျက်မှောင်ပင် မကြုတ်သွားခဲ့ပေ။

“ ငါ့ရဲ့အကန့်အသတ်နဲ့ အဝေးကြီး ဝေးနေသေးသည် “ ရှုကျိုးသည် တစ်ကိုယ်တည်း တွေးတောစဥ်းစားနေခဲ့သည် “ အရင်က ချီ-သွေးစွမ်းအား ပေါက်ကွဲမှုနဲ့ ယှဥ်လိုက်မယ်ဆိုရင်လည်း တော်တော်ကြီး လို‌နေသေးတယ် “

တကယ်တမ်းတွင် ရှုကျိုးသည် အနည်းငယ် အံ့ဩနေခဲ့ခြင်း ဖြစ်သည်။

သူသည် သူက ဤနေရာတွင် ရှိနေသည်မှာ အချိန်အတော်ကြာပြီဆိုသည်ကို သိနေခဲ့သည်။

အကယ်၍ တစ်ခြားသော လူတစ်ဦးဦးသာဆိုပါက ၎င်းကို တောင့်ခံနိုင်လိမ့်မည် မဟုတ်ပေ။

သူ့အတွက်ကမူ ၎င်းမှာ ပုရွတ်ဆိတ်ကိုက်သလောက်သာ ဖြစ်နေခဲ့သည်။

“ အရင်တုန်းက ချီ-သွေးစွမ်းအား ပေါက်ကွဲမှုတွေက ငါ့ရဲ့ ခန္ဓာကိုယ်ကို ပိုပြီးတော့ ကြံ့ခိုင်သွားစေခဲ့တာပဲ “ ရှုကျိုးသည် တဖြည်းဖြည်း နားလည်သွားခဲ့သည် “ ချီ-သွေးစွမ်းအား ပေါက်ကွဲမှုက သွေးကြောမှတ်တွေကိုပဲ ရှာပေးနိုင်တာ မဟုတ်ဘူး၊ ငါ့ခန္ဓာကိုယ်တစ်ခုလုံးမှာရှိတဲ့ အရိုးတွေနဲ့ ကြွက်သားတွေကိုလည်း ကြံ့ခိုင်သွားစေခဲ့တယ် “

“ ပြီးတော့ ဒီအနီရောင် အမှုန်တွေကလည်း တူညီတဲ့ အကျိုးသက်ရောက်မှုရှိတယ် “

အရာအားလုံးကို နားလည်သွားခဲ့သည့်နောက်တွင် ရှုကျိုး၏ စိတ်သည် တဖြည်းဖြည်း တည်ငြိမ်သွားခဲ့သည်။

သူကိုယ်တိုင်ကပင် သူက ဤစက်ထဲတွင် အချိန်မည်မျှ တောင့်ခံထားနိုင်မလဲဆိုသည်ကို သိချင်နေလျက်ရှိသည်။

သူပို၍ တောင့်ခံနိုင်လေလေ၊ သူ့အတွက် အကျိုးအမြတ်ပိုရလေလေပင် ဖြစ်သည်။

“ ဟူးးးး “

ပတ်ပတ်လည်ရှိ အနီရောင်အမှုန်များသည် ပိုပို၍ ထူထပ်လာခဲ့ပြီး ရှုကျိုးကို လုံးဝဖုံးလွှမ်းသွားခဲ့သည်။

…

အချိန်များ ကုန်ဆုံးသွားခဲ့သည်။

သုံးနာရီ၊ လေးနာရီ၊ ငါးနာရီ ………….

မျက်စိတစ်မှိတ်အတွင်းမှာပင် နောက်ထပ် နာရီပေါင်းများစွာ ထပ်မံ၍ ကုန်ဆုံးသွားခဲ့ပြန်သည်။

ဖောက်၊ ဖောက်၊ ဖောက် !!

ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ပဲစေ့များပေါက်ထွက်သကဲ့သို့ ဖြစ်နေသည့် ပေါက်ကွဲသံများ ဆက်တိုက် ပေါ်ထွက်နေခဲ့ကာ သူ၏သွေးကြောများ ကွဲအက်လာခဲ့သည်။

ဤတစ်ကြိမ်၌ သူ၏အရေပြားသည် ပြုတ်ထားသော ကျောက်ပုဇွန်ကဲ့သို့ လုံးဝနီရဲနေပြီ ဖြစ်သည်။

ကာလရှည်ကြာ ချီ-သွေး စွမ်းအင် ဖြည့်သွင်းခဲ့ပြီးသည့်နောက်တွင် ၎င်းသည် အကန့်အသတ်သို့ ရောက်ရှိသွားခဲ့ပြီ ဖြစ်သည်။

သူ၏ ကြွက်သားများ၊ သွေးလွှတ်ကြောများနှင့် သွေးပြန်ကြော အားလုံး စတင်၍ ဖောင်းကားလာခဲ့ပြီ ဖြစ်သည်။

ဝုန်းးးးး !!

အဆုံး၌ ထိတ်လန့်ဖွယ်ကောင်းသော ပေါက်ကွဲမှုတစ်ခုသည် ရှုကျိုး၏ ခန္ဓာကိုယ်ထဲတွင် ဖြစ်ပေါ်လာခဲ့သည်။

“ သွေးကြောမှတ် အသစ်တစ်ခု ပေါ်လာပြီ “

ရှုကျိုးသည် ပျော်ရွှင်နေရန် အချိန်မရဘဲ၊ ချီ-သွေးစွမ်းအင်များကိုသာ အရူးအမူး ဖိနှိပ်နေခဲ့ရသည်။

“ ဖိနှိပ်စမ်း !! “ ရှုကျိုးသည် ယခင်ကကဲ့သို့ပင် ချီ-သွေးစွမ်းအင်များကို အတင်းအကြပ် ဖိနှိပ်နေတော့သည်။

ဗောက် !!

ဗောက် !!

ဗောက် !!

ထိုဖြစ်စဥ်တစ်လျှောက်လုံးတွင် သွေးကြောမှတ် အသစ်များ ဆက်တိုက် ပေါ်ထွက်လာခဲ့သည်။

“ ဒီနည်းလမ်းက ချီ-သွေးစွမ်းအားကို ပေါက်ကွဲစေပြီးတော့ သွေးကြောမှတ် ဖွင့်တာထပ် ပိုပြီးတော့ လွယ်နေတာပဲဟ “ ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ ဒီလိုဆိုရင် ငါက လုံးဝတောင့်ခံနိုင်တယ် “

သူသည် တွေးတောစဥ်းစားနေရင်းဖြင့် အကြောင်းပြချက်ကို နားလည်သွားခဲ့သည်။

ချီ-သွေးစွမ်းအင် ဖြည့်သွင်းမှုနည်းလမ်းသည် သူ့အတွက် အလွန် နူးညံ့နေခဲ့သောကြောင့် သူသည် အချိန်အတော်ကြာ တောင့်ခံနေနိုင်ခဲ့ခြင်း ဖြစ်သည်။

“ အဲ့လိုဆိုရင်တော့ ဆက်လုပ်တာပေါ့ကွာ “

၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် အနည်းငယ် စိတ်လှုပ်ရှားသွားခဲ့သည်။

ဒီတစ်ခါရော သွေးကြောမှတ် ဘယ်လောက် ရှာတွေ့မှာလဲ?

ရှုကျိုးသည် မျက်လုံးများကို မှိတ်ကာ တိတ်တဆိတ် စောင့်ဆိုင်းနေတော့သည်။

၁၊ ၂၊ ၃၊ ၄ ……….

သွေးကြောမှတ်အသစ်များ တစ်ခုပြီးတစ်ခု ပေါ်ပေါက်လာခဲ့သည်။

ရှုကျိုးသည် သူ၏ကိုယ်ထဲတွင် ပေါ်လာသည့် သွေးကြောမှတ် အသစ်များကို ရေတွက်နေရင်းဖြင့် ပျော်ရွှင်ကျေနပ်သွားခဲ့သည်။

အချိန်များ ဆက်လက်၍ ကုန်ဆုံးသွားခဲ့သည်။

ဆယ်ခုမြောက် သွေးကြောမှတ်ကို ရှာတွေ့ခဲ့ပြီးသည့်နောက်တွင် ပတ်ပတ်လည်ရှိ အနီရောင် အမှုန်များ ရုတ်တရက် ပျောက်ကွယ်သွားခဲ့သည်။

စက်လုံးတစ်ခုလုံး ငြိမ်သက်ရပ်တန့်သွားခဲ့သည်။

“ ဘာဖြစ်တာလဲဟ? “ ရှုကျိုးသည် အနည်းငယ် စိတ်ရှုပ်ထွေးသွားခဲ့သည်။

မကြာခင်မှာပင် တစ်စုံတစ်ခုကို တွေးမိသွားခဲ့သည် “ စက်ရဲ့ စွမ်းအား ကုန်သွားတာများလား? “

ဤစက်သည် အနီရောင် ချီ-သွေးစွမ်းအင်များကို ဆက်တိုက် ထုတ်လွှတ်ရန်အတွက် အထူးစွမ်းအင်တစ်ချို့ကို လိုအပ်သည်။

သူသည် ဤစက်အတွင်းတွင် အချိန်အတော်ကြာ လေ့ကျင့်နေခဲ့ခြင်း ဖြစ်သောကြောင့် စွမ်းအင်ကုန်ခမ်းသွားသည်မှာ ပုံမှန်ပင်ဖြစ်သည်။

“ လုံလောက်ပြီ၊ အပြင်ထွက်ဖို့ အချိန်ကျပြီ “ ရှုကျိုးသည် အသက်ကို ပြင်းပြင်းရှရှ ရှူသွင်းလိုက်သည်။

တော်တော်ကြာနေပြီဆိုတော့ ဆရာနဲ့ ကျန်းလန်တို့က ထွက်သွားလောက်ပြီလေ၊ ဟုတ်တယ်မလား?

ရှုကျိုးသည် ပျင်းရိစွာ အကြောဆန့်လိုက်ပြီး၊ မတ်တပ်ထရပ်ရန် ပြင်လိုက်သည်။

သို့သော် ထိုအချိန်တွင် သူ၏အမူအရာ ရုတ်တရက် ပြောင်းလဲသွားခဲ့သည်။

“ ဟမ်? ငါ့ခန္ဓာကိုယ်ထဲမှာ …….. “

ရှုကျိုးသည် ရုတ်တရက် မိန်းမောသွားခဲ့သည်။

ထိုအချိန်၌ သူ၏ခန္ဓာကိုယ်ထဲတွင် သွေးကြောမှတ် တစ်ခုပြီးတစ်ခု ပေါ်လာခဲ့သည်။

သူသည် ယခင်က သွေးကြောမှတ် အခု ၂၀ ရှာတွေ့ထားခဲ့ပြီး၊ ယခုတွင် နောက်ထပ် ၁၀ခု ထပ်မံ၍ ရှာတွေ့ခဲ့သောကြောင့် စုစုပေါင်း သွေးကြောမှတ် အခု ၃၀ရှာတွေ့ထားခဲ့ပြီ ဖြစ်သည်။

All Chapters