ဒီကောင်က လူကော ဟုတ်ရဲ့လားဟ? ၂
Vol. 10 Ch. 142
၎င်းတို့ကြားတွင် ၆ခုသည် အပြည့်အဝ ပွင့်သွားခဲ့ပြီဖြစ်ပြီး၊ ကျန်ရှိသော ၂၄ခုကမူ တစ်ဝက်တစ်ပျက် ပိတ်ဆို့နေလျက်ရှိသည်။
သို့ရာ၌ ဤအချိန်တွင် အဆိုပါ သွေးကြောမှတ် အခု၃၀လုံးသည် ရွှေချည်ကြိုးဖြင့် သွယ်တန်းထားသကဲ့သို့ တစ်ခုနှင့်တစ်ခု ချိတ်ဆက်နေသည့်ပုံပေါ်နေခဲ့သည်။
“ အဲ့ဒါက ……. “ ရှုကျိုးသည် အနည်းငယ် ဇဝေဇဝါ ဖြစ်သွားခဲ့သည်။
သူသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားခဲ့သည်။
“ ပညာရှင်လျူပြောခဲ့တဲ့ ပြီးပြည့်စုံတဲ့ စနစ်ဆိုတာများလား? “ ရှုကျိုး၏ ရင်ခုန်သံများပင် ရပ်တန့်သွားခဲ့သည်။
ယခင်က လျူချင်းယွမ်သည် သွေးကြောမှတ် တစ်ခုချင်းစီတိုင်းက သီးခြားတည်ရှိနေမည်ဆိုပါက ပြီးပြည့်စုံသော စနစ်တစ်ခုကို မတည်ဆောက်နိုင်ဘူးဟု ပြောခဲ့ဖူးသည်။
သို့သော် ယခုတွင်ကား သူ့ကိုယ်တွင်းရှိ သွေးကြောမှတ် အခု၃၀သည် တစ်ခုတည်းအဖြစ် ပေါင်းစည်းနေကြသည့်ပုံပင်။
“ ဒါက …. “
ရှုကျိုး၏ အသက်ရှူသံများသည် ရုတ်တရက် မြန်ဆန်လာခဲ့သည်။
အကယ်၍ ထိုသတင်းသာ ပျံ့နှံ့သွားမည်ဆိုပါက ရုတ်ရုတ်သဲသဲ ဖြစ်သွားလိမ့်မည် ဖြစ်သည်။
“ သူတို့က တစ်ခုတည်းအဖြစ် ပေါင်းစည်းနေကြတာလား? “ ရှုကျိုးသည် အနည်းငယ် သံသယရှိနေသေးစဲဖြစ်ပြီး၊ ၎င်းကို ထပ်မံ၍ အာရုံခံကြည့်နေတော့သည်။
သူသည် သွေးကြောမှတ်များဆီမှ စွမ်းအားကို စုစည်းရန် ကြိုးပမ်းလိုက်သည်။
သို့သော် မကြာခင်မှာပင် ရှုကျိုး မျက်မှောင်ကြုတ်သွားခဲ့ရသည်။
သူသည် မည်သည့်ကွဲပြားမှုကိုမှ ရှာမတွေ့ခဲ့ပေ၊ သူ၏ ချီ-သွေးစွမ်းအားသည် မည်သည့်ပြောင်းလဲမှုမှ မဖြစ်ပေါ်လာခဲ့ပေ။
“ အလုပ်ဖြစ်ဖို့အတွက် သွေးကြောမှတ် အခု၃၀လုံးကို လုံးဝဖွင့်ထားရမှာများလား? “ ရှုကျိုးမှ တွေးတောစဥ်းစားနေတော့သည်။
…
ထိုအချိန်၊ သုတေသနအခန်းထဲတွင်
အားလုံးသည် စားသောက်ပြီးသွားကြပြီဖြစ်ကာ၊ ဤနေရာသို့ ပြန်ရောက်လာကြပြီး၊ ရှုကျိုး ထွက်မလာသေးဘူးဆိုသည်ကိုသာ မြင်တွေ့သွားခဲ့သည်။
“ ၁၀နာရီတောင် ကျော်သွားပြီးလေ၊ သူက ထိန်းထားနိုင်တုန်းပဲလားဟ? “
“ ဒီလူက တော်တော်ကြီးကို ပုံမှန်မဟုတ်တာပဲ “
“ သူက ဘယ်လိုလုပ် တောင့်ခံနေနိုင်ရတာလဲ? “
စီနီယာ ကျောင်းသူကျောင်းသား အားလုံး အံ့ဩတုန်လှုပ်သွားကြသည်။
ငါတို့ဆိုရင် တစ်နာရီ တောင့်ခံနိုင်ဖို့တောင် မနည်းကြိုးစားနေခဲ့ရတာ။
ဒီကောင်က ဆယ်နာရီကျော်တာတောင် ထွက်မလာသေးဘူးပေါ့?
ဒီကောင်က လူကော ဟုတ်ရဲ့လားဟ?
“ အစ်ကို “ ရှားရှီယောက်မှ စိုးရိမ်တကြီးဖြင့် မေးမြန်းလာခဲ့သည် “ အဲ့လူက အထဲမှာ မေ့နေတာတော့ မဟုတ်ဘူးမလား? “
စက်လုံးသည် အနီရောင် အမှုန်များဖြင့် ပြည့်နှက်နေလျက်ရှိသောကြောင့် သူမတို့သည် အထဲရှိ အခြေအနေကို လုံးဝမမြင်ရပေ။
ရှားဟောက်ချန်းသည် မည်သည့်စကားကိုမှ မပြောလာခဲ့ပေ၊ သူသည်လည်း အဆိုပါ ဖြစ်နိုင်ခြေကို တွေးနေမိခဲ့ပြီ ဖြစ်သည်။
ဘေးနားရှိ ကျန်းလန်သည် တစ်စုံတစ်ခုကို ရုတ်တရက် သတိပြုမိသွားခဲ့သည် “ စက်က ရပ်သွားပြီ “
အဆိုပါ မှတ်ချက်သည် လူတိုင်းကို နိုးကြားသွားစေခဲ့သည်၊ တုန်ခါနေသော စက်လုံးသည် ဖြည်းဖြည်းချင်းငြိမ်ကျသွားခဲ့သည်။
လူအုပ်ကြီးသည် တက်တက်ကြွကြွ ဖြစ်သွားခဲ့သည်၊ ရှုကျိုးက ထပ်ပြီးတော့ တောင့်မခံနိုင်တော့ဘူးပေါ့?
သို့သော် ထိုအချိန်တွင် လျူချင်းယွမ်မှ သက်ပြင်းတစ်ချက် ချလာခဲ့သည်။
“ စက်က ရပ်သွားတာ မဟုတ်ဘူး “
“ ချီ-သွေးစွမ်းအားတွေက သူကြောင့် ပင်ပန်းသွားတာပဲ “
လျူချင်းယွမ်သည် နှလုံးသား နာကျင်သွားခဲ့သည် “ သန်းပေါင်းများစွာတန်တဲ့ ချီ-သွေးတွေကို ဒီကလေးက တစ်ရက်တည်းနဲ့ သုံးပလိုက်ပြီ “
လူတိုင်း အံ့ဩတုန်လှုပ်သွားကြသည်။
၎င်းသည် ရှုကျိုးက ဆက်၍ တောင့်မခံနိုင်တော့သောကြောင့် စက်လုံးက ရပ်တန့်သွားခြင်း မဟုတ်ဘူးဟု ဆိုလိုနေခြင်း ဖြစ်သည်။
ချီ-သွေး စွမ်းအား ကုန်သွားလို့ စက်ရပ်သွားတာလား?
ထိုအချိန်တွင် လျူချင်းယွမ်၏ စိတ်သည် အလွန်တုန်လှုပ်နေလျက်ရှိသည်။
“ ပထမဦးဆုံး အကြိမ်မှာပဲ အထဲမှာ ၁၀နာရီနေနိုင်ခဲ့ပြီးတော့ စွမ်းအင်အကုန်သုံးခဲ့တယ် “ လျူချင်းယွမ်သည် တိတ်တဆိတ် အံကြိတ်နေတော့သည် “ ဒီကလေးက လူထူးဆန်းလား? “
“ ပြီးတော့ သူက တကယ်ရော အဆင်ပြေနေရဲ့လား? “ လျူချင်းယွမ်သည် အနည်းငယ် စိတ်မတင်မကျ ဖြစ်နေခဲ့သည်။
သူ၏ စိတ်ဝိညာဥ်စွမ်းအားသည် ရှုကျိုးက သတိလစ်မနေသကဲ့သို့ ပေါက်ကွဲ၍ မသေဆုံးသွားဘဲ အထဲတွင် ထိုင်လျက်သား ရှိနေသည်ဆိုသည်ကို အာရုံခံမိနေခဲ့သည်။
ဒီလိုနေရာမျိုးမှာ ၁၀နာရီကြာ နေနိုင်ခဲ့တာတောင်မှ မထိမခိုက်ရှိနေသေးတယ်ပေါ့?
ဒါကြီးက …….. အကြောင်းအကျိုး အကုန်လုံးကို ဆန့်ကျင်နေတာပဲ !!
“ သူ့ရဲ့ သားရဲစွမ်းရည်ကြောင့်များလား? “
လျူချင်းယွမ်သည် ရှုကျိုး၏ စွမ်းရည်က အလွန် ကြံ့ခိုင်သန်စွမ်းသည့် ခန္ဓာကိုယ်ကို ပိုင်ဆိုင်ထားသော နဂါး အသွင်ပြောင်းခြင်း သားရဲစွမ်းရည်ဖြစ်သည်ဆိုသည်ကို သိနေခဲ့သည်။
ဒါပင်မဲ့ ဗီဇပြောင်းသားရဲဆိုရင်တောင်မှ ဒီနေရာမှာ ၁၀နာရီအထိ မနေနိုင်ဘူးလေ၊ ဟုတ်တယ်မလား?
“ ကျွီ !! “
လျူချင်းယွမ် တွေးတောစဥ်းစားနေသည့် အချိန်တွင် သံမဏိတံခါး ရုတ်တရက် ပွင့်လာခဲ့ကာ ရှုကျိုး လမ်းလျှောက်ထွက်လာခဲ့သည်။
နောက်ထပ် စက္ကန့်ပိုင်းမျှအကြာတွင် ရှုကျိုး အံ့ဩမှင်သက်သွားခဲ့သည်၊ ဒီလူတွေက မထွက်သွားကြဘူးလားဟ?
သူတို့က ဒီအချိန်အထိ စောင့်နေကြတာလား?
သူကဲ့သို့ပင် တစ်ခြားလူများကလည်း အံ့ဩမှင်သက်နေလျက်ရှိသည်။
မင်းက ဒီလိုမျိုး လမ်းလျှောက်ထွက်လာတယ်ပေါ့?
လုံးဝကြီးကို အဆင်ပြေနေတယ်ပေါ့?
ထိုအချိန်တွင် အားလုံးသည် ရှုကျိုးအား မွန်းစတားကြီးတစ်ကောင်ကို မြင်တွေ့နေရသည့် အကြည့်မျိုးဖြင့် ကြည့်နေကြသည်။
ယခင်က နှစ်နာရီနှင့် သုံးနာရီအထိ နေ့ခဲ့သည့် ကျန်းလန်နှင့် ရှားဟောက်ချန်းတို့က ပြန်ထွက်လာသည့် အချိန်တွင် တုန်တုန်ရင်ရင်ဖြင့် မတ်တပ်မရပ်နိုင် ဖြစ်ခဲ့ကြသည်ဆိုသည်ကို အမှတ်ရကြရမည် ဖြစ်သည်။
ရှုကျိုးကမူ ……
တစ်ရေးတစ်မော အိပ်ကာနိုးထလာည့် လူတစ်ဦးကဲ့သို့ လန်းဆန်းတက်ကြွစွာ လမ်းလျှောက်ထွက်လာခဲ့သည်။
ထိုအချိန်၌ လျူချင်းယွမ်ကိုယ်တိုင်ကပင် ဆွံ့အသွားခဲ့ရပြီး၊ အေးခဲတောင့်တင်းနေလျက်ရှိသည်။
“ အဟွတ် အဟွတ် “
အဆုံးတွင် ရှုကျိုးသည် တိတ်ဆိတ်မှုကို အရင်ဦးဆုံး ဖြိုခွင်းလာခဲ့ပြီး၊ လျူချင်းယွမ်ကို စကားပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော် အထဲမှာရှိနေတာက ဘယ်လောက်ကြာပြီလဲဗျ? “
လျူချင်းယွမ်သည် သတိပြန်ဝင်လာခဲ့ကာ ပြန်ပြောလိုက်သည် “ ၁၀နာရီလောက်ပေါ့ “
“ ဆယ်နာရီလား? “ ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ သူက ထိုမျှကြာရှည်စွာ လေ့ကျင့်နေခဲ့သည့်အတွက် အံ့ဩသွားခဲ့သည်။
လျူချင်းယွမ်သည် ရှုကျိုးအား ထူးဆန်းသော အကြည့်ဖြင့် ကြည့်ကာ ဆက်ပြောလာခဲ့သည် “ မင်းက ကိုယ်လက်မသက်မသာ ဖြစ်မနေဘူးလား? “
“ သက်တောင့်သက်သာ မရှိတာလား? မဖြစ်ပါဘူး “ ရှုကျိုးမှ ခေါင်းခါပြလိုက်သည်။
မလှမ်းမကမ်းရှိ ချင်ဖုန်းသည် သွေးအန်လိုစိတ်ကို ပြင်းပြင်းထန်ထန် ခံစားလိုက်ရသည်။
ငါက နှစ်နာရီခွဲလေးပဲ နေခဲ့တာတောင်မှ သုံးရက်လောက် သတိမေ့သွားခဲ့တယ်လေ။
မင်းက ဆယ်နာရီတောင် နေခဲ့ပြီးတော့ ဘာမှ မဖြစ်သွားဘူးလား?
ဒီကောင်က လူကောဟုတ်ရဲ့လားဟ?
တစ်ခြားလူများမှာလည်း ထပ်တူထပ်မျှ အံ့ဩတုန်လှုပ်သွားကြပြီး၊ မယုံကြည်နိုင်ဖြစ်နေသော အကြည့်များဖြင့် ရှုကျိုးကို ကြည့်နေကြသည်။
ထိုအချိန်တွင် ရှုကျိုးမှ ချီတုံချတုံဖြင့် စကားပြောလာခဲ့သည် “ ဆရာ၊ ကျွန်တော်က အထဲမှာ သွေးကြောမှတ် အသစ် ၁၀ခု ရှာတွေ့ခဲ့တယ် “
“ ဟမ်? “
ထိုစကားကိုကြားလိုက်ရသောအခါတွင် လျူချင်းယွမ်သည် လုံးဝ မှင်သက်သွားခဲ့သည်။
ထို့နောက်၌ ချက်ချင်းဆိုသလိုပင် သူသည် နားကြားမှားသွားသည်ဟု ထင်သွားကာ ရှုကျိုးကို စိုက်ကြည့်၍ ပြောလိုက်သည် “ မင်းဘာပြောလိုက်တာလဲ? “
“ အဟွတ်၊ အဟွတ်၊ ချီ-သွေးထိုးသွင်းနေတုန်းမှာ ကျွန်တော်က သွေးကြောမှတ် ၁၀ခု ရှာတွေ့ခဲ့တယ်လို့ ပြောတာပါ “
တစ်ခန်းလုံး တိတ်ဆိတ် ငြိမ်သက်သွားခဲ့သည်။
ရှားဟောက်ချန်းဖြစ်စေ၊ ကျန်းလန်ဖြစ်စေ၊ စီနီယာ ကျောင်းသားကျောင်းသူများပင်ဖြစ်စေ၊ အားလုံးသည် အံ့ဩတုန်လှုပ်နေသော အကြည့်များဖြင့် ရှုကျိုးကို ကြည့်လာကြသည်။
ကျန်းလန်ကား စိတ်ထဲတွင် အလွန်အံ့ဩတုန်လှုပ်နေလျက်ရှိသည် “ သူက သားရဲစွမ်းရည်ပိုင်ရှင်လေ၊ သွေးကြောမှတ် ၁၀ခုကို ဘယ်လိုရှာနိုင်ခဲ့တာလဲ? “
ကျန်းမိသားစုရဲ့ အချက်အလက်တွေက မှားနေတာများလား?
ဘေးနားရှိ ချင်ဖုန်းမှ မျက်မှောင်ကြုတ်၍ မေးမြန်းလာခဲ့သည် “ ချီ-သွေး ဖြည့်သွင်းနေတုန်းမှာ သွေးကြောမှတ် ၁၀ခုက အလိုအလျောက် ပေါ်လာတယ်လို့ မင်းက ပြောနေတာလား? “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
“ အဲ့တာက မဖြစ်နိုင်ဘူး “
ချင်ဖုန်း၏ အမူအရာ ပြောင်းလဲသွာပြီး၊ အံကြိတ်၍ ပြောလာခဲ့သည် “ သွေးကြောမှတ်တွေက လူသားတွေရဲ့ ခန္ဓာကိုယ်ထဲမှာ ရှိတာလေ၊ တကယ်လို့ သူတို့က ပေါ်လာတယ်ဆိုရင်တောင်မှ၊ သာမန်မျက်လုံးတွေနဲ့ မမြင်နိုင်ဘူး။ မင်းက မင်းရဲ့ခန္ဓာကိုယ်အတွင်းပိုင်းကို မြင်နိုင်တာလား? “