← Chapters

ဒီကောင်က လူကော ဟုတ်ရဲ့လားဟ? ၄

Vol. 10 Ch. 144

ဒီကောင်က လူကော ဟုတ်ရဲ့လားဟ? ၄

Vol. 10 Ch. 144

သူသည် သက်ပြင်းတချချ ဖြစ်သွားခဲ့သည်၊ သို့သော် အမြန်ခေါင်းခါ၍ ပြောလာခဲ့သည် “ မဟုတ်ဘူး၊ ချောင်ရုံနဲ့ ဘာမှ မဆိုင်ဘူး၊ မင်းကိုယ်တိုင်နဲ့ပဲ ပိုဆိုင်တယ် “

“ အုတ်မြစ်တည်ဆောက်တာကို တတိယအကြိမ်အထိ လုပ်နိုင်ဖို့ဆိုတာက စွမ်းရည်၊ ကံတရားနဲ့ ခွန်အားတွေ ပေါင်းစည်းနေဖို့ လိုတယ်၊ တစ်ခုမှ ကင်းမဲ့နေလို့ မရဘူး “

ရှုကျိုးသည် အနည်းငယ် ရင်တုန်သွားခဲ့ပြီး၊ စိတ်ရှုပ်ထွေးစွာဖြင့် မေးမြန်းလိုက်သည် “ ဆရာ၊ တတိယအကြိမ်မြောက် အုတ်မြစ်တည်ဆောက်ခြင်းအထိ လုပ်နိုင်ခဲ့တဲ့လူက ကျောင်းမှာ မရှိဘူးလား? “

“ တစ်ယောက်တော့ရှိတယ် “

လျူချင်းယွမ်မှ ခေါင်းငြိမ့်ပြကာ ပြောလာခဲ့သည် “ ကျန်းချောက်လို့ခေါ်တဲ့ တစ်ယောက်ရှိတယ်၊ သူကမင်းလိုပဲ အုတ်မြစ်တည်ဆောက်တာကို တတိယအကြိမ်အထိ လုပ်ထားတယ်၊ ဒါပင်မဲ့ သူက ဘွဲ့ယူတော့မှာ “

ရှုကျိုး မှင်သက်သွားခဲ့သည်၊ သူသည် အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်အထိ ရောက်ခဲ့သည့်လူရှိနေလိမ့်မည်ဟု မထင်ထားခဲ့ပေ။

“ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်၊ တစ်နိုင်ငံလုံးမှာတောင်မှ တော်တော်ကြီးကို ရှားတယ်၊ Sအဆင့် စွမ်းရည်ပိုင်ရှင်ထပ်တောင် ရှားနေသေးတယ် “

လျူချင်းယွမ်မှ လေးနက်သော လေသံဖြင့် ပြောလာခဲ့သည် “ နိုင်ငံထဲက ထိပ်တန်းတက္ကသိုလ်ဖြစ်တဲ့ ငါတို့ ကွမ်ဟန် သိုင်းပညာတက္ကသိုလ်က လွန်ခဲ့တဲ့ ဆယ်နှစ်အတွင်းမှာ တစ်ယောက်ပဲ မွေးထုတ်ပေးနိုင်ခဲ့တယ် “

“ ပြီးတော့ ကျန်းချောက်က တျန်းကျိုးက ထိပ်တန်းအဆင့် မိသားစုဖြစ်တဲ့ ကျန်းမိသားစုရဲ့ တိုက်ရိုက်မျိုးဆက်ပဲ၊ မရေမတွက်နိုင်တဲ့ အရင်းအမြစ်တွေနဲ့ ထိပ်တန်းအဆင့် ဆရာတွေရဲ့ ပံ့ပိုးကူညီမှုကို ငယ်ငယ်လေးကတည်းက ရထားတယ် “

( ကျန်းဆိုပင်မဲ့ သံတူကြောင်းကွဲပါ၊ အသံထွက်တူပင်မဲ့ တစ်ခြား အဓိပ္ပါယ်တစ်ခုခုရှိတဲ့ ကျန်းပါ၊ ကျန်းလန်ရဲ့ ကျန်းကလည်း တစ်ခြား အဓိပ္ပါယ်တစ်မျိုးရှိပါတယ် )

“ မင်းနဲ့ ယှဥ်လိုက်မယ်ဆိုရင် မင်းရဲ့ အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်က ပိုပြီးတော့ အထင်ကြီးဖို့ကောင်းတယ် “

ရှုကျိုးသည် အနည်းငယ် ရင်တုန်ပန်းတုန် ဖြစ်သွားခဲ့သည်။

တျန်းကျိုးသည် ရန်ပြည်ထောင်ရှိ ထိပ်တန်းပြည်နယ် ဆယ့်နှစ်ခုအနက် ထိပ်တန်းအဆင့်တွင် ရပ်တည်နေသော ပြည်နယ်တစ်ခုဖြစ်သည်။

တော်ဝင် သိုင်းပညာတက္ကသိုလ်သည် တျန်းကျိုးတွင် တည်ရှိသည်။

“ အဲ့ဒီကျန်းချောက်က တျန်းကျိုးကဆိုတော့၊ တော်ဝင် သိုင်းပညာ တက္ကသိုလ်မှာ ဘာလို့မတက်ရတာလဲ? “ ရှုကျိုးသည် စိတ်ရှုပ်ထွေးနေသော အမူအရာဖြင့် မေးမြန်းလာခဲ့သည်။

“ သူက ကွမ်ဟန် သိုင်းပညာတက္ကသိုလ်ကို ပိုပြီးတော့ စိတ်ဝင်စားနေတာ ဖြစ်နိုင်တယ် “ လျူချင်းယွမ်မှ ပြောလာခဲ့သည် “ ငါတို့ ကွမ်ဟန်တက္ကသိုလ်က တာဝန်ပေးနှုန်းက နည်းနည်းလေး မြင့်တယ်၊ ကွမ်ဟန်ဆိုတဲ့ စကားလုံးက စကားလုံးသပ်သပ်ပဲ မဟုတ်ဘူးလေ “

“ ကွမ်ဟန်လား? “

ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည် “ လကိုပြောတာလား? “

လျူချင်းယွမ်မှ အသာအယာ ခေါင်းငြိမ့်ပြလာခဲ့သည်။

ရှုကျိုးသည် ပို၍ပင် ဇဝေဇဝါ ဖြစ်သွားတော့သည်၊ လနဲ့ဘာဆိုင်လို့လဲဟ?

“ ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်ရဲ့ တာဝန်တစ်ချို့က ကြယ်ပြာဂြိုဟ်မှာ မဟုတ်ပဲ လပေါ်မှာ ဖြစ်နေတာများလား? “ ရှုကျိုးမှ ထင်ကြေးပေးမှန်းဆလာခဲ့သည်။

“ အနည်းနဲ့ အများပေါ့ “

လျူချင်းယွမ်သည် ထိုအကြောင်းကို ဆက်မပြောလာတော့ဘဲ တစ်ခြားအကြောင်းကို ပြောင်းပြောလာခဲ့သည် “ နောက်တစ်လဆိုရင် မင်းက လျူမိသားစုက လူတစ်ယောက်နဲ့ သေခြင်ရှင်ခြင်းတိုက်ပွဲကို ရင်ဆိုင်ရမှာ၊ တစ်လအတွင်းမှာ ကောင်းကောင်းလေ့ကျင့်နေ “

“ သူတို့ပို့လာမဲ့ ပထမအဆင့် အထွဋ်အထိပ် ပညာရှင်က သေချာပေါက်ကို သာမန် မဟုတ်လောက်ဘူး “

“ မင်းက အုတ်မြစ်တည်ဆောက်ခြင်း တတိယအဆင့်ကို ရောက်ခဲ့ပင်မဲ့ Sအဆင့် စွမ်းရည်ရှိတဲ့ အလယ်အလတ် ပထမအဆင့် စက်ရုပ်နဲ့ ရင်ဆိုင်ခဲ့ရတုန်းက ခက်ခဲခဲ့တယ်မလား? “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။

“ အဲ့တာက အလယ်အလတ် ပထမအဆင့်ပဲ ရှိသေးတယ်၊ Sအဆင့် စွမ်းရည်ရှိတဲ့ ပထမအဆင့် အထွတ်အထိပ် ပညာရှင်က တစ်ချို့ ဒုတိယအဆင့် ပညာရှင်တွေနဲ့တောင် ယှဥ်နိုင်တယ် “

လျူချင်းယွမ်သည် လေးလေးနက်နက် ပြောလာခဲ့သည် “ ဆိုတော့ မဆင်မခြင် မလုပ်နဲ့ “

ရှုကျိုး၏ အမူအရာ လေးနက်သွားခဲ့ပြီး၊ ခေါင်းငြိမ့်ပြလာခဲ့သည်။

“ ကောင်းပြီလေ၊ နောက်ကျနေပြီ၊ မင်းပြန်သင့်ပြီ “ ဟုလျူချင်းယွမ်မှ ပြောလာခဲ့သည်။

“ ဒါနဲ့၊ ဆရာရေ “ ရှုကျိုးသည် တစ်စုံတစ်ခုကို ရုတ်တရက် မှတ်မိသွားကာ အမြန်ပြောလာခဲ့သည် “ ဆရာပြောခဲ့တဲ့ ပြီးပြည့်စုံတဲ့ စနစ်ဆိုတာကလေ၊ သွေးကြောမှတ် ဘယ်နှခုလိုအပ်လဲ? “

“ ၁၂၀ “ လျူချင်းယွမ်မှ ပြောလာခဲ့သည် “ အဲ့တာက မင်းအတွက် တော်တော်လေး ဝေးနေပါသေးတယ်၊ သွေးကြောမှတ် အခု၁၀၀ကိုပဲ အရင်ဖွင့်ကြည့်ပါဦး “

“ သွေးကြောမှတ် အခု၃၀က ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို တည်ဆောက်လို့ရလား? “ ဟုရှုကျိုးမှ မေးလာခဲ့သည်။

“ အခု ၃၀လား? “

လျူချင်းယွမ် အံ့ဩသွားခဲ့သည်၊ ထို့နောက်တွင် သူသည် ခေါင်းခါပြ၍ ပြောလာခဲ့သည် “ အခုလက်ရှိ အချိန်မှာတော့ မဖြစ်နိုင်သေးဘူး၊ နောင်အနာဂတ်မှာဆိုရင်တော့ သွေးကြောမှတ် အခု၃၀ပဲ ဖွင့်ထားတဲ့ သာမန်လူကတောင် ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို လေ့ကျင့်နိုင်ဖို့အတွက် အစစ်အမှန် သိုင်းပညာဌာနက လုပ်ပေးနိုင်လောက်တယ် “

ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်၊ သို့သော် သူ၏စိတ်ထဲတွင်မူ သူသည် ပိုပို၍ သံသဝင်သွားခဲ့သည်။

ငါ့ကိုယ်ထဲက သွေးကြောမှတ် အခု၃၀က တစ်ခုတည်းအဖြစ် ချိတ်ဆက်နေတဲ့ပုံပဲ။

သို့ရာ၌ ၎င်းကို တွေးမိသွားသောအခါတွင် ရှုကျိုးသည် ထိုအကြောင်းကို မပြောပြရန် ဆုံးဖြတ်လိုက်သည်။

“ အခုအတွက်ကတော့ မသေချာသေးဘူး၊ သွေးကြောမှတ် အခု၃၀လုံးဖွင့်ပြီးသွားတဲ့ အချိန်အထိ စောင့်ရမယ်၊ တကယ်လို့ အဲ့တာတွေကသာ ပြီးပြည့်စုံတဲ့ စနစ်တစ်ခုကို တည်ဆောက်နိုင်မယ်ဆိုရင် အဲ့ဒီအချိန်မှ ဆရာ့ကို ပြောပြရမယ် “

ရှုကျိုးသည် လျူချင်းယွမ်ကို ချက်ချင်း နှုတ်ဆက်လိုက်ပြီး၊ အမြန်ထွက်သွား‌တော့သည်။

ရှုကျိုး ထွက်သွားပြီးသည့်နောက်တွင် လျူချင်းယွမ်သည် စီးကရက်ကို မီးညှိကာ လေသံတိုးတိုးလေးဖြင့် ရေရွတ်ပြောဆိုနေခဲ့သည် “ သားရဲစွမ်းရည်လား? သွေးကြောမှတ် ၁၀ခုကို တစ်ခါတည်း ရှာတွေ့ခဲ့တာလား? စိတ်ဝင်စားစရာပဲ ဒီကလေးက အဲ့ဒီအချိန်တုန်းက ငါ့ထပ် ပိုပြီးတော့ အထင်ကြီးဖို့ကောင်းနေတာပဲ “

လျူချင်းယွမ်က စက်လုံးထဲသို့ ပထမဦးဆုံးအကြိမ်အဖြစ် ဝင်ခဲ့စဥ်က အချိန်အတော်ကြာ တောင့်ခံနိုင်ခဲ့ပြီး၊ သွေးကြောမှတ် ၃ခုရှာတွေ့ခဲ့သည်ဆိုသည်ကို အနည်းငယ်မျှသော လူတစ်စုကသာလျှင် သိထားကြသည်။

ထို့ကြောင့်ပင် အစစ်အမှန် သိုင်းပညာဌာန၏ ဌာနမှူးသည် သူ့ကို သဘောကျသွားကာ တပည့်အဖြစ် လက်ခံခဲ့ခြင်း ဖြစ်သည်။

ထို့နောက်တွင် အဆိုပါဖြစ်ရပ်သည် ကွမ်ဟန်သိုင်းပညာ တက္ကသိုလ်တစ်ခုလုံးကို လှုပ်ခတ်သွားစေခဲ့ပြီး၊ ထိုအချိန်မှစ၍ လျူချင်းယွမ်ဟူသည့် ကြယ်ပွင့်သည် အရှိန်အဟုန်ဖြင့် တားမရဆီးမရ ကျော်ကြားလာခဲ့သည်။

ယခု၌ ရှုကျိုးသည် သွေးကြောမှတ် အခု၃၀ကို တစ်ပြိုင်နက်တည်း ရှာဖွေတွေ့ရှိခဲ့ပြီး၊ ၎င်းသည် ဟိုတစ်ချိန်ကသူထပ်ပင် ပို၍ ထူးခြားနေခဲ့သည်။

“ ကံမကောင်းစွာနဲ့ အချိန်တွေက ပြောင်းလဲနေခဲ့ပြီ “

လျူချင်းယွမ်သည် သက်ပြင်းတချချ ဖြစ်နေတော့သည် “ တကယ်လို့ ဒီကိစ္စသာ ပြန့်သွားမယ်ဆိုရင်၊ နတ်သိုင်းဌာနက ဒီကလေးကို သေချာပေါက် အလွတ်ပေးမှာ မဟုတ်ဘူး။ လနတ်ဘုရားဂိုဏ်းက အဲ့တိရစ္ဆာန်ကောင်တွေကလည်း လှုပ်ရှားလာနိုင်ပြီးတော့ ရှုကျိုးရဲ့ မိသားစုကို အန္တရာယ်ပေးလာနိုင်တယ် “

“ ကြည့်ရတာတော့ ငါတို့က အချိန်တစ်ခုကြာတဲ့အထိ ဖုံးထားရမဲ့ပုံပဲ “

“ ဒါပင်မဲ့ နောက်တစ်လအကြာမှာ ဖြစ်လာမဲ့ သေခြင်းရှင်ခြင်း တိုက်ပွဲပြီးသွားရင်တော့ ………. အဲ့ကိစ္စကို ထပ်ပြီးတော့ ဖုံးဖိထားလို့ မရလောက်တော့ဘူး “

လျူချင်းယွမ်သည် ရုတ်တရက် ခေါင်းကိုက်သွားတော့သည်။

သူသည် နောက်တစ်လအကြာတွင် ဖြစ်လာမည့် သေခြင်းရှင်ခြင်း တိုက်ပွဲ ပြီးဆုံးသွားသည့်နောက်တွင် အစစ်အမှန် သိုင်းပညာဌာနက လူအများအာရုံစိုက်ရာ ဗဟိုချက် ထပ်ဖြစ်လာဦးမည်ဟု ယောင်ဝါးဝါး ခံစားမိနေခဲ့သည်။

All Chapters