← Chapters

ဖုံးကွယ်ခြင်း၏ တစ်ခြားတစ်ဘက်

Vol. 10 Ch. 145

ဖုံးကွယ်ခြင်း၏ တစ်ခြားတစ်ဘက်

Vol. 10 Ch. 145

ရှုကျိုးသည် သုတေသနအခန်းထဲမှ ထွက်လာခဲ့ပြီးသည့်နောက်၌ တံခါးဝတွင် စောင့်နေသည့် ချင်ဖုန်းကို မြင်တွေ့သွားခဲ့သည်။

“ စီနီယာ အစ်ကိုချင်? မပြန်သေးဘူးလား? “ ရှုကျိုးမှ တအံ့တဩဖြင့် ပြောလိုက်သည်။

ချင်ဖုန်းသည် အသာအယာ ပြုံး၍ ပြောလာခဲ့သည် “ မင်းက လမ်းတွေကို မမှတ်မိမှာစိုးလို့ မင်းနဲ့အတူ ပြန်ဖို့ စောင့်နေတာလေ “

“ အမ် “ ရှုကျိုး၏ အမူအရာ ရှုံ့မဲ့သွားခဲ့သည်၊ ငါက အရွယ်ရောက်နေပါပြီဟ၊ လမ်းကို ဘယ်လိုလုပ်မမှတ်မိဘဲ နေမှာလဲ?

“ အစစ်အမှန် သိုင်းပညာဌာနရဲ့ ညအချိန်က နေ့ဘက်အချိန်နဲ့ တော်တော်လေး ကွဲပြားတယ် ” ချင်ဖုန်းသည် လမ်းလျှောက်နေရင်းဖြင့် ပြောလာခဲ့သည်။

ရှုကျိုးသည် နောက်မှ အမြန်လိုက်သွားတော့သည်။

တစ်ခဏခန့် ကြာခဲ့ပြီးသည့်နောက်တွင် သူသည် ချင်ဖုန်းဆိုလိုသည့် အရာကို ကိုယ်တိုင် မြင်တွေ့လာခဲ့ရသည်။

တိတ်ဆိတ်နေသည့် အဆိုပါ ခရမ်းနက်ရောက် အဆောက်အဦးများသည် လုံးဝပိတ်ဆို့ထားစဲဖြစ်သော်လည်း၊ ပြတင်းပေါက်များမှတစ်ဆင့် မှိန်ဖျော့သော အလင်းတန်းများ ထွက်ပေါ်နေလျက်ရှိသည်။

ထပ် !!

ထပ် !!

ထပ် !!

ရှုကျိုးသည် အနီးအနားရှီ ခရမ်းနက်ရောင် အဆောက်အဦးထဲမှ ထွက်ပေါ်လာသည့် ပြင်းထန်သော ထုရိုက်သံများကို ကြားနေခဲ့ရသည်။

“ အဲ့ဒီ အဆောက်အဦးတွေကို မကြည့်နဲ့ “ ချင်ဖုန်းမှ ပေါ့ပေါ့ပါးပါး ပြောလာခဲ့သည်။

“ လမ်းကိုပဲ အာရုံစိုက်လျှောက် “

ရှုကျိုးသည် ထိုအတိုင်းသာ လိုက်လုပ်လိုက်ရာ အဆိုပါ အသံသည် ချက်ချင်း ပျောက်ကွယ်သွားခဲ့သည်။

“ အဲ့ဒီ အဆောက်အဦးတွေထဲမှာ ဘာတွေ ရှိနေတာလဲဟ? “

ရှုကျိုး၏ သိလိုစိတ်များသည် ပိုပို၍ များပြားလာခဲ့သည်။

သူသည် ချင်ဖုန်းနောက်သို့သာ လိုက်နေတော့သည်။

ရုတ်တရက်ဆိုပင် မြင့်မားသော အနက်ရောင် အဆောက်အဦးကြီးတစ်ခုသည် အရှေ့ဘက်တွင် ပေါ်လာခဲ့သည်။ ၎င်း၏ ဝင်ပေါက်ဝတွင် ဆံပင်ဖြူ အဘိုးအိုတစ်ဦး ထိုင်နေလျက်ရှိသည်။

“ အဲ့တာက ………. “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။

သူသည် အစစ်အမှန် သိုင်းပညာဌာန၏ တံခါးဝတွင် တစ်စုံတစ်ဦးက စောင့်ကြပ်နေသည်ကို ပထမဦးဆုံး အကြိမ်အဖြစ် မြင်တွေ့လိုက်ရခြင်း ဖြစ်သည်။

တစ်ခြားသော အဆောက်အဦးများတွင်မူ တံခါးများ ပိတ်ထားခဲ့ပြီး၊ မည်သည့်အစောင့်အကြပ်မှ ရှိမနေခဲ့ပေ။

ချင်ဖုန်း၏ မျက်လုံးများလည်း အနည်းငယ် လှုပ်ခတ်သွားခဲ့ပြီး၊ တစ်စုံတစ်ခုကို မှတ်မိသွားသကဲ့သို့ လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ အဲ့ဒီအဆောက်အဦးက ပုံမှန်ဆိုရင် ချဥ်းကပ်သွားဖို့ မလွယ်ဘူး၊ အဲ့တာက အရင်က ဌာနမှူးနဲ့ ဆိုင်တယ်။ အရင်က ဌာနမှူးအကြောင်းကို မင်းသိလား? အဲ့တာက ဒီနှစ်တွေအတွင်းမှာ အစစ်အမှန် သိုင်းပညာက ကျဆုံးသွားရတာနဲ့ ဆက်စပ်နေတယ် “

“ ချင်ဖုန်း !! “

အနက်ရောင် အဆောက်အဦးအရှေ့ရှိ အဘိုးအိုသည် မျက်လုံးများကို ရုတ်တရက် ဖွင့်ကာ အော်ငေါက်လာခဲ့သည်။

ချင်ဖုန်းသည် သူ၏ပါးစပ်ကို အမြန်ပိတ်ကာ၊ တောင်းပန်စကားဆိုလိုက်သည် “ အကြီးအကဲယွင်၊ နှောင့်ယှက်မိသွားတဲ့အတွက် ကျွန်တော် တောင်းပန်ပါတယ် “

ဆံပင်ဖြူ အဘိုးအိုသည် ရှုကျိုးကို ကြည့်လိုက်သည်၊ ထို့နောက်တွင် ချင်ဖုန်းကို ကြည့်ကာ အက်ရှရှအသံဖြင့် ပြောလာခဲ့သည် “ အရင်ဌာနမှူးရဲ့ ကိစ္စက ပြီးသွားတာ ကြာနေပြီ။ မင်းသိတာက အဆင်ပြေတယ်၊ ဒါပင်မဲ့ တစ်ခြားလူတွေကို ထပ်ပြီးတော့ ပြောပြမနေနဲ့ “

“ ဟုတ်ကဲ့ပါ “ ချင်ဖုန်းမှ အမြန်ပြန်ဖြေလိုက်သည်။

ဆံပင်ဖြူအဘိုးအိုသည် ရှုကျိုးကို ထပ်ကြည့်၍ ပြတ်ပြတ်သားသား ပြောလာခဲ့သည် “ ဒီနေရာက အစစ်အမှန် သိုင်းပညာဌာနရဲ့ တားမြစ်နယ်မြေပဲ။ နောင်မှာ ဒီနားလာတာက ရှောင်ထား၊ အဲ့လိုမှမဟုတ်ဘူးဆိုရင် ဒီအဘိုးကြီးက ရက်စက်တဲ့အတွက် အပြစ်မတင်နဲ့ “

ရှုကျိုးသည် ကျောရိုးပင် အေးစိမ့်သွားခဲ့ကာ အလောတကြီး ပြန်ဖြေလိုက်သည် “ ဟုတ်ကဲ့ “

“ သွားကြစို့ “ ချင်ဖုန်းသည် သူ့ကို ဆွဲခေါ်ကာ ဤနေရာမှ အမြန်ထွက်သွားတော့သည်။

အတော်ဝေးဝေးသို့ ရောက်လာသောအခါတွင် ရှုကျိုးသည် မအောင့်ထားနိုင်တော့ဘဲ မေးမြန်းလိုက်သည် “ စီနီယာအစ်ကို၊ အဲ့နေရာက ဘာလို့ တားမြစ်နယ်မြေ ဖြစ်နေရတာလဲ? “

“ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနရဲ့ အရင်ဌာနမှူးနဲ့ဆိုင်တယ် “ဟုချင်ဖုန်းမှ ပြောလာခဲ့သည်။

“ ငါက အများကြီး ပြောပြလို့မရဘူး၊ ဒါပင်မဲ့ ဌာနရဲ့ ကျရှုံးမှုက အရင်ဌာနမှူးနဲ့ ဆိုင်နေတယ်ဆိုတာကိုတော့ ငါပြောနိုင်တယ် “

ရှုကျိုးသည် အနည်းငယ် မှင်သက်သွားခဲ့သည်၊ သူသည် ထိုကိစ္စနှင့်သက်ဆိုင်သည့် မည်သည့်အကြောင်းကိုမှ မသိပေ။

“ အဲ့တာက တော်တော်လေးကို ကြောက်ဖို့ကောင်းတဲ့ ဟာတွေ ပါဝင်ပတ်သက်နေတဲ့ အစစ်အမှန် သိုင်းပညာဌာနရဲ့ အနက်နဲဆုံး လျှို့ဝှက်ချက်တွေထဲက တစ်ခုပဲ။ အခုလက်ရှိအချိန်မှာ မင်းက တော်တော်လေးကို အားနည်းနေသေးတယ်၊ ဒီကိစ္စတွေထဲ ဝင်မပါတာ အကောင်းဆုံးပဲ “ဟုချင်ဖုန်းမှ ပြောလာခဲ့သည်။

ရှုကျိုးသည် မည်သို့မျှ ပြန်လည် မချေပလိုက်ပေ၊ ငါက တော်တော်လေးကို အားနည်းနေသေးတာကြောင့်လား?

သူသည် ပထမအဆင့်တွင်သာ ရှိနေသေးသောကြောင့် အမှန်တကယ် အားနည်းနေသေးသည်။

သို့သော် ရှုကျိုးသည် သူက အချိန်တိုအတွင်းတွင် အစွမ်းထက် ပညာရှင်တစ်ဦးအဖြစ် လျင်မြန်စွာ ကြီးပျင်းလာလိမ့်မည်ဟု ယုံကြည်နေလျက်ရှိသည်။

ချင်ဖုန်းကဲ့သို့ပင် ဒုတိယအဆင့်သို့ ရောက်ခဲ့ပြီးသည့်နောက်တွင် သူသည်လည်း လျှို့ဝှက်ချက်တော်တော်များများကို သိလာရလိမ့်မည် ဖြစ်သည်။

…

နောက်တစ်နေ့တွင် ရှုကျိုးသည် မည်သည့်နေရာကိုမှ မသွားဘဲ စံအိမ်ထဲတွင်သာ လုံ့လစိုက်၍ လေ့ကျင့်နေခဲ့သည်။

ယခု၌ သူသည် သွေးကြောမှတ် အခု၃၀ ရှာတွေ့ထားခဲ့ပြီးပြီဖြစ်သော်လည်း ၆ခုကိုသာလျှင် အသက်သွင်းရသေးသည်။

ရှုကျိုး၏ နောက်ရည်မှန်းချက်တစ်ခုသည် ခွန်ပန်ကျင့်ကြံရေး နည်းစနစ်ကို အသုံးပြုကာ ကျန်ရှိနေသော သွေးကြောမှတ် ၂၄ခုကို အသက်သွင်းခြင်းပင် ဖြစ်သည်။

…

“ ထူးဆန်းတယ် “ အိမ်တွင် ထိုင်နေရင်းဖြင့် တစ်ခဏခန့် လေ့ကျင့်ခဲ့ပြီးသည့်နောက်တွင် ရှုကျိုးသည် ထူးဆန်းသော အရာတစ်ခုကို ရှာတွေ့သွားခဲ့သည် “ ငါ့ရဲ့ကျင့်ကြံရေး အမြန်နှုန်းက တိုးတက်လာသလိုပဲ “

သူသည် သွေးကြောမှတ်များကို ဖွင့်လှစ်နေသည့် သူ၏ကျင့်ကြံရေး အမြန်နှုန်းက ယခင်ကထပ် များစွာမြန်ဆန်လာသည်ကို သတိပြုမိသွားခဲ့သည်။

ယခင်က သူသည် အက်ကြောင်းတစ်ခု ရရှိရန်အတွက် တစ်နာရီမျှ လေ့ကျင့်နေခဲ့ရသည်။

သို့သော် ယခု၌ နာရီဝက်အတွင်းမှာပင် ထိုကဲ့သို့ ပြုလုပ်နေနိုင်ပြီ ဖြစ်သည်။

၎င်းမှာ အာရုံခံစားမှု ပြောင်းလဲမှုတစ်ခုသာလျှင် ဖြစ်သည်။

“ ဘာလို့ ဒီလိုဖြစ်လာရတာလဲဟ? “ ရှုကျိုးမှ တွေးတော စဥ်းစားနေတော့သည်။

သူသည် လွန်ခဲ့သော တစ်လကတည်းက ခွန်ပန်နည်းစနစ်ကို လေ့ကျင့်ခဲ့ခြင်းဖြစ်ပြီး ယခုတွင်လည်း ၎င်းကိုသာ ဆက်လက်၍ လေ့ကျင့်နေခြင်းဖြစ်သည်၊ မြန်နှုန်းက ဘာလို့ ပြောင်းလဲသွားရတာလဲဟ?

“ သွေးကြောမှတ် အခု၃၀က ပြီးပြည့်စုံတဲ့ စနစ်တစ်ခုအဖြစ် ဖွဲ့စည်းနေလို့များလား? “ ရှုကျိုးမှ မှန်းဆဆင်ခြင်နေတော့သည် “ အဲ့တာကြောင့် ကျင့်ကြံရေး အမြန်နှုန်းက ပိုမြန်လာတာလား? “

အဲ့တာဆိုရင် ငါ့ရဲ့ သွေးကြောမှတ် အခု၃၀က ပြီးပြည့်စုံတဲ့ စနစ်တစ်ခုအဖြစ် တကယ် ဖြစ်နေခဲ့တာလား?

အကယ်၍ ၎င်းကသာမှန်ကန်နေမည်ဆိုပါက ရှုကျိုးသည် ပို၍ စိတ်ရှုပ်ထွေးသွားရမည် ဖြစ်သည်။

အဘယ့်ကြောင့်ဆိုသော် သွေးကြောမှတ် ၁၂၀ကို ဖွင့်လှစ်နိုင်မှသာလျှင် ပြီးပြည့်စုံသော စနစ်တစ်ခုကို ဖန်တီးနိုင်လိမ့်မည်ဟု လျူချင်းယွမ်မှ ပြောထားခဲ့သောကြောင့် ဖြစ်သည်။

ငါက ဘာလို့ ချွင်းချက်တစ်ခု ဖြစ်နေရတာလဲဟ?

“ ငါ့ရဲ့ သားရဲစွမ်းရည်ကြောင့်များလား? “

ရှုကျိုးမှ ချင့်ချိန်စဥ်းစားနေတော့သည် “ ဒါမှမဟုတ် ချီသွေးစွမ်းအား ပေါက်ကွဲတာက ချီ-သွေးစွမ်းအား စုပ်ယူတာထပ် ပိုပြီးတော့ အကျိုးသက်ရောက်မှု ရှိနေတာများလား? “

ယခင်က သူသည် ကိုယ်ပွားထံမှ ပြန်ရောက်လာသည့် ချီ-သွေးစွမ်းအင်များကို ပေါက်ကွဲစေကာ သူ၏ခန္ဓာကိုယ် အကန့်အသတ်အထိ တွန်းပို့ခဲ့သည်၊ အဆိုပါ နည်းလမ်းသည် အလွန်ကြမ်းတမ်းလှပြီး၊ ဆဲလ်တစ်ခုကိုပင် မသက်ညှာခဲ့ပေ။

( ခန္ဓာကိုယ်ထဲမှာ ရှိတဲ့ ဆဲလ်တွေ သွေးကြော ကိုယ်တွင်း အဂ်ါအကုန်လုံးကို ပြန့်ကားအောင် လုပ်တာကို ပြောတာပါ )

အစစ်အမှန် သိုင်းပညာဌာန၏ ချီ-သွေး ဖြည့်သွင်းခြင်း နည်းလမ်းမှာလည်း ကြမ်းတမ်းလွန်းနေခဲ့သည်၊ သို့သော် ၎င်းသည် ပြင်ပချီ-သွေးစွမ်းအင်များကို အသုံးပြုခြင်းဖြစ်ပြီး၊ ၎င်းသည် ခန္ဓာကိုယ်အတွင်းသို့ ရောက်ရှိပြီး မကြာခင်အချိန်မှာပင် ပျောက်ကွယ်သွားခဲ့ခြင်း ဖြစ်သည်။

နှိုင်းယှဥ်လိုက်မည်ဆိုပါက ၎င်း၏ အကျိုးသက်ရောက်မှု၏ ယခင်တစ်ခုလောက် ကောင်းမွန်မနေခဲ့ပေ။

“ ငါက အစောကြီး ကောက်ချက်ချနေလို့ မရဘူး “

ရှုကျိုးမှ စဥ်းစားခန်းဖွင့်နေတော့သည် “ တကယ်လို့ သွေးကြောမှတ် အခု၃၀လုံးက ပြီးပြည့်စုံတဲ့ စနစ်တစ်ခုအဖြစ် ဖွဲ့စည်းနေမယ်ဆိုရင်တောင်မှ ငါက အတည်ပြုလို့ မရသေးဘူး “

“ အဲ့တာတွေကို လုံးဝအသက်သွင်းပြီးမှ ထင်ထင်ရှားရှား သိလာရမှာ “

ထိုအချိန်၌ ရှုကျိုး၏မျက်နှာပေါ်တွင် မျှော်လင့်မှု အရိပ်အငွေ့များ ထင်ဟပ်ဖြစ်တည်လာခဲ့သည်။

အကယ်၍ သူ၏ခန့်မှန်းချက်သာ မှန်ကန်နေမည်ဆိုပါက အဆိုပါ သွေးကြောမှတ် အခု၃၀လုံးကို အပြည့်အဝ အသက်သွင်းနိုင်သည်နှင့်တစ်ပြိုင်နက် ၎င်းသည် အားလုံး၏ အတွေးစိတ်ကူးများကို ပြောင်းပြန်လှန်သွားမည် ဖြစ်သည်။

All Chapters