← Chapters

ဖုံးကွယ်ခြင်း၏ တစ်ခြားတစ်ဘက် ၃

Vol. 10 Ch. 147

ဖုံးကွယ်ခြင်း၏ တစ်ခြားတစ်ဘက် ၃

Vol. 10 Ch. 147

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် လူတိုင်း အံ့ဩမှင်သက်သွားကြသည်။

လျူတုန်ဖင်းမှ မျက်မှောင်ကြုတ်၍ မေးလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ အတည်ပြောနေတာလား? “

“ အသက်ပြန်ရှင်လာဖို့ ဆိုတာက မဖြစ်နိုင်ဘူးနော်၊ အဆင့်မြင့် လူသားပညာရှင်တစ်ယောက်က ကျုပ်တို့ရဲ့ ရန်သူ ဖြစ်လာဖို့ဆိုတာက ……. ဒါကြီး တော်တော်ကြီး ယုတ္တိမရှိဘူး “

“ ယုံယုံ၊ မယုံယုံ၊ မင်းသဘောပဲ “

ဝုချင်းရှန်သည် လေးနက်နေသော အသံဖြင့် ပြောလာခဲ့သည် “ အဲ့ဒီအချိန်တုန်းက လူတွေ အများကြီးရှိတယ်၊ ငါတစ်ယောက်တည်း မဟုတ်ဘူး၊ နဝမအဆင့် ပညာရှင်တွေကတောင် အံ့ဩသွားကြတယ်၊ ပြီးတော့ တစ်စုံတစ်ယောက်ကလည်း တုန်လှုပ်ဖို့ကောင်းတဲ့ မှန်းဆချက်တစ်ခုကို ထုတ်ပြောလာခဲ့တယ် “

“ ဘာ မှန်းဆချက်လဲ? “

ဝုချင်းရှန်မှ အလေးအနက်ထား၍ ပြောလာခဲ့သည် “ ကျင့်ကြံရေးအတွက် ငါတို့ အသုံးပြုနေတဲ့ သားရဲအူတိုင်တွေက ပြဿနာ ဖြစ်နေတာပဲ “

“ လူအများစုက အဲ့တာကို အရင်တည်းက စဥ်းစားနေခဲ့တာကြတာ၊ တစ်ခြား မျိုးနွယ်စုတွေ အကုန်လုံးက သားရဲအူတိုင်ကို ထုတ်လုပ်နိုင်ကြပြီး၊ လူသားတွေကရော ဘာလို့ မထုတ်လုပ်နိုင်ရတာလဲ? လူသားတွေက ပထမအဆင့် ကျင့်ကြံရေးလမ်းကြောင်းတစ်ခုလုံးမှာ သားရဲအူတိုင်တွေကို ဘာလို့ သုံးနေရတာလဲ? တစ်ခြားမျိုးစိတ်တွေဆီမှာရော ဘာလို့ အဲ့လိုကန့်သတ်ချက်မျိုး မရှိရတာလဲ? “

“ ငါတို့ရဲ့ အဆင့်မြင့် ပညာရှင်တွေက ရန်သူတွေထပ် ဘာလို့ အများကြီး အားနည်းနေရတာလဲ? “

“ တကယ်တော့ လွန်ခဲ့တဲ့ နှစ်ပေါင်း ၃၀၀ကျော်က ဗီဇပြောင်းခဲ့ပြီးကတည်းက ရန်သူတွေက သူတို့ရဲ့ အစီအစဥ်တွေကို တိတ်တဆိတ် ချထားတာ ဖြစ်နိုင်တယ်၊ သားရဲအူတိုင်ဖြစ်ဖြစ် တစ်ခြား တစ်ခုခုပဲ ဖြစ်ဖြစ်၊ တစ်ခုခု မှားနေတာကတော့ သေချာတယ် “

ဝုချင်းရှန်သည် အံ့ကိုကြိတ်၍ ပြောလာခဲ့သည် “ ဒီတွေ့ရှိချက် အသစ်ကြောင့် လူသားတွေရဲ့ ကျင့်ကြံရေးအတွက် သားရဲအူတိုင်တွေ အသုံးပြုတာက အားကောင်းတဲ့ စစ်သည်တော်တွေကို ရန်သူ့အတွက် အလကား လေ့ကျင့်ပေးနေသလို ဖြစ်နေနိုင်တယ် “

ထိုစကားလုံးများ ထွက်ပေါ်လာသည်နှင့်တစ်ပြိုင်နက် အားလုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

သားရဲထိန်းချုပ်ဌာန၏ ဌာနမှူး ကျိုးရှုယွင်သည် သိသိသာသာ တုန်ရင်သွားပြီး၊ အံ့ဩတကြီး ပြောဆိုလာခဲ့သည် “ ရန်သူက သားရဲအူတိုင်တွေနဲ့ ဆွဲဆောင်ပြီးတော့၊ အဲ့တာတွေကို အသုံးပြုပြီး ကျင့်ကြံခဲ့တဲ့လူတွေကို သူတို့ရဲ့ ရုပ်သေးရုပ် ဖြစ်လာအောင် လုပ်တယ်လို့ ပြောနေတာလား? “

“ မဖြစ်နိုင်ဘူး “

လျူတုန်ဖင်းသည် ရုတ်တရက် စကားဝင်ပြောလာခဲ့သည် “ သားရဲမျိုးနွယ်စုတွေ အများကြီး ရှိနေတဲ့ဟာကို သားရဲအူတိုင်တိုင်းက ပြဿနာ ဖြစ်နေပါ့မလား? “

ဝုချင်းရှန်သည် အေးလူလူ ပြောလာခဲ့သည် “ လူသားစွမ်းရည်တွေဆီမှာ ကြီးမားတဲ့ ဧရိယာတစ်ဝိုက်ကို သက်ရောက်စေတဲ့ လုပ်နိုင်စွမ်းရှိတယ် “

“ ရန်သူ့ဆီမှာရော ဘာလို့ အဲ့ဒီစွမ်းရည် မရှိရတာလဲ? “

“ ပြီးတော့ သားရဲအူတိုင်တွေကပဲ ပြဿနာ ဖြစ်နေတာ မဟုတ်ဘူး၊ ပထမအဆင့်ကို ရောက်လာခဲ့ပြီးနောက်မှာ တစ်ခြားအရာတွေလည်း လိုအပ်နေသေးတယ်။ တကယ်လို့ အဲ့တာတွေ အားလုံးကသာ ပြဿနာ ဖြစ်နေမယ်ဆိုရင် ငါတို့ကတော့ မြွေကိုက်ပြီ “

အားလုံး၏ အမူအရာများ ပြောင်းလဲသွားခဲ့သည်။

အကယ်၍ ၎င်းကသာ မှန်ကန်နေမည်ဆိုပါက ကြီးမားသော အပြောင်းအလဲတစ်ခု ဖြစ်ပေါ်လာတော့မည် ဖြစ်သည်။

အဆင့်မြင့် လူသား ပညာရှင်များသည် သေဆုံးသွားကြပြီးသည့်နောက်တွင် ရန်သူ၏ ရုပ်သေးရုပ်များ ဖြစ်လာနိုင်ပေသည်။

ထို့အပြင် အသက်ရှင်နေသည့်လူများကိုပါ ရန်သူ့ဘက်က မထိန်းချုပ်နိုင်ဘူးဟု မည်သူက အာမခံနိုင်မည်နည်း?

ထိုကဲ့သို့သာ ဖြစ်နေမည်ဆိုပါက မည်သည့် အဆင့်မြင့် လူသား ပညာရှင်များက စစ်မြေပြင်သို့ သွားရဲကြတော့မည်နည်း?

အားလုံး၏ ခြေဖျားလက်ဖျားများ အေးစိမ့်သွားခဲ့သည်။

“ စိတ်မပူကြနဲ့၊ ကိစ္စတွေက အဲ့လောက်အထိ မဆိုးလာသေးဘူး “ ဝုချင်းရှန်မှ ထပ်ဖြည့်ပြောလာခဲ့သည် “ အဲ့တာက ထင်ကြေးပေး ခန့်မှန်းချက်ပဲ ရှိသေးတယ်၊ အတည်မပြုရသေးဘူး “

“ အဲ့ဒီလူသားပညာရှင်က သေဆုံးမှုအတု လုပ်ပြီးတော့ လူသားမျိုးနွယ်စုကို သစ္စာဖောက်သွားတာလည်း ဖြစ်နိုင်တယ် “

“ ရန်သူက ငါတို့ကို စိတ်ရှုပ်ထွေးသွားအောင် လုပ်တယ်ဆိုတဲ့ ဖြစ်နိုင်ခြေကိုလည်း မေ့လျော့ထားလို့မရဘူး “

“ ဒါပင်မဲ့ တကယ်လို့ သားရဲအူတိုင်တွေကသာ ပြဿနာ ဖြစ်နေမယ်ဆိုရင်၊ အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းကို ပြန်စဥ်းစားဖို့ လိုလာပြီ “

အားလုံး သိကြသည့်အတိုင်းပင် အစစ်အမှန် သိုင်းပညာဌာနမှ ပထမအဆင့် ပညာရှင်တို့၏ လမ်းကြောင်းသည် သားရဲအူတိုင်များကို မလိုအပ်ပေ။

၎င်းမှာ အစစ်အမှန် သိုင်းပညာဌာနနှင့် နတ်သိုင်းဌာနတို့ကို ကွဲပြားသွားစေသည့် အချက်တစ်ချက် ဖြစ်သည်။

ကျင့်ကြံရေး၏ နောက်ဆက်တွဲ လမ်းကြောင်းများကမူ ပို၍ပင် ကွဲပြားနေခဲ့သည်။

သို့သော် အဆိုပါ ကွဲပြားချက်တစ်ခုလေးကပင် လက်ရှိ အကြပ်အတည်းကို ဖြေရှင်းနိုင်မည့် သော့ချက်တစ်ခု ဖြစ်သွားနိုင်သေးသည်။

ဘေးတစ်ဖက်ရှိ လျူတုန်ဖင်းမှ ရုတ်တရက် စကားပြောလာခဲ့သည် “ ကျောင်းအုပ်ကြီး၊ အရင်တုန်းကလိုမျိုး အစစ်အမှန် သိုင်းပညာဌာနဆီကို ကျင့်ကြံရေး အရင်းအမြစ် ပမာဏအများကြီးကို လွှဲပြောင်းပေးမလို့လား? “

“ အဲ့တုန်းက ဖြစ်ခဲ့တဲ့ ဖြစ်ရပ်ရဲ့ အကျိုးသက်ရောက်မှုကို မေ့သွားတာလား? “

ဝုချင်းရှန်သည် မည်သည့်စကားမှ ပြန်မပြောလာခဲ့ပေ။

ဟိုအရင်တစ်ချိန်ကဖြစ်ခဲ့သည့် ကိစ္စ၏ အကျိုးသက်ရောက်မှုသည် အမှန်ပင် သိသာထင်ရှားနေခဲ့သည်။

အစစ်အမှန် သိုင်းပညာဌာန၊ နယ်ပယ်တူတွင် ပြိုင်ဘက်ကင်းပြီး၊ ခေတ်ရေစီးကြောင်းအဖြစ် သတ်မှတ်ကာ တစ်နိုင်ငံလုံးတွင် ၎င်းကို အပြည့်အဝ အသက်သွင်းရန် အဆင်သင့် ဖြစ်နေခဲ့သည်။

သို့သော် အဆိုပါ အပြောင်းအလဲကြောင့်ပင် အစစ်အမှန် သိုင်းပညာဌာန၏ အဆင့်အတန်း ကျဆင်းသွားခဲ့ပြီး အထောက်အပံ့များ ဆုံးရှုံးသွားခဲ့ကာ နတ်သိုင်းဌာန၏ ဖိနှိပ်ခြင်းကိုပင် ခံနေခဲ့ရသည်။

လျူတုန်ဖင်းမှ ဆက်ပြောလာခဲ့သည် “ အဲ့ဒီဖြစ်ရပ်ကို ဘေးဖယ်ထားလိုက်မယ်ဆိုရင်တောင်မှ၊ အခုဆိုရင် အစစ်အမှန် သိုင်းပညာဌာနက ကျဆုံးနေခဲ့ပြီ၊ အဆင့်မြင့် ပညာရှင်တွေကိုတောင် ထုတ်လုပ် မပေးနိုင်တော့ဘူး “

“ အစစ်အမှန် သိုင်းပညာဌာနကို ထောက်ပံ့ပေးလိုက်တာက အရင်းအမြစ်တွေကို ဖြုန်းတီးတာပဲ “

ရှန့်ဝမ်ချန်းသည် အေးဆေးတည်းငြိမ်နေသော အသံမျိုးဖြင့် ပြောလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနက မျိုးဆက်တစ်ခုတည်းရဲ့ ရလဒ် မဟုတ်ဘူး၊ မျိုးဆက်ပေါင်းများစွာရဲ့ ကြိုးစားအားထုတ်မှုကို လိုအပ်တယ် “

“ အခုတော့ ငါက အစစ်အမှန် သိုင်းပညာဌာနရဲ့ လမ်းကြောင်းကို ပိုပြီးတော့ ရှင်းရှင်းလင်းလင်း နားလည်လာပြီ “

“ တကယ်လို့ ပထမအဆင့်က လူတွေက သွေးကြောမှတ် လည်ပတ်မှုကို လေ့ကျင့်နိုင်မယ်ဆိုရင်၊ သူတို့က နောင်အနာဂတ်မှာ မြင့်မားတဲ့ အဆင့်တွေကို ရောက်သွားနိုင်တယ် “

အားလုံး၏ အမူအရာများ အနည်းငယ် တင်းကြပ်သွားခဲ့သည်။

သွေးကြောမှတ် လည်ပတ်ခြင်း အစစ်အမှန် သိုင်းပညာဌာနမှ အဆိုပြုထားသော အယူအဆတစ်ခု ဖြစ်သည်။

သို့သော် ယခုလက်ရှိ အချိန်အထိ ၎င်းကို မည်သူကမှ အောင်မြင်အောင် မလုပ်ဆောင်နိုင်ခဲ့သေးပေ။

လျူတုန်ဖင်းမှ အေးစက်စွာ လှောင်ပြောင်လာခဲ့သည် “ သွေးကြောမှတ် လည်ပတ်မှုက ဒဏ္ဍာရီဆန်သလောက် အောင်မြင်ဖို့ တော်တော်ကြီးကို ခက်တယ် “

“ အစစ်အမှန် သိုင်းပညာဌာနက စခဲ့တဲ့ အချိန်တုန်းက အဲ့တာက မဖြစ်နိုင်ဘူးလို့ လူတော်တော်များများက ပြောခဲ့တယ်လေ၊ အခုတော့ ဒီအထိ ရောက်လာပြီလေ “ ဟုရှန့်ဝမ်ချန်းမှ အေးအေးလူလူ ပြန်ပြောလာခဲ့သည်။

လျူတုန်ဖင်းမှ ပြန်လည်ချေပ ပြောဆိုလာခဲ့သည် “ အစစ်အမှန် သိုင်းပညာဌာနရဲ့ အခြေအနေကို မင်းမသိဘူးလား? မင်းရဲ့ နည်းလမ်းတွေကြောင့် ကျောင်းသူကျောင်းသား အကုန်လုံးက ထွက်ပြေးလုနီးပါး ဖြစ်နေပြီ “

ရှ့န်ဝမ်ချန်း၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည်၊ သို့သော် သူသည် မည်သို့မျှ ပြန်လည်ချေပ မပြောဆိုလာခဲ့ပေ။

လျူတုန်ဖင်း ပြောခဲ့သည့်အတိုင်းပင် အစစ်အမှန် သိုင်းပညာဌာန၏ ကျောင်းသားကျောင်းသူများသည် အမှန်ပင် တောင့်မခံနိုင်ကြတော့ပေ။

နတ်သိုင်းဌာန၏ ဖိနှိပ်မှုကြောင့်သာလျှင် မဟုတ်ဘဲ အစစ်အမှန် သိုင်းပညာဌာန၏ ကျင့်ကြံရေး နည်းစနစ်များကြောင့်ပါ တောင့်ခံရန် ခဲယဥ်းနေကြခြင်း ဖြစ်သည်။

စိတ်ပိုင်းဖြတ်ထားသည့် လူများကသာလျှင် ထိုကဲ့သို့သော ခက်ခဲမှုမျိုးကို တောင့်ခံနိုင်ခဲ့ကြသည်။

ဝုချင်းရှန်သည် လေသံတိုးတိုးလေးဖြင့် ပြောလာခဲ့သည် “ ဘယ်လိုပဲဖြစ်ဖြစ်ပါ၊ ငါတို့က အစစ်အမှန် သိုင်းပညာဌာနကို အချိန်ပိုပေးသင့်တယ်။ ဒီနှစ် လူသစ်စာမေးပွဲမှာ ပထမရတဲ့လူက အစစ်အမှန် သိုင်းပညာဌာနနဲ့ ပူးပေါင်းထားတယ်မလား? သူက ဘယ်လိုစွမ်းဆောင်ပြမလဲဆိုတာကို ကြည့်လိုက်ကြတာပေါ့ “

ဤတစ်ကြိမ်၌ လျူတုန်ဖင်းသည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ လူသစ်ဘုရင်လား?

မကြာခင်မှာပဲ သေခြင်းရှင်ခြင်း တိုက်ပွဲက စတော့မှာ။

သူ အသက်ရှင်ပါ့မလားဆိုတာက ပြောဖို့ခက်တယ်။

ပြီးတော့ အဲ့ဒီရှုကျိုးက လျူချင်းယွမ်ရဲ့ အာရုံကို ဖမ်းစားသွားတယ်လို့ ငါကြားခဲ့ရတယ်။

ရှုကျိုး သေသွားတာနဲ့ အဲ့တာက အစစ်အမှန် သိုင်းပညာဌာနကို ပြင်းပြင်းထန်ထန် ထိုးနှက်သွားလိုက်နိုင်တယ်၊ အဲ့တာဆိုရင် အစစ်အမှန် သိုင်းပညာဌာနကို အလဲထိုးလို့ရပြီ။

ကြည့်ရတာတော့ အစစ်အမှန် သိုင်းပညာဌာနက ကျဆုံးဖို့အတွက် ကံပါလာတဲ့ပုံပဲ။

ရှန့်ဝမ်ချန်းကမူ တစ်ဖက်လူ၏ အတွေးများကို မသိပေ၊ သို့သော် သူသည်လည်း အဆိုပါ တိုက်ပွဲအကြောင်းကို ချင့်ချိန်တွေးတောနေခဲ့သည်။

“ ကျောင်းစတက်တဲ့ အချိန်မှာပဲ သေခြင်းရှင်ခြင်း တိုက်ပွဲကို တိုက်တယ် “ ရှန့်ဝမ်ချန်း၏ မျက်လုံးများ အနည်းငယ် ကျဥ်းမြောင်းသွားခဲ့သည် “ ဒီကလေးက နည်းနည်းတော့ မဆင်မခြင် လုပ်တာပဲ “

မေ့လိုက်တာပေါ့၊ သူ့ကို တားဖို့က နောက်ကျနေပြီ၊ စောင့်ကြည့်တာပေါ့ကွာ။

All Chapters