သွေးကြောမှတ် အခု၃၀ကို ပေါင်းစည်းခြင်း ၃
Vol. 10 Ch. 150
လျူယောင်တုန်မှ ပြောလာခဲ့သည် “ ရှုကျိုး၊ သေခြင်းရှင်ခြင်းတိုက်ပွဲမှာ ဂရုစိုက်။ လျူမိသားစုက ထုတ်လာမဲ့ ပထမအဆင့် အထွတ်အထိပ် ပညာရှင်က ကိုင်တွယ်ဖို့ မလွယ်ဘူး “
ရှုကျိုးသည် တအံ့တဩဖြင့် ပြောလာခဲ့သည် “ မင်းက ငါ့ကို မရှုံးစေချင်တာလား? “
“ ဒါပေါ့ ငါက မင်းကို မရှုံးစေချင်ဘူး “ လျူယောင်တုန်မှ အမှန်တိုင်းပြောလာခဲ့သည်။
ရှုကျိုး၏ မျက်ခုံးများ မြင့်တက်သွားခဲ့သည် “ မင်းက လျူမိသားစုက မဟုတ်ဘူးလား? “
“ လျှောက်မပြောနဲ့ “ လျူယောင်တုန်မှ ဒေါသတကြီး ပြောလာခဲ့သည် “ ငါက လျူမိသားစုက ဖြစ်နေတာကြောင့်နဲ့၊ တစ်ခြားတိုက်ရိုက်မျိုးဆက် အဖွဲ့ဝင်တစ်ယောက်က မင်းကို စက္ကန့်ပိုင်းအတွင်းမှာ အနိုင်ယူသွားတာကို မမြင်ချင်ဘူး။ အဲ့လိုမှ မဟုတ်ဘူးဆိုရင် ငါက အသုံးမကျသလို ဖြစ်သွားမှာ မဟုတ်ဘူးလား? “
ရှုကျိုး ရုတ်တရက် နားလည်သွားတော့သည်။
ထို့နောက်တွင် သူဆွံ့အသွားခဲ့သည်။
ဒီကောင်က ထူးဆန်းတယ်လို့ မှတ်နေတာ၊ လက်စသတ်တော့ ဒီဟာကြောင့်ကိုး။
“ ငါက ဘယ်သူနဲ့ တိုက်ရမလဲဆိုတာကို မင်းသိလား? “ ရှုကျိုးမှ ပေါ့ပေါ့ပါးပါး မေးလိုက်သည်။
လျူယောင်တုန်မှ ပြန်ပြောလာခဲ့သည် “ လျူမိသားစုမှာ ရှိတဲ့ လူတော်တော်များများက မင်းကို တိုက်ချင်နေတာ။ ဒါပင်မဲ့ ဒီတာဝန်ကို အရင်ဦးဆုံး ယူလိုက်တဲ့လူက ဒုတိယနှစ်က လျူဟောင်ချန်ပဲ “
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ လူတော်တော်များများက ငါ့ကို တိုက်ချင်နေတာလား?
လျူမိသားစုက ငါ့ကို ဘယ်သူမဆို အနိုင်ယူလို့ရတဲ့ ကလေးတစ်ယောက်အဖြစ် သတ်မှတ်ထားတာလားဟ?
“ ဒါက သေခြင်းရှင်ခြင်းတိုက်ပွဲဆိုတာကို သူတို့က မသိကြဘူးလား? “
“ သိတာပေါ့ “ လျူယောင်တုန်မှ ခေါင်းခါပြလာခဲ့သည် “ အဲ့ကောင်တွေက မကြောက်ကြဘူး၊ သူတို့အားလုံးကတော့ သူတို့က မင်းကို စက္ကန့်ပိုင်းအတွင်းမှာပဲ သတ်နိုင်မယ်လို့ ထင်နေကြတယ် “
ရှုကျိုး၏ မျက်လုံးများ အနည်းငယ် အေးစက်သွားခဲ့သည်။
ယခင်က သေခြင်းရှင်ခြင်းတိုက်ပွဲအကြောင်းကို သတင်းလွှင့်ခဲ့ရသည့် အကြောင်းအရင်ကား သူ့အား လျူမိသားစုထဲရှိ လူမည်မျှက သတ်ချင်နေလဲဆိုသည်ကို မြင်တွေ့ချင်သောကြောင့် ဖြစ်သည်။
သူနှင့် လျူမိသားစုကြားထဲရှိ ရန်ငြှိုးကား မျိုးဆက်ခွဲ အဖွဲ့ဝင်ဖြစ်သည့် လျူဟီကို သတ်လိုက်ခြင်းသာလျှင် ဖြစ်သည်။
မိသားစုကြီးများ၏ တိုက်ရိုက်မျိုးဆက်များသည် မျိုးဆက်ခွဲ အဖွဲ့ဝင်များကို အမြဲလိုလို အထင်သေးတတ်လေ့ရှိသည်။
လျူမိသားစုထဲရှိ လူအများစုသည် ထိုကိစ္စအတွက်ကြောင့် သူနှင့် အချိန်ကာလကြာရှည်စွာ ရန်ငြှိုးဖွဲ့နေကြလိမ့်မည် မဟုတ်ပေ။
သာမန်လူများသာဆိုပါက သေခြင်းရှင်ခြင်းတိုက်ပွဲအကြောင်းကို ကြားသိခဲ့ရပြီးသည့်နောက်တွင် နောက်ဆုတ်သွားကြမည်သာ ဖြစ်သည်။
လျူမိသားစုဝင် တော်တော်များများက ငါ့နဲ့ ဘာလို့ တိုက်ချင်နေရတာလဲဟ?
မကြာခင်မှာပင် ရှုကျိုးသည် အကြောင်းအရင်းကို ရှာတွေ့သွားခဲ့သည်။
“ နတ်သိုင်းဌာနက ဆုကြေးထုတ်ထားတဲ့ အကျိုးပြုမှတ် ၃၀ကြောင့်လား? “
သူ အစစ်အမှန် သိုင်းပညာဌာနထဲသို့ ဝင်သွားခဲ့သည့်နောက်တွင် နတ်သိုင်းဌာနသည် သူ့အား အနိုင်ယူတိုက်ခိုက်နိုင်မည်ဆိုပါက အကျိုးပြုအမှတ် ၃၀ပေးမည်ဆိုသည့် တာဝန်တစ်ခုကို ထုတ်ပြန်ကြေညာခဲ့သည်။
လျူမိသားစုက လူတွေက အဲ့ဒီ အကျိုးပြုမှတ် ၃၀အတွက် လုပ်ချင်နေတဲ့ပုံပဲ။
“ အကျိုးပြုမှတ် ၃၀ ……. “ ရှုကျိုးသည် စိတ်နှလုံးသားသည် အနည်းငယ် အေးစိမ့်သွားခဲ့သည်။
အကျိုးပြုအမှတ် ၃၀ကြောင့် လျူမိသားစုက လူတော်တော်များများက ငါ့ကို သတ်ချင်နေကြတယ်ပေါ့။
ရှုကျိုးသည် လျူယောင်တုန်ကို ကြည့်ကာ အလေးအနက်ထား၍ မေးလိုက်သည် “ အဲ့ဒီလျူဟောင်ချန်ရဲ့ စွမ်းအားက ဘယ်လိုနေလဲ? “
လျူယောင်တုန်မှ အေးအေးလူလူ ပြောလာခဲ့သည် “ သူက သွေးကြောမှတ် ၁၀၅ခုလောက် ဖွင့်ထားလောက်တယ်၊ ပြီးတော့ ဒုတိယအဆင့်ကို အချိန်မရွေး တက်သွားနိုင်တယ် “
“ သွေးကြောမှတ် ၁၀၅ခုလား? “ ရှုကျိုး အနည်းငယ် အံ့ဩသွားခဲ့သည်။
Sအဆင့် စွမ်းရည်ပိုင်ရှင်များသည် ပထမအဆင့်တွင် သွေးကြောမှတ် အခု၁၀၀ကျော် ဖွင့်နိုင်လေသည်။
သို့သော် Sအဆင့် စွမ်းရည်မှာပင် အားကြီးသူနှင့် အားနည်းသူဟူ၍ ရှိနေခဲ့ပြီး၊ အားကြီးသူများသည် သွေးကြောမှတ် ၁၂၀အထိ ဖွင့်နိုင်ကြသည်။
အားနည်းသူများကမူ ၁၀၀ကျော်ရုံမျှသာ ဖွင့်နိုင်ကြသည်။
လျူယောင်တုန်၏ ပြောစကားများအရ အဆိုပါ လျူဟောင်ချန်သည် အားနည်းသူအုပ်စုဝင်တစ်ဦး ဖြစ်သည်။
“ ပေါ့ပေါ့ဆဆ မလုပ်နဲ့ “ လျူယောင်တုန်မှ သတိပေးလာခဲ့သည် “ သွေးကြောမှတ် အခု၁၀၀ ပြည့်ပြီးသွားတဲ့နောက်မှာ နောက်ဆက်ပွင့်လာတဲ့ သွေးကြောမှတ်တစ်ခုချင်းစီတိုင်းက သိသိသာသာ တိုးတက်ကောင်းမွန်လာတယ် “
“ သွေးကြောမှတ် ၁၀၅မှတ်ဆိုတာက ငါတို့နဲ့ ယှဥ်လိုက်ရင် တော်တော်ကြီးကို အလှမ်းဝေးနေတယ် “
“ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ၊ အဲ့လူက မင်းကို စက္ကန့်ပိုင်းအတွင်း မသတ်သွားစေနဲ့၊ အနည်းဆုံးအနေနဲ့ ခဏလောက်တော့ ရအောင် တောင့်ခံနေခဲ့ “
လျူယောင်တုန်သည် အံကြိတ်၍ ပြောလာခဲ့သည် “ တကယ်လို့ လိုအပ်တယ်ဆိုရင် လှည့်ကွက်တွေသုံးရင်လည်း အဆင်ပြေတယ် “
“ နားလည်ပြီ၊ မင်းရဲ့ သတိပေးမှုအတွက် ကျေးဇူးတင်တယ် “ ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်သည်။
လျူယောင်တုန်သည် မည်သည့်စကားမှ ထပ်မပြောလာတော့ပေ၊ တစ်စုံတစ်ဦးက ရှာတွေ့သွားမည်ကို စိုးရိမ်နေသကဲ့သို့ အမြန် ထွက်သွားတော့သည်။
ရှုကျိုးသည် ထွက်သွားသည့် သူ့ကို ကြည့်ကာ အတွေးယာဥ်ကြောထဲ နစ်မြုပ်သွားခဲ့သည်။
ကြည့်ရတာတော့ လျူမိသားစုက တိုက်ရိုက်မျိုးဆက်တွေရဲ့ အတွင်းပိုင်း ပြိုင်ဆိုင်မှုက တော်တော်လေးကို ကြမ်းတဲ့ပုံပဲ?
မကြာခင်မှာပင် ရှုကျိုးသည် ခေါင်းတခါခါဖြင့် ဝန်ဆောင်မှု ခန်းမဆီသို့ ဦးတည်သွားတော့သည်။
…
ဝန်ဆောင်မှုခန်းမ၊ ကောင်တာ၌
ယခင်က ဆုံခဲ့ဖူးသည့် သက်လတ်ပိုင်းလူကြီးပင် ဖြစ်နေခဲ့သည်။
ဤတစ်ကြိမ်၌ ရှုကျိုးသည် ဝူဟွေ့ဆိုသည့် ထိုလူကြီး၏ အမည်ကိုပါ သိခဲ့ရသည်။
“ မင်းက ဒီရောက်နေတာလား? “ ဝူဟွေ့သည် ရှုကျိုးကို မှတ်မိနေခဲ့ပြီး၊ စကားများများမပြောဘဲ ပစ္စည်းများကို စားပွဲခုံပေါ်သို့ တိုက်ရိုက်တင်ပေးလာခဲ့သည်။
ရှုကျိုးသည် အထုပ်ကို ဖြည်လိုက်ပြီး၊ ချပ်ဝတ်တန်ဆာကို အမြန်ဝတ်လိုက်သည်။
“ ဒါက Eအဆင့် ၅၀၀အမျိုးအစား ချပ်ဝတ်တန်ဆာလား? “ ရှုကျိုး အံ့ဩသွားခဲ့သည်။
၎င်းသည် မီးခိုးနက်ရောင်ဖြစ်ပြီး၊ နာနိုပစ္စည်းတို့ဖြင့် ပြုလုပ်ထားကာ သူ၏ခန္ဓာကိုယ်နှင့် အလိုအလျောက် အံဝင်ဂွင်ကျဖြစ်နေခဲ့သည်။
အဆိုပါ ချပ်ဝတ်တန်ဆာသည် လည်ပင်းကိုပါ ဖုံးအုပ်ပေးထားရုံတင်မကဘဲ ခြေထောက်များအတွက်ပါ တိုက်ခိုက်ရေး ဖိနပ်များ ပါဝင်နေခဲ့သည်။
အဆိုပါ ဖိနပ်များမှာလည်း အနက်ရောင်များဖြစ်ကြပြီး၊ ခြေချောင်းလေးများရှိရာ အပိုင်းသည် အနည်းငယ် ကော့တက်နေကာ ဓားကောက်ပုံသဏ္ဍာန်သကဲ့သို့ ဖြစ်နေခဲ့သည်။
“ ဆွစ်ရှ် ~~ ဆွစ်ရှ် ~~ “
ရှုကျိုးမှ ကန်ရန် ကြိုးပမ်းကြည့်လိုက်ရာ ချက်ချင်းဆိုသလိုပင် လေထုသည် ကျယ်လောင်သော ပေါက်ကွဲသံတစ်ခုကို ထုတ်လွှတ်ပေးလာခဲ့သည်။
ဘေးတစ်ဖက်ရှိ ဝူဟွေ့မှ သတိပေးလာခဲ့သည် “ အဲ့ဒီဖိနပ်တွေကလည်း တရားဝင် တိုက်ခိုက်ရေး လက်နက်တွေပဲ၊ တစ်ခြားလူတွေကို အလွယ်တကူ လျှောက်ကန်မနေနဲ့ “
ရှုကျိုးမှ ခေါင်းငြိမ့်ပြလိုက်ပြီး၊ Eအဆင့် ၅၀၀အမျိုးအစား ထန်ဓားကို ကောက်ယူလိုက်သည်။
“ ဝှစ် !! “
သူ၏လက်မောင်းသည် လေးလံမှုကို ရုတ်တရက် ခံစားလာခဲ့ရသည်။
ရှုကျိုးသည် အနည်းငယ် အံ့ဩသွားခဲ့သည်၊ ငါ့ရဲ့အခုလက်ရှိ ခွန်အားက ကီလိုဂရမ် ထောင်ပေါင်းများစွာ ရှိနေပြီလေ၊ ဒီဓားလေး မတာကိုတောင် လေးနေတယ်လို့ ခံစားနေရတာလား?
ဆွစ်ရှ် !!
ဆွစ်ရှ် !!
ရှုကျိုးသည် အကြိမ်အနည်းငယ်မျှ လွှဲရမ်းကြည့်ရန် ကြိုးပမ်းလိုက်ရာ ကြီးမား အစွမ်းထက်သော အားတစ်ခုကို ခံစားသွားခဲ့ရသည်။
“ တကယ်လို့ မင်းက အဲ့တာရဲ့ စွမ်းအားကို စမ်းသပ်ကြည့်ချင်တယ်ဆိုရင်တော့ ငါ့နောက်ကို လိုက်ခဲ့ “ ဝူဟွေ့မှ အကြံပေးလာခဲ့သည်။
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ပြီး၊ ဝူဟွေ့နောက်မှ လိုက်ကာ အခန်းတစ်ခန်းထဲသို့ ဝင်သွားတော့သည်။
အတွင်း၌ အနက်ရောင် သံတိုင်တစ်ခု ရှိနေခဲ့သည်။ သို့သော် အဆိုပါ အနက်ရောင်သံတိုင်သည် ချိုင့်ခွက်များဖြင့် ပြည့်နှက်နေလျက်ရှိသည်။
“ မင်းက စွမ်းအားကို ဒီနေရာမှာ စမ်းကြည့်နိုင်တယ်။ တကယ်လို့ စိတ်မကျေနပ်ဘူးဆိုရင် အဲ့တာကို ပြန်ပေးလို့ရတယ် “ ဟုဝူဟွေ့မှ ပြောလာခဲ့သည်။
ရှုကျိုးသည် ခေါင်းငြိမ့်ပြလိုက်ကာ၊ မည်သည့်စကားမှ မပြောဘဲ သံတိုင်ကို ကန်လိုက်သည်။
“ ဆွစ်ရှ် !! “
ရွှံ့တုံးများကို ထိုးဖောက်သွားသကဲ့သို့ပင် တိုက်ခိုက်ရေး ဖိနပ်များသည် ၎င်းကို တိုက်ရိုက်ထိုးဖောက်သွားခဲ့သည်။
ရှုကျိုးသည် အံ့ဩတကြီးဖြင့် သူ၏ခြေထောက်ကို ပြန်ရုတ်လိုက်သည်။
သူသည် ရှေ့တက်၍ သံတိုင်ကို စမ်းကြည့်လိုက်ရာ၊ ၎င်းက မာကျောသော သံတုံးကြီး ဖြစ်နေသည်ကို သိရှိသွားခဲ့သည်။
ကန်ချက်လေးတစ်ချက်ကြောင့် ပေါက်ထွက်သွားတာလားဟ?
တကယ်လို့ အဲ့နေရာမှာ လူသာဖြစ်နေရင် ……….
နောက်ဆက်တွဲ အကျိုးဆက်ကား တွေးဝံ့စရာပင် ရှိနေမည် မဟုတ်ပေ။
ရှုကျိုးသည် တွေဝေတုံ့ဆိုင်းမနေဘဲ ထန်ဓားကို လွှဲရမ်းကာ သံတိုင်ကို ခုတ်ချလိုက်သည်။
ခွမ်း !!
ဤတစ်ကြိမ်၌ ဓားရှည်သည် ၁၀စင်တီမီတာ နက်သော ဓားရာတစ်ခုကို သံတိုင်ပေါ်တွင် ချန်ရစ်ထားခဲ့သည်။
“ ဘယ်လိုလဲ? ကျေနပ်လား? “
ဘေးနားရှိ ဝူဟွေ့မှ အပြုံးဖြင့် ပြောလာခဲ့သည်။
“ မဆိုးပါဘူး “ ရှုကျိုးသည် ထန်ဓားကို ပြန်ရုတ်ကာ ခေါင်းငြိမ့်ပြလိုက်သည်။
အမှန်တိုင်းပြောရမည်ဆိုပါက သူသည် အလွန်ကျေနပ် ပျော်ရွှင်နေခဲ့သည်၊ အဆိုပါ ချပ်ဝတ်တန်ဆာနှင့် ထန်ဓားနှစ်ခုစလုံးသည် သူတွေးထင်ထားသည်ထပ် သာလွန်နေခဲ့သည်။
စွမ်းအားသည် အံ့အားသင့်ဖွယ်ကောင်းလောက်အောင် ပြင်းထန်နေခဲ့သည် !!
“ ဒါတွေက ဒုတိယအဆင့် ပညာရှင်တစ်ယောက်ကို ရင်ဆိုင်နိုင်လားဗျ? “ ရှုကျိုးမှ ရုတ်တရက် မေးမြန်းလိုက်သည်။