← Chapters

စည်းမျဉ်းကို ချိုးဖောက်ခြင်း

Vol. 26 Ch. 325

စည်းမျဉ်းကို ချိုးဖောက်ခြင်း

Vol. 26 Ch. 325

သူ မည်သို့ ပြုလုပ်လိုက်သနည်း....

ဤသည်မှာ အသိစိတ်ရှိသော ရင်းမြစ်လက်နက်တစ်ခုပင်။

ပိုင်ရှင်မဲ့ပစ္စည်းတစ်ခု ဖြစ်နေလျှင်ပင် အချိန်ယူပြီး သံယောဇဉ်မတွယ်ဘဲ ယဉ်ပါးအောင်လုပ်ရန် အလွန်ခက်ခဲသည်။ သို့ရာတွင် ကျန်းရွှမ်ကမူ အသာအယာ ပုတ်လိုက်ရုံဖြင့် အောင်မြင်စွာ ယဉ်ပါးသွားစေခဲ့သည်။

"သူက လက်နက်ယဉ်ပါးစေခြင်း ကောင်းကင်ကံကြမ္မာကိုလည်း ကျွမ်းကျင်နေတာလား"

အံ့အားသင့်မှုများ အဆုံးသတ်သွားပြီးနောက် မိုပိုင်ယဲ့၏မျက်လုံးများထဲတွင် ပျော်ရွှင်မှုအရိပ်အယောင်တစ်ရပ် ဖြတ်ပြေးသွားသည်။

လက်နက်ယဉ်ပါးစေခြင်း ကောင်းကင်ကံကြမ္မာသည် စတုတ္ထတန်းစား ကောင်းကင်ကံကြမ္မာတစ်ခုပင်။ ထိုကံကြမ္မာကို ပိုင်ဆိုင်ထားသူသည် အသိစိတ်ရှိသော ရင်းမြစ်လက်နက်များကို လျင်မြန်စွာ ယဉ်ပါးစေကာ သူ၏ကိုယ်ပိုင်ပစ္စည်းအဖြစ် ရယူနိုင်သည်။ ဤကဲ့သို့ ကောင်းကင်ကံကြမ္မာအမျိုးအစားသည် အလွန်ရှားပါးပြီး ထိုအရာကို ပိုင်ဆိုင်ထားသော ကံကြမ္မာဆရာသခင်တိုင်းသည် အလွန်မြင့်မားသော အဆင့်အတန်းကို ရရှိထားပေ၏။

အထူးသဖြင့် အလုံးစုံသိမြင်ဂိုဏ်းအတွင်း၌ ထိုလူများသည် လူတစ်ယောက်၏အောက် လူတစ်သောင်း၏အထက်တွင်ရှိသည်ဟု ပြောနိုင်ပြီး တစ်ခါတစ်ရံတွင် ဂိုဏ်းချုပ်ကိုယ်တိုင်ပင် သူတို့ထံမှ အကူအညီကို တောင်းခံရသည်။

"ဒီ ကောင်းကင်ကံကြမ္မာက ငါ့အတွက်ပဲ"

သူသည် လက်သီးကို ဆုပ်ထားလိုက်ပြီး သူ၏အကြည့်များ အေးစက်တင်းမာသွားသည်။ ထို့နောက် သူသည် ဓားရှည်ကို ကိုင်ဆောင်ထားသော လူလတ်ပိုင်းအရွယ်အမျိုးသားဘက်သို့ လှည့်ကြည့်ပြီး တည်ကြည်လေးနက်စွာ ဦးညွှတ်အရိုအသေပြုလိုက်၏။

"အစ်ကိုတု... ခင်ဗျား လှုပ်ရှားပေးဖို့ ကျွန်တော် တောင်းဆိုပါတယ်... သူ့ကို သတ်ပေးနိုင်သရွေ့ အရင်က ခင်ဗျား တောင်းဆိုထားတဲ့ အချက်တွေကို ကျွန်တော် သဘောတူပါတယ်"

"ကောင်းပြီလေ"

ဓားရှည်ကို ကိုင်ဆောင်ထားသော အစ်ကိုတုသည် မမြန်လွန်းမနှေးလွန်းသော ခြေလှမ်းဖြင့် လျှောက်လှမ်းနေပြီး စကားသိပ်မပြောခဲ့ချေ။ ယခုချိန်တွင် မိုပိုင်ယဲ့၏ ပြတ်သားသောအဖြေကို ကြားလိုက်ရသဖြင့် သူက ခေါင်းညိတ်လိုက်သည်။

သူသည် 'ရှစ်ယွင်ကျင်း'ကို တစ်ချက်ကြည့်လိုက်ပြီးနောက် သူ၏ခြေထောက်ဖြင့် မြေပြင်ကို ဆောင့်နင်းလိုက်သည်။ ပတ်ဝန်းကျင်ရှိ မြေပြင်သည် တုန်ခါသွားပြီး သူသည် မယုံကြည်နိုင်ဖွယ်ကောင်းသော အမြန်နှုန်းဖြင့် ရှေ့သို့ပြေးထွက်သွားပေ၏။

လွန်ခဲ့သော အချိန်တခဏအကြာက သူသည် သာမန်ဆန်ပြီး အနေအေးပုံပေါက်နေသော်လည်း သူ ယခု လှုပ်ရှားလိုက်ချိန်တွင်မူ တောင်ပေါ်မှ ဆင်းသက်လာသော ကျားရိုင်းတစ်ကောင်အလားပင်။ လင်းယုရှန် မုဟုန်တောက်နှင့် တခြားလူများသည် ထိတ်လန့်ကြောက်ရွံ့သွားကြပြီး သူတို့၏မျက်လုံးများ ကျဥ်းမြောင်းသွားသည်။

အစ်ကိုတုသည် အစစ်အမှန်စွမ်းအားကို မသုံးဘဲ ရုပ်ခန္ဓာကိုယ်ခွန်အားကိုသာ အသုံးပြုခဲ့သော်လည်း သူတို့သည် သူ၏စွမ်းအားကို ခန့်မှန်းနိုင်ပေ၏။

သူ၏ခွန်အားသည် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်ကို သေချာပေါက် ကျော်လွန်နေပြီး အနည်းဆုံးအနေဖြင့် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့် သို့မဟုတ် ထို့ထက်ပင် မြင့်မားနေနိုင်သည်။

မိုပိုင်ယဲ့သည် ဤကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသော ထိပ်သီးကျင့်ကြံသူကို ဖိတ်ခေါ်ထားခဲ့သည်။

ကံကောင်းထောက်မစွာဖြင့် သူတို့သည် အကျိုးစီးပွားအတွက် အစောပိုင်းက ပဋိပက္ခမဖြစ်ခဲ့ကြချေ။ ထိုသို့မဟုတ်လျှင် ဤလူသာ ဝင်ပါခဲ့ပါက သူတို့အားလုံး ပူးပေါင်း၍ တိုက်ခိုက်လျှင်ပင် အနိုင်ရနိုင်မည် မဟုတ်ပေ။

ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်နှင့် ကြယ်စင်မြစ်နယ်ပယ် ဆဋ္ဌမအဆင့်သည် ကြယ်လေးပွင့် ကံကြမ္မာဆရာသခင်နှင့် ကြယ်သုံးပွင့် ကံကြမ္မာဆရာသခင်များကြားမှ ကွဲပြားခြားနားချက်ကို ကိုယ်စားပြုသည်။ ခြေလှမ်းတစ်လှမ်းသည် မိုး ခြေလှမ်းတစ်လှမ်းက မြေဖြစ်ကာ အဆင့်ကွာခြားမှု နည်းပါးပုံရသော်လည်း ကွာဟချက် အလွန်ကြီးမားသည်။

အစ်ကိုတုသည် ကြယ်စင်မြစ်နယ်ပယ် သတ္တမအဆင့်၏အစောပိုင်းတွင်သာ ရှိနေလျှင်ပင် သူတို့နှစ်ယောက်လုံးကို အနိုင်ယူရန် တိုက်ကွက်နှစ်ကွက်ထက် ပိုသုံးရန် မလိုပေ။

'ရှစ်ယွင်ကျင်း' သည် သူတို့ကို ကစားနိုင်သော်လည်း ကြယ်စင်နယ်ပယ် သတ္တမအဆင့် ထိပ်သီးကျင့်ကြံသူနှင့် ရင်ဆိုင်ရသောအချိန်တွင်မူ ခုခံနိုင်စွမ်း လုံးလုံးလျားလျား ရှိမည်မဟုတ်ပေ။

ဤအချက်ကို သဘောပေါက်လိုက်သဖြင့် သူတို့နှစ်ဦးလုံးသည် အစ်ကိုတုကို တညီတညွတ်တည်း လှမ်းကြည့်လိုက်ကြ၏။

ဤအချိန်အခိုက်အတန့်တွင် 'အစ်ကိုတု' သည် ရုတ်တရက် အားကုန်ထုတ်လိုက်ပြီး လျှပ်စီးလက်သကဲ့သို့ အမြန်နှုန်းဖြင့် 'ရှစ်ယွင်ကျင်း'နှင့် မီတာဆယ်ဂဏန်းအကွာသို့ ရောက်ရှိသွားသည်။

ထို့နောက် သူ၏လက်ထဲမှ ဓားရှည်သည် ဝှစ်ခနဲအသံနှင့်အတူ ကျဆင်းလာသည်။

ဤတိုက်ခိုက်မှု၏ စွမ်းအားသည် မိုပိုင်ယဲ့ အစွမ်းကုန်ထုတ်သုံးသော မိုတောက်ဓားဖြင့်တိုက်ခိုက်မှုထက်ပင် ပို၍ကြီးမားသည်။ ဓားချက်မရောက်မီ တောက်ပသော ဓားချီအလင်းတန်းတစ်ခု ဖြာထွက်လာပြီး မြေပြင်ပေါ်ရှိ သစ်ရွက်ခြောက်များနှင့် ကျောက်တုံးအစအနများကို လွင့်ထွက်သွားစေကာ နက်ရှိုင်းသော အက်ကွဲကြောင်းကြီးတစ်ခုကို ဖြစ်ပေါ်လာစေသည်။

"အရမ်းအစွမ်းထက်တာပဲ"

မထင်မှတ်ဘဲ ဤလူ၏ခွန်အားသည် ဤမျှထိ ကြောက်မက်ဖွယ်ကောင်းနေသဖြင့် 'ရှစ်ယွင်ကျင်း'၏မျက်နှာအမူအယာ ပြောင်းလဲသွားသည်။ သူသည် စကားပြောရန် အချိန်မရှိသဖြင့် မိုတောက်ဓားကို အလျင်အမြန် မြှောက်ကာ တိုက်ခိုက်မှုကို ခုခံလိုက်၏။

သူသည် မိုတောက်ဓားကို ကန့်လန့်ဖြတ် ကိုင်ထားပြီး သူ၏ခန္ဓာကိုယ်အတွင်းရှိ စွမ်းအားများသည် သူ၏ခန္ဓာကိုယ်တစ်ခုလုံးသို့ စီးဆင်းသွားကာ ရင်းမြစ်ရေအိုင်မှတဆင့် ထုတ်လွှတ်လိုက်သည်။

ဝုန်း....

ဓားနှစ်လက် ထိတွေ့မိချိန်တွင် 'ရှစ်ယွင်ကျင်း' ၏မျက်နှာ နီမြန်းသွားပြီး နောက်သို့လွင့်ထွက်သွားကာ လေထုထဲတွင်ပင် သွေးများအန်ထုတ်လိုက်ရသည်။

တိုက်ကွက်တစ်ကွက်တည်းနှင့် သူ ဒဏ်ရာအပြင်းအထန် ရရှိသွားသည်။

"အရမ်းသန်မာလွန်းတယ်"

ပြိုင်ဘက်မဟုတ်မှန်း သိသဖြင့် မြေပြင်ပေါ်သို့ မကျခင်မှာပင် သူ၏ခန္ဓာကိုယ်ကို တွန့်လိမ်လှုပ်ရှားလိုက်သည်။ 'ရှစ်ယွင်ကျင်း' သည် မိုပိုင်ယဲ့ကို ရန်စရန် စိတ်မဝင်စားတော့ဘဲ အလျင်အမြန် ထွက်ပြေးတော့သည်။

အသက်ရှင်ဖို့က ပထမပဲ..

"မင်း ပြေးနိုင်ပါ့မလား"

အစ်ကိုတုသည် အေးစက်စက်ပြုံးပြီး မြေပြင်ကို ထပ်မံ၍ဆောင့်နင်းလိုက်ရာ နောက်ချန်ပုံရိပ်ယောင်များသာ ကြွင်းကျန်ခဲ့ပြီး ရှေ့သို့လျှင်မြန်စွာ ပြေးထွက်သွားသည်။

ရုပ်ခန္ဓာကိုယ်ခွန်အားသက်သက်ဖြင့် ဤအဆင့်ကို ရောက်ရှိနိုင်ခြင်းက ဤလူသည် စွမ်းအားကြီးရုံသာမက မယုံနိုင်လောက်အောင် သန့်စင်သော ရုပ်ခန္ဓာကိုယ်ကြံ့ခိုင်မှုရှိကြောင်း ပြသနေသည်။

ထွက်ပြေးနေသော 'ရှစ်ယွင်ကျင်း' သည် သူ၏အမြန်နှုန်း ဤမျှထိမြန်ဆန်မည်ဟု မထင်မှတ်ထားပေ။ သူ၏မျက်နှာအမူအယာ အနည်းငယ်ပြောင်းလဲသွားပြီး သူ၏ခန္ဓာကိုယ်ကို တွန့်လိမ်ကာ နံဘေးတစ်ဖက်သို့ လျင်မြန်စွာ ရှောင်တိမ်းလိုက်သည်။

အစ်ကိုတုသည် အော်ဟစ်ပြီး ဓားရှည်ကို ကန့်လန့်ဖြတ် ဝှေ့ယမ်းလိုက်၏။

ဓားချီအလင်းတန်းသည် မီတာဆယ်ဂဏန်းအကွာထိ ပျံ့လွင့်သွားပြီး ပြိုင်ဘက်ကို ထပ်မံ၍လွှမ်းခြုံသွားသည်။

ဖိအားအောက်တွင် 'ရှစ်ယွင်ကျင်း' သည် မိုတောက်ဓားကို ထပ်မံ၍မြှောက်ကာ ကာကွယ်လိုက်သည်။ သူ၏ခန္ဓာကိုယ်တစ်ခုလုံး တုန်ခါသွားပြီး နံဘေးသို့ လွင့်ထွက်သွားကာ သွေးများ ထပ်မံ၍ အန်ထုတ်လိုက်ရသည်။

ဤသည်ကိုမြင်လျှင် မိုပိုင်ယဲ့က သက်ပြင်းချလိုက်သည်။

ထိုကောင်လေးသည် အစ်ကိုတု၏ စွမ်းရည်ထက်ပင် ကျော်လွန်ပြီး လျင်မြန်စွာ ထွက်ပြေးသွားမည်ကို သူ စိုးရိမ်ခဲ့သည်။ ယခုချိန်၌မူ သူ၏စိုးရိမ်ပူပန်မှုများ မလိုအပ်တော့ပုံရသည်။

အကယ်၍ ကျန်းရွှမ်၏ကျင့်ကြံဆင့်သည် သူ့၏အဆင့်လောက်သာ ရှိနေလျှင်ပင် ကြယ်မြစ်နယ်ပယ် သတ္တမအဆင့် ထိပ်သီးကျင့်ကြံသူတစ်ယောက်၏ ဆက်တိုက်တိုက်ခိုက်မှုများကို ခံနိုင်ရည်ရှိရန် ခက်ခဲပေလိမ့်မည်။ ကျန်းရွှမ်သည် ကြယ်စင်မြစ်နယ်ပယ် စတုတ္ထအဆင့်သို့ပင် မရောက်သေးလျှင် ပို၍ဆိုးပေမည်။

သူ၏မျက်လုံးများထဲတွင် စိတ်လှုပ်ရှားမှုအရိပ်အယောင်တစ်ရပ် ဖြတ်သန်းသွားသည်။ သူ အခွင့်ကောင်းယူပြီး ဝင်တိုက်သင့်မတိုက်သင့် စဉ်းစားနေစဉ်မှာပင် လေထုထဲတွင်ရှိနေသော 'ရှစ်ယွင်ကျင်း' သည် ဆက်လက်၍တောင့်ခံနိုင်ခြင်း မရှိတော့သည့်အလား အစစ်အမှန်စွမ်းအားများကို လှည့်ပတ်ကာ အဝေးသို့ တန်းတန်းမတ်မတ် ပြေးထွက်သွားသည်ကို မြင်တွေ့လိုက်ရသည်။

မိုပိုင်ယဲ့သည် ကျယ်လောင်စွာ အော်ဟစ်ရယ်မောလိုက်၏။

ဤကောင်းကင်ကံကြမ္မာ နတ်ဘုရားနယ်မြေ၏ စည်းမျဉ်းသည် အစစ်အမှန်စွမ်းအားကို အသုံးပြုပြီး မဆင်မခြင် ပြေးလွှား၍မရချေ။ တစ်စုံတစ်ယောက်သည် ထိုသို့ပြုလုပ်ပါက မူလနေရာသို့သာ ပြန်ရောက်သွားပေမည်။ ဤကောင်စုတ်ကမူ အမှန်တကယ်ကို ထိုသို့လုပ်ရဲပေ၏။ သူသည် အန္တရာယ်ကို ယာယီရှောင်တိမ်းနိုင်သော်လည်း လက်တွေ့တွင်မူ သေလမ်းရှာနေခြင်းနှင့် ကွဲပြားခြားနားမှုမရှိပေ။

တခြားအရာများကို ဘေးဖယ်ထားပြီး အစ်ကိုတုသည် ကျန်းရွှမ် အစစ်အမှန်စွမ်းအားများကို စတင်၍သုံးစွဲခဲ့သည့်နေရာတွင် ဓားကိုကိုင်ကာ စောင့်နေလိုက်ရုံပင်။ အစ်ကိုတု လိုက်ဖမ်းရန်ပင်မလိုဘဲ ထိုကောင်စုတ်သည် အလိုလို ပြန်ရောက်လာပေလိမ့်မည်။

"အစ်ကိုတု... လိုက်ဖို့မလိုတော့ဘူး"

လိုက်လံဖမ်းဆီးရန် ဟန်ပြင်ဆင်နေသော အစ်ကိုတုကို မိုပိုင်ယဲ့က အော်ဟစ်၍ တားဆီးလိုက်သည်။

"ကောင်းပြီလေ"

အစ်ကိုတုသည် အချိန်တခဏကြာမျှ စဉ်းစားလိုက်ပြီးနောက် ဤသည်မှာ အမှန်ဖြစ်ကြောင်း နားလည်သဘောပေါက်သွားသည်။ သူသည် ချက်ချင်းဆိုသလိုပင် ခေါင်းညိတ်လိုက်ပြီး သူ၏ဓားကိုမြှောက်ကာ နေရာတွင်ပင် စောင့်နေလိုက်၏။

သို့ရာတွင် အချိန်အတော်ကြာ စောင့်ဆိုင်းပြီးနောက် ပြိုင်ဘက်၏ပုံရိပ်သည် ပို၍ဝေးကွာသွားပြီး နောက်ဆုံးတွင် သူတို့မြင်ကွင်းမှ လုံးလုံးလျားလျား ပျောက်ကွယ်သွားသည်။ သူသည် လုံးလုံးလျားလျား ထွက်ပြေးလွတ်မြောက်သွားသည့်အလား မည်သည့်လှုပ်ရှားမှုမျှ မရှိတော့ချေ။

"သူ ထွက်သွားပြီလား"

လင်းယုရှန်ထံတွင် သံသယများဖြင့် ပြည့်နှက်နေပြီး သူ ကူကယ်ရာမဲ့စွာဖြင့် မေးမြန်းလိုက်သည်။

"ငါတို့ လိုက်မဖမ်းတော့ဘူးလား"

"မလိုဘူး... စည်းမျဉ်းတွေက ကန့်သတ်ထားတာကြောင့် သူ သေချာပေါက် ပြန်ရောက်လာလိမ့်မယ်"

မိုပိုင်ယဲ့က ယုံကြည်ချက်ရှိစွာဖြင့် ပြောဆိုသည်။

သူ့ထံတွင် ကိုယ်ပိုင်အစီအစဉ်နှင့်ရည်ရွယ်ချက်များရှိကြောင်း တွေ့ရသဖြင့် လင်းယုရှန်သည် မည်သည့်စကားမျှ ဆက်မပြောတော့ဘဲ သူတို့အားလုံးသည် နေရာတွင်ပင် တိတ်ဆိတ်ငြိမ်သက်စွာ မတ်တတ်ရပ်နေကြ၏။

အချိန်တခဏအကြာတွင် အစ်ကိုတုသည် အချိန်အတော်ကြာ ဓားကိုင်မြှောက်ထားရသဖြင့် သူ၏လက်များ ထုံကျင်လာသည်။ သိုရာတွင် ထွက်ပြေးသွားသော ကောင်လေး၏ အရိပ်အယောင်ကို အနည်းငယ်မျှ မတွေ့ရသဖြင့် သူသည် တစ်စုံတစ်ခု မှားယွင်းနေကြောင်း တဖြည်းဖြည်း သတိထားမိသွားပေ၏။

'ရှစ်ယွင်ကျင်း'သည် အဝေးကြီးသို ပြေးသွားလျှင်ပင် ယခုချိန်၌ စည်းမျဉ်းများ၏ကန့်သတ်ချက်ကြောင့် ပြန်ရောက်လာသင့်လေပြီ။

"ငါတို နည်းနည်းလောက် ထပ်စောင့်သင့်လား"

သူ၏သံသယကို အာရုံခံမိသဖြင့် မိုပိုင်ယဲ့က အံ့တင်းတင်းကြိတ်ပြီး ပြောဆိုလိုက်သည်။

အစ်ကိုတုထံတွင် ဆက်လက်စောင့်ဆိုင်းရန်မှတပါး တခြားရွေးချယ်စရာ မရှိတော့ပေ။

မကြာမီမှာပင် အချိန်ဆယ့်ငါးမိနစ် ကုန်ဆုံးသွားကာ ပတ်ဝန်းကျင်သည် ဟာလာဟင်းလင်း ဖြစ်နေပြီး လူတစ်ယောက်၏ အရိပ်အယောင်ကိုမျှ ရှာမတွေ့ရချေ။

ဤအချိန်တွင် အစ်ကိုတုသည် ယခင်ကဲ့သို တည်ငြိမ်မှု မရှိတော့ပေ။ သူသည် မလှမ်းမကမ်းရှိ မိုပိုင်ယဲ့ဘက်သို လှည့်ကြည့်လိုက်သည်။

"ဘယ်လိုလဲ"

"မင်း နည်းနည်းလောက် စမ်းပြေးကြည့်ပါလား..."

တစ်ဖက်လူ၏ဆိုလိုရင်းကို သိသဖြင့် မိုပိုင်ယဲ့သည် 'ရှစ်ယွင်ကျင်း' ထွက်ပြေးသွားသည့်နေရာသိုသွားကာ သူ၏စွမ်းအားကို လှည့်ပတ်ပြီး တစ်ဖက်လူ၏ ဦးတည်ချက်နှင့် အမြန်နှုန်းအတိုင်း တထပ်တည်းတူအောင် ထိန်းညှိပြီး ရှေ့သို အလျင်အမြန် ပြေးထွက်လိုက်သည်။

ဤနေရာရှိ စည်းမျဉ်းများ ပြောင်းလဲမှု တစ်စုံတစ်ရာရှိမရှိ သိနိုင်ရန် ထိုကောင်လေး၏ ထွက်ပြေးလမ်းကြောင်းအတိုင်း ပုံတူကူးချကြည့်ခြင်းဖြစ်သည်။

စွမ်းအားများမြင့်တက်လာပြီး မိုပိုင်ယဲ့၏အမြန်နှုန်းသည် အလွန်လျှင်မြန်ပေ၏။ အချိန်တခဏအကြာတွင် ရှေ့မှမြင်ကွင်းသည် ဝေဝါးသွားပြီးနောက် အစ်ကိုတုနှင့်တခြားသူများ သူ၏မျက်စိရှေ့တွင် ပြန်လည်၍ထွက်ပေါ်လာသည်ကို မြင်တွေ့လိုက်ရသည်။

ဆိုလိုသည်မှာ အစောပိုင်းက သူ၏အစစ်အမှန်စွမ်းအားကို အသုံးပြုလိုက်ချိန်၌ စည်းမျဉ်းများသည် ပျောက်ကွယ်သွားခြင်း မရှိဘဲ သူ့ကို မူလနေရာသို ပြန်လည်ရောက်ရှိစေခဲ့သည်။

စည်းမျဉ်းများ ပြောင်းလဲခြင်းမရှိဘဲ ထိုကောင်စုတ်သည် မည်သည်ကြောင့် လေထဲမှာတင် ပျောက်ကွယ်သွားရသနည်း.....

ဗလာဟင်းလင်းဖြစ်နေသော ပတ်ဝန်းကျင်ကို ကြည့်ရင်း မိုပိုင်ယဲ့ အစ်ကိုတုနှင့် တခြားသူများသည် တစ်ယောက်ကိုတစ်ယောက် ကြည့်ကာ လုံးလုံးလျားလျား ဇဝေဇဝါ ဖြစ်သွားကြသည်။

ထိုကောင်စုတ်သည် သူတို့မသိသော စည်းမျဉ်းအမြောက်အများကို သိထားရုံသာမက စည်းမျဉ်းများကို မည်ကဲ့သို ချိုးဖောက်ရမည်ကိုလည်း သိနေသနည်း။ ထိုသိုမဟုတ်လျှင် သူသည် ပြေးနေရင်းဖြင့် မည်သည်ကြောင့် ပျောက်ကွယ်သွားနိုင်မည်နည်း။

Thank For Reading.

All Chapters