အခန်း (၁၇၀)
Vol. 12 Ch. 170
နောက်ဆုံး သူတို့သည် လူမိုက်များဖြစ်ခဲ့ကြပြီး အတူတူ တိုက်ခိုက်ခဲ့ကြသဖြင့် ပြန်တွေ့ကြသည့်အချိန်တွင် အချင်းချင်း နှုတ်ဆက်ကြရမည်ကလည်း မလွှဲသာပေ။
နားကွင်းနှင့်မိန်းကလေးက ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းကို ကြည့်လိုက်ပြီး သရော်ကာပြောလိုက်၏။
"နင်တို့လို လူရမ်းကားတွေက ဘယ်လိုလုပ်ပြီးတော့ စာတော်တဲ့ကျောင်းသူ ကျောင်းသားတွေနဲ့ တွဲနေတာလဲ။ သူတို့တွေ နင်တို့ကို မကြိုက်မှာ မစိုးရိမ်ဘူးလား"
"ဟော ဒါက အစ်မတုန်းတုန်း မဟုတ်လား" ဆွန်းယွဲ့ရှင်းက သူတို့ကို ပြောလိုက်ပြီး သူမ၏ဆိုးသွမ်းသည့် သဘောထားက ပေါ်ထွက်လာခဲ့သည်။ "ရန်ဖြစ်တာအပြင် နင်တို့တွေက ပြန်ပေးဆွဲတဲ့အလုပ်ကို ချဲ့ထွင်ထားကြတာလား..."
ပိုနီတေးလ်စည်းထားသည့် မိန်းကလေးကလည်း အထင်သေးမှု အပြည့်ဖြင့် "ဘာလဲ နင်တို့လို မာတာနေတဲ့လူတွေ အကုန်လုံးက ပျော့တီးပျော့ဖတ်တွေ ဖြစ်သွားကြတာလား "သူမက ရှမြန်ကို လှမ်းကြည့်လိုက်ပြီး သရော်လိုက်လေသည်။ "နင်တို့တွေက ကျောင်းသူကောင်လေးတွေကို ဖားယားဖို့ ကြိုးစားနေကြတာလား။ ဒါက နင်တို့ကို ကောလိပ်ကျောင်း ဒါမှမဟုတ် တစ်ခုခု ရအောင်ကူညီပေးမှာ မလို့လား"
"ဟားဟားဟား နင် တကယ်ပြောနိုင်တာပဲ" လီလီကျန်းက ဂုဏ်ယူ၀င့်ကြွားစွာဖြင့် လက်ပိုက်လိုက်ပြီး "အခု ငါ ကျောင်းမှာ အဆင့်၁၀၀အတွင်းတောင် ဝင်သွားပြီလေ။ ငါ့အဆင့်က ၅၀၀ကျော် တက်သွားပြီ"
သူမက မေးကိုချီထားလိုက်ပြီး နားကွင်းနှင့်မိန်းကလေးကို ကြည့်လိုက်၏။ "ငါက အခုစာတော်တဲ့ ကျောင်းသူကျောင်းသားတွေနဲ့ တွဲနေတာ မဟုတ်ဘူး။ ငါက အခု စာတော်တဲ့ ကျောင်းသူကျောင်းသား ဖြစ်လာတာ။ ဘာဖြစ်လို့လဲ သိလား။ ပြီးခဲ့တဲ့ နှစ်ဝက်စာမေးပွဲတုန်းက နင်တို့တွေ အမှတ်ဘယ်လောက်ရခဲ့လဲ။ အမှတ် ၂၀၀ရော ကျော်ကြရဲ့လား"
နားကွင်းနှင့်မိန်းကလေးနှင့် ပိုနီတေးလ်စည်းထားသည့် မိန်းကလေးသည် နင်သွားတော့သည်။ ဒါသည် တစ်ဖက်က လူမိုက်များနှင့် သူတို့၏ပညာရေးဆောင်ရွက်ချက်နှင့် ပတ်သက်ပြီး ယှဉ်ပြိုင်ကြသည်မှာ ပထမဦးဆုံးအကြိမ် ဖြစ်ဟန်တူသည်။ သူတို့သည် အကြီးမားဆုံး အားနည်းချက်ကြီးကို ထိုးဖောက် တိုက်ခိုက်ခံလိုက်ရပြီး ပြန်တိုက်ခိုက်ဖို့ရန်ပင် အင်အား မရှိတော့ချေ။
သို့သော်ငြားလည်း သူတို့ရှေ့က လူ၂ယောက်ကိုကြည့်လိုက်ပြီး သူတို့သည် အထက်တန်းပထမနှစ်တွင် ဆိုးသွမ်းသည့်မိန်းကလေးများ ဖြစ်နေဆဲဖြစ်ကာ ကျောင်းလစ် ရန်ဖြစ် သူတို့၏အဆင့်များကလည်း ဆိုးဝါးနေခဲ့သေးသည်။
သို့သော်ငြားလည်း ယခုတော့ သူတို့သည် ဒီနေရာတွင် ရပ်နေသည့်တိုင် မားမားမတ်မတ်ရပ်နေပြီး ယုံကြည်ချက်အပြည့်ဖြင့် ကိုယ့်ဟာကိုယ် ယုံကြည်မှုရှိရှိဖြင့်လည်း ရပ်နေကြသည်။ မကြာမီတွင် သူတို့၏ယုံကြည်ချက်များနှင့် ကိုယ့်ဟာကိုယ် ယုံကြည်မှုများက မည်သည့်နေရာ ကရောက်လာသည်ကို သိသွားကြတော့၏။
ပိုနီတေးလ်နှင့်မိန်းကလေးသည် သူတို့က သူမထက် ပိုပြီးတောက်ပြောင်နေသည်ကို ဝန်မခံလိုသဖြင့် သူမက နှာခေါင်းရှုံ့ကာ ပြောလိုက်သည်။ "နင်တို့တွေက စာပဲတော်ကြတာ မဟုတ်လား။ ဘာဂုဏ်ယူစရာရှိလို့လဲ"
"ဂုဏ်ယူစရာ အများကြီးရှိတာပေါ့" ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "အဆင့်တွေ ညံ့ဖျင်းနေတဲ့လူတွေအတွက် မောက်မာထောင်လွှားနေတာက ထူးထူးခြားခြား မဟုတ်ဘူးဆိုပေမဲ့လည်း အဆင့်ကောင်းတဲ့လူတွေအတွက် မောက်မာထောင်လွှားနေတာကတော့ ပိုပြီးတော့ အံ့သြစရာကောင်းတယ်လေ"
"ဒီတစ်နှစ် ငါ့ရဲ့ကြိုးစားအားထုတ်မှုက နင်တို့ လုပ်နိုင်တာထက်တောင် အများကြီးပိုသေးတယ်။ နင်တို့တွေ ဒါကို ဘယ်လိုလုပ်ပြီးတော့ ငြင်းမှာလဲ"
လီလီကျန်းသည် ရှမြန်၏အမျှော်အမြင်ရှိသည့် စကားလုံးများကို ချက်ချင်းကိုးကားလိုက်၏။
"နင်တို့တွေ ကျောင်းမှာ ကောင်းကောင်းမလုပ်ခဲ့ဘူးဆိုရင် နင်တို့တွေ ရန်ဖြစ်တာပဲ ဖြစ်လိမ့်မယ်။ တကယ်လို့ နင်တို့က ကျောင်းမှာ ကောင်းကောင်းမွန်မွန် ကြိုးစားတယ်ဆိုရင်တော့ နင်တို့တွေက ရဲသင်တန်းကျောင်းကို ဝင်နိုင်ပြီး သူရဲကောင်းတွေ ဖြစ်လာလိမ့်မယ်"
ဆွန်းယွဲ့ရှင်းကလည်း ဆက်ပြောလိုက်သည်။ "နှစ်တွေ အများကြီး ကြာပြီးတဲ့နောက်မှာ လူတွေက ငါတို့ရဲ့ ထျယ်ရှဲ့ဂိုဏ်းအကြောင်းကို ထုတ်ပြောကြတဲ့အခါ သူတို့တွေ ကကောလိပ်ကျောင်းသူတွေ ဒါမှမဟုတ် ရဲအရာရှိတွေ ဖြစ်နေပြီလို့ ပြောကြလိမ့်မယ်။ အားလုံးကလည်း ငါတို့ကို အတုယူဖို့ ကြိုးစားကြလိမ့်မယ်။ ကျောင်းကလည်း ဒါကို အားပေးလိမ့်အုံးမယ်။ ဒါပေမဲ့ သူတို့တွေက ရှစ်စန်းထိုက်ပေါင်အကြောင်း ပြောကြတဲ့အချိန်မှာတော့..."
သူမသည် ပိုနီတေးလ်နှင့်မိန်းကလေးနှင့် နားကွင်းတပ်ထားသည့် မိန်းကလေးကို ကြည့်လိုက်ပြီး
"အကောင်းဆုံးရလဒ်က ဘာဖြစ်မယ်လို့ နင်တို့ ထင်လဲ"
ပိုနီတေးလ်မိန်းကလေးနှင့် နားကွင်းတပ်ထားသည့် မိန်းကလေးတို့မှာ ဆွံ့အသွားတော့သည်။
သူတို့သည် ကျောင်းမှ အားပေးထောက်ခံထားသည့် ဂိုဏ်းတစ်ခုအကြောင်းကို အမှန်ပင် အိပ်မက် မမက်ရဲခဲ့ပေ။
ဖန့်ရှောင်မန့်နှင့် ဟန်ဟောက်ရန်တို့သည် ဖြေရှင်းပြီးသွားသည့်နောက်တွင် ဟန်ဟောက်ရန်၏ အမူအရာသည် သိသိသာသာ ပြေလျော့သွား၏။ "ငါ အရင်တုန်းက နင့်ကို အထင်လွဲခဲ့တဲ့အတွက် တောင်းပန်ပါတယ်"
"တကယ်လို့ နောက်ဆိုရင် ပြဿနာတစ်ခုခု ရှိလာတဲ့အခါ ငါ့ကို ဒီအတိုင်း တိုက်ရိုက်ပြောလိုက်ပါ။ ဒီလိုထပ်ပြီးတော့ မလုပ်ပါနဲ့။ ဒါက မကောင်းဘူး"
ဖန့်ရှောင်မန့်က ခေါင်းညိတ်လိုက်ပြီး ခဏလောက် ချီတုံချတုံဖြစ်သွားပြီးမှ ပြောလိုက်သည်။ "နင် ငါ့ကို ယုံလား။ အဲဒီထျန်းရွှယ်ယာက..."
ဟန်ဟောက်ရန်၏ အမူအရာသည် မှေးမှိန်သွားပြီး "သူ ဘယ်လိုလူလဲဆိုတာ ငါ သိပါတယ်။ ဒါပေမဲ့ သူက ငါ့ကြောင့် အရိုက်ခံခဲ့ရတာလေ"
ဖန့်ရှောင်မန့်က ပြောလိုက်သည်။ "ငါ တောင်းပန်ပါတယ်"
ဟန်ဟောက်ရန်က ပြုံးကာ ပြောလိုက်သည်။ "ရပါတယ် ငါတို့တွေ ဒီအကြောင်းကို ဆွေးနွေးပြီးသွားပြီဆိုတော့ အဆင်ပြေသွားပါပြီ"
ဖန့်ရှောင်မန့်သည် သူ့ကိုကြည့်လိုက်ပြီး ဒီလူက အလွန်တရာမှ ကောင်းမွန်လှသည်ဟု စဉ်းစားမိလိုက်သည်။ သူသည် ထူးချွန်သည့်အပြင် သည်းခံတတ်ပြီး စဉ်းစားတွေးတော ပေးတတ်သည်။ ဒီလောကတွင် သူ့ထက်ကောင်းမွန်သည့်လူ မရှိနိုင်တော့ပေ။
သို့သော်... သူမသည် ရှမြန်၏ စကားလုံးများကိုလည်း မစဉ်းစားဘဲ မနေနိုင်အောင် ဖြစ်သွား၏။
သူမသည် သူ့ကို အမှန်တကယ် ပိုင်ဆိုင်ခဲ့လျှင်ပင် ဘာဖြစ်လာနိုင်ပါမည်နည်း။ ဆရာမများနှင့် အိမ်နီးချင်းများ မဆိုထားနှင့် သူမမိဘများ၏ ပထမဦးဆုံးတုံ့ပြန်မှုကပင်... ဖန့်ရှောင်မန့်ကတော့ နောက်ထပ် လူဆိုးတချို့တွေနဲ့ ထပ်ပြီးတွဲနေပြန်ပြီ ဟူ၍ ဖြစ်လာနိုင်သည်။
သူမသည် အရင်က ဒီကိစ္စများကို ဘယ်တော့ မှဂရုမစိုက်ခဲ့ဘဲ ထိုအကြည့်များက ဒီအတိုင်း အပြစ်ရှာဖွေခြင်းဟုသာ စဉ်းစားခဲ့သည်။
သို့သော်ငြား ဒီအခိုက်အတန့်တွင်တော့ ဒီလူက အထင်လွဲ သံသယဖြစ်ပြီး သူမကြောင့် ဆူဆဲခံရသည်ဟု စဉ်းစားလိုက်သည့်အချိန်တွင် ရုတ်တရက် သူမသည် အမှန်တကယ် မှားယွင်းခဲ့လေသလားလို့ သံသယ ဖြစ်လာတော့၏။
အလွယ်တကူ ထုတ်ပြောနေကြဖြစ်သည့် ဖွင့်ဟဝန်ခံစကားသည် သူမ၏လည်ချောင်းထဲတွင် ရုတ်တရက် တစ်ဆို့သွားပြီး ထွက်မလာတော့ချေ။
ဟန်ဟောက်ရန်က သူမ၏အမူအရာကို ကြည့်လိုက်ကာ စဉ်းစားတွေးတောသည့်ပုံစံဖြင့် မေးလိုက်၏။
"နင် ငါ့ကို ပြောစရာ ရှိသေးလို့လား"
ဖန့်ရှောင်မန့်က ခေါင်းခါပြလိုက်သည်။ ဒီအချိန်တွင် ထိုဖြုန်းတီးခဲ့သည်နှစ်များနှင့် အချိန်များက သူမအတွက် ပြန်အစားထိုး၍ မရနိုင်သည့် နောင်တတစ်ခု ဖြစ်လာသည်ကို ရှင်းရှင်းလင်းလင်း သဘောပေါက်လိုက်လေသည်။
သူမသည် မနေနိုင်တော့ဘဲ ရှမြန်ကို လှမ်းကြည့်မိ၏။ သူက စာကြိုးစားခဲ့ပြီး ခြေလှမ်းတိုင်းကို တည်တည်ငြိမ်ငြိမ် လှမ်းခဲ့တဲ့အတွက် အဲဒီလောက်တောင် တည်ငြိမ်ပြီး ယုံကြည်မှုရှိ နေနိုင်တာများလား။
သူမအတွက်ရော အရမ်းကို နောက်ကျသွားပြီလား။
ရှမြန်သည် ဖန့်ရှောင်မန့် စဉ်းစားနေသည့်အရာကို မသိချေ။ သူမကတော့ ဒီအတိုင်း ပျင်းရိငြီးငွေ့လာပြီး တခြားသူများကို ဆုံးမရသည်ကိုသာ သဘောကျသည်။ သူမသည် ကယ်တင်၍ ရနိုင်သည့် ကလေးတစ်ယောက်ကို ကယ်တင်နိုင်ခဲ့လျှင် မနေနိုင်တော့ဘဲ သူ့ကို ဆုံးမစကား ပြောချင်လာတော့၏။
ယခုတော့ သူတို့၂ယောက်စလုံးက စကားပြောလို့ ပြီးသွားပြီဖြစ်သဖြင့် သူတို့သည် အိမ်ပြန်ဖို့ ပြင်ဆင်ကြတော့သည်။
ကျောက်ချန်က ကျောက်ခဲများကို ရှာဖွေနေလေသည်။ "အဆင်ပြေပါတယ်။ သွားရအောင်။ ရှမြန် နင် ဘယ်လို ဝင်လာတာလဲ"
ဆွန်းယွဲ့ရှင်းက ပြောလိုက်သည်။ "ငါ စစ်ဆေးပြီးပြီ။ ဒီနေရာက အပေါ်တက်ဖို့ လွယ်တယ်။ နင် အဲဒီအပေါ်ကို ခြေထောက်လေး ချလိုက်ရုံပဲ"
ရှမြန်က ခေါင်းခါပြလိုက်၏။ "အုတ်တံတိုင်းပေါ် ကျော်တက်တယ်ဆိုတာ မကောင်းပါဘူး။ ငါက ပင်မတံခါးကနေ ထွက်ချင်တာ"
ကျောက်ချန်က ပြောလိုက်သည်။ "အမှတ်၁၄ အထက်တန်းကျောင်းရဲ့ ဂိတ်တံခါးကို စောင့်ကြပ်နေတဲ့ အဘိုးကြီးက အရမ်းစည်းကမ်း တင်းကြပ်တာလေ။ နင် ဂိတ်တံခါးကို မဖြတ်နိုင်လောက်ဘူး။ စိတ်မပူပါနဲ့။ ဟန်ဟောက်ရန်နဲ့ ငါက နင့်ကို ဖမ်းပေးမှာပါ။ သေချာပေါက် အောက်မပြုတ်ကျစေရဘူး"
လီလီကျန်းကလည်း ပြောလိုက်သည်။ "ဆွန်းယွဲ့ရှင်းနဲ့ ငါက နင့်ကို အောက်ကနေ ထောက်ပံ့ပေးထားမှာပေါ့။ စိတ်မပူပါနဲ့"
ရှမြန်သည် အခွင့်အရေးကို အသုံးချရမည့်အစား အုတ်တံတိုင်းပေါ် ကျော်တက်ချင်နေသည့် ဒီလူများ၏ စိတ်အခြေအနေကို အမှန်ပင် နားမလည်နိုင်တော့ချေ။ သူမက တစ်စုံတစ်ခုကို ပြောမည် ပြင်လိုက်စဉ်မှာပင် ပိန်ပိန်ရှည်ရှည်ကောင်လေးက ဇဝေဇဝါဖြင့် မေးလာသည်ကို ကြားလိုက်ရ၏။ "ဟောက်ကျန်းက ဘာဖြစ်လို့ ဒီကိုရောက်နေတာလဲ"
ဖန့်ရှောင်မန့်က မျက်မှောင်ကြုတ်လိုက်ပြီး ရှေ့သို့ လျှောက်သွားလိုက်သည်။ သူမသည် ဟောက်ကျန်းက လူ၁၂ယောက်ကျော်လောက်ကို ဦးဆောင်လာပြီး သူတို့လူအများစုက တုတ်များကို ကိုင်ထားသည်ကို တွေ့လိုက်ရ၏။ သူမ၏အမူအရာမှာ မသိမသာ ပြောင်းလဲသွားလေသည်။
နားကွင်းနှင့် မိန်းကလေးကလည်း ပြောလိုက်သည်။ "သူတို့ပုံစံက ဘာလို့နည်းနည်းလေး ထူးဆန်းတဲ့ပုံစံ ပေါက်နေတာလဲ"
ရှမြန်က ပြောလိုက်၏။ "ဒါပေါ့ တစ်ခုခုတော့ လွဲနေပြီလေ။ သူတို့တွေ ပြဿနာအကြီးကြီးရှာဖို့ လုပ်နေတာ သိသာတယ်"
သူမက မေးလိုက်သည်။ "နင်တို့ရဲ့ ရှစ်စန်းထိုက်ပေါင်မှာ အဖွဲ့တွေ ကွဲထွက်နေတာလား။ ဒါက ကြိုတင်စီစဉ်ထားတယ်ဆိုတာ သိသာတယ်"
နားကွင်းနှင့်မိန်းကလေးက ဒေါသတကြီး ပြောလိုက်သည်။ "ဟွန့်။ ငွေအကြောင်းကိုပဲ အမြဲတမ်းစဉ်းစားနေတဲ့ အဲ့ဒီငတုံးတွေကို ဟောက်ကျန်းက ဝယ်ထားတာလေ။ သူတို့တွေက အချုပ်ထဲ ရောက်ဖူးတဲ့ကောင်နဲ့မှ တွဲချင်နေကြတာ။ သူတို့တွေက ဒါကိုပဲ မိမိုက်တယ်လို့ ထင်နေကြသေးတာလေ"
ရှမြန်မှာ သူမကို တအံ့သြကြည့်လိုက်၏။
နားကွင်းနှင့်မိန်းကလေးက မေးလိုက်သည်။ "နင်က ဘာကြည့်တာလဲ"
"ဘာမှမဟုတ်ပါဘူး။ နင့်ရဲ့တန်ဖိုးကို ကယ်ဆယ်လို့ ရသေးတယ်လို့ ငါက ထင်မထားခဲ့မိလို့ပါ"
ဖန့်ရှောင်မန့်သည် ရှေ့တွင် ရပ်နေနှင့်ပြီဖြစ်ကာ အိတ်ကပ်ထဲတွင် လက်တစ်ဖက်ထည့်ထားပြီး အသစ်ရောက်လာသည့်သူကို ကြည့်နေလိုက်ပြီးနောက် ရုတ်တရက် သူမသည် အစ်မကြီးတစ်ယောက်၏ အရှိန်အဝါများ ထွက်လာလေ၏။ "ဟောက်ကျန်း နင် ဒီမှာ ဘာလာလုပ်တာလဲ"
ဟောက်ကျန်းက သူ့လက်ထဲက တုတ်ကိုဝှေ့ရမ်းကာ ပြောလိုက်သည်။ "ဒါပေါ့ ငါက အစ်မဖန့်ကို လာပြီးတော့ ကူညီတာလေ။ ကျောက်ချန်နဲ့ တခြားသူတွေက ဒီကိုရောက်နေတယ်လို့ ငါ ကြားထားတယ်။ နင် ဒါကို မကိုင်တွယ်နိုင်မှာ စိုးလို့ပါ"
ဖန့်ရှောင်မန့်က ပြောလိုက်သည်။ "ငါတို့တွေ ဒီမှာ ဒီအတိုင်း စကားပြောကြတာပါ။ ငါတို့တွေ နင့်ကို ဒီနေရာမှာမလိုဘူး"
ဟောက်ကျန်းက ပြောလိုက်သည်။ "အစ်မဖန့် နင်တို့ မိန်းကလေးတွေက နင်တို့လုပ်နေတဲ့ကိစ္စတွေမှာ အရမ်း ပျော့ပြောင်းလွန်းတယ်။ လူတွေက တံတိုင်းကိုတောင် ကျော်တက်လာပြီး နင်တို့တံတိုင်းရှေ့မှာ အနိုင်ကျင့်နေတာလေ။ နင်က စကားပြောချင်နေသေးတာလား"
သူသည် ဟန်ဟောက်ရန်ကို မသတီစရာအကြည့်ဖြင့် ကြည့်လိုက်ပြီး ပြောလိုက်လေသည်။ "အစ်မဖန့် နင်က ယောက်ျားတစ်ယောက်အတွက်နဲ့ ငါတို့ရဲ့ရှစ်စန်းထိုက်ပေါင်ရဲ့ နာမည်ဂုဏ်သတင်းကို ဖျက်ဆီးနေတာပဲ"
ရှမြန်သည် ကျောက်ချန်က ဟန်ဟောက်ရန်အကြောင်းကို ပြောလိုက်သည့်အချိန်တိုင်း မျက်မှောင်ကြုတ်ထားသည့် အကြောင်းအရင်းကို နောက်ဆုံးတော့ နားလည်သွားတော့၏။
ငါ သူ့ကို မတွေ့ရသေးတာ တစ်နှစ်တောင် မရှိသေးပါဘူး။ သူက ပိုပြီးတော့ကို ပျက်စီးလာတာပဲ။ တကယ်လို့ သူသာ ကျောင်းတက်နေတယ်ဆိုတာကို မသိထားဘူးဆိုရင် သူက ဆယ်ကျော်သက်တစ်ယောက် ဖြစ်နေတယ်လို့တောင် ငါ ထင်မိမှာ မဟုတ်ဘူး။ သူ့မျက်လုံးထဲက ရှုပ်ထွေးနောက်ကျိပြီး အဆီတဝင်းဝင်းနဲ့ အကြည့်က လူ့အဖွဲ့အစည်းထဲက လုံးဝကို လူယုတ်မာတစ်ယောက် ပုံပေါက်နေတာပဲ။
သူသည် သူ၏ဘယ်ဘက်လက်တွင် မိန်းကလေးတစ်ယောက်ကို ဖက်ထားလေသည်။ မိန်းကလေးက အနည်းငယ် ပေါ်လွင်သည့် အဝတ်အစားကို ဝတ်ဆင်ထား၏။ ဟောက်ကျန်း၏ လက်က မိန်းကလေး၏ ရင်ဘတ်ပေါ်ကို ဘာတွေဝေခြင်းမှမရှိဘဲ မကြာခဏဆိုသလို ထိကိုင်နေသည်။
ဖန့်ရှောင်မန့်နှင့် တခြားသူများက ရွံရှာစွာဖြင့် မျက်မှောင်ကြုတ်လိုက်၏။
ဖန့်ရှောင်မန့်က ပြောလိုက်သည်။ "ဒီနေ့ ငါက ငါ့ရဲ့ကိုယ်ရေးကိုယ်တာကိစ္စကို ဖြေရှင်းနေတာပါ။ ဒါက နင်နဲ့ ဘာမှမဆိုင်ဘူး။ သွားကြမယ် ငါတို့တွေလည်း ထွက်တော့မှာ"
သူမသည် ပြန်ဖို့ပြင်ဆင်လိုက်သည်တွင် ဟောက်ကျန်းက သူမကို လှမ်းတာလိုက်၏။
သူသည် ဖန့်ရှောင်မန့်ကိုပင် မကြည့်ဘဲ ကျောက်ချန်ကို ပြောလိုက်လေသည်။ "မင်းတို့တွေ သိပ်ပြီး သတ္တိရှိနေကြတာပဲ။ မင်းတို့လို လူနည်းစုလေးနဲ့ အမှတ်၁၄အထက်တန်းကျောင်းကို တိုးဝင်လာရဲတယ်ပေါ့။ ဒါကို ဘယ်လိုနေရာလို့များ မင်းတို့က ထင်နေတာလဲ။ မင်းတို့တွေ စိတ်တိုင်းကျ သွားလာလို့ရတယ်များ မှတ်နေလား"
"ဒီနေ့က နေ့ကောင်းရက်မြတ်တစ်ခုပဲလေ" သူကပြောလိုက်ပြီး သူ့မျက်လုံးထဲတွင် ရက်စက်မှုအပြည့် ဖြစ်သွားလေသည်။ "စာရင်းဟောင်းရော စာရင်းသစ်ရော အတူတူ ရှင်းလိုက်ကြတာပေါ့"
သူ့နောက်က လူမိုက်များသည် ချက်ချင်းဆိုသလို အသံထွက်ကာ အော်ရယ်ကြပြီး သူတို့၏တုတ်များကို ကျယ်ကျယ်လောင်လောင် ဝှေ့ရမ်းလိုက်ကြ၏။
ဟောက်ကျန်း၏ မျက်လုံးများက မြွေတစ်ကောင်၏လျှာလို ရှမြန်ပေါ်တွင် မခွာတန်းရှိနေကာ သူသည် ဆိုးညစ်စွာ ပြုံးလိုက်လေသည်။ "မိန်းကလေးရှ မတွေ့ရတာကြာပြီနော်"
ကျောက်ချန်နှင့် ဟန်ဟောက်ရန်တို့က တစ်ပြိုင်တည်း ရှမြန်ရှေ့တွင် ၀င်ရပ်လိုက်ကြသည်။ ကျောက်ချန်က ပြောလိုက်၏။ "ဟောက်ကျန်း မင်း ရဲစခန်းကို ထပ်သွားချင်နေတာလား"
ဟောက်ကျန်းက ပြုံးကာပြောလိုက်သည်။ "တကယ်လို့ ငါတို့တွေ ဝင်ရမယ်ဆိုရင် အတူတူ ဝင်ကြတာပေါ့။ ငါတို့တွေက ရန်ဖြစ်ကြတဲ့ လူမိုက်တစ်ဖွဲ့ပဲလေ။ ငါ့အထင်တော့ နောက်ဆုံး ဥပဒေက လူတိုင်းကိုလည်း အပြစ်ပေးနိုင်မှာ မဟုတ်ပါဘူး။ ငါတို့တွေ ရက်နည်းနည်းလောက် အတူတူ ပိတ်လှောင်ခံထားလိုက်ကြတာပေါ့"
"ဘာပဲဖြစ်ဖြစ်လေ ငါလည်း အရင်က ရဲစခန်းကို ရောက်ခဲ့ဖူးတာပဲ။ ဒါပေမဲ့ တကယ်လို့ မင်းတို့လို ကောလိပ်ကျောင်းသား ကျောင်းသူတွေက ရာဇဝတ်မှု မှတ်တမ်းတစ်ခု ရှိခဲ့ရင်တော့ ကောလိပ် သွားနိုင်မလားဆိုတာကိုတော့ မသိဘူးပေါ့လေ"
ဝိုး။ နင်က တိုးတက်လာပြီး အခုတော့ ဥပဒေအကြောင်းကိုတောင် လေ့လာရမှန်း သိနေပြီပဲ။
ဟောက်ကျန်းသည် သူတို့ကြောင့် ရောက်လာသည်မှာ သိသာသည်။ သူသည် အစောကြီးကတည်းက ဒါကို ပြင်ဆင်ထားခဲ့ခြင်းဖြစ်မည်။
နွေရာသီအားလပ်ရက်အတွင်းတွင် ကျောင်းက ဂရုမစိုက်သလို သူတို့သည် ရဲများကို ရှောင်ကြဉ်နိုင်သရွေ့ အဆင်ပြေပေလိမ့်မည်။ သို့သော်ငြားလည်း ယခုတော့ သူတို့သည် ကျောင်းကစားကွင်းထဲတွင် ပိတ်မိခံနေရပြီး ရဲကိုခေါ်ဖို့ရန် မလွယ်ကူလှပေ။
ဆွန်းယွဲ့ရှင်းက ဒေါသတကြီးဖြင့် ပြောလိုက်၏။ "ဟောက်ကျန်း ရှမြန်ရဲ့အစ်ကိုက ဒီအတွက် နင်တို့ရဲ့မိသားစုကို အပြစ်တင်မှာ မစိုးရိမ်ဘူးလား"
"နင်သာ မပြောပြဘူးဆိုရင် ငါ ဒါကိုတောင် မေ့သွားတော့မလို့" ဟောက်ကျန်းက ရုတ်တရက် ပြုံးလိုက်ပြီး ကောင်လေးတစ်ချို့ကို လက်ညှိုးထိုးလိုက်ကာ ပြောလိုက်လေသည်။ "မင်းတို့ရဲ့ ဒီဗီနဲ့ ကင်မရာကို ယူလာခဲ့"
သူက ဆွန်းယွဲ့ရှင်း၊ လီလီကျန်းနှင့် ရှမြန်တို့ကို လက်ညှိုးထိုးကာ ပြောလိုက်လေသည်။ "သူတို့တွေကို ငါ့အတွက် အင်္ကျီတွေ ဆွဲချွတ်ပြီးတော့ ဓာတ်ပုံနဲ့ ဗီဒီယိုရိုက်ထားလိုက်"
သူ၏မျက်လုံးများထဲတွင် ရမ္မက်များဖြင့် ပြည့်နှက်နေပြီး သူသည် မိန်းကလေးများကို မသတီစရာ ပြုံးပြလေသည်။ "ရှမြန် တကယ်လို့ နင် နင့်အစ်ကိုကို သွားပြောရဲတယ်ဆိုရင် ငါကလည်း လမ်းတကာမှာ နင့်ရဲ့ဓာတ်ပုံတွေကို သွားကပ်လိုက်ရုံပဲ။ ပြီးတော့ ဗီဒီယိုခန်းမထဲမှာ ဗီဒီယိုတိတ်ခွေတွေကို ပြသထားလိုက်မယ်"
"တစ်ယောက်မှ အသက်မရှင်ကြနဲ့ပေါ့လေ"
တော်တော်လေး စဉ်းစားထားတာပဲ။
...