အခန်း (၁၇၁)
Vol. 12 Ch. 171
ဖန့်ရှောင်မန့်နှင့် တခြားသူများ၏မျက်နှာကလည်း ပြောင်းလဲသွားသည်။ သူတို့သည် ဟောက်ကျန်းက ထိုမျှလောက်ယုတ်မာလိမ့်မည်ဟု လုံးဝထင်မထားကြချေ။
"ဟောက်ကျန်း နင် လုပ်ရဲလို့လား" ဖန့်ရှောင်မန့်သည် ရှမြန်နှင့် တခြားသူများရှေ့တွင် ရပ်လိုက်ပြီး ဒေါသထွက်ထွက်ဖြင့် အော်ဟစ်လိုက်၏။
ဟောက်ကျန်းက အထင်သေးသလို ရယ်မောလိုက်ပြီး "ဖန့်ရှောင်မန့် ငါက နင့်ကို အစ်မဖန့်လို့ ခေါ်လိုက်တာနဲ့ နင့်ဟာနင် သိပ်ဟုတ်လှပြီလို့ ထင်နေတာလား။ ငါတို့ရဲ့ ရှစ်စန်းထိုက်ပေါင်က တကယ်တမ်း ဘာလိုချင်တယ်ဆိုတာကို ပြောပြဖို့နင့်အလှည့်မရောက်သေးပါဘူး"
ဒီအချိန်တွင် သူက ဟန်ဟောက်ရန်ကို လှမ်းကြည့်လိုက်ပြီး ဆိုးညစ်သည့်အပြုံးတစ်ခုဖြင့် ပြောလိုက်သည်။ "နင်က အဲဒီကောင်ချောလေးကို သဘောကျတာ မဟုတ်လား။ သူ့ကို နင့်အပေါ် ကောင်းကောင်းဆက်ဆံ ခိုင်းလိုက်စမ်းပါ"
"တကယ်လို့ သူက နင်နဲ့အတူတူ မနေချင်ဘူးဆိုရင် ဒီမိန်းကလေးတွေရဲ့ဓာတ်ပုံကို ဝေလိုက်၊ သူ နင့်စကား နာခံမလားဆိုတာကို ကြည့်လိုက်ပေါ့"
"သူတို့တွေကို ကြားဖြတ်ပြီး လိုက်လံပိုးပန်းပြီး ဒီလိုဒုက္ခမျိုးတွေကို လုပ်စရာလိုလို့လား"
ဟောက်ကျန်းက ခေါင်းခါလိုက်ကာ "ဒါကြောင့်မို့လို့ မိန်းမတွေက လုံးဝကို အရည်အချင်းမရှိဘူးလို့ ပြောတာပေါ့။ သူတို့တွေက အမြဲတမ်း မပြတ်မသားနဲ့။ ဟိုဟာကို စိတ်ပူလိုက်။ ဒီဟာကို စိတ်ပူလိုက် အမြဲတမ်း ဖြစ်နေတာပဲ။ ရှစ်စန်းထိုက်ပေါင်ရဲ့ နာမည်ဂုဏ်သတင်းကို ဆွဲချနေတာက နင်"
ဖန့်ရှောင်မန့်သည် ဒေါသထွက်လွန်းသဖြင့် သူမ၏မျက်နှာမှာ ညိုမည်းသွားတော့သည်။ "ဟောက်ကျန်း လူတိုင်းက နင့်လို့ ရွံစရာကောင်းတယ်လို့များ ထင်နေတာလား။ ဒီနေရာကနေ ထွက်သွားစမ်း"
ဟောက်ကျန်းက "ဖွီ"ဟုပြောလိုက်ပြီး မဲရွဲ့ကာ ပြောလိုက်လေသည်။ "နင် ငါ့အပေါ် ယဉ်ကျေးတာ ကောင်းမယ်လို့ ငါအကြံပေးလိုက်မယ်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါ နင့်ကိုလည်း ရှင်းထုတ်ပစ်ရလိမ့်မယ်နော်။ အစ်မကြီးတစ်ယောက် ဖြစ်နေတော့ရော ဘာအရေးလဲ။ ငါတို့ရဲ့ မိန်းမတစ်ယောက် လုပ်တာကလည်း ကောင်းပါတယ်။ အချိန်တန်လာတဲ့အခါ နင်အခုလိုပဲ မောက်မာနိုင်ဦးမလား ကြည့်ရသေးတာပေါ့"
ငါ့@#$%
ကျောက်ချန်သည် ထိုစကားကို ကြားလိုက်ရပြီးနောက် ရွံရှာသွားတော့သည်။ "ဟောက်ကျန်း မင်းက တကယ့်ကို တိရစ္ဆာန်ကောင်ပဲ"
ဟောက်ကျန်းက ချီးကျူးခံလိုက်ရသလို ရယ်မောလိုက်၏။ "ဒါက တိရစ္ဆာန်ကောင်တဲ့လား။ မင်းတို့ ကျောင်းသားကောင်းလေးတွေကတော့ ဒီလောကကို ဘယ်တော့မှ မြင်ခဲ့ဖူးမှာ မဟုတ်ဘူး။ ငါ မင်းကို မှန်ကန်တဲ့နည်းလမ်းတစ်ခုကို ပြပေးရမှာပေါ့"
သူ၏အဆိပ်ပြင်းပြင်း ရမ္မက်များနှင့် မျက်လုံးများက ဒီနေရာတွင် ရှိနေသည့်မိန်းကလေးများကို ဝေ့ကြည့်လိုက်ပြီး နောက်ဆုံးတော့ ခပ်တိုးတိုးရယ်သံတစ်ခုဖြင့် ရှမြန်ဆီတွင် ရပ်တန့်သွားသည်။
"မိန်းကလေးရှ မင်းရောဘယ်လိုထင်လဲ။ မင်းရော သူတို့တွေကို လောကသစ်တစ်ခုကို ပြသဖို့ လုံးဝ စိတ်မရှည်အောင် ဖြစ်နေပြီလား"
"ခြိမ်းခြောက်ငွေညှစ်တယ်။ မဖွယ်မရာ နည်းလမ်းတွေနဲ့ ကိုယ်ထိလက်ရောက်ကျူးလွန်ဖို့ ကြိုးစားခဲ့တယ်" ရှမြန်က သူမ၏ခေါင်းကိုငုံ့ကာ သူမ၏စကပ်အနားကို သပ်ရပ်အောင် တည်တည်ငြိမ်ငြိမ် ချိန်ညှိလိုက်ပြီး ခြေမျက်စိအရှည်ရှိသည့်စကပ်ကို ဆွဲမလိုက်ပြီး သူမပေါင်၏ အပြင်ဘက်တွင် အထုံးတစ်ခု ထုံးထားလိုက်ပြီးနောက် သူမ၏သွယ်လျရှည်လျားသည့် ခြေတံတစ်စုံကို လှစ်ပြလိုက်လေသည်။
လှုပ်ရှားသွားလာရ လွယ်ကူအောင် သေချာလုပ်လိုက်ပြီးမှ သူမက ထိုအမှိုက်ကို မော့ကြည့်လိုက်၏။
"ဟောက်ကျန်း ငါ နင့်ကိုမတွေ့တာ နှစ်ဝက်လောက်ပဲ ရှိပါသေးတယ်။ နင်က ဘယ်လိုလုပ်ပြီးတော့ ပိုပြီးအသုံးမကျတဲ့သူ ဖြစ်လာတာလဲ"
ဟောက်ကျန်း၏ မျက်လုံးများသည် ရှမြန်၏ပေါင်တံပေါ်တွင် မခွာတမ်း ရှိနေသယောင်။ သူက သူ့နှုတ်ခမ်းကို လျှာဖြင့်သပ်လိုက်ပြီး သူ၏ခန္ဓာကိုယ်အောက်ပိုင်းကို ငုံ့ကြည့်လိုက်ကာ အဓိပ္ပာယ်ပါပါဖြင့် ပြောလိုက်လေသည်။ "ငါ တတ်နိုင်လား မတတ်နိုင်လား ဆိုတာကို နင် ခဏနေ စမ်းကြည့်ရင်သိမှာပေါ့"
ဘေးက လူမိုက်များကလည်း အကြောင်းသိပါတယ် ဟူသည့်ပုံစံဖြင့် ရယ်မောကြသည်။
ဆွန်းယွဲ့ရှင်းနှင့် တခြားသူများသည် အလွန် ဒေါသထွက်သွားကြပြီး သူတို့၏မျက်နှာမှာ နီရဲသွားကြလေသည်။ ကျောက်ချန်နှင့် ဟန်ဟောက်ရန်တို့ကလည်း လက်သီးများကို တင်းနေအောင် ဆုပ်ထားကြ၏။
ရှမြန်၏မျက်လုံးများက မသိမသာ ကျဥ်းမြောင်းသွား၏။
ဟောက်ကျန်းက သူ ပွေ့ဖက်ထားသည့် မိန်းကလေးကို တွန်းထုတ်လိုက်ပြီး ရွံရှာစရာကောင်းသည့်ပုံစံဖြင့် ပြုံးပြလိုက်သည်။ "ဒီနေ့ နင် အသံသွင်းထားစရာ မလိုပါဘူး။ ငါတို့မှာ ဒီဗီနဲ့ ကင်မရာတစ်လုံး ပြင်ဆင်လာခဲ့ပြီးပြီ။ ငါတို့တွေ ဗီဒီယိုလည်း ရိုက်ကူးထားလို့ရသလို ဓာတ်ပုံလည်း ရိုက်ကူးထားလို့ရတယ်။ နင်လိုချင်တဲ့အရာတိုင်းကို ငါ လုပ်ပေးမယ်"
"နင့်ကို အရင်ဆုံး ရိုက်ကူးကြတာပေါ့။ ပြီးရင် ငါတို့တွေက ငါတို့လိုချင်တဲ့ပုံစံအတိုင်း အများကြီး ရိုက်ကူးလို့ရတယ်လေ" ထို့နောက်တွင်တော့ သူက သူ့နောက်ကလူများကို ပြောလိုက်၏။ "တက်ကြ"
သူက ယှဉ်ပြိုင်လို့မရနိုင်သည့် ရန်သူတစ်ယောက်ကို ရင်ဆိုင်ရသည့်နှယ် အချင်းချင်း ကြည့်နေကြသည့် ကျောက်ချန်နှင့် ဟန်ဟောက်ရန်ကို ရယ်မောလိုက်၏။ "ငါ ဒီကျောင်းသားကောင်းလေး၂ယောက်ကို နောက်မှပဲ ဖိနှိပ်ပြီးတော့ သူတို့ကို အလင်းဖွင့်ပေးရမယ်"
"ငါက ဒီစကပ်နဲ့မိန်းကလေးကို တာဝန်ယူလိုက်မယ်။ မင်းတို့ကောင်တွေကတော့ တခြား မင်းတို့လိုချင်တဲ့ မိန်းကလေးကို တာဝန်ယူလိုက်ကြ"
သူ့နောက်သို့ လိုက်ပါကြသည့် ထိုသူများသည် အချင်းချင်း အကြံတူဉာဏ်တူကြသည့်လူများ ဖြစ်သည်မှာ သိသာသည်။ သူတို့အများစုသည် လူ့အသိုင်းအဝိုင်းထဲတွင် အချိန်အကြာကြီး ရှိလာခဲ့သည့် လူမိုက်များ ဖြစ်ကြ၏။ သူပြောလိုက်သည့်စကားကို ကြားလိုက်သည့်အခါ သူတို့သည် လက်ထဲက တုတ်များနှင့် အရှိန်အဟုန်ဖြင့် ရှေ့သို့ ပြေးတက်လာကြတော့၏။
"ဟားဟားဟား နောက်ထပ် ကျောင်းသူလေးတစ်ယောက်ပေါ့"
"ကျောင်းသူလေးတွေက တကယ်မိမိုက်တာပဲ"
"သူ အော်လိုက်တဲ့အချိန်ဆိုရင်တော့ အရမ်း စိတ်လှုပ်ရှားစရာ ကောင်းမှာပဲ..."
တစ်ချိန်တည်းတွင် မကြားဝံ့မနာသာစကား အများကြီး ထွက်လာသဖြင့် ဆွန်းယွဲ့ရှင်းနှင့် တခြားသူများမှာ ဒေါသကြောင့် တုန်ယင်သွားကြတော့သည်။
သူတို့က တရားလွန်လာသည်ကို တွေ့လိုက်ရသဖြင့် ဖန့်ရှောင်မန့်သည် အများကြီး စဉ်းစားဖို့ စိတ်ရှုပ်ခံမနေတော့ဘဲ လူများကိုခေါ်ကာ ကူညီပေးဖို့ ရှေ့တတ်လိုက်တော့သည်။
ဟောက်ကျန်းကလည်း ဒီတစ်ချိန်တွင် ပြင်ဆင်မှုများ လုံလုံလောက်လောက် ပြုလုပ်လာခဲ့သည်မှာ သိသာသည်။ သူသည် သူတို့ထက် လူအရေအတွက် ၂ဆရှိနေသည့်အပြင် သူတို့တစ်ယောက်ချင်းစီကလည်း လက်နက်တစ်ခုစီ ကိုင်ဆောင်ထားကြသည်။
ဟန်ဟောက်ရန်က အရင်ဆုံး အရှိန်ဖြင့် ရှေ့သို့ပြေးဝင်သွား၏။ သူ့လက်မောင်းကို ရိုက်ခံလိုက်ရပြီး တုတ်တစ်ချောင်းကို လုယူလိုက်ကာ သူတို့ကို ခိုင်ခိုင်မာမာ ပိတ်ဆို့ထားပြီးနောက် ရှမြန်၊ ဆွန်းယွဲ့ရှင်းနှင့် တခြားသူများကို လှမ်းပြောလိုက်၏။ "နင်တို့ အရင်သွားကြ။ တံတိုင်းကနေ ကျော်ထွက်သွားကြ"
ဆွန်းယွဲ့ရှင်းက သူမ၏ခေါင်းကိုလှည့်ကာ အနောက်ဘက်က နံရံကို ကြည့်လိုက်သည်။ "သူတို့တွေ အဲဒီမှာ စောင့်နေကြတယ်။ ငါတို့တွေ ထွက်သွားလို့မရဘူး"
ကျောက်ချန်က ပြောလိုက်သည်။ "ဒါဆိုရင် ထောင့်ဘက်ကို ပြန်ဆုတ်"
သူ့စကား ဆုံးသွားသည်နှင့်ချက်ချင်း လီလီကျန်း၏မျက်နှာက ပြောင်းလဲသွားသည်။ "သူတို့တွေ အနောက်ဘက်မှာလည်း ဝိုင်းထားကြတယ်"
ဟောက်ကျန်း၏နည်းလမ်းသည် ပိုလို့ပင် အောက်တန်းကျလာလေသည်။ သို့သော်ငြားလည်း သူသည် သူ့လှုပ်ရှားမှုတွင်တော့ ပိုပြီးသတိရှိလာလေ၏။ သူတို့က နံရံကိုကျော်ပြီး ထွက်မပြေးသွားစေရန် သူသည်အနောက်မှနေ၍ သူတို့ကို တိုက်ရိုက်ဝိုင်းရန်ထားကာ သူတို့ကို ကစားကွင်း၏အလယ်သို့ ရောက်လာအောင် တွန်းပို့လာခဲ့သည်။ သို့မှသာ သူသည် သူတို့ကိုဘက်ပေါင်းစုံမှ တိုက်ခိုက်နိုင်လိမ့်ပေမည်။
ကျောက်ချန်၊ ဟန်ဟောက်ရန်နှင့် ဖန့်ရှောင်မန့် ခေါ်လာခဲ့သည့် ကောင်လေး၄ယောက်သည် သူတို့ကို ကာကွယ်ပေးဖို့ရန်အတွက် ဒီအတိုင်းပင် မတတ်နိုင်တော့ပေ။
သေချာပါသည်။ သူတို့သည် အဖက်ဖက်မှ ထောက်ပံ့ပေးမည့် နေရာမရှိတော့သည်အထိ ရောက်ရှိလာကြသည့်အချိန်တွင် လူတချို့က စိတ်မရှည်တော့ဘဲ ရှေ့သို့ ပြေးဝင်လာကြ၏။
ဒီလူများသည် မိန်းကလေးများအပေါ် သနားညှာတာမှုမရှိသည်မှာ လုံးဝသိသာသည်။ ဆွန်းယွဲ့ရှင်းကို သူတို့၏တုတ်ဖြင့် ဒီအတိုင်း ဝှေ့ရမ်းလိုက်၏။
ဆွန်းယွဲ့ရှင်းက အမှတ်တမဲ့ သူမ၏ခေါင်းကို ကာထားလိုက်ကာ ကျောကို ကုန်းထားလိုက်ပြီး အရိုက်ခံဖို့အသင့် ဖြစ်နေသည်...
ရုတ်တရက် ခြေထောက်တစ်ဖက်က ဘေးမှနေ၍ ဆန့်ထွက်လာပြီး ထိုလူမိုက်ကို ကန်ထုတ်ပစ်လိုက်ကာ သူ၏လမ်းကြောင်းမှနေ၍ နောက်ပြန်လှန်ကျသွားတော့သည်။
ဖန့်ရှောင်မန့်ပင်။ အမှတ်၁၄အထက်တန်းကျောင်း၏ ရှစ်စန်းထိုက်ပေါင်၏ အစ်မကြီးအနေဖြင့် သူမသည် တော်တော်လေး အရည်အချင်းရှိလှပေ၏။ ထိုလူကို ကန်ထုတ်လိုက်ပြီးသည့်နောက်တွင် သူမက ရှေ့သို့အရှိန်ဖြင့် ဝင်သွားကာ ထိုလူ၏လက်ထဲက သစ်သားတုတ်ကို မမျှော်လင့်ဘဲ ဆွဲလုလိုက်သည်။
ဆွန်းယွဲ့ရှင်းကလည်း နောက်က လိုက်ပါလာပြီး လက်နက်တစ်ခုကို အရင်ဆုံးဖမ်းယူဖို့ ပြင်ဆင်လိုက်သည်။ နားကွင်းနှင့်မိန်းကလေးနှင့် ပိုနီတေးလ်စည်းထားသည့် မိန်းကလေးတို့က ကူညီဖို့ရန်ရောက်လာခဲ့ပြီး အခြေအနေက ခဏလောက် မတိုးသာမဆုတ်သာ အခြေအနေဖြစ်သွား၏။
ရှမြန်က လှုပ်ရှားတော့မည်ဆဲဆဲတွင် လီလီကျန်းက သူမကို ပြန်ဆွဲထားလိုက်သည်။ သူမက ရှမြန်၏ လက်မောင်းကို တင်းနေအောင် ကိုင်ထားလိုက်ပြီး အော်ပြောလိုက်၏။ "ရှမြန် နင် ဘာလုပ်မလို့လဲ"
"ဟောက်ကျန်းက နင့်ကို တမင် ပစ်မှတ်ထားနေတာ။ ဒီအတိုင်း အလယ်မှာပဲနေ မလှုပ်နဲ့"
ဟန်ဟောက်ရန်ကလည်း အလုပ်များနေသည့်ကြားက လှမ်းအော်လိုက်သည်။ "အလယ်မှာရပ်နေ အဆင်ပြေတယ်။ သူတို့တွေ နင့်ကို လုံးဝထိနိုင်မှာ မဟုတ်ဘူး"
ရှမြန်က တင်းနေအောင် ဆွဲခံထားရသည့် သူမ၏လက်ကို ကြည့်လိုက်ပြီး တစ်ချိန်တည်းတွင် ရယ်ချင်သွားသလို ရင်ထဲထိသွားလေသည်။ သူမက ခုနတုန်းက ပြေးထွက်သွားဖို့ရန် ပြင်လိုက်၏။ သို့သော်ငြားလည်း လီလီကျန်း၏ ပြန်ဆွဲထားခြင်းကို ခံလိုက်ရသည်။ ဒါသည် ဒီကောင်မလေးက မည်မျှအားသုံးထားသည်ကိုပင် မြင်နိုင်ပေသည်။
သူတို့သည် အနည်းငယ် တုန်ယင်နေသည်ကိုပင် ခံစားနေရ၏။ ဒီလိုကြောက်စရာကောင်းသည့် အခြေအနေမျိုးကို ရင်ဆိုင်တွေ့ကြုံရသည်မှာလည်း သူတို့အတွက် ပထမဦးဆုံးအကြိမ် ဖြစ်သည်။ သူတို့သည် မကြောက်လန့်ဘဲ အဘယ်မှာ ရှိပါမည်နည်း။ အကယ်၍ သူတို့သည် ထွက်မပြေးနိုင်ခဲ့လျှင် ဒီမိန်းကလေးများသည် သူတို့တွင် ဖြစ်ပျက်လာမည့်အခြေအနေများကို ကြောက်ရွံ့ကြပေလိမ့်မည်။
ရှမြန်က သူမ၏လက်ကို ပုတ်ပေးလိုက်ပြီး လက်ကိုဆန့်ကာ သူမကို ပွေ့ဖက်ပေးလိုက်ပြီးနောက် သူမ၏ကျောပြင်ကို ပုတ်ကာပြောပေးလိုက်၏။ "စိတ်လျှော့ထားပါ။ အဆင်ပြေပါတယ် မကြောက်နဲ့"
ဟောက်ကျန်းသည် ရှမြန်နှင့် လီလီကျန်းတို့က အချင်းချင်း ပွေ့ဖက်ထားပြီး တုန်ယင်နေသည်ကို တွေ့လိုက်ရသဖြင့် သူသည် ချက်ချင်းဆိုသလို ဝမ်းသာသွားလေသည်။ "မိန်းကလေးရှ မင်း ရုန်းကန်နေတာတွေ ရပ်လိုက်တာ ပိုကောင်းမယ်။ မင်း ထွက်ပြေးလို့လည်း မရတော့ပါဘူး။ တကယ်လို့ မင်း လိမ်လိမ်မာမာနဲ့ ထွက်လာမယ်ဆိုရင် မင်းရဲ့သူငယ်ချင်းတွေက နံရိုးနည်းနည်းပါးပါး ကျိုးတာလောက်ပဲ ရှိမှာပေါ့"
ရှမြန်သည် ရုတ်တရက် ကိုယ်ကိုလှည့်ကာ ၁၀မီတာအကွာတွင်ရှိသည့် သူ့ကို လှမ်းကြည့်လိုက်ပြီး အထင်သေးသည့် သရော်လှောင်ပြောင်ဟန်တစ်ခုကို ထုတ်ပြလိုက်သည်။ "နင် ကိုယ့်ဟာကိုယ်ပဲ စိုးရိမ်တာ ပိုကောင်းမယ်။ သူတို့တွေက ဒီနေ့ သေချာပေါက် အဆင်ပြေနေမှာပဲ"
"ဒါပေမဲ့ ဒီနေ့ နင့်ဆီမှာ ဘာဖြစ်လာမယ်ဆိုတာကိုတော့ ငါ ပြောပြလို့မရဘူး။ ငါ လုံးဝ ထွက်ပြေးမှာ မဟုတ်ဘူး။ နင် ငါ့ကိုဖမ်းနိုင်တဲ့ အရည်အချင်း ရှိ မရှိဆိုတာ ငါ သိချင်သေးတယ်"
"လေကြီးလိုက်တာ" ဟောက်ကျန်းသည် သူမ၏အမှိုက်တစ်စကို ကြည့်နေသည့်အကြည့်ကြောင့် ဒေါသထွက်သွားပြီး ချက်ခြင်းဆိုသလို လက်ထဲက သံတုတ်ဖြင့် ရှေ့သို့လျှောက်လာခဲ့၏။ "ငါကတော့ နင့်လျှာရဲ့သဘောထားကို ကြိုက်သွားပြီ။ နင် အဆုံးအထိ မာထန်နေမှ ဖြစ်မယ်နော်"
ရှမြန်က ဆွန်းယွဲ့ရှင်း၊ ကျောက်ချန်းနှင့် တစ်ခြားသူများကို ပြောလိုက်၏။ "အနောက်ဘက်ကို ခဏလောက် စောင့်ကြည့်ထားကြ။ သူတို့တွေတစ်ယောက်မှ ထွက်မပြေးသွားစေနဲ့"
"အထူးသဖြင့် ဒီဗီနဲ့ ကင်မရာ ယူလာတဲ့ ၂ယောက်ကို စောင့်ကြည့်ထား။ သူတို့တွေက ဟောက်ကျန်းကို ရဲစခန်းပို့မဲ့ အရေးကြီးတဲ့သက်သေတွေပဲ"
ကျောက်ချန်က လူမိုက်တစ်ယောက်ကို ကန်ကျောက်လိုက်ကာ ပြောလိုက်သည်။ "ရှမြန် နင် အရမ်းကြောက်လန့်သွားလို့ ကိုယ့်ဟာကိုယ် ရှင်းပြဖို့တောင် မတတ်တော့တာလား။ ငါတို့တွေ ထွက်ပြေးမှာကို တားနေတာ သူတို့လေ။ ငါတို့ မဟုတ်ဘူး"
"နောက်ပြီးတော့ အခုအချိန်မှာ တရားဝင်သက်သေတွေ အကြောင်းကို စိုးရိမ်မနေပါနဲ့။ နင့်ဟာနင်သာ ကာကွယ်ပါဦး" သူက အလောတကြီး စကားအများကြီး ပြောလိုက်ပြီးနောက် ဘာတစ်ခုကိုမှ ဂရုမစိုက်နိုင်တော့ပေ။
"ခဏနေ ငါ ပြောတဲ့အတိုင်းသာလုပ်ပါ" ရှမြန်က တဖြည်းဖြည်း ချဥ်းကပ်လာသည့် ဟောက်ကျန်းကို ကြည့်လိုက်ပြီး လီလီကျန်းနှင့် ဆွန်းယွဲ့ရှင်းကို လက်၂ဖက်ဖြင့် ပုတ်ပေးလိုက်ပြီးနောက် အပြုံးဖြင့် ပြောလိုက်သည်။ "နင်တို့တွေ တစ်နှစ်ကျော်လုံးလုံး ငါ့ကို ကာကွယ်ပေးလာခဲ့ပြီးပြီပဲ။ အခု နင်တို့ကို ကာကွယ်ပေးရမဲ့ ငါ့အလှည့် ရောက်လာပြီ"
ကျောက်ချန်နှင့် ဆွန်းယွဲ့ရှင်တို့က သူမပြောသည့်အဓိပ္ပာယ်ကို သဘောမပေါက်နိုင်သေးခင်မှာပင် ရှမြန်က ရုတ်တရက် ရှေ့သို့ ခြေလှမ်းအနည်းငယ် တက်သွားပြီး စက်ဝိုင်းအနေအထားဖြင့် ပြေးဝင်သွားသည်ကို မြင်လိုက်ရလေသည်။
"ရှမြန်" ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ ၂ယောက်စလုံးက တပြိုင်တည်း အော်လိုက်ကြသည်။
ကျောက်ချန်ကလည်း စိုးရိမ်လာ၏။ "ဒီအစ်မကြီးက..."
ရှမြန်သည် ရုတ်တရက် သူမ၏ခန္ဓာကိုယ်ကို နှိမ့်ထားလိုက်ပြီး အရှိန်ဖြင့် ပြေးဝင်လာသည့် လူမိုက်တစ်ယောက်၏ ဝမ်းဗိုက်ကို လက်သီးဖြင့် ပစ်ထိုးလိုက်၏။ လူမိုက်မှာ သူမ၏လက်သီးကြောင့် ကုန်းကွသွားပြီး သူ့လက်ထဲက တုတ်ချောင်းကလည်း အမှတ်တမဲ့ သတိလက်လွတ် ပြုတ်ကျသွားသည်။ ရှမြန်က တုတ်ကို တိတိကျကျ ဖမ်းဆွဲလိုက်ပြီး ကိုယ်ကိုလှည့်ကာ ဆွန်းယွဲ့ရှင်းဘက်သို့ လှမ်းပေးလိုက်ပြီးနောက် သူမကို ထပ်ပြီးသတိပေးလိုက်၏။ "ကိုယ့်ဟာကိုယ် ကာကွယ်ထားနော်။ ခဏနေကျရင် သူတို့ကို ထွက်မပြေးအောင် သေချာလုပ်ထား"
"အင်း အင်း" ဆွန်းယွဲ့ရှင်းက အူကြောင်ကြောင်ဖြင့် တုတ်ကို လှမ်းယူလိုက်ပြီး ရှမြန်က ထိုသို့တစ်ပုံစံတည်း လုပ်နေသည်ကို လီလီကျန်းနှင့် တခြားသူများနှင့်အတူ ကြည့်နေလိုက်သည်။ တစ်မိနစ်နှင့် မပြည့်သေးခင်မှာပင် သူမသည် သစ်သားတုတ်နှင့် သံတုတ် ၄၊ ၅ချောင်းကို ဖမ်းယူထားပြီးဖြစ်ကာ သူတို့ဆီသို့ ပစ်ပေးလာလေသည်။ "တကယ်လို့ နင်တို့မှာ အားရှိတယ်ဆိုရင် သူတို့ကို ဒီအတိုင်း ရိုက်ပစ်လိုက်လို့ရတယ်" လူမိုက်တစ်ယောက်ကို ဖြေရှင်းဖို့ရန်အတွက် တိုက်ကွက်တစ်ကွက်သာ လိုအပ်ခဲ့ပြီး တခြားမလိုအပ်သည့် လှုပ်ရှားမှုများ မရှိခဲ့ချေ။
မကြာမီတွင် ပစ္စည်းအများအပြားက သူတို့ရှေ့တွင် ကျရောက်လာခဲ့လေသည်။
နားကွင်းနှင့် မိန်းကလေးက သစ်သားတုတ်ကို မြှောက်ထားပြီး လူမိုက်များက အရှိန်ဖြင့် ပြေးဝင်လာမှာကို ကာကွယ်ရင်း ပါဝါကိုထုတ်ပြနေသည့်ရှမြန်ကို အူကြောင်ကြောင်လေးဖြင့် ငေးကြည့်နေမိကာ ရေရွတ်လိုက်လေသည်။ "အိုးမိုင်ဂေါ့။ ငါတို့တွေ ခုနတုန်းက အဲ့လိုမလုပ်ခဲ့မိတာ တော်ပါသေးရဲ့"
ဖန့်ရှောင်မန့်က ထလာဖို့ရန်ကြိုးစားနေသည့် လူမိုက်တစ်ယောက်ကို တုတ်တစ်ချောင်းဖြင့် ရိုက်ချလိုက်လေသည်။ သူမသည် အမြဲတမ်း သူမ၏အရည်အချင်းပေါ်တွင် ယုံကြည်မှုရှိထားခဲ့သည်။ သို့သော်ငြားလည်း ရှမြန်၏ကျောပြင်ကို ကြည့်လိုက်ပြီး သူမမှာ မယုံကြည်နိုင်စွာဖြင့် မေးလိုက်၏။
"သူက ဘယ်လိုသိုင်းပညာမျိုး သင်ထားခဲ့တာလဲ"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့ကလည်း တပြိုင်တည်း ပီတိဖြာသွားသည့် မျက်နှာများ ဖြစ်သွားကြသည်။
ဆွန်းယွဲ့ရှင်းက မှင်သေသေဖြင့် ပြောလိုက်၏။ "သူပြောတော့ အကြမ်းဖက်ရတာ မကြိုက်ဘူးဆို"
လီလီကျန်းကလည်း တုံဏှိဘာဝေ ခေါင်းညိတ်ပြလိုက်သည်။ "သူက လူတွေကို ကျိုးကြောင်းပြပြီး နားချရတာ ကြိုက်တာဆို"
ကျောက်ချန်က ပြောသည်။ "ဒါက တကယ်တမ်းကျတော့ ငါ့အိမ်မက်ပဲဟ"
လူမိုက်များသည် ဒဏ်ရာရသွားကြပြီး သူတို့၏လက်ထဲက လက်နက်များကလည်း ပျောက်ဆုံးသွားခဲ့သည်။ ထို့ကြောင့် သူတို့အပေါ်တွင်ဖိအားက ရုတ်တရက် လျော့ကျသွားခဲ့၏။ တချိန်လုံး ကြိုးကြိုးစားစား အလုပ်လုပ်နေသည့် ဟန်ဟောင်ရန်သည် နောက်ဆုံးတော့ အခြေအနေကို အကဲခတ်ဖို့ရန် အင်အားရလာခဲ့သည်။
သူက ချက်ချင်း အလန့်တကြားဖြစ်သွား၏။ "အိုးမိုင်ဂေါ့ ဘာဖြစ်သွားတာလဲ" သူက အထိတ်တလန့်ဖြင့် ပြောလိုက်သည်။ "ရှမြန်က ဘာဖြစ်လို့ အလောတကြီး ပြေးထွက်သွားတာလဲ..."
ရှမြန်က အန္တရာယ်ထဲ ကျရောက်သွားသည့်အခြေအနေတွင် သူ၏ပထမဦးဆုံးတုံ့ပြန်မှုမှာ သူမနောက် အလျင်အမြန် လိုက်ပြေးသွားဖို့ရန် ဖြစ်လေသည်။
ရလဒ်အနေဖြင့် အကြမ်းဖက်ရသည်ကို မကြိုက်ဘူးဟု ပြောနေတတ်သည့် နတ်သမီးလေးသည် ပေါင်၂၀၀နီးပါး ရှိသည့် အရပ်မြင့်မြင့် သန်မာထွားကြိုင်းသည့် လူမိုက်တစ်ယောက်နှင့် ရင်ဆိုင်နေလေသည်။ သူမက ရှေ့သို့၂လှမ်းတက်သွားကာ တစ်ဖက်လူ၏ဒူးပေါ် တက်နင်းလိုက်ပြီး အပေါ်သို့ ခုန်တက်လိုက်ပြီးနောက် သူမ၏ဒူးနှင့် ချိုင်းကြားအောက်က နံရိုးကို ရိုက်ချလိုက်၏။
လူမိုက်ကြီးမှာ ငယ်သံပါအောင် အော်ဟစ်ရင်း မြေကြီးပေါ်သို့ လဲကျသွားသည်။ သူ့ပတ်ဝန်းကျင်က လူများကလည်း မနေနိုင်ဘဲ တွန့်ဆုတ်သွားကြတော့၏။
"ဘာ...ဘာဖြစ်နေတာလဲ" ဟန်ဟောက်ရန်ကလည်း အနည်းငယ် မသဲမကွဲဖြစ်သွားပြီး ကျောက်ချန်ကဲ့သို့ပင် တူညီသည့်သံသယများ ဖြစ်လာခဲ့၏။
သို့သော်ငြားလည်း ဒီသံသယသည် ရှေ့သို့တက်လာကြသည့် လူမိုက်များကြောင့် မြန်မြန်ဆန်ဆန် ပျောက်ကွယ်သွား၏။ ဒါသည်အရိုက်ခံရလျှင် တော်တော်လေးကို နာကျင်နိုင်သေးသည်။
ဟောက်ကျန်းသည် ရှမြန်က လက်နက်တစ်ခုကို ဖမ်းဆွဲဖို့ ကြိုးစားလိုက်သည့်အချိန်တွင် ရှေ့သို့တက်လာဖို့ရန် ရပ်တန့်လိုက်၏။ ယခုတော့ သူ၏အသန်မာဆုံး သက်တော်စောင့်က လဲကျသွားသည်ကို မြင်လိုက်ရသည့်အခါ သူသည် အမှတ်တမဲ့နောက်သို့ တစ်လှမ်း ဆုတ်သွားမိလေသည်။
ရှမြန်က သူ့ကို ပြုံးပြလိုက်၏။ "နင် ဘာဖြစ်လို့ ငါ့ကို အဲဒီလောက်လန့်နေတာလဲ"
"နင်ပဲ နင့်ရဲ့အရည်အချင်းကို စမ်းသပ်စေချင်နေတာ မဟုတ်ဘူးလား။ လာခဲ့ပါ ငါ ထွက်မပြေးပါဘူး"
ရှမြန်က သူ၏ဗလာဖြစ်နေသည့်လက်များကို ကြည့်လိုက်ပြီး သူမ၏ခြေထောက်နားက သစ်သားတုတ်ကို ကုန်းပြီး ကောက်ယူလိုက်သည်။ ရုတ်တရက်ဆိုသလို လူမိုက်တစ်ယောက်က သူမကို တိုက်ခိုက်လာ၏။
လက်ထဲကသံတုတ်က ရှမြန်၏ကျောပြင်ကို ရိုက်မိတော့မည်ကို မြင်လိုက်ရသည့်အခါ ကျောက်ချန်နှင့် တခြားသူများမှာ ချွေးအေးများ ထွက်လာကြတော့သည်။
"ရှမြန် သတိထား"
"ရှမြန်"
"အား... သတိထား"
ရှမြန်ကတော့ အရိုက်ခံရတော့မည်ဟု အားလုံးက စဉ်းစားလိုက်သည့်အချိန်တွင် သူမသည် ကျောဘက်တွင် မျက်လုံးများ ရှိနေသည့်နှယ် ဝိုက်ကန်ချက်တစ်ခုဖြင့် လူမိုက်ကြီးကို ကန်ထုတ်လိုက်လေသည်။ လူမိုက်၏သံတုတ်က ရောက်မလာသေးခင်မှာပင် ထိုလူသည် နောက်ပြန်လန်ကျသွားတော့၏။ ရှမြန်က သံတုတ်ကို လှမ်းဖမ်းလိုက်ပြီး ဝှေ့ရမ်းလိုက်ကာ ထိုလူ၏ရင်ဘတ်ကို ရိုက်ချလိုက်ပြီး ထိုလူမှာ ချက်ချင်းလဲကျသွားတော့သည်။
ရှမြန်က မတ်မတ်ရပ်လိုက်ပြီး သူမ၏လက်ထဲက သံတုတ်ကို ဝှေ့ရမ်းလိုက်လေသည်။ အကြောင်းအရင်းတချို့ကြောင့် သံတုတ်၏စူးရှသည့်အသံက လေထုကို ဖြိုခွင်းလိုက်ပြီး ဟောက်ကျန်းမှာ ကျောရိုးတစ်လျှောက် စိမ့်သွားသလို ခံစားလိုက်ရ၏။ သူမသည် သိပ်ပြီး အဆင်မပြေသလို ခံစားနေရသည့်နှယ် ရှမြန်က သစ်သားတုတ်တစ်ချောင်းကို ပြောင်းလိုက်ပြီး မြေကြီးပေါ်ကို ထောက်ထားလိုက်၏။ သူမက ဟောက်ကျန်းကိုကြည့်ကာ ပြုံးပြလိုက်သည်။ "ဟမ် နင် ဘာဖြစ်လို့ မလာသေးတာလဲ။ နင် ငါ့ကို တကယ် ကြောက်သွားတာလား။ ဟားဟားဟား ဒီလောက်ရွံစရာကောင်းတဲ့ကိစ္စတွေ အများကြီးလုပ်ထားပြီးမှ အရမ်းကို အစွမ်းထက်နေတယ်လို့ နင်က ထင်နေတာလေ။ ဒါပေမဲ့ နင်က ဒီအတိုင်းကို သတ္တိကြောင်တဲ့လူတစ်ယောက်ပဲ"
ဟောက်ကျန်းသည် ဒေါသအလွန်ထွက်သွားပြီး သူ့မျက်နှာက ပြာနှမ်းသွားလေသည်။ သူက ဒေါသတကြီးဖြင့် အော်ဟစ်လိုက်၏။ "ဒါက မိန်းမတစ်ယောက်ပါပဲ။ အားလုံးအတူတူတက်ကြ"
သို့သော်ငြားလည်း မည်သူကမှ မလှုပ်ကြချေ။ ဒီလူများသည် အကျိုးအမြတ်အတွက်ကြောင့် ဟောက်ကျန်းနောက်သို့ လိုက်ခဲ့ကြခြင်းဖြစ်ကာ အမှန်တကယ် သစ္စာရှိမှုမရှိပေ။
သူတို့သည် အရူးများ မဟုတ်ကြပေ။ သူတို့ရှေ့က မိန်းကလေးသည် အသက်တစ်ချက်လေးပင်မရှုဘဲ သူတို့ရှေ့က မြေကြီးပေါ်သို့ ရိုက်ချပစ်နိုင်သည်။ သူတို့သည် သူမကို မနိုင်နိုင်သည်က သိသာ၏။
ရန်သူ၏အမုန်းတရားက ဟောက်ကျန်းဆီသို့သာ ဦးတည်နေသဖြင့် ဒီရွှံ့ဗွက်ထဲသို့ လျှောက်သွားဖို့ရန်အတွက် မလိုအပ်ပေ။ သို့သော်ငြားလည်း ကြည့်ကောင်းရုံအတွက်တော့ သူတို့အားလုံးက ရိုက်နှက်ခံလိုက်ရ ဟန်ဆောင်လိုက်ပြီး ထမရပ်နိုင်တော့သလို မြေကြီးပေါ်တွင် လူးလှိမ့်ပြလိုက်လေသည်။
မည်သူကမှ မလှုပ်ရှားရဲကြချေ။ ရှမြန်က အထင်သေးစွာဖြင့် တစ်ချက်စုပ်သပ်လိုက်ပြီး ဟောက်ကျန်းဆီသို့ တစ်လှမ်းချင်းလျှော က်သွားလိုက်၏။
ဟောက်ကျန်းသည် အမှတ်တမဲ့ နောက်သို့ တဖြည်းဖြည်း ချင်းဆုတ်သွား၏။ သို့သော်ငြားလည်း ခုနတုန်းက သူမက်မောနေသည့် ဒီသွယ်လျလျ ဖြူဖွေးနေသည့် ခြေတံတစ်စုံသည် အေးအေးလူလူ လမ်းလျှောက်နေပြီး သူ့ဆီသို့ တဖြည်းဖြည်း ချင်းကပ်လာသော်ငြား သေမင်း၏ အငွေ့အသက်တစ်ခု သယ်ဆောင်ထားသယောင်ပင်။
ရှမြန်သည် နောက်ဆုံးတော့ ဟောက်ကျန်းရှေ့တွင် ရပ်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "နင်က အခုချက်ချင်းကြီး ဘာဖြစ်လို့ အဲဒီလောက် ကြောက်တတ်သွားတာလဲ။ နင်က ခဏလောက်တော့ ထိန်းထားနိုင်ဦးမယ်လို့ ငါက ထင်ထားခဲ့တာ" ဒီအခြေအနေတွင် သူမ၏မျက်လုံးများသည် ရုတ်တရက် စူးရှလာခဲ့၏။ သို့သော်ငြားလည်း သူမ၏လေသံကတော့ သိမ်မွေ့နေဆဲပင်။ "ဒီနေ့ နင့်ဆီမှာ ဘာဖြစ်လာတော့မယ် ဆိုတာကို နင် သိချင်လား"
မဆုံးနိုင်သည့်ဖိအားများက သူ့ဆီသို့ရောက်ရှိလာခဲ့သည်။ ထိုဖိအားအောက်တွင် ဟောက်ကျန်းသည် ရုတ်တရက် အော်ငေါက်လိုက်၏။
"..."
ထို့နောက်တွင်တော့ သူသည် သံတုတ်ကို ကောက်ယူလိုက်ပြီး ရှမြန်ဘက်သို့ လွှဲရမ်းလိုက်၏။
သို့သော်ငြား သူ့လက်ကို မြှောက်လိုက်သည်နှင့် စူးရှသည့်နာကျင်မှုတစ်ခုက ထုတ်ပြောလို့မရနိုင်သည့် နေရာထဲတွင် ပျံ့နှံ့သွားလေသည်။ မြှားခေါင်းတစ်ခုက သူ့အသားနှင့် သွေးကိုထိုးဖောက်သွားပြီး သူ၏ခြေထောက်နှင့် အရိုးများသို့ စီးဆင်းသွားသလိုပင်။ ရုတ်တရက် သူ၏ဝိညာဉ်သည် ကောင်းကင်ပေါ်သို့ ထိုးတက်သွားပြီး သူ၏ခန္ဓာကိုယ်တစ်ခုလုံးက သိစိတ်များ ပျောက်ကွယ်သွားသလို ခံစားလိုက်ရ၏။
ဒီနေရာတွင် ရှိနေကြသည့် ကောင်လေးများအားလုံးသည် အမှတ်တမဲ့သူတို့၏ပေါင်များကို ဆွဲစုထားမိကြတော့၏။
ကျောက်ချန်က တွန့်သွားပြီး "ဒါကအရမ်းရက်စက်တာပဲ"
ဟောက်ကျန်းသည် ဒါကိုအချိန်နှောင်းမှ သိသွားပြီး မြေကြီးပေါ်သို့ ဒူးထောက်ချလိုက်ကာ သူ့လက်များဖြင့် မျက်နှာကိုအုပ်ပြီး ငယ်သံပါအောင် အော်ဟစ်တော့သည်။
ရှမြန်က သူမ၏ခြေထောက်ကို ပြန်ချထားလိုက်ပြီး ကျောက်ချန်နှင့် တခြားသူများကို ပြောလိုက်၏။
"ဒီဗီနဲ့ ကင်မရာယူလာခဲ့"
ဒီဗီနှင့် ကင်မရာကိုကိုင်ထားသည့် လူမိုက်၂ယောက်က လှည့်ပြီးထွက်ပြေးဖို့ရန် ကြိုးစားလေသည်။ သို့သော်ငြားလည်း ရှမြန်က သူမ၏လက်ကိုမြှောက်ကာ သစ်သားတုတ်တစ်ချောင်းကို လှမ်းပစ်ထည့်လိုက်သည်တွင် သူတို့ထဲက တစ်ယောက်၏နောက်စေ့ကို သွားထိလေတော့၏။
ထိုလူမိုက်မှာ ခြေ၂လှမ်းလောက် ယိမ်းယိုင်သွားပြီးနောက် နတ်ဆိုးတစ်ယောက်၏ တီးတိုးသံလို ကြည်လင်နေသည့် မိန်းကလေးတစ်ယောက်၏အသံကို ကြားလိုက်ရလေသည်။ "နင့်ပစ္စည်းတွေကို လိမ်လိမ်မာမာ လွှဲပေးလိုက်။ အဲဒီလိုမှ မဟုတ်ဘူးဆိုရင် ငါကိုယ်တိုင် နင့်ကို လာပြီးတော့ ရှင်းပစ်စေချင်တာလား"
ကျောက်ချန်နှင့် ဟန်ဟောက်ရန်တို့က သူတို့၏လမ်းကို ပိတ်ထားသည်။
ဒီလူမိုက်၂ယောက်သည် နည်းပညာပိုင်းကို တာဝန်ယူထားရပြီး တိုက်ခိုက်ရေးတွင်တော့ တော်သည့်ဟန် မတူချေ။ ကျောက်ချန်နှင့် ဟန်ဟောက်ရန်တို့က ဒီဗီနှင့်ကင်မရာများကို မြန်မြန်ဆန်ဆန် လုယူလိုက်လေ၏။
သူတို့၂ယောက်က ဓာတ်ပုံများကို အကုန်လုံး ကြည့်လိုက်ကြသည်။ ဒီဂျစ်တယ်ကင်မရာနှင့် ဒီဗီများက လက်တစ်လောမှ ရေပန်းစားလာခြင်းဖြစ်၏။ မန်မိုရီကဒ်များကလည်း အလွန်မှ စျေးကြီးသည်။ ထိုကြောင့် မန်မိုရီကဒ်ထဲတွင် လွတ်သည့်နေရာကလည်း အများကြီး မရှိတော့ချေ။ အနည်းဆုံးတော့ သူတို့ရိုက်ယူထားသည့် ဓာတ်ပုံအများကြီးက ကတ်ထဲတွင်ရှိနေသေးသည်။
သူတို့၂ယောက်သည် ဓါတ်ပုံများကို ကြည့်နေရင်းက အလွန်မှ ရှုံ့မဲ့သွားကြလေ၏။ ကျောက်ချန်က မျက်မှောင်ကြုတ်ကာ မနေနိုင်ဘဲ ကျိန်ဆဲလေတော့သည်။ "ခွေးကောင် ဒီကောင့်ကို တစ်ခါတည်း သေသွားအောင် ရိုက်ပစ်လိုက်လို့ရလား"
...