အခန်း (၁၇၄)
Vol. 12 Ch. 174
ရှမြန်က အဓိပ္ပာယ်ပါပါ ပြောလိုက်၏။ "အတန်းထဲကလူတိုင်းက ငါက ကျိုးကြောင်းပြပြီး ပြောရတာကို ကြိုက်တာ သိတယ်။ ဒါပေမဲ့ ငါက ငါပြောတဲ့စကားကို နားမလည်တဲ့သူတွေကိုတော့ အဲဒီလောက်ကြီး အားနာနေမှာမဟုတ်ဘူး"
ထိုမဲနက်နေသည့်မျက်လုံးများကို ကြည့်လိုက်ပြီး ထျန်းရွှယ်ယာသည် သူမ၏ကျောရိုးက အေးစိမ့်သွားသလို ခံစားလိုက်ရကာ ကြောက်ကြောက်လန့်လန့်ဖြင့် ပြောလိုက်၏။ "နင် နင်ဘာလုပ်ချင်လို့လဲ"
"ဘာမှမလုပ်ချင်ပါဘူး" ရှမြန်က ပြောလိုက်သည်။ "ငါက နင် ကျောင်းသူလေးထျန်းရွှယ်ယာနဲ့ အတည်ပြုချင်တာရှိလို့ပါ။ နင် ငါ့ကို ဘယ်လိုပြန်ပြီးတော့ ကျေးဇူးဆပ်မှာလဲ"
ထျန်းရွှယ်ယာက ဇဝေဇဝါဖြစ်သွား၏။ "ငါက နင့်ကို ဘာဖြစ်လို့ ကျေးဇူးပြန်ဆပ်ရမှာလဲ"
"ကျစ်" ရှမြန်က သူမ၏ခေါင်းကို ခါလိုက်ကာပြောလိုက်သည်။
"နင့်မှာ မကောင်းတဲ့စိတ်ကူးတွေ ရှိတယ်ဆိုတာ ငါ အမြဲတမ်း သိထားတယ်ဆိုပေမဲ့ နင်က ကျေးဇူးတရားကို ရန်ငြိုးနဲ့ ပြန်ပြီးပေးဆပ်တတ်တဲ့ ကျေးဇူးကန်းတဲ့တစ်ယောက် ဖြစ်နေလိမ့်မယ်လို့တော့ ထင်မထားမိဘူး"
"ဘာဖြစ်လို့လဲ။ ငါက ဟောက်ကျန်းကို ဖြေရှင်းနိုင်တယ်ဆိုတာ နင်က မယုံဘူးလား"
ဒီအချိန်တွင် သူမသည် ဘေးကကျောင်းသူ ကျောင်းသားများနှင့် ထျန်းရွှယ်ယာနောက်က ကျောင်းသူ ကျောင်းသားများကို ပြောလိုက်လေသည်။ "ကျေးဇူးပြုပြီး လမ်းဖယ်ပေးကြပါ။ ငါ ထျန်းရွှယ်ယာကို ငါ့ရဲ့ တိုက်ခိုက်နိုင်တဲ့စွမ်းရည်ကို ပြသဖို့လိုနေလို့"
ထိုကျောင်းသူ ကျောင်းသားများသည် အန္တရာယ်ကို အလိုလိုခံစားမိသဖြင့် မြန်မြန် နောက်ဆုတ်သွားကြ၏။
ထျန်းရွှယ်ယာသည် ရှမြန်က ထိုင်ခုံတစ်လုံးနောက်သို့ ချဉ်းကပ်သွားသည်ကို တွေ့လိုက်ရသဖြင့် သူမက အလိုလို ထရပ်လိုက်ကာ ကြောက်လန့်တကြားဖြင့် ပြောလိုက်လေသည်။ "နင် နင်ဘာလုပ်မလို့လဲ"
"ငါ့မှာ ဟောက်ကျန်းကို ထောင်ထဲပို့နိုင်တဲ့အရည်အချင်း ရှိတယ်ဆိုတာကို နင့်ကို သက်သေပြမလို့လေ"
ရှမြန်က ထိုသို့ပြောလိုက်ပြီး သူမ၏လက်ထဲက ထိုင်ခုံကို ရုတ်တရက် မြှောက်လိုက်ကာ ဝှေ့ရမ်းလိုက်ပြီးနောက် ထျန်းရွှယ်ယာ၏စားပွဲကို ရိုက်ချလိုက်လေသည်။
လူအုပ်ကြီးတစ်ခု၏ အော်ဟစ်သံနှင့်အတူ ဝုန်း ခနဲကျယ်လောင်သည့် အသံတစ်ခုထွက်လာခဲ့ပြီးနောက် ထျန်းရွှယ်ယာ ၏စားပွဲသည် အလယ်တွင် ၂ပိုင်းကျိုးသွားလေတော့သည်။ စားပွဲပေါ်က စာအုပ်အထူကြီးများနှင့် လေ့ကျင့်ခန်းစာအုပ်များက ကြမ်းပြင်ပေါ်သို့ ပြုတ်ကျသွားတော့၏။
ထျန်းရွှယ်ယာ၏မျက်နှာသည် ကြမ်းတမ်းသည့်လေကို ခံစားလိုက်ရပြီး ကြောက်လန့်တကြား အော်ဟစ်ကာ နောက်သို့ဆုတ်သွားလိုက်ပြီးနောက် ဒယိမ်းဒယိုင်ဖြင့် သူမ၏နောက်က စားပွဲကိုထိန်းထားပြီး ထွက်ပြေးဖို့ကြိုးစားလေတော့သည်။
သို့သော်ငြားလည်း ရှမြန်က ကိုယ်ကိုတစ်ပတ်လှည့်ကာ ခြေထောက်ကိုကန်လိုက်ပြီး ထျန်းရွှယ်ယာ၏မျက်နှာကို ဖြတ်တိုက်မိလုနီးပါး ဖြစ်သွားပြီးနောက် သူမ၏နောက်ကနံရံကို သွားထောက်ထားလိုက်လေသည်။ သူမ၏ခြေသလုံးက သူမ၏လည်ပင်းကို တိုက်ရိုက်ညှပ်ထားသဖြင့် သူမမှာ မလှုပ်ရှားနိုင်တော့ပေ။
ထျန်းရွှယ်ယာသည် အလွန်ကြောက်လန့်တကြားဖြစ်သွားပြီး သူမ၏ ခြေထောက်မှာ ပျော့ခွေသွားတော့၏။ သို့သော်ငြားလည်း သူမသည် အောက်ကို လျှောချဖို့ ကြိုးစားလိုက်သည့်အချိန်တွင် သူမ၏လည်ပင်းပေါ်က ကြီးမားသည့်ဖိအားတစ်ခုကို ခံစားလိုက်ရပြီး သူမမှာ အသက်ရှူကျပ်သွားတော့သည်။ သူမသည် ရွေးချယ်စရာမရှိတော့ဘဲ နံရံကိုကပ်ထားကာ မတ်မတ်လေး ရပ်နေရတော့၏။
အခန်းထဲတွင် လုံးဝကိုငြိမ်သက်သွားသည့် အခိုက်အတန့်တစ်ခု ဖြစ်သွား၏။ ထို့နောက်တွင်တော့ တစ်စုံတစ်ယောက်က ရုတ်တရက် ဝမ်းသာအားရ စိတ်လှုပ်ရှားစွာဖြင့်ပြောလိုက်သည်။ "မိုက်လိုက်တာ တကယ်အံ့သြဖို့ကောင်းတာပဲ"
ရှမြန်က သူမ၏ခြေထောက်တွင် အားထည့်လိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ကျောင်းသူ ထျန်းရွှယ်ယာ ငါ လမ်းလျှောက်တတ်စ အရွယ်ကတည်းက တိုက်ခိုက်တဲ့အရည်အချင်းကို စပြီးသင်လာခဲ့တာကို နင် မသိတာပဲဖြစ်မှာပါ"
"နောက်ပြီးတော့ ငါ့ဆရာကလည်း ပြောခဲ့ဖူးတယ်။ ငါ့မှာထူးခြားတဲ့ အရိုးအဆစ်ဖွဲ့စည်းပုံနဲ့ ကောင်းမွန်တဲ့အရည်အချင်းတစ်ခု ရှိတယ်တဲ့။ ငါ အသက်၁၆နှစ် ရောက်လာတဲ့အချိန်မှာ ဘာပြဿနာမှမရှိဘဲနဲ့ အရွယ်ရောက်ပြီးသား လူ၃၊ ၄ယောက်ကို ရိုက်ချပစ်နိုင်တယ်လေ။ ငါက အသက်တစ်ချက်တောင်မရှူဘဲ ဟောက်ကျန်းလို လူမိုက်၁၀ယောက်ကို အနိုင်ယူနိုင်တယ်"
"နင် အခု ဒါကို ယုံသင့်ပါပြီနော် ဟုတ်တယ်မလား"
ထျန်းရွှယ်ယာ၏ မျက်နှာသည် ခက်ခက်ခဲခဲ အသက်ရှုနေရသဖြင့် နီရဲလာပြီး သူမ၏နဖူးမှာ ချွေးအေးများဖြင့် ဖုံးလွမ်းသွားတော့၏။ သူမက အလောတကြီး ပြောလိုက်လေသည်။ "ငါ- ငါ ယုံပါပြီ ငါ ယုံပါပြီ"
ထို့နောက်တွင်ရှမြန်က သူမ၏ခြေထောက်ကို ဖြည်းဖြည်းချင်း ပြန်ချထားလိုက်ပြီး ပြောလိုက်၏။
"ဒီတော့ ငါ့ကို ကျေးဇူးတင်ဖို့ သတိရဦး"
ဖိနှိပ်ခံထားရသည့်ခံစားချက် ဖယ်ရှားလိုက်ခြင်းက ထျန်းရွှယ်ယာကို နံရံနားတွင် လျှောကျသွားစေတော့သည်။ ရှမြန်ကလည်း စဉ်းစားတွေးတောပေးခြင်းအားဖြင့် သူမ၏ဖင်အောက်သို့ ထိုင်ခုံတစ်လုံးကို ကန်ထည့်ပေးလိုက်ပြီး အပြုံးတစ်ခုဖြင့် ပြောလိုက်၏။ "ငါက နင့်ရဲ့ကျေးဇူးရှင်လို့ ပြောတယ်ဆိုရင်လည်း ချဲ့ကားတာ မဟုတ်ဘူးနော်"
ထျန်းရွှယ်ယာက လုံးဝနားမလည်တော့ချေ။ "ဘယ်လို"
ရှမြန်က တအံ့တဩ ပြောလိုက်၏။ "နင် ဒါကို ဝန်မခံချင်သေးဘူးပေါ့နော် ဟုတ်လား။ ဒီကိစ္စအတွက် မျက်မြင်သက်သေ လုပ်ပေးနိုင်တဲ့ လူအများကြီးရှိတယ်"
ထျန်းရွှယ်ယာသည် ဆွံ့အသွားလေသည်။ ရှမြန်က သက်ပြင်းချပြီးပြောလိုက်၏။ "ငါ နင့်ကို မေးပါဦးမယ်။ နွေရာသီအားလပ်ရက်တုန်းက ရှစ်စန်းထိုက်ပေါင်အဖွဲ့က နင့်ကို ပိတ်ဆို့ခဲ့တယ် မဟုတ်လား။ နင့်ကို လာကယ်ပေးခဲ့တဲ့သူက ဟန်ဟောက်ရန် မဟုတ်လား”
ထျန်းရွှယ်ယာသည် ဒီကိစ္စအကြောင်းကို အားလုံးကို ပြောပြထားပြီးသားဖြစ်၏။ အားလုံးကလည်း သူမက ဘာမှမပြောလျှင်ပင် ဒါကိုသိပြီးသား ဖြစ်လေသည်။ တစ်စုံတစ်ယောက်က သူမကိုယ်စား ပြန်ဖြေလိုက်၏။ "ဟုတ်တယ်လေ"
ရှမြန်က ထပ်မေးလိုက်သည်။ "ဟန်ဟောက်ရန်က နင့်ကို လာကယ်တဲ့အချိန်တုန်းက နင်က သတိမေ့နေပြီလေ ဟုတ်တယ်မလား"
ထျန်းရွှယ်ယာ ပြန်ဖြေမှာကို မစောင့်ဘဲ သူမကကိုယ်ကိုလှည့်ကာ ဟန်ဟောက်ရန်ကို မေးလိုက်၏။ "သူ တကယ် သတိမေ့နေတာနော် ဟုတ်လား"
ဟန်ဟောက်ရန်က ခေါင်းညိတ်ပြီး ပြောလိုက်သည်။ "ငါ သူ့ကို တစ်လမ်းလုံးချီပြီး ဆေးရုံပို့ပေးခဲ့ရတာ"
ရှမြန်ကပြောသည်။ "သူက အဲဒီအတွက်ကြောင့် အိပ်ရာထဲမှာ တစ်ပတ်ကျော်ကျော်လောက် နေလိုက်ရတယ်ဆို ဟုတ်လား"
"ဟုတ်တယ်" ဟန်ဟောက်ရန်က ဆက်ပြီးခေါင်းညိတ်ပြသည်။ "ငါ သူ့ကို နေ့တိုင်းသွားတွေ့ခဲ့ရတာ"
"သူက ဆေးရုံက နေဆင်းလာတာတောင် သူ ကြောက်နေပါတယ်လို့ ပြောပြီး နင့်ကို နေ့တိုင်းခေါ်ခဲ့တယ်နော်"
ရှမြန်က ဆက်ပြောသည်။ "သူက စိတ်အခြေအနေ မကောင်းတာကိုလည်း နင် တွေ့ခဲ့တယ်။ သူ့ကို နှစ်သိမ့်ပေးဖို့အတွက် နင့်မှာ သူနဲ့အတူတူ နွေရာသီအားလပ်ရက် တစ်ဝက်နီးပါးကို ကုန်ဆုံးပေးခဲ့ရတယ်။ ဒါကြောင့်ပဲ နင်တို့ရဲ့စိတ်ကူးယဥ်ဆန်တဲ့ အချစ်ဇာတ်လမ်း ဖြစ်လာခဲ့တယ်"
"သောက်ကျိုးနည်း ဘာချစ်ရမှာလဲ" ကျောက်ချန်က ပြောလိုက်သည်။
"ဘက်စ်ကတ်ဘော အတူတူကစားတဲ့ ငါတို့အားလုံး ဒီအကြောင်းကိုသိတယ်။ နောက်ပိုင်းကျတော့ ဟန်ဟောက်ရန်က ဘတ်စ်ကတ်ဘောတောင် မကစားနိုင်တော့ဘူးလေ။ သူက ကြောက်ပါတယ်လို့ အမြဲတမ်းပဲ ပြောနေရတာ။ လောင်ဟန်က လူကောင်းတစ်ယောက်ဆိုတော့ သူ့မှာ မတတ်သာတော့ဘဲ ထျန်းရွှယ်ယာကို အဖော်လုပ်ပေးနေရတော့တာပေါ့"
ထို့နောက်တွင် ရှမြန်က ထျန်းရွှယ်ယာကို ကြည့်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။ "ဒီတော့ ငါက နင့်ကိုကူညီပြီး ရှစ်စန်းထိုက်ပေါင်ရဲ့တစ်ဝက်ကို ရဲစခန်းကို ပို့ပေးခဲ့တာလေ။ နင် ငါ့ကို ကျေးဇူးမတင်သင့်ဘူးလား"
"သူတို့တွေ နင့်ကို ထပ်ပြီးတော့ မနှောင့်ယှက်နိုင်တော့ဘူးလေ" ရှမြန်က ပြောလိုက်သည်။
"ဪ သူတို့တွေ ရဲစခန်းကို ခေါ်သွားခံရတယ်လို့ ကြားလိုက်တော့ နင့်ရဲ့စိတ်အခြေအနေကလည်း အများကြီး တိုးတက်လာမှာပဲ။ နင်က ဟန်ဟောက်ရန်မပါဘဲနဲ့တောင် ဗိုက်အောင့်အောင့်နဲ့ ကျောင်းကို လာနိုင်သွားပြီလေ ဟုတ်တယ်မလား"
ထျန်းရွှယ်ယာသည် နောက်ဆုံးတော့ ရှမြန်ပြောနေသည့် အကြောင်းအရင်းကို နားလည်သွားတော့၏။
ရှစ်စန်းထိုက်ပေါင်၏ ဝိုင်းရံခြင်းခံခဲ့ရပြီးသည့်နောက်တွင် သူမသည် ပြန်လည်အားဖြည့်ဖို့ရန်အတွက် အိပ်ရာထဲတွင် နေခဲ့ရသည်။ ဟန်ဟောက်ရန်က သူမ၏စိတ်အခြေအနေကို စိုးရိမ်သဖြင့် သူမကို ဂရုစိုက်ပေးခဲ့ရသည်...
ဒီကာလအတွင်းတွင် ဟောက်ကျန်းက အဓမ္မပြုကျင့်မှုကို ကျူးလွန်ခဲ့သည်...
ထျန်းရွှယ်ယာက သူမ၏ဘေးက လူများ၏မျက်လုံးများကို လှမ်းကြည့်လိုက်ပြီး သူမ၏စိတ်ထဲတွင် မဆုံးနိုင်သည့် ကြောက်လန့်သွားသည့် ခံစားချက်တစ်ခုကို ခံစားလိုက်ရ၏။
သို့သော်ငြားလည်း လူတိုင်း၏မျက်လုံးများက သူတို့သည် ဒီစကားကို ယုံကြည်ခဲ့သည်ဟု အလွန်ရှင်းရှင်းလင်းလင်း ပြောပြနေလေသည်။
ရှမြန်၏ တိုက်ခိုက်ရေးခွန်အားနှင့်ဆိုလျှင် ဟောက်ကျန်းက သူမကို လုံးဝထိနိုင်လိမ့်မည် မဟုတ်ပေ။
ထျန်းရွှယ်ယာကတော့ အဓမ္မကျင့်ခံလိုက်ရတာ ဖြစ်ရမည်။ သူမသည် အာရုံလွှဲပြောင်းဖို့ရန်အတွက် ရှမြန်ကို ချောက်ချခဲ့ခြင်းဖြစ်၏။ နောက်ဆုံး သူမသည် ဒီလိုကိစ္စမျိုးကို မရေမတွက်နိုင်အောင် လုပ်ခဲ့ပြီးသားပင်။
"သူက ပိုပိုပြီး မျက်နှာတွေညှိုးလာတာလည်း မဆန်းတော့ပါဘူး..."
"အားယို့ ဟန်ဟောက်ရန်က သူ့ကို ဒီအတိုင်း လျစ်လျူရှုထားတာလည်း မဆန်းတော့ပါဘူး။ သူက ထျန်းရွှယ်ယာကို ဒီအတိုင်း ကိုယ်ချင်းစာလို့ ဖြစ်နေတာပဲ"
"အဲဒါနဲ့များ နင်က ဟန်ဟောက်ရန်နဲ့ တွဲနေပါတယ်လို့ ပြောရဲသေးတယ်နော်"
"ဒီတော့ ဟန်ဟောက်ရန်က သူ့အတွက် စိတ်မကောင်းဖြစ်ပြီး သူပြိုလဲသွားမှာ စိုးရိမ်လို့ သူက ဘာတစ်ခုမှ မပြောခဲ့တာပေါ့။ သူ တကယ် သဘောကျတဲ့သူက ရှမြန်ပေါ့"
"မဟုတ်ဘူး မဟုတ်ဘူး" ထျန်းရွှယ်ယာက သူမ၏ခေါင်းကို တရစပ် ရမ်းခါလိုက်သည်။
"ဟန်ဟောက်ရန်ကြောင့်သာ ဖန့်ရှောင်မန့်နဲ့ တခြားသူတွေက ငါ့လမ်းကိုလာပိတ်ခဲ့တာပါ..."
ရှမြန်က သူမကို ဖြတ်ပြောလိုက်၏။ "ဟုတ်တယ်။ သူနဲ့ ဟောက်ကျန်းတို့ကလည်း ရှစ်စန်းထိုက်ပေါင် အဖွဲ့ဝင်တွေလေ"
သူမက သနားပြီး ကိုယ်ချင်းစာသွားသည့် စိတ်ဖြင့် ထျန်းရွှယ်ယာကို ကြည့်လိုက်၏။ "ရပါတယ်။ အားတင်းထားပါ။ ဟောက်ကျန်းနဲ့ တခြားသူတွေကို အထဲကို ပို့ပြီးသွားပါပြီ။ သူတို့တွေက နင့်ကို ထပ်ပြီးနှောင့်ယှက်တော့မဲ့ အခွင့်အရေး မရှိတော့ပါဘူး"
ပုံမှန်ဆိုလျှင် မိန်းကလေးများကို သိပ်ပြီးဂရုမစိုက်တတ်သည့် ဟန်ဟောက်ရန်က ဒီတစ်ကြိမ်တွင်တော့ ပထမဦးဆုံး ထပြောလိုက်၏။ "ထျန်းရွှယ်ယာ နွေရာသီအားလပ်ရက် အတောအတွင်း ငါ နင့်ကို ကာကွယ်ပေးခဲ့တယ်ဆိုတာကလည်း ဒီအတိုင်း တာဝန်ယူချင်စိတ် သက်သက်ပါ။ ငါ နင့်ကို ဘယ်တုန်းကမှလည်း မကြိုက်ခဲ့သလို ဘယ်တော့မှလည်း ကြိုက်မှာမဟုတ်ဘူး။ အားလုံးကို နားလည်မှုလွဲစေတဲ့ အမှန်အမှား ရောထွေးနေတဲ့စကားတွေကို မပြောပါနဲ့"
"မဟုတ်ဘူး မဟုတ်ဘူး" ထျန်းရွှယ်ယာက ရုတ်တရက် အော်ဟစ်လိုက်၏။ "ငါ နင့်ကြောင့် အရိုက်ခံခဲ့ရတာလေ။ ငါ ပါးတောင်မှ ချခံခဲ့ရသေးတယ်။ ဘာမှမဖြစ်ပါဘူး"
"နင်က ငါ့ရဲ့စိတ်ခံစားချက်ကို စိုးရိမ်နေတာ လုံးဝမဟုတ်ပါဘူး။ နင်က ငါ့ရဲ့အပြစ်ရှိစိတ်ကိုပဲ စိုးရိမ်နေတာ"
ရှမြန်က သက်ပြင်းချကာပြောလိုက်သည်။ "ထားလိုက်ပါလေ သူ့ကိုထပ်ပြီးတော့ မဆွပေးနဲ့တော့။ သူက အရမ်းကို သနားစရာကောင်းနေပြီးပါပြီ"
သူမက အခန်း၆ထဲက ကျောင်းသူကျောင်းသားများကို လှမ်းကြည့်လိုက်ကာ အပြုံးဖြင့်ပြောလိုက်သည်။
"အတန်းဖော်တို့ ကောလာဟလတွေကိုလည်း မယုံနဲ့။ ပြီးတော့ အဲဒီကောလာဟလတွေကိုလည်း သတင်းမဖြန့်ကြနဲ့နော်။ နင်တို့တွေ ငါ နင်တို့ကို သင်ထားပေးတဲ့ ပြစ်မှုရေးရာဥပဒေတွေကို မေ့သွားပြီ ထင်တယ်"
"နင်တို့တွေ ငါ့အကြောင်း ကောလာဟလ ထပ်ပြီးလွှင့်တယ်လို့ ငါ ကြားခဲ့တယ်ဆိုရင် ငါ့ကိုရိုင်းတယ်လို့ အပြစ်မတင်နဲ့တော့နော်"
တစ်စုံတစ်ယောက်က ချက်ချင်း အော်ရယ်လိုက်ကာ ပြောလိုက်၏။ "ငါ သိပါပြီ။ ငါအဲဒီလိုထပ်ပြီး မလုပ်ရဲတော့ပါဘူး"
ရှမြန်က သူမ၏လက်ကို ကာပြလိုက်ကာ ပြောလိုက်၏။ "သွားကြမယ်"
ကျောက်ချန်၊ ဆွန်းယွဲ့ရှင်းနှင့် တခြားသူများက သူမ၏နောက်က လိုက်ထွက်လာကြသည်။
"ဪ ဟုတ်သားပဲ" သူမသည် တံခါးနားသို့ ရောက်လာသည့်အချိန်တွင် ရှမြန်က ရုတ်တရက် ရပ်လိုက်ပြီးပြောလိုက်၏။ "အခန်း၆မော်နီတာ ထျန်းရွှယ်ယာရဲ့စားပွဲနဲ့ထိုင်ခုံကို ငါ လျော်ပေးမှာနော်။ နင့်ရဲ့အတန်းပိုင်ဆရာမကို ခုံက ဘယ်လောက် ကျတယ်ဆိုတာကို သွားမေးလိုက်။ ပြီးရင် ငါ့ဆီလာခဲ့"
ထိုသို့ ပြောလိုက်ပြီးသည့်နောက်တွင် သူမသည် အေးအေးလူလူ ထွက်သွားလေတော့၏။
ခုနတုန်းက ရှမြန်၏ လှမ်းဆွဲခံလိုက်ရသည့် ကောင်ကလေးသည် မျက်နှာပေါ်တွင် အိပ်မက်ဆန်ဆန် အကြည့်တစ်ခုဖြင့် ပြောလိုက်လေသည်။ "သောက်ကျိုးနည်း အရမ်းကို ခန့်ညားတာပဲ"
"ကျောက်ချန်နဲ့ ဟန်ဟောက်ရန်က သူနဲ့ရင်းနှီးချင်တာလည်း မဆန်းတော့ပါဘူး။ တကယ်လို့ ငါ့မှာသာ အခွင့်အရေး ရှိတယ်ဆိုရင် ငါလည်း သူတို့နဲ့နီးနီးကပ်ကပ် နေချင်မှာပဲ"
"အဲဒီကိစ္စကိုတော့ မစဉ်းစားလေနဲ့။ မင်းက ဟန်ဟောက်ရန်နဲ့ ယှဉ်ပြိုင်နိုင်လို့လား"
"အခန်း၃က လူတွေက ဒီအကြောင်းကို မယုံတာလည်း မဆန်းတော့ပါဘူး။ သူက တစ်ခုခုရဲ့ ခြယ်လှယ်ခံနေရတဲ့ပုံ လုံးဝမပေါ်ဘူးလေ"
-
ထျန်းရွှယ်ယာသည် ကောလာဟလသတင်းများကြောင့် လူအများ၏ တုံ့ပြန်ခံခဲ့ရ၏။
ရှမြန် ပြောခဲ့သည့်အရာအားလုံးက ထျန်းရွှယ်ယာက သူမကိုယ်သူမ ကြေညာထားသည့် အကြောင်းအရာများ ဖြစ်၏။ သူမက ထိုစကားကို မျက်နှာချင်းဆိုင် ပြောခဲ့သည့်အတွက် အချက်အလက်များလည်း ခိုင်မာတိကျသည်။
ထိုကြောင့် ကျောင်းသူကျောင်းသားများက သံသယတစ်ခုမှ မဖြစ်ဘဲ ယုံကြည်သွားကြ၏။ မကြာမီတွင် ခန့်မှန်းချက်များအားလုံးက လေထဲတွင် လွင့်ပျံလာလေတော့သည်။
"သူ တကယ်ပဲ ဟောက်ကျန်းရဲ့ အဓမ္မကျင့်ခံလိုက်ရတာပေါ့နော် ဟုတ်လား"
"ဒါက အရမ်းဖြစ်နိုင်တယ်လေ။ ဟောက်ကျန်းက သူ့ကို ပထမနှစ်ကတည်းက သဘောကျခဲ့ပြီး အကြိမ်ပေါင်းများစွာ သူ့လမ်းကိုလည်း ပိတ်ဆို့ခဲ့တယ် မဟုတ်လား"
"နောက်ပြီးတော့ သူက ဟောက်ကျန်းနဲ့လည်း အရမ်းရင်းနှီးတယ်လေ။ သူက ပထမနှစ်တုန်းက ရှမြန်ကို မှားယွင်းစွပ်စွဲတုန်းကလည်း ပြောခဲ့တယ် မဟုတ်လား။ သူ ကြားခဲ့သမျှ အရာအားလုံးက ဟောက်ကျန်းဆီကတဲ့"
"သူ့ရဲ့စိတ်သဘောထားကလည်း ထူးဆန်းပြီးတော့ ပိုထူးဆန်းလာတယ်နော်။ ကြည့်ရတာ ဒါကပထမ၊ ဒုတိယအကြိမ်တောင် မဟုတ်တော့ဘူး ထင်တယ်..."
"ဟုတ်တယ်။ တစ်ခါတုန်းက သူ့မျက်နှာဖြူဖပ်ဖြူရော်နဲ့ သူ့ဗိုက်ကို ကိုင်ထားတာကိုတောင် ငါ တွေ့လိုက်သေးတယ်။ သူ ကလေးဖျက်ချခဲ့တာများလား"
"အိုး သူ့ဘဝကတော့ သွားပါပြီ"
....
မကြာခဏဆိုသလို သူမကို ကြီးစွာသော ကိုယ်ချင်းစာတရားများဖြင့် စောင့်ရှောက်ပေးတတ်သည့် ကောင်ကလေးများလည်း ရှိလာတတ်သည်။ သို့သော်ငြားလည်း ထျန်းရွှယ်ယာသည် သူတို့၏ စေတနာနှင့် သနားညှာတာတတ်မှုကို မြင်လိုက်ရသည့်အခါ စိတ်ဖိစီးလာတော့၏။
နောက်ဆုံးစာမေးပွဲ မတိုင်ခင်တွင် ဆွန်းယွဲ့ရှင်းသည် သူမ၏ဗိုက်ကိုနှိပ်ကာ နောက်ပြန်လှန်ကျမတတ် အော်ရယ်လေတော့သည်။ "ဘုရားရေ နင် မသိလို့နော်။ အခန်း၇က ထုရှန်းစွန်းက ထျန်းရွှယ်ယာကို ချစ်ကြိုက်ပါတယ်ဆိုတဲ့အကြောင်း ဝန်ခံခဲ့တယ်တဲ့လေ"
"မဟုတ်တာ" လီလီကျန်းက တအံတသြ ပြန်မေးလိုက်၏။ "အခန်း၇က အဲ့ဒီ ထုရှန်းစွန်းကတဲ့လား"
အခန်း၇ထဲတွင် အသားမည်းမည်း၊ အရပ်ပုပု ကောင်လေး တစ်ယောက်ရှိ၏။
သူသည် ရုပ်မဆိုးသော်ငြားလည်း သူ၏ကိုယ်လုံးကိုယ်ထည်က အမှန်ပင် ကြည့်ကောင်းစရာတော့ မရှိချေ။ သူ၏ကျောင်းစာကလည်း ညံ့ဖျင်းလှပြီး သူ၏အကျင့်စရိုက်ကလည်း အနည်းငယ် ထူးဆန်းသည်။
သူသည် ရေချိုးရသည်ကို မကြိုက်ပေ။ သူ၏ဆံပင်ကလည်း အမြဲတမ်း အဆီပြန်နေပြီး သူ၏ ခန္ဓာကိုယ်ကလည်း ဆိုးဝါးသည့် အနံ့အသက်များ ရှိနေ၏။ ထို့ကြောင့် သူ့ကို ထုရှန်းစွန်းဟု နာမည်ပြောင် အဖြစ်ခေါ်ကြသည်။
"သူပဲလေ" ဆွန်းယွဲ့ရှင်းက ဘယ်လိုမျက်နှာအမူအရာ ထားရမည်ကိုတောင် မသိတော့ပေ။
"ငါ့အထင်တော့ တစ်ကျောင်းလုံးကတော့ အထိတ်တလန့် ဖြစ်သွားလောက်ပြီ"
"ငါ နင့်ကို အထင်မသေးပါဘူး။ ငါ နင့်ကိုတစ်သက်လုံး ကောင်းကောင်းမွန်မွန် ဆက်ဆံမှာပါ အဲဒီလို စကားမျိုးတွေကို တောင်ပြောခဲ့တယ်တဲ့" ဆွန်းယွဲ့ရှင်းသည် ထုရှန်းစွန်းက တော်တော်လေးကို ရုပ်ဆိုးသည်ဟု စဉ်းစားမိခဲ့သော်ငြားလည်း...
"နင် ထျန်းရွှယ်ယာရဲ့ အမူအရာကို မတွေ့ခဲ့လို့နော်။ သူ့မှာယင်ကောင်တစ်ကောင်ကို စားလိုက်ရတဲ့ရုပ် ဖြစ်သွားပြီး ပြိုလဲသွားတော့မဲ့အတိုင်းပဲ"
သူတို့သည် ထျန်းရွှယ်ယာက ဒုက္ခရောက်သွားသည်ဟု ကြားလိုက်ရသည့်အခါ ပျော်ရွှင်သွားကြလေသည်။
ပုံမှန်အခြေအနေဆိုလျှင်တော့ သူတို့သည် လုံးဝကို မတူညီသည့် လူ၂ယောက်သာ ဖြစ်လေသည်။ သို့သော်ငြားလည်း ယခုတော့ သူက သူမကို တိုက်ရိုက် စော်ကားရဲခဲ့သည်။ သူ၏စိတ်ထဲတွင် ထျန်းရွှယ်ယာသည် ကျူးလွန်ခံခဲ့ရပြီးသည့်နောက်တွင် တန်ဖိုးမရှိတော့ဘူးဟု ထင်သည်မှာ သိသာ၏။
ဒါသည် ဒီနေ့ခေတ် လူများစွာ၏ အတွေးသာ ဖြစ်လေသည်။ ရှမြန်ကို ချီးကျူး၍ မရနိုင်သော်ငြားလည်း ပုံမှန်ပတ်ဝန်းကျင်အခြေအနေက ဒီလိုပုံစံဖြစ်နေလေရာ ဒါသည် မိန်းကလေးများအတွက် လုံးဝကို အခြေအနေမပေးသည့် အခြေအနေဖြစ်လေသည်။
ထျန်းရွှယ်ယာကလည်း ဒါကိုသေသေချာချာသိသည်။ ရှမြန်က သူမပထမနှစ်တုန်းက နောက်ဆက်တွဲရလဒ်ကို သေသေချာချာ ပြောခဲ့ဖူးသည်။
သို့သော်ငြားလည်း ဒီနေ့တွင်တော့ သူမသည် အထက်တန်းစီနီယာနှစ်တွင် သူမကို ဖျက်ဆီးဖို့ရန်အတွက် တူညီသည့် နည်းလမ်းတစ်ခုကို ထပ်ပြီးရွေးချယ်ခဲ့သည်။
သူမသည် အထက်တန်း ပထမနှစ်တုန်းကထက် ပိုပြီးကောက်ကျစ်လာကာ ရှမြန်ကို သူမနှင့်ဆန့်ကျင်ပြီး ဘာသက်သေမှ မရှာနိုင်အောင် ပြုလုပ်ခဲ့ပြီး သူမကို ဘာမှမလုပ်နိုင်အောင် ပြုလုပ်ဖို့ စဉ်းစားထားခဲ့ခြင်းဖြစ်သည်။
ရှမြန်က သရော်လိုက်၏။ "ဒီလိုလူမျိုးက သိမ်သိမ်မွေ့မွေ့ ဆက်ဆံဖို့ မထိုက်တန်ဘူးလေ။ ဒီတော့ ကိုယ်လုပ်ခဲ့တဲ့ လုပ်ရပ်တွေရဲ့ နောက်ဆက်တွဲကိစ္စကို တာဝန်ယူသင့်တယ်"
...