← Chapters

အခန်း (၁၇၅)

Vol. 12 Ch. 175

အခန်း (၁၇၅)

Vol. 12 Ch. 175

ထုစွန်းရှင်းက ထျန်းရွှယ်ယာကို ရည်းစားစကား ပြောခဲ့သည့်အကြောင်းသည် ကျောင်းထဲတွင် ဂယက်ရိုက်သွားတော့သည်။ ထို့နောက်တွင် စနောက်ကျီစယ်နေသည်လား စိတ်ရင်းအမှန်လားတော့ မည်သူမှ မသိချေ။ ကောင်လေး တော်တော်များများက ထျန်းရွှယ်ယာကို ရည်းစားစကား ပြောကြလေတော့၏။ သူမသည် စိတ်ပိုင်းဆိုင်ရာ ပြိုလဲမှုများဖြစ်သွားပြီး နောက်ဆုံးတော့ အိမ်ပြန်ဖို့ရန် ခွင့်တောင်းခဲ့ရသည်ဟုပင် ကြားခဲ့ရသည်။

သူမသည် ကျောင်းမလာတော့သဖြင့် ကိစ္စကလည်း တဖြည်းဖြည်း ပျောက်ကွယ်သွား၏။ ထို့အပြင် နောက်ဆုံးစာမေးပွဲကလည်း မကြာမီ ရောက်ရှိလာတော့မည်ဖြစ်ပြီး လူတိုင်း၏စိတ်က စာလေ့လာသည့်အပေါ်တွင်သာ အာရုံစိုက်ကြတော့သည်။ တွဲဖက်အထက်တန်းကျောင်းသည် တစ်ဖန်အေးချမ်းမှုကို ပြန်လည်ရရှိသွားခဲ့တော့၏။

နောက်ဆုံး စာမေးပွဲ ပြီးသွားသည့်နောက်တွင် စီနီယာ အထက်တန်း ကျောင်းသားကျောင်းသူများသည် နောက်ထပ်ရက် အနည်းငယ်လောက် ကျောင်းဆက်တက်ရကာ နှစ်ကုန်သည် အထိပိတ်ရက်မရခဲ့ပေ။

ပိတ်ရက်တွင် ရှမြန်က နဥ်ရှောက်ပိုင်အိမ်သို့ တိုက်ရိုက်သွားပြီး ရှောင်ဖုန်းကို သွားခေါ်ရသည်။ ဒီနေ့တွင်တော့ ကျောင်းက စောစောဆင်းပေးလိုက်၏။ ညနေခင်း၄နာရီကျော်သာ ရှိသေးသဖြင့် ကလေးများက လေ့ကျင့်ခန်းထဲတွင်သာ ရှိနေရမည်။

သူမသည် ထိုနေရာသို့ ရောက်လာသည့်အချိန်တွင် နဥ်ရှောက်ပိုင်ကလည်း ရှိနေ၏။ သူသည် ရှောင်ဖုန်းကို ချီထားကာ တစ်ခုခုကို ကြည့်နေလေသည်။ ချန်းချန်းနှင့် မောက်ဟွေ့ကျူးကလည်း ရယ်မောစွာဖြင့် ပျော်စရာကို ကြည့်ရှုနေကြ၏။

ရှမြန်၏မျက်လုံးများက လင်းလက်သွား၏။ သူမက ကျောင်းလွယ်အိတ်ကို အောက်ချထားလိုက်ပြီး သူတို့ထံသို့ ခြေဖျားထောက်ကာ သွားလိုက်သည်။

လေ့ကျင့်သည့်အခန်းက အလွန်ကျဉ်းမြောင်းသဖြင့် နဥ်ရှောက်ပိုင်သည် သူမကို သေချာပေါက်တွေ့နိုင်ပေသည်။ သူက ချက်ချင်း ထရပ်လိုက်ပြီး သတိဖြင့် နောက်သို့ ဆုတ်သွားလိုက်၏။

"ကလေးတို့ သူ့ကို ဖမ်းထား။ သူ့ကို ထွက်မပြေးစေနဲ့" ရှမြန်က အမိန့်ပေးလိုက်ပြီး ချက်ချင်းဆိုသလို ရှေ့သို့ အပြေးဝင်ရောက်လာသည်။

အခုတော့ နေရာက တစ်ဖန် ပြောင်းပြန် ဖြစ်သွားပြီ။ သူမက ပြိုင်ဘက်ကင်းသူ ဖြစ်လာပြီး လုံးဝထိခိုက်နာကျင်အောင် လုပ်လို့မရတော့ပေ။ ပြန်လည်ခုခံရန်ကတော့ နဥ်ရှောက်ပိုင်၏အလှည့် ဖြစ်သွားသည်။

ရှမြန်သည် နွေရာသီ အားလပ်ရက်အတွင်း အခွင့်အရေးရကာ သူမကို ကလူကျီစယ်နေသည့် နဥ်ရှောက်ပိုင်က သူမ ကျောင်းစဖွင့်သည်နှင့်ချက်ချင်း လိမ်လိမ်မာမာလေး ပြုမူလိမ့်မည်ဟု ထင်မထားခဲ့ချေ။

သူသည် သူမ အထက်တန်း ပထမနှစ်ဝက်တုန်းကလို အခြေအနေ ပြန်ဖြစ်သွားသယောင် တည်ငြိမ်ပြီး အားကိုးရကာ သင့်တင့်လျောက်ပတ်ပြီး နီးကပ်သည့် အကွာအဝေးတစ်ခုသာ နေတတ်ပြီး သက်တောင့်သက်သာရှိသည့် အကွာအဝေးတစ်ခုတွင် နေလေသည်။

ဟုတ်ပါသည်။ ဒါက သူသည် နွေရာသီအားလပ်ရက်အတွင်း သူမကို စနောက်ကျီစယ်ဖို့ရန် အလွန်မှ ကြိုးကြိုးစားစား မလုပ်ခဲ့လေဖူးဟု ယူဆရနိုင်ပေသည်။

အစပိုင်းတွင်တော့ ရှမြန်သည် ဒီကိစ္စကို သတိမထား မိလိုက်ချေ။ သူမက ကျောင်းစဖွင့်ပြီးကတည်းက သူတို့အချင်းချင်း မတွေ့ရတော့သဖြင့် ဒီလိုဖြစ်နေသည်ဟုသာ ထင်လိုက်မိ၏။ နောက်ဆုံး စီနီယာ အထက်တန်း ကျောင်းသူတစ်ယောက်၏ အချိန်ဇယားကလည်း ရူးသွပ်စရာ ကောင်းလှသည်။ သူမသည် ညဘက်တွင် ၁၀နာရီခွဲမှ အိမ်ပြန်ရောက်ပြီး မနက်ဘက်တွင်လည်း မနက်၆နာရီ အိမ်ကထွက်ရသည်။

ရှ၀မ်ယွဲ့က တတိယနှစ် ရောက်လာပြီဖြစ်သည့် မောက်ဟွေ့လန်အတွက် ထည့်သွင်းစဉ်းစားပေးလိုက်ပြီး ညဘက် ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့ကို သွားကြိုမည့်တာဝန်ကို သူမအား လွှဲပြောင်းပေးခဲ့သည်။ ရလဒ်အနေဖြင့် သူတို့၂ယောက်သည် အချင်းချင်း သိပ်မတွေ့ဖြစ်ကြတော့ပေ။

ပထမအပတ် ပိတ်ရက်ရောက်သည့်အခါမှ ရှမြန်က ကျောင်းစောစော ဆင်းလာပြီး ရှောင်ဖုန်းကို သွားကြိုဖို့ရန်အတွက် နဥ်ရှောက်ပိုင်၏အိမ်သို့ သွားခဲ့ရသည်။

ဒီလို အချိန်တစ်ချို့ရဖို့ရန် သူမအတွက် ရှားပါးသည့် အခွင့်အရေးတစ်ခု ဖြစ်သည်။ ရှောင်ဖုန်းကလည်း သူမကို တွေ့ရသဖြင့် အလွန်ပျော်ရွှင်နေသည်။ သူတို့သည် ရိုးရှင်းသည့်သိုင်းကွက်တချို့ကို သင်ယူပြီးသွားသည့်နောက်တွင် ကလေးများက ရှမြန်နှင့်ပတ်ပြီး ကစားကြတော့သည်။

ပြေးလွှားရင်းက မောက်ဟွေ့ကျူးသည် ဟန်ချက်ပျက်သွားကာ ချော်လဲသွားပြီး သူမရှိရမည့် ညာဘက်ခြမ်းသို့ လဲကျသွားသည်။ ရှမြန်ကလည်း သူမ၏ခြေထောက်ပေါ်တွင် ချန်းချန်းနှင့် ရှောင်ဖုန်းတို့ကို တင်ထားဆဲဖြစ်ကာ သူမသည် လဲကျရန်အသင့်ဖြစ်နေ၏။

သို့သော် သူမသည် ကျောင်းယူနီဖောင်း၏ နောက်ကျောမှ တစ်ဆင့် ပြန်ဆွဲထားခြင်း ခံလိုက်ရသည်။ "သတိထား"

လေ့ကျင့်ရေးခန်းထဲတွင် နဥ်ရှောက်ပိုင်ကလွဲလျှင် တခြားဘယ်သူမှ မရှိချေ။

ထို့နောက်ပိုင်းတွင်တော့ သူသည် ဒီအတိုင်းဘေးတွင် မှီနေလိုက်ကာ သူတို့ကစားနေသည်ကို တိတ်တိတ်လေး စောင့်ကြည့်နေလိုက်၏။ သူသည် ငေးငိုင်နေသည်လား တစ်ခုခုကို စဉ်းစားနေသည်လားတော့ သေချာမသိရချေ။

ရှမြန်ကတော့ ဒီတချိန်တွင် တစ်ခုခုတော့ လွဲနေသယောင်ရှိသည်ဟု ခံစားလိုက်ရ၏။ ရှောင်ဖုန်းနှင့် မောက်ဟွေ့ကျူးတို့ကို အိမ်ခေါ်ပြန်လာပြီးသည့်နောက်မှ သူတို့သည် လေ့ကျင့်ရေးခန်းထဲတွင် ၁နာရီနီးပါးလောက် ကစားလာခဲ့ကြသည်ကို သိလိုက်ရသည်။ သို့သော်ငြားလည်း နဥ်ရှောက်ပိုင်ကတော့ သူမနှင့် ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ခြင်း မရှိခဲ့ချေ။ သူ၏အစောပိုင်း လုပ်နေကြ လှုပ်ရှားမှု အနည်းငယ်လေးကပင် မရှိတော့ပေ။

အခွင့်အရေးရတိုင်း သူမကို စနောက်ကျီစယ်တတ်သည့် နွေရာသီအားလပ်ရက် ကာလအတွင်း အခြေအနေနှင့် နှိုင်းယှဉ်ကြည့်လျှင် ဒီအခြေအနေက မည်သို့ပင်စဉ်းစားပါစေ တစ်ခုခုတော့ လွဲနေသယောင်ရှိသည်။

ထို့နောက်ပိုင်းတွင်တော့ ရှမြန်သည် အချိန်အနည်းငယ်လောက် စမ်းကြည့်လိုက်ပြီး ဒါက သူမ၏စိတ်ထင်နေခြင်း မဟုတ်မှန်း သိလိုက်ရ၏။ နဥ်ရှောက်ပိုင်သည် သူမနှင့် ရုပ်ပိုင်းဆိုင်ရာ နီးနီးကပ်ကပ် ထိတွေ့ခြင်းကို အမှန်ပင် ရှောင်ရှားနေခြင်းဖြစ်သည်။ အတိအကျဆိုရလျှင်တော့ သူသည် သူ့ကိုယ်သူ ထိန်းချုပ်နေခြင်းသာ။

သူသည် ပုံမှန်ပြုမူရန် အကောင်းဆုံး ကြိုးစားနေသော်ငြားလည်း -ဥပမာ သူသည် သူမ၏ရှေ့ဆံပင်လေးကို ဆွဲနေတတ်သေးကာ သူမ၏ခေါင်းကိုလည်း ရိုက်တတ်သေးသည်။ သို့သော် ရှမြန်က သူ့လက်မောင်းနှင့် လက်ကောက်ဝတ်တို့ကို လှမ်းကိုင်လိုက်လျှင် သူက ကူကယ်ရာမဲ့သွားသည့် ရုပ်တစ်ခုကို ဆောင်ထားလိုက်ပြီး မလှုပ်မယှက်နှင့် သူမကို ဒီအတိုင်း ဆက်ကိုင်ခွင့် ပေးထားတတ်သည်။

သူက ရှမြန်၏အာခံတတ်သည့် နှလုံးသားကို တည်ငြိမ်အောင် လုပ်နေပြီး သူမက ပျင်းရိငြီးငွေ့လာကာ လက်လွှတ်သွားသည့် အချိန်အထိ စောင့်နေတတ်၏။

ရှမြန်သည် အကြောင်းအရင်းကို ဖော်ထုတ်နိုင်ခဲ့သည့် အချိန်တွင်တော့ သူသည် အလွန်ပျော်သွားပြန်သည်။

ပိတ်ရက်တွင် နောက်တစ်ကြိမ် သူမသည် မနက်ခင်း စောစော ဘေးအိမ်သို့ ပြေးသွားသည့်အခါ လေ့ကျင့်ခန်းထဲတွင် နဥ်ရှောက်ပိုင်ကို တွေ့လိုက်ရ၏။

သူသည် ထိုအချိန်တွင် pull upဆွဲနေခြင်း ဖြစ်၏။ သူသည် ရှမြန်ဝင်လာသည်ကို မြင်လိုက်ရသည့်အခါ အခိုက်အတန့် ကြောင်အမ်းအမ်း ဖြစ်သွား၏။ ထို့နောက်တွင်တော့ သူက အလွန်သဘာဝကျကျဖြင့် ဘားတန်းပေါ်မှ ခုန်ဆင်းလိုက်ပြီး ဘေးတွင်ချိတ်ထားသည့် သူ့အင်္ကျီကို လှမ်းယူလိုက်ကာ သူ့ကြွက်သားများကို ဖုံးကွယ်လိုက်ပြီးနောက် ဘာမှမဖြစ်ခဲ့သလို ကြည့်လိုက်လေသည်။

သို့သော် ရှမြန်က ချဉ်းကပ်လာသည့်အချိန်တွင် သူသည် သတိဖြင့် နောက်သို့ဆုတ်သွား၏။

သူ၏ဉာဏ်ရည်နှင့်ဆိုလျှင် ရှမြန်၏ဆွဲဆောင်မှုကို အလိုလို အာရုံခံမိပြီး သူမသည် မကောင်းသည့် စိတ်ကူးရှိနေသည်ကို သိလေသည်။

သူ့ကိုကြည့်လိုက်ပြီး ရှမြန်က မအော်ရယ်ဘဲ မနေနိုင်အောင် ဖြစ်သွား၏။ "ဒေါက်တာနဥ် ရုတ်တရက်ကြီး ရှင် ဘာဖြစ်လို့ ကျွန်မရဲ့အသက်ကို မလိုချင်တော့တာလဲ။ ကျွန်မ ဒါနဲ့နည်းနည်းလေးမှ အသားမကျဘူးနော်"

နဥ်ရှောက်ပိုင်က ခြေရာလက်ရာ တစ်ခုပင်မကျန်ဘဲ နေရာကျယ်ပြီး ရှောင်ဖို့ရန်လွယ်ကူသည့်လားရာ တစ်ဖက်သို့ လှည့်ထွက်သွားပြီး တဘက်တထည်ကို ကောက်ယူလိုက်ကာ သူ၏ချွေးများကို သုတ်ရင်း ပြောလိုက်သည်။ "ဘာဖြစ်လို့လဲဆိုတော့ ငါ ဒီအကြောင်းကို စဉ်းစားမိတယ်လေ။ မင်းက တကယ်တော့ ငါ့ရဲ့ကျေးဇူးရှင်ပဲ။ ငါက ပိုပြီးတော့ စဉ်းစားတွေးတောတတ်ပြီး စာကြိုးစားနေတဲ့ အချိန်ကာလအတွင်းမှာ မင်းရဲ့အသက်ကို စောင့်ရှောက်ပေးရမယ်လေ"

ရှမြန်က သူ၏လမ်းကို ပိတ်ဆို့ဖို့ရန် ခြေလှမ်းအနည်းငယ် လျှောက်လာခဲ့ပြီး အပြုံးဖြင့် ပြောလိုက်၏။

"ဒါဆိုရင် ကျွန်မက ဒေါက်တာနဥ်ကို ကျေးဇူးတင်တယ်ပေါ့နော်"

နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ်ဖြင့် တံခါးဖက်သို့ လျှောက်သွားလိုက်ပြီး "အဲဒီလောက်အထိ အားနာစရာ မလိုပါဘူး။ နောက်ဆုံး မင်းက ငါ့ရဲ့ကျေးဇူးရှင်ပဲလေ။ ဒါက ငါ့တာဝန်ပါ"

"တကယ်" ရှမြန်က နဥ်ရှောက်ပိုင်၏ရှေ့သို့ တစ်ဖန်ရပ်လိုက်ပြီး သွားများပေါ်သည်အထိ ပြုံးဖြီးပြလိုက်လေသည်။ "ဒါဆိုရင် ဒေါက်တာနဥ် ရှင် အခု အချိန်ကစပြီးတော့ သည်းခံထားရတော့မယ်နော်"

ဒီတခါတော့ ရှင့်အသက်ကိုယူမဲ့ ကျွန်မအလှည့်ပဲ။

ဒါက လုံးဝကိုပြိုင်ဖက်ကင်းတဲ့ အပိုဆုတစ်ခုလေ။ လက်စားချေဖို့အတွက် ဒီလောက်ကောင်းတဲ့ အခွင့်အရေးကို ဘယ်လိုလုပ်ပြီးတော့ အချည်းနှီးဖြစ်ခံနိုင်မှာလဲ။

နဥ်ရှောက်ပိုင်သည် သူမ၏ဆိုးညစ်သည့်စိတ်ကူးကို ထိုးဖောက်မြင်နေမိ၏။ သူက သူမကို လက်ညှိုးထိုးလိုက်ကာ ပြောလိုက်လေသည်။ "ကျေးဇူးရှင် ဒါက မသင့်တော်ဘူး မဟုတ်လား"

"ဟားဟား ဒါက ဘာမသင့်တော်တာလဲ" ရှမြန်က အော်ရယ်လိုက်သည်။ "ရှင့်ရဲ့အသက်က ကျွန်မရဲ့အသက်ပဲလို့ ရှင်ပဲ ပြောခဲ့တယ် မဟုတ်လား" ထို့နောက်တွင်တော့ သူမသည် ထိုလူဆီသို့ ခုန်ဝင်သွားလေ၏။

နဥ်ရှောက်ပိုင်က ချက်ချင်း လျင်လျင်မြန်မြန် ရှောင်ရှားလိုက်ပြီး သူတို့၂ယောက်သည် လေ့ကျင့်သည့်အခန်းထဲတွင် အချင်းချင်း လိုက်တမ်းပြေးတမ်း ကစားနေကြတော့သည်။

နောက်ဆုံး လေ့ကျင့်သည့်အခန်းက မကြီးမားသဖြင့် နဥ်ရှောက်ပိုင်တွင်လည်း ထည့်သွင်းစဉ်းစားပေးရမည့်အရာများ အများကြီးရှိနေသဖြင့် နောက်ဆုံးတွင် သူသည် ရှမြန်၏ ချောင်ပိတ်ခြင်းကို ခံလိုက်ရ၏။

ရှမြန်က ခါးထောက်ကာ အားရပါးရ အော်ရယ်တော့သည်။ "ရှင် ဘယ်ကို ပြေးနိုင်ဦးမှာလဲ"

နဥ်ရှောက်ပိုင်သည် သူမကို တွေ့လိုက်ရသည့်အခါ မနေနိုင်ဘဲ ရယ်မောလိုက်တော့၏။ သူက နံရံနားတွင် ကပ်ကာ ဒီအတိုင်းရပ်နေလိုက်ပြီး သူ့လက်၂ဖက်ကို ဖြန့်ထားလိုက်ပြီးနောက် ပြောလိုက်လေသည်။ "ဟုတ်ပါပြီ ငါ ထွက်မပြေးတော့ပါဘူး။ မင်းကြိုက်သလို လုပ်လို့ရပါတယ်။ တကယ်လို့ မင်းသာ အဆင်ပြေမယ်ဆိုရင်ပေါ့"

"တကယ်လား" ရှမြန်က ညစ်ကျယ်ကျယ် အပြုံးတစ်ခုဖြင့် သူမ၏မျက်လုံးများကို ကျဉ်းမြောင်းထားလိုက်ကာ ရှေ့သို့ ဖြေးဖြေးချင်း ၂လှမ်းပိုကပ်လာလိုက်ပြီး သူတို့၂ဦးကြားတွင် လက်သီး၂လုံးစာ အကွာဝေးတစ်ခုသာ ချန်ထားလိုက်လေသည်။

ဒါက မပြီးသေးချေ။ သူမက နဥ်ရှောက်ပိုင်၏မျက်ဝန်းထဲသို့ စိုက်ကြည့်လိုက်ပြီး ရှေ့သို့ အနည်းငယ် ဆက်ကပ်လာကာ သူမသည် သူ့လည်ပင်းကို နမ်းရှိုက်တော့မည့်နှယ် သူမ၏မျက်နှာက သူ၏ရင်ဘတ်နားအထိ ထိကပ်ခါနီးအထိ ကပ်လာတော့သည်။

နဥ်ရှောက်ပိုင်၏ မျက်နှာပေါ်တွင်တော့ ဘာထူးထူးခြားခြားမှ မရှိချေ။ သူသည် အေးအေးလူလူ ရှိနေဆဲဖြစ်သည့်ရုပ်ဖြစ်ကာ ‘မင်းက ငါ့ကို ဘာလုပ်နိုင်မှာမလို့လဲ’ ဟု ပြောနေသယောင်။

နဥ်ရှောက်ပိုင်သည် အခိုက်အတန့် အေးခဲသွားပြီး ရှမြန်က ရုတ်တရက် အော်ရယ်လိုက်ပြီး ပြောလိုက်၏။ "ဒေါက်တာနဥ် ရှင် ဘာဖြစ်လို့ အသက်မရှူတာလဲ"

နဥ်ရှောက်ပိုင်သည် အခိုက်အတန့် အေးခဲသွားပြီး ရှမြန်က တစ်ချိန်တည်းတွင် သူ့ရင်ဘတ်ကို ဖိချလိုက်၏။

သူမက်၏ လက်ဖဝါးအောက်က မြန်မြန်ဆန်ဆန် ခုန်နေသည့်နှလုံးခုန်သံသည် ရှမြန်ကို သူမ၏မျက်လုံးများအား ကွေးသွားစေတော့သည်။ "ကျွန်မက ဒေါက်တာနဥ်ရဲ့ အမူအရာကို မကြည့်သင့်ဘူးဆိုတာ သိပါတယ်။ ကျွန်မက ရှင် တကယ် တည်ငြိမ်နေတယ်လို့ ထင်ထားတာ" နဥ်ရှောက်ပိုင်သည် မလှုပ်မယှက် နံရံနားတွင် ကပ်ပြီးရပ်နေ၏။ ခဏအကြာတွင် သူက သက်ပြင်းချကာ ပြောလိုက်လေသည်။ "ကျွန်တော် မှားသွားပါတယ်။ ကျေးဇူးရှင် ကျေးဇူးပြုပြီးတော့ ကျွန်တော့်ကို ချမ်းသာပေးလို့ရမလား" ရှမြန်က မနေနိုင်ဘဲ အော်ရယ်လိုက်၏။ နဥ်ရှောက်ပိုင်က သူမ သူ့ကို လွှတ်ပေးတော့မည်ဟု ထင်လိုက်သည့်အချိန်တွင် ရှမြန်က သူ့ကို ရုတ်တရက်ပွေ့ ဖက်တော့မည့်နှယ် ဟန်ဆောင်လိုက်လေသည်။

နဥ်ရှောက်ပိုင်က သူမ၏ပခုံးကို မြန်မြန်ထိန်းထားလိုက်၏။ ရှမြန်သည် သူ၏လက်ဖဝါးအောက်က မြန်မြန်ခုန်နေသည့် သူ၏သွေးခုန်နှုန်းကို ခံစားမိလိုက်ပြီး ခပ်တိုးတိုး ရယ်မောလိုက်လေသည်။

"ဒေါက်တာနဥ် စိတ်လှုပ်ရှားနေတာလား"

နဥ်ရှောက်ပိုင်က ပင့်သက်တစ်ချက် ရှိုက်လိုက်ပြီး ရိုးရိုးသားသား အကြံပေးလိုက်လေသည်။ "ကျေးဇူးရှင် ကျေးဇူးပြုပြီးတော့ ငါတို့၂ယောက်လုံး အနာဂတ်မှာ ထပ်ပြီးတော့ မျက်နှာချင်းဆိုင်လို့ရအောင် ငါ့ကို ထွက်ပေါက်လေး တစ်ခုတော့ ပေးပါ။ မင်း ငါ့ကို ဒီလိုဆက်ဆံနေတာနော်။ နောက်ပိုင်းကျရင် ငါ မင်းကို လက်တုံ့ပြန်မှာ မကြောက်ဘူးလား"

သူက တွက်ချက်ပြီး ပြောလိုက်သေးသည်။ "ဒါက နှစ်တစ်ဝက်လောက်ပဲ ကြာမှာနော်"

ရှမြန်က သူမ၏ခေါင်းကို စောင်းလိုက်ကာ ခဏလောက် စဉ်းစားလိုက်၏။ "ကျွန်မ ရှင့်ကို ဒီလိုမလုပ်ဘူးဆိုရင်တောင် ရှင်က အနာဂတ်မှာ ကျွန်မကို အလွတ်ပေးမှာ မလို့လား"

နဥ်ရှောက်ပိုင်သည် အလွန် အပြစ်ကင်းစင်စွာ ပြုံးပြလိုက်၏။ "အလွတ်ပေးမှာပါ"

ရှမြန်၏မျက်လုံးများက သူ့ထက်ပိုပြီး ဖြူစင်သည့်ပုံစံဖြင့် ကွေးတက်သွားလေသည်။ "ကျွန်မတော့ ဒါကို မယုံပါဘူး"

"ဒီတော့ ကျွန်မက ကြိုတင်ပြီးတော့ လက်စားချေလိုက်တယ်လို့ သတ်မှတ်လိုက်ပေါ့"

သို့နှင့် ရှမြန်သည် သူမ၏ပြိုင်ဖက်ကင်း အခြေအနေကို အသုံးချကာ ဒေါက်တာနဥ်ကို ရက်ရက်စက်စက် လက်စားချေဖို့ စတင်ခဲ့လေသည်။

ထိုသို့ပြောရသည်တွင် ရှမြန်သည် အပြန်အလှန် လှည့်ကွက်များနှင့် ကစားဖို့ရန် အခွင့်အရေး အများကြီး မရခဲ့ချေ။ သူတို့သည် အားလပ်ရက်က လက်ချိုးရေလို့တောင် ရသည်။ အထက်တန်း ဒုတိယနှစ်မတိုင်ခင်တွင် သူတို့သည် အားလပ်ရက်အနေနှင့် ၁ရက်ခွဲသာရရှိခဲ့သည်။ သို့သော်ငြား အထက်တန်း တတိယနှစ် ရောက်သည့်အခါ သူတို့သည် အားလပ်ရက် တစ်ရက်သာကျန်ပြီး ထို၁ရက်အတွင်းတွင် အိမ်စာများကို လုပ်ရသေးသည်။

တို့အပြင် နဥ်ရှောက်ပိုင်သည် အလွန်သတိကြီးသဖြင့် ရှမြန်အတွက် အောင်မြင်မှုရဖို့ရန် မလွယ်ကူခဲ့ချေ။

ထို့ကြောင့် ဒီတစ်ကြိမ် သူမသည် နောက်ဆုံး အခွင့်အရေး ရလာသည့်အခါ သေချာပေါက် ဒါကို အလွတ်မပေးနိုင်ပေ။

ရှမြန်က အရှိန်ဖြင့် ဝင်လာသည်ကို တွေ့လိုက်သဖြင့် နဥ်ရှောက်ပိုင်က ရှောင်ဖုန်းကို မြန်မြန်ကောက်ချီလိုက်ပြီး "ရှောင်ဖုန်း သွားတစ်ချောင်း ကျိုးသွားပြီ"

"အမ်" ရှမြန်သည် သူ့ကိုစနောက်ကျီစယ်နေသည်ကို ချက်ချင်း ရပ်ထားလိုက်ပြီး ကိုယ်ကို မြန်မြန်ကုန်းကာ ရှောင်ဖုန်းကို ကြည့်လိုက်၏။ "နောက်ဆုံးတော့ သွားကျိုးသွားပြီလား"

ရှောင်ဖုန်း၏ရှေ့သွားသည် သူ၏အသက်၇နှစ်ပြည့်မွေးနေ့တွင် စတင်လှုပ်လာခဲ့၏။ သို့သော်ငြားလည်း လုံးဝကျိုးမသွားခဲ့ချေ။

ရှောင်ဖုန်းသည် ဒီကိစ္စတွင်တော့ အလွန်တည်ငြိမ်လှပေသည်။ အကြောင်းမှာ သူ့ထက်၂နှစ်ကြီးသည့် မောက်ဟွေ့ကျူးနှင့် သူ့ထက်တစ်နှစ်ကြီးသည့် ချန်းချန်းတို့က ဥပမာရှိခြင်းကြောင့်ပင်။ နောက်ဆုံး သူသည် ချန်းချန်းက သွားနှုတ်သည့်အချိန်က ဖရိုဖရဲဖြစ်ခဲ့သည့် ကိစ္စရပ်တစ်ခုလုံးကို မြင်တွေ့ခဲ့ခြင်းကြောင့်ပင်။

ချန်းချန်းက သွားနှုတ်ခဲ့သည့်အချိန်ကို ပြန်စဉ်းစားမိသည်တွင် ရှမြန်သည် ထိုကိစ္စကို သဘောကျစရာ ကောင်းသည်ဟုပင် တွေးမိသေးသည်။ ထိုအချိန်က သူ့ရှေ့သွားသည် အချိန်အကြာကြီး လှုပ်နေခဲ့ပြီး ကျိုးမသွားခဲ့ချေ။ ချန်းချန်းက နေရခက်သဖြင့် ထိုသွားကို သူ့လက်များဖြင့် အမြဲတမ်း သွားနှဲ့နေတတ်သည်။

ဒေါ်ဒေါ်ဝေက အပ်ချည်ကြိုးတချို့ကို ဆွဲထုတ်လာခဲ့ပြီး သူ့အတွက် သွားနှုတ်ပေးရန် နဥ်ရှောက်ယွင်ကို အကြံပြုခဲ့သည်။

သို့သော်ငြားလည်း နဥ်ရှောက်ယွင်သည် အပ်ချည်ကြိုးဖြင့် သွားများကိုတို က်စားသည့်အဆင့်ကိုသာ ပြီးမြောက်နိုင်ခဲ့ပြီး ဆက်ပြီးမလုပ်နိုင်ခဲ့ချေ။ ထို့ကြောင့် သူမက ဒီအရေးကြီးသည့် သွားနှုတ်သည့်အဆင့်ကို ကျိုးရွှယ်ဝမ်ဆီ လက်လွှဲပေးခဲ့၏။

ကျိုးရွှယ်ဝမ်ကလည်း သက်မွေးပညာရပ် အများအပြား တတ်မြောက်ထားသော်ငြားလည်း ဒါသည် သွားနှုတ်ဖို့ရန်အတွက်တော့ သူ့အတွက် ပထမဦးဆုံးအကြိမ် ဖြစ်လေသည်။ အထူးသဖြင့် သွားနှုတ်ခံရမည့်သူက သူ့သားဖြစ်နေခြင်းပင်။ ဝါယာကြိုးကို ဆွဲလိုက်ခြင်းက လက်ပစ်ဗုံးတစ်လုံး၏ စနက်တံကို ဆွဲထုတ်ရခြင်းနှင့် တူနေလေသည်။ သူသည် ချန်းချန်းထက်ပင် စိတ်လှုပ်ရှားပူပင်နေ၏။ "ငါ ဒီသွားကို ဆွဲမနှုတ်နိုင်ခဲ့ဘူးဆိုရင်ရော"

"သူ နာသွားမှာလား"

"သွေးတွေရော ထွက်လာမှာလား။ ငါတို့တွေ ဆေးသေတ္တာ ပြင်ဆင်ထားဖို့လိုလား"

"ငါတို့တွေ ဒီအတိုင်း ဆေးရုံပဲ သွားကြရအောင်လေ..."

ဒီအခြေအနေက သေဖို့ရန် အဆင်သင့်ဖြစ်နေသည့် ချန်းချန်းကို နောက်တွန့် သွားစေတော့၏။ သူတို့က လက်လျှောတော့မည် ပြင်နေသည့်အချိန်တွင် ကျားမလေး မောက်ဟွေ့ကျူးက ရုတ်တရက် လှုပ်ရှားလိုက်ကာ မျှော်လင့်မထားဘဲ အပ်ချည်ကြိုးကို ဆွဲမိသွားလေသည်။

ချန်းချန်း၏သွားက ကျွတ်ထွက်သွားပြီး အားလုံးသည် အခိုက်အတန့် မှင်တက်အံ့သြသွားကြပြီးမှ သတိပြန်ဝင်လာတော့သည်။

ဒေါ်ဒေါ်ဝေက ဒီကိစ္စကိုပြောသည့်အချိန်တိုင်း မနေနိုင်ဘဲ အော်ရယ်နေလေသေးသည်။

ရှောင်ဖုန်းကတော့ အပ်ချည်ကြိုးဖြင့်သုံးကာ ဆွဲမနှုတ်ရသေးခင်မှာပင် သွားကျိုးသွားခဲ့သည်။

"ပါးစပ်ဟပါအုံး။ အန်တီလေးကို ပြပါဦး"

ရှောင်ဖုန်းက နာနာခံခံဖြင့် သူ့ပါးစပ်ကို ဖွင့်လိုက်ပြီး သူ၏သေးငယ်သည့် သွားတန်းလေးကို လှစ်ပြလိုက်လေသည်။ သူ၏အပေါ်သွား၂ချောင်းသည် ကျိုးသွားပြီဖြစ်သဖြင့် အနက်ရောင် အပေါက်ကြီးတစ်ခု ကျန်နေလေသည်။ သူက တရှီးရှီး အသံလေးကိုပင် ပြုလုပ်လိုက်သေးသည်။ သူသည် သွားအမှန်ကျိုးသွားပြီဖြစ်ကြောင်း ရှမြန်ကို သက်သေပြဖို့ရန် အသံများကို ပြုလုပ်ပြနေ၏။

မောက်ဟွေ့ကျူးနှင့် ချန်းချန်းတို့ကတော့ ဝါးလုံးကွဲကာ ရယ်မောကြလေသည်။

မောက်ဟွေ့ကျုးက သူ့လက်ကိုလှမ်းကိုင်လိုက်ပြီး သူ့ကိုသင်ပေးလိုက်သည်။ "ရှောင်ဖုန်း f ဆိုတဲ့အသံပြောပါဦး"

မောက်ဟွေ့ကျုးက ပင်းရင်းအသံထွက်ကို ပြောလိုက်၏။

ရှောင်ဖုန်းကလည်း နာနာခံခံဖြင့် လိုက်ပြီးရေရွတ်သည်။ ထင်ထားသည့်အတိုင်းပင် လေက အများကြီး ထွက်သွားသဖြင့် အသံထွက်ကို မှန်မှန်ကန်ကန် မထွက်နိုင်ခဲ့ချေ။

ချန်းချန်းကလည်း ပျော်ရွှင်မှုထဲတွင် ပါဝင်လာလေသည်။ သူက နှစ်အစတုန်းကမှ သူ၏သွားများ လဲထားခြင်းဖြစ်၏။ သူ၏အပေါ်နှင့် အောက်ရှေ့သွားများက အသစ်ဖြစ်လာခဲ့သည်။ သူသည် လက်တလောကမှ သွားဆွယ်လေးများ အစားထိုးထားသဖြင့် တူညီသည့် သက်ရောက်မှုတစ်ခု ရှိနေသည်။

ထို့ကြောင့် ကလေး၂ယောက်က စကားပြောရင်း လေထုတ်ရင်း ယှဉ်ပြိုင်နေကြကာ သူတို့သည် အရူးလေးများလို အတူတူ ရယ်မောနေကြလေသည်။

ရှမြန်ကလည်း သေအောင်ရယ်ရခဲ့သည်။

ညနေစာစားချိန်တွင်တော့ မောက်ဟွေ့ကျုးက ရှောင်ဖုန်းကို ဆက်ပြီးစနောက်နေကာ သူ့ကို စကားဆက်ပြောခိုင်းလေသည်။ ရှောင်ဖုန်းက ပါးစပ်ထဲတွင် ထမင်းအပြည့်စားရင်း သူ မလုပ်ခိုင်းသည့်အတိုင်း f အသံကို ထွက်လိုက်၏။ ရလဒ်အနေဖြင့် ထမင်းစေ့၂စေ့က သွားမရှိသည့်အပေါက်မှ တိုက်ရိုက်ပျံထွက်သွားကာ မောက်ဟွေ့ကျုး၏မျက်နှာပေါ်ကို သွားစင်တော့သည်။

ရှောင်ဖုန်းက သူ့ပါးစပ်လေးကို မြန်မြန်အုပ်ထားလိုက်၏။ သို့သော်ငြားလည်း မောက်ဟွေ့ကျုးကတော့ အနည်းငယ် ကြောင်အမ်းအမ်း ဖြစ်သွားလေသည်။

ရှမြန်နှင့် မောက်ဟွေ့မေတို့ ၂ယောက်စလုံးကလည်း နင်သွားပြီး ဆက်တိုက် ချောင်းဆိုးလိုက်ကြပြီးမှ သူမ၏ပန်းကန်ကို ချထားလိုက်ရ၏။ မောက်ဟွေ့လန်ကတော့ ချက်ချင်းဆိုသလို စားနေသည့်အစားများ ပြန်ထွက်လာသည်။ သူမသည် မောက်ဟွေ့ကျူးနှင့် မျက်စောင်းထိုးတွင်ထိုင်နေပြီး မောက်ဟွေ့ကျုး၏ မျက်နှာပေါ်သို့ တိုက်ရိုက် လွင့်စင်သွားတော့၏။ ရှောင်ဖုန်းကလည်း အနည်းငယ် သက်ရောက်မှု ဖြစ်သွားခဲ့သည်။

တစ်ခုခု စကားပြောမည်ပြင်နေသည့် ရှ၀မ်ယွဲ့သည် မျက်နှာပေါ်တွင် ထမင်းစေ့များကပ်နေသည့် မောက်ဟွေ့ကျုးကို ကြည့်လိုက်ပြီး သူမ၏ပါးစပ်ထဲက စကားလုံးများအားလုံးက "ဟားဟားဟားဟား" ဟူ၍ ပြောင်းလဲသွားလေတော့သည်။

မောက်ကျစ်ရှန်းက တဘတ်တစ်ထည်ကို မြန်မြန်ယူကာ မောက်ဟွေ့ကျုးနှင့် ရှောင်ဖုန်းတို့၏မျက်နှာကို သုတ်ပေးလိုက်ရလေသည်။

ရှောင်ဖုန်းသည် နောက်ထပ် ထမင်းစေ့များ ထွက်ကျမလာဖို့ရန် သူ့နှုတ်ခမ်းကို တင်းနေအောင် စေ့ထား၏။ သို့သော်ငြားလည်း သူသည် မောက်ဟွေ့ကျုးကို ကြည့်လိုက်သည့်အချိန်တွင် မနေနိုင်ဘဲ ရယ်မောမိပြန်သည်။

ရှ၀မ်ယွဲ့ကတော့ သူမ၏ဗိုက်ကိုပွတ်ကာ မရယ်မိအောင် ကြိုးစားနေသည့် မောက်ဟွေ့ကျုးကို ပြောလိုက်၏။ "ကဲ နင် ရှောင်ဖုန်းကို ထပ်ပြီးတော့ စရဲသေးလား"

အထက်တန်းကျောင်း ဒုတိယနှစ်ဝက်သည် ရှောင်ဖုန်း၏ လေထုတ်သည့် စကားဝိုင်းများနှင့် ကုန်ဆုံးခဲ့လေသည်။ မျက်စိတစ်မှိတ်အတွင်းတွင် ရှမြန်သည် ကောလိပ်ဝင်ခွင့်စာမေးပွဲကို ဖြေဆိုရတော့မည်ဖြစ်၏။

...

All Chapters