← Chapters

အခန်း (၁၇၆)

Vol. 12 Ch. 176

အခန်း (၁၇၆)

Vol. 12 Ch. 176

ရှမြန်၏ ကောလိပ်ဝင်ခွင့်စာမေးပွဲ မတိုင်ခင်တွင် ရှ၀မ်ယွဲ့သည် တစ်လအတွင်း စက်ရုံသို့သွားသည်မှာ ရှားပါးခဲ့၏။ သူမသည် အိမ်တွင်နေကာ နည်းလမ်းအမျိုးမျိုးကို ရှာဖွေပြီး ရှမြန်၏အာဟာရကို ဖြည့်တင်းပေးလေသည်။

ရှမြန်သည် နိုင်ငံရတနာတစ်ခုအဖြစ် ဆက်ဆံပေးခြင်းကို စတင်ခံစားလိုက်ရ၏။ မောက်ဟွေ့ကျူးကပင် ရှမြန် အိမ်တွင်ရှိနေလျှင် စကားကျယ်ကျယ် မပြောရဲတော့ပေ။

ရှောင်ဖုန်းကလည်း ပိုပြီးတော့ လိမ္မာလာသည်။ သူမကို လက်ဖက်ရည်နှင့် ရေများ ပြင်ဆင်ပေးပြီး သူမ တရေးအိပ်နေသည့်အချိန်မှာပင် အပြေးအလွှား ရောက်လာကာ သူမကို ယပ်ခတ်ပေးတတ်သည်။ ရှမြန်သည် သူ၏နွေးထွေးမှုကြောင့် မျက်ရည်များ ကျတော့မတတ် ရင်ထဲထိခဲ့ရ၏။

နောက်ဆုံးတွင်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုမည့် နေ့ရက်ရောက်ရှိလာပြီး မိသားစုတစ်စုလုံးက အပြင်ထွက်လာခဲ့ကြ၏။

မောက်ဟွေ့မေသည် သူမအတွက် မနက်စာကိုပြင်ဆင်ပေးပြီး မောက်ဟွေ့လန်က စာမေးပွဲအတွက် ယူသွားဖို့ လိုအပ်သည့် ပစ္စည်းများကို ကူညီပြီးစစ်ဆေးပေးကာ စိုးရိမ်စိတ်ကြောင့် အပိုဘောပင်များကိုပင် ထည့်ပေးလိုက်သေးသည်။ ရှ၀မ်ယွဲ့သည် အချိန်နီးကပ်လာပြီကို တွေ့လိုက်ရသဖြင့် သူမက ရှမြန်နှင့်အတူ ရှောင်ဖုန်းကိုခေါ်ကာ ထွက်လာခဲ့သည်။

ဒီ၂ရက်တွင် သူမနှင့် ရှောင်ဖုန်းတို့သည် စာမေးပွဲဖြေဆိုရန်အတွက် အတူတူလိုက်ပါပြီး အဖော်လုပ်ပေးခဲ့ကြသည်။

နဉ်ရှောက်ပိုင်ကလည်း တံခါးနားတွင် စောင့်ဆိုင်းနေနှင့်ပြီးဖြစ်၏။

ရှမြန်၏ စာမေးပွဲအခန်းမှာ အမှတ် ၇ အလယ်တန်းကျောင်း ဖြစ်သည်။ နေရာက သိပ်မဝေးလှသော်ငြားလည်း အကောင်းဆုံးအခြေအနေ ရရှိဖို့ရန်အတွက် ကားဖြင့်လိုက်ပို့ပေးသည်က သေချာပေါက်ပိုပြီး သက်သောင့်သက်သာ ရှိပေလိမ့်မည်။

ရှ၀မ်ယွဲ့ကတော့ အနည်းငယ် ရှက်ရွံ့နေသေး၏။ "ကျွန်မကတော့ ဒေါက်တာနဥ်ကို ထပ်ပြီးတော့ ဒုက္ခပေးရပြန်ပြီ။ ကျွန်မတို့တွေ နောက်တစ်နှစ်လောက်ဆိုရင်တော့ ကားဝယ်နိုင်လောက်ပါပြီ"

"ရပါတယ်" နဥ်ရှောက်ပိုင်က ရှမြန်အတွက် ဒရိုင်ဘာဘေးထိုင်ခုံကို တံခါးဖွင့်ပေးလိုက်ပြီး သူမ၏လက်ထဲက စာမေးပွဲ ဖြေဆိုမည့်အိတ်ကို သဘာဝကျကျ လှမ်းယူပေးလိုက်ကာ ကားပေါ်မတက်ခင်တွင် ဘာပြဿနာမှ မရှိကြောင်းကို သေချာအောင် ပြန်လည်စစ်ဆေးပေးပြီးမှ ထွက်ခွာလာခဲ့သည်။

စာမေးပွဲအခန်း ဝင်ပေါက်နားတွင် စုစည်းနေသည့်လူတချို့က ရောက်နေပြီဖြစ်၏။ နဉ်ရှောက်ပိုင်က အနည်းငယ်ဝေးသည့်နေရာတွင် ကားကိုရပ်လိုက်ပြီး အဖွဲ့လိုက်လမ်းလျှောက်ကာလာခဲ့ကြသည်။

စာမေးပွဲခန်းထဲသို့ မဝင်ခင်တွင် ရှ၀မ်ယွဲ့က စကားအများကြီး မပြောတော့ဘဲ ဒီအတိုင်းသာ ပြောလိုက်၏။ "စိတ်မလှုပ်ရှားနဲ့ အကောင်းဆုံးလုပ်ခဲ့"

ရှောင်ဖုန်းက ရှမြန်၏လက်ကိုကိုင်ကာ တလေးတနက် ပြောလေသည်။ "အန်တီလေး အားတင်းထားနော်"

နဥ်ရှောက်ပိုင်ကတော့ သူမ၏ခေါင်းလေးကိုသပ်ကာ အပြုံးဖြင့် ပြောလိုက်သည်။ "သွားတော့နော်။ စိတ်မပူနဲ့ စာမေးပွဲမှာ ကောင်းကောင်းဖြေနိုင်မှာပါ"

ဒေါက်တာနဥ် အနားတွင်ရှိနေသဖြင့် ရှမြန်မှာ အလွန်မှ လုံခြုံသလို ခံစားရလေသည်။

အကြောင်းမှာ သူတို့သည် တည်နေရာကို ကြိုတင်စစ်ဆေးထားခဲ့ပြီးဖြစ်၏။ အရာအားလုံးက ချောချောမွေ့မွေ့ ရှိနေပြီး ရှမြန်ကပင် ဖန့်ရှောင်မန့်တို့နှင့် တွေ့ဆုံခဲ့သေးသည်။

ဖန့်ရှောင်မန့်သည် အများကြီး ပြောင်းလဲသွားခဲ့သည်။ ရိုးရှင်းသည့် ပိုနီတေးလ်ဆံပင်လေးနှင့် လန်းဆန်းသည့်မျက်နှာတစ်ခု ပိုင်ဆိုင်လာ၏။ အကယ်၍ သူမကသာ ရှမြန်ကို လှမ်းမနှုတ်ဆက်ခဲ့လျှင် ရှမြန်သည် သူမက လွန်ခဲ့သည့်နှစ်အနည်းငယ်က လူမိုက်ကလေး တစ်ယောက်ဖြစ်ခဲ့သည်ကိုပင် မှတ်မိနိုင်လိမ့်မည် မဟုတ်ချေ။

"ငါ နင့်ကိုမတွေ့ရတာ တစ်နှစ်ပဲ ရှိသေးတယ်။ နင် အခု အများကြီး ပိုလှလာတယ်နော်"

အပြုံးအရိပ်တစ်ခုက ဖန့်ရှောင်မန့်၏ အေးမြသည့်မျက်နှာပေါ်တွင် ပေါ်ထွက်လာသည်။ "နင်ကတော့ အခု အထိ စကားပြောကောင်းတုန်းပဲ"

ရှမြန်က အော်ရယ်လိုက်သည်။ "လုပ်ပါ"

"အင်း" ဖန့်ရှောင်မန့်က ပြေပြေလည်လည် ပြောသည်။ "ငါက ဒါကို အတွေ့အကြုံတစ်ခုလိုပဲ သဘောထားတာပါ။ နောက်တစ်နှစ်မှ ထပ်လာမှာ"

ဒီအဓိပ္ပာယ်သည် သူမသည် ဒီနှစ်ကို ထပ်နေဖို့ရန် စဉ်းစားထားခြင်းဖြစ်လေသည်။ ရှမြန်သည် သူမအတွက် အလွန်ဝမ်းသာမိ၏။ ဖန့်ရှောင်မန့်က ပြောလိုက်၏။ "အားတင်းထားနော်"

လူများစွာ၏ ကံကြမ္မာကို ပြောင်းလဲပေးမည့် ၂ရက်တာကာလသည် လျှပ်တစ်ပြက်အတွင်း ကုန်ဆုံးသွားခဲ့သည်။ နောက်ဆုံး စာမေးပွဲပြီးသွားသည့်နောက်တွင် ရှမြန်သည် လုံးဝကို လွတ်လပ်သွားပြီ ဖြစ်ကာ စိတ်အေးသွားလေတော့၏။ သူမသည် အကျယ်ကြီးပင် အော်ဟစ်လိုက်ချင်သေးသည်။

အခက်ခဲဆုံးနဲ့ အမှောင်ဆုံးနေ့ရက်များက နောက်ဆုံးတော့ ပြီးဆုံးသွားပြီ

သူမသည် သူမဆီသို့ အပြေးရောက်လာသည့်ရှောင်ဖုန်းကို ကောက်ချီလိုက်ပြီး သူ့ကိုဝမ်းသာအားရ အကြိမ်အနည်းငယ် ဝှေ့ရမ်းပေးလိုက်၏။ ကလေးက ပျော်ရွှင်စွာဖြင့် တခစ်ခစ် ရယ်မောလေသည်။

"သားက ဒီနေ့ည အန်တီလေးနဲ့ အတူတူအိပ်မှာ"

"ဟုတ်ပြီ အတူတူ အိပ်ကြတာပေါ့"

သူ၏၇နှစ်မြောက် မွေးနေ့မတိုင်ခင်တွင် ရှောင်ဖုန်းသည် ရှမြန်နှင့် အိပ်ရာခွဲအိပ်ခဲ့လေသည်။ ဒီနေ့ရက်များအတွင်းတွင် အားလုံးက သူ့အခြေအနေကို အနီးကပ် စောင့်ကြည့်ပေးလာ၏။ ကံအားလျော်စွာ သူတို့စိုးရိမ်သည့်အရာက ဖြစ်မလာခဲ့ချေ။

ပြီးခဲ့သည့် နွေရာသီအားလပ်ရက်အတွင်း ချန်ချန်နှင့် သီးသန့်အိပ်ရသည့် အတွေ့အကြုံကြောင့် ရှောင်ဖုန်းသည် နွေရာသီအားလပ်ရက် အိပ်ချိန်အတွင်းတွင် ၁ည ၊၂ညလောက် သူနှင့်အတူ အိပ်ပေးဖို့ရန် ချန်းချန်းကို တောင်းဆိုခဲ့သည်။ ရှောင်ဖုန်းသည် နောက်တဖြည်းဖြည်းနှင့် အသားကျလာခဲ့ပြီး ယခုတော့ သူတစ်ယောက်တည်း အိပ်တတ်သွားပြီဖြစ်၏။

ပြီးခဲ့သည့် လအနည်းငယ်အတွင်းတွင် သူသည် ရှမြန်ကို နှောင့်ယှက်မိမှာ စိုးရိမ်နေသည်။ ထို့ကြောင့် သူသည် လုံးဝကို လွတ်လွတ်လပ်လပ်ရှိကာ တစ်ယောက်တည်း အိပ်ရာထပြီး တစ်ယောက်တည်း အိပ်ရာဝင်တတ်သည်။ ယခုတော့ သူသည် နောက်ဆုံးတော့ မနေနိုင်တော့ဘဲ ရှမြန်ကို ချွဲ့နွဲ့စွာ ပြုမူလေသည်။

ရှမြန်က သူ၏မျက်နှာ သေးသေးလေးကို ခပ်ကြမ်းကြမ်း နမ်းရှုံ့လိုက်၏။

နဥ်ရှောက်ပိုင်က ရေခဲချောင်း၃ချောင်းဖြင့် ရောက်ချလာပြီး ရှမြန်သည် ချက်ချင်း အံ့သြသွားတော့၏။

"ဝိုး ဒေါက်တာနဥ် ရှင်က အရမ်းကောင်းတာပဲ"

သူမ၏အစားအသောက်သည် ပြီးခဲ့သည့်၂ရက်တာအတွင်း တင်းတင်းကျပ်ကျပ် ထိန်းချုပ်ခံထားရ၏။ နေ့လယ်ခင်းက သူမအတွက် နဥ်ရှောက်ပိုင် ပြင်ဆင်လာပေးခဲ့သည့် ပဲစိမ်းဟင်းရည်သည် အမြဲတမ်း နွေးထွေးနေတတ်သည်။

၀မ်းလျှောမည်ကို ကြောက်သဖြင့် သူမမှာ ရေခဲမုန့်ကိုပင် မစားရဲခဲ့ချေ။

နဥ်ရှောက်ပိုင်သည် ရှ၀မ်ယွဲ့နှင့် ရှောင်ဖုန်းတို့ကို တစ်ချောင်းစီ လှမ်းပေးလိုက်ပြီး နောက်ဆုံးတစ်ချောင်းကိုတော့ သူမကို လှမ်းပေးကာ အပြုံးဖြင့်ပြောလာသည်။ "ဒီမှာ မင်းအတွက်ဆု။ ပြီးခဲ့တဲ့၂ရက်အတွင်း မင်း စာကြိုးစားခဲ့တယ်"

ရှမြန်က ပြုံးပြလိုက်သည်။ "အားလုံးက ကြိုးစားခဲ့ပါတယ်"

ကောလိပ်ဝင်ခွင့် စာမေးပွဲ ဖြေဆိုပြီးသွားသည့် နောက်တစ်ရက်သည် လျှောက်လွှာစာရွက်ကို ဖြည့်ရမည့်အချိန် ဖြစ်လေသည်။ ဒီခေတ်အခါတွင် ကောလိပ်ဝင်ခွင့်စာမေးပွဲကို အရင်ဆုံးဖြေဆိုရပြီးမှ နောက်တစ်နေ့တွင် သတ်မှတ်ချက်အဖြေများကို ဝေငှပေးသည်။ ကိုယ့်ဟာကိုယ် ရမှတ်များကို ခန့်မှန်းခြေတွက်ချက်ပြီးနောက် ကိုယ့်လျှောက်လွှာကိုယ် ပြန်ဖြည့်ရသည်။

ကျောင်းဝင်ခွင့်ရလဒ်ဖြစ်စေ ကိုယ်ပိုင်ကောလိပ်ဝင်ခွင့်စာမေးပွဲရလဒ်ဖြစ်စေ အားလုံးသည် ခန့်မှန်းခြေရမှတ်သာ ဖြစ်သည်။

မှားယွင်းခန့်မှန်းခဲ့လျှင်တော့ ကောလိပ်ဝင်ခွင့်စာမေးပွဲရမှတ်သည် အချည်းအနှီး ဖြစ်သွားနိုင်ပေသည်။ ဥပမာ ကျောင်းသား၏ ပထမရွေးချယ်မှုအတွက် ၁မှတ်၊ ၂မှတ်လိုနေခဲ့လျှင် ဒုတိယရွေးချယ်မှုထက် အများကြီး ပိုပြီးဆိုးရွားသည့် ကျောင်းတစ်ကျောင်းကို ချပေးခံရနိုင်သည်။

တချို့လူများက စာမေးပွဲတွင် အလွန် ကောင်းကောင်းမွန်မွန် ဖြေဆိုနိုင်ခဲ့သော်ငြားလည်း သူမကတော့ ကောင်းကောင်း မလုပ်နိုင်ခဲ့ဘူးဟု ထင်သည်ဟု ရှမြန်က ကြားခဲ့ဖူးသည်။ ရမှတ်သည် လိုချင်သည့်ကျောင်းထက် အများကြီး ပိုမြင့်နေခြင်းဖြစ်လေသည်။ သို့သော်ငြားလည်း ပထမအဆင့်ကျောင်းသို့ တက်ရောက်ဖို့ရန် အခွင့်အရေး ဆုံးရှုံးခဲ့သေးသည်။

လိုရင်းကို ပြောရလျှင်ဖြင့် အလွန်စိတ်ပျက်စရာကောင်းနေ၏။

အတန်းပိုင်ဆရာနှင့် အတွေ့အကြုံရှိသည့်ဆရာများကလည်း ဒီအဆင့်တွင်တော့ ကျောင်းသူ ကျောင်းသားများနှင့်အတူ စိုးရိမ်ရလေသည်။ တစ်ခုခု လွဲမှားသွားမှာကို ကြောက်ရွံ့ကြ၏။

ဆရာမီသည် အစတုန်းကတော့ စိုးရိမ်စရာမလိုဆုံးသူမှာ ရှမြန်ဟု ထင်ခဲ့သော်ငြားလည်း သူသည် သူမ၏ဆန္ဒကို မြင်လိုက်ရချိန်တွင် သွေးအန်တော့မလိုပင် ဖြစ်သွားတော့၏။ "ယန်ချင်း ပုံမှန်တက္ကသိုလ်ဟုတ်လား" ဆရာမီမှာ ချီတုံချတုံဖြစ်သွား၏။ "နင် သေချာရဲ့လား။ ယန်ချင်းပုံမှန်တက္ကသိုလ်က ကောင်းတယ်ဆိုပေမဲ့လည်း နင့်ရဲ့အဆင့်နဲ့ဆိုရင် ဟန်ကျုံးတက္ကသိုလ်ရဲ့ သိပ္ပံနဲ့နည်းပညာကျောင်းကို သေချာပေါက် ဝင်ခွင့်ရနိုင်တာပဲ"

ရှမြန်က ခေါင်းကုတ်လိုက်ကာ ပြောလိုက်၏။ "ကျွန်မက ရူပဗေဒနဲ့ သင်္ချာတွေမှာ အဲဒီလောက် မတော်ပါဘူး။ ကျွန်မက ဒီအတိုင်း ဆရာမတစ်ယောက်ပဲ ဖြစ်ချင်တာပါ"

ဆရာမီသည် ထိုစကားကို ကြားလိုက်ရပြီးနောက်တွင် တစ်စုံတစ်ယောက်၏ ရိုက်နှက်ခံလိုက်ရသလို ခံစားလိုက်ရ၏။ သူမက သူမ လိုချင်တဲ့ ဘာသာရပ် မရတဲ့အတွက် ဟွားကျုံးနဲ့ ယန်တက္ကသိုလ်ရဲ့သိပ္ပံနဲ့ နည်းပညာကျောင်းကို မလိုချင်တာများလား။

ရှမြန်က လျှာထုတ်ပြလိုက်၏။ သူမသည် သူမ၏ကိစ္စကို သိပေသည်။ သူမ ဒီလို အမှတ်ကောင်းကောင်းရသည့် အကြောင်းအရင်းကလည်း သူမသည် ဘဝပေါင်းများစွာတွင် နေလာခဲ့သည့် အကျိုးကျေးဇူးရှိနေသောကြောင့်ပင်။

ပါရမီရှင်ပေါင်းများစွာ မွေးဖွားရာ ဟွားကျုံး သိပ္ပံနှင့် နည်းပညာတက္ကသိုလ်နှင့် ယန်တက္ကသိုလ်တို့လို နေရာမျိုးသည် သူမ အတွက်တော့ မသင့်တော်ချေ။ အထူးသဖြင့် သူမသည် ဒေါသကြီးပြီး သုတေသန လုပ်ဖို့ရန်အတွက် စိတ်ရှည်မှုကင်းမဲ့သောကြောင့်ပင်။

ဟုတ်ပါသည်။ အဓိကအကြောင်းအရင်းမှာ သူမသည် ဆရာမတစ်ယောက် ဖြစ်ချင်ခြင်းကြောင့်ပင်။

ဆရာမီသည် ရှမြန်ကို ၂နှစ်တာ စောင့်ရှောက်လာခဲ့ရသဖြင့် သူမသည် မှန်ကန်သည့်စိတ်ကူးရှိနေသည်ကို သိနေ၏။ ထို့ကြောင့် သူသည် ဒီအခိုက်တွင် ဘာမှမပြောတော့ချေ။ သူမကို လွှတ်ပေးလိုက်ပြီးသည့်နောက်တွင် သူသည် ကိုယ်ကိုလှည့်ကာ ရှ၀မ်ယွဲ့ကို ခေါ်လိုက်၏။

ရှ၀မ်ယွဲ့ကလည်း ရှမြန်က ဟွားကျုံးတက္ကသိုလ်နှင့် ယန်တက္ကသိုလ်ကို ဝင်နိုင်သည်ဟု ကြားလိုက်ရသဖြင့် အလွန်ဝမ်းသာသွားသေးသည်။ သို့သော်ငြားလည်း ရှမြန်က ဆရာမတစ်ယောက် ဖြစ်ချင်သဖြင့် ရန်ချင်းပုံမှန်တက္ကသိုလ်ကို လျှောက်ခဲ့သည်ဟု ကြားလိုက်သည်တွင်လည်း ကျေနပ်မိသေးသည်။

သူတို့မျိုးဆက်များ၏အမြင်တွင် ဆရာမ၊ ဆရာဝန်နှင့် သူနာပြုဆရာမများသည် မိန်းကလေးများအတွက် အကောင်းဆုံး အသက်မွေးဝမ်းကျောင်း အလုပ်ဖြစ်၏။ သို့သော် သူတို့သည် သုတေသနလုပ်ငန်းကိုတော့ နားမလည်ကြပေ။

ဆရာမီသည် ရှ၀မ်ယွဲ့နှင့် ပြောဆိုလို့မရနိုင်ဘူးဟု ခံစားမိလိုက်ရသဖြင့် ထိုအကြောင်းကို စဉ်းစားလိုက်ပြီး သူက နဥ်ရှောက်ပိုင်ကို တစ်ဖန်ထပ်ခေါ်လိုက်သည်။ ရှမြန်၏ အစ်ကိုသည် နိုင်ငံခြားပြန်တစ်ယောက်ဖြစ်သဖြင့် ပညာရေးအရည်အချင်း၏ အရေးပါပုံကို သေချာပေါက်သိရမည်။

နဉ်ရှောက်ပိုင်က ပိုလို့ပင် ရိုးစင်းသေးသည်။ "ဘယ်ကျောင်းဖြစ်ဖြစ် ကိစ္စမရှိပါဘူး။ ယန်ချင်းပုံမှန်တက္ကသိုလ်ဆိုရင်လည်း ကောင်းပါတယ်။ သူပျော်ရင်ရပါပြီ"

ဆရာမီ...

ရှမြန်ရဲ့အနာဂတ်ကို စိုးရိမ်ပေးနေတဲ့သူက အပြင်လူ သူတစ်ယောက်တည်းများလား။ ဒါက ကလေးတစ်ယောက်ကို အလိုလိုက်ရမဲ့နည်းလမ်း မဟုတ်ဘူးလေ။

ရှမြန်သည် သူမ၏အတန်းပိုင်ဆရာက သူမ လျှောက်ခဲ့သည့်ကျောင်းနှင့် ပတ်သက်ပြီး စိုးရိမ်နေသည့် အကြောင်းကို မသိခဲ့ချေ။ ကျောင်းသား ပြန်လည်တွေ့ဆုံရေးအတွက် ဆွန်းယွဲ့ရှင်းနှင့် တခြားသူများနှင့် တွေ့ ဆုံပြီးသည့်နောက်တွင် သူမသည် အိမ်သို့ပြန်လာခဲ့လေသည်။

မောက်ဟွေ့မေနှင့် မောက်ဟွေ့လန်တို့က သူတို့၏ခရီးဆောင်အိတ်များကို ထုပ်ပိုးနေကြသည်။ သူတို့သည် သူမဝင်လာသည်ကို မြင်လိုက်ရသည့်အချိန်တွင် မောက်ဟွေ့မေက ပြောလိုက်၏။ "ခြံဝင်းကို ဘယ်လိုအလှဆင်ချင်လဲ။ ဒေါက်တာနဥ်ကတော့ နင့်ကို ကိုယ်တိုင်လာပြီး သူ့ကို တိုက်ရိုက်ပြောပါတဲ့"

ရှ၀မ်ယွဲ့၏ မိသားစုက ပြောင်းရွှေ့နေပြီဖြစ်သည်။

ရှ၀မ်ယွဲ့သည် ပြီးခဲ့သည့်နှစ်က သူမသည် အကြွေးကိုပေးချေခဲ့ပြီး သူမသည် အိမ်တစ်လုံးဝယ်ဖို့ စဉ်းစားထားခဲ့သည်။ ရှမြန်ကလည်း ဘေးက ခြံဝင်း၂ခုသည် သူမ၏နာမည်အောက်တွင် ရှိနေသေးသည်ကို ချက်ချင်းသတိရသွားပြီး သူမသည် တစ်ဖက်လူကို မပြောပြရသေးချေ။

ရှမြန်က သူမကို ခြံဝင်းတစ်ခုပေးမည်ဟု ကြားလိုက်ရသည့်အခါ ရှ၀မ်ယွဲ့သည် အခိုက်အတန့်တွင် အံ့သြသွား၏။ သို့သော်ငြားလည်း မကြာမီတွင် ပျော်ရွှင်လာတော့သည်။

"ငါက ဘယ်မှာဝယ်ရမလဲလို့ စိုးရိမ်နေတာ။ နင့်ရဲ့ဦးလေး၂နဲ့ငါကလည်း ဒီခြံဝန်းထဲမှာနေရတာ သဘောကျတယ်လေ။ အဆောက်အဦးတွေကလည်း အရမ်းဝေးကြတာဆိုတော့ ငါတို့တွေ အရမ်းဝေးဝေးကို ပြောင်းသွားရင် စိုးရိမ်နေရမှာ။ နောက်ဆုံး နင်နဲ့ ရှောင်ဖုန်းတို့ပဲ ကျန်ခဲ့မှာလေ။ ဒီတော့ ဒါက ကွက်တိပဲပေါ့"

ရှမြန်သည် ခြံဝင်း၂ခု၏ မူလဇာစ်မြစ်အကြောင်းကို ရှင်းပြဖို့ရန် ပြင်ဆင်ထားပြီးသား ဖြစ်သည်။ သို့သော်ငြားလည်း ရှ၀မ်ယွဲ့ကတော့ ဘာမှမမေးခဲ့ချေ။

သူမသည် အသက်၁၈နှစ် ပြည့်လာပြီးသည့်နောက်တွင် ရှ၀မ်ယွဲ့သည် သူမကို ကလေးတစ်ယောက်လို ဆက်ဆံနေသည်ကို အပြီးတိုင်ရပ်တန့်လိုက်ပြီး သူမနှင့် ရှောင်ဖုန်းကြားက အရေးကြီးသည့် ကိစ္စအများကြီးကိုလည်း ဝင်ရောက်စွက်ဖက်သည်က ရှားပါးခဲ့သည်။

မောက်မိသားစုက ညီအစ်မ၃ယောက်ကလည်း အလွန်ဝမ်းသာနေကြ၏။ ဒီလိုဆိုလျှင် သူတို့သည် ခွဲခွာစရာ မလိုတော့သလို သူတို့ကိုယ်ပိုင်အိမ်ကိုလည်း ရရှိနိုင်ပေလိမ့်မည်။

ရှ၀မ်ယွဲ့သည် ခြံဝင်းကို စျေးကွက်ပေါက်စျေးအတိုင်း ဝယ်ယူခဲ့ပြီး အိမ်ကိုစပြီး ပြန်လည် ပြင်ဆင်နေသည်။ သူမသည် ယခုအချိန်တွင် ငွေမပြတ်လတ်တော့သဖြင့် နဉ်ရှောက်ယွင်နှင့် နဥ်ရှောက်ပိုင်တို့၏ ခြံဝင်း၏အပြင်အဆင်အတိုင်း ပြန်လည်ပြင်ဆင်လိုက်၏။ ရေပိုက်များ ပြန်တပ်ဆင်ခြင်း၊ လျှပ်စစ်မီးနဲ့ မိလ္လာပိုက်များ တပ်ဆင်ရခြင်းကိစ္စက ကြီးမားသည့်ကိစ္စတစ်ခု ဖြစ်ခဲ့သည်။

ပြန်လည်ပြင်ဆင်ခြင်းက ပြီးခဲ့သည့်၂လက အကုန်လုံး ပြီးမြောက်သွားခဲ့သည်။ ထို့နောက်တွင်တော့ ရှမြန်က ကောလိပ်ဝင်ခွင့်စာမေးပွဲ ဖြေဆိုရမည်ဖြစ်သဖြင့် အိမ်ပြောင်းမည့်ကိစ္စကို ယာယီ ရွှေ့ဆိုင်းထားလိုက်သည်။ ယခုတော့ ရှမြန်ကလည်း စာမေးပွဲပြီးသွားပြီဖြစ်သဖြင့် သူတို့သည် တရားဝင် အိမ်ပြောင်းရွှေ့ကြတော့မည်။

သူတို့ အိမ်ပြောင်းရွှေ့သွားခဲ့ပြီးသည့်နောက်တွင် ရှမြန်က သူမနှင့် ရှောင်ဖုန်းတို့ နေနေသည့်ခြံဝင်းကို သန့်ရှင်းရေးလုပ်ဖို့ စဉ်းစားထား၏။ နောက်ဆုံး ဒီခြံဝင်းသည် အနည်းငယ် အိုဟောင်းနေပြီဖြစ်သည်။ အပူပေးစနစ်ကလည်း အလွန်မှ ဟောင်းနွမ်းနေပြီး ရေပိုက်၊ လျှပ်စစ်မီးနှင့် မိလ္လာမြောင်းတို့ကလည်း သိပ်ပြီးတော့ အဆင်မပြေလှတော့ချေ။ ရှမြန်သည် သူမ၏ကိုယ်ပိုင်စိတ်ကူး အများအပြားရှိနေ၏။

ရှမြန်သည် နဉ်ရှောက်ပိုင်က သူမကိုရှာနေသည်ဟု မောက်ဟွေ့မေက ပြောလာသည်ကို ကြားလိုက်ရသည့်အခါ သူမသည် ထိုအကြောင်းကို အများကြီး စဉ်းစားမနေတော့ချေ။ နောက်ဆုံး တစ်ဖက်လူက သူမကိုကူညီပြီး ပြန်ပြင်ဆင်ပေးမည့်အဖွဲ့တစ်ခုကို ရှာပေးရမည်မှာလည်း အမှန်ပင်။ ထို့ကြောင့် မဆက်သွယ်ခင်တွင် သူသည် ရှမြန်နှင့် ပြန်လည်ပြင်ဆင်မည့်အစီအစဉ်ကို အတည်ပြုသည်ကလည်း သဘာဝကျသည်။

ရှမြန်သည် အခန်းထဲသို့ ဝင်လာပြီးနောက်တွင် နဥ်ရှောက်ပိုင်က သူ့ဒူးပေါ်တွင် စာအုပ်တစ်အုပ် တင်ထားကာ လှပသည့်ထိုင်ခုံလေးတစ်ခုပေါ်တွင် ထိုင်နေသည်ကို တွေ့လိုက်ရ၏။

သူမက ကြိတ်ပြီးပြုံးလိုက်ပြီး အနီးအနားသို့ ခြေဖျားထောက်ပြီးသွားကာ တိုက်ရိုက် တိုက်ခိုက်လိုက်ပြီးနောက်မှ သူမသည် အမျိုးသမီးအသံတစ်ခုကို ကြားလိုက်ရလေသည်။ "ရှင်က ဘယ်သူလဲ။ ရှင် ဘာလုပ်နေတာလဲ"

ရှမြန်သည် ပြေးထွက်သွားနှင့်ပြီးဖြစ်ရာ နဉ်ရှောက်ပိုင်သည် သူ့ခေါင်းကိုပင် ပြန်မလှည့်ကြည့်ဘဲ ဘေးဘက်သို့ အတိအကျ ရှောင်တိမ်းလိုက်ပြီး သူ့ခေါင်းကိုပြန်လှည့်ကာ သူ့အနောက်မှ ခေါင်းလေး ပြူထွက်နေသည့် သူမကို လှမ်းကြည့်လိုက်ပြီး ပြုံးလိုက်လေသည်။ "မင်းလျှောက်လွှာကို ဖြည့်ပြီးသွားပြီလား"

ရှမြန်က ခေါင်းညိတ်ပြလိုက်ပြီး သူ့ဘေးက ကောင်းချုံးယင်းကို ကြည့်လိုက်၏။ သူမသည် ကြီးမားသည့်တိုင်လုံးတစ်ခု၏ နောက်ကွယ်တွင် ရပ်နေသဖြင့် ရှမြန်က သူ့ကို စစချင်းမတွေ့လိုက်ပေ။

နဥ်ရှောက်ပိုင်က ရှင်းပြလိုက်သည်။ "မစ်ကောင်းက ဓာတ်ခွဲခန်းပစ္စည်းတွေကို လာပို့တာပါ"

ရှမြန်က သူမ၏ခေါင်းကို စောင်းလိုက်ကာ"ဓာတ်ခွဲခန်းဟုတ်လား"

"ဟုတ်တယ်"နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "ဆေးရုံက ဓာတ်ခွဲခန်းတစ်ခု ဆောက်တော့မှာလေ။ ငါက အဓိကတာဝန်ယူထားတဲ့သူပေါ့..."

ကောင်းချုံးယင်းက အနည်းငယ် အံ့သြသွားသည်။ "ရှောက်ပိုင် ရှင် ဘာဖြစ်လို့ဒီအကြောင်းကို ကလေးမလေးတစ်ယောက်ကို ပြောပြနေတာလဲ။ သူက နားမလည်ပါဘူး"

နဉ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "မစ်ကောင်း ဒါက ကျွန်တော့်ကိစ္စပါ"

သူတို့သည် အရေးကြီးကိစ္စကို ဆွေးနွေးနေသယောင် ထင်ရသဖြင့် ရှမြန်က ပြောလိုက်၏။ "ကျွန်မ ခဏနေမှ ရှင့်ကို ပြန်လာတွေ့လိုက်မယ်လေ"

နဥ်ရှောက်ပိုင်က ပြောလိုက်သည်။ "မလိုပါဘူး မစ်ကောင်းက ခဏနေပြန်တော့မှာ"

ခဏလောက် စကားပြောဖို့ စဉ်းစားနေသည့်ကောင်းချုံးယင်း "..."

နဥ်ရှောက်ပိုင်သည် ထရပ်နေနှင့်ပြီးဖြစ်ကာ သူမကို ပြန်ပို့တော့မည်ပြင်နေ၏။ ထို့ကြောင့် ကောင်းချုံးယင်းမှာ မတတ်သာတော့ဘဲ သူ့နောက်မှ လိုက်ထွက်လာရတော့သည်။

သူမသည် နဥ်ရှောက်ပိုင်နောက်မှ လိုက်ပါလာသည့် ရှမြန်ကို ကြည့်လိုက်ပြီး ပြောလိုက်၏။

"ရှောက်ပိုင်မှာ ဒီလို ကိုယ့်အိမ်လို သဘောထားခိုင်းတတ်တဲ့ အခြမ်းရှိနေမှာကို ထင်ထောင်မထားဘူး။ ကြည့်ရတာ ကျွန်မက ရှင့်အကြောင်း လုံလောက်အောင် မသိသေးတဲ့ပုံပဲ"

"ဒါကလည်း ရှင့်ရဲ့ကျေးဇူးရှင်ဖြစ်နေကြောင့် များလား" ကောင်းချုံးယင်းက အရိပ်အမြွှက်ပြောလိုက်၏။

"ရှောက်ပိုင် ရှင်က ဒီကလေးမကို သူ့ရဲ့ကျန်တဲ့တစ်ဘဝလုံးကို တာဝန်ယူပေးမလို့လား"

သူမသည် ရှမြန်က နဥ်ရှောက်ပိုင်ကို အားကိုးနေသယောင် ပြောလိုက်လေသည်။

"ကျေးဇူးရှင်" နဥ်ရှောက်ပိုင်က ပြုံးလိုက်ပြီး သူ့လက်ကိုမြှောက်ကာ ရှမြန်၏ခေါင်းကို လှမ်းပွတ်သပ်လိုက်ပြီးနောက် သူ့လက်မောင်းကို သူမ၏ပခုံးပေါ်သို့တင်လိုက်ကာ ခပ်တိုးတိုး ရယ်မောလိုက်လေသည်။ "ဒါပေါ့။ ကျွန်တော်က သူ့ရဲ့ကျန်တဲ့တစ်ဘဝလုံးကို တာဝန်ယူပေးမှာပါ"

ရှမြန်၏ လှုပ်ရှားမှုများမှာ တုံ့ဆိုင်းသွားတော့သည်။

သွားပါပြီ။ ငါ့ရဲ့ပြိုင်ဖက်ကင်းတဲ့အခြေအနေက ကောလိပ်ဝင်ခွင့်စာမေးပွဲ ပြီးသွားတာနဲ့ ပြီးဆုံးသွားတယ်ဆိုတဲ့ကိစ္စကို မေ့သွားခဲ့တယ် ဒေါက်တာနဥ်ရဲ့လေသံက အကွက်ကြီးတစ်ကွက် ရွှေ့တော့မဲ့ပုံပဲ။

ရှမြန်သည် အပြုံးဖြင့် ချက်ချင်းပြောလိုက်သည်။ "ဒေါက်တာနဥ် ရှင် ဘာဖြစ်လို့ မစ်ကောင်းကို သွားမပို့သေးတာလဲ။ ကျွန်မမှာ တခြားလုပ်စရာရှိသေးတယ်။ ဒီတော့ ကျွန်မခဏနေမှ ပြန်လာတွေ့မယ်နော်"

နဥ်ရှောက်ပိုင်က သူမကို ဖိချထားလိုက်ကာ အပြုံးဖြင့်ပြောလိုက်၏။ "ငါတို့တွေ မစ်ကောင်းကို အတူတူ လိုက်ပို့ပေးရတာက အခွင့်အရေး ကောင်းတစ်ခုပဲလေ"

"ဟဲဟဲ ဟုတ်ပါပြီ" ရှမြန်က လိုက်လျောပေးချင်ဟန်ဆောင်လိုက်ပြီးနောက် နဥ်ရှောက်ပိုင်က သတိလွတ်သွားသည်ကို အခွင့်အရေးယူကာ ပြေးထွက်သွားတော့သည်။

နဥ်ရှောက်ပိုင်သည် သူမ၏ကျောပြင်ကို ကြည့်လိုက်ပြီး မနေနိုင်ဘဲ အော်ရယ်လိုက်လေသည်။

ကောင်းချုံးယင်းသည် ပုံမှန်ထက် လုံးဝကိုကွာခြားပြီး အေးအေးလူလူ ရှိနေသည့်သူ့ပုံစံကို လှမ်းကြည့်လိုက်မိပြီးနောက် သူမ၏နှလုံးသားထဲတွင် ရှင်းမပြတတ်သည့် ရုန်းရင်းဆန်ခတ် ခံစားချက်တစ်ခု ဖြစ်သွားလေတော့သည်။ သူမက ပြောလိုက်၏။ "ရှောက်ပိုင် ရှင် ကျွန်မ ခုနတုန်းက ပြောခဲ့တဲ့စကားကို စဉ်းစားပေးဖို့မျှော် လင့်ပါတယ်"

"အလွန်ဆုံး ၃လလောက်ပဲ ဟန်ဆောင်ပေးပါ။ ကျွန်မက ကျွန်မအဘိုး ငြိမ်းငြိမ်းချမ်းချမ်းနဲ့ ထွက်သွားတာကိုပဲ လိုချင်တာပါ"

ကောင်းချုံးယင်းက ပြုံးကာ ပြောလိုက်၏။

"သူက ရှင့်ကို သဘောအကျဆုံးလေ။ တကယ်လို့ ကျွန်မက ရှင့်ကို အောင်အောင်မြင်မြင် လိုက်နိုင်ခဲ့တာကို သိသွားရင် သူလည်း အရမ်းပျော်သွားပြီး နည်းနည်းလေးပိုပြီး အသက်ရှည်နေနိုင်ကောင်း နေနိုင်မှာပေါ့"

"မစ်ကောင်း" နဥ်ရှောက်ပိုင်က တည်တည်ငြိမ်ငြိမ် ပြောလိုက်သည်။ "ကျွန်တော် နောက်ဆုံးတစ်ခေါက် ပြောလိုက်မယ်။ ကျွန်တော် ဒီလိုကိစ္စမျိုးကို ဘယ်တော့မှ သဘောတူမှာ မဟုတ်ဘူး"

နဥ်ရှောက်ပိုင်၏ အမူအရာသည် ထိုသို့ပြောလိုက်သည့်အချိန်တွင် ရုတ်တရက် ပျော့ပျောင်းသွားလေသည်။ "ကျွန်တော့်မှာ သဘောကျရမဲ့သူ ရှိတယ်"

"ဘာမှမသက်ဆိုင်တဲ့ လူတစ်ယောက်အတွက် ကျွန်တော် သဘောကျတဲ့သူကို အရှက်မရစေချင်သလို စိတ်လည်း မပျက်စေချင်ဘူး" နဥ်ရှောက်ပိုင်က ပြောလိုက်သည်။

"ဒါကြောင့် မစ်ကောင်း ကျေးဇူးပြုပြီးတော့ နောက်ဆိုရင် ကျွန်တော်ကို အာရုံမစိုက်ပါနဲ့တော့"

ကောင်းချုံးယင်းသည် သူမ၏မျက်လုံးများကို ဝိုင်းစက်ထားလိုက်ပြီး အမှတ်တမဲ့ ပြန်ချေပလိုက်၏။

"မဖြစ်နိုင်တာ"

နဥ်ရှောက်ပိုင်က သူမကို လျစ်လျူရှုထားလိုက်ကာ တည်တည်ငြိမ်ငြိမ်ပြောလိုက်၏။ "ကျွန်တော်က ဆရာဝန်ပါ။ လူကြီးမင်းကောင်းရဲ့ ရောဂါက သူ နောက်ထပ်၃၊ ၄နှစ်လောက်နေဖို့ ဘာပြဿနာမှ မရှိနိုင်ပါဘူး။ မစ်ကောင်း စိတ်ချထားလိုက်ပါ"

"ကျေးဇူးပြုပြီးတော့ ဖြည်းဖြည်းသွားပါနော်"

...

All Chapters