အခန်း (၁၈၀)
Vol. 12 Ch. 180
နဥ်ရှောက်ပိုင်သည် သူမ၏စိတ်ပျက်သွားသည့် အမူအရာကို ကြည့်လိုက်ပြီး သူမ၏ခေါင်းကို ပွတ်သပ်ပေးလိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည်။ "မင်း ဘယ်အချိန်ပြီးမှာလဲ။ ငါ မင်းကို လာကြိုပေးမယ်လေ"
"တကယ်တော့ ကျွန်မ ကိုယ့်ဟာကိုယ် ပြန်လာလို့ရပါတယ်" ရှမြန်က သူမ၏မျက်နှာလေးကို မော့လိုက်ကာ သူမ၏ချစ်စရာကောင်းသည့် အပြုအမူလေးကြောင့် သူမကို လွှတ်ပေးဖို့ မျှော်လင့်မိလေသည်။
နဥ်ရှောက်ပိုင်က ပြုံးလိုက်ပြီး ခေါင်းအနောက်ဘက်ကို လှမ်းထိကိုင်လိုက်ပြီးနောက် ဘာမှတ်ချက်မှ ပြန်မပေးလိုက်ချေ။ "သွားလေ။ ပျော်ခဲ့နော်"
ဆွန်းယွဲ့ရှင်းသည် ထွက်ခွာသွားသည့် သူ၏ပုံရိပ်လေးကို ကြည့်လိုက်ပြီး သက်ပြင်းချလိုက်၏။
"ဒေါက်တာနဥ်က အရမ်းကိုသိမ်မွေ့ပြီးတော့ စဉ်းစားပေးတတ်တာပဲနော်။ သူက တော်တော်လေးကို သွေးအေးတဲ့လူတစ်ယောက်လို့ ငါ အမြဲတမ်းထင်ထားခဲ့မိတာ"
"ဒေါက်တာနဥ်က တခြားသူတွေအပေါ်တော့ အေးစက်တာ သိသာပါတယ်" လီလီကျန်းက ပြောလိုက်သည်။ "ငါကတော့ နောက်ဆိုရင် ဒေါက်တာနဥ်ရဲ့စံနှုန်းတွေနဲ့ ကိုက်တဲ့ လက်တွဲဖော်တစ်ယောက်ကိုပဲ ရှာတော့မှာ"
ကျောက်ချန်က ရယ်မောကာပြောလိုက်၏။ "ဒါဆိုရင်တော့ နင် လုံးဝ အိမ်ထောင်ပြုလို့ရမှာ မဟုတ်တော့ဘူးလို့ ငါ ထင်တယ်"
လီလီကျန်းက သူ့ကို ဒေါသတကြီး ကန်ကျောက်လိုက်၏။
ကျောက်ချန်က သွက်သွက်လက်လက် ခုန်ရှောင်လိုက်ပြီး တစ်ဖန် ရယ်မောလိုက်လေသည်။
"ကြောင်တစ်ကောင်ကို တွေ့လိုက်ရတဲ့ကြွက်တစ်ကောင်လို လုပ်နေတဲ့နင်ရဲ့ပုံကို မြင်ရတာ တကယ်ရှားရှားပါးပါးပဲ။ နင် ဒေါက်တာနဥ်ကို အဲဒီလောက်တောင် ကြောက်တာလား"
နင်ကတော့လေ အကြောင်းအရာနဲ့ မသက်ဆိုင်တဲ့ တစ်စုံတစ်ယောက်ကို တကယ်ပဲ ဆွဲထုတ်နေတာပဲ။
ရှမြန်က သူ့ကို ဝါးစားမတတ် ကြည့်လိုက်ပြီး စားသောက်ဆိုင်ထဲသို့လှည့်ကာ ဝင်လိုက်ပြီးနောက် ပြောလိုက်လေသည်။ "ကျွန်မကို ဘီယာတစ်ပုလင်းလောက် ပေးပါ"
သူမသည် ကိုယ့်ဟာကိုယ်ဘီယာနှင့် မျှောချလိုက်ဖို့ ဆုံးဖြတ်လိုက်တော့၏။
အယ်။ ဒါက ထွက်ပြေးဖို့ နည်းလမ်းကောင်းတစ်ခု ထင်တယ်။ ဒေါက်တာနဥ်ရဲ့ အကျင့်စရိုက်ကို ကြည့်မယ်ဆိုရင် သူက ငမူးတစ်ယောက်ကို သေချာပေါက် တိုက်ခိုက်မှာ မဟုတ်ဘူး။
ဟားဟားဟား။ ငါ အရမ်းဉာဏ်ကောင်းတာပဲ။
နာရီဝက် ကြာပြီးသွားသည့်နောက်တွင်...
ရှမြန်သည် သူမ၏ခွက်ထဲက နောက်ဆုံးဘီယာတစ်ငုံကို မျက်နှာသေဖြင့် မော့သောက်လိုက်ပြီးနောက် အကြောင်းအရာတစ်ခုကို အတည်ပြုလိုက်၏။
ငါ့ အရင်ဘဝတုန်းကလိုပဲ သောက်နိုင်နေပါလား။
ဘီယာတစ်ပုလင်း သောက်ပြီးသွားတာတောင် ဘယ်လိုမှ မနေဘူးလေ။
နတ်ဘုရားကတော့ ငါ့ကို လာသတ်တော့မှာပဲ။
၁၀နာရီ ထိုးတော့မည်။ စားသောက်ဆိုင်ကလည်း ပိတ်တော့မည်။ ပါတီကလည်း ပြီးဆုံးသွားလေရာ အတန်းဖော်များက အိမ်သို့ပြန်ကြလေသည်။
အတန်းခေါင်းဆောင်က မိန်းကလေးများကို အရင် ပြန်ပို့ပေးဖို့ရန်အတွက် ယောက်ျားလေးတချို့ကို စီစဉ်ပေးသည်။ ရှမြန် အလှည့်ရောက်လာချိန်တွင်တော့ ဟန်ဟောက်ရန်က ပြောလိုက်၏။ "ငါ သူ့ကို အိမ်ပြန်ပို့လိုက်မယ်။ ငါနဲ့ လမ်းကြုံတယ်"
ရှမြန်သည် မိန်းကလေးများ၏ စိတ်ပျက်သွားသည့် အမူအရာကို ကြည့်လိုက်ပြီး အပြုံးဖြင့် ပြောလိုက်၏။ "နင် ငါ့ကို လိုက်ပို့ပေးဖို့ မလိုပါဘူး"
ဆွန်းယွဲ့ရှင်းကလည်း ပြောလိုက်သည်။ "ဟုတ်တယ်။ တကယ်လို့ ငါတို့တွေ အန္တရာယ် တကယ် ကြုံလာခဲ့မယ်ဆိုရင် ဘယ်သူက ဘယ်သူ့ကို ကာကွယ်ပေးမယ်ဆိုတာ ဘယ်သူက သိမှာလဲ"
လီလီကျန်းက ပြောလိုက်၏။ "သံသယဖြစ်စရာလိုသေးလို့လား။ ဒါပေါ့။ သူ့ကို ကာကွယ်ပေးမဲ့သူက ရှမြန်ပဲ ဖြစ်မှာပဲ"
ကျောက်ချန်က ပြုံးကာပြောလိုက်သည်။ "အမှန်ပဲ"
ဟန်ဟောက်ရန်က ကူကယ်ရာမဲ့စွာ ပြောလိုက်လေသည်။ "သူ အခုမူးနေတာလေ မဟုတ်ဘူးလား။ နောက်ဆုံး သူက မိန်းကလေးတစ်ယောက်ပါပဲ"
"ဒီဘီယာနည်းနည်းလေးက ဘာမှမဖြစ်ပါဘူး" ရှမြန်က စိတ်ပျက်စွာ ပြောလိုက်လေသည်။
"ရေသောက်သလောက်ပဲ ရှိတာပါ"
သူမ စကားဆုံးသွားသည်နှင့်ချက်ချင်း ကားတစီးက သူတို့ရှေ့တွင် ရပ်တန့်သွားလေသည်။ လီလီကျန်းက ရုတ်တရက် ပြုံးကာပြောလိုက်၏။ "ဟုတ်သွားပြီ။ ငြင်းခုံနေစရာ မလိုတော့ဘူး။ ဒေါက်တာနဥ်က ရှမြန်ကို ကြိုဖို့တောင် ရောက်လာပြီ"
ရှမြန်သည် ချက်ချင်းဆိုသလို လီလီကျန်း၏ပခုံးပေါ်မှီချလိုက်ကာ တည်တည်ငြိမ်ငြိမ်ပင် မရပ်နိုင်တော့ချေ။ "အား ကြည့်ရတာ ငါ မူးနေပြီ ထင်တယ်။ ဘီယာက နောက်မှအစွမ်းပြတာပဲ"
ကျောက်ချန်က ဇဝေဇဝါဖြစ်သွား၏။ "ဘီယာမှာ နောက်မှ အစွမ်းပြတယ်ဆိုတာ ဘယ်မှာရှိလို့လဲ"
ရှမြန်သည် သူ့ကို အမှန်ပင် တက်နင်းချင်သွားတော့သည်။ သူက အရင်တုန်းက အဲဒီလောက် အမြင်ကျဥ်းလိမ့်မယ်လို့ ငါ ဘာဖြစ်လို့ မသိခဲ့မိပါလိမ့်။
နဥ်ရှောက်ပိုင်သည် ကားပေါ်က ဆင်းလာနှင့်ပြီဖြစ်ရာ လမ်းလျှောက်လာခဲ့ပြီး သူမကိုကြည့်လိုက်ပြီး အပြုံးတစ်ခုက သူ့မျက်လုံးထဲတွင် ဖြတ်ခနဲလက်သွား၏။ သူက လက်ကိုလှမ်းလိုက်ကာ ထိုလူကို လှမ်းတွဲလိုက်ပြီးနောက် ပြောလိုက်လေသည်။ "ငါ့ကိုပေးပါ"
"နောက်ကျနေပြီနော်။ မင်းတို့တွေ မြန်မြန်အိမ်ပြန်သင့်ပြီ။ လမ်းမှာလည်း သတိထားကြဦး"
ဆွန်းယွဲ့ရှင်းနှင့် လီလီကျန်းတို့က မြန်မြန်ခေါင်းညိတ်ပြလိုက်သည်။
"ဒေါက်တာနဥ်လည်း ဂရုစိုက်ပါ"
ရှမြန်သည် သူ့လက်မောင်းထဲတွင် ရောက်နေပြီး ကားပေါ်သို့ တက်လာသည့် အချိန်တွင်တော့ သူမသည် မတည်ငြိမ်သလို ဟန်ဆောင်လိုက်ကာ ကားနောက်ခန်းသို့ လျှောက်သွားလိုက်၏။
သူမသည် ကားနောက်ခန်းတံခါးကို လက်လှမ်းလိုက်ရုံသာ ရှိသေးသည်။ နဥ်ရှောက်ပိုင်၏ ပြန်ဆွဲထားခြင်းကို ခံလိုက်ရ၏။
သူမက မူးချင်ဟန်ဆောင်ကာ ရုန်းကန်နေသည်ကို မြင်လိုက်ရသည်တွင် နဥ်ရှောက်ပိုင်က သူမ၏ နားနားတွင် ခပ်တိုးတိုး ရယ်မောကာ ပြောလိုက်လေသည်။ "ဒါမှမဟုတ် ငါ မင်းကိုကားထဲကို ချီပို့ပေးရမှာလား"
ရှမြန်သည် ပြောလိုက်သည့်စကားကို နားလည်သွားသယောင် ဒရိုင်ဘာဘေးထိုင်ခုံထဲသို့ အလွန် လိမ်လိမ်မာမာ တက်သွားတော့သည်။
နဥ်ရှောက်ပိုင်က သူမ၏ထိုင်ခုံခါးပတ်ကို လှမ်းပတ်ပေးလိုက်ပြီး မနေနိုင်တော့ဘဲ သူမ၏ခေါင်းလေးကို ထိကိုင်ပေးလိုက်ကာ ပြောလိုက်လေသည်။ "လိမ္မာတဲ့ကလေးမလေးပဲ"
နဥ်ရှောက်ပိုင်က ကားတံခါးကို ပိတ်လိုက်ပြီးနောက် ရှမြန်က သူမ၏မျက်လုံးများကို တင်းကျပ်နေအောင် မှိတ်ထားလိုက်ကာ ဘီယာကြောင့် မူးနေသည့် ရွှံ့ပုံကြီးတစ်ခုလို ဟန်ဆောင်နေလိုက်လေသည်။
နဥ်ရှောက်ပိုင်က ကားစက်ကို နှိုးလိုက်ပြီးနောက် အပြုံးဖြင့် ပြောလိုက်၏။ "မူးနေတဲ့လူတစ်ယောက်က သူ မူးနေပါတယ်လို့ ဘယ်တော့မှ မပြောဘူးလေ"
ရှမြန်က သူမ၏မျက်လုံးများကို မှိတ်ထားလိုက်ကာ လှည့်စားဖို့ရန် ဆုံးဖြတ်လိုက်တော့သည်။ ငါက မူးနေတယ်ဆိုတော့ရော ဘာဖြစ်လဲ။ သူက ငါ့ကို အမူးပြေသွားအောင် ဖိအားပေးနိုင်မှာမလို့လား။
နဥ်ရှောက်ပိုင်က သူမ၏ခေါင်းလေးကို ကူကယ်ရာမဲ့စွာ ပုတ်ပေးလိုက်ပြီး ဘာမှမပြောတော့ဘဲ ကားမောင်းသည့်နေရာကိုသာ အာရုံစိုက်ထားလိုက်သည်။
၁၀မိနစ်ကြာပြီးသွားသည့်နောက်တွင် ကားသည် ရှမြန်၏အိမ်ရှေ့တွင် ရပ်တန့်သွား၏။
ဒရိုင်ဘာဘေးခုံက ရှမြန်သည် ဖြည်းဖြည်းချင်း နိုးလာပြီးပြောလိုက်လေသည်။ "ကျွန်မတို့ ရောက်ပြီလား"
မူးနောက်နောက်ဖြင့် သူမ၏ထိုင်ခုံခါးပတ်ကို ဖြုတ်လိုက်ပြီး ကားတံခါးကို ဖွင့်လိုက်ပြီးဟု အတည်ပြုလိုက်ပြီးနောက်မှ သူမသည် လျှပ်စီးလိုအလျင်ဖြင့် တံခါးဆီသို့ ပြေးဝင်သွားတော့သည်။
ထို့နောက်တွင်တော့...
သူမသည် တံခါးပေါ်က သံခလောက်ကို ကြည့်လိုက်ကာ ဒုန်းကနဲ မြည်သံတစ်ချက်နှင့်အတူ သူမ၏ခေါင်းနှင့် တံခါးကို အပြေးတွန်းဖွင့်လိုက်၏။
ရှ၀မ်ယွဲ့တို့မိသားစု အိမ်ပြောင်းသွားပြီဆိုတာ ဘယ်လိုလုပ်ပြီးတော့ မေ့သွားပါလိမ့်။ ခြံဝန်းထဲမှာ ငါနဲ့ ရှောင်ဖုန်းတို့ပဲ ကျန်တော့တာလေ။
ရှမြန်သည် ဒီနေ့အိမ်ပြန်နောက်ကျမည်ကို သိနေသဖြင့် နဥ်ရှောက်ယွင်အား ရှောင်ဖုန်းကို ပါမောက္ခကျူးထံမှ သွားကြိုပေးကာ ချန်းချန်းနှင့်အတူ အိပ်ပေးဖို့ ပြောထားခဲ့သည်။
အိမ်တွင် ဘယ်သူမှ မရှိသောကြောင့် ရှ၀မ်ယွဲ့က ညဘက်တွင် သူမကိုယ်စား တံခါးကို သော့ခတ်ပေးထားခြင်း ဖြစ်နိုင်သည်။
နဥ်ရှောက်ပိုင်က တံခါးကို တည်တည်ငြိမ်ငြိမ် သော့ခတ်လိုက်ပြီး အေးအေးလူလူဖြင့် လျှောက်လာလေသည်။ သူသည် သူမ၏ခန္ဓာကိုယ် အနေအထားလေးက ရယ်စရာကောင်းသည်ကို တွေ့လိုက်ရ၏။
သူက လက်ကိုဆန့်လိုက်ကာ သူမ၏နဖူးကို ပွတ်သပ်ပေးလိုက်ပြီး ပြောလိုက်၏။ "မင်း ဘာဖြစ်လို့ တံခါးကို သွားဆောင့်နေတာလဲ။ နာသွားပြီလား"
ရှမြန်သည် သူမ၏နှုတ်ခမ်းကို တင်းနေအောင် စေ့ထားလိုက်ကာ သူ့ကို သနားစဖွယ်လေး ကြည့်လိုက်တော့သည်။ "နာတယ်လို့ ပြောရင်ရော ဒေါက်တာနဥ်က ကျွန်မကို အလွတ်ပေးမှာမလို့လား"
နဥ်ရှောက်ပိုင်က သူမကြောင့် သဘောကျသွားတော့သည်။ "မင်းက ဘယ်တစ်ခုကို ပြောချင်တာလဲ"
ရှမြန် ”...”
သူမသည် ပင့်သက်အရှည်ကြီး ချမိကာ ဝမ်းနည်းနေသည့် မျက်နှာတစ်ခုဖြင့် သူမ၏အိတ်ထဲက သော့တစ်ချောင်းကို ဆွဲထုတ်လိုက်ပြီး တံခါးဖွင့်လိုက်၏။
တံခါးပွင့်သွားသည့်အချိန်တွင် နဥ်ရှောက်ပိုင်က သူမကို လက်ခုပ်တီးလေတော့သည်။
"မူးနေတဲ့အချိန်မှာတောင်မှ သော့ပေါက်ကို တစ်ခါတည်းနဲ့ ချိန်ပြီးတော့ ဖွင့်နိုင်တယ်နော်။ အံ့သြစရာပဲ"
ရှမြန်က သူ့ကို လျစ်လျူရှုထားလိုက်တော့သည်။ သူမသည် သော့အိမ်ကို ဆွဲထုတ်လိုက်သည့် အခိုက်အတန့်တွင် သူ့အရောင်အဝါက ရုတ်တရက် ပြောင်းလဲသွားလေ၏။ သူမက တံခါးကို အဟလေးတစ်ခုဖြစ်အောင် မြန်မြန်တွန်းဖွင့်လိုက်ပြီး ဝင်သွားလိုက်ပြီးနောက် တံခါးပိတ်ဖို့ရန် ကိုယ်ကိုလှည့်လိုက်လေသည်။
ရှမြန်သည် သူမ၏လှုပ်ရှားမှုများက လုံလောက်အောင် မြန်ဆန်သည်ဟု အာမခံရဲပေ၏။ အကယ်၍ အားလုံးကသာ ချောချောမွေ့မွေ့ ဖြစ်သွားခဲ့လျှင် သူမသည်လည်း နဥ်ရှောက်ပိုင်ကို တံခါးအပြင်ဘက်တွင် ပိတ်လှောင်ထားနိုင်ပေလိမ့်မည်။
သို့သော်ငြားလည်း ဒီပျက်နေသည့်တံခါးက အရေးကြီးသည့် အချိန်ကျမှ ကျရှုံးသွားလိမ့်မည်ဟု မည်သူက ထင်ထားပါမည်နည်း။ တံခါးက ပိတ်လို့မရတော့ပေ။
နဥ်ရှောက်ပိုင်က သူမကိုကြည့်ကာ ပြုံးပြလိုက်လေသည်။ "မင်း အခု အမူးပြေသွားပြီလား"
ရှမြန်သည် သူ၏ ကိုယ်အနေအထားက မှားယွင်းနေသည်ကို သတိထားမိလိုက်၏။ ငုံ့ကြည့်လိုက်သည့်အခါ သူ့ခြေတစ်ဖက်က အတိုင်းအတာတစ်ခုအထိ တံခါးရွက်ကို ထောက်ကန်ထားသည်ကို တွေ့လိုက်ရတော့သည်။
ရှမြန် “...”
တံခါးပိတ်လို့မရတော့တာလည်း မဆန်းတော့ပါဘူး။
တံခါးကို ပိတ်လို့မရတော့သည့်အပြင် တံခါးသည် ဖြည်းဖြည်းချင်း၊ ဖြည်းဖြည်းချင်းဖြင့် တစ်စုံတစ်ယောက်၏ လက်မောင်းအောက်တွင် ပွင့်သွားလေတော့သည်။
ရှမြန်က ကိုယ်ကိုလှည့်ကာ ထွက်ပြေးသွားတော့သည်။ နဥ်ရှောက်ပိုင်က ချက်ချင်း နောက်မှလိုက်လာ၏။
သူမသည် ပင်မခန်းထဲတွင် ပိတ်မိသွားသည့်အချိန်တွင် တစ်ခုခုတော့ လွဲမှားနေပြီဟု ရုတ်တရက် သိလိုက်ရလေသည်။ ခြံဝင်းထဲမှာ ဘယ်သူမှ မရှိဘူးလေ။ ငါ ထောင်ချောက်တစ်ခုထဲမှာ ပိတ်မိသွားတာ မဟုတ်ဘူးလား။ ပြဿနာကို အပြင်ဘက်မှာ ဖြေရှင်းတာက ပိုကောင်းလိမ့်ဦးမယ်။
သူမသည် နဥ်ရှောက်ပိုင်ကို အမောတကော လှမ်းကြည့်လိုက်၏။ "ရှင်က ဘယ်သူ့နောက်ကို လိုက်နေတာလဲ"
သူ၏ အကျင့်စရိုက်ကို ထောက်ချင့်လျှင် သူမသည် ထွက်ပြေးဖို့ရန် ဘယ်နည်းနှင့်မှ မဖြစ်နိုင်တော့သည့်အတွက် သူသည် သူမကို အေးအေးလူလူ ပိတ်ဆို့ထားပေလိမ့်မည်။
သူသည် သူမကို ဒီလိုပုံစံမျိုးဖြင့် နောက်မှလိုက်ပါလာပြီး သူမသည် ထွက်ပြေးခဲ့လျှင် အသက်ရှင်ဖို့ရန် နည်းလမ်းတစ်ခု ရှာတွေ့နိုင်လိမ့်မည်ဟု စဉ်းစားခိုင်းနေခြင်း ဖြစ်တော့သည်။
နဥ်ရှောက်ပိုင်က သူမကို ပိတ်ဆို့ထားဖို့ရန် လက်နှစ်ဖက်ဖြင့် တံခါးကို ကိုင်ထားပြီး အပြုံးနှင့် ပြောလိုက်လေသည်။ "မင်းက ငါ့ကို မင်းနောက်လိုက်စေချင်နေတယ်ဆိုတာကို တွေ့ရလို့လေ။ ဒါကြောင့်မလို့ ငါက မင်းကို လေးစားပေးရမှာပေါ့"
ရှမြန် “...”
သူ့ထက်ဆိုးတဲ့ ဗီလိန်ဆိုတာ တကယ် မရှိတော့ပါဘူး။
"အ အ" ရှမြန်က သူမ၏ခေါင်းကို အုပ်ထားလိုက်ကာ ပြောလိုက်လေသည်။ "ကျွန်မ ခုနတုန်းက ပြေးတာ အရမ်းမြန်သွားလို့ မူးနေသလိုခံစားရတယ်... ဒီအရက်က ပြင်းထန်တဲ့ နောက်ဆက်တွဲဆိုးကျိုး ရှိတာပဲ"
နဥ်ရှောက်ပိုင်သည် ခပ်တိုးတိုး ရယ်မောလိုက်ကာ ဘာမှမပြောတော့ချေ။ သူက သူမကို တွဲကာ ဆိုဖာပေါ်တွင် ထိုင်ခိုင်းလိုက်ပြီး ကိုယ်ကိုလှည့်လိုက်ပြီးနောက် သူမ၏လက်နှင့်မျက်နှာကို သုတ်ပေးဖို့ရန် ရေနည်းနည်း သွားယူလိုက်လေသည်။
ဒေါက်တာနဥ်သည် လူများကိုပြုစုပေးရာတွင် အလွန်တော်သူဖြစ်သည်ဟု ပြောရပေမည်။ အပူချိန်နှင့် ခွန်အားက မှန်ကန်တိကျနေ၏။
ရှမြန်သည် အလွန်သက်တောင့်သက်သာ ပြုစုခံနေရပြီး သူမသည် ဒီပုံစံလေးအတိုင်း အိပ်ပျော်သွားခဲ့လျှင် ကပ်ဘေးမှနေ၍ ထွက်ပြေးလွတ်မြောက်နိုင်မည်ဟု စဉ်းစားလိုက်မိ၏။
သူမသည် အိပ်ပျော်တော့မည့်ဆဲဆဲတွင် သူမ၏လက်ကို သုတ်ပေးနေသည့် နဥ်ရှောက်ပိုင်က ရုတ်တရက် ထပြောလိုက်လေသည်။ "ကောင်းချုံးယင်းက ငါ့နောက်လိုက်ပြီးတော့ ရှန်မြို့ကို လိုက်ခဲ့တယ်လေ-"
ရှမြန်သည် ချက်ချင်းဆိုသလို မျက်လုံးပွင့်သွားတော့သည်။
အပြုံးတစ်ခုနှင့် သူမကို ကြည့်နေသည့်သူ့ကို မြင်လိုက်ရသည့်အခါ သူမသည် သူ အရူးလုပ်တာ ထပ်ခံရပြီဟု သိလိုက်တော့သည်။
သူမက ပင့်သက်တစ်ချက် ရှိုက်လိုက်၏။ ငါ့ခေါင်းကို အပြင်ထုတ်လိုက်ရင်လည်း နာဦးမယ်။ ခေါင်းကို ဒီအတိုင်းလေး အထဲမှာ ဝှက်ထားတော့လည်း နာမှာပဲ။ ဒီတော့ ထိပ်တိုက်ရင်ဆိုင်ကြတာပေါ့လေ။
ရှမြန်က ချက်ချင်း မတ်မတ်ထိုင်လိုက်ကာ အရင်ဆုံး ပြောလိုက်လေသည်။ "ကျွန်မ ဒီနေ့အားလုံးကို တွေ့ခဲ့ပါတယ်နော်။ ရှင် ကောင်းချုံးယင်းနဲ့တကယ်ပဲ ထမင်းတူတူသွားစားခဲ့တာလေ"
"ကျွန်မတို့တွေ အပြင်ထွက်လာတုန်းက ရှင်တို့တွေ အရမ်း နီးနီးကပ်ကပ် ရှိနေခဲ့တာ"
သူမကအကွာအဝေးကို ၁၀စင်တီမီတာလောက် ညွှန်ပြလိုက်ပြီးနောက် သူမ၏လက်ကို ဆန့်ထုတ်ပြလိုက်ပြီး မေးလိုက်လေသည်။ "ရှင်တို့တွေ ရှန်မြို့မှာ ဘာဖြစ်ခဲ့တာလဲ"
နဥ်ရှောက်ပိုင်က သူမပေါက်ကရ ပြောနေသည့်စကားကို အမှန်မပြင်ပေးဘဲ ဒီအတိုင်း နားထောင်နေသည်။ သူက သက်ပြင်းချကာ ပြောလိုက်၏။ "ဘာမှမဖြစ်ခဲ့ပါဘူး။ ဒီလိုပါပဲ။ ငါ သူ့ကို ဒီအကြောင်း ရှင်းပြပြီးကတည်းက သူက ငါ့ကိုပိုပြီးတော့တောင်မှ အားတက်သရောနဲ့ လိုက်ပြီး တွယ်ကပ်နေသေးတယ်လေ"
"ပြီးတော့ရော..."
ရှမြန်က တောက်လောင်နေသည့် မျက်လုံးများဖြင့် သူ့ကို ကြည့်လိုက်၏။
နဥ်ရှောက်ပိုင်က ကူကယ်ရာမဲ့သွားတော့သည်။ "ငါ့မှာ သဘောကျတဲ့သူ ရှိတယ်ဆိုတာကို မယုံဘူးလို့လည်း ပြောသွားသေးတယ်"
"သူ ပြောတာကတော့ ငါက တစ်ယောက်တည်း ဖြစ်နေသရွေ့တော့ သူ့မှာ ငါ့ကို ပိုးပန်းပိုင်ခွင့်ရှိတယ်တဲ့။ တစ်နေ့ကျရင် သူ ငါ့ကို အထင်ကြီးလာအောင် လုပ်နိုင်မယ်လို့ ယုံကြည်တယ်တဲ့"
ရှမြန်က စိုက်ကြည့်နေသည်။
နဥ်ရှောက်ပိုင်က တဘက်ကို ရေထပ်ဆွတ်လိုက်ပြီး ခြောက်နေအောင် ရေညှစ်လိုက်ပြီးနောက် ကိုယ်ကိုညွတ်ကာ သူမ၏မျက်နှာကို သုတ်ပေးလိုက်လေသည်။ သူက သက်ပြင်းချပြီး ပြောလိုက်၏။
"ဒီတော့ ငါ မင်းရဲ့အကူအညီ လိုကောင်းလိုနိုင်တယ်"
ရှမြန်၏ဝိုင်းစက်နေသည့်မျက်လုံးများက ဖြည်းဖြည်း ကျဉ်းမြောင်းသွား၏။ "ရှင်က အကူအညီလို့ ပြောလိုက်တာလား။ ကျွန်မကို သူ့ကိုသွားပြီးတော့ ဖြေရှင်းခိုင်းနေတာတော့ မဟုတ်ပါဘူးနော်"
နဥ်ရှောက်ပိုင်က ပဝါအဖြူလေးဖြင့် သူမ၏လည်ပင်းကို သုတ်ပေးလိုက်ကာ အပြုံးဖြင့် ပြောလိုက်လေသည်။ "အဲဒီလိုလုပ်ဖို့ မလိုပါဘူး။ ငါ ဒီလိုကိစ္စသေးသေးလေးကို ကိုယ့်ဟာကိုယ် ဖြေရှင်းနိုင်ပါတယ်။ ဒါပေမဲ့ မင်း ငါ့ကို တစ်ခုခုပေးဖို့တော့ လိုအပ်တယ်"
ရှမြန်သည် သူ့လက်ကောက်ဝတ်ကို ဖမ်းဆုပ်ထားလိုက်ပြီး သူ့ကို စိုးရိမ်တကြီး မော့ကြည့်လိုက်ကာ မေးလိုက်လေသည်။ "ဘာများလဲ"
ဒီနေ့ ဒါက သူ့ရဲ့နောက်ကွယ်က ရည်ရွယ်ချက် ဖြစ်နေတယ်ဆိုတာကို မသိစိတ်က ခံစားမိနေတယ်။
ရှမြန်က မလှုပ်ရှားဘဲ သူမ သူ့ကိုကိုင်ထားသည်ကို ခွင့်ပြုလိုက်ပြီး သူ့မျက်လုံးများကို အောက်နှိမ့်ချလိုက်ကာ သူမ၏မျက်ဝန်းများထဲသို့ တည့်တည့်ကြည့်လိုက်လေသည်။
လှိုင်းထန်နေသည့် လေထုအခြေအနေသည် ရုတ်တရက် သိမ်မွေ့နူးညံ့လာပြီး သတိနှင့် ထိပ်တိုက်ရင်ဆိုင် တွေ့ဆုံခြင်းများက တစ်စုံတစ်ခု၏ သိမ်သိမ်မွေ့မွေ့လေး ပြေလျော့သွားတော့သည်။
ကြယ်များ ပြည့်နှံ့နေသည့် ထိုမက်မွန်ပွင့် မျက်ဝန်းများထဲတွင် စနောက်ကျီစယ်နေသည့် အရိပ်အယောင်မပါဘဲ လေးနက်မှုများသာ ရှိနေ၏။
ရှမြန်၏ ရင်သည် အကြောင်းအရင်းမဲ့ စည်းချက်လွဲသွားပြီး သူမရှေ့က လူငယ်လေး ခပ်တိုးတိုး ပြောလိုက်သည့်စကားကို ကြားလိုက်ရလေသည်။ "အဆင့်အတန်းတစ်ခု"
"မြန့်မြန်" သူ့လေသံသည် အရင်တုန်းကထက် ပိုလို့ပင် နူးညံ့သိမ်မွေ့လာလေသည်။
ပထမဦးဆုံးအနေဖြင့် ရှမြန်သည် သူမ၏နာမည်က တစ်စုံတစ်ယောက်၏ ပါးစပ်ဖျားတွင် ခေါ်လိုက်သည့်အခါ သူမ၏ခွန်အားအားလုံးကို ဆုတ်ယုတ်သွားစေသည့် ဒီလိုကြီးမားသည့် စွမ်းအားရှိနေသည်ကို သဘောပေါက်လိုက်၏။
လူငယ်လေးက လေးနက်တည်ကြည်စွာဖြင့် ပြောလိုက်၏။ "ကို့ကို နာမည်တစ်ခုပေးပါ"
"ကို့ရဲ့ ကျန်တဲ့တစ်ဘဝလုံးက မင်းတစ်ယောက်ပဲ ပိုင်ဆိုင်ပါတယ်လို့ လောကကြီးကို ကြေညာနိုင်မဲ့ အဆင့်အတန်းတစ်ခုလေ"
သူသည် ရှေ့သို့ကပ်လာပြီး သူ၏နဖူးကို သူမနောက်က ဆိုဖာကျောမိပေါ်တွင် မှီချထားလိုက်ရာ သူမကို သူ၏ရင်ခွင်ထဲတွင် ထွေးပွေ့ထားသလို ဖြစ်နေလေသည်။
သူ၏အသံက အနည်းငယ် တိမ်၀င်လို့နေ၏။ "မင်းကို တရားဝင် စောင့်ရှောက်ပေးနိုင်ပြီး ပွေ့ဖက်နိုင်မဲ့ နေရာတစ်ခုပေါ့"
"ဖြစ်မလား"
ရှမြန်သည် အမှတ်တမဲ့ တံတွေးမျိုချမိသွားတော့သည်။
သူတို့၏ဆက်ဆံရေးက သဘာဝကျကျ တိုးတက်နေသည်ဟု သူမက အမြဲတမ်း ခံစားမိခဲ့၏။ သူမသည် စာလုပ်နေရသဖြင့် သူတို့၏ဆက်ဆံရေးကို အတည်ပြုဖို့ရန် ရှင်းလင်းသေချာသည့် အချိန်ကာလတစ်ခုပင် မရှိခဲ့ချေ။
ထို့ကြောင့် ရလဒ်များကို ရောက်လာသည့်အချိန်တွင် မရေရာသည့် မျှော်လင့်ချက်လိုမျိုး၊ ပေါက်ကွဲသွားသည့် ပျော်ရွှင်မှုလိုမျိုး မရှိခဲ့ချေ။
သို့သော်ငြားလည်း ဒီအခိုက်အတန့် အမှန်ပင် ရောက်လာသည့်အချိန်တွင်တော့ သူမသည် မှားယွင်းသွားသည်ကို သိခဲ့ရ၏။ ထိုသိနှင့်ပြီးသား သေချာနေနှင့်ပြီးသား အရာများသည် သူမကို ဒီထက်ပိုပြီး တည်ငြိမ်အောင် မလုပ်ပေးနိုင်တော့ပေ။
သူမ၏လက်သည် ပူပြင်းနေသည့် လက်ဖဝါးတစ်ခု၏ ကိုင်ထားခံရပြီး တစ်ဖက်သူ၏ရင်ဘတ်နားတွင် ထိကပ်ထားဖို့ရန် ဦးဆောင်ခံလိုက်ရသည်။ ထိုနေရာက နှလုံးခုန်သံသည် အရင်တုန်းက သူမ ထိကိုင်ဖူးသည့် ဘယ်အချိန်တုန်းကမဆိုထက် ပိုပြီး မြန်မြန်ဆန်ဆန် သန်မာစွာဖြင့် ခုန်နေလေသည်။
လူငယ်လေး၏အသံသည် လွန်ဆန်လို့မရနိုင်သည့် ညှို့ငင်မှုများဖြင့် ပြည့်နေလေ၏။ "မြန့်မြန် ဘယ်လိုလဲ"
ရှမြန်သည် သူမကိုယ်တိုင် စကားပြောလိုက်သည့်အချိန်တွင် သူမ၏နှလုံးခုန်သံက တစ်ဖက်လူ၏ နှလုံးခုန်သံနှင့် တစ်ထပ်တည်း ဖြစ်လုနီးပါး ဖြစ်နေသည်ကိုတွေ့လိုက်ရ၏။ "ကောင်းပြီလေ"
ဒီစကားတစ်ခွန်းက တချို့သော မှော်အစွမ်းများ ရှိနေသည့်နှယ်။ ရှမြန်သည် ထောင်ပေါင်းများစွာသော ပန်းများပွင့်လန်းနေသည်ကို တွေ့လိုက်ရသယောင်။
အပြုံးသည် နဉ်ရှောက်ပိုင်၏ မျက်ဝန်းထောင့်မှနေ၍ မျက်ခုံးအထိ ရောက်သွားကာ တစ်လွှာပြီးတစ်လွှာ ပွင့်လန်းလာတော့သည်။ အပြင်လူရှေ့တွင် ဘာခံစားချက်ကိုမှ ပြသလေ့မရှိသည့် ဒီလူငယ်လေးသည် ကမ္ဘာပေါ်တွင် အပျော်ရွှင်ဆုံး ကလေးတစ်ယောက်လို ပြုံးနေလေ၏။
ရှမြန်သည် သူ အလွန်ပျော်ရွှင်နေသည်ကို ခံစားနေမိ၏။ သူသည် ပျားရည်ထဲတွင် နစ်မြုပ်နေသည့်နှယ်။ သူ၏ ပျော်ရွှင်မှုများကို ဖော်မပြတတ်အောင်ပင်။
ခန္ဓာကိုယ်သည် တစ်ဖက်လူ၏ရင်ခွင်ထဲသို့ ရုတ်တရက်ဆွဲသွင်းကာ ပွေ့ဖက်ခံလိုက်ရ၏။
သန်မာသည့် လက်တစ်ဖက်က ခါးကိုသိုင်းဖက်ထားပြီး သူ၏ပူပြင်းနေသည့် အသက်ရှူငွေ့က သူမ၏နားနားသို့ ဖြတ်သန်းသွား၏။ ရှမြန်သည် လူငယ်လေး၏ သန်မာသည့် ရင်ဘတ်ကို တွန်းကန်ထားပြီး နောက်ဆုံးတော့ "ဖြောင့်မတ်မှန်ကန်ခြင်းနှင့် ယုံကြည်ချက်ရှိခြင်း" ဆိုသည့် အဓိပ္ပာယ်ကို သဘောပေါက်သွားတော့သည်။
အတိတ်က ထိုခဏတာ အထိအတွေ့အားလုံးသည် သူမအတွက် သူ၏ထိန်းချုပ်မှုသာ ဖြစ်လေသည်။ ဒါသည် သူမက သူ့ကို လုပ်ပိုင်ခွင့်ပေးလိုက်ပြီးနောက်တွင် သူတို့နှစ်ယောက်ကြားက ပထမဦးဆုံး စစ်မှန်သည့် ထွေးပွေ့မှုဖြစ်လာတော့သည်။
ချစ်သူတစ်ယောက်၏ ထွေးပွေ့ခြင်းသည် နွေးထွေးချိုမြိန်ပြီး လုံခြုံရလေသည်...
...