← Chapters

လူအုပ်ကို အံ့အားသင့်စေခြင်း

Vol. 45 Ch. 730

လူအုပ်ကို အံ့အားသင့်စေခြင်း

Vol. 45 Ch. 730

ကုန်းမိသားစုက လေးနှစ်တိုင် ပုန်းကွယ်နေခဲ့သော သခင်မလေး၊ ကုန်းမိသားစု၏ တစ်ဦးတည်းသော အိမ်ရှင်မကို ကြိုဆိုတော့မည်ဖြစ်ကြောင်း သိရှိရသောအခါ၊ လျန်မိသားစု၊ လီမိသားစု၊ ကျန်းမိသားစု စသည့် မိသားစုကြီးအချို့မှ မျိုးဆက်သစ်များသည် ကုန်းမိသားစုအိမ်တော်သို့ ပွဲကြည့်ရန် ရောက်ရှိလာခဲ့ကြသည်။ အိုး၊ မဟုတ်သေး။ လျန်မိသားစုနှင့် လီမိသားစုမှ သခင်ကြီးနှစ်ဦးပင်လျှင် ဤပွဲကို ကြည့်ရှုရန် ကုန်းမိသားစုထံ စောစောစီးစီး ရောက်ရှိနေခဲ့ကြ၏။

မိသားစုကြီးများ၏ မျိုးဆက်သစ်များသည် အချင်းချင်း အပြန်အလှန် သိကျွမ်းကြသူများ ဖြစ်ကြသည်။ ဤမျိုးဆက်သစ်များအနက် အများစုမှာ ကုန်းထျန်းဟောက်အား အလွန်လေးစားကြည်ညိုကြပြီး၊ သူတို့၏ စံပြပုဂ္ဂိုလ်အဖြစ် သတ်မှတ်ထားကြလေသည်။

မည်သို့ပင်ဆိုစေ၊ ကုန်းထျန်းဟောက်၏ ဒဏ္ဍာရီဆန်သော ဇာတ်လမ်းများသည် အထက်တန်းလွှာ အသိုင်းအဝိုင်းတွင် အစဉ်အမြဲ ပျံ့နှံ့လျက် ရှိခဲ့၏။

သုံးနှစ်သားအရွယ်တွင် မိဘနှစ်ပါး ဆုံးပါးခဲ့ပြီး၊ ၁၈နှစ်အရွယ်တွင် Imperial Palace အုပ်စုကို တည်ထောင်ခဲ့သည်။ ၂၂အရွယ်သို့ ရောက်သောအခါ စီးပွားရေးပင်လယ်ပြင်တွင် နေရာတစ်နေရာကို သိမ်းပိုက်ထားနိုင်ခဲ့ပြီး၊ ၂၅အရွယ်တွင် သူ့လုပ်ငန်းများသည် ကမ္ဘာတစ်ဝန်းသို့ ပျံ့နှံ့သွားခဲ့သည်။ သူကိုယ်တိုင်လည်း နိုင်ငံ၏ အချမ်းသာဆုံးပုဂ္ဂိုလ်၊ ကမ္ဘာ့ထိပ်တန်း စီးပွားရေးလုပ်ငန်းရှင် ဖြစ်လာခဲ့ပြီး၊ Imperial Palace အုပ်စုသည် ကမ္ဘာ့အဆင့် ထိပ်တန်းသုံးနေရာတွင် ရပ်တည်နေသော လုပ်ငန်းကြီး ဖြစ်လာခဲ့လေသည်။ ဤအချက်အလက်များသည် ယနေ့ထက်တိုင် ခုနစ်နှစ်၊ ရှစ်နှစ်တိုင်တိုင် ဆက်လက် တည်ရှိနေခဲ့၏။

သူတို့၏ ကြီးကျယ်သော စွမ်းဆောင်မှုများကို ပြန်ကြည့်လျှင်မူ၊ ၁၈နှစ် မတိုင်မီကတည်းက မိန်းမများနှင့် စတင်ကစားခဲ့ကြပြီး၊ ၂၂နှစ်တွင် မိသားစုလုပ်ငန်းသို့ ဝင်ရောက်ခဲ့ကြသည်။ ၂၅နှစ်အရွယ်တွင်၊ မိသားစုအတွင်း နေရာတစ်နေရာကို သိမ်းပိုက်နိုင်ရန်အတွက် အခြားသော ညီအစ်ကို မောင်နှမများနှင့် အဆက်မပြတ် အာဏာလုပွဲများ ဆင်နွှဲခဲ့ကြသည်။ အသက်၃၀အရွယ်သို့ ရောက်သောအခါ အတိုင်းအတာတစ်ခုအထိ အောင်မြင်မှု ရရှိခဲ့လျှင်ပင် ဤသည်မှာလည်း မိသားစု၏ အကြောင်းရင်းကြောင့်သာ ဖြစ်၏။

ကုန်းထျန်းဟောက်၏ လက်ဗလာဘဝမှ စတင်ကာ၊ စီးပွားရေးအင်ပါယာကို ကိုယ်တိုင် တည်ဆောက်ခဲ့ခြင်းနှင့် နှိုင်းယှဉ်ပါက၊ ကောင်းကင်နှင့် မြေကြီးလို ကွာခြားလှပေသည်။

ကုန်းထျန်းဟောက် ၁၈နှစ် အရွယ်မှ စတင်၍ ကျင်းချန် အထက်တန်းလွှာအသိုင်းအဝိုင်းမှ မင်းသမီးလေးများနှင့် အထက်တန်းလွှာမိန်းကလေး အချို့သည် ကုန်းထျန်းဟောက်အား စတင် ပစ်မှတ်ထားခဲ့ကြသည်။ မည်သို့ပင်ဆိုစေ ကုန်းထျန်းဟောက်ဆိုသော ဤလူသည်၊ သူ့ကိုယ်ပိုင်စွမ်းဆောင်ရည်ကို ဖယ်ထားလျှင်ပင် ကုန်းမိသားစု၏ မျိုးရိုးဂုဏ်သည်လည်း သူတို့ မျက်စိကျသည့်အရာ ဖြစ်လေသည်။ သခင်ကြီးကုန်းသည် အနားယူသွားခဲ့ပြီ ဖြစ်သော်လည်း ကုန်းမိသားစု၏ သြဇာအာဏာကို လူများက လျှော့တွက်ခြင်းငှာ မဝံ့ရဲကြသေးပေ။ ထို့အပြင် ကုန်းထျန်းဟောက်၏ ကြီးထွားလာမှုကာလသည် အလားအလာရှိသော စတော့ရှယ်ယာတစ်ခု ဖြစ်ခဲ့ပြီး၊ သူ၏ ခန့်ညားသော ရုပ်ရည်လည်းရှိသေးသည်။ ဤအရာအားလုံးသည် အမျိုးသမီးများကို ဆွဲဆောင်နေသော အရာများ ဖြစ်ကြ၏။

သို့သော် ကုန်းထျန်းဟောက်၏ ပထမဆုံး အချစ်ရေးသည် အမျိုးသမီးဘက်မှ သူ့အား ဖြတ်တောက်လိုက်ခြင်းဖြင့် အဆုံးသတ်ခဲ့သည်။

ထိုအချိန်က ထို မင်းသမီးလေးများနှင့် အထက်တန်းလွှာမိန်းကလေးများသည် ဝမ်းမြောက်မိသလို ကုန်းထျန်းဟောက်အစား မတရားဟု ခံစားခဲ့ကြရသည်။ ဤသို့ ကောင်းမွန်သော ယောက်ျားတစ်ဦးကိုပင် ဖြတ်တောက်ရက်သော ထိုအမျိုးသမီးအား မျက်စိမရှိသူဟု ကျယ်လောင်စွာ ဆဲဆိုကြရင်း၊ တစ်ချိန်တည်းမှာပင် မျက်ဝန်းထဲတွင် မျှော်လင့်ချက်များ တောက်လောင်လာခဲ့ကြသည်။

သို့သော်၊ အမျိုးသမီးအားလုံးကို စိတ်ပျက်စေခဲ့သည်မှာ ထိုအချိန်မှစ၍၊ ကုန်းထျန်းဟောက်တွင် အမျိုးသမီး နောက်တစ်ယောက် မရှိခဲ့တော့ခြင်း ဖြစ်သည်။ အိုး၊ အမျိုးသမီးများနှင့် မပတ်သက်တော့ဘဲ နောက်ပိုင်း ကောလာဟလ မျိုးစုံ ထွက်ပေါ်လာခဲ့တော့သည်။

ကုန်းထျန်းဟောက်သည် အမျိုးသမီးများကို မကြိုက်၊ ကုန်းထျန်းဟောက်သည် ယောက်ျားမပီသ စသည်ဖြင့် ဖြစ်၏။ သို့မဟုတ်လျှင် ဘာကြောင့် သူ့ချစ်သူဟောင်းက သူနှင့် လမ်းခွဲသွားမှာလဲ။

အတိုချုပ်ဆိုရသော်၊ ကောလာဟလဆိုသော ဤအရာသည် လူများ ပြောဆိုလေလေ၊ အမှန်တရား ဖြစ်လေလေဟု ပို၍ ယူဆလာကြသည်။ အဓိကအချက်မှာ ကုန်းထျန်းဟောက်သည် တစ်ခါမျှ ရှေ့ထွက် ရှင်းလင်းပြောကြားခြင်း မရှိခဲ့ခြင်း ဖြစ်သည်။

အချိန်ကြာလာသည်နှင့်အမျှ၊ လူတိုင်းသည်လည်း ကုန်းထျန်းဟောက်တွင် ထိုသို့သော မကောင်းသည့်အကျင့် (လိင်တူကြိုက်ခြင်း သို့မဟုတ် ပန်းသေခြင်း) ရှိသည်ဟု ယူဆသွားကြလေသည်။

ထို့ကြောင့် ကုန်းထျန်းဟောက်၏ ဩဇာအာဏာကို မှီခိုလိုသော အမျိုးသမီးများနှင့် မိသားစုများမှလွဲ၍ လူများစွာတို့သည် ကုန်းထျန်းဟောက်အား ပစ်မှတ်ထားခြင်းကို စွန့်လွှတ်ခဲ့ကြပြီး ဖြစ်သည်။

သို့သော် မည်သူက တွေးထင်ထားနိုင်မည်နည်း။ တစ်နေ့မှာတော့ သူတို့သည် အင်တာနက်ပေါ်တွင် ကုန်းထျန်းဟောက် အိမ်ထောင်ကျပြီး ကလေးမွေးထားသည့် သတင်းကို တွေ့မြင်လိုက်ရလိမ့်မည်ဟု။

ဤသို့သော သတင်းသည် ကျင်းချန်မှ မင်းသမီးလေးများနှင့် အထက်တန်းလွှာမိန်းကလေးများစွာအား ပြင်းထန်သော ထိုးနှက်ချက်တစ်ခု ဖြစ်စေခဲ့သည်။

ကုန်းထျန်းဟောက်သည် အမျိုးသမီးများကို မကြိုက်၊ ယောက်ျားများကိုသာ ကြိုက်သည်ဟု ပြောကြတယ်မဟုတ်ဘူးလား။ ဒါဆို သူ့ရင်ခွင်ထဲတွင် ပွေ့ဖက်ထားသော အမျိုးသမီးသည် မိန်းမ မဟုတ်ဘူးလား။

ကုန်းထျန်းဟောက်သည် ယောက်ျားမပီသဟု ဆိုကြသည် မဟုတ်လား။ ဒါဆို သူ့လက်ကို ဆွဲထားတဲ့ သူနဲ့တစ်ပုံစံတည်းတူတဲ့ကလေးငယ်ကကော ဘယ်သူလဲ။

သို့ဖြစ်၍ အမျိုးသမီးများနှင့် မိသားစုများစွာတို့သည် ရင်ဘတ်စည်တီးကာ နောင်တတရားများဖြင့် ပြည့်နှက်သွားကြသည်။

သေစမ်း။ ကုန်းထျန်းဟောက် ယောက်ျားကြိုက်သည်၊ ယောက်ျားမပီသဆိုတဲ့ကောလဟာလတွေက ဘယ်ကစထွက်လာတာလဲ။ ရိုက်ချက်ကပြင်းလွန်းတယ်

အခုတော့ကောင်းရော၊ ဘယ်မြောင်ကြိုမြောင်းကြား အမှိုက်ပုံထဲမှ ထွက်ပေါ်လာသည်မသိသော အမျိုးသမီးတစ်ဦးက ဈေးပေါပေါဖြင့် ရရှိသွားစေခဲ့ပြီး၊ ယခုအခါ ခမ်းနားထည်ဝါစွာဖြင့် ကုန်းမိသားစုအိမ်တော်သို့ ကြိုဆိုခြင်း ခံရကာ ကုန်းမိသားစု၏ အနှစ်နှစ်ဆယ်၊ သုံးဆယ်အတွင်း တစ်ဦးတည်းသော အိမ်ရှင်မ ဖြစ်လာတော့မည်။

ကုန်းမိသားစုသည် လုံးဝ ဖုံးကွယ်ထားခြင်းမရှိဘဲ ဤအိမ်ရှင်မအား ခမ်းနားထည်ဝါစွာ အိမ်တော်သို့ ကြိုဆိုခြင်းအားဖြင့် ဤအိမ်ရှင်မအပေါ် နှစ်သက်မှုနှင့် လေးစားမှုကို ပြသလိုက်လေသည်။ ကုန်းမိသားစုသည် ဤအိမ်ရှင်မအကြောင်းကို လူအများအား အသိပေးရန် လုံးဝ ဝန်မလေးခဲ့ပေ။

သို့ဖြစ်၍၊ အတိုင်းအတာတစ်ခုအထိ အတွင်းသတင်းရှိသူများသည် ကုန်းမိသားစုအိမ်တော်သို့ လာရောက်ကြပြီး သခင်လေးကုန်းအား စွဲမက်စေခဲ့သော ဤအမျိုးသမီး၊ သူ့အတွက် ကလေးမွေးဖွားပေးခဲ့ပြီး၊ သခင်ကြီးကုန်း၏ အသိအမှတ်ပြုမှုနှင့် နှစ်သက်မှုကိုပင် ရရှိခဲ့သော ဤအမျိုးသမီးတွင် နောက်ဆုံး မည်သို့သော ဆွဲဆောင်မှုမျိုး ရှိနေသည်ကို ပထမဆုံး သိရှိနိုင်ရန် မျှော်လင့်တကြီး စောင့်ဆိုင်းနေကြသည်။

သို့သော်၊ သူတို့ ဤအမျိုးသမီးကို ပထမဆုံး မြင်လိုက်ရသောအခါ အံ့အားသင့်ခြင်းမှလွဲ၍ မျက်ဝန်းထဲတွင် အံ့ဩမှုများသာ ရှိနေခဲ့သည်။

ဤအမျိုးသမီးသည် အမှန်တကယ်ပင် အလွန်လှပပြီး၊ သူမ၏ အရှိန်အဝါမှာ သာမန်မဟုတ်ဘဲ မြင့်မြတ်တည်ကြည်ကာ ခမ်းနားလှသည်။ အဓိကအချက်မှာ၊ သူမ၏ကိုယ်ပေါ်တွင် ထိန်းချုပ်မရနိုင်သော ဩဇာအာဏာရှိန်အဝါတစ်မျိုး ရှိနေပြီး၊ ကုန်းထျန်းဟောက်နှင့် အတူတကွ လျှောက်လှမ်းနေချိန်တွင် အားလုံး၏ ဦးနှောက်ထဲတွင် နာမဝိသေသနတစ်ခုသာ ဖြတ်သန်းသွားသည်- ကောင်းကင်ဘုံက ဖန်တီးပေးသော ကြင်ဖက်။

မှန်ပေသည်၊ ကောင်းကင်ဘုံက ဖန်တီးပေးသော ကြင်ဖက်ပင်။

ဤသို့သော ရုပ်ရည်၊ ဤသို့သော သာမန်မဟုတ်သည့် အရှိန်အဝါမျိုးရှိသော အမျိုးသမီးဖြစ်နေသဖြင့် ကုန်းထျန်းဟောက်အား စွဲလမ်းစေနိုင်ခဲ့သည်မှာ အံ့ဩစရာ မရှိတော့ပေ။

ကြည့်ရှုနေကြသော အမျိုးသမီးများစွာတို့သည် စိတ်ထဲတွင် ကျေနပ်လက်ခံသွားကြပြီး ဧကန်စင်စစ် ဤသို့သော အမျိုးသမီးမျိုးသာလျှင် ဩဇာအာဏာ တသမတ်တည်းရှိပြီး၊ မြင့်မြတ်ခမ်းနားသော သခင်လေးကုန်းနှင့် ထိုက်တန်သည်ဟု ယူဆမိကြကာ စိတ်ထဲမှ မကျေနပ်မှု အနည်းငယ်သည်လည်း မီးခိုးငွေ့များအဖြစ် လွင့်ပြယ်ပျောက်ကွယ်သွားကြလေသည်။

သေချာတာပေါ့၊ ဤနေရာတွင် ရှိနေသော အမျိုးသမီးများစွာတို့သည် ရှောင်လင်းယွီအပေါ် ပြင်းထန်သော မနာလိုဝန်တိုစိတ်များ ရှိနေကြသည်။ ဤအမျိုးသမီးသည် ရုပ်ရည်တစ်ခုမှလွဲ၍ ဘယ်အချက်ကများ ကုန်းထျန်းဟောက်နှင့် ထိုက်တန်နေလို့လဲ။ နောက်ခံအသိုင်းအဝိုင်း မရှိ၊ မျိုးရိုးဂုဏ် မရှိ၊ ဘာမျှ မရှိသောဘဲ၊ ရွာသူမတစ်ယောက်ဟူသော နောက်ခံမျိုးဖြင့် မြင့်မြတ်သော သခင်လေးကုန်းနှင့် ထိုက်တန်သွားတာလား။

သူတို့၏ မကျေနပ်မှုအနည်းငယ်ကို တိတ်တဆိတ်သာ ထုတ်ဖော်နိုင်ကြလေသည်။ တစ်စုံတစ်ယောက်က ကုန်းမိသားစုဝင်များ၏ နားထဲသို့ သတင်းပို့လိုက်ပါက ဒုက္ခရောက်မည်မှာ သူမတစ်ဦးတည်း မဟုတ်ဘဲ သူမ၏ မိသားစုတစ်ခုလုံး ဖြစ်သွားနိုင်လေသည်။ ကုန်းထျန်းဟောက်သည် စိတ်မြန်လက်မြန်ပြီး လက်စားချေတတ်သူ တစ်ဦးဖြစ်ကြောင်း ဘယ်သူကများ မသိထားကြလို့လဲ။

......

မိသားစုကြီးအချို့မှ မျိုးဆက်သစ်များသည် ရဟက်ယာဉ်ပေါ်မှ ဖြည်းညှင်းစွာ လျှောက်လှမ်းထွက်ပေါ်လာသော အနီရောင်ဝတ်စုံနှင့် အမျိုးသမီးကို မြင်တွေ့လိုက်ရသောအခါ၊ တစ်ယောက်ပြီးတစ်ယောက် ချက်ချင်း ပါးစပ်အဟောင်းသား ဖြစ်သွားကြပြီး၊ မျက်လုံးများသည် မလှုပ်မယှက် စိုက်ကြည့်နေကြ၏။

သူတို့ ဤသို့သော အမူအရာ ဖြစ်သွားခြင်းမှာ အပြစ်မဟုတ်ပေ။ အလှတရားကို ချစ်မြတ်နိုးစိတ်သည် လူတိုင်းတွင် ရှိကြသည် မဟုတ်လား။

ဤအမျိုးသမီးသည် အမှန်တကယ်ပင် အလွန် လှပလှသည်။ လောကီမှ ခွဲထွက်ကာ၊ နတ်သမီးတစ်ပါး ဆင်းသက်လာပြီး ထိုအနီရောင် ခြေရာတစ်စကိုသာ ချန်ထားခဲ့သကဲ့သို့ပင် လှပလွန်းလှသည်။ ဤခဏတွင် သူတို့၏ မျက်ဝန်းထဲ၌ ထိုအနီရောင်ဝတ်နတ်သမီးလေးသာ ရှိတော့သည်။

"အ..အဘိုးကုန်း... ဒီအမျိုးသမီးက... ... "

လျန်ရှင်းယွဲ့က စိတ်လှုပ်ရှားစွာဖြင့် စကားထစ်သွားသည်။

"ဘာတွေထစ်နေတာလဲ၊ သွားစမ်း၊ သခင်လေးကုန်းနဲ့ အတူတူရှိတဲ့ အမျိုးသမီးက ဘယ်သူဖြစ်နိုင်ဦးမှာလဲ။ ခန့်မှန်းစရာတောင် လိုသေးလား။ တကယ်ပဲ တုံးလိုက်တာ။"

လီကျားချန်က ချက်ချင်း သူ့ကို ဆူပူလိုက်သည်။ သူမသည် ရှောင်လင်းယွီအား စိုက်ကြည့်ရင်း ပြောလိုက်သည်။

"အဘိုးကုန်း၊ အစ်မကုန်းက တကယ် လှတာပဲ။ ဒါကြောင့်မို့ အစ်ကိုကုန်းက သူ့ကို ဝှက်ထားခဲ့တာကိုး။ ကလေးတွေတောင် ဒီလောက်ကြီးနေမှ လူတွေကို သိခွင့်ပေးတော့တယ်။"

သခင်ကြီးကုန်းက ရယ်မောလျက် ဆိုသည်။ "ဟားဟား၊ ဒီကလေးကတော့ ပါးစပ်က အရင်လို ချိုနေတုန်းပဲ။"

လီကျားချန်က ပြုံးလျက် ဆိုသည်။ "အဘိုးကုန်း၊ ကျွန်မက အမှန်အတိုင်း ပြောနေတာပါ။"

ဤအချိန်တွင် သခင်ကြီးလီက၊ "အဘိုးကြီးကုန်း၊ ခင်ဗျား တကယ်ပဲ သိပ်မရိုးသားဘူးဗျာ။ ဒီလောက်လှတဲ့ မြေးချွေးမတစ်ယောက် ရှိနေတာကိုတောင် ဖုံးကွယ်ထားပြီးတော့ သတင်းတစ်စက်မှတောင် မထွက်စေခဲ့ဘူး။ ကျုပ်ကတောင် ထျန်းဟောက် ယူထားတဲ့ မိန်းမက ဘယ်လောက်တောင် အရုပ်ဆိုးနေလို့ ခင်ဗျား လူရှေ့ထုတ်မပြချင်ရတာလဲလို့ ထင်နေတာ။"

သခင်ကြီးကုန်းက သူ့အား စွေကြည့်လိုက်ပြီး၊ စိတ်မရှည်စွာ ပြောလိုက်သည်။ "ခင်ဗျားမှ အရုပ်ဆိုးတာ၊ ခင်ဗျား မြေးချွေးမမှ အရုပ်ဆိုးတာ။"

ဤသို့ ပြောပြီးနောက်၊ သခင်ကြီးကုန်းသည် သက်ပြင်းတစ်ချက်ကို ညင်သာစွာ ချလိုက်ပြီး မျက်ဝန်းထဲတွင် အနည်းငယ် အားနာဟန်ဖြင့် ပြောလိုက်သည်။ "အစကတော့ ကျုပ်တို့က ယွီအာ ကလေးမွေးပြီး မီးတွင်းထဲက ထွက်တာနဲ့ သူ့ကို ကျင်းချန်ကို ပြန်ခေါ်ပြီး သူတို့ သားအမိနှစ်ယောက်ရဲ့အထောက်အထားကို ကြေညာဖို့ စီစဉ်ထားခဲ့တာ။ ဒါပေမဲ့ ဘယ်သူက သိမှာလဲ၊ သူ ကလေးမွေးပြီး ဒုတိယရက် အိမ်ပြန်တဲ့အချိန်မှာ ကားတိုက်မှုနဲ့ ကြုံတွေ့ခဲ့ရပြီး အဲ့ဒါကြောင့်ပဲ ဟောက်အာ ဦးနှောက်ဒဏ်ရာရသွားပြီး၊ နှစ်နှစ်ကျော်လောက် သတိမေ့မြောနေခဲ့ရာကမှ အခုမှ ပြန်သတိရလာတာ။"

သခင်ကြီးလီနှင့် သခင်ကြီးလျန် အစရှိသည့် လူများသည် ကုန်းထျန်းဟောက် ကားတိုက်မှု ဖြစ်ရသည့် အကြောင်းရင်းကို ပထမဆုံးအကြိမ် ကြားသိရခြင်း ဖြစ်သည်။

"အဲ့ဒီ ကောင်စုတ်လေး သတိရလာတော့လည်း ဘာကြောင့်မှန်းမသိဘဲ မှတ်ဉာဏ်တွေ ပျောက်ဆုံးသွားပြီး သူတို့ သားအမိကို မေ့သွားခဲ့တယ်။"

သခင်ကြီးကုန်းက ဆက်လက် ပြောသည်။

"ယွီအာက သူ့မှတ်ဉာဏ်ကို ပြန်နှိုးပေးချင်တဲ့ စိတ်နဲ့ ကျင်းချန်ကို လာခဲ့တယ်။ ဘယ်သူက သိမှာလဲ ကံကြမ္မာ အလှည့်အပြောင်းကြောင့် သူတို့ ပြန်မဆုံဖြစ်ခဲ့ဘဲ အဲ့အစား ယွီအာက အသက်အန္တရာယ်နဲ့ ကြုံတွေ့ခဲ့ရတယ်။"

"ဘာ၊ အသက်အန္တရာယ် ဟုတ်လား။"

လီနှင့် လျန် သခင်ကြီးနှစ်ဦးစလုံး အလွန်အံ့အားသင့်သွားကြသည်။

"ဘယ်သူက ဒီလောက် သတ္တိရှိလို့ ကုန်းမိသားစုရဲ့ သခင်မလေးကို လုပ်ကြံရဲတာလဲ။"

သခင်ကြီးကုန်းသည် သခင်ကြီးလျန်အား စွေကြည့်လိုက်၏။ ဤအကြည့်သည် အလွန် နက်နဲသော အဓိပ္ပာယ်များ ပါဝင်နေသည်။

အခြားသူများသည် သခင်ကြီးကုန်း၏ အမူအရာကို မြင်သော် အနည်းငယ် ဇဝေဇဝါဖြင့် သခင်ကြီးလျန်အား လှမ်းကြည့်လိုက်ကြသည်။

သခင်ကြီးလျန်သည် ဦးစွာ တစ်ချက် ကြောင်သွားပြီး ထို့နောက် လျင်မြန်စွာ သဘောပေါက်သွားကာ ချက်ချင်း စိတ်မရှည်စွာ ပြောလိုက်သည်။ "ခင်ဗျားတို့ ဒါ ဘယ်လိုအကြည့်မျိုးနဲ့ ကြည့်နေတာလဲ၊ ဘာကြည့်နေတာလဲ၊ အဲ့ဒီကလေးကို သတ်ဖို့ ကျုပ်က လူလွှတ်ခဲ့တာမှ မဟုတ်တာ။ အဘိုးကြီးကုန်း၊ ခင်ဗျား ဒါ ဘာအဓိပ္ပာယ်လဲ။"

သခင်ကြီးကုန်းက ခပ်ပေါ့ပေါ့ ဆိုသည်။ "ဘာအဓိပ္ပာယ်မှ မရှိဘူး။ ခင်ဗျားကို ကြည့်မရတာပဲ။"

လူအများ: "..."

သခင်ကြီးလျန်: "..."

သူ့ကို ကြည့်မရရုံနဲ့၊ သူ့ကို သံသယရှိတယ် ဟုတ်လား။ ဒါ ဘယ်လို ကောက်ကျစ်တဲ့ ယုတ္တိမျိုးလဲ။

သခင်ကြီးလျန်သည် ချက်ချင်း နှာတစ်ချက် မှုတ်ထုတ်လိုက်ပြီး ပြန်ပြောလိုက်သည်။ "ဟမ့်၊ ကျုပ်ကလည်း ခင်ဗျားကို ကြည့်မရဘူး။"

မျိုးဆက်သစ်များသည် ဧကန်မလွဲ သူတို့၏ နောက်ပြောင်စကားများကို အလေးအနက် မထားကြပေ။ လျှောက်လှမ်းလာသော ကုန်းထျန်းဟောက်တို့ မိသားစုလေးယောက်ကို မြင်တွေ့လိုက်ရသောအခါ၊ အမူအရာသည် ချက်ချင်းပင် ထိန်းချုပ်လိုက်ကြပြီး အလွန် နေရခက်သွားကြသည်။ အဓိကအားဖြင့် ငယ်စဉ်ကတည်းက၊ သူတို့သည် ကုန်းထျန်းဟောက်အပေါ် သဘာဝအတိုင်း ကြောက်ရွံ့မှုတစ်မျိုး ရှိခဲ့ကြပြီး ကြောင်ကို မြင်သော ကြွက်ကဲ့သို့ ကြောက်မက်ဖွယ်ကောင်းသည်ဟု ခံစားခဲ့ရသည်။

ရှိသင့်ရှိထိုက်သော ယဉ်ကျေးမှုနှင့် လောကဝတ်တရားများမှာမူ ဤသို့ ငယ်စဉ်ကတည်းက မိသားစု၏ ပညာပေးမှုကို ခံခဲ့ရသော မျိုးဆက်သစ်များထံတွင် ရှိနေသေးသည်။

"အစ်... အစ်ကိုကြီးကုန်း၊ အစ်မကုန်း။"

လျန်ရှင်းယွဲ့က စကားထစ်ငေါ့စွာ ခေါ်လိုက်သည်။

"အစ်... အစ်ကိုကြီးကုန်း၊ အစ်မကုန်း။"

လီကျားချန်ကလည်း စကားထစ်ငေါ့စွာ ခေါ်လိုက်သည်။

"ကုန်း...ကုန်း..."

ရှောင်လင်းယွီသည် ဤနေရာမှ စကားထစ်ပြိုင်ပွဲကို ကြည့်ရင်း ဆွံ့အလျက် ရှိနေသည်။

ကုန်းထျန်းဟောက်က ဒီလောက် ကြောက်စရာ ကောင်းနေလို့လား။

သူတို့ကို တစ်ယောက်ပြီးတစ်ယောက် ကြောက်လန့်တကြား တုန်ရီသွားသည်အထိ ဖြစ်စေရအောင်လေ။ ဘာပဲဖြစ်ဖြစ် သူတို့က မိသားစုကြီးလေးစုက လူတွေ မဟုတ်လား။

ရှောင်လင်းယွီ တစ်စုံတစ်ခု ပြောမည် ပြုစဉ်မှာပင် အပြင်ဘက်မှ ဆူညံပွက်လောရိုက်နေသော အမျိုးသမီးတစ်ဦး၏ စူးရှစွာ အော်ဟစ်သံတို့ ထွက်ပေါ်လာခဲ့သည်။

***

All Chapters