← Chapters

အခန်း (၂)

Vol. 1 Ch. 2

အခန်း (၂)

Vol. 1 Ch. 2

ကျန်းယီနင် ရုတ်တရက်အရင်က မှတ်ဥာဏ်တစ်ခုကို မှတ်မိသွားသည်။

ကျန်းယီနင် အရင်တုန်းက သူပျင်းပျင်းနဲ့ စိတ်ကူးယဥ်ကျင့်ကြံရေးဂိမ်းကို အချိန်ကုန်ခံထိုင်ဆော့ရင်း ဂိမ်းအမြင့်ဆုံးအဆင့်သို့ ရောက်ရှိခဲ့တာကို သေချာသတိတရမှတ်မိသွားသည်။ ဂိမ်းအမြင့်ဆုံးအဆင့်မှာ ကောင်းကင်ဘုရင်အဆင့် ဖြစ်သည်။ တနည်းအားဖြင့် သူသည် အရင်တုန်းက သူရဲ့ဂိမ်းအကောင့်ကို အခုရယူနိုင်တာပေါ့။ အဲ့ဒါကိုစဉ်းစားမိသောအခါ ကျန်းယီနင်ရဲ့မျက်နှာပေါ်တွင် အလွန်တက်ကြွသောအမူအရာပေါ်လာကာ မတွန့်မဆုတ်ဘဲ "ယူမယ်" ဟု ပြောလိုက်သည်။ ခဏနေတော့ သူ့ရှေ့မှ အပြာရောင် ဖန်သားပြင်သည် ဖြေးဖြေးချင်း ပြောင်းလဲလာခဲ့သည်။

[ဂိုဏ်းတည်ထောင်ရေးဂိမ်းသည် ကစားသမားကို အသန်မာဆုံးသော ဂိုဏ်းတစ်ခုကို တည်ထောင်ရန် ကူညီဖို့ ရည်ရွယ်ပါသည်။]

[ချမှတ်သော တာဝန်များပြီးမြောက်ခြင်းနှင့် နေ့စဥ်ဂိမ်းအကောင့်ဝင်ရောက်ခြင်းတို့ဖြင့် ကစားသမားသည် ကျင့်ကြံရေးနည်းများ၊ အရင်းအမြစ်များ၊ ဂိုဏ်းအဆောက်အဦးများ၊ ကျင့်ကြံရေးကျွမ်းကျင်မှုများ၊ စိတ်ဝိညာဉ်အရည်အချင်းများနှင့် အခြားပစ္စည်းများကို ရရှိနိုင်ပါသည်။]

[ကစားသမား၏ဂိုဏ်းနှင့် ချိတ်ဆက်ခြင်း — လင်းယွင်ဂိုဏ်း။]

[ချိတ်ဆက်ခြင်း ပြီးစီးသည်။]

[ကောင်းကင်ဘုရင်အဆင့်အကောင့် ရယူမှုစတင်ခြင်း...]

[ဒင်း! သင် ရရှိသွားပါသည်- ကောင်းကင်ဘုရင်အဆင့်ကစားသမား ဝင်ရောက်ခြင်း လက်ဆောင်ထုပ် *၁]

[ဒင်း! သင် ရရှိပါသည်- ကောင်းကင်ဘုံဘုရင်အဆင့် အားကစားသမား ဝင်ရောက်ခြင်း အခွင့်ထူးခံ (တစ်သက်တာ)]

[ဒင်း! သင်၏အကောင့်မှာ သင်သည်နှစ်သန်းပေါင်းများစွာ ကစားထားပါသည်။ ဆုလာဘ်များ လက်ခံရယူလိုပါသလား။]

စနစ်၏ အဆက်မပြတ် ထုတ်ပြန်သံများသည် ကျန်ယီနင်၏ နားထဲသို့ ဝင်ရောက်လာခဲ့သည်။ ယီနင်သည် မတွန့်မဆုတ်ဘဲ ဆုများကို လက်ခံရန် ရွေးချယ်လိုက်သည်။ ခဏနေတော့ စခရင်မျက်နှာပြင်မှ ရွှေရောင်အလင်းတန်းများ ထွက်ပေါ်လာပြီး သူသည် ဆုလာဘ်အားလုံးကို ရရှိပြီးဖြစ်ကြောင်း ပြသလိုက်သည်။

"ငါကောင်းကင်ဘုရင်အဆင့်အကောင့် ကို နှစ်သန်းပေါင်းများစွာ ကစားထားတော့၊ ငါဘယ်လိုဆုလာဘ်တွေရမလဲမသိဘူး" ဟု ကျန်ယီနင်က သူ့ဘာသာသူ ရေရွတ်လိုက်မိသည်။ သူ၏မျက်လုံးများတွင် မျှော်လင့်ချက်များ ပြည့်နှက်နေမိသည်။

"ပြန်လည်ဝင်ရောက်ခြင်းလက်ဆောင်ထုပ်ထဲမှာ ငါ့အတွက်အံ့အားသင့်စရာတွေရှိမရှိ အရင်ကြည့်လိုက်ရအောင်" ဟု သူပြောလိုက်သည်နှင့် စနစ်မျက်နှာပြင်သည် နောက်တစ်ကြိမ် ပြောင်းလဲသွားခဲ့သည်။

ရွှေရောင်တောက်နေသော စာကြောင်းတစ်ကြောင်းသည် စခရင်မျက်နှာပြင်ပေါ်တွင် ပေါ်လာခဲ့သည်။

[ကောင်းကင်ဘုရင်အဆင့် ပြန်ဝင်ရောက်လာခြင်း လက်ဆောင်ထုပ်ဖွင့်ခြင်း။ သင်သည် စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်ကြံနည်း၊ မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာ၊ လေဟာနယ်ဖျက်ဆီးရေးမျက်လုံး တို့ကိုရရှိပါသည်။]

[စိမ်းမြကြာပန်းဖန်တီးခြင်းနည်းလမ်း- ဤကျင့်ကြံနည်းကို လေ့ကျင့်ခြင်းဖြင့် အမှောင်ဟွမ်သွမ့်ချီကို စုပ်ယူနိုင်ပြီး သင်၏ စိတ်ဝိညာဉ်စွမ်းအားကို သန့်စင်ကာ သင်၏ ကျင့်ကြံရေးအရှိန်ကို မြှင့်တင်ပေးနိုင်ပါသည်။]

[မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာ- ကမ္ဘာပေါ်ရှိ အသန်မာဆုံးသော ကိုယ်ခန္ဓာဖြစ်ပြီး မြင့်မြတ်

ကောင်းကင်စိတ်ဝိညာဉ်စွမ်းအားနှင့် သန်မာသော နတ်ဆိုးကျင့်ကြံရေးကိုယ်ခန္ဓာတို့အား ပေါင်းစပ်ထားသည်။ စိတ်ဝိညာဉ်စွမ်းအားသည် ရုပ်ကိုယ်ခန္ဓာကို အဆင့်မြှင့်တင်ပေးသည်။]

[လေဟာနယ်ဖျက်ဆီးရေးမျက်လုံး- ပုံဖျက်ခြင်းနှင့် ပုံရိပ်ယောင်များကို မသက်ရောက်ဘဲ မြင်စေသည်။]

ကျန်းယီနင်သည် သူ့သိုလှောင်အိတ်ထဲရှိ ဆုများကို ငေးကြည့်ရင်း စိတ်လှုပ်ရှားနေတော့သည်။ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်ကြံရေးနည်းသည် အံ့သြစရာအပြည့် ကျင့်ကြံရေးနည်းဖြစ်သည်ဟု ဆိုနိုင်သည်။ သူအရင်က ဂိမ်းဆော့စဥ် ဂိမ်းထဲမှာ သူ့အကြီးမားဆုံးနောင်တမှာ ဒီကျင့်ကြံရေးနည်းကို ဘယ်လိုမှ မရရှိခဲ့ခြင်းပင်ဖြစ်သည်။အဲ့တာကို အခုတော့ ဆုထဲမှာ အလွယ်တကူရသွားမယ်လို့ ယီနင်မထင်ထားခဲ့ချေ။

မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာလည်းရှိသေးသည်။ ထိုခန္ဓာသည် ကောင်းကင်နတ်ဘုရားနှင့် နတ်ဆိုးတို့၏ စွမ်းအားတွေကို ပေါင်းစပ်ထားသည်။ ဤဂိမ်းထဲရှိ ကိုယ်ခန္ဓာအမျိုးစားအများကြီးထဲမှ ထိပ်သီးအသန်မာဆုံး ကိုယ်ခန္ဓာတစ်ခုဖြစ်သည်။ ထိုကိုယ်ခန္ဓာဖြင့် ကျင့်ကြံပါက အစောပိုင်းအဆင့်များတွင်ပင် လက်ဖြင့်တစ်ချက်ရိုက်လိုက်ရုံဖြင့် တောင်တွေကို အမှုန့်ခြေ မြစ်တွေကိုပင် အငွေ့ပျံစေသည်။ နောက်ဆုံးအဆင့် ရောက်တဲ့အထိ ကျင့်ကြံ့ပါက နတ်ဘုရားများနှင့် နတ်ဆိုးများကို အလိုရှိသလို သတ်ဖြတ်နိုင်စွမ်းရှိလေသည်။ ထိုခန္ဓာကိုယ်၏ အစွမ်းထက်မှုသည် ကုန်ခမ်းခြင်းမရှိပေ။

လေဟာနယ်ဖျက်ဆီးရေးမျက်လုံးသည် ကမ္ဘာပေါ်ရှိ ပုံဖျက်ခြင်းနှင့် ပုံရိပ်ယောင်အားလုံးကို ချိုးဖြတ်ပစ်နိုင်သည်။ ထိုမျက်လုံးသည် ကျန်းယီနင် လိုချင်လို့ ရှာတောင်မရနိုင်ခဲ့တဲ့ အရာတစ်ခုလည်းဖြစ်ခဲ့သေးသည်။ ထိုဆုပစ္စည်းများသည် ဂိမ်းထဲတွင် ငွေသုံးပြီးဝယ်လို့တောင် မရနိုင်တဲ့ အဖိုးတန်အရာတွေဖြစ်ခဲ့သည်။ အခုတော့၊ သူသည် အားလုံးကို အလကားတစ်ပြိုင်နက် ရရှိသွားသည်။ ကျန်းယီနင် ဘယ်လိုမှ စိတ်မလှုပ်ရှားပဲ မနေနိုင်တော့ဘဲ အသက်ပြင်းပြင်းရှုလိုက်သည်။ ကောင်းကင်ဘုရင်အဆင့်ပြန်လာခြင်း လက်ဆောင်ထုပ်ထဲက ဆုတွေက ဒီလောက်ေတာင်အဖိုးတန်နေမှတော့ ကောင်းကင်ဘုရင်အဆင့်အခွင့်ထူးက ဘယ်လောက်အဖိုးရှိလိုက်မလဲဟု စဥ်းစားမိလိုက်တော့ ယီနင်ထပ်မစောင့်နိုင်ဖြစ်သွားသည်

"ကောင်းကင်ဘုရင်အဆင့်အခွင့်ထူးကို အခုဖွင့်လိုက်ပါ။"

စနစ်ဖန်သားပြင်သည် ရွှေရောင်အလင်းနှင့် တဖန်တောက်ပခဲ့သည်။

[ကောင်းကင်ဘုရင်အဆင့်အခွင့်ထူး *၁၊ သာမန်အဆင့်မှ စိတ်ဝိညာဉ်အဆင့်သို့ တိုးမြှင့်ခြင်း- နေ့စဥ်ဝင်ရောက်ခြင်း၊ ကစားခြင်း၊ တာဝန်များပြီးမြောက်ခြင်းမှ ရရှိသော အရင်းအမြစ်များကို အဆင့်တစ်ဆင့် တိုးမြှင့်ပေးမည်ဖြစ်သည်။

[ကောင်းကင်ဘုရင်အဆင့်အခွင့်ထူး *၂၊ ထာဝရ အကောင်းဆုံးကံကြမ္မာ- ကောင်းကင်ဘုရင်အဆင့်၏ ကောင်းချီးပေးခြင်းဖြင့် ကံကြမ္မာကောင်းနှင့် ကံကောင်းခြင်းများ ရရှိပြီး ကစားသမား၏ဂိုဏ်းရှိ တပည့်များရဲ့ ကံကောင်းခြင်းကို မြှင့်တင်ပေးနိုင်သည်။

[ကောင်းကင်ဘုရင်အဆင့်အခွင့်ထူး *၃၊ ကံကြမ္မာသာလွန်ခြင်း - ကစားသမား၏ ကံကြမ္မာကို ကာကွယ်ပေးသည်။ မည်သူမျှ ကစားသမား၏ ခွန်အားနှင့် ကျင့်ကြံရေးအဆင့်ကို မသိနိုင်၍ ကစားသမား၏ အကြောင်းကို ကံကြမ္မာမတွက်ချက်နိုင်ပါ။

ကျန်ယီနင်သည် ကောင်းကင်ဘုရင်အဆင့်အခွင့်ထူး သုံးခုကို အံ့အားသင့်စွာ ကြည့်ရှုနေခဲ့သည်။ သူအရင် ဂိမ်းဆော့တုန်းက ရခဲ့တာတွေနဲ့ယှဥ်ရင် အခုသုံးခုက အဖိုးတန်လွန်းလှသည်။ ကျင့်ကြံရေးကမ္ဘာတွင် ကျင့်ကြံရေးနည်းအားလုံးနှင့် မှော်ပစ္စည်းများသည် အဆင့်အလိုက် သေသေချာချာ ခွဲခြားထားသည်။ ပုံမှန်အားဖြင့် အဆင့်တစ်ခုချင်းစီကွဲပြားမှုသည် အစွမ်းကွာခြားမှုနှင့် သတ်မှတ်ထားသည်။ သို့သော် သာမန်အဆင့်မှ စိတ်ဝိညာဉ်အဆင့်သို့ ရောက်ရှိအောင် သွန်းလုပ်နိုင်သည်။

ကျန်ရှင်ယီမင်းသည် အကြာကြီးငေးနေမိပြီးမှ "ဒါက တော်တော်မသမာတာပဲ" ဟု ဖြည်းဖြည်းချင်းပြောလိုက်သည်။ ထို့အပြင် ထာဝရအကောင်းဆုံး ကံကြမ္မာလည်းရှိသေးသည်။ ကောင်းကင်ကောင်းချီးပေးမှုက ယီနင်အပြင် သူ့ဂိုဏ်းအတွက်ပါ သက်ရောက်နေသည်။

ကံကြမ္မာသာလွန်ခြင်းကလည်း သူ့ကို သူ့အသက်ကို ကာကွယ်တဲ့နေရာမှာ အထောက်အကူအများကြီးပြုပေးသည်။ စွမ်းအားကြီးပြီး သန်မာသော ကျင့်ကြံသူအချို့သည် ကြမ္မာတွက်ချက်ခြင်းမှ တခြားသူရဲ့ ကံကြမ္မာကို သိရှိထိန်းချုပ်နိုင်ကြသည်။ အခုတော့ ဤအခွင့်ထူးရှိပြီဖြစ်သောကြောင့် ကျန်းယီနင်သည် သူတို့ပစ်မှတ်ထားခံရမည်ကို စိုးရိမ်စရာမလိုတော့ပေ။

"အခုတော့ နှစ်သန်းပေါင်းများစွာ ဂိမ်းကစားခဲ့တဲ့ ဆုတွေကို စောင့်မျှော်နေမိပြီ " ဟု ကျန်ရှင်ယီမင်းက နူးညံ့စွာ ပြောလိုက်သည်။ ပြန်လည်ဝင်ရောက်ခြင်းဆုနှင့် ကောင်းကင်ဘုရင်အဆင့် ဆုတွေက ယီနင်တကယ်ကို မက်မောစရာကောင်းနေသည်။ နှစ်သန်းပေါင်းများစွာ ဂိမ်းကစားခဲ့သည့် ဆုများသည် ပို၍ပင် ထိတ်လန့်စရာကောင်းနေလိမ့်မည်။

"စနစ်၊ နှစ်သန်းပေါင်းများစွာ ဂိမ်းကစားခဲ့တဲ့ ဆုတွေကို လက်ခံချင်တယ်" ဟု ကျန်းယီနင်က သူ၏စိတ်လှုပ်ရှားမှုကို ဖိနှိပ်ကာ အေးဆေးစွာပြောလိုက်သည်။

ချက်ချင်းပင်၊ စနစ်ဖန်သားပြင်ပေါ်တွင် ရွှေရောင်အလင်းတစ်ခု လျှပ်တစ်ပြက်လင်းသွားပြီး အတန်းလိုက် အကြောင်းကြားစာတွေ ပေါ်လာခဲ့သည်။

[အသိပေးချက်- သင် ကစားခဲ့သည်မှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီး အောက်ပါအတိုင်း အရင်းအမြစ်စုစုပေါင်း ရရှိခဲ့ပါသည်–

[ ကောင်းကင်အဆင့်ပုံဆောင်ခဲများ- ၅၅၀,၀၀၀ ]

[ စိတ်ဝိဉာဥ်အဆင့်ပုံဆောင်ခဲများ- ၆၆၀,၀၀၀ ]

[ ထိပ်သီးအဆင့်အဆင့် စိတ်ဝိညာဉ်ကျောက်များ- ၇၇၀,၀၀၀ ]

[ အဆင့်မြင့် စိတ်ဝိဉာဥ်ကျောက်များ- ၈၈၀,၀၀၀ ]

[ အလယ်လတ်ဆင့် စိတ်ဝိညာဉ်ကျောက်များ- ၉၉၀,၀၀၀ ]

[ အဆင့်နိမ့် စိတ်ဝိညာဉ်ကျောက်များ- ၁.၂၉ သန်း ]

[အသိပေးချက်- သင် ကစားခဲ့သည်မှာ နှစ်သန်းပေါင်းများစွာ ကြာမြင့်ခဲ့ပြီး ကျင့်ကြံမှု နှစ်ပေါင်း ၁.၂၉ သန်းစာ စုစုပေါင်း ရရှိခဲ့သည်။]

[အသိပေးချက်- ဆုလာဘ်အားလုံးကို ကစားသမား၏ သိုလှောင်အိတ်ထဲသို့ ထည့်သွင်းထားပါသည်၊ လက်ခံရရှိပြီးကြောင်း စစ်ဆေးကြည့်ပါ။ ]

ခဏအကြာ ဆုအသိပေးချက်များ နောက်ဆုံးတွင် ပြီးဆုံးသွားခဲ့သည်။

ကျန်းယီနင်သည် သူ့သိုလှောင်အိတ်ထဲရှိ ပစ္စည်းများသည် ကျင့်ကြံရေးကမ္ဘာတစ်ခုလုံးကို ရူးသွပ်စေရန် လုံလောက်သည်ဟု ယုံကြည်သည်။ စိတ်ဝိညာဉ်ကျောက်များကို ဥပမာထားကြည့်ရင်ကို ကျင့်ကြံရေးကမ္ဘာရှိ စိတ်ဝိညာဉ်ကျောက်များကို အဆင့်နိမ့်၊ အလယ်လတ်ဆင့်၊ အဆင့်မြင့်၊ ထိပ်သီးအဆင့်ဟူ၍ အဆင့်လေးဆင့်ခွဲခြားထားသည်။ စိတ်ဝိညာဉ်ကျောက်အမျိုးအစားတစ်ခုစီအတွက် လဲလှယ်နှုန်းသည် ၁၀၀:၁ ဖြစ်သည်။

လင်းယွင်ဂိုဏ်းသည် ဟောက်ယွင်ဂိုဏ်းထံသို့ အဆင့်နိမ့်စိတ်ဝိဉာဥ်ကျောက်ပေါင်း ၁,၀၀၀ ကို နှစ်စဥ် ပေးဆောင်ရန် လိုအပ်သည်။ သို့သော် ယခုအခါတွင် ကျန်းယီနင်သည် သူ၏ သိုလှောင်အိတ်ထဲတွင် အဆင့်နိမ့်စိတ်ဝိညာဥ်ကျေက် ၁.၂၉သန်းဖြင့် ပြည့်နေသည်။ စိတ်ဝိညာဉ်ကျောက်များအပြင်၊ သူ့မှာ အလွန်ရှားပါးသော စိတ်ဝိညာဥ်ပုံဆောင်ခဲများနှင့် ကောင်းကင်ပုံဆောင်ခဲများလည်း ရှိနေသေးသည်။ ထိုပုံဆောင်ခဲများသည် ကောင်းကင်မသေမျိုးဂိုဏ်းများသာ ပိုင်ဆိုင်နိုင်ကြသော အရာများဖြစ်သည်။

ကျန်းယီနင်သည် ခဏတာစိတ်လှုပ်ရှားသွားသော်လည်း သူသည် သူ့ဆုံးဖြတ်ချက်ကို ချက်ချင်းချလိုက်သည်။ ကျင့်ကြံရေးလမ်းကြောင်းတွင် ချမ်းသာမှုတွေ၊ စည်းမျဥ်းစည်းကမ်းတွေ၊ ပိုင်နက်တွေ၊ လက်တွဲဖော်တွေတို့သည် မရှိမဖြစ်လိုအပ်သည်။ ဤစိတ်ဝိညာဉ်ကျောက်များသည် သူ၏ "ချမ်းသာမှု" ပင်ဖြစ်သည်။ ကျင့်ကြံရေးကမ္ဘာတစ်ခုလုံးတွင် စိတ်ဝိညာဉ်ကျောက်များသည် အခြေခံအကျဆုံးလိုအပ်သော ပစ္စည်းများဖြစ်သည်။ ကျန်းယီနင်သည် သူ့မှာရှိသော စိတ်ဝိညာဉ်ကျောက်များ၊ စိတ်ဝိညာဥ်ပုံဆောင်ခဲများ၊ ကောင်းကင်ပုံဆောင်ခဲများ၊ စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်ကြံနည်းတို့ဖြင့် လင်းယွင်ဂိုဏ်းကို ကြီးကျယ်ခမ်းနားစွာနှင့် စည်ပင်ဝပြောစွာ တည်ထောင်နိုင်မည်ဟု ယုံကြည်သည်။

"အရာအားလုံးကို အစကနေ သေချာပြန်လုပ်ရမှာဘဲ၊ မတတ်နိုင်ဘူးလေ။ ဒီကမ္ဘာ ရောက်လာမှတော့လည်း ကောင်းကောင်းရှင်သန်ဖို့ ကြိုးစားရတော့မှာပေါ့"

ထိုအချိန်တွင် ကျန်းယီနင်သည် ဆုံးဖြတ်ချက်ကို ခိုင်မှာစွာချပြီးတော့ ယုံကြည်မှုလည်း အပြည့်ရှိနေသည်။ ထိုသို့ဆုံးဖြတ်ပြီးနောက်မှာဘဲ စနစ်၏အေးစက်နေသောအသံသည် နောက်တစ်ကြိမ် ကြားလိုက်ရသည်။

[ဒင်း! ကစားသမားသည် ဆုအားလုံး အောင်မြင်စွာ လက်ခံရရှိခဲ့ပါသည်။ စနစ်၏လုပ်ဆောင်ချက်များကို တရားဝင်စတင်အသုံးပြုနိုင်ပါသည်။]

[ဒင်း! ကစားသမားသည် ပင်မတာဝန်ကို စတင်ခဲ့သည်။]

All Chapters