ကျန်းယီနင်သည် တစ်ခြားကမ္ဘာတစ်ခုသို့ ကူးပြောင်းသွားပြီး ထျန်းယန်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ဖြစ်လာခဲ့သည်။ ကံဆိုးချင်တော့ ဂိုဏ်းကငွေကြေးချို့တဲ့စုတ်ချာနေပြီး သူ့မှာဂိုဏ်းသားမှာလည်း သုံးယောက်သာရှိသည်။ အခြေအနေတွေပိုဆိုးရွားပြီး အရာအားလုံးအဆုံးမသတ်ခင်မှာဘဲ သူကရွှေလက်ချောင်းကို ရခဲ့သည်။ ပိုစိတ်ဝင်စားစရာကောင်းတာက ထိုရွှေလက်ချောင်းသည် ကျန်းယီနင် ယခင်ကမ္ဘာတုန်းက ကစားခဲ့သော ဂိမ်းတစ်ခုဖြစ်နေတယ်။ [ပြန်လည်ကြိုဆိုပါတယ် ကစားသမား သင်သည် သင်နှစ်ပေါင်းများစွာ ကစားခဲ့သော သင့်ရဲ့ဂိမ်းအကောင့်ဟောင်းကို ပြန်လည်ရရှိမည်ဖြစ်သည်။] ထိုဂိမ်းမှတစ်ဆင့် ကျန်းယီနင်သည် သိုင်းပညာကျင့်စဥ်များ၊ ကျင့်ကြံရေးအရင်းအမြစ်များ၊ ကံကြမ္မာကောင်းများ၊ ဂိုဏ်းအဆောက်အဦးများ၊ ဝိညာဉ်အရင်းမြစ်များကို ဂိမ်းအကောင့်ထဲနေ့စဥ်ဝင်ရောက်ပြီး တာဝန်များကို ဆောင်ရွက်ခြင်းမှ ရရှိခဲ့သည်။ ယီနင်သည် သူ့ဂိုဏ်းတိုးတက်သန်မာစေဖို့ သူ့နေ့စဥ်ဆုလာဒ်တွေကို အသုံးချလိုက်ဖို့ ဆုံးဖြတ်လိုက်သည်။ တကယ်တမ်းတော့ ကျင့်ကြံရေးလောကမှာ ကျက်သရေမြင့်မား ဂုဏ်သိက္ခာကြီးမားတဲ့ ဆွေကြီးမျိုးကြီးမိသားစုမျိုးနွယ်တွေ၊ အားကောင်းသန်မာတဲ့ ဂိုဏ်းနဲ့နိုင်ငံတော်ကြီးတွေ၊ အထူးသဖြင့် နတ်ဘုရားဂိုဏ်းများပင် တည်ရှိကြပြီး အကုန်လုံးရဲ့ ရည်ရွယ်ချက်တွေက ကောင်းကင်ဘုံကို တက်လှမ်းပြီး အင်မင်တယ်ဖြစ်ချင်ကြဖို့ပဲလေ။ ဒါပေမယ့် နှစ်တွေကုန်ဆုံးပြီးနောက် ကျန်းယီနင်နဲ့ သူရဲ့ထျန်းယန်ဂိုဏ်းသားတွေကတော့ ရှည်လျားတဲ့ မြစ်ကြီးတစ်စင်းပေါ်တွင် ထိုင်နေကြရင်း ကောင်းကင်ကို တက်လှမ်းဖို့ ရုန်းကန်နေဆဲလူများကို ငေးကြည့်နေကြပါတော့တယ်...။

