အုတ်မြစ်တည်ထောင်ခြင်း နှောင်းပိုင်းအဆင့်၊ စိတ်ဝိညာဥ်စွမ်းအင်စုဆောင်းခြင်း အစီအရင်
Vol. 1 Ch. 13
နောက်တစ်နေ့ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာတွင်။
မြင့်မြတ်မီးတောက်ဖီးနစ်ဧကရာဇ်သည် လက်ထဲတွင် စာတစ်စောင်ကိုင်ကာ မျက်နှာတစ်ခုလုံး ဖြူဖပ်ဖြူရော်ဖြစ်နေသည်။ ဟွမ်းချိုကျောင်းသည် ကျန်းယီမင်ထံမှ လင်းယွင်ဂိုဏ်းတွင် နေပြီး သန့်ရှင်းရေးလုပ်ရန် ဖိအားပေးခံထားရသော်လည်း စာတစ်စောင်ကို ပြန်ပို့ဆောင်ရန် လူတစ်ဦးကို စေလွှတ်ခဲ့သည်။ ထိုစာတွင် ထိုနေ့က လင်းယွင်ဂိုဏ်းတွင် ဖြစ်ပျက်ခဲ့သမျှ အရာအားလုံးကို အသေးစိတ်ဖော်ပြထားသည်။
အပြစ်တင်ခံရမည်ကို ကြောက်သဖြင့် အပြစ်ရှောင်ရှားရန် ဟွမ်းချိုကျောင်းသည် ကျန်းယီမင် အစွမ်းကိုပင် အလေးပေးဖော်ပြခဲ့သည်။ ဟွမ်းချောင်ယု တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသို့ ပြန်လာရန် ငြင်းဆန်ခဲ့ပုံကိုလည်း အသေးစိတ်ဖော်ပြခဲ့သည်။
"ဒီကျေးဇူးကန်းတဲ့ သမီးမိုက်! လင်းယွင်ဂိုဏ်း! ကျန်းယီမင်!" ဟု မြင့်မြတ်မီးတောက်ဖီးနစ်ဧကရာဇ်က ဒေါသထွက်ကာ အေးစက်သွာ ကြိမ်းလိုက်သည်။ သူ့ခမ်းနားသော ဧကရာဇ် အရှိန်အဝါက ချက်ချင်းပင် အောက်ခြေရှိ အစောင့်များအားလုံးကို ဖိနှိပ်လိုက်သည်။
"ကျေးဇူးပြု၍ စိတ်လျော့တော်မူပါ၊ ဧကရာဇ်မင်းမြတ်" ဟု အဖြူရောင်ဆံပင်နှင့် အဖြူရောင်မုတ်ဆိတ်ရှိသော အကြံပေးချုပ်က လေးနက်စွာဦးညွှတ်ကာ ပြောဆိုလိုက်သည်။
"ဟွန့်၊ အဲ့ဒီကျေးဇူးကန်းတဲ့ သမီးက ပြန်လာဖို့ ငြင်းနေတယ်" ဟု တော်ဝင်မီးတောက်ဖီးနစ်ဧကရာဇ်က သူ့လက်ကို ဖြည်းဖြည်းချင်း လှုပ်လိုက်ကာ သူ့လက်ထဲရှိစာသည် အကြံပေးချုပ်ရှေ့သို့ ဖြည်းဖြည်းချင်း ပို့ပေးလိုက်ပြီး "လင်းယွင်ဂိုဏ်း! ပဉ္စမအဆင့်အင်အားစုငယ်လေးတစ်ခုက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ ကိစ္စတွေတွင် မကြောက်မလန့် ဝင်စွက်ဖက်ဖို့ သူ့ကိုယ်သူ ထိုက်တန်လို့ လာထင်နေတယ်" ဟု ဆက်လက်ပြောလိုက်သည်။
အကြံပေးချုပ်သည် စာကို အကြမ်းဖျင်းဖတ်ရှုပြီး ချက်ချင်းပင် အခြေအနေကို နားလည်သွားခဲ့သည်။
သူသည် ခဏတာစဉ်းစားပြီးနောက် စိတ်ရှုပ်ထွေးသောအမူအရာဖြင့် "ဧကရာဇ်မင်းမြတ်၊ လင်းယွင်ဂိုဏ်းက ဒီလောက်မရိုးရှင်းမှာကို ကြောက်ရွံ့မိပါတယ်၊ ကျန်းယီမင်က အမြုတေဖွဲ့စည်းခြင်းအစောပိုင်းရှိ ကျွန်ေတာ်တို့ရဲ့ လူတစ်ဦးကို သူ့ရုပ်ပိုင်းဆိုင်ရာ အစွမ်းလေးနဲ့ပဲ အနိုင်ယူနိုင်ခဲ့တယ်ဆိုတာ သူ့ကျင့်ကြံရေးက စဦးစိတ်ဝိညာဥ်အဆင့်ကို ရောက်နေတာဖြစ်နိုင်ပါတယ်။ ဒါ့အပြင် မင်းသမီးရဲ့ အရှင့်အပေါ် သဘောထားကလည်း နွေးထွေးမှုမရှိ အေးစက်နေပါသေးတယ်"ဟု ပြောလိုက်သည်။
ထိုစကားလုံးများကို ကြားသောအခါ တော်ဝင်မီးတောက်ဖီးနစ်ဧကရာဇ်၏မျက်နှာသည် ချက်ချင်းပင် နီရဲလာခဲ့သည်။ သူ့အကြောင်းကို တစ်စုံတစ်ဦးက ဖော်ထုတ်ခံလိုက်ရသည့်ပုံစံ ဖြစ်နေသည်။ သူ့ကြောင့်ပင် ဟွမ်းချောင်ယုက ယခုအချိန်တွင် ဒီလိုသူ့အပေါ် ဆက်ဆံနေခြင်းပင် ဖြစ်သည်။
သူက အရှက်ရဒေါသဖြင့် "အဲ့လိုဆိုရင်ကော၊ သူမက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကို ဘယ်လောက်ပဲ မုန်းတီးတာဖြစ်စေ သူ့မှာ ဖီးနစ်သွေးမျိုးဆက် ရှိနေတုန်းပဲ၊ ဒီအချက်ကို ဘယ်သူမှ လာမပြင်နိုင်ဘူး" ဟု အမျက်ထွက်ကာ ပြောလိုက်သည်။
"ဒါပေမယ့် ဧကရာဇ်မင်းမြတ်၊ မင်းသမီးက ပြန်လာဖို့ မလိုလားသည့်အပြင် ကျန်းယီမင်ကလည်း သူမကို ကာကွယ်ပေးနေသေးတယ်၊ ဒီကိစ္စကို ကိုင်တွယ်ဖို့ သေချာအစီအစဥ် အရင်ဆွဲရပါလိမ့်မယ်"
အကြံပေးချုပ်သည် အနည်းငယ်စိုးရိမ်နေဆဲဖြစ်သော်လည်း မြင့်မြတ်မီးတောက်ဖီးနစ်ဧကရာဇ်က လက်ဖြင့် အချက်ပြကာ သူ့စကားကိုဖြတ်တောက်လိုက်သည်။ "သူက မပြန်လာချင်ဘူးဆိုမှလည်း မင်းကိုယ်တိုင် လိုက်သွားပြီး သွားတွေ့လိုက်"
ထိုစကားကိုကြားပြီး အကြံပေးချုပ် တုန်လှုပ်သွားခဲ့သည်။ ထို့နောက် တော်ဝင်မီးတောက်ဖီးနစ်ဧကရာဇ် ဆက်လက်ပြောသည်ကို ကြားလိုက်ရသည်။
"မင်းကျင့်ကြံရေးက စဦးစိတ်ဝိညာဥ်အဆင့် အလယ်အလတ်မှာရှိတယ်၊ မင်းက တော်ဝင်ဖီးနစ်အင်ပါယာရဲ့ ထောက်တိုင်တစ်ချောင်းလည်း ဟုတ်တယ်၊ မင်းကိုယ်တိုင်သွားမယ်ဆို ငါစိတ်ချရတယ်၊ အကြံပေးချုပ် ဒီကိစ္စကို မင်းကိုငါ ကိုင်တွယ်ဖို့ အမိန့်ပေးတယ်"
ဧကရာဇ်မင်းမြတ်က ထိုသို့ပြောပြီးဖြစ်သောကြောင့် အကြံပေးချုပ်သည် သဘာဝအတိုင်းငြင်းဆန်ရန် မဝံ့တော့ပေ။ သူသည် ချက်ချင်း ခါးကိုင်းညွှတ်သွားခဲ့သည်။
"ဟုတ်ကဲ့၊ ကျွန်တော်မျိုး နားလည်ပါတယ်" ဟု ရိုသေစွာဖြင့် ပြန်လည်ဖြေကြားလိုက်သည်။
ဤသို့ဖြင့် အကြံပေးချုပ်သည် ခန်းမမှ ထွက်ခွာသွားခဲ့သည်။ တော်ဝင်မီးတောက်ဖီးနစ်ဧကရာဇ်သည် ခန်းမအပြင်ဘက်သို့ အေးစက်သောမျက်လုံးများဖြင့် ကြည့်ရှုနေသည်။
သူက "မင်းပြန်မလာချင်ဘူးပေါ့၊ မင်းအမေက ဒီမှာရှိနေတုန်းပဲ၊ မင်းနောက်ဆုံးကျရင် ပြန်ကို ပြန်လာရမယ်" ဟု သူ့ဘာသာပြောနေလိုက်သည်။
---
လင်းယွင်ဂိုဏ်းတွင် ကျန်းယီမင် ခြေချင်းချိတ်ထိုင်နေသည်။ ရုတ်တရက် သူ့မျက်လုံးများဖွင့်လာပြီး သူ့အကြည့်က အလွန်နက်ရှိုင်းနေသလို ဖြစ်နေသည်။
သူ့အငွေ့အသက်က ဆန်းကြယ်နေသလို ဖြစ်နေပြီး အလွန်လျှို့ဝှက်ဆန်းပြားနေသည်။
"ငါ့ရဲ့အဆင့် တိုးတက်လာတဲ့အခါ ငါ့ခန္ဓာကိုယ်ရဲ့ ခံနိုင်ရည်လည်း ပိုအားကောင်းလာတယ်" ဟု ကျန်းယီမင်က အံ့အားသင့် နေတဲ့အသံဖြင့် ပြောလိုက်သည်။
"ငါ အုတ်မြစ်အခြေတည်ထောင်ခြင်း အစောပိုင်းမှာရှိခဲ့တုန်းက ဒီခန္ဓာကိုယ်က ငါးနှစ်ကြာ ကျင့်ကြံမှုကိုပဲ ခံနိုင်ရည်ရှိခဲ့တာ၊ အခုတော့ ခုနှစ်နှစ်အထိ ခံနိုင်ရည်ရှိနေပြီ"အခုတွင် ကျန်းယီမင်က စနစ်ရဲ့ ကျင့်ကြံရေးထဲမှာ ခုနှစ်စာကို ထုတ်ပြီး စုပ်ယူထားသည်။
"အခုတော့ ငါ့ရဲ့ကျင့်ကြံရေးက အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်ကို ရောက်ပြီး ငါ့ရဲ့စိတ်ဝိညာဉ်စွမ်းအားကလည်း သန့်စင်ပြီး သိပ်သည်းနေတယ်။ အမြုတေဖွဲ့စည်းခြင်းအဆင့်ကို အောင်မြင်အောင် အဆင့်ချိုးဖြတ်ဖို့ အခွင့်အရေးတစ်ခုပဲ လိုအပ်နေတယ်။ အခုတော့ ငါ့ရဲ့ အမြုတေဖွဲ့စည်းခြင်းအဆင့်နဲ့ ညီနေတဲ့ မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကြောင့် အမြုတေဖွဲ့သည်းခြင်း နှောင်းပိုင်းအဆင့်ကသူတွေတောင် ငါ့ပြိုင်ဖက်မဟုတ်တော့ဘူး"
ကျန်းယီမင်သည် လက်သီးဆုပ်ကာ သူ့ခန္ဓာကိုယ်ထဲရှိ ကျယ်ပြန့်သော စိတ်ဝိညာဉ်စွမ်းအားကို ခံစားလိုက်သည်။
"စနစ်၊ ဝင်ရောက်လိုက်ပါ"
[ဒင်း - ဝင်ရောက်ခြင်း အောင်မြင်ပါသည်]
[ဝင်ရောက်ခြင်းဆုလက်ဆောင်- စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းခြင်းအစီအရင်]
[အသိပေးချက်- ကောင်းကင်ဘုရင်အဆင့်ကြောင့် စိတ်ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်ကို အဆုံးစွန်သောစိတ်ဝိညာဉ်စွမ်းအင် စုဆောင်းခြင်းအစီအရင်သို့ အဆင့်မြှင့်တင်ပြီးပါပြီ]
"အဆုံးစွန်သောစိတ်ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်" ဟု ကျန်းယီမင်သည် စိတ်မထိန်းနိုင်တော့ဘဲ အော်ဟစ်လိုက်သည်။
ဒီအစီအရင်သည် ရတနာတစ်ပါးဖြစ်သည်။ သူ့မှတ်ဉာဏ်ထဲတွင် အဆုံးစွန်သောစိတ်ဝိညာဉ်စွမ်းအင် စုဆောင်းခြင်း အစီအရင်သည် ထိပ်တန်းဂိုဏ်းအစီအရင်တစ်ခုအဖြစ် သတ်မှတ်ခံရသည်။ အစီအရင်ကို စတင်လိုက်သည်နှင့် မိုင်ဆယ်မိုင်ပတ်လည်အတွင်း ပြင်းထန်သော အစုအဝေးဖြစ်ပေါ်ပြီး အနီးအနားရှိ စိတ်ဝိညာဉ်စွမ်းအင်အားလုံးကို စုပ်ယူလိမ့်မည်ဖြစ်သည်။
အစီအရင်အတွင်းရှိ စိတ်ဝိညာဉ်စွမ်းအား သိပ်သည်းမှုသည် အဆများစွာ တိုးလာပြီး အစီအရင်အတွင်းတွင် ကျင့်ကြံမှု၏အရှိန်သည် ကြီးမားစွာ တိုးတက်လာမည်ဖြစ်သည်။
"ဒီတစ်ခေါက် စနစ်ဆုလက်ဆောင်က တကယ့်ကို ရှယ်ပဲဟ " ဟု ကျန်းယီမင်က မထိန်းနိုင်ဘဲ ရယ်မိသွားပြီး မျှော်လင့်ချက်များဖြင့် ကြည့်လိုက်သည်။
"လက်ရှိလင်းယွင်ဂိုဏ်းက အလွန်ကျဆင်းနေတယ်၊ ဂိုဏ်းစွမ်းအားကို အမြန်ဆုံးပြန်လည်ထူထောင်ချင်ရင် ငါ့တပည့်တွေရဲ့ ကျင့်ကြံရေးကို အမြန်ဆုံး မြင့်လာအောင် ကူညီပေးရမယ်၊ ခါတိုင်းလို ပုံမှန်ကျင့်နေရင် အန္တရယ်ကင်းပေမယ့် အချိန်ကြာတယ်၊ အခုအစီအရင်နဲ့ဆိုလို့ကတော့ အချိန်ကုန်သက်သာသွားပြီ"
ထိုအချက်ကို စဉ်းစားမိသောအခါ ကျန်းယီမင်သည် အခုထိ သူအဓိကတာဝန်ကို မပြီးသေးကြောင်း သတိရသွားလိုက်သည်။ သူသည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့် အစောပိုင်းမှ နှောင်းပိုင်းအဆင့်သို့ ရောက်ရှိခဲ့သည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်သို့ ကျော်လွှားလိုပါက အခွင့်အရေးတစ်ခုကို ရှာဖွေရမည်ဖြစ်သည်။ ဒီကြားအချိန်တွင် ဂိုဏ်းကို အမြန်ဆုံး ပြန်လည်တည်ဆောက်ရန် နည်းလမ်းများကို စဉ်းစားနိုင်သည်။ သူ့အဝတ်အစားများကို သပ်သပ်ရပ်ရပ် ပြင်ဆင်ပြီးနောက် ကျန်းယီမင်သည် တံခါးကိုဖွင့်ကာ အခန်းမှထွက်လာခဲ့သည်။
သူသည် လင်းယွင်ဂိုဏ်းတစ်ဝိုက်ရှိ နေရာတစ်ခုလုံးကို လှည့်လည် စစ်ဆေးကြည့်နေသည်။ အခုလို သန့်ရှင်းသပ်ရပ်ပြီး တောက်ပြောင်နေတဲ့ ဂိုဏ်းကို ကြည့်ပြီး သူကျေနပ်သွားသည်။
"တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ အဲ့ဒီကျင့်ကြံရေးသမားတွေက လုံးဝအသုံးမကျတာတော့ မဟုတ်ဘူးပဲ၊ သူ့တို့က တိုက်ခိုက်ရေးမှာ သုံးစားမရကေမယ့် သန့်ရှင်းရေးမှာတော့ အသုံးဝင်သား၊ လင်းယွင်ဂိုဏ်းက ဒီလောက်ကြီးမားနေပေမယ့် သူတို့ တစ်ညအတွင်း သန့်ရှင်းရေးကို ပြီးအောင် လုပ်နိုင်သားပဲ"
ဟွမ်းချိုကျောင်းနှင့် အခြားသူများသည် ဒီနေရာတွင် မရှိခြင်းသည် ကံကောင်းခြင်းတစ်ခုဖြစ်သည်။ မဟုတ်ပါက ကျန်းယီမင်စကားကို ကြားပြီးနောက် စူတို့က ပါးစပ်ပြည့် သွေးအန်ပြီး စိတ်တိုနေရပေလိမ့်မည်။ ကျန်းယီမင်က မြေကွက်လပ်နေရာ တစ်နေရာကို သွားလိုက်သည်။ လင်းယွင်ဂိုဏ်း၏ အဓိကခန်းမသည် ယခင်က ဒီနေရာတွင် ရှိခဲ့သော်လည်း ယခုအခါ နေရာလွတ်တစ်ခုသာဖြစ်သည်။ ယခင်က ဂုဏ်နှင့် ဘုန်းတန်ခိုးအားလုံးသည် မည်သည့်အခါကမျှ မရှိခဲ့သကဲ့သို့ ပျောက်ကွယ်သွားခဲ့ရသည်။
"ဂိုဏ်းကို ပြန်လည်ထူထောင်ချင်တယ်ဆိုရင် အဓိကခန်းမမရှိဘဲ ဘယ်လိုဖြစ်ပါ့မလဲ" ဟု ကျန်းယီမင်က သူ့ကိုယ်သူ ရေရွတ်လိုက်သည်။
"စနစ်၊ ဂိုဏ်းအဓိကခန်းမကို ပြန်လည်တည်ဆောက်ပါ"
[ဒင်း]
[အသိပေးချက်- လင်းယွင်ဂိုဏ်း၏အဓိကခန်းမကို ပြန်လည်တည်ဆောက်ရန် စနစ်မှ စီစဉ်ဆောင်ရွက်နေပါသည်]
[အသိပေးချက်- စနစ်စီစဉ်မှု အောင်မြင်ပါသည်၊ အဓိကခန်းမ၏ပုံကြမ်းကို နမူနာထုတ်နေပါသည်။]
စနစ်အသိပေးချက် ပြီးဆုံးသည်နှင့်တစ်ပြိုင်နက် ယာယီအဓိကခန်းမတစ်ခုသည် ကျန်းယီမင်စိတ်ထဲတွင် ချက်ချင်းပေါ်လာခဲ့သည်။
အဓိကခန်းမသည် ခမ်းနားကြီးကျယ်နေပြီး ရောင်ဝါထည်ဝါကာ ရုပ်ပုံများ ထွင်းထုထားသော ထုပ်တန်းများနှင့် အရောင်များ ခြယ်သထားသော ထောက်တိုင်များရှိပြီး ကောင်းကင်ဘုံက နန်းဆောင်ကြီးလို့ ဟိန်းထွက်နေသည်။ ကျန်းယီမင်သည် ခဏတာတုန်လှုပ်သွားခဲ့ရသည်။ သူ့အရင်ဘဝရှုထောင့်မှ ဒီလို နန်းတော်တစ်ခုကို သာမန်လို့ သတ်မှတ်နိုင်သည်။သို့သော် လက်ရှိလင်းယွင်ဂိုဏ်း ရှုထောင့်မှ ကြည့်လိုက်ပါက ဒါက အနည်းငယ်လွန်ကဲနေသည်။
ဒီလိုခမ်းနားသော နန်းတော်သည် ဒုတိယသို့မဟုတ် ပထမအဆင့်အင်အားစု၏ နန်းတော်ဖြစ်ရန် လုံလောက်သည်။
[အသိပေးချက်- ဂိုဏ်း၏အဓိကခန်းမကို တည်ဆောက်ရန် ထိပ်သီးအဆင့် စိတ်ဝိညာဥ်ကျောက် ၁၈,၀၀၀ ကုန်ကျမည်ဖြစ်သည်]
[အသိပေးချက်- အဓိကခန်းမကို တည်ဆောက်လိုပါသလား]
သူတစ်ခါပြန် တွေဝေနေစရာပင် မလို။ ထိပ်သီးအဆင့် စိတ်ဝိညာဉ်ကျောက် ၁၈,၀၀၀ သည် အခြားသူများမျက်လုံးထဲတွင် မယုံနိုင်ဖွယ် ရူးလောက်စရာ ကိန်းဂဏန်းတစ်ခုဖြစ်သော်လည်း ကျန်းယီမင်ရဲ့ သိုလှောင်အိတ်ထဲမှာတော့ စိတ်ဝိညာဥ်ကျောက်များတို့ဖြင့် ပြည့်နှက်နေသည်။ ဒီပမာဏသည် သူ့အတွက် ပင်လယ်ထဲမှ ရေတစ်စက်မျှသာဖြစ်သည်။
သူသည် ချက်ချင်းပင် "ဆောက်မယ်" ကို ရွေးချယ်လိုက်သည်။
ထိုအချိန်တွင် စနစ်သည် ရွှေရောင်အလင်းတန်းများ ပေါက်ကွဲထွက်လာခဲ့သည်။ ကျန်းယီမင်မျက်လုံးထဲတွင် ခမ်းနားကြီးကျယ်သော နန်းတော်တစ်ခုသည် မြေပြင်မှ မြင့်တက်လာနေသည်။
[အသိပေးချက်- လင်းယွင်ဂိုဏ်း၏အဓိကခန်းမ တည်ဆောက်မှု စတင်ပါပြီ]
[အသိပေးချက်- ခန့်မှန်းပြီးစီးချိန်မှာ ရက်ပေါင်း၃၀ ရက်ဖြစ်သည်]