← Chapters

လွင့်မျောတိမ်တိုက် ကျိုးပဲ့လဓားကျင့်စဥ်

Vol. 2 Ch. 23

လွင့်မျောတိမ်တိုက် ကျိုးပဲ့လဓားကျင့်စဥ်

Vol. 2 Ch. 23

ညအချိန်၊ လင်းယွင်ဂိုဏ်း၏ နေအိမ်ခြံဝန်း ၃၆ ခုအနက်မှ တစ်ခုတွင်။

ဒီခြံဝန်းမှာ ကျန်းယီမင်ကိုယ်တိုင် ရွေးချယ်ထားသော နေရာထိုင်ခင်းတစ်ခု ဖြစ်သည်။ နေအိမ်ခြံဝန်း ၃၆ ခုတွင် မြင့်မြတ်သော ကောင်းကင်အစီအရင်ကို ဖွဲ့စည်းထားပြီး စိတ်ဝိညာဉ်စုဆောင်းခြင်း အစီအရင်ပါ ပေါင်းစပ်ထားသည်။ ဂိုဏ်းခေါင်းဆောင်အဖြစ် ကျန်းယီမင်ရဲ့ နေရာသည် ထိုအစီအရင်၏ အလယ်ဗဟိုတွင် တည်ရှိသည်။

"အခုလို ကိစ္စကြီးတွေ ဖြစ်ပြီးမှတော့ ဟောက်ယွင်ဂိုဏ်းနှင့် မကြာမီအတွင်း ရင်ဆိုင်ရတော့မယ်လို့ ငါထင်တယ်" ဟု ကျန်းယီမင်သည် တရားထိုင်ကာ ပြောနေသည်။ " အခုလောလောဆယ်တော့ ငါက အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းမှာပဲ ရှိနေသေးတယ်၊ တကယ်လို့သာ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူတစ်ဦးနှင့် ရင်ဆိုင်ရမယ်ဆို ငာရဲ့ရှုံးနိမ့်နိုင်ခြေက အနိုင်ရနိုင်ခြေထက် ပိုများနေတယ်။ ငါ့ရဲ့ ကျင့်ကြံဆင့်ကို အမြန်ဆုံး မြှင့်တင်ဖို့ လိုအပ်နေပြီ!"

ထိုအတွေးများ ပေါ်လာသောအခါ ကျန်းယီမင်သည် စနစ်ထံမှ ကျင့်ကြံရေးများ ထုတ်ယူလိုက်သည်။

"စနစ်၊ ငါ့ရဲ့ ကျင့်ကြံဆင့်ကို မြှင့်မယ်"

...

နောက်တစ်နေ့ နံနက်စောစောတွင်။

"ဟူး" ကျန်းယီမင်သည် မသန့်ရှင်းတဲ့လေများကို ရှူထုတ်လိုက်ပြီး မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူသည် သူ့ခန္ဓာကိုယ်အတွင်းရှိ ပြင်းထန်သော စိတ်ဝိညာဥ်စွမ်းအားကို ခံစားရသောအခါ သူ့မျက်နှာပေါ်တွင် ပြုံးရိပ်တစ်ခု ပေါ်လာခဲ့သည်။

"ငါအခုတော့ အမြုတေဖွဲ့စည်းခြင်းအဆင့် နှောင်းပိုင်းကို ရောက်သွားပြီ! တစ်ညအတွင်း ငါ စနစ်ကနေ ကျင့်ကြံရေး အနှစ်သုံးဆယ်စာကို သုံးလိုက်ရပြီး နောက်ဆုံးတော့ ငါ့ပန်းတိုင်ကို ရောက်သွားပြီ။ လက်ရှိငါ့ရဲ့ စွမ်းရည်နှင့်ဆိုလျှင် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများကို တိုက်ရသည့်တိုင် ငါ ကိစ္စမရှိတော့ဘူး"

ကျန်းယီမင်သည် ထပ်မံ သက်ပြင်းချကာ "ဒါပေမယ့် အမြုတေဖွဲ့စည်းခြင်းအဆင့် ပြီးပြည့်စုံခြင်းကို တစ်ခါတည်း မရောက်သွားတာက ဝမ်းနည်းစရာပဲ။ ကောင်းပြီ၊ ဒါပေမယ့် ဒီကိစ္စတွေကို ငါအလျင်စလိုမလုပ်သင့်ဘူး။ လက်ရှိအချိန်တော့ အကောင်းဆုံးက စနစ်မှာ နေ့စဥ်ဝင်ရောက်ဖို့ပဲ။ စနစ်၊ ဝင်ရောက်ပါ"

[ဒင်း - ဝင်ရောက်ခြင်း အောင်မြင်ပါသည်]

[အသိပေးချက် - ဝင်ရောက်ခြင်းအတွက် ကျိုးပဲ့လ ဓားကျင့်စဉ်ကို ရရှိပါသည်]

[အသိပေးချက် - ကောင်းကင်ဘုရင်အဆင့်၏ အထူးအခွင့်အရေးကြောင့် ကျိုးပဲ့လဓားကျင့်စဉ်သည် လွှင့်မျောတိမ်တိုက် ကျိုးပဲ့လဓားကျင့်စဉ်အဖြစ်သို့ အဆင့်မြှင့်တင်ခြင်း ခံရပါသည်]

စနစ် အသိပေးချက်များ ပြီးဆုံးသွားသောအခါ ဓားကျင့်စဉ် စာအုပ်တစ်အုပ်သည် သူ့သိုလှောင်အိတ်ထဲတွင် ပေါ်လာခဲ့သည်။ ကျန်းယီမင်သည် ချက်ချင်းပင် ကျင့်စဉ်ဆိုင်ရာ စနစ်၏ မိတ်ဆက်ချက်ကို ဖွင့်ကြည့်လိုက်သည်။ စနစ်၏ မိတ်ဆက်ကို ဖတ်ရှုပြီးနောက် ကျန်းယီမင်သည် အနည်းငယ် အံ့အားသင့်သွားခဲ့ရသည်။ လွှင့်မျောတိမ်တိုက် ကျိုးပဲ့လဓားကျင့်စဉ်ကို ကမ္ဘာပေါ်ရှိ အထက်မြက်ဆုံး ဓားကျင့်စဉ်များထဲမှ တစ်ခုဟု ဆိုနိုင်သည်။ လွှင့်မျောနေသော တိမ်တိုက်သည် နူးညံ့ပြီး ပြစ်ချက်မရှိပေ။

ဤဓားကျင့်စဉ်သည် တိမ်တိုက်များရဲ့ ရွေ့လျားမှုမှ ဆင်းသက်လာကာ ဓားလှုပ်ရှားမှုများသည် မခန့်မှန်းနိုင်အောင် လူတစ်ဦးရဲ့ နားလည်သဘောပေါက်နိုင်စွမ်းကိုသာ အလေးပေးထားသည်။ တကယ်လို့သာ လူတစ်ဦးတစ်ယောက်က ဒီဓားကျင့်စဉ်ရဲ့ အရင်းအမြစ်ကို နားလည်သဘောပေါက်နိုင်ပါက ထိုသူသည် တိမ်တိုက်များကဲ့သို့ သူ့လှုပ်ရှားမှုများက မခန့်မှန်းနိုင်ဘဲ တိုက်ခိုက်မှုများကလည်း ခုခံကာကွယ်ဖို့လည်း မလွယ်ကူပေ။

"လွှင့်မျောတိမ်တိုက် ကျိုးပဲ့လဓားကျင့်စဉ်၊ ယဲ့ယွမ်ဖန်" ထိုအကြောင်းကို တွေးမိသောအခါ ကျန်းယီမင်သည် မျက်နှာထား ပျော့ပြောင်းသွားခဲ့ရသည်။

ယဲ့ယွမ်ဖန်သည် ကံကောင်းလို့ ဓားကျင့်ကြံရေးတစ်ဦးဖြစ်နေသည်မှာ သူ့အတွက် ဒီကျင့်စဉ်ကို လေ့ကျင့်ရန် ပေးလိုက်နိုင်သည်။ ကျန်းယီမင် ဆက်လက်တွေးတောနေစဉ် တံခါးအပြင်ဘက်မှ ခြေသံများ ရုတ်တရက် ကြားလိုက်ရသည်။

"ဆရာ၊ ကျွန်တော် ဆရာ့ကို ဂါရဝပြုဖို့ ရောက်လာပါတယ်"

"ဝင်ခဲ့ပါ"

သူပြောပြီး အချိန်တွင် ယဲ့ယွမ်ဖန်သည် ချက်ချင်းပင် အိမ်ထဲသို့ ဝင်ရောက်လာခဲ့သည်။ သူ့မျက်နှာက နီရဲနေပြီး သူ့ဟန်ပန်သည် တည်ကြည်ကာ လှုပ်ရှားမှုများသည်လည်း လျင်မြန်နေသည်။ မနေ့က ပြင်းထန်စွာ ဒဏ်ရာရခဲ့တာ သူလုံးဝမဟုတ်သလို မြင်နေရသည်။

"ဆရာ၊ ကျွန်တော် ဆရာကို ဂါရဝပြုဖို့ ရောက်လာပါတယ်" ယဲ့ယွမ်ဖန်သည် တပည့်တစ်ဦးအနေဖြင့် သူ့ဆရာကို လက်အုပ်ချီကာ ဦးချ ကန်တော့သည်။

"မင်းက တော်တော်လေး လုံ့လဝီရိယရှိတဲ့သူပဲ၊ နံနက်စောစော ဂါရဝပြုဖို့ လာမယ်လို့ ငါမထင်ထားဘူး" ဟု ကျန်းယီမင်သည် လက်ဖြင့် အချက်ပြကာ ယဲ့ယွမ်ဖန်အား ထစေပြီး ပြုံးရိပ်ဖြင့် ပြောလိုက်သည်။

"ဒါက ကျွန်တော် လုပ်သင့်တဲ့ အရာပါ" ဟု ယဲ့ယွမ်ဖန်က ခန္ဓာကိုယ်ကို မတ်မတ်ထားကာ ပြောနေသော်လည်း သူ့မျက်နှာအမူအရာမှာ အနည်းငယ် ထူးဆန်းနေသည်။

ကျန်းယီမင်သည် သူ့မျက်နှာအမူအရာကို သတိထားမိပြီး "ဘာကိစ္စလဲ? တစ်ခုခု မှားနေတာလား? မင်းရဲ့ မျက်နှာအမူအရာက ထူးဆန်းနေတယ်။ မင်းရဲ့ ခန္ဓာကိုယ် မပြန်ကောင်းသေးတာလား?" ဟု မေးလိုက်သည်။

ယဲ့ယွမ်ဖန်သည် ချက်ချင်း ခေါင်းခါကာ "ဆရာကို သတင်းပို့ပါတယ်။ မနေ့က ဆရာပေးတဲ့ ဆေးလုံးကို စားပြီးနောက် ကျွန်တော့်ရဲ့ ခန္ဓာကိုယ်က အများကြီး ပြန်ကောင်းလာပါပြီ။ ဒါပေမယ့်..."

"ဒါပေမယ့် ဘာလဲ? မင်းနဲ့ ငါ့ကြားမှာ ဘာမှကွယ်ဝှက်ထားစရာ မလိုဘူး"

ယဲ့ယွမ်ဖန်သည် ခဏတစ်ဖြုတ် တုံဆိုင်းနေပြီးနောက် "ဆရာ၊ ဆရာ့ရဲ့ ဒုတိယတပည့်အဖြစ်တဲ့ ကျွန်တော်က ဆရာ့ကို လုံးဝ ကူညီနိုင်ခြင်းစွမ်း မရှိနေဘူး။ ကျွန်တော်က အရည်အချင်းမရှိသူဖြစ်နေတာကို တောင်းပန်ပါတယ်" ဟု ဖြည်းဖြည်းချင်း ပြောလိုက်သည်။

ထိုစကားကို ကြားသောအခါ ကျန်းယီမင်သည် ချက်ချင်းပင် ယဲ့ယွမ်ဖန် သူ့ဆီမှာ လာကျင့်ကြံရန် ရည်ရွယ်ချက်ရှိကြောင်း နားလည်သွားခဲ့သည်။ မနေ့က သူသည် သူ့တပည့်ကို ကျင့်စဉ်တစ်ခု သင်ပေးမည်ဟု ပြောခဲ့သော်လည်း ယဲ့ယွမ်ဖန်သည် ဒီလောက် စိတ်အားထက်သန်မည်ဟု မမျှော်လင့်ထားခဲ့ပေ။ သို့သော် ယဲ့ယွမ်ဖန်သည် လင်းယွင်ဂိုဏ်းကို အားကောင်းစေလိုကြောင်း မျှော်လင့်နေသည်ကို သိရသောအခါ ကျန်းယီမင်သည် နှလုံးသား နွေးထွေးသွားခဲ့ရသည်။

ကျန်းယီမင်သည် အပြုံးဖြင့် "အဆင်ပြေပါတယ်။ ငါက မင်းကို အရမ်းအစွမ်းထက်တဲ့ ကျင့်စဉ်တစ်ခု သင်ပေးမယ်။ ဒီကျင့်စဉ်ကို သင်ပြီးရင် မင်းရဲ့ စွမ်းအားက လုံးဝကို အားကြီးလာလိမ့်မယ်" ဟု ပြောလိုက်သည်။

"ဆရာ့ကို ကျေးဇူးတင်ပါတယ်" ကျန်းယီမင် စကားမပြီးမီတွင် ယဲ့ယွမ်ဖန်သည် ချက်ချင်း ဦးချကာ ကျေးဇူးတင်လိုက်သည်။ သူ့မျက်နှာအမူအရာမှာ စိတ်လှုပ်ရှားနေပြီး ကျန်းယီမင်ကိုပင် ရယ်မောစေခဲ့သည်။

ယီမင်က ရယ်မောကာ "ယွမ်ဖန်၊ မျက်စိမှိတ်ပြီး တရားအားထုတ်လိုက်ပါ။ ငါက မင်းကို ကျင့်စဉ်ကို လွှဲပြောင်းပေးမယ်" ဟု ပြောလိုက်သည်။

ယဲ့ယွမ်ဖန်သည် သူ့ညွှန်ကြားချက်ကို မြန်မြန်ဆန်ဆန် လိုက်နာခဲ့သည်။ ခဏအကြာတွင် ရွှေရောင်အလင်းတန်းတစ်ခုသည် ယဲ့ယွမ်ဖန်စိတ်ထဲတွင် ပေါ်လာခဲ့သည်။ ၎င်းမှာ စိမ်းလန်း ကြာပန်းဖန်တီးခြင်းကျင့်စဉ် ဖြစ်သည်။ ကျင့်စဉ်ကို ချက်ချင်း လွှဲပြောင်းပေးသော ဒီအံ့ဖွယ်နည်းလမ်းသည် ယဲ့ယွမ်ဖန်အား ပို၍ပင် စိတ်လှုပ်ရှားစေခဲ့သည်။

...

ထိုအချိန် ဟောက်ယွင်ဂိုဏ်းတွင် ရှက်စရာ အခြေအနေရှိနေသည့် ရန်မင်ဟွေသည် မျက်နှာအမူအရာ ကြမ်းတမ်းနေသော အလယ်အလတ်အရွယ် ယောက်ျားတစ်ဦး၏ ရှေ့တွင် ဒူးထောက်နေသည်။

"အဖေ၊ ကျွန်တော့်အတွက် လက်စားချေပေးဖို့ ကူညီပေးပါ" ဟု ရန်မင်ဟွေက ငိုယိုလျက် ပြောသည်။

ကြမ်းတမ်းသော မျက်နှာအမူအရာရှိသည့် ထိုယောက်ျားသည် ရန်မင်ဟွေ၏ ဖခင် ဖြစ်ပြီး ဟောက်ယွင်ဂိုဏ်းရှိ အခြေတည်စိတ်ဝိညာဉ်အဆင့် အကြီးအကဲအနည်းငယ်ထဲမှ တစ်ဦးဖြစ်သူ ရန်ရူထျန်း ဖြစ်သည်။ သူ့သားရဲ့ အခြေအနေကို ကြည့်ရသောအခါ ရန်ရူထျန်းရဲ့ ကြမ်းတမ်းသော မျက်နှာအမူအရာသည် ချက်ခြင်းဆိုသလို ပျော့ပြောင်းသွားခဲ့ရသည်။

သူသည် သူ့သားကို မြန်မြန်ဆန်ဆန် မတ်တတ်ရပ်စေပြီး " ဟွေအာ၊ သား ဘာဖြစ်သွားတာလဲ? မင်း ဘယ်လိုလုပ်ပြီး ဒီလိုအခြေအနေမျိုး ဖြစ်သွားတာလဲ? အခု ပြောပြလိုက်" ဟု မေးလိုက်သည်။

ရန်မင်ဟွေသည် ခဏတစ်ဖြုတ် ငိုယိုပြီးနောက် အဖြစ်အပျက်ကို ပြန်ပြောပြခဲ့သည်။ သေချာတာပေါ့၊ သူ့အပြောများတွင် ချဲ့ကားပြောဆိုမှုများက မပါဝင်ဘဲ မနေပေ။ ဥပမာအားဖြင့် ကျန်းယီမင်သည် ဟောက်ယွင်ဂိုဏ်းကို ဘယ်လိုစော်ကားခဲ့ပုံနှင့် ယဲ့ယွမ်ဖန်သည် သူ့ပစ္စည်းများကို ဘယ်လိုလုယက်ခဲ့ပုံတို့ ဖြစ်သည်။ ရန်ရူထျန်းသည် နားထောင်ရင်း သူ့မျက်နှာအမူအရာလည်း ပိုမှောင်မည်းလာပြီး အေးစက်လာခဲ့သည်။

"ရဲတင်းလိုက်တာ! လင်းယွင်ဂိုဏ်းလို ဂိုဏ်းလေးက ဒီလိုကြီးမားတဲ့ ရာဇဝတ်မှုကို ကျူးလွန်ရဲတယ်! ဟွေအာ၊ စိတ်ချပါ၊ အဖေ မင်းအတွက် တရားမျှတမှုကို ပြန်ယူပေးမယ်"

"ဒါပေမယ့် အဖေ၊ ကျန်းယီမင်က အမြုတေဖွဲ့စည်းခြင်းအဆင့်ပါ" ဟု ရန်မင်ဟွေက အသံတိုးတိုးဖြင့် ပြောလိုက်သည်။

ကျန်းယီမင်သည် လက်ချောင်းတစ်ချောင်းဖြင့် သူ့ကိုအနိုင်ယူခဲ့သည်လို သူမပြောခဲ့ပါ။ အဘယ်ကြောင့်ဆိုသော် တကယ်လို့သာ သူပြောခဲ့ပါက သူ့ဖခင်သည် ပထမဆုံးအနေဖြင့် သူ့ကို အသုံးမကျတဲ့ကောင်လို့ ကြိမ်းမောင်းမည်ဖြစ်သောကြောင့်ပင်။

ထို့ကြောင့် ရန်ရူထျန်းအမြင်မှာတော့ ကျန်းယီမင်ရဲ့ ကျင့်ကြံဆင့်သည် အများဆုံးအားဖြင့် အမြုတေဖွဲ့စည်းခြင်းအဆင့် နှောင်းပိုင်းတွင်သာ ရှိသည်။

"အမြုတေဖွဲ့စည်းခြင်းအဆင့်က ဘာမှမဟုတ်ဘူး။ အဖေက အခြေတည်စိတ်ဝိညာဉ်အဆင့်ပဲ။ ကောင်းပြီ၊ မင်း စိတ်မပူနဲ့တော့။ အဖေ အခုပဲ ဂိုဏ်းချုပ်ဆီကနေ ခွင့်သွားတောင်းလိုက်မယ်"

ထိုသို့ပြောပြီးနောက် ရန်ရူထျန်းသည် ခပ်သုတ်သုတ် ထွက်သွားခဲ့သည်။ သူ့ဖခင် ထွက်ခွာသွားသော ပုံရိပ်ကို ကြည့်ရသောအခါ ရန်မင်ဟွေရဲ့ နှလုံးသားသည် ချက်ချင်းပင် ပျော်ရွှင်မှုဖြင့် ပြည့်လျှမ်းသွားခဲ့သည်။

"ကျန်းယီမင်၊ ဒီတစ်ခါတော့ မင်းသေရမှာပဲ! ပြီးတော့ အဲ့မိန်းမလှလေးလည်း ဒီတစ်ခါတော့ ငါ့ရဲ့လက်ထဲကနေ လွတ်တော့မှာ မဟုတ်တော့ဘူး" ဟု ရန်မင်ဟွေသည် သူ့မျက်လုံးထဲတွင် သူအကြံအောင်မြင်သည့် ဝမ်းမြောက်မှုကို ဖော်ပြကာ အေးစက်စွာ ပြောလိုက်သည်။

တစ်ဖက်တွင် ရန်ရူထျန်းသည် ဟောက်ယွင်ဂိုဏ်း၏ ခန်းမဆောင်သို့ ရောက်ရှိလာခဲ့သည်။ ခန်းမဆောင်အတွင်း၌ မြင့်မြတ်သော ပလ္လင်တစ်ခု ရှိသည်။ ပလ္လင်ပေါ်တွင် မျက်စိမှိတ်ကာ အနားယူနေတဲ့ တိတ်ဆိတ်ပြီး ကြောက်မက်ဖွယ်ကောင်းသည့် အလယ်အလတ်အရွယ် ယောက်ျားတစ်ဦး ထိုင်နေသည်။

"ဂိုဏ်းချုပ်၊ ကျွန်တော့်မှာ အစီရင်ခံစရာ တစ်ခုရှိပါသည်" ဟု ရန်ရူထျန်းက လက်သီးဆုပ်ကာ အလေးပြုပြီး အသံကျယ်ကျယ် ပြောလိုက်သည်။

"အို၊ ဘာကိစ္စလဲ" ဂိုဏ်းချုပ်ရဲ့ အသံသည် တည်ငြိမ်နေသော်လည်း သြဇာအာဏာများနဲ့ ပြည့်နှက်နေသည်။

ရန်ရူထျန်းသည် အရာအားလုံးကို မြန်မြန်ဆန်ဆန် ပြောပြလိုက်သည်။ ဟုတ်ပါသည်၊ သူသည် ရန်မင်ဟွေ အရှက်ခွဲခံရသည့် အချက်ကို ဝှက်ထားခဲ့သည်။

အဘယ်ကြောင့်ဆိုသော် တယ်လို့သာ ဒီကိစ္စပျံ့နှံ့သွားပါက ရန်မင်ဟွေသည် ဂိုဏ်းအတွင်းရှိ အခြားသော ပါရမီရှင် ကလေးနှစ်ဦးထက် နိမ့်ကျနေမည်ဖြစ်သောကြောင့်ပင်။

"ဟမ်၊ အမြုတေဖွဲ့စည်းခြင်းအဆင့်၊ လင်းယွင်ဂိုဏ်း၊ အခြေတည်စိတ်ဝိညာဉ်အဆင့် အမွေအနှစ်? စိတ်ဝင်စားစရာပါပဲ"

ဇာတ်လမ်းအစအဆုံးကို နားထောင်ပြီးနောက် ဂိုဏ်းချုပ်သည် မျက်စိကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။

"ဂိုဏ်းချုပ်၊ ဒီလိုကိုယ့်ကိုယ်ကို ဟုတ်လှပြီထင်နေတဲ့ ဂိုဏ်းလေးကို ဖျက်ဆီးခွင့် ပြုပါ" ဟု ရန်ရူထျန်းက အေးစက်စွာ ပြောသည်။

ဂိုဏ်းခေါင်းဆောင်သည် မျက်ခုံးကျုံ့ကာ ခဏတစ်ဖြုတ် တွေးတောပြီးနောက် "ကောင်းပြီ၊ သွားလုပ်လိုက်၊ ဒါက ဂိုဏ်းလေးတစ်ခုသာပဲလေ။ တခြားသူတွေအတွက်လည်း သူတို့ကို သတိပေးချက်တစ်ခု လုပ်လိုက်တာပေါ့။ အခုတလော တချို့တွေ ပိုပိုပြီး နာခံမှုမရှိဘဲ ဖြစ်လာကြတယ်" ဟု ပြောလိုက်သည်။

ဂိုဏ်းခေါင်းဆောင်အသံတွင် ခံစားချက်မရှိသော်လည်း ရန်ရူထျန်းပင် သူ့ခြေထောက်တစ်လျှောက် ကြက်သီးများထလာတာကို မတားဆီးနိုင်ခဲ့ပေ။

All Chapters