← Chapters

ရူးလောက်တဲ့ စမ်းသပ်ပွဲ

Vol. 10 Ch. 120

ရူးလောက်တဲ့ စမ်းသပ်ပွဲ

Vol. 10 Ch. 120

မနက်စောစောအချိန် လင်းယွင်ဂိုဏ်းက ဂိုဏ်းအဖွဲ့ဝင်များသည် အရုဏ်ဦးအလင်းရောင်နှင့်အတူ ထလာကြပြီး သူတို့တစ်နေ့တာကျင့်ကြံခြင်းကို စတင်ရန် ပြင်ဆင်နေကြသည်။ သို့သော် သူတို့အနက်တစ်ယောက်ကတော့ ဂိုဏ်းအတွင်းကပြောင်းလဲမှုတွေကို သတိထားမိသွားသည်။

"ဘာလဲ... ဘာတွေဖြစ်နေတာလဲ... ဟင်... ငါတို့ပဲစိတ်ထင်နေတာများလား... ဒါတွေက မနေ့ကဒီမှာမရှိသေးဘူး မဟုတ်လား..."

"မဟုတ်ဘူး... လုံးဝမရှိခဲ့ဘူးကွ... ဂိုဏ်းချုပ်က ဒါတွေအားလုံးကို တစ်ညတည်းနဲ့ပြီးအောင်လုပ်လိုက်တာလား..."

ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့သည် အတော်လေးသိချင်နေကြသည်။ သူတို့ဆရာစွမ်းဆောင်ရည်ကို မရေမတွက်နိုင်အောင် မျက်မြင်တွေ့ဖူးခဲ့ကြသော်လည်း သူတို့ရှေ့ကမြင်ကွင်းက သူတို့မျက်လုံးထဲဝင်ရောက်လာတဲ့အခါ မအံ့ဩဘဲ မနေနိုင်ကြတော့ပေ။ တစ်ညတည်းနဲ့ ခန်းမဆောင်ဝချို့နှင့် အဆောက်အအုံအမြင့်တချို့က ဂိုဏ်းထဲတွင်ထပ်တိုး တည်ဆောက်ထားပြီဖြစ်နေသည်။

"ဝိုး...၊ စီနီယာအစ်ကိုကြီး၊ ကျွန်တော်တို့ဆရာရဲ့ လက်ရာတွေက တစ်ကြိမ်ထက်တစ်ကြိမ် ပိုကြီးလာတယ်နော်..." ယဲ့ယွမ်ဖန်က တော်တော်လေးအံ့ဩသွားပြီး ပြန်မပြောခင် ခဏလောက်တွန့်ဆုတ်နေမိသည်။

"ဟု-ဟုတ်တယ်။ ဆရာမထွက်လာသေးဘူး မဟုတ်လား... ဒါ... ဒါ... ဖြစ်နိုင်ပါ့မလား..." ဂူလင်းဖေး သေချာကြည့်လိုက်သည်။

သူ ရုတ်တရက် သဘောပေါက်သွားသည်။ ရက်အနည်းငယ်အတွင်းက ကျင့်စဉ်ထားရှိမယ့်နေရာ ရလာမယ်လို့ ဆရာပြောခဲ့တာ အံ့ဩစရာ မဟုတ်တော့ပေ။ ဆရာက ကြွားပြောခဲ့တာ မဟုတ်ခဲ့ပေ။

"နေဦး၊ စီနီယာအစ်ကိုကြီး၊ ဟိုဘက်ကို ကြည့်လိုက်ဦး..." ရှန့်ကွမ်းချင်းယန်လည်း သူတို့ဘေးနား ရောက်လာပြီး သူတို့ရှေ့ကမြင်ကွင်းကို အတူတကွ ကြည့်လိုက်သည်။

"ဟိုဟာတွေက ဧည့်ရိပ်သာနဲ့ စုဆောင်းရေးခန်းမတွေ မဟုတ်ဘူးလား..."

"ငါလည်း အဲ့လိုပဲထင်တယ်... ဒါတွေအားလုံးကို ဆရာတစ်ယောက်တည်း လုပ်လိုက်တာတော့ မဖြစ်နိုင်ဘူးမလား..."

"ငါတို့ ဆရာကလွဲရင် တခြားဘယ်သူလုပ်နိုင်မှာလဲ..."

"ဟေ... ဘာဖြစ်ကြတာလဲ... ဘာလို့ မင်းတို့မကျင့်ကြံကြသေးတာလဲ... လင်းဖေး၊ ဘာတွေဖြစ်နေတာလဲ..." ကျန်းယီမင်သည် သူ့ခြံဝန်းမှ လှမ်းထွက်လိုက်တာနှင့် ဂိုဏ်းအတွင်းမှဆူညံသံများကို ကြားလိုက်ရသည်။

"ဆရာ... ဒါတွေက၊ ဆရာ..."

"ဒီကိစ္စကို မင်းတို့စိတ်ပူစရာမလိုပါဘူး... ငါ့မှာ စဥ်းစားထားတဲ့ နည်းလမ်းတွေရှိတယ်..." ကျန်းယီမင်မျက်လုံးများတွင် ကောက်ကျစ်တဲ့ အရိပ်အယောင်တစ်ခု လက်ခနဲဖြတ်သန်းသွားသည်။

"ငါ့စွမ်းရည်တွေကိုထုတ်ပြပြီး မင်းတို့အားလုံးကို မလွှမ်းမိုးနိုင်ရင် ငါဘယ်လိုလုပ် မင်းတို့ရဲ့ဆရာ ဖြစ်နိုင်မှာလဲ..."

ဂူလင်းဖေးနှင့် တခြားသူများ ထိုစကားကိုကြားသောအခါ အားလုံးကခေါင်းညိတ်လိုက်ကြသည်။

"ရှောင်ယု... ရှန့်ကွမ်း... မင်းတို့နှစ်ယောက် ငါ့ကိုကူညီပြီး တုန်းမိသားစုယူလာခဲ့တဲ့ စာအုပ်တွေနဲ့ ကျင့်စဉ်တွေကို သပ်သပ်ရပ်ရပ် ဒီမှာသိမ်းထားလိုက်..." ကျန်းယီမင်က လေ့ကျင့်ရေးကွင်းပြင်ထဲကို ပျံသန်းဝင်ရောက်ရင်းပြောလိုက်သည်။

"ဒီနေ့ ငါ မင်းတို့အားလုံးအတွက် လက်ဆောင်အကြီးကြီးတစ်ခု ပေးစရာရှိတယ်..."

'ဟင်... မဖြစ်နိုင်တာ... မှော်ဆရာတစ်ယောက်လို သူတို့ဆရာက တစ်ညတည်းနဲ့ အဆောက်အအုံတွေ အများကြီးကို လေထဲကနေပေါ်လာအောင် လုပ်ပြထားပြီးပြီလေ... ဒါတွေအားလုံးက မလုံလောက်သေးဘူးလား... တခြား ဘာကျန်သေးလို့လဲ...'

ကျန်းယီမင်သည် တစ်ခုခုကိုရေရွတ်ရင်း လေ့ကျင့်ရေးကွင်းပြင်ထဲသို့ လမ်းလျှောက်ဝင်သွားသည်။ သူသည် တာဝန်ပြီးမြောက်သောကြောင့် စနစ်ကဆုချီးမြှင့်လိုက်တဲ့ လျှို့ဝှက်နယ်မြေကို ဖွင့်လှစ်နေခြင်းဖြစ်သည်။ တုန်းမိသားစုဝင်များက သူတို့ဂိုဏ်းတွင် လျှို့ဝှက်နယ်မြေတစ်ခု ဖွင့်ပေးခဲ့သကဲ့သို့ပင်၊ လျှို့ဝှက်နယ်မြေတစ်ခု ဖွင့်ခြင်းသည် တစ်စုံတစ်ယောက်ရဲ့ လမ်းညွှန်မှုလိုအပ်သည်။ သူတို့ဆရာရဲ့ ထူးဆန်းတဲ့လုပ်ရပ်များကို ကြည့်ရင်း လူတိုင်းတိတ်ဆိတ်သွားကြသည်။ သူတို့ဆရာကို နှောင့်ယှက်မိမှာ ကြောက်ရွံ့နေကြသည်။

"ပွင့်လိုက်စမ်း...." အစီအရင်ထဲမှ သူတို့ဆရာရဲ့ဟိန်းသံနှင့်အတူ သူကမြေပြင်ကို လက်ဝါးတစ်ချက်ရိုက်ချလိုက်သည်။

သူ့ခန္ဓာကိုယ်ကို ဗဟိုပြုပြီး ကောင်းကင်နှင့်မြေကြီးရဲ့ အရောင်စတင်ပြောင်းလဲလာသည်။ အရာအားလုံးက စတင်ပြိုကျလာခဲ့သည်။ သူတို့ရှေ့မှကမ္ဘာကြီးသည် တစ်လက်မချင်းပြိုကျပျက်စီးသွားပြီး ကောင်းကင်ကြီးကို အဆုံးမဲ့အမှောင်ထုဖြင့် အစားထိုးလိုက်သည်။ နောက်ဆုံးတွင် ကျန်းယီမင်ကို ဗဟိုပြုပြီးလွင့်မျောနေတဲ့ အစီအရင်ပြားကြီးတစ်ခုသာ ကျန်ရစ်ခဲ့သည်။ အစီအရင်ကြီးအောက်တွင် တောက်လောင်နေသော ငရဲမီးများ ရှိနေသည်။ တချိန်တည်းမှာပင် တပည့်များခြေထောက်အောက်မှာ သူတို့ရပ်နိုင်တဲ့ရေပေါ်ကျောက်တုံးတစ်တုံးသာ ကျန်တော့သည်။

(တစ်ချို့တွေ ချေးတွန်းရင်သုံးကြတဲ့ အပေါက်အပေါက်တွေနဲ့ ကျောက်တုံးကြီးကို ပြောတာပါ ^_^)

"ဆရာ... ဒါက..."

တုန်းမီသည် သူ့ဆရာနှင့်အတူ ငရဲပြည်သို့ခရီးသွားခဲ့ဖူးသဖြင့် သူ့ရှေ့မှမြင်ကွင်းကို ခံနိုင်ရည်ရှိသော်လည်း တခြားသူများအားလုံးမှာ ဒါကငရဲပြည်ကမြင်ကွင်းသာ ဖြစ်တယ်လို့ ခံစားနေရသည်။

"ဒါက ငါတို့ဂိုဏ်းရဲ့ ဒုတိယမြောက်လျှို့ဝှက်နယ်မြေပဲ..."

"ဒါတွေအားလုံးက ပုံရိပ်ယောင်တွေပဲလို့ ဆိုလိုတာလား..."

သူ့တပည့်မေးခွန်းကို ရင်ဆိုင်ရတဲ့အခါ ကျန်းယီမင်က တည်ကြည်လေးနက်သွားပြီး ပြန်ဖြေလိုက်သည်။

"မဟုတ်ဘူး၊ ဒီနယ်မြေထဲကကွင်းထဲမှာ ဘာမှပုံရိပ်ယောင် မဟုတ်ဘူး။ မင်းဒီမှာသေရင် တကယ်သေလိမ့်မယ်..."

ဒါက လူတွေ ကစားရမယ့်နေရာ မဟုတ်ပေ။ ဒီရက်ပိုင်းအတွင်း ဒီနယ်မြေထဲက မကောင်းဆိုးဝါးတွေအကြောင်း သူလေ့လာခဲ့သည်။ နယ်မြေထဲက သူ့ခြေထောက်အောက်မှာရှိတဲ့ ကျောက်တုံးက စိန်ခေါ်ရတဲ့ ကွင်းပြင်တစ်ခုဖြစ်သည်။ စိန်ခေါ်မှုကို လက်ခံပြီးကွင်းထဲဝင်လိုက်တာနဲ့ သေတဲ့အထိ တိုက်ခိုက်ရမယ့်ပွဲဖြစ်လာသည်။ ပေါ်လာမယ့် မိစ္ဆာကောင်တွေက တစ်ကောင်ထက်တစ်ကောင် ပိုကြောက်စရာကောင်းသည်။ သူတို့က လူတစ်ယောက်ရဲ့ ခွန်အားအားလုံးကိုစုပ်ယူပြီး သေလုမျောပါးဖြစ်အောင် ရိုက်နှက်ကြလိမ့်မည်။ သို့သော် ဒီလိုစမ်းသပ်မှုမျိုးက တကယ့်တိုက်ခိုက်ရေးစွမ်းရည်ကို မြှင့်တင်ပေးနိုင်ရုံသာမက ခန္ဓာကိုယ်ထဲက အသန်မာဆုံးအလားအလာကိုလည်း လှုံ့ဆော်ပေးနိုင်သည်။ ထိုအချက်တွေကိုကြားလိုက်တော့ အားလုံးကနည်းနည်း ကြောက်သွားကြသည်။

"မင်းက သေမှာတော့မဟုတ်ဘူး၊ ဒါပေမဲ့ မင်း စိန်ခေါ်ပွဲရဲ့အထွတ်အထိပ်ကို မရောက်နိုင်ရင် ဒီစိန်ခေါ်ပွဲဝင်လာတိုင်း ခန္ဓာကိုယ်တစ်သားထဲနဲ့ ပြန်ထွက်သွားဖို့ စိတ်ကူးတောင်မယဉ်နဲ့" ကျန်းယီမင် ဆုံးဖြတ်ချက်ချပြီး ပြောလိုက်သည်။

သူကိုယ်တိုင်တော့ မစမ်းသပ်ရသေးပေမယ့် ဒီလျှို့ဝှက်နယ်မြေကို ကုသရေးရေကန်နဲ့ တွဲဖက်အသုံးပြုမယ်ဆိုရင် တစ်ခုကိုတစ်ခုဖြည့်ဆည်းပေးတယ်လို့ ပြောလို့ရသည်။

"ကဲ... ချစ်တပည့်တို့ရေ၊ ကိုယ့်ကိုယ်ကို စိန်ခေါ်ချင်တဲ့သူရှိလား?" ကျန်းယီမင် မျက်ခုံးအနည်းငယ် ပင့်လိုက်သည်။

"ထွက်ပြေးဖို့ကြိုးစားရင် သေခြင်းတရားက မင်းရဲ့ အဆုံးသတ်ပဲ... တိုက်ခိုက်မှသာ အနည်းဆုံးအသက်ရှင်ခွင့် ရမယ်"

ထိုစကားကိုကြားတော့ ဂူလင်းဖေးက ကိုယ့်ကိုယ်ကို မထိန်းချုပ်ထားနိုင်တော့ပေ။ သူက သူ့ဆရာ့ဘေးကို တိုက်ရိုက်ခုန်တက်သွားပြီး ပြောလိုက်သည်။

"ဟဲဟဲ... ဒါက စိန်ခေါ်ကွင်းတစ်ခုပဲမဟုတ်ဘူးလား... စိတ်မပူပါနဲ့ ဆရာကလဲ... ကျွန်တော်လွန်ခဲ့တဲ့နှစ်အနည်းငယ်က သိုင်းလောကမှာ လှည့်လည်သွားလာခဲ့တုန်းက ဒီလိုကွင်းမျိုးတွေ အများကြီးမှာ တိုက်ခိုက်ခဲ့ဖူးပါတယ်..."

"လုပ်ထား...၊ စီနီယာအစ်ကိုကြီး..."

ဂူလင်းဖေးကွင်းထဲသို့ ခုန်ဝင်သွားတာကို မြင်လိုက်သောအခါ တပည့်များရဲ့စိတ်နှလုံးက စိတ်လှုပ်ရှားသွားကြသည်။

"အာ... ဒါနဲ့... အမှန်အတိုင်းပြောရရင် ဒါကလူအများကြီး တိုက်ခိုက်လို့ရတဲ့ပွဲပဲ။ တခြားတပည့်တွေလည်း စိတ်ဝင်စားလား မသိဘူး..."

"ထပ်မပြောနဲ့တော့... ကျွန်တော်လည်းပါမယ်..." ယဲ့ယွမ်ဖန်သည် စူးစမ်းချင်စိတ်တွေယားလာပြီး ကွင်းထဲသို့ခုန်ဝင်လိုက်သည်။

"ဟားဟားဟားဟား... ကောင်းတယ်... ဒါဆိုမင်းတို့ရဲ့ အကြီးဆုံးစီနီယာအစ်ကိုကြီးနဲ့ ဒုတိယစီနီယာအစ်ကိုကြီးကို ပြခိုင်းလိုက်မယ်..."

ထိုသို့ပြောပြီး ကျန်းယီမင်က ကွင်းထဲမှထွက်သွားလိုက်သည်။ ကွင်းအတွင်းက တိုင်တစ်တိုင်ဖြည်းညှင်းစွာ မြင့်တက်လာသည်။ ထိုပေါ်တွင် လက်ရာနှစ်ခု အမှန်တကယ်ရှိနေသည်။ တပည့်နှစ်ယောက်က တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြပြီး လက်ရာတစ်ခုစီပေါ်တွင် သူတို့လက်များကို တင်လိုက်ကြသည်။ ထို့နောက် လျှို့ဝှက်နယ်မြေတစ်ခုလုံးက အနီရောင်အလင်းတန်းဖြင့် လက်ခနဲဖြစ်သွားပြီး ကျောက်တိုင်သည် ကွင်းထဲသို့ဖြည်းညှင်းစွာ ပြန်ဝင်သွားသည်။ သူတို့ မသိလိုက်ဘဲ အရှိန်အဝါတစ်ခုသည် သူတို့နှစ်ယောက်ရဲ့နောက်ကျောတွင် ပေါ်လာခဲ့သည်။

ယဲ့ယွမ်ဖန် ကိုယ်တိုင်ထိုကဲ့သို့သော ကျင့်စဉ်မျိုးကို လေ့ကျင့်ထားသူဖြစ်သည်။ ထို့ကြောင့် သူ့မျက်လုံးထဲတွင် အမြန်နှုန်းသည်ကြောက်စရာ မဟုတ်ပေ။ သူ့လက်ကို တစ်ချက်ခါလိုက်ရာ စိတ်ဝိညာဉ်စွမ်းအားအလင်းတန်းတစ်ခုက ပြိုင်ဘက်ကို အမှုန့်အဖြစ် တိုက်ရိုက်ပြောင်းလဲပေးလိုက်သည်။

"ဆရာရာ... ဒါအကုန်ပဲလား..."

"ဒါက ပထမအဆင့်ပဲရှိသေးတယ်၊ ဆက်ကြည့်ကြတာပေါ့..." ကျန်းယီမင်မျက်နှာအမူအရာ ပြောင်းလဲခြင်း မရှိပေ။

ပထမအဆင့်တွင် အမှိုက်သရိုက်အချို့သာ ရှိသည်။ အကယ်၍ သူတို့သာ ပထမအဆင့်ကိုဖြတ်ကျော်နိုင်စွမ်းမရှိလျှင် သူ့တပည့်ဖြစ်ရန် အရည်အချင်းမရှိပေ။

ဒုတိယအဆင့်...။

တတိယအဆင့်...။

စတုတ္ထအဆင့်...။

ထိုအဆင့်များတစ်လျှောက် ပြိုင်ဘက်များသည် သူတို့နှစ်ယောက်ရဲ့လက်ချက်ဖြင့် တစ်ချက်ထဲနဲ့ ချက်ချင်းအသတ်ခံခဲ့ရသည်။ သူတို့နှစ်ယောက်က အားစိုက်ထုတ်စရာမလိုဘဲ တိုက်ခိုက်ခဲ့ကြသည်။ ပထမလေးဆင့်သည် သူတို့အတွက်အမှန်တကယ် ခြိမ်းခြောက်မှု လုံးဝမရှိခဲ့ပေ။

"ဆရာ... ဒါက ဘာမှလည်းမဟုတ်ဘူး..."

ဂူလင်းဖေးက သူ့ရန်စတဲ့စကားများ မဆုံးသေးခင်မှာပင် ပုံရိပ်တစ်ခုက သူတို့နှစ်ယောက်အပေါ်တွင် ထွက်ပေါ်လာသည်။ ယဲ့ယွမ်ဖန်က မျက်စိလျင် လက်မြန်စွာဖြင့် သူ့စီနီယာအစ်ကိုကြီးကိုအမြန်ဆွဲဖယ်လိုက်သည်။ သူတို့ရှေ့ကပြိုင်ဘက် ထုတ်လွှတ်လိုက်တဲ့ ဖိအားသက်သက်က ခုနကငါးပိန်းငါးရံ့လေးများနှင့် နှိုင်းယှဉ်လို့ မရနိုင်ပေ။ ထိုပြိုင်ဖက်သည် ကျောက်ရုပ်တုကြီးတစ်ခု ဖြစ်သည်။ ကျောက်ရုပ်ထုကြီးသည် လူလေးငါးယောက်စာခန့်မြင့်ပြီး လက်ထဲတွင်လည်း ပုဆိန်ကြီးတစ်ခုကိုင်ထားသည်။ သူတို့နှစ်ယောက် ပြန်မတုံ့ပြန်နိုင်မီပဲ ပုဆိန်ကြီးက သူတို့အပေါ်ကျဆင်းလာသည်။

All Chapters