← Chapters

အစီအရင်ခင်းကျင်းခြင်း၊ တာဝန်အသစ်

Vol. 3 Ch. 30

အစီအရင်ခင်းကျင်းခြင်း၊ တာဝန်အသစ်

Vol. 3 Ch. 30

ကျန်းယီမင်သည် ဂိုဏ်းဂုဏ်သတင်းတိုးတက်ရန် အရေးတကြီး လုပ်ဆောင်ချက်ကို အခုလိုလွယ်ကူစွာ ပြီးဆုံးမယ်လို့ မျှော်လင့်မထားခဲ့ပေ။ အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးကို အနိုင်ယူခြင်းက တကယ်စင်စစ် အရေးပါသော ကိစ္စရပ်တစ်ခုဖြစ်သော်လည်း လင်းယွင်ဂိုဏ်းသည် ထိုကိစ္စကို အရင်ဆုံး ကြေညာခဲ့ခြင်းမဟုတ်သကဲ့သို့ ဟောက်ယွင်ဂိုဏ်းသည်လည်း အခုလိုရှက်ဖွယ်ကောင်းသော ကိစ္စရပ်ကို ကြေညာမည်မဟုတ်ပေ။ ကြည့်ရတာတော့ လင်းယွင်ဂိုဏ်းကို အများပြည်သူရဲ့ ဝေဖန်ခံရအောင် လုပ်လိုသူ တစ်စုံတစ်ယောက်က နောက်ကွယ်တွင် ရှိနေဟန်ဖြစ်သည်။ သို့သော် ကျန်းယီမင်သည် ထိုအကြောင်းကို များစွာမတွေးခဲ့ပေ။ မည်သို့ပင်ဖြစ်စေကာမူ ပြသနာများရောက်လာသည့်အခါ သူကကိုင်တွယ်ဖြေရှင်းလိုက်မယ်ဖြစ်သည်။

လက်ရှိတွင် သူလုပ်နိုင်သည့် တစ်ခုတည်းသောအရာမှာ သူြကိုယ်ပိုင်နှင့် ဂိုဏ်းခွန်အားကို အမြန်ဆုံး မြှင့်တင်ရန်ဖြစ်သည်။

"စနစ်၊ ငါ ဆုလာဘ်ကို လက်ခံမယ်"

[ဒင်း]

[အသိပေးချက် - အမည်ဂုဏ်သည် ကောင်းကင်မြေကြီးတစ်ခွင်" တာဝန်ကို ပြီးဆုံးခဲ့ပါသည်။ဆုလာဘ် လေးမျိုးသေင်္ကတအစီအရင်ကို ရရှိသည်။]

[အသိပေးချက် - ကောင်းကင်ဘုရင်အထူးအခွင့်အရေးကြောင့် လေးမျိုးသ ေင်္ကတ အစီအရင်ကို ပုံစံတစ်ထောင်ပြောင်းလဲခြင်းအစီအရင်အဖြစ်သို့ အဆင့်မြှင့်တင်ခြင်း ခံရသည်။]

အတွေးတစ်ခုဖြင့် စိတ်ကူးယဉ်အသေးစား အစီအရင်တစ်ခုသည် ကျန်းယီမင်စိတ်ထဲတွင် ချက်ချင်း ပေါ်လာခဲ့သည်။ အစီအရင်သည် နက်နဲရှုပ်ထွေးပြီး နားလည်ရခက်ခဲသည်။ အစီအရင်ပုံရိပ်များ၏ မှိန်ရီနေသော အရိပ်များသည် လေးဖက်မျက်နှာလုံးတွင် ပေါ်လာခဲ့သည်။ ရိုးရှင်းသော အတွေးတစ်ခုဖြင့်ပင် အစီအရင်သည် ချက်ချင်း မရေမတွက်နိုင်သော အကြိမ်ပေါင်းများစွာ ပြောင်းလဲသွားကာ သတ်ဖြတ်ခြင်း အငွေ့အသက်များသည် နေရာတိုင်းတွင် ပေါ်ပေါက်လာခဲ့သည်။

ခဏအတွင်း ထိုအစီအရင်သည် ယင်နှင့် ယန်တို့ ပြောင်းပြန်လှန်သွားသကဲ့သို့ လေနှင့်တိမ်တိုက်များက လှိုင်းထနေပြီး နက်နဲသိမ်မွေ့ကာ မှန်းဆမရနိုင်တဲ့ ကမ္ဘာတစ်ခုကို ဖွဲ့စည်းထားသလိုဖြစ်သွားသည်။ အစီအရင်အချက်အလက်များ သူ့စိတ်ထဲသို့ စီးဝင်လာစဉ် ကျန်းယီမင်က မထိန်းနိုင်တော့ပဲ အစီအရင်အစွမ်းကို ချီးကျုးလိုက်မိသည်။ ပုံစံတစ်ထောင် ပြောင်းလဲခြင်းအစီအရင်သည် အဆက်မပြတ် ပြောင်းလဲနေသည်။ အစီအရင်များသည် ပုံရိပ်လေးသာ ပေါ်နေပေမယ့်လည်း ကောင်းကင်၊ မြေကြီးနှင့် နတ်ဘုရားများကို လှုပ်ခါစေနိုင်သော စွမ်းအားရှိနေသည်။ ဒီအစီအရင်သည် ထိပ်တန်းအဆင့် ဂိုဏ်းအစီအရင်တစ်ခုသာဖြစ်သည်။

အစီအရင်သည် ရန်သူကို ခုခံကာကွယ်နိုင်ပြီး ရန်သူကို တိုက်ခိုက်ခြင်းနှင့် ထောင်ချောက်ဆင်ခြင်းစွမ်းရည်လည်း ရှိသည်။ အစီအရင်၏ စွမ်းအားတွင် အကန့်အသတ်မရှိပေ၊ ဆိုလိုသည်မှာ အစီအရင်ခွန်ပယအားသည် ဂိုဏ်းခွန်အား တိုးတက်လာသည်နှင့်အမျှ တိုးတက်လာမည်ဖြစ်သည်။ လက်ရှိ လင်းယွင်ဂိုဏ်းသည် ဒီအစီအရင်ကို အသုံးပြုပါက အခြေတည်စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများ၏ တိုက်ခိုက်မှုမှ လွတ်ကင်းနိုင်သည်။ အကယ်၍ အခြေတည်စိတ်ဝိညာဉ်အဆင့် ကျွမ်းကျင်သူများက အစီအရင်ဖြင့် ပိတ်လှောင်ခံရပါက သူတို့သည် အသက်ဆုံးမယ်ဆိုတာ သေချာသလောက်ရှိသည်။ မွေးဖွားခြင်းအဆင့်ရှိ ကျင့်ကြံသူများပင် အစီအရင်ကို ချိုးဖောက်ရန် အတော်အတန် အားထုတ်ရမည်ဖြစ်သည်။

"ဒီအစီအရင်ရဲ့ ကာကွယ်မှုနဲ့ဆိုလို့ကတော့ ငါ လင်းယွင်ဂိုဏ်းတွင် မရှိသည့်တိုင် ငါ့တပည့်တွေကို စိတ်ချထားလို့ရတယ်" ဟု ကျန်းယီမင်က သက်ပြင်းချကာ ပြောလိုက်သည်။

[ဒင်း - တာဝန်အသစ် စတင်သည်]

[အမျိုးအစား - အဓိကတာဝန်]

[တာဝန်အမည် - တပည့်သစ်တစ်ဦး စုဆောင်းခြင်း]

[တာဝန်လိုအပ်ချက် - ဂိုဏ်းသည် ယခုအခါ အတော်အတန် နာမည်ကြီးနေပါသည်။ ကျေးဇူးပြု၍ ဂိုဏ်းဂုဏ်သတင်း ထပ်တိုးတက်စေရန် တပည့်အသစ်တစ်ဦးကို အမြန်ဆုံး စုဆောင်းပါ။]

[တာဝန်ဆုလာဘ် - ကောင်းကင်ပြောင်းလဲခြင်းကျင့်စဉ်]

တာဝန်အသစ်သည် တပည့်တစ်ဦး စုဆောင်းရန်ဖြစ်သည်။ ကျန်းယီမင်သည် ဤတာဝန်သစ်အတွက် အံ့အားသင့်ခြင်းမရှိခဲ့ပေ။ အဘယ့်ကြောင့်ဆိုသော် ဂိုဏ်းတစ်ခုကို အားကောင်းစေရန်အတွက် အရေးအကြီးဆုံးအရာမှာ လုံလောက်သော လူအင်အား ရှိရန်ဖြစ်သည်။ ဟုတ်ပါသည်၊ ထူးချွန်သော ပါရမီရှင် တစ်ဦးကို စုဆောင်းနိုင်ခြင်းက အကောင်းဆုံးဖြစ်သည်။ ကျန်းယီမင်သည် သာမန်လူတွေ ရှိခြင်းထက် လူနဲနဲနဲ့ ပါရမီရှင်များရှိခြင်းကို အမြဲတမ်း ပိုသဘောကျခဲ့သည်။ အကယ်၍ ဟွမ်းချောင်ယုကဲ့သို့သော တပည့်တစ်ဦးကို ရှာမတွေ့ပါက ဒီတာဝန်ကို ရပ်ဆိုင်းထားမည်ဖြစ်သည်။ မဟုတ်ပါက သူသည် စိတ်ဓာတ်မကောင်းတဲ့ ပါရမီမရှိသူတစ်ဦးကို လက်ခံမိပါက လင်းယွင်ဂိုဏ်းသည် ဒုက္ခရောက်လိမ့်မည်။

" ထားလိုက်တော့၊ လောလောဆယ် ငါအရင်ဆုံး အစီအရင်ဆုံး ခင်းရမယ်" ဟု ကျန်းယီမင်ပြောပြီးတာနဲ့ လျှပ်တစ်ပြက်၊ သူသည် ခန်းမရဲ့ ခေါင်မိုးပေါ်သို့ ရောက်သွားခဲ့သည်။

ဂိုဏ်းကာကွယ်ရေး အစီအရင်ရဲ့ အရေးအပါဆုံး လုပ်ဆောင်ချက်မှာ ဂိုဏ်းကို ကာကွယ်ရန်ဖြစ်သောကြောင့် ခန်းမဆောင်သည် အစီအရင်ဗဟိုချက်ဖြစ်မည်မှာ သေချာသည်။ အတွေးတစ်ချက်ဖြင့် နက်နဲသိမ်မွေ့သော အလံသေးလေးတစ်ခုသည် ကျန်းယီမင်လက်ထဲတွင် ပေါ်လာခဲ့သည်။ သူသည် အလံကို ဖြည်းဖြည်းချင်း အနည်းငယ် လှုပ်ခတ်နေစဥ် ခဏအတွင်း ကောင်းကင်နှင့် မြေကြီး လှုပ်ခါသွားခဲ့သည်။ မြေကြီးသည် ရုတ်တရက် အသက်ဝင်လာသကဲ့သို့ ပြင်းထန်စွာ လှုပ်ခါသွားခဲ့သည်။

ချက်ချင်းဆိုသလို ပတ်ဝန်းကျင်ရှိ တောင်များ၊ မြက်ပင်များ၊ သစ်ပင်များ၊ မြစ်များနှင့် အိမ်များသည် သူတို့နေရာများကနေ ပြောင်းလဲသွားခဲ့ကြသည်။ ဧရာမသတ္တဝါကြီးများက ခန်းမဆောင်ကို ကာကွယ်နေသကဲ့သို့ ပုံရိပ်များ စဥ်ဆက်မပြတ် ထွက်ပေါ်လာခဲ့သည်။

အရှေ့ဘက်တွင် တိမ်တိုက်များကို ရှူသွင်း မှုတ်ထုတ်နေသော ပေထောင်ချီရှည်သည့် နဂါးကြီးတစ်ကောင် ရှိနေသည်။ အနောက်ဘက်တွင် သတ်ဖြတ်လိုတဲ့ စိတ်အပြည့်နဲ့ ရက်စက်တဲ့ ကျားတစ်ကောင် ရှိသည်။ မြောက်ဘက်နှင့် တောင်ဘက်တွင် မီးလျှံများဖြင့် ဝန်းရံထားသော အနီရောင်ငှက်နှင့် လိပ်ဖြူကြီးတစ်ကောင်စီ အသီးသီးရှိနေသည်။

ခန်းမဆောင်တစ်ခုလုံးသည် ရန်သူကို သတ်ဖြတ်လို့တဲ့ အငွေ့အသက်များကို ထုတ်လွှတ်နေသည်။ ၎င်းသည် အဆုံးမရှိသော သမုဒ္ဒရာကဲ့သို့ဖြစ်သည်။ မည်သည့်တိုက်ခိုက်မှုမဆို ဤသမုဒ္ဒရာထဲသို့ ပစ်ချလိုက်သော ကျောက်စရစ်ခဲငယ်ကဲ့သို့ဖြစ်သွားပြီး လှိုင်းသေးသေးလေးတစ်ခုသာ ဖြစ်ပေါ်စေမည်ဖြစ်သည်။

"ထိပ်တန်းအဆင့် ဂိုဏ်းကာကွယ်ရေး အစီအရင်ဆိုတဲ့အတိုင်းပဲ တကယ်ကို ကြောက်စရာ အရှိန်အဝါအပြည့်နဲ့ပဲ" ဟု ကျန်းယီမင်သည် အစီအရင်စွမ်းအားကို ခံစားမိသောအခါ အံ့အားသင့်ကာ မှင်သတက်နေမိသည်။

အရင်က ရန်ရူထျန်းမိမိကိုယ်ကို ပေါက်ကွဲမှုမှ ထုတ်လွှတ်လိုက်သော စွမ်းအားသည်ပင် အခုအစီအရင်ကို ထိခိုက်စေရန် မလုံလောက်သလိုပင် ထင်ရသည်။ဤအစီအရင်ရဲ့ ကာကွယ်မှုဖြင့် ဟောက်ယွင်ဂိုဏ်းက နောက်တစ်ကြိမ် ထပ်ပြီးလာတိုက်ခိုက်ပါက သူတို့က လက်ဦးမှု ပြန်ရနိုင်တယ်ဆိုတာ သေချာသည်။

ကျန်းယီမင်က သူ့အတွေးနဲ့ အာရုံများနေစဉ် ဟွမ်းချောင်ယုနှင့် တခြားသူများ ပြေးရောက်လာခဲ့ကြသည်။ သူတို့သည် အစက ကိုယ်ပိုင်ခြံဝန်းများတွင် တရားထိုင်နေကြစဉ် ကောင်းကင်နှင့် မြေကြီး တုန်ခါလာတာကို ရုတ်တရက် ခံစားမိခဲ့ကြသည်။ ခနလေးအတွင်း စွမ်းအားကြီးမားတဲ့ ရန်သူတစ်ဦး နောက်ထပ်တိုက်ခိုက်ရန် ရောက်လာသည်ဟု ထင်သွားကြပြီး စိုးရိမ်ပူပန်စွာဖြင့် ပြေးထွက်လာခဲ့ကြသည်။

"ဆရာ၊ ဟောက်ယွင်ဂိုဏ်းက လူတွေ ထပ်ရောက်လာပြီလား" ဟု ဂူလင်းဖေးက မျက်ခုံးကျုံကာ သူ့မျက်နှာအမူအရာသည် စိုးရိမ်မှုဖြင့် ပြည့်နှက်နေသည်။

ကျန်းယီမင်သည် တပည့်သုံးဦးရဲ့ စိုးရိမ်နေတဲ့ မျက်နှာအမူအရာများကို ကြည့်ကာ "မဟုတ်ပါဘူးကွာ၊ ငါဂိုဏ်းကာကွယ်ရေး အစီအရင်တစ်ခု ခင်းလိုက်လို့ပါ။ မင်းတို့ တစ်ချက် အာရုံခံကြည့်ကြည့် ငါဘာပြောနေတယ်ဆိုတာ သိသွားလိမ့်မယ်" ဟု ရယ်မောလိုက်သည်။

ထိုစကားကို ကြားရသောအခါ တပည့်သုံးဦးသည် စိတ်သက်သာရာရပြီး မြန်မြန်ဆန်ဆန် အာရုံခံပြီး စစ်ဆေးကြည့်လိုက်ကြသည်။ ခဏအကြာတွင် သုံးဦးစလုံး အံ့အားသင့်သွားပြီး သူတို့မျက်လုံးများပင် ပြူးကျယ်လာခဲ့သည်။

"ဆရာ၊ ဒါ ဒါ ဒါက ဆရာခင်းထားတဲ့ အစီအရင်လား" ဟု ယဲ့ယွမ်ဖန်က ထစ်ထစ် ငေါ့ငေါ့ဖြင့် အထိတ်တလန့် မေးမြန်းခဲ့သည်။

"ဟုတ်တယ်လေ၊ ဒီအစီအရင်ကို ပုံစံတစ်ထောင်ပြောင်းလဲခြင်း အစီအရင်လို့ ခေါ်တယ်"

"ဆရာ၊ ဒါကြီးက တကယ်ကို ကောင်းကင်ကို ဆန့်ကျင်နိုင်တဲ့ အစွမ်းတွေပါ ရှိနေသလိုပဲ"

သူတို့မျက်လုံးများက စိတ်လှုပ်ရှားမှုအပြည့်နဲ့ တောက်ပနေပြီး စကားပြောရန်ပင် ထစ်ငေါ့နေသည်အထိ စိတ်လှုပ်ရှားနေခဲ့ကြသည်။ ထိုအစီအရင်သည် မည်သည့်အစီအရင်မျိုးဖြစ်တာကို သူတို့မသိကြသော်လည်း အစီအရင်စွမ်းအားကို သူတို့လုံးဝ ခံစားနိုင်ကြသည်။ ထို့အပြင် အစီအရင်ကို ခင်းထားပြီးသည်နှင့် အစီအရင်သည် တောင်များနှင့် မြစ်များရဲ့ ရှုခင်းကိုပါ ပြောင်းလဲပစ်ခဲ့ပြီး သဘာဝနှင့် ပေါင်းစပ် ရောနှောသွားခဲ့သည်။ ဤသည်မှာ ကောင်းကင်နှင့် မြေကြီးရဲ့ စွမ်းအားကို ငှားရမ်းကာ သူ့ကိုယ်ပိုင်ကမ္ဘာကို ဖွဲ့စည်းနိုင်သည့် ဒဏ္ဍာရီလာ အစီအရင်တစ်ခုဖြစ်သည်မှာ သိသာထင်ရှားသည်။

ထိုသို့သော အစီအရင်ကို ပိုင်ဆိုင်နိုင်သည်မှာ ပထမအဆင့် အင်အားစုအနည်းငယ်သာ ရှိကြောင်း သူတို့ကြားဖူးခဲ့ကြသည်။

"ဟုတ်ပာပြီ၊ အဲ့လောက်ကြီး ဖြစ်မနေကြပါနဲ့။ ဒီအစီအရင် အကာအကွယ်နဲ့ဆို ဟောက်ယွင်ဂိုဏ်းက လူတွေကို စိုးရိမ်စရာ မလိုတော့ဘူး" ဟု ကျန်းယီမင်က အပြုံးများသန်းကာ ဆက်ပြောခဲ့သည်။

"အခုတော့ ငါ အလုပ်တစ်ခုရှိလို့ ခနတောင်အောက်ဆင်းရဦးမယ်။ မင်းတို့သုံးယောက် ဂိုဏ်းမှာနေပြီး မပေါ့ဘဲနဲ့ ကျင့်ကြံနေကြ"

သူတို့သုံးဦးသည် ဆရာ တောင်အောက်ဆင်းမှာကို ကြားရသောအခါ ချက်ချင်း အံ့အားသင့်သွားခဲ့ကြသည်။ ကျန်းယီမင်သည် သူတို့ပြန်ပြောဖို့ မစောင့်ဆိုင်းခဲ့ပေ။ သူသည် ရက်အနည်းငယ်က စနစ်ကနေ ရခဲ့တဲ့ မှော်ရတနာအချို့ကို သူ့သိုလှောင်အိတ်ထဲကနေ ထုတ်ယူလိုက်သည်။

ထို့နောက် ထိုရတနာလက်နက်တို့ကို သူ့တပည့်သုံးဦးကို ပေးလိုက်ပြီး "ဒီမှော်ရတနာသုံးခုကို သေချာသိမ်းထား။ ထောင်ချီတူညီလေက စကားပြောတာတွေ လွှဲပြောင်းပေးတယ် ။ ငါ့ကို ဆက်သွယ်ဖို့လိုရင် ဒါကိုသုံးပြီး ဆက်သွယ်လို့ရတယ်။ အရိပ်ရွေ့လျားမှုကတော့ အကွာအဝေးတစ်ခုကို ကူးပြောင်းပေးတယ်။ ရန်သူကို ရှောင်တာ ဒါမှမဟုတ် ထွက်ပြေးတာတွေအတွက် အကောင်းဆုံးပဲ။ ဒီခရမ်းရောင် သပိတ်ကတော့ ရေနဲ့မီးဒဏ်ကို ခံနိုင်ရည်ရှိတယ်။ ရန်သူတွေကို ပိတ်လှောင်ပြီး သတ်ပစ်ဖို့အတွက် အသုံးပြုလို့ရတယ်။ ဒီမှော်ရတနာသုံးခုရယ် အစီအရင်တို့နဲ့ဆိုလျှင် မင်းတို့ရဲ့ လုံခြုံရေးက စိတ်မချစရာမရှိတော့ဘူး" ဟု ရှင်းပြလိုက်သည်။

သူတို့လက်ထဲရှိ မှော်ရတနာများတွင် ထိုသို့သော အံ့ဖွယ်အသုံးဝင်မှုများရှိတာကို သုံးဦးကြားရသောအခါ ချက်ချင်း ပျော်သွားကြသည်။ ဤသို့ဖြင့် ကျန်းယီမင်သည် သူ့တပည့်သုံးဦးအား အစီအရင်လုပ်ဆောင်ချက်များကို ဆက်မိတ်ဆက်ပေးခဲ့သည်။အစီအရင်ကို သူတို့ထဲမှ တစ်ဦးဖြင့်လည်း လည်ပတ်စေနိုင်ပြီး အခြေတည်စိတ်ဝိညာဉ်အဆင့်တစ်ဦးကို သတ်နိုင်လောက်တဲ့ စွမ်းအားရှိတာကို သုံးယောက်လုံးကြားရသောအခါ သူတို့က နောက်တစ်ကြိမ် ထပ်ပြီးအံ့အားသင့်သွားခဲ့ကြသည်။

ကျန်းယီမင်သည် လိုအပ်တဲ့ အရာအားလုံးကို သူတို့အား ပြောပြပြီးနောက် နောက်ထပ်တုံ့ဆိုင်းမနေဘဲ ချက်ချင်း အလင်းတန်းတစ်ခုအဖြစ်သို့ ပြောင်းလဲကာ ရှေးဟောင်းလမြို့ ဦးတည်ရာဘက်သို့ ပျံသန်းသွားခဲ့သည်။

သူ့နောက်က တပည့်သုံးဦးက မြန်မြန်ဆန်ဆန် "ဆရာ၊ ဘေးကင်းလုံခြုံပါစေ" ဟု အရိုသေပေးလိုက်ကြသည်။

All Chapters