← Chapters

မရေမတွက်နိုင်တဲ့လူတွေက လင်းယွင်ဂိုဏ်းသို့ ဂါရဝပြုရန် လာရောက်ကြခြင်း....

Vol. 12 Ch. 146

မရေမတွက်နိုင်တဲ့လူတွေက လင်းယွင်ဂိုဏ်းသို့ ဂါရဝပြုရန် လာရောက်ကြခြင်း....

Vol. 12 Ch. 146

"ဟေ... ဒီလူတွေ ဘာဖြစ်နေကြတာလဲ..."

ဂူလင်းဖေး တကယ် နားမလည်တော့ပေ။ အစတုန်းက ရောက်လာတဲ့ဆေးပညာရှင်တွေက အဆင့်အမျိုးမျိုး ရောနေခဲ့သည်။ အတုကိုအစစ်လုပ်ပြီး ဆေးဖက်ဝင်ပစ္စည်းအနည်းငယ်ကို ရောနှောရုံလောက်ပဲ တတ်တဲ့ကောင်တွေတောင် ပါသေးခဲ့သည်။ ထိုအချိန်တုန်းက ဂူလင်းဖေးနဲ့ ဟွမ်ချောင်ယုတို့က အဲ့ဒီလိုလူတွေကို အပြစ်တင်ဝေဖန်ချင်စိတ်တောင် မရှိတော့ပေ။ သူတို့က "မင်းဖော်ထားတဲ့ ဆေးကို မင်းကိုယ်တိုင် စားရဲလား..." လို့သာ အေးဆေးမေးလိုက်တော့သည်။ သို့သော် အခြေခံအကျဆုံးဆေးလောက်ပဲ ဖော်တတ်တဲ့သူတွေတောင် အရွေးမခံရတော့ပေ။

"အေးလေ... ဒီလူတွေ ရူးနေကြသလိုပဲ...။ လင်းယွင်ဂိုဏ်းရဲ့ပိုက်ဆံကို လိမ်ယူရတာ မလွယ်ဘူးဆိုတာ နောက်ဆုံးတော့ သဘောပေါက်သွားကြပြီထင်တယ်.. ဟုတ်တယ်မလား..."

ဂူလင်းဖေးက လက်ထဲက လက်ဖက်ရည်ပူကို မော့သောက်လိုက်ပြီး ဂိုဏ်းရဲ့ပင်မခန်းမထဲကနေ ထွက်လာခဲ့သည်။

"ဟေး... ကြည့်လိုက်... သူ ထွက်လာပြီ..."

"ဟမ်... ဒါပေမဲ့ ဘာလို့လင်းယွင်ဂိုဏ်းဂိုဏ်းချုပ် မဟုတ်ရတာလဲ..."

"မင်း ဒီလူဘယ်သူလဲ မသိဘူးလား... သူက လင်းယွင်ဂိုဏ်းရဲ့ တပည့်ခေါင်းဆောင်လေ... တပည့်ခေါင်းဆောင်ဆိုတာ မင်းသိရဲ့လား... သူက ဂိုဏ်းချုပ်ရဲ့ ပင်မတပည့်ရင်းပဲကွ..."

"အော်... အော်... အော်... မင်းပြောမှပဲ ငါ နားလည်တော့တယ်... ဘုရားရေ... ငါ တကယ်မျက်ကန်းပဲ... လုံးဝကန်းနေတာ..."

ဂိုဏ်းတံခါးဝအပြင်ဘက်မှာ စောင့်နေတဲ့လူတွေက ဂူလင်းဖေးတံခါးလာဖွင့်တာကို မြင်လိုက်ရတဲ့အခါ သူတို့မျက်နှာတွေ မျှော်လင့်ချက်တွေနဲ့ ပြည့်နှက်သွားကြသည်။ မူလကတပည့်တွေနဲ့ ဆေးပညာရှင်တွေကို သီးခြားစီစုဆောင်းဖို့ စီစဉ်ထားခဲ့သည်။ သို့သော် အခုအခြေအနေအရ ဆေးပညာရှင်တွေက လင်းယွင်ဂိုဏ်းကို ဝင်ချင်လွန်းနေကြတာကြောင့် သီးခြားခွဲပြီး စုဆောင်းစရာမလိုတော့ပေ။ ဘာပဲဖြစ်ဖြစ် အဆင့်မြင့်ဆေးလုံးတွေ ဖော်စပ်နိုင်တဲ့ ဆေးပညာရှင်တွေက ကျင့်ကြံခြင်းအဆင့် မြင့်မားကြသည်။

"အစ်ကိုကြီး မသိလို့ပါ...၊ ဒီတစ်ခါ ညီမတို့ဂိုဏ်းကိုဝင်ချင်တဲ့အထဲမှာ အခြေတည်စိတ်ဝိညာဥ်အဆင့် ဆေးပညာရှင်တွေတောင် ပါတယ်..."

ဂူလင်ူဖေးလည်း သူ့ဆရာကလေလံပွဲမှာ ဘာလို့ငွေတွေအများကြီး သုံးခဲ့လဲဆိုတာ တဖြည်းဖြည်း နားလည်လာခဲ့သည်။ ထိုအချိန်တုန်းက သူ့ဆရာ စိတ်လိုက်မာန်ပါလုပ်တယ်လို့ ထင်ခဲ့မိပေမယ့် အခုချိန် ပြန်ကြည့်လိုက်တော့ သူ့ဆရာက တကယ့်ကို ဉာဏ်ပညာကြီးမားပြီး မြင့်မြတ်လွန်းတယ်လို့သာ တွေးမိတော့သည်။

လေလံပွဲမှာသုံးခဲ့တဲ့ ပိုက်ဆံတွေက ပစ္စည်းတွေအတွက် မဟုတ်ပေ။ ဒီလိုကြီးကျယ်ခမ်းနားတဲ့ မြင်ကွင်းမျိုးအတွက် သုံးခဲ့ခြင်းဖြစ်သည်။ ကျန်းယီမင်က အခုထိသူ့ခြံဝန်းထဲမှာ တံခါးပိတ်ကျင့်ကြံနေဆဲဖြစ်ကာ အပြင်မှာဘာတွေဖြစ်နေလဲ မသိသေးပေ။ သို့သော် သူ့လုပ်ရပ်ကြောင့် အခုလိုရလဒ်မျိုး ထွက်လာမယ်ဆိုတာ သူ မျှော်လင့်ပြီးသားဖြစ်သည်။

"အားလုံးပဲ တစ်ယောက်ချင်းလာခဲ့ကြပါ... စိတ်မလောကြပါနဲ့... ခင်ဗျားတို့ အားလုံးမှာ အခွင့်အရေးရှိပါတယ်... လူတိုင်းမှာ အခွင့်အရေးရှိတယ်..."

လောလောဆယ် ဒီဆေးပညာရှင်တွေနဲ့ တခြားလူတွေက သူတို့ရဲ့ဆေးဖော်စပ်နည်းတွေကို လွှဲပြောင်းပေးပြီး သူတို့ရဲ့သစ္စာရှိမှုကို ချက်ချင်းပြသချင်နေကြသည်။

"ကျွန်တော့်ဟာကို အရင်ကြည့်ပါဦး... ကျွန်တော့် ကုသဆေးလုံးတွေက သူတို့ဟာနဲ့မတူဘူး... ကျွန်တော့်ဟာက ကျွန်တော့်မိသားစုရဲ့ ပြုပြင်မွမ်းမံထားတဲ့ နည်းပညာပါတယ်..."

"နေပါဦး... ဒီမှာရှိတဲ့လူတိုင်းက ဆေးပညာရှင်တွေချည်းပဲလို့ ထင်နေကြတာလား... ကျွန်တော်က အဆောင်လက်ဖွဲ့ဖန်တီးသူဗျ... ဒီအဆောင်လက်ဖွဲ့တစ်ချို့ကို ကြည့်ပေးပါဦး..."

"ခင်ဗျားက ခင်ဗျားတစ်ယောက်တည်း အဆောင်လက်ဖွဲ့ဖန်တီးသူလို့ ထင်နေတာလား... အဲ့လိုထင်ရင်တော့ ခင်ဗျားနည်းနည်းရူးနေပြီ... ဒီမှာ နောက်တစ်ယောက်ရှိသေးတယ်ကွ..."

ဂူလင်းဖေးက တစ်ချက်ဝေ့ကြည့်လိုက်သည်။ ဟွမ်ချောင်ယုပြောတာ မှန်သည်။ ဒီနေ့လာတဲ့သူတွေထဲမှာ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတွေ တကယ်ပါနေသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့်နဲ့ ထိုအထက်မှာရှိတဲ့ ဆေးပညာရှင်တွေကို သိပ်ကြည့်နေစရာမလိုတော့ပေ။ သူတို့အဆင့်မှာ အရည်အချင်းက မကောင်းစရာအကြောင်းမရှိတော့ပေ။

တော်ဝင်မီးတောက်ဖီးနစ်နယ်မြေက လူတွေတင် လင်းယွင်ဂိုဏ်းကို ဝင်ချင်နေကြတာမဟုတ်ပေ။ အိမ်နီးချင်း ကန်းလန်နယ်မြေနဲ့ လိပ်နက်နယ်မြေကလူတွေပါ ဂိုဏ်းကို လာရောက်ဂါရဝပြုနေကြသည်။ ဂူလင်ူဖေးနဲ့ ဟွမ်ချောင်ယုတို့က ချွေးသုတ်ပြီး တစ်ယောက်မျက်နှာတစ်ယောက် ကြည့်လိုက်ကြသည်။ ဂိုဏ်းတွင်းကိစ္စတွေကိုစီစဉ်ဖို့ ခရီးရှည်ကြီး ကျန်နေသေးပုံပေါ်နေသည်။ အချိန်တိုအတွင်း ကိစ္စအားလုံးကို ဖြေရှင်းဖို့ဆိုတာ လွယ်ကူတဲ့ကိစ္စတော့ မဟုတ်ပေ။

နောက်ဆုံးတော့ ညတာရောက်လာခဲ့သည်။ သူတို့နှစ်ယောက်နဲ့ တစ်နေ့လုံးအလုပ်ရှုပ်နေတဲ့ တပည့်တစ်ချို့က ဂိုဏ်းတံခါးတွေကို ပိတ်လိုက်ကြသည်။

"ဟူး... အစ်ကိုကြီး...၊ ဒီနေ့ဂိုဏ်းထဲက အခြေအနေကို စစ်ဆေးမယ်လို့ ပြောထားတယ်နော်...။ အစ်ကိုကြီး လုပ်နိုင်မယ့်အားအင်ကော ကျန်သေးရဲ့လား..."

"ရပါတယ်... ရပါတယ်... နည်းနည်းပင်ပန်းရုံလေးပါ... ဆရာက အချိန်မရွေးတံခါးပိတ်ကျင့်ကြံတာကနေ ထွက်လာနိုင်တယ်...။ ဒီလိုကိစ္စသေးသေးလေးတောင် ငါတို့မနိုင်ဘူးဆိုတာ ဆရာသိသွားရင် ငါတို့ ဘယ်မျက်နှာနဲ့ ဂိုဏ်းထဲမှာဆက်နေရဲတော့မလဲ..."

"ကောင်းပါပြီ..."

"မင်းတို့လည်း ဒီနေ့ပင်ပန်းနေကြပြီ...။ ငါတို့ကို ကူညီပေးနိုင်ဦးမလား..."

"အစ်ကိုကြီးပြောတာကို လုပ်ပေးဖို့ ကျွန်တော်တို့ ဆန္ဒရှိပါတယ်..."

"ဂိုဏ်းရဲ့ပင်မခန်းမက ဂိုဏ်းထဲမှာအရေးအကြီးဆုံး နေရာပဲ...။ ပင်မခန်းမထဲမှာ ရတနာရှာဖွေအပြားနဲ့ ဇီဝေးကောင်းကင်နက္ခတ်ဗေဒအတွက် အစီအရင်ရှိပြီးသားပဲ...."

အခု သူတို့လုပ်ဖို့လိုတာက ဂိုဏ်းထဲကပစ္စည်းတွေ အားလုံးကို သေသေချာချာစာရင်းကောက်ယူဖို့ဖြစ်သည်။

"ဒီပစ္စည်းနှစ်ခုကိုလည်း ဆရာပြန်သယ်လာတာပဲ...။ ငါတို့မသုံးရသေးပေမယ့် ဆရာရဲ့ဖော်ပြချက်အရ ကြည့်ရင်တော့ တော်တော်ကောင်းမယ့်ပစ္စည်းတွေ ဖြစ်လောက်တယ်..."

"လေ့ကျင့်ရေးကွင်းပြင်နဲ့ သင်ကြားရေးစင်မြင့်..."

ဟွမ်ချောင်ယုက လက်ထဲကဂိုဏ်းမြေပုံကို ကြည့်ပြီး ဆက်ပြောလိုက်သည်။

"ဒီနေရာနှစ်ခုအတွက်တော့ စိတ်ပူစရာမလိုဘူး... နှစ်ခုလုံးက ဆရာပိုင်တာတွေပဲလေ...။ အလုပ်ဆက်လိုက်ကြစို့..."

"ဆေးခန်းမ....။ ပြီးခဲ့တဲ့ရက်အနည်းငယ်အတွင်း ငါတို့ ဆေးပညာရှင်စုစုပေါင်း ၁၆ယောက် လက်ခံထားတယ်..."

ဂူလင်းဖေးက ရေတွက်လိုက်ပြီး ဖြည်းဖြည်းချင်း ပြောလိုက်သည်။

"ကျွတ်...၊ ကြည့်ရတာ ငါတို့ ဆွဲဆောင်မှုက သိပ်မရှိသေးဘူးထင်တယ်..."

"အစ်ကိုကြီး... အကိုက အခုနည်းနည်း ရည်မှန်းချက်ကြီးလွန်းနေပြီထင်တယ်နော်... ညီမတို့ဂိုဏ်းက ဘယ်အဆင့်မှာရှိသေးလို့လဲ... ဆေးပညာရှင်အများကြီးကို ချက်ချင်းလိုချင်နေတာ နည်းနည်း လောဘကြီးလွန်းမနေဘူးလား..."

'ဟုတ်ပါတယ်၊ ဒီအရေအတွက်က သိပ်များတဲ့ပုံမပေါက်ပါဘူး...။ ဘာပဲဖြစ်ဖြစ် ၁၆ယောက်ပဲ ရှိသေးတာလေ... ဒါပေမဲ့ သူတို့ဖော်စပ်နိုင်တဲ့ ဆေးလုံးတွေရဲ့ အရည်အသွေးပဲဖြစ်ဖြစ်၊ ဆေးပညာရှင်တွေရဲ့ ကိုယ်ပိုင်အင်အားပဲဖြစ်ဖြစ်၊ တော်ဝင်မီးတောက်ဖီးနစ်နယ်မြေတစ်ခုလုံးက အဆင့်လေးအင်အားစုတွေထဲမှာ ဘယ်သူကမှ ငါတို့နဲ့ယှဉ်ပြိုင်နိုင်တဲ့ အရည်အချင်း မရှိကြဘူး...'

"ဟဲဟဲ...၊ အဲ့ဒါတော့ဟုတ်တယ်...။ ဒါ့အပြင် ဆရာရဲ့တပည့်ဖြစ်ချင်နေတဲ့ အခြေတည်စိတ်ဝိညာဥ်အဆင့် ကျင့်ကြံသူတစ်ယောက်တောင် ရှိသေးသလိုပဲ..."

အကယ်၍ အခြေတည်စိတ်ဝိညာဉ်အဆင့်ကျင့်ကြံသူသာ ဂိုဏ်းထဲဝင်လာရင် ဂူလင်းဖေးက သူ့ဆရာပြီးရင် ဂိုဏ်းထဲမှာ အသန်မာဆုံးလူဖြစ်တော့မှာ မဟုတ်ပေမယ့် ထိုအရာက ဂိုဏ်းတစ်ခုလုံးရဲ့တိုက်ခိုက်ရေးအင်အားကို တိုက်ရိုက်ဖြည့်ဆည်းပေးနိုင်မှာ ဖြစ်သည်။ ဒါက အမြတ်ပဲရှိပြီး အရှုံးမရှိတဲ့ကိစ္စသာ ဖြစ်သည်။

ထို့အပြင် ဒီဆေးပညာရှင်တွေက သူတို့ကိုယ်ပိုင် ဆေးဖော်နည်းတွေကို ယူလာကြသည်။ သူတို့ဆေးလုံးတွေရဲ့အာနိသင်က သူတို့ဆရာဖော်စပ်တဲ့ ဆေးလုံးတွေလောက် မကောင်းနိုင်ပေမယ့် သူတို့ရဲ့ အားသာချက်က ကုန်ကျစရိတ်နည်းပါးပြီး အများကြီးထုတ်နိုင်ခြင်းဖြစ်သည်။

'သူတို့ကို ဘယ်လိုလုပ်ငြင်းလို့ ရပါ့မလဲ...'

"ဆရာ့ရဲ့ဆေးဖော်နည်းတွေကိုပါ ထည့်တွက်ရင် ငါတို့ဆီမှာ စုစုပေါင်း ၂၁မျိုး ရှိတယ်...။ အဲ့ဒီအထဲမှာ အာနိသင်အမျိုးမျိုးရှိတဲ့ ဆေးလုံးတွေပါတယ်...။ ဒါပေမဲ့ အဆင့်အမြင့်ဆုံးကတော့ ဆရာဖော်စပ်ထားတဲ့ ဆေးလုံးတွေပဲဖြစ်နေတုန်းပဲ..."

"ဒါက သဘာဝကျပါတယ်...။ ညီမတို့ဆရာက ဘယ်သူမို့လို့လဲ... ဆရာ့ရဲ့ဆေးလုံးထက် ပိုစွမ်းအားကြီးတဲ့ဆေးလုံးကို ဖန်တီးနိုင်တဲ့သူ တကယ်ရှိနေရင် အဲ့ဒါကမှထူးဆန်းနေမှာ..."

တခြားတပည့်တွေက ရယ်မောလိုက်ကြပြီး ဟွမ်ချောင်ယုဘက်ကို လှည့်ကြည့်လိုက်ကြသည်။

"ဒါနဲ့... စီနီယာအစ်မ... ကျွန်တော်တို့မှတ်မိသလောက်ဆိုရင် အစ်မက ဒီရက်ပိုင်းဆေးဖော်တာကို ကြိုးကြိုးစားစားလေ့ကျင့်နေတယ် မဟုတ်လား... ဒီရက်ပိုင်းလေ့ကျင့်တာက ဘယ်လောက်ထိရောက်လဲ သိချင်လိုက်တာ..."

"ဟမ်... ငါ့ကို စီနီယာအစ်မလို့ ခေါ်ရမယ်ဆိုတာ သိရဲ့သားနဲ့ ဘာလို့စကားပြောတာ ဒီလောက်ရိုင်းစိုင်းနေရတာလဲ... သွား... ဒီည... မင်းတို့ကို နောက်ထပ် နှစ်နာရီထပ်ကျင့်ကြံဖို့ အပြစ်ပေးလိုက်မယ်..."

All Chapters