← Chapters

ကန်းနေလား မင်း....၊ လင်းယွင်ဂိုဏ်းကို ဘာမှတ်နေလဲကွ

Vol. 4 Ch. 52

ကန်းနေလား မင်း....၊ လင်းယွင်ဂိုဏ်းကို ဘာမှတ်နေလဲကွ

Vol. 4 Ch. 52

"လူကြီးမင်း... ကျွန်တော်ဒီဆိုင်ကို ဖွင့်လာတာ နှစ်ပေါင်းများစွာ ကြာခဲ့ပါပြီ။ အမြဲတမ်း ရိုးသားမှုဆိုတဲ့ မူဝါဒကို ကိုင်စွဲခဲ့တာပါ။ ဒီလောက်ပမာဏပဲ ကျွန်တော် လိုအပ်တာပါဗျာ"

ဆိုင်ရှင်က စိတ်ဝိညာဥ်ကျောက်တုံးအနည်းငယ်ကိုသာ လှမ်းယူလိုက်စဥ် သူ့မျက်နှာအမူအရာက ရုတ်တရက် ပြောင်းလဲသွားသည်။ သူက ကျန်းယီမင်အား အလျင်အမြန် ခပ်တိုးတိုးလေး ပြောလိုက်သည်။

"လူကြီးမင်း... ကျေးဇူးပြုပြီး စိတ်ဝိညာဥ်ကျောက်တုံးတွေကို သိမ်းထားလိုက်ပါတော့။ လူကြီးမင်းမှာ စိတ်ဝိညာဥ်ကျောက်တုံတွေရှိနေမှန်းကို မသိသာစေပါနဲ့။ ဟိုလူတွေရောက်လာပြီ၊ သူတို့က လူကောင်းတွေ မဟုတ်ဘူး"

ထိုသို့ပြောပြီးတာနှင့် ဆိုင်ရှင်က ချက်ချင်း ပြုံးလိုက်ပြီး "ဟာ... သခင်လေးလီပါလား။ ကြွပါ... ကြွပါ။ ဒီနေ့ ဘာများ သုံးဆောင်ချင်ပါသလဲခင်ဗျာ"

ထိုအချိန်ကျမှ ကျန်းယီမင်သတိထားမိလိုက်သည်။ ရက်စက်ကြမ်းကြုတ်ပုံရတဲ့ လူတစ်ယောက်က သူ့နောက်လိုက်နှစ်ဦးနဲ့အတူတူ ဆိုင်ထဲကို ဝင်လာပြီး ထိုင်ခုံများတွင် ဝင်ထိုင်လိုက်ကြသည်။

"မနေ့ညကကွာ ငါပျော်တော်ဆက်လေးတွေနဲ့ သောက်စားပျော်ပါးခဲ့တယ်ကွ။ ပြီးတော့ ငါတို့နဲနဲပါးပါး လောင်းကစားလေးဘာလေး သွားကစားလိုက်ကြတယ်။ ဘာဖြစ်သွားတယ်ထင်လဲ။ ငါအကြီးအကျယ်ရှုံးပြီး အရှက်ကွဲခဲ့ရတယ်ကွ။ လောလောဆယ် ငါ့စိတ်တွေ သိပ်မကြည်နေဘူးကွ"

"အနည်းငယ်ဆုံးရှုံးခြင်းက ကံကောင်းခြင်းရဲ့ အစပါ သခင်လေးရယ်။ နောက်တစ်ခါ သွားရင် သေချာပေါက် သခင်လေး ငွေတွေအများကြီး နိုင်မှာ"

ဆိုင်ရှင်က မျက်နှာလိုမျက်နှာရ ပြုံးလိုက်ပြီး ဝိုင်အိုးတချို့ကို ထိုလူရဲ့စားပွဲကို သွားချပေးလိုက်သည်။

"ဒါမဟုတ်ဘူးလေ။ ဟမ်... မင်းဆိုင်ထဲမှာ 'မူးယစ်ရေစက်' ဝိုင်အနံ့ ရနေပါလား။ ဟမ်... တခြားသူတွေက 'မူးယစ်ရေစက်' သောက်လို့ရပြီး ငါကတော့ ဒီလို အပေါစားဝိုင်တွေ သောက်ရမယ်ပေါ့လေ"

"အမ်... အဲ့ဒါက... သခင်လေးလီရဲ့ အကောင့်လက်ကျန်ငွေက ကုန်နေပြီမို့လို့ပါ..."

ဆိုင်ရှင်က သူ့မျက်နှာတွင် အပြုံးမပျက် ရှိနေပေမယ့် ထိုအပြုံးများတွင် ခါးသီးမှုများ ရောနှောနေသည်။

" သတ္တိတွေ စောက်ရမ်းရှိနေပါလား"

ထိုလူက ပိုဒေါသထွက်လာကာ ဆိုင်ရှင်လာချပေးထားတဲ့ ဝိုင်ပုလင်းတွေကို ကြမ်းပြင်ပေါ်သို့ ပစ်ပေါက်ခွဲလိုက်သည်။

"ငါပြန်မဆပ်နိုင်မှာကို မင်းလာစိုးရိမ်နေတာတော့ မဟုတ်ပါဘူးနော်။ ဒါမှမဟုတ် ငါ့နောက်က လီမိသားစုနဲ့ ပြဿနာတက်ချင်နေလို့များလား"

"မဟုတ်... မဟုတ်ရပါဘူးခင်ဗျာ။ ကျွန်တော်အခုပဲ လဲပေးပါ့မယ်"

"လီမိသားစု"ဟူသော အသံကြားသည်နှင့် ဆိုင်ရှင်က ကြောက်လန့်တကြား လက်ကာပြလိုက်သည်။

"အဟမ်း!" ကျန်းယီမင်က ချောင်းအနည်းငယ် ဟန့်လိုက်ကာ သူတို့ကိုလှည့်ကြည့်လိုက်သည်။

"ဟောက်ယွင်ဂိုဏ်းက ပျက်စီးသွားပြီမဟုတ်လား။ အခုဒီဈေးက လင်းယွင်ဂိုဏ်းရဲ့ လက်အောက်မှာ ရှိနေတာ။ ခင်ဗျားပြောနေတဲ့လီမိသားစုဆိုတာ ဘယ်က လီမိသားစုလဲဆိုတာ ကျွန်တော် သိခွင့်ရှိမလား"

"ဟို... ဒီသူရဲကောင်းကြီးရဲ့ နာမည်လေးများ သိလို့ရမလား။ လင်းယွင်ဂိုဏ်း...ဟုတ်လား။ ငါ့ကိုဖိအားလာပေးဖို့ အဲ့ဒီလိုကလေကချေစကားတွေ လာမသုံးစမ်းပါနဲ့။ အဆင့် ၅ ဂိုဏ်းလေးက ဟောက်ယွင်ဂိုဏ်းကို ချေမှုန်းနိုင်ခဲ့တော့ ဘာဖြစ်လဲ။ ငါ့မျက်စိထဲမှာတော့ ဆက်ကြေးတောင် လက်မခံရဲတဲ့ အဲ့ဒီစောက်ပေါဂိုဏ်းက..."

ဘုန်း....!

လူတချို့က ဝိုင်ဆိုင်လေးထဲကနေ လွင့်ထွက်သွားပြီး လမ်းပေါ်ကို ပြုတ်ကျသွားလိုက်ကြသည်။ ကျန်းယီမင်လည်း သူတို့နောက်ကို လိုက်သွားလိုက်ပြီး အပျော်အပါးမက်တဲ့ ထိုလူရဲ့မျက်နှာကို ခြေထောက်ဖြင့် နင်းချေလိုက်သည်။

"မင်းက ငါ့ကိုရန်စရဲတယ်ပေါ့လေ။ ငါဘယ်သူလဲဆိုတာ မင်းမသိသေးဘူးနဲ့တူတယ်...မင်း..."

ထိုလူ စကားမဆုံးခင်မှာပင် ပါးရိုက်ခံလိုက်ရသည်။

"ဆက်ပြောစမ်း"

"ငါကလီမိသားစုရဲ့ သခင်လေးကွ။ မင်းက မင်းကိုယ်မင်း ဘာထင်နေလဲ..."

နောက်ထပ် ပါးရိုက်ချက်တစ်ခု ထပ်ရောက်လာခဲ့သည်။

"လီမိသားစု ဟုတ်လား။ ဘယ်က ချီးထုပ်လီမိသားစုလဲ။ သူတို့တွေဘယ်မှာလဲ။ ငါကြည့်ဖူးချင်လို့ မင်းလူတွေကို သွားခေါ်လိုက်"

လမ်းမပေါ်ရှိ လူတိုင်းက ထိတ်လန့်တုန်လှုပ်သွားကြသည်။ လီမိသားစုသခင်လေးရဲ့ နှိပ်စက်မှုဒဏ်ကို သူတို့ ခံစားလာရသည်မှာ အတော်ကြာနေပြီဖြစ်သည်။

ကျန်းယီမင်က အဲ့လူကို သတိလစ်သွားတဲ့အထိ ပါးနှစ်ချက်ဆင့်ရိုက်လိုက်သည်။

ထို့နောက် ကျန်းယီမင်က လက်သီးဆုပ်ကာ အရိုအသေပြုလိုက်ပြီး -

"ကျုပ်က လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ပါ။ ပြည်သူတွေရဲ့ လုံခြုံရေးကို ဂရုမစိုက်မိခဲ့တဲ့အတွက် တောင်းပန်ပါတယ်။ ဒီလိုအမှိုက်ကောင်ကို လမ်းမပေါ်မှာ သွားလာခွင့်ပေးပြီး လူတိုင်းကို ဒုက္ခပေးခွင့်ပေးမိခဲ့တဲ့အတွက် ကျုပ်တကယ်ကိုပဲ အရှက်ရမိပါတယ်"

'ဟူး... ဒီကိစ္စကို ဖြေရှင်းဖို့ သူ့တပည့်တွေကို မှာထားခဲ့သင့်တာ။ အဆင့် ၃ ဂိုဏ်းတစ်ခုကို အဆင့် ၅ ဂိုဏ်းအဆင့်ထိ လျှောကျသွားအောင် တစ်ယောက်တည်း သောင်းကြမ်းခဲ့တဲ့ သူ့ကိုအထင်သေးပြီး လာဟောင်ရဲတဲ့ကောင် ရှိသေးတာကိုး။'

"ဒီနေရာက လင်းယွင်ဂိုဏ်းရဲ့ စီမံအုပ်ချုပ်မှုအောက်မှာ ရှိတယ်။ ဘယ်သူမဆို ဒီနေရာမှာ ပြဿနာလာရှာရင် ငါ့ဂိုဏ်းကို စော်ကားတာနဲ့ အတူတူပဲ။ တကယ်လို့ မင်းတို့က လင်းယွင်ဂိုဏ်းကို ကျော်ခွသွားပြီး စော်ကားနိုင်တယ်လို့ထင်ရင် ကိုယ့်အရည်အချင်း ကိုယ်ပြန်သုံးသပ်ကြဖို့ ငါအကြံပြုပါရစေ"

ထိုသို့ပြောပြီးနောက် ကျန်းယီမင်က ဓားပျံစီးလျက် ထွက်ခွာသွားခဲ့သည်။

"ဒါဆို သူကမွေးဖွားခြင်းအဆင့်ကျင့်ကြံသူကို သတ်ခဲ့တဲ့ လင်းယွင်ဂိုဏ်း ဂိုဏ်းချုပ်ပေါ့။"

"ကြည့်ရတာ ဒီဈေးလေးကတော့ ငြိမ်းချမ်းရေးရတော့မယ့်ပုံပဲ။"

......

"သူတော်စင်ရဲ့ရုပ်ကြွင်းက ဘယ်နားမှာလဲဟ။"

ကျန်းယီမင်က ခေါင်းငုံ့လိုက်ပြီး မြေပုံကို ကြည့်လိုက်သည်။ မြေပုံပေါ်မှာ မှတ်ထားတဲ့ နေရာကို သူသေချာပေါက် ရောက်နေပေမယ့် သူ့ဘေးပတ်ပတ်လည်တွင် ကျယ်ပြောလှတဲ့ သဲကန္တာရကြီးသာ ရှိနေသည်။ သက်ရှိဆိုတဲ့ အရိပ်အယောင်တစ်ခုကိုပင် သူမတွေ့ရပေ။

"သူတော်စင်ရဲ့ ရုပ်ကြွင်းက မြေအောက်မှာများ ဝှက်ထားတာလား။"

ကျန်းယီမင်က အသက်ကို အောင့်ထားလိုက်ပြီး အာရုံစူးစိုက်လိုက်သည်။ စိတ်ဝိညာဉ်စွမ်းအင်များက သူ့ခန္ဓာကိုယ်ထဲကနေ ပေါက်ကွဲထွက်ပေါ်လာပြီး သူတော်စင် ကျန်ရစ်ထားတဲ့ အရှိန်အဝါကို လိုက်ရှာနေသည်။ ထူးဆန်းသော ဖြစ်စဉ်တစ်ခုအနေနဲ့ သူ့ခြေထောက်အောက်မှာရှိနေတဲ့ သာမန်ကျောက်တုံးလေးတစ်တုံးက သူ့စိတ်ဝိညာဉ်စွမ်းအင်ကို တုံ့ပြန်လာခဲ့သည်။ ထိုကျောက်တုံးက ရိုးရှင်းပုံမပေါ်ပေ။

'ဒီကျောက်တုံးလေးထဲမှာတောင် ခန့်မှန်းလို့မရနိုင်လောက်အောင် ကြွယ်ဝတဲ့ စိတ်ဝိညာဉ်စွမ်းအင်တွေ ပါဝင်နေတာကိုး။ ဒီလိုဆိုမှတော့ အဲ့ဒီကျင့်ကြံရှင်က သူမသေခင် နောက်ဆုံးအချိန်မှာ သူ့ရဲ့လက်ကျန် စိတ်ဝိညာဉ်စွမ်းအင်တွေကို သုံးလိုက်ပြီး စည်းမျဉ်းအားလုံးကို သူကိုယ်တိုင်သတ်မှတ်ထားနိုင်တဲ့ ကမ္ဘာငယ်လေးတစ်ခုကို ဖန်တီးခဲ့တာများလား။ တကယ်လို့ အဲ့ဒီလိုသာဆိုရင် အခုလိုကမ္ဘာငယ်လေးကို ဖန်တီးခဲ့တဲ့အရှင်သခင်က သူအသက်ရှင်နေတုန်း ဘယ်လောက်တောင် စွမ်းအားကြီးမားလိုက်မလဲ။'

ကျန်းယီမင်က အသေးစိတ်ကို ဆက်မတွေးရဲတော့ပေ။ တကယ်လို့ သူကသာ မဆင်မခြင် ဝင်သွားလိုက်လျှင် အထဲထဲက စိတ်ဝိညာဥ်စွမ်းအင်တွေကို သူခံနိုင်ရည်ရှိမယ်ဆိုတာကို သူမသေချာနေပေ။ အန္တရာယ်များလှတာ မှန်တယ်ဆိုပေမယ့် တစ်ချိန်တည်းမှာပဲ အဆုံးမရှိတဲ့ အခွင့်အလမ်းများလည်း ရှိနေသည်။ ဘယ်လောက်ပဲ အန္တရာယ်များပါစေ သူဝင်ရောက်လေ့လာရမည်။

သူ့စိတ်ဝိညာဉ်စွမ်းအင်များ ဆက်ထွက်ပေါ်လာခဲ့ပြီး ထိုကျောက်တုံးကို လွှမ်းခြုံလိုက်သည်။ အခုတော့ တံခါးကို တွေ့ပြီမလို့ နောက်တစ်ဆင့် သူလုပ်ရမှာက တံခါးဖွင့်နိုင်မည့်နည်းလမ်းကို အဖြေရှာရန်သာ ဖြစ်သည်။ ထိုအချိန်တွင် သူ့ကိုဒီနေရာဆီ လမ်းညွှန်ခေါ်ဆောင်လာတဲ့ မြေပုံသည် လေထဲသို့ ဖြည်းညင်းစွာ လွင့်မြောသွားလိုက်သည်။ ထိုမြေပုံကပဲ သက်ရှိအရာတစ်ခုခု ဖြစ်သွားသယောင် ရှိနေသည်။

"ဆင်ခြင်တုံတရားသည် အဖြစ်ပျက်၊ဖြစ်စဥ်များရဲ့ ရှေ့တွင် ရပ်တည်သည်။ တရားမျှတမှုသည် လုပ်ရပ်တိုင်းတွင် တည်ရှိသည်။ ကြင်နာမှုသည် နှလုံးသားထဲတွင် ကိန်းဝပ်သည်။ ရည်ညွှန်းလိုသည့်အရာ ကွဲပြားသောကြောင့် သူတို့၏အမည်နာမများမှာ ကွဲပြားသွားကြပေမယ့် လက်တွေ့မှာ သူတို့အားလုံးက သင့်နှလုံးသားထဲတွင် ပုန်းအောင်းနေကြသည်။ ဒြပ်မဲ့လို့ ထင်ရသော်လည်း အမှန်တကယ် တည်ရှိကြသည်။ ဆင်ခြင်တုံတရားတည်ရှိလျှင် အရာအားလုံးလည်းတည်ရှိသည်။ နှလုံးသားကိုကျော်လွန်၍ ဆင်ခြင်တုံတရားဆိုသာ မရှိနိုင်။ နှလုံးသားကိုကျော်လွန်၍ ဖြစ်စဥ်တွေဆိုသာ မရပ်တည်နိုင်"

(ကဗျာလိုလို ဘာလိုလိုမလို့ အတတ်နိုင်ဆုံးတော့ တအားကြီး အဓိပ္ပါယ်မကွဲလွဲအောင် ရေးလိုက်ပါတယ်)

မြေပုံကလေထဲတွင် ပျောက်ကွယ်သွားပြီး ထိုစကားလုံးများသာ ကျန်းယီမင်ရဲ့စိတ်ထဲတွင် ပဲ့တင်ထပ်သွားခဲ့သည်။

"နှလုံးသားကိုကျော်လွန်၍ မည်သည့်အရာမှ မတည်ရှိနိုင်။ ဖြစ်စဥ်၊ ကိစ္စရပ်၊ ဆင်ခြင်တုံတရား၊ တရားမျှတမှုနှင့် ကြင်နာမှုအားလုံးက အတွင်းထဲ၌သာ တည်ရှိသည်"ဟု ကျန်းယီမင်က ခပ်တိုးတိုးလေး ရေရွတ်လိုက်သည်။

ထိုကမ္ဘာငယ်ထဲသို့ ဝင်ရောက်နိုင်မည့် အဓိကသော့ချက်မှာ သူ့စိတ်နှလုံးသားပင်ဖြစ်ကြောင်း အခုအချိန်တွင် သူနားလည်သွားခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်တစ်ခုတည်းကိုသာ အသုံးပြုနေရင် အဖြေကို ဘယ်တော့မှ ရှာတွေ့နိုင်မည် မဟုတ်ပေ။ သူ့ဘေးပတ်လည်တွင် လည်ပတ်နေတဲ့ စိတ်ဝိညာဉ်စွမ်းအင်များကို ပြန်သိမ်းလိုက်သည်။ ထိုအစား ကောင်းကင်နဲ့ မြေကြီးကြားတွင် အသက်ရှူသွင်းရှုထုတ်ခြင်း အပေါ်မှာသာ သူအာရုံစိုက်လိုက်သည်။

ထိုသို့ ပြုလုပ်လိုက်သည်နှင့် တစ်ပြိုင်နက် သူ့ခန္ဓာကိုယ်က ရုတ်တရက် ကောင်းကင်ယံကိုပါ ဖြတ်သန်းသွားလာနိုင်သလို ပေါ့ပါးလာတာကို သူခံစားလိုက်ရသည်။ ဆက်ပြီးတစ်ချိန်တည်းမှာပဲ ကောင်းကင်ကြီးကို ပင့်တင်ထားရသလို၊ မြေကြီးကိုလည်း ထောက်ကန်ထားရသလို သူ့ခန္ဓာကိုယ်ကြီးက တဖြေးဖြေး လေးလံလာတာကို ရုတ်တရက် ခံစားလိုက်ရသည်။

အသက်အနည်းငယ် ရှူသွင်းရှူထုတ်လုပ်ပြီးနောက် ကျန်းယီမင်က သူ့ခြေထောက်အောက်က မြေကြီးထုက ပျောက်ကွယ်သွားသလို ခံစားလိုက်ရပြီး အောက်ခြေမရှိတဲ့ ချောက်နက်ကြီးထဲသို့ ပြုတ်ကျသွားသလို ထပ်ခံစားလိုက်ရသည်။ ကျန်းယီမင်က သူ့ခန္ဓာကိုယ်ကို တည်ငြိမ်သွားအောင် စိတ်ဝိညာဉ်စွမ်းအင်ကို အသုံးပြုချင်ပေမယ့် သူ့ခန္ဓာကိုယ်တွင်းက စိတ်ဝိညာဉ်စွမ်းအင်များ ချိတ်ပိတ်ခံထားရသလို ဖြစ်နေသည်။

သတိတစ်ချက် လွတ်သွားသလို ဖြစ်ပြီးတဲ့နောက် သူ့ခြေထောက်များက မြေပြင်ပေါ်ကို ပြန်ရပ်နိုင်သွားလိုက်သည်။ ကျန်းယီမင်က သူ့မျက်လုံးများကို ဖြည်းဖြည်းချင်းချင်း ဖွင့်လိုက်သည်။ သူ့ရှေ့က မြင်ကွင်းသည် သူစိတ်ကူးယဉ်ခဲ့သလို ငရဲခန်းကြီး မဟုတ်ပေ။

ထိုအစား သူကသစ်တောအုပ်တစ်ခုထဲကို ရောက်နေသည်။ ငှက်ကလေးများ တေးဆိုနေကြပြီး ပန်းရနံ့များကလည်း သင်းပျံ့နေသည်။ အရာအားလုံးက အေးချမ်းနေသည်။ သို့သော် ထိုအေးချမ်းမှုအတွင်းထဲမှာ ဒီကမ္ဘာငယ်ထဲ ဖုံးကွယ်ထားတဲ့ သတ်ဖြတ်လိုသည့် အငွေ့အသက်များကို ကျန်းယီမင် အာရုံခံမိလိုက်သည်။

ရုတ်တရက် ဧရာမစပါးကြီးမြွေတစ်ကောင်က တောအုပ်ထဲကနေ သူ့ကိုတိုက်ခိုက်ရန် ထွက်လာခဲ့သည်။ ကျန်းယီမင်ရဲ့ မျက်လုံးများ ကျဉ်းမြောင်းသွားလိုက်သည်။ သူကစိတ်ဝိညာဉ်စွမ်းအင်ကို အလျင်အမြန် စုစည်းလိုက်ပြီး ထိုမြွေကြီးကို သတ်ဖြတ်ရန် ပြင်ဆင်လိုက်သည်။ သို့သော် သူဘယ်လောက်ပင် ကြိုးစားပါစေ၊ သူ့ခန္ဓာကိုယ်ထဲက စိတ်ဝိညာဉ်စွမ်းအင်များကို လုံးဝအသုံးမပြုနိုင်ဖြစ်နေသည်။

ဒီကမ္ဘာငယ်ထဲသို့ ဝင်ရောက်လာတဲ့ ကျင့်ကြံသူတိုင်းက စိတ်ဝိညာဉ်စွမ်းအင် ချိတ်ပိတ်ခံထားရတာ ဖြစ်နိုင်တယ်လို့ သူခန့်မှန်းလိုက်သည်။ ထို့ကြောင့် ဒီကမ္ဘာငယ်ထဲမှာ သူကသာမန်လူတစ်ယောက်နဲ့ ဘာမှမကွာခြားတော့ပေ။ တစ်နည်းအားဖြင့်ပြောရရင် သူ့ကျင့်ကြံမှုအဆင့်သည် ဒီကမ္ဘာငယ်ကို ဖန်တီးခဲ့တဲ့သူနဲ့ အများကြီးကွာခြားနေသည်။ ဒီကမ္ဘာငယ်ထဲမှာ စိတ်ဝိညာဉ်စွမ်းအင်များကို သူလုံးဝအသုံးပြုလို့ မရနိုင်ပေ။

သို့သော် သူ့မှာစိတ်ဝိညာဉ်စွမ်းအင်အပြင် တခြားအရာများလည်း ရှိနေသေးသည်။ သူ့ရဲ့မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာကိုယ်ကို သူ့စိတ်ဝိညာဥ်စွမ်းအင် ကျင့်ကြံမှုအသုံးပြုပြီး အမြဲအားဖြည့်ပေးခဲ့သဖြင့် သူ့ရုပ်ခန္ဓာရဲ့ခွန်အားကို လုံးဝလျှော့တွက်လို့ မရနိုင်ပေ။

သို့သော် မြွေကြီးက ကျန်းယီမင်နှင့် တဖြေးဖြေး နီးကပ်လာလေလေ၊ သူ့ကိုယ်ထည်ကြီးက ပိုကြီးမားလာလေလေ ဖြစ်နေသည်။ ကျန်းယီမင်ရဲ့ ရှေ့တည့်တည့်ကို မြွေကြီးရောက်လာချိန်မှာ ထိုမြွေသည် ပေတစ်ရာခန့်အထိ ကြီးမားနေပြီး နတ်ဘုရားတစ်ပါးက သူ့ရှေ့မှာ လာပိတ်ဆို့ထားသလို ဖြစ်နေသည်။ ဒီလောက် အရွယ်အစားကြီးမားတဲ့ သားရဲတစ်ကောင်ကို ရင်ဆိုင်ရာမှာ စိတ်ဝိညာဉ်စွမ်းအင်အကာအကွယ်သာမရှိဘူးဆိုရင် သူ့ရုပ်ခန္ဓာကိုယ်က ဘယ်လောက်ပဲ သန်မာပါစေ၊ သားကောင်အဖြစ်သာ အဆုံးသတ်သွားရပေလိမ့်မည်။

ကျန်းယီမင်က ပေါ့ပေါ့ဆဆ မနေရဲတော့ဘဲ သူ့ဓားကို ဆွဲထုတ်လိုက်သည်။ မြွေကြီးရဲ့ခေါင်းက သူ့ဆီသို့ စတင်တိုးဝင် တိုက်ခိုက်လာတာနှင့် တစ်ပြိုင်နက် ကျန်းယီမင်လည်း သူ့ခြေထောက်နဲ့မြေပြင်ကို စုံကန်လိုက်ပြီး မြွေကြီးရဲ့ ခေါင်းပေါ်သို့ ခုန်တက်လိုက်သည်။ လက်ထဲက ထက်ရှနေတဲ့ဓားသည် သူ့ကိုသတ်ဖြတ်လိုစိတ်များနဲ့ ပြည့်နှက်နေတဲ့ စပါးကြီးမြွေရဲ့ မျက်လုံးများဆီကို ဦးတည်သွားလိုက်သည်။

ချလွမ်....!

ရိုက်ခတ်မြည်သံတစ်သံနဲ့အတူတူ သူ့လက်ထဲကဓားသည် တစ်စစီကြေမွသွားခဲ့သည်။ သူ့ဓားက မြွေမျက်လုံးထဲကို တည့်တည့်စိုက်ဝင်သွားသော်လည်း ထိုမြွေကြီးကို နည်းနည်းလေးတောင် ဒဏ်ရာမရစေခဲ့ပေ။ ကျန်းယီမင်ရဲ့ မျက်လုံးများတွင် အံ့သြမှုများ ပြည့်နှက်သွားလိုက်သည်။

"ဒါကြီးက ဘာကောင်ကြီးလဲဟ...."

All Chapters