← Chapters

ဟမ်... ဘယ်လိုဖြစ်သွားတာလဲ

Vol. 10 Ch. 124

ဟမ်... ဘယ်လိုဖြစ်သွားတာလဲ

Vol. 10 Ch. 124

ဓားသမားရဲ့လှုပ်ရှားမှုများမှာ ထူးကဲလွန်းလှသော်လည်း ယဲ့ယွမ်ဖန်လည်း လွယ်ကူတဲ့ပြိုင်ဘက်တစ်ဦးတော့ မဟုတ်ပေ။ သူ့ရှေ့တွင် သူ့ဓားကယှက်နွယ်နေပြီး သူ့စိတ်ဝိညာဉ်စွမ်းအားများသည်လည်း သွက်လက်တဲ့ငါးတစ်ကောင်ကဲ့သို့ ကူးခတ်နေကာ သူ့အရှိန်အဟုန်သည် ကြောက်မက်ဖွယ်ကောင်းတဲ့နဂါးတစ်ကောင်နှင့် ဆင်တူသည်။ တိုက်ကွက်လှုပ်ရှားမှုနှင့် ဆုတ်ခွာမှု၊ တိုက်ခိုက်မှုနှင့် ကာကွယ်မှုတိုင်းသည် အံ့ဩဖွယ်ရာကောင်းလှသည်။

ဂူလင်းဖေးသည်လည်း ထုံစံအတိုင်း အရှုံးပေးလိုစိတ်မရှိပေ။ သူသည် ပြိုင်ဘက်ရဲ့လုံခြုံစိတ်ချရတဲ့ ကာကွယ်ရေးတွင် အားနည်းချက်တစ်ခုရှာတွေ့ရန် ကြိုးစားရင်း သူ့လက်သီးများဖြင့် အဆက်မပြတ်ထိုးနှက်နေသည်။ တချိန်တည်းမှာပင် ဓားသမားသည် လက်တစ်ဖက်စီတွင် ဓားတစ်ချောင်းစီကိုင်ပြီး သူတို့နှစ်ယောက်စလုံးကို ကိုင်တွယ်ဖြေရှင်းနေသည်။ သူသည်တည်ငြိမ်နေပြီး အလျင်စလိုမဖြစ်နေပေ။ သူတို့သုံးဦးကြားက တိုက်ပွဲဖြစ်ပွားရာနေရာသည် အဆက်မပြတ်ပြောင်းလဲနေသည်။

ဓားသမားသည် တိုက်ပွဲဖြစ်ပွားနေစဉ် နောက်ဆုတ်နေပုံရသော်လည်း သေချာလေ့လာကြည့်လျှင် သူသည် ကျန်းယီမင်ရဲ့ တပည့်နှစ်ယောက်ခြေလှမ်းများကို အမှန်တကယ်ချုပ်ကိုင်ထားကြောင်း တွေ့ရနိုင်သည်။ ရုတ်တရက်ဓားသမားသည် မျှော်လင့်မထားတဲ့လှုပ်ရှားမှုတစ်ခုကို လုပ်လိုက်သည်။ သူသည် ဂူလင်းဖေးလက်သီးများကို ကာကွယ်ရန် အလျင်စလိုမလုပ်ဘဲ ဂူလင်းဖေးရဲ့ကြီးမားတဲ့ခန္ဓာကိုယ်အနီးသို့ တိုက်ရိုက်ပြေးကပ်သွားပြီး ပေါ့ပါးစွာ လှည့်ပတ်လိုက်ရုံသာလုပ်လိုက်သည်။

ဂူလင်းဖေးလက်သီးထိုးချက်များသည် ကြမ်းတမ်းတဲ့ တိုက်ပွဲအလယ်တွင်ရှိနေသဖြင့် လျင်မြန်ပြီး ပြင်းထန်သည်။ သူပြန်မလှည့်နိုင်ခင််ပဲ ရန်သူ့ဓားသည် သူ့လည်ပင်းကို ထိုးဖောက်သွားသည်။ နာကျင်မှုကြီးသည် သူ့လည်ပင်းမှဦးခေါင်းထိပ်အထိ ပြေးတက်သွားပြီး နွေးထွေးတဲ့ သွေးစီးကြောင်းတစ်ခုက သူ့အဝတ်အစားများပေါ်သို့ စီးကျလာခဲ့သည်။

"စီနီယာအစ်ကိုကြီး..."

လူအုပ်ကြီးသည် ဓားသမားရဲ့ဓားထိပ်ဖျား ဂူလင်းဖေးလည်ပင်းပေါ် ရောက်နေတာကို မြင်လိုက်ရသောအခါ စမ်းသပ်ပွဲပြီးဆုံးသွားပြီလို့ ထင်မှတ်ခဲ့ကြသည်။ ဆန့်ကျင်ဘက်အနေဖြင့် ဓားသမားသည် ဂူလင်းဖေးအပေါ် သနားကြင်နာမှုမရှိဘဲ ဓားရှည်ကို သူ့လည်ပင်းထဲသို့ ထိုးစိုက်လိုက်သည်။ ဂူလင်းဖေး မြေပြင်ပေါ် လဲကျနေတာကို မြင်ရသောအခါ ယဲ့ယွမ်ဖန်က အံ့အားသင့်သွားသည်။

'ဒါ... ဒါက စမ်းသပ်ပွဲတစ်ခုပဲ မဟုတ်ဘူးလား... ဒါပေမဲ့ အခုသူ့စီနီယာအစ်ကိုကြီးက သူ့မျက်စိရှေ့မှာတင် အသက်မဲ့နေတဲ့အလောင်းအဖြစ် ပြောင်းလဲသွားပြီလေ...'

သူ ကြောင်အမ်းအမ်းဖြစ်နေစဉ်မှာပင် ဓားသမားသည် နောက်တစ်ကြိမ်ထပ်လှုပ်ရှားလိုက်ပြန်သည်။

"ဆရာ... ဆရာ... ဒါ... စီနီယာအစ်ကိုကြီး... သူ... စီနီယာအစ်ကိုကြီး... မဖြစ်နိုင်တာ..." ဟွမ်းချောင်ယု ကြောက်လွန်းလို့ မျက်နှာဖြူဖပ်ဖြူရော်ဖြစ်သွားသည်။

သူမစီနီယာအစ်ကိုကြီးသည် သူမဆရာဖန်တီးထားတဲ့ လျှို့ဝှက်နယ်မြေထဲတွင် သေဆုံးသွားလိမ့်မယ်လို့ သူမလုံးဝထင်မထားခဲ့ပေ။ ယဲ့ယွမ်ဖန်က ထိတ်လန့်နေရာကနေ သတိပြန်ဝင်လာသည်။ ဒီရန်သူက သူတို့နှစ်ယောက်စလုံးကို တပြိုင်နက်တည်း ရင်ဆိုင်ခဲ့စဉ်ကတည်းက သူတို့အတွက် ရင်ဆိုင်ရခက်ခဲတဲ့ ပြိုင်ဘက်ဖြစ်နေသည်။ အခု သူတစ်ယောက်တည်း ပြိုင်ဘက်ကို ရင်ဆိုင်ရမည်ဆိုလျှင် ဘယ်လိုမှ သူအသာစီးမရနိုင်ပေ။ သူ့စီနီယာအစ်ကိုကြီးရဲ့ အလောင်းကို ကြည့်ရင်း ယဲ့ယွမ်ဖန်ရဲ့ လှုပ်ရှားတဲ့နှုန်းသည် ပိုနှေးကွေးလာသည်။ နောက်ဆုံးတွင် သူသည်လည်း သူ့စီနီယာအစ်ကိုကြီးကဲ့သို့ ကံကြမ္မာဆိုးကိုမရှောင်လွှဲနိုင်ဘဲ သွေးအိုင်ထဲကို တည့်တည့်လဲကျသွားသည်။

သူတို့နှစ်ယောက်စလုံး ရှုံးနိမ့်သွားတာကို မြင်လိုက်ရသောအခါ ကောက်ရိုးမိုးကာအင်္ကျီဝတ်ဓားသမားက ရပ်တန့်လိုက်သည်။ သူ့ဓားနှစ်လက်ရဲ့ ဓားသွားများသည် တပြိုင်နက်တည်းတုန်ခါလာပြီး ဓားပေါ်ရှိ သွေးစက်များကို ခါချလိုက်သည်။ ထို့နောက် ဓားနှစ်လက်သည် အခုမှသွန်းလုပ်ပြီးခါစကဲ့သို့ အေးစက်ပြီး ခြိမ်ခြောက်မှုအပြည့်နဲ့ ပြန်သန့်စင်သွားသည်။ လူတိုင်းက ကြောက်ရွံ့မှုကြောင့် တုန်လှုပ်နေကြသည်။

ကျန်းယီမင် ပြုံးလိုက်ရုံသာပြုံးလိုက်ပြီး "ရုပ်သိမ်းလိုက်တော့..." ဟု ပြောလိုက်သည်။

ထို့နောက် ကြောက်မက်ဖွယ်ကောင်းတဲ့ လျှို့ဝှက်နယ်မြေကို သူပိတ်လိုက်ရာ ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်သာ လေ့ကျင့်ရေးကွင်းပြင်တွင် ကျန်ရစ်ခဲ့သည်။

"မင်းတို့ရဲ့ စီနီယာအစ်ကိုကြီးတွေကို ကုသရေးရေကန်ဆီ ခေါ်သွားလိုက်..."

သူတို့နှစ်ယောက်စလုံးက သွေးများဖြင့်ဖုံးလွှမ်းနေပြီး အဝတ်အစားများက သွေးနဲ့စိုရွှဲနေသော်လည်း သူတို့လည်ပင်းများတွင် ဒဏ်ရာဒဏ်ချက်များ မရှိနေပေ။ သူတို့ကို ကုသရေးရေကန်ထဲသို့ ထည့်လိုက်ပြီး သိပ်မကြာမီမှာပင် သူတို့နှစ်ယောက်က ဇဝေဇဝါဖြင့် နိုးထလာကြသည်။ ထိုအခါမှသာ လူတိုင်း သဘောပေါက်သွားကြသည်။ ကျန်းယီမင်သည် လက်နှစ်ဖက်ကို နောက်ပစ်လျက် ရေကန်ထဲတွင် အနည်းငယ်အံ့အားသင့်နေတဲ့ သူ့တပည့်နှစ်ဦးကို ကြည့်ပြီး မေးလိုက်သည်။

"ဘယ်လိုလဲကွ... လွယ်တယ်လို့ထင်နေတုန်းပဲလား..."

"ဆရာ... ကျွန်တော်တို့အသက်ရှင်နေသေးတယ်..."

"ဒါပေါ့၊ ငါက မင်းတို့ကို တကယ် သေလမ်းပို့မယ်လို့ ထင်နေတာလား..." ကျန်းယီမင် ခေါင်းခါလိုက်သည်။

စနစ်က အဆင့်မြှင့်တင်ပေးလိုက်တဲ့ လျှို့ဝှက်နယ်မြေက သိပ်ရက်စက်ပြီး ကြောက်စရာကောင်းလှသည်။

"ငါအရင်က ပြောပြီးပြီမဟုတ်လား... မင်းတို့ စမ်းသပ်ပွဲကို လက်ခံဖို့ရွေးချယ်ပြီးပြီရင် အမြင့်ဆုံးအဆင့်အထိ တိုက်ခိုက်ပြီးမတက်လှမ်းနိုင်ဘူးဆိုရင် တိုက်ပွဲမှာ သေဖို့ပဲရှိမယ်လို့..."

ဂူလင်းဖေးနှင့် ယဲ့ယွမ်ဖန်တို့သည် ကြောက်ရွံ့မှုတချို့ ကျန်နေသေးသဖြင့် သူတို့လည်ပင်းများကို ထိကြည့်လိုက်ကြသည်။ ခုနက သေခြင်းတရားကို ခံစားလိုက်ရတာက သိပ်အစစ်အမှန်ဆန်လွန်းနေသည်။ အေးစက်တဲ့ဓားသွားက သူတို့လည်ပင်းကို ထိုးဖောက်သွားခဲ့သည်။ နာကျင်မှုနဲ့ မသေခင် အကူအညီမဲ့နေတဲ့ခံစားချက်၊ အရာအားလုံးက သိပ်အစစ်အမှန်ဆန်လွန်းသည်။

"ဒီလျှို့ဝှက်နယ်မြေက ငါတစ်ယောက်တည်း ဝင်ခွင့်ဖွင့်လို့ရတဲ့အရာ မဟုတ်ဘူး။ မင်းတို့ ကိုယ့်ဘာသာကိုယ် စမ်းသပ်ပွဲထဲဝင်ချင်ရင် လေ့ကျင့်ရေးကွင်းပြင်မှာ ကိုယ့်ဘာသာကိုယ် အသက်သွင်းပြီးဝင်လို့ရတယ်..."

သူတို့စီနီယာအစ်ကိုကြီးနှစ်ယောက် အမှန်တကယ် မသေသွားကြောင်းကို မြင်လိုက်ရသောအခါ လင်းယွင်ဂိုဏ်းမှ တခြားတပည့်များသည် စမ်းသပ်ကြည့်ချင်စိတ် ပြင်းပြလာကြသည်။

"မင်းတို့ရဲ့ အကြီးဆုံးစီနီယာအစ်ကိုကြီးက မင်းတို့အားလုံးထဲမှာ ကျင့်ကြံခြင်းအဆင့်အမြင့်ဆုံးပဲ... ဒါကြောင့်ကျန်တဲ့လူတွေ လောလောဆယ်ကျင့်ကြံခြင်းကိုပဲ အာရုံစိုက်ထားကြဦး..." ကျန်းယီမင်က ပြုံးလိုက်သည်။

"ဆရာ... လျှို့ဝှက်နယ်မြေထဲက တိုက်ပွဲတွေအပြီးမှာ ကျွန်တော်နဲ့ ဂျူနီယာညီလေးရဲ့ကျင့်ကြံခြင်းအဆင့်က တိုးတက်လာတယ်လို့ ဘာလို့ခံစားနေရတာလဲ..."

ဂူလင်းဖေးသည် စိမ်းမြကြာပန်းဖန်ဆင်းခြင်းကျင့်စဉ်ကို တစ်ကြိမ်လည်ပတ်ပြီးနောက် ဒီတစ်ခေါက် လျှို့ဝှက်နယ်မြေစမ်းသပ်ပွဲက သူ့ခွန်အားကို အမှန်တကယ်တိုးတက်စေခဲ့ကြောင်း ရုတ်တရက် သဘောပေါက်သွားသည်။

"ဒါကအစကတည်းက ကျင့်ကြံခြင်းကိုတိုးတက်အောင် ကူညီပေးနိုင်တဲ့ ထိရောက်တဲ့ရတနာတစ်ခုပဲလေ... ဒါကြောင့် ချစ်တပည့်တို့...၊ ရတနာတွေကို မဆင်မခြင် အလဟဿမဖြစ်စေနဲ့နော်... ကဲ... ငါ လျှို့ဝှက်နယ်မြေအကြောင်း မင်းတို့အားလုံးကို အသိပေးပြီးပြီ... မင်းတို့ ကျင့်ကြံဖို့ကို ဆက်လုပ်ကြတော့။ လင်းဖေး၊ တုန်းမီ၊ ရှန့်ကွမ်း၊ ငါနဲ့ လိုက်ခဲ့..."

"ဟုတ်ကဲ့..." သူတို့ ဆရာခေါ်သံကို ကြားသောအခါ တပည့်သုံးယောက်လုံးက ပြိုင်တူဖြေလိုက်ကြသည်။ ထို့နောက် သူတို့က ကျန်းယီမင်နောက်သို့ လိုက်ကာ ဂိုဏ်းပင်မခန်းမထဲသို့ ဝင်သွားကြသည်။

"ဆရာ... တခြားဘာညွှန်ကြားစရာ ရှိပါသလဲ... တစ်ယောက်ယောက်က ကျွန်တော်တို့ကိုထပ်ပြီး ရန်စနေပြန်ပြီလား..." ဂူလင်းဖေးက အရင်ဆုံးမေးလိုက်သည်။

သူထိုစကားပြောလိုက်တဲ့အခါ ကျန်းယီမင်က ရယ်ရမလား ငိုရမလား မသိတော့ပေ။

"ငါတို့အားလုံးက ကျင့်ကြံသူတွေလေ... ဘာလို့ မင်းစိတ်ထဲမှာ တိုက်ခိုက်ဖို့နဲ့ သတ်ဖြတ်ဖို့ပဲ ရှိနေရတာလဲ..."

"ဒါဆို ဆရာဘာညွှန်ကြားစရာ ရှိပါသလဲ... ကျေးဇူးပြုပြီးပြောပါ...." ဂူလင်းဖေးက ရှက်ရွံ့စွာ ခေါင်းကုတ်လိုက်သည်။

"အခု ငါတို့ဂိုဏ်းအတွက် လိုအပ်တဲ့အဆောက်အအုံတွေ အားလုံးပြင်ဆင်ပြီးသွားပြီ" ကျန်းယီမင် လေးနက်တဲ့မျက်နှာထားဖြင့် ပြောလိုက်သည်။

"ဒါပေမဲ့..."

"ဒါပေမဲ့ ဘာဖြစ်လို့လဲ... ဆရာ၊ လွတ်လွတ်လပ်လပ် ပြောပါ...."

"ငါတို့တပည့်တွေ ပိုလက်ခံထားပေမယ့် ဆေးဖော်စပ်သူတွေ၊ အဆောင်လက်ဖွဲ့ဖန်တီးသူတွေနဲ့ တခြားလိုအပ်တဲ့နေရာတွေမှာ လစ်လပ်မှုတွေ အများကြီးရှိနေတုန်းပဲ..." ကျန်းယီမင် ခေါင်းခါလိုက်သည်။

ဂိုဏ်းတွင်းရှိ အဆောက်အအုံအမျိုးမျိုးက အဆင်သင့်ဖြစ်နေပြီဖြစ်သော်လည်း အားလုံး တည်ဆောက်ပြီးစီးသွားသည့်အခါ စနစ်ကသူ့ကို ဝန်ထမ်းများပေးအပ်မည် မဟုတ်ပေ။ထို့ကြောင့် သူ့တွင် ခမ်းနားထည်ဝါတဲ့အဆောက်အအုံများသာ ရှိပြီး ထိုအဆောက်အဦးတို့ကို တန်ဖိုးရှိအောင် လုံးဝ အသုံးမပြုနိုင်ပေ။

"သဘောပေါက်ပြီ... ဆရာက ကျွန်တော့်ကို လူသစ်စုဆောင်းစေချင်တာလား..." ဂူလင်းဖေးက ခေါင်းညိတ်လိုက်သည်။

တပည့်များကို စုဆောင်းရတာ လွယ်ကူသည်။ ဘာပဲဖြစ်ဖြစ် လင်းယွင်ဂိုဏ်းဂုဏ်သတင်းသည် ကျော်ကြားပြီး တပည့်ပေါင်းမရေမတွက်နိုင်က လေးစားအားကျစွာနဲ့ ရောက်လာကြလိမ့်မည်။ သူတို့ ဂိုဏ်းဝင်ခွင့်စံနှုန်းကို မြှင့်တင်ထားသော်လည်း လက်ရှိတွင် တပည့် ၃၀ ကျော် ရှိနေသေးသည်။ တခြားတစ်ဖက်တွင် ဆေးဖော်စပ်ခြင်း သို့မဟုတ် အဆောင်လက်ဖွဲ့ဖန်တီးခြင်းနည်းစနစ်များအတွက်တော့ ကျွမ်းကျင်တဲ့ကျင့်ကြံသူများကို ရှာဖွေရန် မလွယ်ကူပေ။ ထိုသို့သောလူများကို စုဆောင်းရန် ကမ်းလှမ်းလာမည့် အင်အားစုပေါင်းမရေမတွက်နိုင်အောင် ရှိနေလိမ့်မည်။

ထို့အပြင် ထိုအရာများကို အထွတ်အထိပ်ထိ ကျွမ်းကျင်ပိုင်နိုင်သူများသည် သဘာဝကျစွာပင် ကောင်းမွန်တဲ့ကျင့်ကြံခြင်းအဆင့် ရှိကြလိမ့်မည်။ လက်ရှိတွင် ကျန်းယီမင်သည် ဆေးဖော်စပ်နည်းကိုသာ တတ်မြောက်ထားပြီး ထိုကဲ့သို့သောတပည့်များကို အမြောက်အမြားပြုစုပျိုးထောင်ပေးရန် လူမလုံပေ။

"ဆရာ၊ ကျွန်တော်တို့ တခြားနေရာတွေသွားပြီး လူသစ်ရှာဖွေသင့်တယ်လို့ ပြောတာလားဗျ...."

"ဘာပဲဖြစ်ဖြစ် အခုဂိုဏ်းထဲမှာ တခြားကျင့်စဥ်ပညာရပ်တွေကို ကျွမ်းကျင်တဲ့ကျင့်ကြံသူအမျိုးမျိုး လိုအပ်နေတာတော့ အမှန်ပဲ..." ကျန်းယီမင်က ခေါင်းကုတ်လိုက်သည်။

"လင်းဖေး၊ မင်းက ငါတို့ဂိုဏ်းရဲ့အကြီးဆုံးတပည့်ပဲ၊ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာနယ်မြေရဲ့ အခြေအနေကိုလည်း အတော်လေးသိတယ်။ ရှန့်ကွမ်း၊ မင်းက ကန်းလန်နယ်မြေက လာတာ။ တုန်းမီ၊ မင်းက ပြင်ပနယ်မြေက လာတာတင်မကဘူး၊ မင်းနောက်ကွယ်မှာ လျှို့ဝှက်ဆန်းကြယ်တဲ့မိသားစုလည်း ရှိသေးတယ်..."

All Chapters