← Chapters

မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာ၊ စိမ်းမြကြာပန်းဖန်တီးခြင်းကျမ်း

Vol. 1 Ch. 3

မြင့်မြတ်ကောင်းကင်နတ်ဆိုးခန္ဓာ၊ စိမ်းမြကြာပန်းဖန်တီးခြင်းကျမ်း

Vol. 1 Ch. 3

စနစ်ရဲ့ အေးစက်နေသော အသံသည် ရုတ်တရက် သူ့ခေါင်းထဲတွင် ထွက်ပေါ်လာသည်။

[ဒင်း - တာဝန် စတင်ခဲ့သည်]

[အမျိုးအစား: အဓိကတာဝန်]

[တာဝန်အမည်: အာရုံဦးသူရိန်ထွက်ပေါ်ခြင်း]

[တာဝန်လိုအပ်ချက်များ: သင့်ဂိုဏ်းသည် လက်ရှိပျက်စီးနေပါသည်။ ကျေးဇူးပြု၍ သင့်ကျင့်ကြံရေးအဆင့်ကို အမြူတေဖွဲ့စည်းခြင်းအဆင့်သို့ မြှင့်တင်ပါ၊ ဂိုဏ်းကို ပြန်လည်ထူထောင်ပါ။ (လက်ရှိအခြေအနေ ၀/၂)]

[တာဝန် ဆုလာဘ်: ယင်ယန်ကျမ်း]

ရုတ်တရက် ထွက်ပေါ်လာသော စနစ်တာဝန်ကို မြင်ရသည့်အခါ ကျန်းယီမင်သည် အတိတ်ကို လွမ်းဆွတ်စွာ သက်ပြင်းချလိုက်မိသည်။ ဒီမျက်နှာပြင်ကို သူအရမ်းရင်းနှီးနေတယ်! အရင်က သူကစားခဲ့သော ဂိမ်းထဲက သူမြင်ခဲ့ရသည့် အရာနှင့် အတိအကျတူညီနေသည်။ အဓိကတာဝန်များကို ပြီးမြောက်အောင်လုပ်ရမည်။ လက်ရှိတာဝန်ကို ပြီးမြောက်မှသာ နောက်ထပ် အဓိကတာဝန်ကို စတင်နိုင်ပေမည်။

"ငါ့ကျင့်ကြံအဆင့်ကို မြှင့်တင်ပြီး ဂိုဏ်းကို ပြန်လည်ထူထောင်ရမှာလား။ ဒီတာဝန်က အရေးကြီး တာဝန်လို့ သတ်မှတ်နိုင်တယ်" ဟု ကျန်းယီနင်က သူ့မျက်လုံးတွင် စိတ်လှုပ်ရှားမှု အပြည့်နဲ့ ကိုယ့်ဟာကိုယ် ရေရွတ်လိုက်သည်။

ဤတာဝန်သည် အဓိကတာဝန်ဖြစ်သောကြောင့်၊ တာဝန်ပြီးဖို့ သူသည် အကောင်းဆုံးကြိုးစားရမည်။ အဲ့တာမှ ဒီတာဝန်ကိုပြီးမှသာ စနစ်က နောက်ထပ် အဓိကတာဝန်ကို ပြန်လုပ်ခိုင်းမည်ဖြစ်သည်။ ကျန်းယီနင်သည် တစ်ကိုယ်လုူး နာကျင်နေတာကို သည်းခံပြီး ခြေချင်းချိတ်၍ ထိုင်လိုက်သည်။

"ငါ့ကျင့်ကြံရေးကို အရင်မြှင့်တင်သင့်တယ်။ အခု ကနဦးအုတ်မြစ်တည်ထောင်ခြင်းအဆင့်က မလုံလောက်သေးဘူး။ အရင်ဆုံး ဒိမသန်မာနေတဲ့ ခန္ဓာကိုယ်ကို ပြန်ကောင်းအောင် လုပ်ရဦးမယ်" ဟု ကျန်းယီနင်က သူ့သိုလှောင်အိတ်ထဲရှိ ဆုတွေကို ရှာကြည့်နေရင်း ပြောလိုက်သည်။ ခနနေတော့ သူ့မျက်လုံးများသည် ရုတ်တရက် တောက်ပလာခဲ့သည်။

"ဟွေထျန်းဆေး"

ယီနင်က သူ့လက်လေးအသာလုပ်လိုက်ယုံဖြင့် သူ့လက်ပေါ်တွင် အစိမ်းရောင်သမ်းနေသော ဆေးလုံးတစ်လုံးပေါ်လာသည်။ ထိုဆေးလုံးနှင့်ပတ်သက်သော အချက်အလက်များစွာသည် သူ့ဦးနှောက်ထဲ ဝင်ရောက်လာသည်။

ဟွေထျန်းဆေး၊ အဆင့် ၇ ဆေးလုံးတစ်လုံး

၎င်းကို ရှင်းယွဲ့ဆေးပင်၊ ချီရှောင်နို့ရည်၊ ပိုင်ဇီဆေးပင်နှင့် တခြားရတနာဆေးပင်တို့နဲ့ ဖော်စပ်ထားပြီး၊ ရောဂါဘယအမျိုးအမျိုးကို ကုသပေးနိုင်ပြီး သေသူတောင် ပြန်ရှင်အောင် လုပ်ပေးနိုင်အောင် အစွမ်းထက်လှသည်။ ဟွေထျန်းဆေးကို သာမန်ဒီတိုင်းသုံးရင်တောင် အသက်ရှုသံတစ်ချက်စာသာ အသက်ကျန်ရှိသူကိုပင် သေမင်းတမန်ထံမှ ပြန်ခေါ်ယူနိုင်သည်။ ယီနင်အရင်တုန်းက၊ ဒီဆေးလုံးသည် ဂိမ်းထဲက ကျန်းယီနင်၏ အဖိုးတန်ဆုံး လျှို့ဝှက်လက်နက်တစ်ခုဖြစ်ခဲ့သည်။ ကျန်းယီနင်သည် မလိုအပ်တာတွေ တွေးမနေတော့ဘဲ၊ ဟွေထျန်းဆေးလုံးကို မျိုချလိုက်သည်။

ချက်ချင်းဆိုသလို၊ နွေးထွေးနေသော ဆေးအစွမ်းသည် ကျန်းယီနင်၏ လျှာဖျားမှ စတင်ပျံ့နှံ့သွားသည်။ ထို့နောက် အဲ့ဒီအစွမ်းသည် သူ့ခြေလက်အင်္ဂါများ၊ အရိုးများနှင့် ခန္ဓာကိုယ်တစ်ခုလုံးရှိ အချက်အချာနေရာများသို့ ပျံ့နှံ့သွားသည်။ ကျန်းယီနင်၏ ခန္ဓာကိုယ်သည် မျက်ဝါးထင်ထင် တစ်ခနအတွင်း ပြန်လည်ကောင်းမွန်လာခဲ့သည်။ ပြီးတော့ သူ့ခါးပတ်လည်ရှိ ပတ်တီးကို ဖြေချလိုက်သည်။ ထိခိုက်ရှဒဏ်ရာတစ်ခုတစ်လေမျှ ယီနင်မမြင်ရတော့ပေ။

"ခန္ဓာကိုယ် ပြန်ကောင်းသွားပြီဆိုတော့၊ စပြီး ကျင့်ကြံကြတော့ပေါ့။"

သူ့ခန္ဓာကိုယ်သည် မူလအတိုင်း ပြန်လည်ကောင်းဖြစ်သွားသည်ဟု ခံစားရသောကြောင့်၊ ကျန်းယီနင်သည် ယုံကြည်ချက်အပြည့်ဖြင့် မျက်လုံးတစ်လျှောက် စိတ်အားထက်သန်မှုများ ပြည့်နှက်နေတော့သည်။ စိတ်ကူးလိုက်ယုံဖြင့်၊ ရွှေရောင်စခရင်တစ်ခုပေါ်လာခဲ့သည်။ မျက်နှာပြင်ပေါ်တွင် "စိမ်းမြကြာပန်းဖန်တီးခြင်းကျမ်း" ဟူသော စာလုံးကြီးတစ်ခု ပေါ်နေသည်။ ကျန်းယီနင်သည် သူ့နှလုံးခုန်သံ မြန်ဆန်လာသည်ကို ခံစားနေရသည်။ ဒီကျင့်ကြံရေးကျမ်းမှာ ဂိမ်းထဲတွင် ရဖို့အခက်ဆုံး ကျမ်းဖြစ်ပြီး၊ ကျင့်ကြံရေးမှာ အစွမ်းထက်ဆုံး အထောက်အကူပြုကျမ်းလည်း ဖြစ်နေသေးသည်။

ကျန်းယီနင်သည် သူအရင်ဂိမ်းဆော့တုန်းက နောင်တတစ်ခု ရှိခဲ့သည်၊ ဒီကျမ်းကို ဘယ်တော့မှ မရရှိခဲ့ခြင်းပင်ဖြစ်သည်။ သူအခုကူးပြောင်းလာတော့ ဒီကျမ်းကို ပေးလိမ့်မည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ထိုအချိန်တွင်၊ စနစ်၏ အသံသည် သူ၏စိတ်ထဲတွင် ပေါ်လာသည်။

[စိမ်းမြကြာပန်းဖန်တီးခြင်းကျမ်းကို သင်ယူလိုပါသလား? ]

"သင်ချင်တယ်" ကျန်းယီနင်သည် ခဏလေးတောင် တွေးမနေနဲ့တော့ဘဲ ဖြေလိုက်သည်။

[အသိပေးချက်: ကစားသမားသည် စိမ်းမြကြာဖန်တီးခြင်းကျမ်းကို နားလည်သဘောပေါက်ပြီး အခြေခံအဆင့် ကျင့်ကြံရေးကို ရရှိခဲ့သည်။]

ချက်ချင်းဆိုသလို၊ အလွန်သက်တောင့်သက်သာရှိသော ပူနွေးနေသည့် စွမ်းအင်တစ်ခုသည် ကျန်းယီနင်၏ ခန္ဓာကိုယ်ထဲတွင် ပြန့်သွားခဲ့သည်။ သူ့ပင်ပန်းနွမ်းနယ်နေသော ခန္ဓာကိုယ်သည် ချက်ချင်း စိတ်ဝိညာဉ်စွမ်းအင်များ ပြည့်သွားခဲ့သည်။ ကျန်းယီနင်သည် သူ့ခန္ဓာကိုယ်က ချက်ချင်းဆိုသလို ပိုမိသန်မာလာသည်ကို ခံစားလိုက်ရသည်။ ယီနင်သည် သူလေရှူသွင်းလိုက်တိုင်း၊ ရှူထုတ်လိုက်တိုင်း အစိမ်းရောင် စိတ်ဝိညာဉ်စွမ်းအင်များ ထုတ်လွှတ်နေသည်။

ဒီရုတ်တရက် ပြောင်းလဲမှုက ကျန်းယီနင်ကို အံ့အားသင့်သွားစေခဲ့သည်။ သူသည် စိမ်းမြကြာဖန်တီးခြင်းကျမ်းရဲ့ အခြေခံအဆင့်ကို ခုမှစတင်ရောက်ရှိခဲ့ပြီး၊ ထိုအဆင့်တွင်ပင် ဒီလိုအံ့ဖွယ်အာနိသင်များ ရှိနေခဲ့သည်။ သူသည် ဒီကျမ်းရဲ့ အစောပိုင်းအောင်မြင်ခြင်းအဆင့် ဒါမှမဟုတ် ပြီးပြည့်စုံအောင်မြင်ခြင်းအဆင့်ကို ရောက်သွားပါက ဘယ်လောက်တောင် သန်မာလိုက်မလဲ။ ထိုအရာကို တွေးလိုက်မိသည်နှင့်၊ ယီနင်က ကျင့်ကြံရေးအဆင့်မြှင့်တင်ရန် သူဆုအဖြစ် ရရှိထားသော နှစ်သန်းချီ ကျင့်ကြံရေးထဲမှာ အနည်းငယ်ကို ထုတ်ယူလိုက်သည်။ မျှော်လင့်ထားသည့်အတိုင်း သူတစ်ခါက ကစားခဲ့သော ဂိမ်းထဲကကဲ့သို့ပင် စိမ်းမြကြာဖန်တီးရေးအဆင့်သည် ချက်ချင်းဆိုသလို ပြီးပြည့်ဆုံအောင်မြင်ခြင်းအဆင့်ကို တန်းရောက်ရှိသွားသည်။

ချက်ချင်းဆိုသလိုပဲ ကျန်းယီနင်သည် ရုတ်တရက်တစ်ကိုယ်လုံးပေါ့ပါးသွားပြီ သူ့ခန္ဓာကိုယ်သည် ကြာပန်းအစိမ်းရောင်ထဲ ရောက်သွားသလို ခံစားလိုက်ရသည်။ သိပ်မကြာခင်မှာဘဲ အစိမ်းရောင်ကြာပန်း

တစ်ခုလုံး ပွင့်လာပြီး သန့်ရှင်းကြည်လင်နေသော စွမ်းအင်တစ်ခုလုံး ယီနင်ရဲ့ ခန္ဓာကိုယ်ကို လွှမ်းခြုံသွားသည်။ သူ့လက်ကို သာမန်လှုပ်လိုက်ယုံဖြင့် စိမ်းပြာရောင် စိတ်ဝိညာဉ်စွမ်းအင်တစ်ခုသည် ရေစီးကြောင်းကဲ့သို့ ထွက်ပေါ်လာခဲ့သည်။ အခန်းထဲရှိ စားပွဲနှင့်ခုံများသည် ချက်ချင်းတုန်ခါသွားပြီး အပ်ကွဲသံများ မြည်လာခဲ့သည်။ ဒီမြင်ကွင်းကို ကြည့်ရင်းပင် ကျန်းယီနင်မျက်လုံးများ တောက်ပလာခဲ့သည်။

'အဲ့တာကြောင့် စိမ်းမြကြာဖန်တီးရေးကျမ်းက ဂိမ်းထဲက အကောင်းဆုံး ထောက်ပံ့ရေး ကျမ်းတစ်ခုဖြစ်နေတာပဲ။ ငါအခု ကျမ်းရဲ့ ပြီးပြည့်စုံအောင်မြင်ခြင်းအဆင့်ကို ရောက်နေပြီ။ ငါရဲ့စိတ်ဝိညာဥ်စွမ်းအားကလည်း အရင်ကထက် ဆယ်ဆလောက်ကို ပိုသန်မာလာပြီ။'

(TN - အတွေးတွေကို ' 'နဲ့ရေးပြီး စကားတွေကိုတော့ " "နဲ့ရေးပါတယ် ^_^ )

သူစဥ်းစားရင်းနဲ့ ကျန်းယီနင်ရဲ့ မျက်လုံးများ စိတ်လှုပ်ရှားမှုအပြည့်နဲ့ ပိုပိုတောက်ပလာခဲ့သည်။ ယီနင်သည် သူ့သိုလှောင်အိတ်ထဲ ထည့်ထားသည့် ကျင့်ကြံရေးတွေကို ထပ်ထုတ်ယူလိုက်ပြီး သူ့ကိုယ့်သူကျင့်ကြံရန်သုံးလိုက်သည်။ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်သည် ချက်ချင်း သူရဲ့ခန္ဓာကိုယ်ထဲသို့ စီးဝင်လာပြီး သူ့သွေးကြောများအတိုင်း စီးဆင်းသွားကာ ခန္ဓာရဲ့ အဓိကနေရာများနဲ့ သွေးကြောတွေတစ်လျောက် ဖြန့်ဝေပြီး သန့်စင်ပေးသွားသည်။ အချိန်တဖြေးဖြေး ကြာလာသည်နှင့်အမျှ သူ၏ စိတ်ဝိညာဉ်စွမ်းအင်သည် ပိုများပြားလာပြီး သူ့ခွန်အားလည်း အဆက်မပြတ် တိုးလာခဲ့သည်။ သူ့မျက်နှာတစ်လျှောက် နီရဲလာပြီး အငွေ့များသည် ဦးခေါင်းထိပ်မှ ဖြည်းဖြည်းချင်း ထွက်ပေါ်လာခဲ့သည်။ ကျန်းယီနင်သည် နဖူးမှ ချွေးစေးများ ဆက်တိုက်ကျနေပြီး၊ တစ်ကိုယ်လုံး အလွန်သန်မာတဲ့ ဖိအားအောက်ရောက်နေသကဲ့သို့ ခံစားနေရသည်။

သိပ်မကြာခင်မှာဘဲ၊ သူ့ခန္ဓာကိုယ်သည် ရုတ်တရက် တုန်ခါသွားပြီး၊ မျက်လုံးများကို ရုတ်တရက်ပွင့်လာပြီး ကျင့်ကြံရေးကို ရပ်တန့်လိုက်ရသည်။ သူပြန်မသက်သာခင်သေးပင်ပဲ စနစ်၏ အသိပေးချက်သည် ပြန်မြည်လာသည်။

[အသိပေးချက်: သင်သည် ၁၀နှစ်စာ ကျင့်ကြံရေးကို အသုံးပြုပြီးပါပြီ၊ သင်၏ ကျင့်ကြံရေးသည် အုတ်မြစ်တည်ထောင်ရေးနောက်ဆုံးအဆင့်သို့ မြင့်တက်သွားပါပြီ။]

"ဒါက နည်းနည်းတော့ မနည်းလွန်းဘူးလား" ကျန်းယီမင်သည် မျက်မှောင်ကျုံ့ကာ ကိုယ့်ကိုယ်ကို ပြောလိုက်မိသည်။ အစက အမြူတေဖွဲ့စည်းခြင်းသို့ တစ်ခါတည်း ချိုးဖျက်ရန် ရည်ရွယ်ခဲ့သော်လည်း၊ ရုတ်တရက် စိတ်ဝိညာဉ်စွမ်းအင်များ ပေါက်ကွဲလာလို့ ခန္ဓာကိုယ်က မခံနိုင်တော့ဘဲ ရပ်လိုက်ရသည်။ အဆုံးမှာတော့ ကျန်းယီနင်သည် နှမြောတသဖြင့် ကျင့်ကြံတာရပ်ဖို့ ဆုံးဖြတ်လိုက်ရသည်။

"ကြည့်ရတာတော့ ကျင့်ကြံရေးတွေကို လိုသလို ထုတ်ချင်သလောက် ထုတ်သုံးလို့မရဘူးပဲ" ကျန်းယီနင်သည် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါလိုက်ပြီး အရှုံးပေးလိုက်ရတော့သည်။

"လက်ရှိ ငါ့ကျင့်ကြံရေးအဆင့်က အုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့်မှာပဲ ရှိနေပေမယ့်လည်း၊ အစောပိုင်း အမြူတေဖွဲ့စည်းခြင်းအဆင့်နဲ့ တိုက်ရမယ်ဆိုရင် ငါသေချာပေါက် အနိုင်တိုက်နိုင်တယ်" ဟု ခန္ဓာကိုယ်ထဲရှိ လှိုင်းထနေသော စိတ်ဝိညာဉ်စွမ်းအင်ကို ခံစားရင်း လက်သီးများကို စုတ်လိုက်ကာ ခိုင်မာစွာ ပြောလိုက်သည်။ ဘာကြောင့်ဆို သူ့မှာ မြင့်မြတ်ကောင်းကင်နတ်ဆိုးကိုယ်ခန္ဓာကလည်း ရှိသေးသည်၊ ထိုကိုယ်ခန္ဓာသည် ဤကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံး အသန်မာဆုံးခန္ဓာဖြစ်သည်။

စိတ်ဝိညာဉ်စွမ်းအင် တိုးပွားလာမှုနှင့်အတူ သူ့ရုပ်ခန္ဓာကျင့်ကြံရေးလည်း အုတ်မြစ်တည်ထောင်ခြင်း နောက်ဆုံးအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဤသည်မှာ သူ၏ ယုံကြည်မှုအတွက် အဓိကအကြောင်းရင်းဖြစ်သည်။ ရုပ်ခန္ဓာကျင့်ကြံရေးသည် စိတ်ဝိညာဉ်ကျင့်ကြံရေးထက် အဆပေါင်းဆယ်ဆ ပိုမိုခက်ခဲသည်။ သူ့ရုပ်ခန္ဓာကိုယ်နှင့် စိတ်ဝိညာဉ်စွမ်းအင်နှစ်ခုလုံးသည် အုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့်တွင် ရှိနေခြင်းနှင့်၊ သူ၏ စိတ်ဝိညာဉ်စွမ်းအင်ကို ဆယ်ဆတိုးစေနိုင်သော စိမ်းမြကြာပန်းဖန်တီးခြင်းကျမ်းတို့ကြောင့် အမြူတေဖွဲ့စည်းခြင်းအဆင့် ကျင့်ကြံရေးသမားတောင် သူ့လက်ထဲ အလွယ်တကူသေစေနိုင်သည်ဟု ယုံကြည်သည်။ စိမ်းမြကြာပန်းဖန်တီးခြင်းကျမ်းမှာ ဒီလောက်တောင်ကို အစွမ်းထက် အံ့သြစရာကောင်းလှသည်။

'ဒီကျမ်းကို လင်းယွင်ဂိုဏ်းရဲ့ အခြေခံကျင့်ကြံရေးကျမ်းအဖြစ် အသုံးပြုပြီး၊ စနစ်ရဲ့ဆုတွေကနေ အရင်းအမြစ်မျိုးစုံနှင့် ပေါင်းစပ်လိုက်တဲ့အခါ၊ လင်းယွင်ဂိုဏ်းသည် သေချာပေါက် သန်မာလာလိမ့်လိမ့်မည်' ဟုတွေးကာ ကျန်းယီနင်က ဒီကျမ်းကို အကောင်းဆုံး အသုံးချဖို့ စဥ်းစားနေသည်။

ထိုအချိန်မှာ၊ တံခါးအပြင်ဘက်မှ ခပ်ဖော့ဖော့ခြေလမ်းတစ်ခု ကြားလိုက်ရသည်။

"ဆရာ၊ နိုးလာပြီလား"

ဒီကြည်လင်သာယာနေသည့်အသံကို ကြားရသည့်အခါ၊ ကျန်းယီနင်၏ စိတ်ထဲတွင် ကျက်သ ရေအပြည့်ဖြင့် လှပနေသော အမျိုးသမီးတစ်ဦးပုံစံ ချက်ချင်းပေါ်လာခဲ့သည်။ ထိုသူမှာ သူ့တတိယမြောက် တပည့် ဟွမ်းချောင်ယုပင်ဖြစ်သည်။

All Chapters