← Chapters

ဟွမ်းချောင်ယု၊ အငယ်ဆုံးတပည့်ရဲ့ ပူပန်မှု

Vol. 1 Ch. 4

ဟွမ်းချောင်ယု၊ အငယ်ဆုံးတပည့်ရဲ့ ပူပန်မှု

Vol. 1 Ch. 4

ဟွမ်းချောင်ယုသည် လင်းယွင်ဂိုဏ်းရဲ့ ကျန်ရှိသေးသော တပည့်သုံးဦးထဲမှ တစ်ဦးဖြစ်သည်။ ကျန်းယီနင်သည် တောင်အောက်သို့ ခရီးထွက်စဉ် သူမအား တပည့်အဖြစ် လက်ခံခဲ့ခြင်းဖြစ်သည်။ ထိုစဉ်က လင်းယွင်ဂိုဏ်းသည် စတင်ယိမ်းယိုင်လာကာ၊ ကျန်းယီနင်မှာ ဂိုဏ်းချုပ်အသစ် ဖြစ်လာချိန်လည်းဖြစ်သည်။ ဟွမ်းချောင်ယု၏ နောက်ခံသည် အတော်လေး လျှို့ဝှက်ဆန်းကြယ်ပြီး၊ ကျန်းယီနင်ပင် သူမအကြောင်းကို မသိရသေးပေ။ သို့သော်၊ ဤကဲ့သို့အချိန်ကြာမြင့်စွာ အတူရှိပြီးနောက်၊ ကျန်းယီနင်က ခေါင်းမာပြီးစိတ်ဓာတ်ခိုင်မာသည့် ဒီမိန်းကလေးသည် လင်းယွင်ဂိုဏ်းကို သူမအိမ်အဖြစ် အမှန်တကယ်သဘောထားကြောင်း ခံစားရသည်။ အဲ့တာကပဲ ယီနင်အတွက် လုံလောက်ခဲ့သည်။

"ဆရာ၊ နိုးလာပြီလား" ဟွမ်းချောင်ယုက တံခါးအပြင်ဘက်မှ ညင်သာစွာ ပြောလိုက်သည်။

ကျန်းယီနင်က အသံမြှင့်ပြီး ပြန်ပြောလိုက်သည်၊ "နိုးပြီ။ ဝင်လာခဲ့။"

ဟွမ်းချောင်ယုက တံခါးကိုဖြေးဖြေးဖွင့်ပြီး ဝင်လာခဲ့သည်။ ကျက်သရေရှိပြီး နုနယ်လှပသည့် အမျိုးသမီးတစ်ဦးသည် ဖြည်းဖြည်းချင်း ဝင်လာခဲ့သည်။ သူမသည် အနီရောင်ခပ်ဖျော့ဖျော့ အင်္ကျီကို ဝတ်ဆင်ထားပြီး၊ လက်ထဲတွင် ဆေးအိုးတစ်လုံးကိုလည်း ကိုင်ထားသည်။

"ဆရာ၊ ဘာလို့ ထိုင်နေတာလဲ" ဟွမ်းချောင်ယုက အခန်းထဲဝင်ဝင်ခြင်း ကျန်းယီနင် ခြေချင်းချိတ်ထိုင်နေတာကို မြင်တာနဲ့ ချက်ချင်းပြောလိုက်သည်။ သူမသည် ဆေးအိုးကို စားပွဲပေါ်တွင် ချထားပြီး၊ ကျန်းယီနင်ထံသို့ မြန်မြန်လျှောက်သွားလိုက်သည်။

"ဆရာ မြန်မြန်အိပ်ယာပေါ် ပြန်လှဲလိုက်ပါ၊ ဒဏ်ရာတွေ ပိုဆိုးလာလိမ့်မယ်" ဟု ချောင်ယုက စိတ်ပူစွာပြောလိုက်သည်။ ပြောရင်းနဲ့ သူမလက်ကို ကျန်းယီနင်ပခုံးပေါ်တွင် တင်လိုက်ပြီး၊ သူ့ကို ဖြည်းဖြည်းချင်း လှဲအောင်ကူညီလိုက်သည်။ ကျန်းယီနင်က အသာယာ ပြုံးလိုက်မိသည်။ သူ့တပည့်က သူ့ကို အမှန်တကယ် စိတ်ပူနေမှန်း ခံစားလိုက်ရသည်။

"ရပါပြီ၊ စိတ်ပူစရာမလိုပါဘူး။ ဆရာ အခု ပြန်ကောင်းသွားပါပြီ။"

"ဆရာရယ်၊ တပည့်ကို နောက်မနေပါနဲ့။ ဆရာက ဒီလောက် ဒဏ်ရာအကြီးကြီးရထားတာ ၊ ဘယ်လိုနည်းနဲ့ ခနလေးပြန်ကောင်းသွားတယ်လို့ ပြောရတာလဲ" ဟွမ်းချောင်ယုက စူပုတ်ပြီး ပြောလိုက်သည်။

"ဆရာသာ၊ ကျေးဇူးပြုပြီး မြန်မြန်ပြန်လှဲလိုက်ပါ"

"ရှောင်ယု၊ ငါ မင်းကို နောက်နေတာမဟုတ်ဘူး"

နှစ်ဦးစလုံး နောက်ဆုတ်မပေးကြဘဲ တော်တော်ကြာ ထိုင်ငြင်းနေခဲ့ကြပြီး၊ ကျန်းယီနင်ကတော့ လှဲရန် ငြင်းဆန်နေဆဲဖြစ်သည်။ ဟွမ်းချောင်ယုမှာ စိုးရိမ်နေဆဲဖြစ်သော်လည်း၊ သူမဆရာ၏ အခြေအနေသည် အတော်လေး ပြန်ကောင်းသွားဟန်ရှိသည်ကိုလည်း ခံစားရသဖြင့်၊ သူ့ကို အိပ်ယာပေါ်ဆက်လှဲအောင် မတိုက်တွန်းဘဲနေလိုက်တော့သည်။

"ဆရာ၊ မလှဲချင်ရင် မလှဲပါနှင့်၊ ဒါပေမယ့် ဆရာ ဒီဆေးကိုတော့ သောက်ရမယ်" ဟွမ်းချောင်ယုက ပြောရင်း၊ မည်းနက်နေတဲ့ ဆေးရည်ခွက်ကို လှမ်းယူလိုက်သည်။

"ဆရာ၊ ဆရာ့ကို ဆေးတိုက်ပါရစေ" ဟုပြောကာ ဟွမ်းချောင်ယုသည် ဆေးဇွန်းတစ်ဇွန်းကို ယူပြီး ကျန်းယီနင်ရဲ့ ပါးစပ်နားသို့ ကပ်လိုက်သည်။ ပြင်းထန်သော ဆေးနံ့ကို ရှူရှိုက်မိသောအခါ၊ ကျန်းယီနင်သည် ရယ်ရမလို ငိုရမလို ခံစားရသည်။

"ရှောင်ယု၊ ငါ ပြန်ကောင်းသွားပြီ။ ဆေးသောက်ဖို့ မလိုတော့ဘူး"

"ဆရာ၊ တကယ်ပဲ မြန်မြန်ပြန်ကောင်းချင်ရင်၊ ဒီဆေးကို မြန်မြန်သောက်လိုက်ပါ" ဟွမ်းချောင်ယုက ကြိုးစားတိုက်တွန်း ပြောလိုက်သည်။

ကျန်းယီနင်သည် သူမကို ကြည့်ပြီး၊ သူအခုဘာပြောပြော သူမ မယုံမှာကို သိသွားသည်။ သူ့ကိုယ်သူ သက်ပြင်းချလိုက်ကာ၊ အစွမ်းထက် စိတ်ဝိညာဥ်စွမ်းအင်တစ်ခုကို သူ့ခန္ဓာကိုယ်မှ ရုတ်တရက် ဖော်ထုတ်လိုက်သည်။ သူ့ပေါ်ရှိ ပတ်တီးအားလုံးသည် ခဏလေးအတွင်းတွင် ပြုတ်ကျသွားခဲ့သည်။ သူမဆရာအား ဆေးတိုက်မည်လုပ်နေသော ဟွမ်းချောင်ယုသည် ရုတ်တရက်လန့်သွားပြီး အနောက်ဘက်သို့ ဆုတ်သွားသည်။

"ဆရာ၊ ဆရာတကယ်ပဲ ပြန်ကောင်းသွားပြီလား" ဟွမ်းချောင်ယုသည် မိနစ်အနည်းငယ်ကြာ ကျန်းယီနင်၏ အသစ်ကဲ့သို့ ကောင်းမွန်နေသော ခန္ဓာကိုယ်ကို ကြည့်ပြီးနောက် ယီနင်ကို မေးလိုက်သည်။

ကျန်းယီနင် အေးဆေးစွာ ခေါင်းညိတ်လိုက်သည်။ ဟွမ်းချောင်ယုမှာ မယုံကြည်ရဲသေးဘဲ ချက်ချင်း အော်မိကာ၊ "ဆရာ၊ ဆရာတကယ်ကြီး ပြန်ကောင်းသွားပြီ!!!"

"ဟုတ်တယ်၊ မင်းမြင်တဲ့ အတိုင်းပဲလေ" ကျန်းယီနင်က ဖြည်းဖြည်းချင်းခေါင်းညိတ်ကာ ထပ်ပြောလိုက်သည်၊ "ငါ ပြန်ကောင်းရုံသာမက၊ အုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့်ကိုပါ ရောကသွားပြီ"

"တကယ်လား" အဲ့စကားကို ကြားလိုက်တာနဲ့ ဟွမ်းချောင်ယုမျက်နှာသည် အံ့အားသင့်မှုနှင့်အတူ ဝမ်းသာနေတော့သည်။ ထို့နောက်၊ သူမဆရာ၏ စွမ်းအားကို သတိရလိုက်ရသည်နှင့်၊ သူမ၏ သံသယအားလုံး ပျောက်ပျက်သွားခဲ့သည်။

"ဆရာ့ကို ဂုဏ်ယူပါတယ်။ ဆရာ ဒီလောက်မြန်မြန်ပြန်ကောင်းရုံသာမက၊ ကျင့်ကြံရေးအဆင့်လည်း နောက်ထပ်တစ်ဆင့် ထပ်တိုးသွားပြီ။ အခု ဆရာရဲ့ ကျင့်ကြံရေးက အုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့်ရှိနေပြီဆိုတော့၊ ဘယ်ပဉ္စမအဆင့်ဂိုဏ်းတွေကမှ လင်းယွင်ဂိုဏ်းကို ရန်စဖို့ တွေးရဲတော့မှာမဟုတ်ဘူး"

"ဟုတ်တယ်" ကျန်းယီနင်က ဖြည်းဖြည်းချင်း ခေါင်းညိတ်ကာ ပြောလိုက်သည်။

ပဉ္စမအဆင့်ဂိုဏ်းရှိ အစွမ်းထက်ဆုံးသူသည် အုတ်မြစ်တည်ထောင်ခြင်းအဆင့်တွင်သာ ရှိသော်လည်း၊ သူ၏လက်ရှိစွမ်းအားသည် အမြူတေဖွဲ့ခြင်းအဆင့်ရှိသူများနှင့် ယှဥ်နိုင်သည်။ တခြားပဉ္စမအဆင့်ဂိုဏ်းများက သူ့ကို စတင်နှောက်ယှက်ဝံ့ပါက၊ သူသည် သူတို့ကို သတ်ပစ်ရန် ဝန်မလေးပေ။

"ဟင်" ဟွမ်းချောင်ယု၏ မျက်နှာသည် ရုတ်တရက် ပြန်လည်မှောင်မည်းသွားခဲ့သည်။ သူတို့သည် ပဉ္စမအဆင့်ဂိုဏ်းများကို ကြောက်စရာ မလိုတော့ပေမယ့်၊ ဟောက်ယွင်ဂိုဏ်းသည် တတိယအဆင့်ဂိုဏ်းဖြစ်နေသည်။ ဟောက်ယွင်ဂိုဏ်းတွင် အခြေတည်စိတ်ဝိညာဥ်အဆင့်အချို့နဲ့ အမြုတေဖွဲ့ခြင်းအဆင့်ရှိ ကျင့်ကြံရေးသမားများ အများကြီးရှိနေသည်။ တစ်လအတွင်း ဟောက်ယွင်ဂိုဏ်းထံ ဆက်သရမည့် စိတ်ဝိညာဉ်ကျောက်များကို စုဆောင်းနိုင်ခြင်းမရှိပါက၊ လင်းယွင်ဂိုဏ်းသည် မလွဲမသွေ ဖျက်သိမ်းခံရမည်ဖြစ်သည်။

ကျန်းယီနင်သည် ဟွမ်းချောင်ယု၏ ရုတ်တရက် ပြောင်းလဲသွားသော မျက်နှာအမူအရာကို မြင်တွေ့ရသည့်အခါ၊ ခဏအံ့သြသွားသော်လည်း ဘာကြောင့်လဲဆိုတာ တန်းသိသွားသည်။

"ရှောင်ယု၊ ဟောက်ယွင်ဂိုဏ်းကို စိုးရိမ်နေတာလား"

"ဟုတ်တယ် ဆရာ။ ဆရာက အုတ်မြစ်တည်ထောင်ခြင်းနောက်ဆုံးအဆင့်ရောက်နေပြီဆိုပေမယ့်လည်း..."

ဟွမ်းချောင်ယုသည် သူမစကားကို ပြီးအောင် မပြောနိုင်ခဲ့ပေ။ ဘာလို့ဆို သူမသည် သူ့မဆရာရဲ့ သိက္ခာမာန ထိခိုက်သွားမှာကို စိုးရိမ်သွားသည်။ ကျန်းယီနင်သည် သူမဆိုလိုရင်းကို သိလိုက်သည်။

"စိတ်မပူပါနဲ့၊ စိတ်ဝိညာဉ်ကျောက်တွေ လုံလောက်အောင် ရနိုင်မယ့်နည်းလမ်း ငါရှာတွေ့ပြီ။ စိုးရိမ်စရာမလိုတော့ဘူး၊ ရှောင်ယု"

သူမသည် ဆရာ့ အေးဆေးနေသော အပြုံးကို မြင်တွေ့ရသော်လည်း၊ ဟွမ်းချောင်ယုမှာ စိတ်မပြေလျော့နိုင်သေးဘဲ၊ သူမဆရာသည် သူမကို နှစ်သိမ့်ရန် ကြိုးစားနေသည်ဟုသာ ထင်မြင်နေမိသည်။ ဘာကြောင့်ဆို၊ လက်ရှိ လင်းယွင်ဂိုဏ်းတွင် အဆင့်နိမ့် ဝိညာဉ်ကျောက်သည် ရာကျော်ပင် မရှိသေးပေ။ ဒါကြောင့် ရုတ်တရက် ထောင်ကျော်ကို သူတို့တွေ ဘယ်လိုရှာနိုင်ရပါ့မလဲ။ လက်ရှိ ဟွမ်းချောင်ယုသည် သူ့ကိုမယုံကြည်နိုင်သေးမှန်း ကျန်းယီနင်သိသည်၊ ဒါပေမယ့် သူ့ကိုဘယ်လိုယုံအောင်ပြောရမလဲ၊ သူကကူးပြောင်းလာပြီး စနစ်ပါရှိနေတာကို ပြောလို့လည်းမရပေ။ ယီနင်က ဒီကိစ္စကို ဒီတိုင်းထားဖို့ ဆုံးဖြတ်ချလိုက်သည်။ အချိန်တန်လာသည့်အခါ သူမသည် သူ့ကို စိတ်ဝိညာဥ်ကျောက် ရှာနိုင်တာနဲ့ပက်သတ်၍ ယုံလာလိမ့်မည်။ ကျန်းယီနင်သည် မျှော်လင့်ချက်ကင်းမဲ့စွာ ခေါင်းခါကာ၊ ဒီကိစ္စနှင့် ထပ်ပြီး အချိန်ဖြန်းနေဖို့ မလုပ်တော့ဘဲ နေလိုက်သည်

"ဟုတ်သားပဲ၊ မင်းရဲ့ စီနီယာအကို၂ယောက်ကော ဘယ်မှာလဲ"

သူမဆရာ၏ မေးခွန်းကို ကြားရသည်နှင့်၊ ဟွမ်းချောင်ယုသည် ချက်ချင်း ဖြေလိုက်သည်၊ "ပထမအကိုကြီးကတော့ ကျင့်ကြံရေးအတွက် လေ့ကျင့်ဖို့ အပြင်ရောက်နေပြီး မပြန်ရောက်သေးပါဘူး။ ဒုတိယအကိုကတော့ ဆရာ့အတွက် ဆေးရှာပေးဖို့ တောင်အောက်ဆင်းသွားပါတယ်"

ကျန်းယီနင် ခေါင်းညိတ်လိုက်သည်။ သူ့မှတ်ဉာဏ်များမှတစ်ဆင့် ပထမဆုံးတပည့်ဂူလင်းဖေးသည် ရိုးသားဖြောင့်မတ်ပြီး ရက်ရောသည်ကို သိလိုက်ရသည်။ သူသည် မကြာခဏ တောင်အောက်ဆင်းခရီးထွက်တက်ပြီး မိတ်ဆွေဖွဲ့တတ်သည်။

အခြားတစ်ဖက်တွင်၊ သူ့ဒုတိယတပည့် ယဲ့ယွမ်ဖန်ကတော့ အပြင်ပိုင်းတွင် အေးစက်သော်လည်း စိတ်ထဲတွင် နွေးထွေးတတ်သူတစ်ဦးဖြစ်သည်။ စကားပြော မပြေပြစ်ပေမယ့် စိတ်ထားကောင်းလှသည်။ ဒုတိယတပည့် သူ့ကိုယ်သူ သက်သေပြဖို့အတွက် အမြဲအလုပ်တွေကနဲ့တဆင့် သက်သေပြသည်၊ အခုလည်းသူ့အတွက် ဆေးရှာရန် တောင်အောက်ဆင်းသွားသည့် သူ့လုပ်ရပ်သည် ထိုသို့သော စရိုက်လက္ခဏာအတွက် ဥပမာတစ်ခုဖြစ်သည်။

"ယွမ်ဖန် ငါ့အတွက်နဲ့ ပင်ပန်းနေရပြီ" ကျန်းယီနင်က ခါးသက်စွာ ပြုံးရင်ပြောလိုက်သည်။

ဟွမ်းချောင်ယုက ချက်ချင်းပြန်ပြောလိုက်သည်၊ "ဟုတ်တယ်၊ ဒုတိယအကိုကြီးသာ ဆရာပြန်ကောင်းသွားမှန်း သိသွားလို့ကတော့............"

ချောင်ယုက စကားမဆုံးသေးခင်မှာဘဲ သူ့မျက်နှာက ရုတ်တရက်အကျည်းတန်သွားခဲ့သည်။ ချွေးစေးများက သူမနဖူးမှ တောက်လျှောက် တဖြည်းဖြည်း စီးကျလာခဲ့သည်။ ဟွမ်းချောင်ယုသည် အံ့ကြိတ်ကာ၊ ခန္ဓာကိုယ်တစ်ခုလုံး တုန်နေပြီး၊ ဆက်တိုက် တုန်ရီနေသည်။ ရုတ်တရက်ပြောင်းလဲမှုသည် ကျန်းယီနင်ကို ထိတ်လန့်သွားစေခဲ့သည်။ သူက မြန်မြန်ပြေးသွားပြီး ချောင်ယုကို ပြေးပွေ့လိုက်ပြီး စိုးရိမ်တကြီးမေးလိုက်သည်။

"ရှောင်ယု၊ ဘာဖြစ်သွားတာလဲ"

ဟွမွးချောင်ယုက မဖြေခဲ့ပေ။ သူမမျက်လုံးများကို တင်းတင်းကျပ်ကျပ်ပိတ်ထားပြီး၊ ခန္ဓာကိုယ်တစ်ခုလုံး တုန်နေပြီး သွားတွေက နှုတ်ခမ်းကို တင်းကြပ်စွာ ကိုက်နေခဲ့လိုက်သည်။ သူမပုံစံက တအားနေကျင်နေပြီး တစ်ခုခုဖြစ်သွားသလိုဖြစ်နေခဲ့သည်။

All Chapters