← Chapters

အုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ချိုးဖြတ်ခြင်း

Vol. 1 Ch. 7

အုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ချိုးဖြတ်ခြင်း

Vol. 1 Ch. 7

နောက်တစ်နေ့၊ ကန်းလန်ဒေသရှိ တော်ဝင်မီးတော်ဖီးနစ်အင်ပါယာနန်းတော်တွင်....

တော်ဝင်နန်းတော်ခန်းမထဲ၌၊ မြင့်မြတ်ဖီးနစ်အင်ပါယာသည် ရာဇပလ္လင်ပေါ်၌ ထိုင်နေသည်။ ထိုအချိန်တွင်၊ သူ့မျက်လုံးများကို ပိတ်ထားကာ အနားယူနေခဲ့သည်။ မကြာသေးခင်က ဖီးနစ်ဘိုးဘေးရဲ့ သွေးမျိုးဆက်တစ်ဦး နိုးထသွားကြောင်း သိရှိရသည့်အချိန်မှစ၍၊ အင်ပါယာသည် အလွန်စိတ်လှုပ်ရှားနေခဲ့သည်။ စိတ်လှုပ်ရှားမှုကြောင့် တစ်ညလုံးပင် ကောင်းစွာအိပ်ပျော်ခြင်းမရှိခဲ့ပေ။

"အရှင်မင်းမြတ်"

ခန်းမ၏အပြင်ဘက်မှ၊ နောက်ထပ် စိတ်လှုပ်ရှားမှု အပြည့်နဲ့ အော်ဟစ်သံတစ်ခု ရုတ်တရက်ပြန်ထွက်လာခဲ့သည်။ မြင့်မြတ်ဖီးနစ်အင်ပါယာသည် ချက်ချင်းနိုးလာပြီး ကိုယ်ကို ဖြောင့်ဖြောင့်ထား ထိုင်လိုက်သည်။ ထိုအော်လိုက်တဲ့သူက ဝင်လာပြီး ဒူးထောက်အရိုသေပြုလိုက်သည်။

"ဘယ်လိုဖြစ်သွားပြီလဲ၊ လူကိုရှာတွေ့ပြီလား" မြင့်မြတ်ဖီးနစ်အာပါယာသည် စိုးရိမ်တကြီး မေးမြန်းလိုက်သည်။

"မှန်လှပါ၊ သွေးမျိုးဆက်ကိုရှာတွေ့ပါပြီ၊ အရှင်မင်းမြတ်"

"ဘယ်သူလဲ" အဖြေရပြီးနောက်၊ မြင့်မြတ်ဖီးနစ်အင်ပါယာသည် ရုတ်တရက် မတ်တပ်ထရပ်လိုက်သည်။ ဤအချိန်တွင်၊ သူသည် သူ့ဂုဏ်သိက္ခာအား ဂရုစိုက်ရန် အချိန်မရှိတော့ပေ။ ဖီးနစ်ဘိုးဘေးရဲ့ သွေးမျိုးဆက်နိုးထလာတာ ဘယ်သူလဲသာ သိချင်ဇောများနေခဲ့သည်။

"အရှင်မင်းမြတ်၊ ကျွန်တော်မျိုး ပြောဆိုရန် မဝံ့ပါ" ဟု မြင့်မြတ်ဖီးနစ်အင်ပါယာရဲ့ မေးခွန်းကို ကြားရသည့်အခါ၊ ထိုလူသည် တိုက်ရိုက်မဖြေခဲ့ပေ။

မြင့်မြတ်ဖီးနသ်အင်ပါယာသည် ချက်ချင်း အမျက်ထွက်သွားပြီး၊ "သူရဲဘောကြောင်ကောင်၊ ငါ့ကို လာနောက်နေတာလား" ဟု ဒေါသထွက်ကာ ဆဲဆိုလိုက်သည်။

"ကျွန်တော်မျိုး မလုပ်ရဲပါဘူး" ဟု ထိုသူသည် ချက်ချင်းကြောက်ရွံ့ပြီး ကြမ်းပြင်ပေါ်သို့ ဒူးထောက်ကာ ပြောလိုက်သည်။ တစ်ကိုယ်လုံး တုန်ရီနေကာ၊ "အရှင်မင်းမြတ် သွေးမျိုးဆက်က အလွန်အရေးကြီးပါသည်၊ ကျွန်တော်မျိုး လီဆယ်ပြောဆိုရန် မရဲပါဘူး၊ အရှင်မင်းမြတ် သိလိုသမျှအားလုံးကို ဒီစာရွက်ပေါ်တွင် ရေးသားထားပါသည်၊ အရှင်မင်းမြတ် ကြည့်ရှုတော်မူပါ" ဟု တုန်တုန်ရီရီဖြင့် ပြန်လည်ဖြေကြားခဲ့သည်။

ထိုစကားကို ပြောဆိုပြီးနောက်၊ ထိုလူသည် သူ့ရင်ဘတ်ထဲမှ စာတစ်စောင်ကို ထုတ်ယူပြီး၊ ရိုသေစွာဖြင့် မြှောက်တင်ကာ ဆက်သလိုက်သည်။ အင်ပါယာသည် ပထမဆုံး အံ့သြသွားပြီး၊ တစ်ခုခုမှားယွင်းသွားမှာကို စိုးရိမ်လာသည်။ သို့သော် သူက ထိုစိုးရိမ်မှုကို ဖိနှိပ်လိုက်ထားသည်။ သူ့လက်လှုပ်လိုက်ပြီး ထိုစာကို အဝေးကနေ ဆွဲယူလိုက်သည်။

"ဟွန်း၊ ဘာမှမဟုတ်တာတွေကို ရေးကြီးခွင်ကျယ် လုပ်နေတာ ဘယ်သူ့အကြောင်းလဲဆိုတာ ငါကြည့်ချင်သေးတယ်..."

အင်ပါယာသည် ထိုလူကို မထီမဲ့မြင်ပြုကာ အေးဆေးချင်ဟန်ဆောင်ပြီး စာကို ဖြည်းဖြည်းချင်း ဖွင့်လိုက်သည်။ သူ့အကြည့်သည် စာအကြောင်းအရာပေါ်သို့ ကျရောက်သည့်အချိန်တွင်၊ ခန္ဓာကိုယ်တစ်ခုလုံး တောင့်ခဲသွားခဲ့သည်။ သူ့အကြည့်များ မှေးသွားကာ၊ သူ့မျက်လုံးများတွင် အပြစ်ရှိသလို အကြည့်များ ပြည့်နှက်သွားသည်၊ "ဘာလို့များ သူမဖြစ်နေရတာလဲ..." ဟု သူ့ကိုယ်သူ ပြောလိုက်သည်။

---

ကျီးရှားစီရင်စုရှိ လင်းယွင်ဂိုဏ်းတွင်

ဂိုဏ်းဟု ဆိုသော်လည်း၊ အမှန်တွင် ပျက်စီးနေသော သစ်သားအဆောက်အဦး အနည်းငယ်နဲ့ ရှေ့တွင် မြေကွက်လပ်လေးသာ ရှိသည်။ လက်ရှိ လင်းယွင်ဂိုဏ်းသည် အမှန်တကယ်ပင် ဆင်းရဲမွဲတေနေပြီး၊ဂိုဏ်းသားတွေ ကျင့်ကြံဖို့အတွက် အသုံးပြုသော အဆောက်အဦးပင် အပေါက်အပြဲများနှင့် ပြည့်နှက်နေသည်။ သို့သော် ပုံမှန်အားဖြင့် ထိုစုတ်ပျက်နေသော အဆောက်အဦးကို ဘယ်သူမှ အဖက်မလုပ်ကြပေ။ ဘာကြောင့်ဆို၊ လက်ရှိလင်းယွင်ဂိုဏ်းတွင် လူလေးဦးသာ ကျန်ရှိတော့ပြီး၊ ဂိုဏ်းထဲ၌ နှစ်ဦးသာရှိနေသည်။

"ကျင့်ကြံတဲ့ ပုံစံထိိုင်လိုက်ပါ" ကျန်းယီနင်က အေးအေးဆေးဆေးပြောလိုက်သည်။ ဟွမ်းချောင်ယုသည် မတွန့်ဆုတ်နေဘဲ ခြေချင်းချိတ်၍ ထိုင်လိုက်သည်။

"ဆရာ၊ ဘယ်ကျင့်ကြံရေးကျင့်စဥ်ကို သင်ပေးမှာလဲ"

"လျှောက်မေးမနေနဲ့၊ မျက်လုံးမှိတ်ပြီး အသာလေး ခံစားကြည့်ကြည့်"

ဟွမ်းချောင်ယုသည် သူမဆရာမှ ကြားဖြတ်ဆူပြီးနောက်၊ ထပ်မံမေးမြန်းရန် မရဲတော့ပေ။ သူမဆရာရဲ့ ညွှန်ကြားချက်များကို လျင်မြန်စွာ လိုက်နာပြီး၊ မျက်လုံးများကို တင်းတင်းကျပ်ကျပ်ပိတ်လိုက်သည်။ ကျန်းယီနင်သည် ထိုအရာကို မြင်ရသည်နှင့်၊ အနည်းငယ်ရယ်မိသွားသည်။

ထို့နောက် ယီနင်ကစနစ်အကူအညီနဲ့ ကျင့်စဥ်ကို သူ့တပည့်ထံသို့ လွှဲပြောင်းပေးလိုက်သည်။ ဟွမ်းချောင်ယုသည် မျက်လုံးများကို ပိတ်လိုက်သည်နှင့်၊ သူမစိတ်ထဲတွင် ရွှေရောင်အလင်းတန်း မျက်နှာပြင်တစ်ခု ပေါ်လာသည်ဟု ရုတ်တရက် ခံစားရသည်။ မျက်နှာပြင်သည် မိုးကောင်းကင်ကို ဖုံးလွှမ်းပြီး မြေကြီးတစ်ခုလုံးကို ဖုံးကာထားသည့်အလား တောက်ပစွာ ထွန်းလင်းနေသည်။ ထိုမျက်နှာပြင်ထိပ်ပေါ်တွင် စာလုံးအနည်းငယ် ရေးသားထားသည်။

"စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်"

ဟွမ်းချောင်ယုသည် ယခင်က ဒီလိုကျင့်စဥ် သင်ကြားနည်းကို မမြင်ဖူးသလို၊ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်ကိုလည်း မကြားဖူးခဲ့ပေ။သူမသည် ချက်ခြင်းလန့်သွားသည့်အသံဖြင့် မေးလိုက်မိသည်။

"ဆရာ ဘာတွေဖြစ်နေတာလဲဟင်"

ဒိတစ်ကြိမ်တွင်၊ ကျန်းယီနင်ရဲ့အသံက ပိုမိုနူးညံ့လာပြီး၊ "မကြောက်ပါနဲ့။ ဒါကအလွန်အံ့သြစရာကောင်းတဲ့ ကျင့်စဥ်တစ်ခုပါ။ မင်းကဂရုတစိုက် နားလည်သဘောပေါက် အောင်လုပ်ရုံပါပဲ။ စိုးရိမ်စရာမလိုဘူး။ ငါက မင်းကို ကာကွယ်ပေးမယ်" ဟု ပြောဆိုခဲ့သည်။

သူမဆရာတော်ရဲ့ နူးညံ့သိမ်မွေ့သည့် အသံကို သူမနားတွင် ကြားရသည်နှင့်၊ ဟွမ်းချောင်ယု၏ စိုးရိမ်နေသောနှလုံးသားက ချက်ချင်း ငြိမ်သက်သွားခဲ့သည်။

"ဟုတ်ကဲ့ ဆရာ" သူမသည် ခိုင်မာစွာ ဖြေကြားပြီးနောက်၊ အခြားဘာမျှ မပြောတော့ပေ။

ကျန်းယီနင်သည် သူမမျက်ခုံးများ ကျုံ့နေတာ ဖြေလျော့သွားသည်ကို ကြည့်ရင်း သူမသည်ကျင့်စဥ်ကို နားလည်သဘောပေါက်ရန် စတင်ကြိုစားနေကြောင်း သိလိုက်ရသည်။ ထို့ကြောင့်၊ သူသည် သူမအား အနှောက်အယှက်မဖြစ်စေရန် ခြေလှမ်းအနည်းငယ် နောက်ဆုတ်လိုက်သည်။ ဘေးသို့ လျှောက်သွားပြီး၊ ကျန်းယီနင်သည် စနစ်ကို ဖွင့်ကာ ဂိမ်းဝင်ရောက်ဖို့ လုပ်လိုက်တော့သည်။ သူ့မှတ်ဉာဏ် အတိုင်းဆိုပါက၊ ဒီဒုတိယနေ့ ဝင်ရောက်ခြင်း ဆုသည် ကျပန်းစိတ်ဝိညာဉ်ဆေးပင်တစ်ခု ဖြစ်သင့်သည်။

"စနစ်၊ ဝင်ရောက်မယ်" ကျန်းယီနင်သည် သူ့စိတ်ထဲတွင် တိတ်တဆိတ်ပြောခဲ့သည်။

စနစ်ရဲ့အေးစက်သော အသိပေးချက်သည် ပြန်လည်မြည်လာခဲ့သည်။

[ဒင်း! ဝင်ရောက်ခြင်းအောင်မြင်ပါသည်]

[စနစ်ဆု: မင်ရှင်းဆေးပင်]

[ကောင်းကင်ဘုရင်အခွင့်ထူး: မင်ရှင်းဆေးပင်သည် တော်ဝင်မင်ရှင်းဝတ်ဆံပန်းအဖြစ်သို့ အဆင့်မြှင့်တင်ခံရသည်]

စနစ်ထိုစကားကို ပြောဆိုပြီးသည်နှင့်၊ ပန်းရောင်ဖျော့ဖျော့ပန်းတစ်ပွင့်သည် ရုတ်တရက် ကျန်းယီနင်၏ လက်ထဲသို့ ရောက်လာခဲ့သည်။ ကျန်းယီနင်သည် ဒီတော်ဝင်မင်ရှင်းဝတ်ဆံပန်းကို နူးညံ့စွာ ကိုင်ပြီး၊ စစ်ဆေးလိုက်သည်။ ပန်း၏ပုံသဏ္ဍာန်မှာ ထူးဆန်းနေပြီး ပွင့်ဖတ်တွေကို ထောင်ချီအောင် ရှိနေသည်။ ထိုပန်းပွင့်သည် မှေးမှိန်သောစွမ်းအင်တစ်ခုကို ထုတ်လွှတ်နေပြီး၊ အလွန်လျှို့ဝှက်ဆန်းကြယ်နေတဲ့ ပုံစံဖြင့်ရှိနေသည်။ ဒီစိတ်ဝိညာဉ်ဆေးပင်နှင့်ပတ်သက်တဲ့ အချက်အလက်များသည် ချက်ချင်း ကျန်းယီနင်ရဲ့ ဦးနှောက်ထဲ ဝင်ရောက်လာခ့သည်။

[တော်ဝင်မင်ရှင်းဝတ်ဆံပန်း: စိတ်ဝိညာဉ်စွမ်းအင်ကို သန့်စင်စေသည်၊ ဉာဏ်အလင်းပွင့်စေကာ ကျင့်ကြံရေးသမားရဲ့ အုတ်မြစ်ကို ခိုင်စေစေသည်]

ဒီပန်းမှာ သူအရင်ဘဝဂိမ်းထဲတွင်လည်း အလွန်တန်ဖိုးထားခဲ့သောအရာဖြစ်သည်။ ဒုတိယအကြိမ် ဝင်ရောက်ယုံဖြင့် ဒီလိုအဖိုးတန် ရတနာကို ရလိမ့်မယ်လို့ သူမခန့်မှန်းထားမိပေ။ ကျန်းယီနင်သည် ထိုပန်းကြောင့် အံသြနေတုန်းမှာဘဲ ရုတ်တရက် ထူးထူးဆန်းဆန်းတစ်ခု ဖြစ်လာခဲ့သည်။ အတင်းစုပ်ယူခံရသကဲ့သို့၊ စိတ်ဝိညာဉ်စွမ်းအင်သည် ဟွမ်းချောင်ယုရဲ့ ခေါင်းပေါ်တွင် နေရာအနှံ့မှ စုဝေးလာခဲ့သည်။

ကျန်းယီနင်သည် ကြည့်နေရင်း၊ စိတ်ဝိညာဉ်စွမ်းအင် အစုအဝေးကြီးက ဟွမ်းချောင်ယုရဲ့ တစ်ကိုယ်လုံးပြည့်နှက်လာခဲ့သည်။ ထိုစိတ်ဝိညာဉ်စွမ်းအင် အစုအဝေးကြီးသည် ဟွမ်းချောင်ယုကို ဝန်းရံပြီး လှည့်ပတ်နေသည်။ များပြားလှသော စိတ်ဝိညာဉ်စွမ်းအင်သည် သူမခန္ဓာကိုယ်ကို ဆက်တိုက်ဖြည့်တင်းပေးနေသည်။

"ဒါကြီးက... သူမ ကျင့်စဥ်အခြေခံအဆင့်ကို ရောက်သွားပြီလား"

ဒီမြင်ကွင်းကို ကြည့်ရင်း၊ ကျန်းယီနင်သည် အံ့အားသင့်ယုံမှ လွဲ၍ မတတ်နိုင်ဖြစ်နေသည်။

"မမျော်လင့်ထားတာဖြစ်သွားတာဘဲ၊ ဒီကောင်မလေးကို ငါလျှော့တွက်ထားမိသလို ဖြစ်သွားပြီ"

ယီနင်သည် မူလက ဟွမ်းချောင်ယုသည် သူမခန္ဓာဖွဲ့စည်းပုံ နိုးထသွားသော်လည်း၊ စိမ်းမြကြာပန်းဖန်တီးခြင်းကျင့်စဥ်ကို နားလည်သဘောပေါက်ရန် ကြိုးစားဖို့ အတော်လေးလိုအပ်မယ်လို့ ထင်ခဲ့သည်။ ဘာလို့ဆို ဒီကျင့်စဥ်သည် ဒီကမ္ဘာပေါ်ရှိ အစွမ်းထက်ဆုံးနှင့် အလျှို့ဝှက်ဆုံး ကျင့်ကြံရေးကျင့်စဥ်တစ်ခုဖြစ်သည်။ ဟွမ်းချောင်ယုသည် သူ့အား ထိုကဲ့သို့သော အံ့အားသင့်မှုကို ပေးမည်ဟု သူမျှော်လင့်မထားခဲ့ပေ။ ကျန်းယီနင်သည် အရံတာဝန်ကို မပြီးမြောက်ဖို့ဆိုတာ မဖြစ်နိုင်တော့မှန်း သူသိသွားသည်။ သူမခုနှစ်ရက်အတွင်း အုတ်မြစ်တည်ထောင်ခြင်းအဆင့်သို့ ချိုးဖျက်နိုင်မည်ဖြစ်သည်။ သို့သော် ဒီအရာက သူထင်ထားတာထက် ပိုသာနေခဲ့သည်။

"ခဏနေပါဦး၊ ဒီစိတ်ဝိညာဉ်စွမ်းအင်အစုအဝေးက ဘာလို့ ပိုပိုကြီးလာရတာလဲ"

ကျန်းယီနင်သည် ဟွမ်းချောင်ယုကို စိုက်ကြည့်နေစဉ်၊ တစ်စုံတစ်ရာ မှားယွင်းနေသည်ကို မကြာမီ သတိပြုမိလာခဲ့သည်။ ယုတ္တိရှိရမည်ဆိုလျှင်၊ စိတ်ဝိညာဉ်စွမ်းအင်အစုသည် ကျင့်စဥ် အခြေခံအဆင့်သို့ ရောက်ရှိပြီးနောက် ပျောက်ကွယ်သွားမည်ဖြစ်သည်။ သို့သော်၊ ဟွမ်းချောင်ယုရဲ့စိတ်ဝိညာဉ်စွမ်းအင်အစုသည် ကျုံ့မသွားရုံသာမက၊ ပိုကြီးမားလာခဲ့သည်။ စိတ်ဝိညာဉ်စွမ်းအင်အစုသည် ပိုမိုခိုင်မာလာပြီး၊ ဖြည်းဖြည်းချင်း လေဆင်နှာမောင်းတစ်ခုအဖြစ်သို့ ပြောင်းလဲသွားခဲ့သည်။

"ခနလေး၊ သူမ အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကို ချိုးဖျက်တော့မယ်ဟ"

ကျန်းယီနင်သည် ဒီဖြစ်ပျက်နေတဲ့ အကြောင်းရင်းကို ရုတ်တရက်နားလည်သဘောပေါက်လိုက်သည်။ သူသည် အစကဟွမ်းချောင်ယုသည် ဒီကျင့်စဥ်ကို အချိန်ကာလတိုအတွင်း နားလည်သဘောမပေါက်နိုင်မည်ကို စိုးရိမ်နေခဲ့သည်။ သူမသည် အချိန်ကာလတိုအတွင်း နားလည်သဘောပေါက်ရုံသာမက၊ အခြေခံအဆင့်အောင်မြင်မှုရဲ့ အရှိန်အဟုန်ဖြင့် အုတ်မြစ်တည်ထောင်ခြင်းအဆင့်ကိုပါ အောင်မြင်စွာ ချိုးဖျက်နိုင်ခဲ့သည်။ ဒီအရာက လင်းယွင်ဂိုဏ်းတွင် အုတ်မြစ်တည်ထောင်ခြင်းအဆင့် ဒုတိယမြောက်လူရှိလာမည်ဖြစ်သည်။

All Chapters