← Chapters

ဖီးနစ်ပုံရိပ်ယောင်၊ တရားမဝင်မင်းသမီးတစ်ပါး

Vol. 1 Ch. 10

ဖီးနစ်ပုံရိပ်ယောင်၊ တရားမဝင်မင်းသမီးတစ်ပါး

Vol. 1 Ch. 10

ကျန်းယီမင်ရဲ့ ပုံရိပ်သည် ရုတ်တရက် ပျောက်သွားလိုက်သည်။ ထိုအချိန်တွင် ဟွမ်းချောင်ယုသည် ကျင့်စဥ်ကို နားလည်သဘောပေါက်ရန် အရေးကြီးသောအချိန်ဖြစ်နေသည်။ သူမအား ဘယ်သူတစ်ဦးတစ်ယောက်ကမှ အနှောင့်အယှက်မပေးရန် လိုအပ်နေသည်။ နောက်တခနအတွင်းတွင် ကျန်းယီမင်သည် ထိုလူစုရှေ့သို့ ရောက်ရှိလာသည်။

"အားလုံးပဲ ဒီနေရာမှာ ရပ်လိုက်ကြပါ" ဟု ကျန်းယီမင်က အေးဆေးတည်ငြိမ်စွာဖြင့် ပြောလိုက်သည်။

ထိုလူများအားလုံးသည် အဖြူရောင်ရှည်လျားနေသော ဝတ်စုံများကို ဝတ်ဆင်ထားကြပြီး သူတို့ဝတ်စုံများပေါ်တွင် အနီရောင်ဖီးနစ်ငှက်ပုံကို တံဆပ်ကပ်ထားသည်။ ထို့အပြင် သူတို့အားလုံးသည် အလွန်သန်မာကြသည်။ သူတို့ထဲမှ တစ်ဦးသည် အမြုတေဖွဲ့စည်းခြင်းအဆင့် အစောပိုင်းကိုရောက်ရှိနေပြီး ကျန်သူများသည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တွင် ရှိနေကြသည်။ သူတို့၏ ဒီစွမ်းအားဖြင့် စတုတ္ထအဆင့်အဖွဲ့အစည်းရဲ့ အခြေခံအဆင့်ကို ရောက်နေတယ်လို့တောင် ဆိုနိုင်သည်။ သို့သော် ကျန်းယီမင်၏ မှတ်ဉာဏ်ထဲတွင် ဒီလိုအဝတ်အစားမျိုးဝတ်ဆင်သူများကို ဘယ်တုန်းကမှ မမြင်ဖူးခဲ့ပေ။

"လင်းယွင်ဂိုဏ်းကို ရောက်လာရတဲ့ အကြောင်းရင်းကို သိလို့ရမလား" ဟု ကျန်းယီမင်က မေးမြန်းလိုက်သည်။ သို့သော်် သူတို့ဘက်မှ မည်သူတစ်ဦးတစ်ယောက်ကမျှ ပြန်လည် ဖြေဆိုခြင်း မရှိခဲ့ပေ။

ကျန်းယီမင် ရုတ်တရက်ပေါ်လာခြင်းသည် သူတို့ကို အံ့အားသင့်သွားစေခဲ့သည်။ ထိုလူများသည် ကျန်းယီမင်ကို သေချာစွာကြည့်ရှုစစ်ဆေးကြည့်လိုက်ကြသည်။ သို့သော် သူ့ခန္ဓာကိုယ်ပေါ်တွင် စိတ်ဝိညာဥ်များ တုန်ခါနေခြင်း လုံးဝမရှိကြောင်း တွေ့ရှိရသည်။

ထို့ကြောင့် ၎င်းတို့၏မျက်လုံးထဲတွင် ကျန်းယီမင်သည် တောင်ဝင်ဂိတ်ပေါက်ကို စောင့်တဲ့ သာမန်လူတစ်ဦးလို့သာ ထင်နေကြသည်။ ထိုလူစုထဲမှ ခေါင်းဆောင်သည် အဖြူရောင်ဆံပင်နှင့် အဖြူရောင်မုတ်ဆိတ်ရှိသော အဘိုးအိုတစ်ဦးဖြစ်သည်။

သူသည် ရှေ့သို့တစ်လှမ်းတိုးလိုက်ပြီး ကျန်းယီမင်ကို ကြည့်ကာ "ငါတို့က ဘယ်သူတွေဆိုတာကို မင်းသိဖို့မလိုဘူး၊ ငါတို့ ဒီကိုရောက်လာရသည့် အကြောင်းရင်းကိုလည်း မင်းမှာသိပိုင်ခွင့်မရှိဘူး။ လင်းယွင်ဂိုဏ်းချုပ်ကိုသာ ခေါ်လိုက်" ဟု အေးစက်စွာဖြင့် ပြောဆိုလိုက်သည်။

"ငါက လင်းယွင်ဂိုဏ်းချုပ်ပဲ။ ငါ့ကိုရှာတာ ဘာကိစ္စရှိလို့လဲ" ဟု ကျန်းယီမင်က ထိုအဘိုးအိုကို ကြည့်ကာ ဆက်လက်ပြောလိုက်သည် "အရေးကြီးတဲ့ကိစ္စမရှိဘူးဆိုရင် ကျေးဇူးပြု၍ ပြန်သွားလိုက်ပါ။ ငါ့မှာ အရေးကြီးကိစ္စရှိနေတယ်"

ကျန်းယီမင်စကားသည် သူတို့တို့ကို ထွက်သွားရန် ဆန္ဒရှိကြောင်း ဖော်ပြနေသည်။ အမြုတေဖွဲ့စည်းခြင်းအဆင့် အဘိုးအို၏ မျက်နှာသည် ချက်ချင်းပင် မှောင်သွားသည်။ သို့သော် သူဘာမှမပြောရသေးခင်မှာဘဲ မုတ်ဆိတ်မွှေးနဲ့လူငယ်တစ်ဦးသည် သူ့နောက်မှ ထွက်လာသည်။

ထိုလူငယ်သည် ကျန်းယီမင်ကိုညွှန်ကာ "အရိုင်းအစိုင်းကောင် ငါတို့က တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာကကွ၊ ငါ့တို့ကို ဒီလိုစကားမျိုးပြောရဲတဲ့ မင်းကဘယ်သူလဲ။ မြန်မြန် ဂိုဏ်းခေါင်းဆောင်ကိုသာ ခေါ်လာခဲ့။ မဟုတ်ရင် ငါ့တို့ကို အပြစ်မတင်နဲ့" ဟု ပြောလိုက်သည်။

တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာ?

ကျန်းယီမင်သည် အံ့အားသင့်သွားခဲ့ရသည်။ သူ့မှတ်ဉာဏ်ထဲတွင် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသည် တတိယအဆင့် အဖွဲ့အစည်းဖြစ်သည်။ အဆင့်တူ ဟောက်ယွင်ဂိုဏ်းထက်ပင် ပိုသန်မာကြသည်။ သို့သော် လင်းယွင်ဂိုဏ်းသည် ဟောက်ယွင်ဂိုဏ်း၏ လက်အောက်ခံဖြစ်ပြီး အရင်က သူတို့ဂိုဏ်းနှစ်ဂိုဏ်းလုံးနဲ့ အင်ပါယာသည် အဆက်မသွယ်မရှိခဲ့ကြပေ။ ဘာလို့ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာသည် ရုတ်တရက် လင်းယွင်ဂိုဏ်းသို့ ရောက်လာရတာလဲ။

"ငါထပ်ပြောလိုက်မယ်။ လင်းယွင်ဂိုဏ်းခေါင်းဆောင်ဆိုတာ ငါပဲ။

"မင်းက ငါတို့ကို ငတုံးလို့ထင်နေတာလား" ဟု လူငယ်က ဒေါသထွက်သွားပြီး ချက်ချင်းပင် တိုက်ခိုက်မည်ပြုလိုက်သည်။ သူ့အမြင်တွင် ကျန်းယီမင်သည် သာမန်လူတစ်ဦးသာဖြစ်နေသည်။

လင်းယွင်ဂိုဏ်းသည် မည်မျှပင် ကျဆင်းနေစေကာမူ ဂိုဏ်းခေါင်းဆောင်သည် အနည်းဆုံး အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်သို့ ရောက်သင့်သည်။ ထို့ကြောင့် သူ့အမြင်တွင် ကျန်းယီမင်သည် သူ့ကိုလှည့်စားနေတယ်လို့ သာထင်နေတော့ကာ သည်းမခံနိုင်ဖြစ်သွားသည်။

"ရပ်လိုက်" ဟု အမြုတေဖွဲ့စည်းခြင်းအဆင့် ခေါင်းဆောင်က လူငယ်ကို အမြန်တားလိုက်သည်။သူသည် ဒီလိုအလွယ်တကူ စိတ်မြန်လက်မြန်သမားမဟုတ်။ ကျန်းယီမင်ရဲ့ စိတ်ဝိညာဥ်စွမ်းအားလှိုင်းကို မမြင်နိုင်သော်လည်း ကျန်းယီမင်ရဲ့ အေးဆေးတည်ငြိမ်သော အပြုအမူသည် စွမ်းအားမရှိသော သာမန်လူတစ်ဦးနဲ့ လုံးဝမသက်ဆိုင်နေ။ ကျန်းယီမင် ရုတ်တရက်ပေါ်လာပုံနှင့် ပေါင်းစပ်လိုက်သောအခါ ထိုလူစု၏ခေါင်းဆောင်သည် ကျန်းယီမင်စကားကို

ယုံကြည်လာခဲ့သည်။ စိတ်ဝိညာဥ်စွမ်းအင်လှိုင်းကို ဖုံးကွယ်နိုင်သော ရှားပါးသည့် မှော်ရတနာတွေရှိတာကို သူကြားဖူးထားသည်။ သူအမြင်တွင် ကျန်းယီမင်က ထိုကဲ့သို့သော မှော်ရတနာတစ်ခုရှိနေနိုင်သည်။

ထိုခေါင်းဆောင်သည် ကျန်းယီမင်ကို ထပ်ကြည့်ပြီးနောက် သူ့အေးစက်သောမျက်နှာပြင်သည် အနည်းငယ်ပျော့ပျောင်းသွားကာ "ငါက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ ဟွမ်းချိုကျောင်းပါ၊ မင်းက လင်းယွင်ဂိုဏ်းခေါင်းဆောင်ဆိုရင် မေးခွန်းတစ်ချို့ ကျေးဇူးပြုပြီး မေးပါရစေ။ မင်းဂိုဏ်းမှာ ဟွမ်းအမည်ရှိတဲ့ တပည့်တစ်ဦးရှိလား" ဟု ပြောလိုက်သည်။

ထိုစကားကိုကြားသောအခါ ကျန်းယီမင်ရဲ့ မျက်နှာပေါ်တွင် အေးဆေးတည်ငြိမ်နေသော်လည်း သူ့စိတ်ထဲတွင် အံ့အားသင့်သွားခဲ့ရသည်။

'ဟွမ်းအမည်ရှိတဲ့ သူ၊ အဲ့တာက ငါ့တတိယတပည့် ရှောင်ယုမဟုတ်ဘူးလား'ဟု တွေးလိုက်သည်။ သို့သော် ဒီလူတွေဘာလို့ ရောက်လာမှန်း သူမသိသဖြင့် စိတ်အေးဟန်ဆောင်လိုက်သည်။

"ဘာကိစ္စကြောင့် သူ့ကိုရှာနေရတာလဲ"ဟု ကျန်းယီမင်က မျက်မှောင်ကျုံကာ မေးလိုက်သည်။

ထိုအချိန် လင်းယွင်ဂိုဏ်းအတွင်းမှ ဖီးနစ်ငှက်အော်သံကို ရုတ်တရက်ကြားလိုက်ရသည်။ ဖီးနစ်သံသည် ကြည်လင်ပြတ်သားပြီး ကောင်းကင်ကို ဖြတ်သန်းကာ မိုးကောင်းကင်နှင့် ကမ္ဘာမြေကို တုန်လှုပ်စေသလို ဖြစ်သွားသည်။

ကျန်းယီမင်သည် ရုတ်တရက် လှည့်ကြည့်လိုက်ပြီး ဖီးနစ်ပုံရိပ်ကို တွေ့လိုက်ရသည်။ ဖီးနစ်ပုံရိပ်သည် အလျား ပေတစ်ရာရှိပြီး ကောင်းကင်ကိုဖုံးလွှမ်းကာ နေ့ခင်းအလင်းရောင်ကိုပင် ဖုံးလွှမ်းသွားသည်။ ထိုပုံရိပ်သည် အသက်ရှင်နေသလို ထွက်ပေါ်နေသည်။ အလွန်သန်မာသည့် ဖိအားသည် လှိုင်းလုံးကြီးများကဲ့သို့ ချက်ချင်းပင် ပြန့်နှံ့သွားခဲ့သည်။ တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ လူများသည်လည်း ဒီမြင်ကွင်းကို မြင်တွေ့ရပြီးနောက် အံ့အားသင့်သွားကြသည်။

ထိုအချိန်တွင် အဖြူရောင်ဆံပင်နဲ့ အဘိုးအိုသည် လူစုထဲမှ ရုတ်တရက်ခုန်ထွက်လာသည်။ အဘိုးအိုသည် ချိန်သီးကိုင်ထားကာ အလွန်စိတ်လှုပ်ရှားနေသလိုဖြစ်နေသည်။ သူသည် ကောင်းကင်ပြင်ရှိ ဖီးနစ်ပုံရိပ်ကို စိုက်ကြည့်ကာ ဝမ်းသာသွားသည်။

...

မကြာမီတွင် ဖီးနစ်ပုံရိပ်သည် ပျောက်ကွယ်သွားခဲ့သည်။ သို့သော် တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာမှ လူများသည် အခုတိုင်အောင် ထိုမြင်ကွင်းကို ငေးကာ သတိမေ့နေသလိုဖြစ်သွားကြသည်။

"ဆရာ"

ဟွမ်းချောင်ယု ကျင့်စဥ်ကို ပြီးသောအခါ သူမ့ဆရာကို သတင်းကောင်းပြောပြရန် စိတ်လှုပ်ရှားသွားခဲ့သည်။ အဝေးကို လှမ်းကြည့်လိုက်တော့ ကျန်းယီမင် တောင်ဝင်ဂိတ်ပေါက်တွင် ရှိနေသည်ကို တွေ့မြင်ရသဖြင့် သူမသည် ချက်ချင်းပင် သူ့ဆီသို့ ပြေးသွားခဲ့သည်။

"ဆရာ၊ တပည့် အောင်မြင်သွားပြီ" ဟွမ်းချောင်ယုသည် ကျန်းယီမင်ထံသို့ ပြေးသွားခဲ့သည်။ သူမမျက်နှာသည် စိတ်လှုပ်ရှားမှုဖြင့် ပြည့်နှက်နေပြီး သူမမျက်လုံးများသည် လုံးဝယီမင်အပေါ်သို့ကျရောက်နေကာ ထိုလူစုကို သတိမမူမိသလိုဖြစ်နေသည်။

ကျန်းယီမင်သည် ပြန်စကားပြောရန်လုပ်လိုက်သောအခါ ထိုလူများသည် ဦးညွှတ်ကာ "မင်းသမီး" ဟု ဟွမ်းချောင်ယုကို အလေးပြုလိုက်ကြသည်။

ကျန်းယီမင်သည် ချက်ချင်းပင် အံ့အားသင့်သွားခဲ့ရသည်။ သူ့မှတ်ဉာဏ်ထဲတွင် ဟွမ်းချောင်ယုရဲ့ ဘဝအမှန်သည် အမှန်တကယ်ပင် လျှို့ဝှက်ဆန်းကြယ်နေသော်လည်း သူမက တော်ဝင်မီးတောက်ဖီးနစ်အင်ပါယာရဲ့ မင်းသမီးဖြစ်လိမ့်မည်ဟု သူမမျှော်လင့်ခဲ့ပေ။ ထိုအခါမှသာ ဟွမ်းချောင်ယုသည် ထိုလူများကို သတိထားမိသွားခဲ့ပြီး သူမစိတ်လှုပ်ရှားသောမျက်နှာသည် ချက်ချင်းအေးစက်သွားခဲ့သည်။

ဟွမ်းချိုကျောင်းသည် သူမမျက်နှာအမူအရာကို မမြင်သလို ဟန်ဆောင်လိုက်သည်။ သူကဆက်လက်ပြီး "မင်းသမီး၊ ကျေးဇူးပြု၍ ကျွန်တော်တို့နှင့်အတူ ပြန်လိုက်ခဲ့ပါ။ မြင့်မြတ်ဖီးနစ်အင်ပါယာက မင်းသမီးကို အလွန်လွမ်းဆွတ်နေပါသည်" ဟု ပြောလိုက်သည်။

ထိုစကား ပြောသံတွင် ခြိမ်းခြောက်မှုအရိပ်အယောင်များ ပါနေသည်။ ကျန်းယီမင်မျက်နှာ ချက်ချင်း မှောင်မည်းသွားကာ ဟွမ်းချိုကျောင်းအား "ဟင်... ငါ့တပည့်ကို ငါ့ရှေ့မှာ လာခြိမ်းခြောက်နေတာလား" ဟု ပြောဆိုလိုက်သည်။

ထို့နောက် ဟွမ်းချိုကျောင်းမှ ပြန်မပြောမီ သူသည် ဟွမ်းချောင်ယုထံသို့ ဦးလှည့်ကာ "ချောင်ယု၊ ပြန်လိုက်သွားမလား၊ မလိုက်ချင်ဘူးလားက မင်းရဲ့ဆုံးဖြတ်ချက်ပဲ၊ မင်းဘာလုပ်လုပ် ငါက မင်းနောက်မှာ ရပ်တည်ပေးမယ်၊ ဘယ်သူမှမင်းကို အတင်းအကြပ် မလုပ်ခိုင်းစေရဘူး"

All Chapters