← Chapters

အတူပါလာတဲ့ ဧည့်သည်

Vol. 2 Ch. 25

အတူပါလာတဲ့ ဧည့်သည်

Vol. 2 Ch. 25

ကျန်းယီမင်သည် သူ့ပထမတပည့်ကို အပြုံးဖြင့် ကြည့်ကာ "ကောင်းပြီ၊ အခုလို ရေးကြီးခွင်ကျယ် လုပ်နေစရာမလိုပါဘူး။ မင်းစိတ်ထဲမှာ ငါ့ကို ဆရာလို့ အသိအမှတ်ပြုရင်ကို ရပါပြီ" ဟု ပြောလိုက်သည်။

"ဆရာ့ကို အကြာကြီး မတွေ့ရတော့ ဆရာ့ကို လွမ်းနေတာ" ဟု ဂူလင်းဖေးက ပြုံးကာ ခေါင်းညိတ်ပြီး ဒူးထောက်ရန် ကြိုစားမနေတော့ပေ။ "ပြီးတော့ ဆရာ့ကို ဒူးထောက်အရိုသေ မပေးတာကလည်း ကြာနေပြီမလို့ပါ"

ကျန်းယီမင်က ခေါင်းခါကာ "ပြဿနာမရှိပါဘူး။ မင်းက ငါ့ရဲ့တပည့်ပဲ၊ ဒီဟန်ဆောင်ပြီး မသိသလိုတွေ လုပ်နေစရာမလိုဘူး" ဟု ပြောကာ "ဒါပေမယ့် မင်း တောင်အောက်ခရီးက အတော်လေးကြာတယ်။ ဒီတစ်ခေါက် မင်းရဲ့ခရီးက အတော်လေး အကျိုးရှိခဲ့သလိုပဲ" ဟု ဆက်ပြောလိုက်သည်။

ထိုစကားကို ကြားရသောအခါ ဂူလင်းဖေးလည်း ပြုံးကာ ခေါင်းညိတ်လိုက်သည်။ ကျန်းယီမင်သည် ထိုစကားလုံးများကို အကြောင်းမဲ့ ပြောခြင်းမဟုတ်ပေ။ အခုလေးတင် သူက သူ့တပည့်ကို ဂရုတစိုက် ဆန်းစစ်ကြည့်ခဲ့သည်။ သေချာမကြည့်ပါက မသိနိုင်သော်လည်း ကြည့်လိုက်သောအခါ သူအံ့အားသင့်သွားခဲ့ရသည်။ ဂူလင်းဖေးသည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိသွားပြီ ဖြစ်သည်။

ကျန်းယီမင်မှတ်ဉာဏ်ထဲတွင် ဂူလင်းဖေး ထွက်ခွာသွားစဉ်က ချီစုဆောင်းခြင်း ပြီးပြည့်စုံအဆင့်ကိုသာ ရောက်ရှိခဲ့သည်။ သုံးလသာ ကြာမြင့်ခဲ့သော်လည်း သူသည် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်သို့ ရောက်ရှိသွားခဲ့သည်။ ဂူလင်းဖေးသည် သူ့ခရီးထွက်တွင် ကြီးမားတဲ့ အခွင့်အရေးကြီးတစ်ခုနဲ့ ကြုံတွေ့ခဲ့ရမည်ဟု ယူဆရမည်။ မဟုတ်ပါက ဂူလင်းဖေးသည် စင်စစ် ပါရမီရှင်တစ်ဦးဖြစ်နေသည့်တိုင် ဒီလောက်မြန်မြန် တိုးတက်လာမည်မဟုတ်ပေ။ သူ့ပထမတပည့် ကြုံတွေ့ခဲ့ရသည့် အခွင့်အရေးများနှင့် ပတ်သက်၍ ကျန်းယီမင်သည် များစွာမတွေးခဲ့ပေ။

သူ့ရဲ့ဂရုတစိုက် ကြီးမတ်ပေးမှူအောက်မှာ သိပ်မကြာခင်ပဲ သူ့တပည့်သုံးဦး၏ ကျင့်ကြံရေးသည် လျင်မြန်စွာ တိုးတက်လာမည်ဖြစ်သည်။ အခွင့်အရေးများ ရှိနေသည့်တိုင် မည်သည့်အခွင့်အရေးမျိုးက စနစ်နှင့် ယှဉ်နိုင်မည်နည်း။

"လင်းဖေး၊ မင်း အပြင်မှာ စွန့်စားခရီးထွက်ရင်း အတော်လေး ဒုက္ခရောက်ခဲ့ရတဲ့ပုံပဲ။ မင်းကို အခုကြည့်ရတာ အရင်ကထက် အသားတွေမဲပြီး ပိန်သွားသလိုပဲ။ ငါတောင် မင်းကိုရုတ်တရက် မမှတ်မိသလိုဖြစ်သွားတယ် " ဟု ကျန်းယီမင်က ပြုံးရိပ်ဖြင့် ပြောလိုက်သည်။

ဂူလင်းဖေးသည် ချက်ချင်း ခေါင်းခါကာ "ဆရာ၊ ကျွန်တော် အဲ့လောက်လည်း ဒုက္ခမရောက်ခဲ့ပါဘူး၊ ဆရာကသာ ဒုက္ခများခဲ့ရတာပါ။ ညီနှစ်နဲ့ ညီမလေးတို့က ဟောက်ယွင်ဂိုဏ်းအကြောင်း ကျွန်တော့်ကို ပြောပြခဲ့ပြီးပြီ။ ကျွန်တော် တာဝန်ပျက်ကွက်ခဲ့ပါတယ်... ဆရာ့အနားမှာ မရှိနေနိုင်ခဲ့ဘူး..." ဟု စိုးရိမ်စွာဖြင့် ပြောခဲ့သည်။

ကျန်းယီမင်သည် လက်ဖြင့် အမူအရာလှုပ်ကာ သူ့စကားကို ဖြတ်တောက်လိုက်သည်။ "ဒီအရာတွေအားလုံးဟာ အတိတ်မှာ ကျန်ရစ်ခဲ့ပြီ။ မင်းကိုယ့်ကို အပြစ်တင် မနေစမ်းပါနဲ့။ ငါတို့တွေ ပျော်စရာအကြောင်းတွေပဲ ပြောကြရအောင်။ မင်းခရီးသွားတုန်းက အတွေ့အကြုံလေးတွေ ငါ့ပြောပြပါဦး"

ဂူလင်းဖေးသည် ခဏတစ်ဖြုတ် အံ့အားသင့်သွားပြီးနောက် ရုတ်တရက် တစ်စုံတစ်ရာ သတိရသွားခဲ့သည်။ "အို၊ ကျွန်တော့်ရဲ့ မကောင်းတဲ့ မှတ်ဉာဏ်။ ဆရာ၊ ကျွန်တော့်ရဲ့ မိတ်ဆွေအသစ်တစ်ယောက်ကို ဆရာ့ကို မိတ်ဆက်ပေးဖို့ မေ့သွားခဲ့တယ်"

ဂူလင်းဖေးသည် မြန်မြန်ဆန်ဆန် ပြန်လည်ထွက်သွားခဲ့သည်။ သူပြန်ရောက်သောအခါ မိန်းကလေးတစ်ယောက်သည် သူ့နောက်မှ လိုက်ပါလာခဲ့သည်။ထိုမိန်းကလေးသည် ငယ်ရွယ်သည်ဟုထင်ရပြီး ဟွမ်းချောင်ယုထက်သာ အနည်းငယ်အသက်ပိုကြီးသကဲ့သို့ ရှိသည်။ သူမသည် အဖြူရောင် ရှည်လျားသော ဝတ်စုံကို ဝတ်ဆင်ထားကာ ကျက်သရေပြည့်စုံပြီး လှပနေသကဲ့သို့ ဖြစ်နေသည်။

"ဆရာ၊ ဒီအမျိုးသမီးငယ်လေးက ကျွန်တော် ခရီးထွက်စဉ်က တွေ့ခဲ့တာပါ။ မိန်းကလေးယွီ၊ ဒါကတော့ ကျွန်တော့်ဆရာ၊ လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်လည်း ဖြစ်တယ်" ဟု ဂူလင်းဖေးက နှစ်ဦးကို ခပ်မြန်မြန် မိတ်ဆက်ပေးခဲ့သည်။

ကျန်းယီမင်သည် အံ့အားသင့်သွားခဲ့သည်။ သူ့ပထမတပည့်သည် ခရီးထွက်ရာမှ မိန်းကလေးတစ်ယောက်ကို ခေါ်ဆောင်လာမည်ဟု သူမျှော်လင့်မထားခဲ့ပေ။

ကျန်းယီမင်ရဲ့ စစ်ဆေးနေတဲ့ အကြည့်ကို ခံစားမိသောအခါ မိန်းကလေးသည် ချက်ချင်း မကျေမနပ်ဖြစ်သွားခဲ့သည်။

မကျေမနပ်နဲ့ဘဲ ကျန်းယီမင်အား "ကျွန်မနာမည်က ယွီရှန်ဘိုင်" ဟု ပြောလိုက်သည်။

ကျန်းယီမင်က ခေါင်းညိတ်လိုက်သည်။ သူအကြည့်မှတစ်ဆင့် ယွီရှန်ဘိုင်သည် အခြေတည်စိတ်ဝိညာဉ်အဆင့် ကျင့်ကြံရေးတစ်ဦးဖြစ်ကြောင်း သူရှာဖွေတွေ့ရှိခဲ့သည်။

သူသည် ချက်ချင်း အံ့အားသင့်သွားပြီး "ကျွန်တော်က ကျန်းယီမင်ပါ၊ လင်းယွင်ဂိုဏ်းရဲ့ ဂိုဏ်းချုပ်ပါ။ မင်းက ဘယ်ဂိုဏ်းကလဲ? ပြီးတော့ ငါ့တပည့်နဲ့ ဘယ်လိုများ တွေ့ဆုံခဲ့တာလဲ?" ဟု မြန်မြန်ဆန်ဆန် မေးလိုက်သည်။

ယွီရှန်ဘိုင်သည် ခဏတစ်ဖြုတ် တိတ်ဆိတ်နေပြီးနောက် စကားပြောရန် ပါးစပ်ဟလိုက်သည်။ "ကျွန်မက လေလွင့်ကျင့်ကြံသူ တစ်ယောက်သပ်သပ်ပါ။ ဘယ်ဂိုဏ်းကမှ မဟုတ်ပါဘူး။ ဂူလင်းဖေးနဲ့ ဆုံတာကလည်း မတော်တဆပါပဲ။ သူက ကျွန်မကို မတော်တဆ ကယ်တင်ခဲ့တာကြောင့် ကျွန်မတို့နှစ်ယောက် မိတ်ဆွေဖြစ်လာတာပါ"

ကျန်းယီမင်သည် ခေါင်းညိတ်ခဲ့သော်လည်း သူမအဖြေကို စိတ်ထဲမှ မထားခဲ့ပေ။ သူမသည် သူ့မေးခွန်းနှစ်ခုကို ဖြေကြားခဲ့သည်ဟု ထင်ရသော်လည်း အမှန်စင်စစ် သူမသည် ဘာမျှမဖြေကြားခဲ့ပေ။ ထို့အပြင် ကျန်းယီမင်သည် သူမတကယ်ပင် မိသားစုနှင့် ဂိုဏ်းမရှိဟု မယုံကြည်ပေ။ အကယ်၍ သူမသာ လေလွင့်ကျင့်ကြံသူ တစ်ယောက်သာဆိုရင် ဂိုဏ်းတွေထံ ဝင်ခြင်းက ဘာမှအကျိုးမရှိတော့ပေ။ လူတိုင်း သူ့လို အလွယ်တကူ အခြေတည်စိတ်ဝိညာဥ်အဆင့်ကို ရောက်နေကြလိမ့်ပေမည်။ ကျန်းယီမင်သည် သူမနောက်ခံအကြောင်းကို ဘယ်လိုမေးရမလဲ စဥ်းစားနေစဥ် ဂူလင်းဖေးက ဘေးမှ စကားပြောလာခဲ့သည်။

နှစ်ဦးစလုံး သဘောထားမတိုက်ဆိုင်သည်ကို သူက ခံစားမိနေသဖြင့် ခရီးတစ်လျှောက် ဖြစ်ခဲ့သမျှကို သူ့ဆရာထံ မြန်မြန်ဆန်ဆန် ပြောပြခဲ့သည်။

"ဆရာ၊ ဒါက တကယ်ကို မတော်တဆပါပဲ။ ကျွန်တော် တောက်အောက်ဆင်းတဲ့နေ့က နယ်မြေအနံ့ ခရီးထွက်ဖို့လုပ်နေတာ၊ လင်းယွင်ဂိုဏ်းကို ကူညီဖို့ ဂိုဏ်းအချို့ကိုလည်း ဖိတ်ကြားချင်ခဲ့တာ။ ဒါပေမယ့် ကျွန်တော်က သူတို့ရဲ့ အလှောင်အပြောင်သာ ခံရပြီး ဒေါသထွက်လို့ ထွက်သွားခဲ့တာပါ။ လမ်းမှာ ကျွန်တော်က အခွင့်လမ်းကောင်းတစ်ခုနဲ့ တွေ့ခဲ့တယ်။ ပြီးတော့ မိန်းကလေးယွီနဲ့လည်း တွေ့ခဲ့ရတယ်။ အခုဆိုရင် ကျွန်တော်က အဲ့အခွင့်အရေးကြောင့် အမြုတေဖွဲ့စည်းခြင်း အစောပိုင်းအဆင့်ကို ရောက်ခဲ့တာ"

.......

ဂူလင်းဖေးသည် အသေးစိတ်အချက်အလက်များကို ပြောပြခဲ့သည်။ သူရရှိခဲ့သည့် အခွင့်အရေးနေ့စွဲကိုပင် သူ ချန်လှပ်ထားခဲ့ခြင်း မရှိပေ။ နေ့စွဲကို ကြားရသောအခါ ကျန်းယီမင်သည် ပို၍ပင် အံ့အားသင့်သွားခဲ့ရသည်။ အဘယ့်ကြောင့်ဆိုသော် ဂူလင်းဖေး ဖော်ပြခဲ့သည့် နေ့စွဲသည် ကျန်းယီမင် ကူးပြောင်းလာသည့်နေ့ ဖြစ်နေသောကြောင့်တည်း။ ကောင်းကင်ဘုရင် အထူးအခွင့်အရေးများထဲတွင် ဂိုဏ်းအတွင်းရှိ တပည့်များ၏ ကံကြမ္မာကို မြှင့်တင်ပေးသည့် အခွင့်အရေးတစ်ခု ပါဝင်သည်။ အစတုန်းကတော့ ကျန်းယီမင်သည် ကံကြမ္မာတိုးလာတာကို အနည်းငယ် မရေရာသလို ခံစားခဲ့ရသည်။ သို့သော် ယခုအချိန်တွင် ဒီအထူးအခွင့်အရေးရဲ့ ကံကောင်းခြင်းသည် တကယ်စစ်မှန်ကြောင်း သေချာသွားခဲ့သည်။

ဒီကောင်းကင်ဘုရင် အထူးအခွင့်အရေးကြောင့်သာ သူ့ပထမတပည့်သည် ထိုသို့သော အခွင့်အရေးကို ရရှိနိုင်ခဲ့ခြင်းဖြစ်နိုင်သည်။ ယဲ့ယွမ်ဖန်နှင့် ပတ်သက်လျှင်လည်း ထိုနေ့က အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်က ကျင့်ကြံရေးသမားတွေရဲ့ ဝိုင်းရံမှုမှ လွတ်မြောက်နိုင်ခဲ့သည်မှာလည်း ကောင်းကင်ဘုရင်အထူးအခွင့်အရေးကြောင့်ပင်ဖြစ်နိုင်သည်။

ထိုအချက်ကို တွေးမိသောအခါ ကျန်းယီမင်ရဲ့ စိတ်သည် ချက်ချင်းပင် ပျော်ရွှင်လာခဲ့သည်။ ကံကြမ္မာဆိုသည်မှာ အလွန်ပင် နက်နဲသိမ်မွေ့သည်။ သို့သော် ၎င်းသည် သူတို့၏ဘက်တွင် ရှိနေပါက သူတို့တွေ ကောင်းကင်အလိုကို ဆန့်ကျင်သည်ဟု ပြောလို့ပင် ရန်ုင်သည်။

ကျန်းယီမင်ရဲ့ ပျော်ရွှင်ဝမ်းမြောက်မှုနှင့် မတူဘဲ ယွီရှန်ဘိုင်ရဲ့ မျက်နှာအမူအရာမှာ အေးစက်နေခဲ့သည်။သူတို့ရဲ့ ခရီးဇာတ်လမ်းကို ပြောပြနေသော ဂူလင်းဖေးကို ကြည့်ကာ လျှို့ဝှက်စွာ ခေါင်းခါနေခဲ့သည်။ သူမသည် သူမစိတ်ထဲတွင် သူ့အား အကြိမ်ပေါင်းများစွာ ကဲ့ရဲ့ပြစ်တင်ခဲ့ပြီး ရိုးသားလွန်းတယ်ဟု ဝေဖန်နေခဲ့သည်။

ကျန်းယီမင်သည် သူ့ဆရာဖြစ်နေသည့်တိုင် ဂူလင်းဖေးသည် သူ့အား အရာအားလုံးကို ပြောပြရန် မလိုအပ်ပေ။ ငွေသည် လူတွေရဲ့စိတ်ကို လှုပ်ရှားစေနိုင်သည်ကို သိထားရမည်။ အကယ်၍ သူ့ဆရာသည် အခွင့်အရေးအကြောင်းကြားပြီးနောက် ဂူလင်းဖေးအား တိုက်ခိုက်ဖို့ ကြိုးစားလာပါက ဘယ်လိုလုပ်ရမလဲ။

"တစ်စုံတစ်ဦးကို အမြဲသတိထားရမည်" ဆိုသည့် ရိုးရှင်းတဲ့ အခြေခံကို ဂူလင်းဖေးက ဘယ်လိုတောင် နားမလည်နိုင်ရသနည်း။ သူမသည် ကျန်းယီမင်ကို ထပ်ကြည့်ကာ သူမမျက်လုံးများသည် သတိထားမှုများဖြင့် ပြည့်နှက်နေသည်။ ဘာကြောင့်လဲဆိုတာကို သူမမသိသော်လည်း သူမသည် ကျန်းယီမင်ကို သူမအကျင့်အရ ရန်လိုသလိုဖြစ်နေမိသည်။ လမ်းခရီးတွင် သူမက ဂူလင်းဖေးသည် လင်းယွင်ဂိုဏ်း၏ အခြေအနေကို မိတ်ဆက်ပေးတာကို ကြားခဲ့ရသဖြင့် ဂူလင်းဖေးဆရာသည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်သာဖြစ်သည်ဟု သူမအမြဲထင်ခဲ့သည်။ အခုတော့ ကျန်းယီမင်ကျင့်ကြံဆင့်ကို သူမ လုံးဝမမြင်နိုင်ဖြစ်နေတာကို သူမမထင်ထားခဲ့ပေ။။ ကျန်းယီမင်ရဲ့ အေးစက်နေတဲ့ အငွေ့အသက်သည်လည်း သူမအား မရေရာသော ဖိအားတစ်ခု ခံစားရစေခဲ့သည်။ ထိုအရာသည် အုတ်မြစ်အခြေတည်ထောင်ခြင်းအဆင့်တွင် ရှိသင့်သည့်အရာမဟုတ်ဟု သူမယုံကြည်သည်။

ဂူလင်းဖေးသည် လမ်းတစ်လျှောက်ဖြစ်ပျက်ခဲ့သည်များကို အသေးစိတ်ဖော်ပြနေဆဲဖြစ်ပြီး ကျန်းယီမင်နှင့် အခြားတပည့်နှစ်ဦးသည် အာရုံစိုက်နားထောင်နေကြသည်။ ထိုအခိုက်တွင် ကျန်းယီမင်သည် ရုတ်တရက် ခေါင်းမော့ကာ ကောင်းကင်ရှိ တိမ်တိုက်များကို ကြည့်လိုက်သည်။

ဂိုဏ်အထက်မှ မိုးကြိုးလိုမြည်ဟိန်းနေသော အသံတစ်ခုကို ရုတ်တရက် ကြားလိုက်ရသည်။ "လင်းယွင်ဂိုဏ်းမှကောင်တွေ ဘယ်မှာလဲ? ငါ့ကိုတွေ့ဖို့ ထွက်လာကြ"

All Chapters